← Chapters

အိမ်ပြန်ခြင်း

Vol. 3 Ch. 21

အိမ်ပြန်ခြင်း

Vol. 3 Ch. 21

“ဝိညာဉ်မှာလည်း ယင်နှင့် ယန် ကွဲပြားတယ်၊ ဝိညာဉ်ရဲ့လှုပ်ရှားမှုက အသက်ရဲ့စတင်ရာဖြစ်တယ်...”

ဇီယွဲ့သည် ဝူယွမ်အား ဝိညာဉ်စွမ်းအင်ကို အကြောင်းကို သေချာရှင်းပြနေပြီး တရားထိုင်နည်းနှင့် ၀ိညာဥ်စွမ်းအင်လှည့်ပတ်နည်းကို သင်ကြားပေးနေလေသည်။

မကြာမီအတွင်း ဝူယွမ်သည် နက်နဲရှုပ်ထွေးသော ၀ိညာဥ်စွမ်းအင်လှည့်ပတ်နည်းကို အနည်းငယ် နားလည်သဘောပေါက်လာကာ တဖြည်းဖြည်းစိတ် တည်ငြိမ်လာပြီး တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။

ရုပ်တုတစ်ခုကဲ့သို့ လှုပ်ရှားမှုမရှိဘဲ နာရီဝက်ခန့်ကြာထိုင်နေပြီးနောက် ဝူယွမ်၏ ဝိညာဉ်သည် ရုတ်တရက် မူးဝေလာလေသည်။ ပါးလွှာသော ဝိညာဉ်စွမ်းအင်များသည် သူ၏ စိတ်ထဲမှ စိမ့်ထွက်လာကာ တဖြည်းဖြည်း ပြင်ပသို့ ပြန့်နှံ့သွားလေသည်။

သူ၏ ဝိညာဉ်စွမ်းအင်များ ပြန့်နှံ့လာသည်နှင့်အမျှ မျက်လုံးမှိတ်ထားသော်လည်း ဝူယွမ်သည် အိမ်၏အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။

ထိုမြင်ကွင်း မျက်စိဖြင့် ကြည့်ရသည်နှင့် မတူဘဲ အရာဝတ္ထုများကို အတားအဆီးမရှိ ကြည့်ရှုနိုင်သော မြင်ွင်းမျိုးဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူ၏မြင်ကွင်းသည် ပို၍ကျယ်ပြန့်လာကာ မမြင်ရသော ဝိညာဉ်စွမ်းအင်သည် ကောင်းကင်သို့ မျောပါသွားပြီး ဝါးအိမ်ပတ်လည်ရှိ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်လာသည်။

ဤထူးခြားသော နည်းလည်းသည် ဝူယွမ်အတွက် အလွန်ပင် အသစ်အဆန်းဖြစ်နေသည်။ ယွမ်စွမ်းအင်နှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်စွမ်းအင်သည် ပို၍ ပါးလွှာပြီး ပေါ့ပါးသွက်လက်နေသည်ဟု ထင်ရသော်လည်း ဤစွမ်းအင်သည် အစစ်အမှန်ပင်တည်ရှိနေသည်။

ဝိညာဉ်စွမ်းအင်ပြန့်နှံ့မှုကို ဘယ်သူမှ တားဆီးနိုင်ခြင်းမရှိဘဲ နံရံများနှင့် မြေပြင်ကိုပင် ထိုးဖောက်သွားလေသည်။

“သူ့ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ခွဲထွက်သွားပြီ!”

မယုံကြည်နိုင်စရာတစ်ခုကို မြင်တွေ့နေရသကဲ့သို့ ဇီယွဲ့၏ မျက်လုံးများ ပြူးသွားပြီး ပါးစပ်ကလည်း အို ပုံစံဖြစ်သွားလေသည်၊

ပထမဆုံးအကြိမ်!!!

ဝူယွမ်သည် ပထမဆုံးအကြိမ် ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်သည့်အချိန်မှာပင် ဝိညာဉ်ခန္ဓာကို စုစည်းနိုင်ရုံသာမက ခန္ဓာကိုယ်မှ ခွဲထုတ်ကာ ပြင်ပသို့ပါ မျောပါစေနိုင်ခဲ့သည်။

ဝူယွမ် ပြုလုပ်ခဲ့သော အဆင့်သည် အဆောင်သခင် အတော်များများ အနည်းဆုံးတလမှ နှစ်အချို့ကြာသည့်အထိ မအောင်မြင်ကြပေ။

ယန်မြို့တွင် အထူးချွန်ဆုံးလူတစ်ဦးဖြစ်သည့် ဇီယွဲ့ပင်လျှင် ဤအဆင့်သို့ရောက်ရန် သုံးလကြာမြင့်ခဲ့သည်။

“ငါ သူ့ကို ဆက်သင်ပေးဖို့ လိုသေးလို့လား?”

“ငါ သူ့ကိုသင်ပေးဖို့ရာ ထိုက်တန်သေးရဲ့လား?”

ထို အတွေးများသည် ဇီယွဲ့၏ စိတ်ထဲတွင် မတတ်သာဘဲ ပေါ်ပေါက်လာလေသည်။

သူမသည်အရင်က ကိုယ့်ကိုကိုယ်ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူခဲ့သော်လည်း အခု ဒီမောင်ငယ်နှင့် နှိုင်းယှဉ်လျှင် သူမသည် အတော်လေးနိမ့်ကြနေပေသည်။

“အို... ဒီ ဝိညာဉ်စွမ်းအင်က ဘယ်သူ့ဟာလဲ?”

“အဆောင်သခင်အသင်းမှာ ဝိညာဉ်စွမ်းအင်နဲ့ အခြားသူတွေကိုစမ်းသပ်ကြည့်ရှုဖို့ခွင့်မပြုပထားဘူး။ ဘယ်သူကြည့်နေတာလဲ?”

“စီနီယာ အမကြီးဇီယွဲ့ နောက်လိုက်လာတဲ့ ကောင်လေးရဲ့စွမ်းအင်နဲ့ တူသလိုပဲ!”

...ပြင်ပရှိ အဆောင်သခင်များသည် ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်နေကြစဉ် ဝူယွမ်၏ ဝိညာဉ်ခန္ဓာကို အာရုံခံမိလိုက်ကြပြီး သူ့ကို ပြောဆိုလာကြသည်။

“အို.. ဒါဆို ငါ ဒီလိုစမ်းသပ်ကြည့်တာက မလုပ်သင့်တဲ့အရာဘဲ..” ဝူယွမ်သည် အမြန်ဆုံး သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လိုက်သည်။

အဝေးတွင် လက်ဖက်ရည်သောက်နေသော ဆရာယန်သည် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်နေသော မျက်နှာပေါ်တွင် အနည်းငယ် နီရဲနေလျှက်ရှိသည်။

“ဒီကောင်လေးရဲ့ ဝိညာဉ်စွမ်းအင်ပါရမီကို ငါ လျှော့တွက်မိနေသေးတာဘဲ !”

သူသည် အတော်လေး ဝမ်းသာနေသည်။

ဒီတပည့်ကို ရရှိခြင်းသည် ရတနာတစ်ပါးကို တွေ့ရှိရခြင်းနှင့် တူနေသည်။

ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသော ဝူယွမ်သည် ဇီယွဲ့အား စိတ်လှုပ်ရှားဖွယ်ကြည့်ကာ

“အမကြီး၊ ဒီလိုလုပ်ရတာလား? ဒီလိုမျိုးလား?” ဟု အလောတကြီး မေးလေသည်။

သူသည်လည်း စိတ်လှုပ်ရှားနေသည့် အခြေအနေတွင် ရှိနေသည်၊ လုံးဝဆန်းသစ်သော စွမ်းအင်အတွေ့အကြုံသည် သူ့အတွက် အတော်လေး အံ့ဩဖို့ကောင်းနေသည်။

“နည်းနည်း မှန်တယ်” ဟု ဇီယွဲ့က ခေါင်းအနည်းငယ်ငြိမ့်ကာ ဖြေလိုက်သည်။

“အင်း... ဒါဆို သူလည်း ဟန်ဆောင်တတ်တယ်နဲ့တူတယ်...” ဝူယွမ် စိတ်ထဲတွင် ပြုံးလိုက်သည်။ ဇီယွဲ့၏ ဟန်ဆောင်မှုသည် အနည်းငယ် သိသာလွန်း‌နေသည်။

“နည်းနည်းမှန်တယ်” ဆိုသည်မှာ ထို ဆရာတူမောင်လေး လှည့်စားရန်အတွက်သာဖြစ်သည်။

ထိုသို့ပြောခြင်းသည် လှည့်ဖြားရန် လှည့်ကွက်တစ်ခုမျှသာဖြစ်ပြီး ဝတ္ထုတွေထဲတွင် ဝူယွမ် ကြုံတွေ့ဖူးသည့် လှည့်ကွက်တစ်ခုပင်ဖြစ်သည်။

ထို့နောက် ဇီယွဲ့သည် ဝူယွမ်အား ဝိညာဉ်စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို ဆက်လက်သင်ကြားပေးသည်။ ဒီလိုနှင့်သူမ မူလက စီစဉ်ထားသော တစ်လစာ သင်တန်းသည် စောပြီးသွားခဲ့သည်... လင်းတုန်သည် လင်းမိသားစုသို့ ပြန်ရောက်လာပြီး ,သန့်ရှင်းစင်ကြယ်ရွှေ့လျှားခြင်း အခန်း” စာအုပ်ကိုထုတ်ကာ လေ့ကျင့်ရန် စတင်စူးစမ်းတော့သည်။

နာရီဝက်ကြာပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာသည်လည်း ရုပ်ကိုယ်မှ ခွဲထွက်သွားကာ လင်းမိသားစုအိမ်တော်ကို လှည့်ပတ်ကြည့်နေလေသည်။

“ဒါဆို ဝိညာဉ်စွမ်းအင်က လွယ်သားဘဲ။ ဒီဘက်ခြမ်းမှာတော့ အစ်ကိုကြီးထက်သာဖို့ မျှော်လင့်ချက်ရှိတယ်လို့ ငါထင်တယ်။”

လင်းတုန်းသည် ယုံကြည်ချက်အပြည့်ဖြင့် တွေးကာ ဝိညာဉ်စွမ်းအင်လေ့ကျင့်မှုထဲသို့ နှစ်မြုပ်လိုက်သည်... တစ်လအကြာတွင်!

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် အခြေခံအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ကျန်တဲ့အချိန်တွေကို အဆောင်လက်ဖွဲ့များ ဖန်တီးရန်အတွက် ဖြည်းဖြည်းချင်း လေ့ကျင့်လေတော့သည်။

“စနစ်... တိုင်ယင်း နက်နဲသော ယင် စွမ်းအင်ကို ထုတ်ယူမယ်!”

ငွေရောင်ဖြူဖြူဖွေးဖွေး စွမ်းအင်အလုံးသည် လရောင် အလင်းတန်းကဲ့သို့ ဝူယွမ်၏လက်ထဲတွင် ပေါ်လာလေသည်။

ဝူယွမ်သည် တိုက်ရိုက်မျိုချလိုက်ပြီး မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဥ်ကိုလှည့်ပတ်ကာ သန့်စင်လိုက်သည်။

သူ ယွမ်မြေကြီးနယ်ပယ် အလယ်အဆင့်သို့ ရောက်ရှိတာ တစ်လခန့်ကြာမြင့်နေခဲ့ပြီဖြစ်ကာ ယခုအခါ နောက်တစ်ဆင့်တက်‌ဖို့သိပ်မလိုတော့ပေ။

ဤလမ်းဆုံးကို ဖြတ်ကျော်ရန် တိုင်းယင်း နက်နဲသော ယင်စွမ်းအင်ကို အသုံးပြုရန် သူစီစဉ်ထားသည်၊ အဘယ့်ကြောင့်ဆိုသော် တိုင်းယင်း နက်နဲသော ယင်စွမ်းအင်သည် ယွမ်မြေကြီးနယ်ပယ်အတွက် အကောင်းဆုံး ကျင့်ကြံခြင်းအ‌ေထာက်အကူဖြစ်သည်။

တိုင်ယင်း နက်နဲသော ယင်စွမ်းအင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ချမ်းစိမ့်စိမ့်ခံစားမှုတစ်ခုသည် တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားကာ အတွင်းပိုင်းမှ အပြင်ပိုင်းသို့ တစ်လျှောက်လုံး တစ်လက်မချင်း အေးခဲသွားသည်။

ပြင်းထန်သော ယင်ရှစွမ်းအင်သည် ဝူယွမ်၏ ခန္ဓာကိုယ်ကို ဆက်တိုက်ဆေးကြောသန့်စင်နေသည်။ နာကျင်မှုသည် အရိုးထဲအထိ စိမ့်ဝင်နေပြီး အကြိမ်ကြိမ်အခါခါ သတိမေ့တော့မလိုဖြစ်နေသည်။ ကံကောင်းထောက်မစွာပင် ပြီးခဲ့သည့် ရက်အနည်းငယ်က ဝိညာဉ်စွမ်းအင်လေ့ကျင့်မှုကြောင့် သူ၏ ဝိညာဉ်စွမ်းအင်သည် သိသိသာသာ တိုးတက်လာပြီး စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုအား ကောင်းလာကာ ယင်ရှစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိလာသည်။

ယွမ်စွမ်းအင်ဖြစ်စေ ဝိညာဉ်စွမ်းအင်ဖြစ်စေ လေ့ကျင့်နှစ်ခုလုံးမှုသည် သူ့အပေါ်တွင် သက်ရောက်မှုရှိပြီး နှစ်ခုစလုံး အပြန်အလှန်အထောက်အကူပြုနေကြသည်။ ယွမ်မြေကြီးနယ်ပယ်စဦးအဆင့်သို့ ရောက်ရှိမှသာ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်နိုင်ပြီး ဝိညာဉ်စွမ်းအင်အားကောင်းခြင်းသည် ယွမ်စွမ်းအင်လေ့ကျင့်မှုကိုလည်း အကျိုးပြုသည်။

နက်နဲသော ယင်စွမ်းအင်သည် ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း ယင်ရှစွမ်းအင်များသည် တဖြည်းဖြည်း သူ၏ ဒန်တျန်းသို့ ရောက်ရှိသွားလေသည်။

တစ်ညတာ ကုန်လွန်သွားပြီးနောက်!

ဝူယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။ သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ငွေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။

“နောက်ဆုံးတော့ ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီ။ အတော်လေး ပြင်းထန်တဲ့ ယင်ရှစွမ်းအင်တွေဘဲ။”

ဝူယွမ် အံ့အားသင့်မိသွားသည်။

ဤအဆင့်သို့ရောက်ရှိချိန်တွင် သူ၏ ယွမ်စွမ်းအင်အားလုံးနီးပါးသည် တိုင်ယင်း စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စွမ်းအားပြင်းနတ်ဆိုးမျက်စိကို အသုံးပြုသည့်အခါတွင်ပင် ၎င်းကို အသုံးပြုနိုင်သည်။

ဝူယွမ်က ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့် အထွတ်အထိပ်သို့ ရောက်ရန်နီးစပ်နေပြီဟု ခန့်မှန်းမိသည်။

ယွမ်မြေကြီးနယ်ပယ်၏ စွမ်းအားကို တစ်စုံတစ်ဦး၏ ယွမ်စွမ်းအင်အတွင်းရှိ ယင်ရှစွမ်းအင်ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ဥပမာအားဖြင့် ချင်းတန်းသည် သူမ၏ အသုရာနတ်ဆိုး ခန္ဓာကိုယ် ထကြွချိန်တွင် ယွမ်မြေကြီးနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်လို့ရနိုင်သည်။

“ဒီနယ်ပယ်ကို အခြေခံအုပ်မြစ် ခိုင်အောင် နက်နက်နဲနဲ သန့်စင်ပြီး လေ့ကျင့်မယ်။”

“မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဉ်ကလည်း တတိယအဆင့်ကို ရောက်သွားပီ!”

ဝူယွမ် အံ့အားသင့်သွားသည်။

“ဒီလိုမျိုး ဆက်ပြီး လေ့ကျင့်သွားမယ်ဆိုရင်

မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဥ်မှာကအဆင့်ကိုးဆင့်ရှိပြီး အများဆုံး ယွမ်ဒန်အဆင့်အထိဘဲ လေ့ကျင့်နိုင်တော့မှာပေါ့!”

“ငါ အရင်က ဒီကျင့်စဉ်ကို အတော်မြင့်မြင့် တွက်ချက်မိထားခဲ့တာဘဲ”

မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဉ်တွင် အံ့သြဖွယ် အချက်အလက်များ ပါဝင်သော်လည်း ထိုကျင့်စဉ်သည် အဆင့်နိမ့်ကမ္ဘာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အစွမ်းသည် အကန့်အသတ်ရှိနေသည်။

တျန်းရွှမ်းတိုက်ကြီးကဲ့သို့သော စိတ်ကူးယဉ်ကမ္ဘာတွင်တော့

ထင်သလောက်အဆင့်မမြင့်ပေ။

သို့ရာတွင် မြင့်မြတ်ကောင်းကင်တန်ခိုး ကျင့်စဉ်ကို ‌ကျင့်ကြံနေရင်း၊ ထိုကျင့်စဉ်သည် သူ့ခန္ဓာကိုယ်နဲ့ အလွန်ပင် လိုက်လျောညီထွေပြီး သူခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေရန် အတော်လေး အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သူ ခန့်မှန်းတွက်ချက်ထားသည်များက မှန်ကန်သော်လည်း ယွမ်စွမ်းအင်သည် အ‌ေတာ်လေးပြင်းထန်သော စွမ်းအားတစ်ခုဖြစ်ပြီး လက်တွေ့လေ့လာရန် လိုအပ်နေဆဲဖြစ်သည်။

“ လင်းတုန်ရဲ့ ကျောက်လက်ဖွဲ့က ဒီကျင့်စဉ်ကိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်ရင် ကောင်းမယ်” ဝူယွမ် မျှော်လင့်‌နေမိသည်။

“မောင်လေး... ဆရာက မင်းကို ရွှေတစ်သောင်းကုန်သည်အသင်းကို လာခိုင်းလိုက်တယ်။ မင်းရဲ့ မွေးစားအဖေနဲ့ တခြားသူတွေ ယန်မြို့ကို ရောက်လာပြီ!”

ဇီယွဲ့က ဝူယွမ်ကို တွေ့ရှိပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အမကြီးဇီယွဲ့။

ကျွန်တော် အခုဘဲသွားလိုက်မယ်။”

ပြန်ဖြေလိုက်ပြီးနောက် ဝူယွမ်သည် ရွှေတစ်သောင်းကုန်သည်အသင်းသို့ အမြန်သွားဖို့ပြင်လေသည်။

တစ်လခန့် ဝေးကွာပြီးနောက် ဝူယွမ် ဆေးလုံးများအားလုံး ကုန်သွားပြီဖြစ်ကာ သူ၏ ဆေးအိုကြီး လင်းတုန်းကိုလည်း အနည်းငယ် လွမ်းနေမိသည်။

“အင်း... ဒါဆို အမကြီး၊ ကျွန်တော် အိမ်ကို ခဏ ပြန်လိုက်ပါအုံးမယ်၊ နောက်မှ ပြန်လာခဲ့ပါမယ်” ဟု ဝူယွမ်က ပြန်လှည့်ကာ ဇီယွဲ့အား နှုတ်ဆက်လိုက်သည်။

ဤအချိန်အတူလက်တွဲကုန်ဆုံးပြီးနောက် ဝူယွမ်သည် သူမက အပြင်ပန်းအားဖြင့် အေးစက်နေသော်လည်း အတွင်းစိတ်သည် နွေးထွေးပြီး သူ့အပေါ် အလွန်းကောင်းကြောင်း သိခဲ့ရသည်။

အခု သူမ၏ မောင်လေး အိမ်ပြန်သွားပြီဖြစ်ရာ ဇီယွဲ့သည် မပျော်မရွှင် ခံစားနေရသည်... ဝူယွမ်သည် ရွှေတစ်သောင်းကုန်သည်အသင်းသို့ ရောက်ရှိလာပြီး လုံချန်း၊ လင်းတုန်နှင့် အခြားသူများနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဆရာယန်ထံမှ အိမ်ပြန်ခွင့်တောင်းခဲ့သည်။

သူသည် ကုန်သွယ်အဖွဲ့နှင့်အတူ ချင်းယန်းမြို့သို့ ပြန်လာခဲ့သည်။

ရူးသွပ်ဓားသိုင်းခန်းမ ပြန်ရောက်သည်နှင့် တံခါးဝတွင် အဖြူရောင်အရိပ်တစ်ခု ထွက်ပေါ်လာကာ ဝူယွမ်ကို ခုန်ဝင်လိုက်သည်။

ပိုင်ယွမ်၏ ချစ်စရာကောင်းသော လုံးဝန်းဖောင်းကြွနေသည့် ခေါင်းကြီးကို ပွတ်သပ်ရင်း ဝူယွမ်သည် အတော်လေးစိတ်ချမ်းသာသွားသည်။ အိမ်ပြန်ရခြင်းက သက်တောင့်သက်သာရှိလှပေသည်။

“ပိုင်ယွမ်... ငါ့ကိုလွမ်းေနခဲ့တာလား?”

ပိုင်ယွမ်သည် ဝူယွမ်၏ ရင်ခွင်ထဲတွင် ခေါင်ဖြင့် ပွတ်တိုက်နေပြီး ငိုကြွေးနေသကဲ့သို့ ညည်းညူနေသည်၊ သူဘာလို့ ဒီလောက်ကြာအောင် ပြောက်နေခဲ့တာလဲဟု မေးမြန်းနေဟန်ရှိသည်။

“ကောင်းပြီ... ကောင်းပြီ... ငါမှားသွားတယ်။ နောက်တစ်ကြိမ်ကျရင် မင်းကိုပါခေါ်သွားပါ့မယ်” ဟု ဝူယွမ်းက နှစ်သိမ့်ပေးလိုက်သည်။

သူလည်း ပိုင်ယွမ်ကို အမှန်တကယ်ပင် လွမ်းဆွတ်နေခဲ့သည်။

ဤအကြိမ်တွင် သူ အလျင်အမြန်ပြန်လာရခြင်း အဓိက အကြောင်းရင်းမှာ ပိုင်ယွမ်ကို လွမ်းသောကြောင့်ဖြစ်သည်။

All Chapters