← Chapters

ယွမ်ကောင်းကင်နယ်ပယ်အဆင့်သို့ ချိုးဖျက်၀င်ရောက်ခြင်း၊ လိန်မိသားစုကို ချောက်လှန့်ခြင်း

Vol. 3 Ch. 28

ယွမ်ကောင်းကင်နယ်ပယ်အဆင့်သို့ ချိုးဖျက်၀င်ရောက်ခြင်း၊ လိန်မိသားစုကို ချောက်လှန့်ခြင်း

Vol. 3 Ch. 28

“အင်း.. ကျွန်တော်ကြိုးစားကြည့်မယ်”

လင်းတုန်သည် လက်ဖဝါးကို�ဖြန့်၍ လေထဲရှိ ပြင်းထန်သော ယန်စွမ်းအင်ထုကို ပစ်မှတ်ထားလိုက်သည်။

ထိုဓာတ်ငွေ့များတွင် ယန်စွမ်းအင် ကြွယ်၀စွာပါရှိသော်လည်း ဤနေရာသည် မီးတောင်အောက်ခြေတွင်ဖွဲ့စည်းထားပြီး ပြင်းထန်သောမီးဓာတ်များက ဤယန်စွမ်းအင်ကို အလွန်ကြမ်းတမ်းစေပြီး တိုက်ရိုက်စုပ်ယူ၍မရနိုင်ပေ။

ဓာတ်ငွေ့များသည် လင်းတုန်ဆီသို့ စုပြုံလာကာ ကျောက်လက်ဖွဲ့ထဲသို့ စုပ်ယူခံရပြီး ခဏအတွင်းတွင် လင်းတုန်၏လက်ဖဝါးပေါ်၌ ပြန်လည်ပေါ်လာသည်။

ထိုအချိန်တွင် ဓာတ်ငွေ့စု၏အရောင်သည် ပို၍သန့်စင်လာဟန်ရှိသည်။။

“ဝေါင်းး..ဝေါင်းး..”

ပိုင်ယွမ်သည်။ တရွှီး၏ရွှီးအသံပြုလျက် ဤဓာတ်ငွေ့စုပြုံမှုကို အလွန်နှစ်သက်နေသည်။

ဝူယွမ်သည် လင်းတုန်၏လက်မှ သန့်စင်ထားသော ယန်စွမ်းအင်ကို� ယူပြီး အတွင်းရှိစွမ်းအင်ကို စစ်ဆေးကြည့်လိုက်သည်။

“ယန်ယွမ်ဆေးလုံးထဲက ယန်စွမ်းအင်ထက်တောင် ပိုသန့်စင်ပြီး ပိုအား‌ေကာင်းတယ်၊ အနည်းဆုံး စတုတ္ထအဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်တယ်” ဝူယွမ်က အကဲဖြတ်လိုက်သည်။

“လာ.. ပိုင်ယွမ်”

ဝူယွမ်သည် ဓာတ်ငွေ့ကို ပိုင်ယွမ်အား ကျွေးလိုက်သည်။

“ဒီလို ယန်စွမ်းအင်တွေနဲ့ဆိုရင် ယွမ်ကောင်းကင်နယ်ပယ်အဆင့်ကို ချိုးဖျက်တက်ရောက်ဖို့ လုံလောက်တယ်၊ ညီလေးလင်း.. မြန်မြန်လေး နောက်ထပ်လုပ်ပေးအုံး”

ဝူယွမ်က တိုက်တွန်းလိုက်သည်။

ထို့နောက် သူသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး “မြင့်မြတ်သောကောင်းကင်တန်ခိုး” ကျင့်စဉ် ကို အသုံးပြုလိုက်သည်။

အဆင့်ချိုးတက်မည့်အရိပ်အရောင်ကို သူခံစားနေရတာ ကြာပီဖြစ်ပြီး အနည်းငယ်လိုအပ်နေခြင်းသာဖြစ်သည်။

အခု အဆင့် ၄ ဒါမှမဟုတ် ထိုထက်မြင့်သော ယန်စွမ်းအင်ဖြင့်ဆိုလျှင် သူအဆင့်တက်ဖို့ လုံလောက်ပြီဖြစ်သည်။

သူဆိုင်းအင်၀င်ရာမှရရှိထားသော “တိုင်ယန်း နက်နဲသောယန်စွမ်းအင်” (Tai Yin Profained Yin Energy) ကို မသုံးစွဲရခြင်းမှာ ဝူယွမ်သည် ထိုစွမ်းအားကို မခံနိုင်မှာစိုးသောကြောင့်ဖြစ်သည်။

ထိုစဉ်က သူသည် ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်ရောက်မှ “ တိုင်ယင်း နက်နဲသောယင်စွမ်းအင်” ကို စုပ်ယူခဲ့သော်လည်း အနည်းငယ်အခက်တွေ့ခဲ့သည်။

ယွမ်ကောင်းကင်နယ်ပယ်သို့ ချိုးဖျက်၀င်ရောက်ပြီး သူ၏ဒန်တျန်အတွင်း ယန်စွမ်းအင်အနည်းငယ်ရှိလာသောအခါမှ “ တိုင်ယန်း နက်နဲသောယန်စွမ်းအင်” ကို သုံးစွဲတာ ပိုကောင်းမည်ဟု ဝူယွမ် ထင်သည်။

လင်းတုန်သည် စားဖိုမှုးကဲ့သို့ မရပ်မနား သန့်စင်သော ယန်စွမ်းအင်များထုတ်လုပ်ကာ ဝူယွမ်အား ကျွေးမွေးနေသည်။

ယန်စွမ်းအင်အများအပြားကို ဆက်တိုက်ကျွေးမွေးပြီးနောက် ဝူယွမ်သည် နောက်ဆုံးတွင် ပြင်းပြင်းထန်ထန်တုံ့ပြန်လာသည်။

ယွမ်စွမ်းအင်လှိုင်းများ ဖွဲ့စည်းလာပြီး မူလ ယင်ရှ ယွမ်စွမ်းအင် အတွင်း ယန်စွမ်းအင်အမျှင်များ ပေါ်လာလေသည်။

“ယွမ်ကောင်းကင်နယ်ပယ်အဆင့်.. အောင်မြင်ပြီ”

ဝူယွမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး မျက်ဝန်းထဲတွင် တောက်ပသောအလင်းရောင်များ ပြည့်နှက်နေသည်။

ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို သူခံစား‌မိသည်။ သူ၏ယွမ်စွမ်းအင်သည်လည်း ပိုမိုကြွယ်၀လာပြီဖြစ်သည်။

ထိအပြင် ပို၍ခိုင်မာလာသည်။

လင်းတုန် - “ဂုဏ်ပြုပါတယ် အစ်ကိုကြီး၊အစ်ကိုကြီးက ကျွန်တော်တို့ ချင်းယန်မြို့ မှာ အသက်အငယ်ဆုံး ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်မယ်ထင်တယ်”

ပိုင်ယွမ်သည် ဝူယွမ်၏ စွမ်းအင်လှိုင်းပြောင်းလဲမှုကို သတိပြုမိပြီး ခေါင်းဖြင့် ဝူယွမ်၏ရင်ဘတ်ထဲသို့ တွန်းဝင်၍ သူ့အတွက် ပျော်ရွှင်‌ပေးနေသည်။

“သွားကြရအောင်၊ မွေးစားအဖေနဲ့ အခြားသူတွေကို ဒီနေရာအကြောင်း သွားပြောကြမယ်”

လှိုင်ဂူထဲမှ ထွက်လိုက်သည်နှင့် စနစ်၏အသိပေးချက် ချက်ချင်းရောက်ရှိလာသည်။

[ဒင်း. ဆိုင်းအင်နေရာ ပြောင်းလဲသွားပါပီ၊ ကျေးဇူးပြု၍ ဒန်ရှန်ရေကန် တွင် ဆိုင်းအင်၀င်ပါ။]

ဒန်ရှန်ရေကန်...

“စနစ်က ဇာတ်လမ်းအတိုင်း ဆိုင်းအင်၀င်ခိုင်းနေတာဘဲ...” ယခုအခါ သံမြေကျေးရွာ သည် “ရူးသွပ်ဓားသိုင်းခန်းမနှင့် နှင့် လင်းမိသားစုတို့၏ အခြေစိုက်စခန်းဖြစ်လာသည်။

အဓိကအင်အားစုကြီးနှစ်ခုလုံးမှ အရေးပါသည့်ပုဂ္ဂိုလ်များသည် ဤနေရာတွင် စခန်းချနေထိုင်လျှက်ရှိသည်။

သိပ်မကြာမှီ ဝူယွမ်နှင့် လင်းတုန်တို့သည် လုံချန်း၊ လင်းကျဲ့တျန်း နှင့် အခြားသူများကို ခေါ်ဆောင်ကာ မြေအောက်မီးတောင်လိုဏ်ဂူသို့ ရောက်ရှိလာကြသည်။

သို့သော် ၀ူယွမ်က သူယွမ်ကောင်းကင်နယ်ပယ်အဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့သည့်သတင်းကိုမူ သူတို့အား မပြောပြခဲ့ပေ။

ဝူယွမ်သည် သူ၏စွမ်းအားကို ဝှက်ထားပြီး လိန်မိသားစုကို အံအားသင့်အောင်လုပ်ရန် အကြံဈရှိသည်။

လုံချန်းနှင့် လင်းကျဲ့တျန်းတို့သည် ကောင်းကင်ယွမ်နယ်ပယ် အထွတ်အထိပ်ရှိသူများဖြစ်ပြီး ယွမ်ဒန်နယ်ပယ်အဆင့် သို့ချိုးဖျက်ချင်လျှင် အဆင့်မြင့်ယန်စွမ်းအင် မရှိမဖြစ်လိုအပ်သည်။

ယွမ်ဒန်အဆင့်တက်ဖို့အတွက် ခန္ဓာကိုယ်အတွင်းရှိ ယင် နှင့် ယန် စွမ်းအင်များက ဟန်ချက်ညီနေမှရမည်။ သို့မှသာ ထပ်မံပေါင်းစပ်ကာ ယင်-ယန် ဟန်ချက်ညီညီတည်ဆောက်ပြီး စုစည်းနိုင်မည်ဖြစ်သည်။

“ဒီမှာရှိတဲ့ ယန်စွမ်းအင်က အလွန်ကြွယ်၀တယ်၊ ဒါပေမယ့် ကံမကောင်းစွာပဲ ပြင်းထန်လွန်းတာကြောင့် တိုက်ရိုက်စုပ်ယူလို့မရဘူး” ဟု လင်းကျဲ့တျန်းက သက်ပြင်းချလိုက်သည်။

“အဘိုးလင်း.. ဒီလိုဟာဆိုရင်ရော�”

လင်းတုန်သည် ကျောက်လက်ဖွဲ့ကို အသုံးပြု၍ ယန်စွမ်းအင်စုပြုံတစ်ခုကို သန့်စင်ပြီး လင်းကျဲ့တျန်းအား ပြသလိုက်သည်။

“အိုး.. တူလေး.. ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ”

“အင်.. ကျွန်တော် ဒီကယန်စွမ်းအင်ကို ခန္ဓာကိုယ်ထဲစုပ်ယူပြီး တစ်ခါလှည့်ပတ်လိုက်တာနဲ့ ဒီပြင်းထန်တဲ့အရာတွေ သူ့အလိုလို ပျောက်သွားတယ်...” လင်းတုန်းက မျက်လုံးတဖျတ်ဖျတ်ခတ်ကာ ဘာမှမသိဟန်ဆောင်လိုက်သည်။

ကျောက်လက်ဖွဲ့၏လျှို့ဝှက်ချက်ကို မထုတ်ဖော်ရန် သူတို့ အရင်ကတည်းက တိုင်ပင်ထားသည့်ရလဒ်ပင်ဖြစ်ပြီး လင်းကျဲ့တျန်းနှင့် လုံချန်းတို့အား ဤယန်စွမ်းအင်ကိုသုံးစွဲကာ ယွမ်ဒန်နယ်ပယ်သို့ မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်ရန်အတွက်ပင်ဖြစ်သည်။

“ကျွန်တော့်ဆရာပြောဖူးတယ်.. လူ့ခန္ဓာကိုယ်အတွက် မသန့်စင်တတဲ့အရာတွေကို ဖယ်ရှားနိုင်တဲ့ အထူးခန္ဓာကိုယ်နဲ့သူတွေရှိတယ်၊ လင်းတုန်ကလည်း အဲ့လိုလူမျိုးပဲနဲ့တူတယ်” ဝူယွမ်ကလည်း ပါဝင်ပြောဆိုလိုက်သည်။

လင်းကျဲ့တျန်းနှင့် အခြားသူတို့သည် အများကြီးမတွေးတော့ပေ။ သူ၏မြေးသည် ကလိမ်ကကျစ်ကြသည်ကို သူမသိခဲ့ချေ။

ချက်ချင်းပင် လင်းတုန် သန့်စင်ပေးသော ယန်စွမ်းအင်ကို အသုံးပြု၍ စတင်ကျင့်ကြံတော့သည်... ထိုအချိန်တွင် လုံထန် သည် ဝူယွမ်ဆီသို့ရောက်လာကာ “ညီလေး.. ငါ့မှာ ပစ္စည်း‌ေကာင်းလေးတစ်ခုရှိတယ်”

ဝူယွမ်သည်သူ၏ရင်ဘတ်ထဲမှ ခေါင်းတစ်ဝက်ခန့်အရွယ်အစားရှိတဲ့ အနက်ရောင်သတ္ထုတုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

“ဒါကဘာလဲ”

လုံထန် - “ဒီမှာ 'ယွမ်စွမ်းအင်ဖြတ်တောက် သံမဏိ' ‘နဂါးနက်စခန်း’ ရဲ့ဘဏ္ဍာတိုက်ထဲကနေ ရှာတွေ့ခဲ့တာ ယွမ်စွမ်းအင်ကိုဖြတ်တောက်ရာမှာ အလွန်ထိရောက်မှုရှိတယ်။ ဒီ ‘ယွမ်စွမ်းအင်ဖြတ်တောက်သံမဏိ’ အနည်းငယ်ကို လက်နက်တချို့နဲ့ရောစပ်အသုံးပြုမယ်ဆိုရင် သာမန်ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျွမ်းကျင်သူတွေတောင် တိုက်ရိုက်ခုခံဖို့မလွယ်ဘူး၊ မဟုတ်ရင် ဒဏ်ရာကြီးကြီးမားမားရသွားနိုင်တယ်။ အရေးအကြီးဆုံးကတော့ ဒီ ‘ယွမ်စွမ်းအင်ဖြတ်တောက်သံမဏိ' က ဝိညာဉ်စွမ်းအင် အတွက် အကျိုးသက်ရောက်မှုအားကောင်းပြီး ဝိညာဉ်စွမ်းအင်လက်နက် အဖြစ် ဖန်တီးလို့ရတာဘဲ”

“အိုး.. ဒါက တကယ်ကို ပစ္စည်းကောင်းတစ်ခုပဲ”

ဝူယွမ်သည် အံ့အားသင့်စွာဖြင့် လက်ခံလိုက်သည်။

မူရင်းဇာတ်လမ်းတွင် ဤ “ယွမ်စွမ်းအင်ဖြတ်တောက်သံမဏိ” ကို လင်းတုန်ရရှိခဲ့ပြီး “ယွမ်စွမ်းအင်ဖြတ်တောက် ဒုံးပျံ ” များအဖြစ် ချိတ်ဆက်ဖန်တီးကာ သူ၏ပထမဆုံး ဝိညာဉ်စွမ်းအင်လက်နက်အဖြစ် အစောပိုင်းကာလများတွင် အသုံးပြုခဲ့သည်။

“ငါ့မှာ ‘မီးမိုးကြိုးဓား’ လိုမျိုး စွမ်းအားပြင်း လက်နက်ရှိပြီးသားမလို့ ‘ယွမ်စွမ်းအင်ဖြတ်တောက် ဒုံးပျံ’ က ငါ့အတွက် သိပ်မလိုအပ်တော့ဘူး။ ဒါပေမယ့် ဒီပစ္စည်းကို တိုက်ရိုက် ‘ယွမ်စွမ်းအင်ဖြတ်တောက် ဒုံးပျံ’ အဖြစ် ချိတ်ဆက်ဖန်တီးမယ်ဆိုရင် ကုန်ကြစရိတ်များလောက်တယ်။ ဆရာ့ကို ဝိညာဉ်လက်နက် တစ်ခုအဖြစ် ဖန်တီးဖို့ အကူအညီတောင်းရမယ်ထင်တယ်”

ဝူယွမ်သည် ချက်ချင်းပင် စိတ်ကူးတစ်ခုရသွားသည်။ တကယ်တော့ သူသည် ညီငယ်လင်းတုန်ကို ယခင်ကတည်းက တကယ်နှစ်သက်ခဲ့သည်၊ သူ ကမ္ဘာကူးပြောင်းလာပြီးနောက်ပိုင်းဖြစ်စေ မကူးပြောင်းခင်ကဖြစ်စေ။

တွေ့ဆုံကတည်းက သူ့ကို ပစ္စည်းတစ်ခုအနေနှင့် အသုံးပြုခဲ့ရသည်ကို အခုအခါ နည်းနည်းစိတ်မကောင်းဖြစ်နေမိသည်။

ဒါက သူ့ကိုလက်ဆောင်ပေးရန် အခွင့်ကောင်းတစ်ခုဘဲဖြစ်သည်။

ထို့အပြင် ဝူယွမ်သည် သူ၏ ဆိုင်းအင်စနစ်က ကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်သော လင်းတုန်ကို လှုံ့ဆော်ပေးရန် လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။ နောင်ပိုင်းတွင် လင်းတုန်မရှိဘဲ ဆိုင်းအင်၀င်ရန် မဖြစ်နိုင်ပေ၊ထိုကြောင့် လင်းတုန်၏စွမ်းအားသည် သူနှင့်တူနေရန် လိုအပ်ပေသည်၊ ထိုသို့ဖြစ်ခြင်းက သူ့အတွက် ပိုအကြိုးများစေမည်ဖြစ်သည်။

ပြောရမည်ဆိုလျှင် အနည်းငယ်ရယ်ဖို့ကောင်းသည်၊ ဝူယွမ် ကူးပြောင်းရောက်ရှိလာစဥ်က လင်းတုန်၏ ပေါင်ကြီးကြီးကို ဖက်ထားရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ သူ၏ ကျင့်ကြံခြင်းညီအကိုဖြစ်နေပီဖြစ်သည်။... “မွေးစားအဖေ.. ယန်မြို့ ကုန်သွယ်ရေးကိစ္စအတွက် လုံထန်အစ်ကိုနဲ့ကျွန်တော်တို့ နှစ်ယောက်ကို ဦးဆောင်ခွင့်ပြုပါ” ဝူယွမ်က အကြံပြုလိုက်သည်။

“မဖြစ်နိုင်ဘူး၊ ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူက လုံထန်တစ်ယောက်တည်းရှိတယ်၊ အရမ်းအန္တရာယ်များတယ်” လုံချန်း ချက်ချင်းငြင်းဆိုလိုက်သည်။

ဝူယွမ်သည် ခါးကိုင်း၍ လုံချန်း၏နား နားသို့ကပ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထို့နောက်တွင် လုံချန်းသည် သူတို့နှစ်ဦးကို ဦးဆောင်ရန် သဘောတူလိုက်သည်...

လိန်မိသားစု။

“မိသားစုခေါင်းဆောင်.. အခွင့်အရေးရောက်လာပြီ”

“ဒီတခါ ‘ရူးသွပ်ဓားသိုင်းခန်းမ’ ရဲ့ ယန်မြို့ကိုသွားမယ့်အဖွဲ့ကို လုံထန်က ဦးဆောင်လာတယ်၊ အဲ့အဖွဲ့ထဲမှာ လုံထန်တစ်ယောက်တည်းကဘဲ ယွမ်ကောင်းကင်နယ်ပယ်အဆင့်မှာရှိတယ် အဲ့အထဲမှာ ဝူယွမ်လည်းပါတယ်”

“ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်တစ်ယောက်နဲ့.. ဝူယွမ်က ဝူရှကိုသတ်နိုင်တယ်၊ ဒါပေမဲ့ ကောင်းကင်ယွမ်နယ်ပယ် အစောပိုင်းဆင့်ကို ခက်ခက်ခဲခဲသတ်ခဲ့ရတာ၊ ...ကောင်းတယ်၊ ချက်ချင်းပဲ ရှဲ့ချန် နဲ့ ရှဲ့ယူကို သတင်းပေးဖို့ လူလွှတ်လိုက်။

ပြီးရင် လိန်ဖီ နဲ့ လိန်စင်း တို့ကို မြန်မြန်သွားခိုင်းလိုက်”

သိပ်မကြာမှ လိန်မိသားစု၏ ယွမ်ကောင်းကင်နယ်ပယ်အဆင့်ကျင့်ကြံသူ သုံးဦးက လူတစ်စုကို ဦးဆောင်ကာ ယန်မြို့ဆီသို့ အရှိန်ပြင်းစွာဖြင့် ဦးတည်ထွက်ခွာလာခဲ့ကြသည်..

ရူးသွပ်ဓားသိုင်းခန်းမ။

“ခေါင်းဆောင်.. လိန်မိသားစုက တကယ်ပဲ ကောင်းကင်ယွမ်နယ်ပယ် ကျွမ်းကျင်သူသုံးဦးကို စေလွှတ်လိုက်တယ်၊ အားလုံးက ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်တွေဖြစ်ပြီး ယွမ်မြေကြီးနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ရောက်ကျော် ပါပါတယ်”

“ခေါင်းဆောင်.. ကျွန်တော်တို့ နောက်ကနေလိုက်သင့်လား”

“မလိုက်နဲ့.. လိန်ပေါင်း နဲ့ ရှဲ့ချန် ကိုယ်တိုင် မလှုပ်ရှားသရွေ့ ပြဿနာမရှိဘူး” လုံချန်က မထီမဲ့မြင်ပြုသော အပြုံးတစ်ချက်ဖြင့် ပြောလိုက်သည်။

ဝူယွမ် ပြောခဲ့သည်ကို သူပြန်သတိရသွားသည်။

“ပိုင်ယွမ်နဲ့ကျွန်တော် နှစ်ယောက်လုံး ယွမ်ကောင်းကင်နယ်ပယ်အဆင့်ကို ချိုးဖျက်ရောက်ရှိသွားပြီ။ လူတစ်ယောက်နဲ့ ကျားတစ်ကောင်ပေါင်းလိုက်ရင် ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာမရှိဘူး”

All Chapters