ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ ရာနှုန်းပြည့်အောင်ပွဲ။
Vol. 3 Ch. 29
ယန်မြို့သို့သွားသောလမ်း၌။
လုံထန်သည် ရှေ့ဆုံးမှ ဦးဆောင်သွားလျှက် ရူးသွပ်ဓားသိုင်းခန်းမ၏ အလံကို မြင့်မြင့် လွှင့်ထူထားသည်။
ဝူယွမ်မှာမူ ပိုင်ယွမ်ကိုစီးရင်း ကုန်တန်းနှင့်အတူ သွားနေသည်။
ဟေ့... ဟေ့...
ဟေ့... ဟေ့...
ဟိတ်... ဟိတ်...
ထိုအချိန်တွင် မြင်းသံများ ကျယ်လောင်စွာကြားလိုက်ရပြီး လူဆယ်ဦးကျော်ပါသော အဖွဲ့တစ်ဖွဲ့သည် နောက်မှ အရှိန်ပြင်းစွာ လိုက်လာကြသည်။
ချီး... ချီး... ချီး...
ထိုနည်းတူစွာ ရှေ့ရှိ တောအုပ်ထဲမှလည်း အဖွဲ့တစ်ဖွဲ့ ထွက်လာကာ ရူးသွပ်ဓားသိုင်းခန်းမ၏ ကုန်တန်းကို ပိတ်ဆို့လိုက်သည်။
ရှေ့နောက် ဝိုင်းထားခြင်း ခံလိုက်ရသည်။
“ရန်သူတွေလာတိုက်တယ် အသင့်ပြင်က”
လုံထန်က အော်ဟစ်ပြီး သူ၏ ဓားကြီး ဆွဲထုတ်လိုက်သည်။
“တောင်ပံနက်စခန်းလား... ဒီလိုကိစ္စတွေမှာ ၀င်ပါလိမ့်မယ်လို့ မထင်ထားဘူး”
လုံထန်သည် ရှေ့မှပေါ်လာသော အဖွဲ့ကို မျက်လုံးပြူးပြီး ကြည့်နေမိသည်။ တောင်ပံနက်စခန်း ပါ၀င်လာမှုသည် သူမျှော်လင့်မထားသော အရာဖြစ်နေသည်။
သို့သော်... ပြဿနာမရှိပါ။ သူမစိုးရိမ်ပေ။ တောင်ပံနက်စခန်းသည် နဂါးနက်စခန်းလောက် အားကောင်းခြင်းမရှိပေ။ ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာရှိသည်။
“သတ်ကြ”
“အရှင်မထားနဲ့”
နောက်မှ လိန်နှင့် ရှဲ့မိသားစုတို့၏ အဖွဲ့သည် ပြေးလာပြီဖြစ်သည်။ အပိုစကားများပြောမနေဘဲ ရူးသွပ်ဓားသိုင်းခန်းမ၏ ကုန်သွယ်အုပ်စု တစ်ခုလုံးကို သတ်ပစ်ရန် ရည်ရွယ်ထားကြသည်။
“လိန်ဖီ၊ လိန်စင်း၊ ရှဲ့ယူ၊ ပြီးတော့ တောင်ပံနက်စခန်းက ချန်းဖုန်း... ယွမ်ကောင်းကင်နယ်ပယ်အဆင့် လေးဦးပါလား။ ယွမ်ကလေး... သူတို့တွေ မင်းကို သိပ်အထင်ကြီးနေကြပြီ”
“ဒါက အကိုကြီးကိုပါ ထည့်တွက်ထားလို့ပါ”
ဝူယွမ်နှင့် လုံထန်တို့ မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။ မျက်လုံးများထဲတွင် သူတို့၏ အကြံအစည် အောင်မြင်သွားသော အပြုံးများ ပါနေသည်။
“ေနရာယူကြ”
လုံထန် အော်လိုက်သည်နှင့် ရူးသွပ်ဓားသိုင်းခန်းမ၏ ခရီးသည်တန်းသည် ချက်ချင်းလှုပ်ရှားသွားသည်။ ပိတ်ထားသော လှည်းများထဲမှ လူများ ထွက်လာကြပြီး ထွက်လာသည့်လူတိုင်း မြှားများ ကိုင်ဆောင်ထားကြသည်။
ထို့အပြင်... မြှားများသည် အဆက်မပြတ်ပစ်ခတ်နိုင်သော မြှားများဖြစ်နေသည်။
ဝူယွမ်သည် ရူးသွပ်ဓားသိုင်းခန်းမ၏ လက်နက်ရုံသို့ ဒီဇိုင်းပုံစံများ ပေးပို့ပြီး ထုတ်လုပ်စေခဲ့သည်။
နောက်ပိုင်းတွင် ဆက်တိုက်ပစ်ခတ်နိုင်သော မြှားများကို စမ်းသပ်ကြည့်ရာ မြှားများသည် ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။ ယွမ်မြေကြီးနယ်ပယ်အဆင့် ကျင့်ကြံသူများပင် သတိမထားမိပါက ဒဏ်ရာရနိုင်သည်။
သို့သော်... ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အကာအကွယ်ကိုတော့ မဖြတ်ကျော်နိုင်ပေ။
ထိုသို့ဆိုလျှင်ပင်... အတော်လေး အစွမ်းထက်နေသေးသည်။
ဆက်တိုက်ပစ်ခတ်နိုင်သော မြှားများသည် သာမန်လက်နက်တစ်သာမျိုးဖြစ်ပြီး ထုတ်လုပ်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။
လှည်းများကို အကာအကွယ်ယူကာ ရှေ့နှင့်နောက် အုပ်စုနှစ်ဖွဲ့ကို တိုက်ခိုက်ဖို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်သည်။
လိန်၊ ရှဲ့မိသားစုနှင့် တောင်ပံနက်စခန်းမှ လူများ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် လုံထန်က လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
“ပစ်လိုက်”
ရွှီး... ရွှီး... ရွှီး... မြှားများဖြင့် ပစ်ခတ်လိုက်ကြသည်။
လိန်ဖီနှင့် တောင်ပံနက်စခန်းမှ လူများသည် ဆက်တိုက်ပစ်ခတ်နိုင်သော မြှားများကို အရင်က မမြင်ဖူးကြပါ။ ထိုမြှားများကြောင့် သူတို့ခေါ်ဆောင်လာသော ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ယွမ်မြေကြီးနယ်ပယ် အဆင့်ကျင့်ကြံသူများလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြသည်။
ရူးသွပ်ဓားသိုင်းခန်းမ၏ အဖွဲ့နား မရောက်ခင်ပင် သူတို့၏ အနိမ့်တန်း တပ်သားများ သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ကြသည်။
“သေစမ်း!... လုံထန်၊ ဝူယွမ် မင်းတို့နှစ်ယောက်လုံး ဒီနေ့သေကိုသေရမယ်”
ချန်ဖုန်း ဒေါတသကြီးအော်ဟစ်လိုက်သည်။ သေသွားသော ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် အများစုသည် တောင်ပံနက်စခန်းမှ လူများဖြစ်ကြသည်။
“အကိုကြီး... စိတ်မပူနဲ့၊ ကျွန်တော့်နောက်က သုံးယောက်ကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းလိုက်မယ်”
ဝူယွမ်က ပြောလိုက်သည်။ လုံထန်က ခေါင်းညိတ်ပြီး ဓားကိုကိုင်ကာ ချန်းဖုန်းထံ ပြေး၀င်သွားပြီး တိုက်ခိုက်တော့သည်။
“ဟက်ဟက်...ဒီနေ့ ဘယ်သူ့ သေမလဲဆိုတာကြည့်ကြတာပေါ့”
လုံထန်သည် ထွက်မလာခင်က ဝူယွမ်၏ စွမ်းအားကို စမ်းသပ်ပြီးဖြစ်သောကြောင့် သူ့ကို အပြည့်အ၀ယုံကြည်နေသည်။
“ဝူယွမ်... မင်းက လီအာရဲ့လက်ကို ဖျက်စီးခဲ့တယ်၊ ဒီနေ့ မင်းရဲ့အသက်ကိုပြန်ယူမယ်”
လိန်ဖီ၏ မျက်လုံးများ ကျဉ်းသွားပြီး ဝူယွမ်ကို စူးစိုက်ကြည့်ကာပြောလိုက်သည်။
ဝူယွမ်- “လိန်မိသားစုရဲ့ ခွေးအိုကြီးနဲ့ ရှဲ့မိသားစုရဲ့ ခွေးကလေးတွေ... လာခဲ့ကြ၊ ဘိုးဘိုးရဲ့အသက်က ဒီမှာ၊ ဘယ်မလိမ္မာတဲ့မြေးက ယူနိုင်မလဲဆိုတာကြည့်မယ်”
“လူကငယ်သေးသလောက် ပါးစပ်အတော်ပါးတာဘဲ၊ စကားများမနေနဲ့၊ သူ့ကိုသတ်ပစ်လိုက်ကြ”
ရှဲ့ယူ၏ မျက်နှာအမူအရာမှာ မကျေမနပ်ဖြစ်နေသည်။ သူတို့၏ရှဲ့မိသားစုသည် လိန်မိသားစုနှင့် မဟာမိတ်ဖြစ်သော်လည်း အဘယ်ကြောင့် လိန်မိသားစုက “ခွေးအို” ဖြစ်ပြီး ရှဲ့မိသားစုက “ခွေးကလေး” ဖြစ်နေရသနည်း။
လိန်ဖီနှင့် အခြားနှစ်ဦးတို့သည် တိုက်ရိုက်ပြေးလာကြသည်။
“ပိုင်ယွမ်... မင်းက တစ်ယောက်ယူ၊ ငါက နှစ်ယောက်ယူမယ်”
ဝူယွမ်က ပိုင်ယွမ်၏ တင်ပါးကို ပုတ်လိုက်ကာ ခါးမှ မီးမိုးကြိုးဓားကို ဆွဲထုတ်ပြီး ရှေ့သို့ ပြေး၀င်တိုက်ခိုက်လိုက်သည်။
“ ဝေါင်းး”
ပိုင်ယွမ်က တင်ပါးကို ယိမ်းထိုးလိုက်ပြီး တရွှိးရွှိးအသံပြုလိုက်သည်။ ထို့နောက် လိန်ဖီထံ ပြေး၀င်တိုက်ခိုက်တော့သည်။
ပိုင်ယွမ်က ဝူယွမ်အပေါ် ရန်ငြိုးအထားဆုံးသူကို သတ်မည်ဖြစ်ပြီး လွန်ခဲ့သောအချိန်က လိန်ဖီက အကျယ်ဆုံးအော်သူဖြစ်သည်။
ပိုင်ယွမ်၏ မျက်လုံးထဲတွင် ရက်စက်သောအလင်းတစ်ခု လက်သွားသည်။
ပုံမှန်အားဖြင့် သူမသည် နူးညံ့သိမ်မွေ့သော်လည်း တိုက်ပွဲထဲတွင်တော့ မဟုတ်ပေ။
“ဒီကျားဖြူမလေးကတော့ တကယ်ကို ကြမ်းတန်းလွန်းတာဘဲ...” ပိုင်ယွမ်က အစွမ်းထက်ဆုံးဖြစ်သော လိန်ပီကို ရွေးချယ်လိုက်သည်ကို မြင်သော် ဝူယွမ်သည် မတက်သာစွာဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။
သူ၏မျက်လုံးများ ခရမ်းရောင်သန်းလာပြီး လိန်စင်းနှင့် ရှဲ့ယူတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။ စွမ်းအားပြင်းနတ်ဆိုးမျက်စိ၏ စွမ်းရည်သည် တိုက်ပွဲများအတွင်း အလွန်အသုံး၀င်သည်။
လိန်စင်း၏ လက်ဝါးထဲတွင် အလင်းတန်းတစ်ခုစုဝေးလာပြီး လိန်မိသားစု၏ စတုတ္ထအဆင့် အဆင့်မြင့်ကိုယ်ခန္ဓာပညာရပ် ‘ လောင်မီးမိုးကြိုးအလင်း’ ပညာရပ်ကို ထုတ်ဖော်နေသည်။
ရှဲ့ယူကမူ အနီရောင်ဓားရှည်ကို ကိုင်ထားသည်။
“ဝိညာဉ်ချိုးဖြတ်ဓား”
“မိုးကြိုးလျှပ်စီး”
ဝူယွမ်သည် စိတ်ဖြင့် တစ်ပြိုင်နက် နှစ်မျိုးလုပ်ဆောင်သည်။ ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဝိညာဉ်ချိုးဖြတ်ဓားကို လိန်စင်းထံသို့ တိုက်ရိုက်ပစ်လိုက်ပြီး သူ့လက်ထဲရှိ မီးမိုးကြိုးဓားဖြင့် ရှဲ့ယူအား တိုက်ခိုက်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်ဖြင့်စစ်ဆေးကြည့်သောအခါ ရှဲ့ယူ၏ စွမ်းအားသည် ပိုမိုအားနည်းသည်ကို တွေ့လိုက်ရသဖြင့် ဝူယွမ်သည် အမြန်ဆုံးနည်းလမ်းဖြင့် သူ့ကိုသတ်ရန် စီစဉ်ထားသည်။
“ထင်ထားတဲ့အတိုင်းဘဲ... သူ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ထားတယ်...” လိန်စင်း၏ စွမ်းအင်အကာအကွယ်သည် လှုပ်ရှားသွားပြီး ဝိညာဉ်ချိုးဖြတ်ဓားကို အလေးအနက် ကာကွယ်လိုက်သည်။
ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသောအခါ ကာကွယ်နိုင်ရုံသာ ရှိသည်။
သူ၏ နဖူးသည် ကွဲသွားပြီး ခေါင်းထဲတွင်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ ခဏတာ မူးဝေသွားသည်။
“ကလန့်”
ဓားခြင်း တိုက်ခိုက်လိုက်ကြသည်။
ရှဲ့ယူလက်ထဲရှိ အနီရောင်ဓားရှည်သည် ဝူယွမ်၏တိုက်ခိုက်မှူကို မခုခံနိုင်ဘဲ ကျိုးသွားသည်။
ဝူယွမ်လက်ထဲရှိ စတုတ္ထအဆင့် အဆောင်သခင်တစ်ဦးက လုပ်ထားသော မီးမိုးကြိုးဓားနှင့် နှိုင်းယှဉ်လျှင် သူ့ဓားသည် မယုံနိုင်လောက်အောင် ပျက်စီးလွယ်သည်။
“မိုးကြိုးမုန်တိုင်းဆေဘာ”
ဝူယွမ်သည် ချက်ချင်း မိုးကြိုးမုန်တိုင်းဆေဘာဓား ပညာရပ်ကို ထုတ်လွှတ်လိုက်သည်။ အားပြင်းသော ယွမ်စွမ်းအင်များသည် သူ၏ ဒန်တျန်မှ မီးမိုးကြိုးဓားထဲသို့ ဆက်လက်စုဝေးနေပြီး ဓားပေါ်ရှိ သင်္ကေတများကို လှုံ့ဆော်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ရှဲ့ယူဆီသို့ ရူးသွပ်စွာ လွှဲယမ်းတိုက်ခိုက်လိုက်သည်။
သူ၏ ယွမ်စွမ်းအင်သည် ပဉ္စမအဆင့် အဆင့်မြင့် တိုင်ယင်း နက်နဲယင်စွမ်းအင်၊ မီးတောင်ဂူထဲမှ စတုတ္ထအဆင့် ယန်စွမ်းအင် တို့ကြောင့် ဆက်တိုက်အားကောင်းလာခဲ့သည်။ ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ဖြစ်သောရှဲ့ယူ၏ ယွမ်စွမ်းအင်ထက်ပင် ပိုအားကောင်းနေသည်။ ရှဲ့ယူသည် လေထဲမှ သာမန်ယင်နှင့်ယန်းစွမ်းအင်များကို စုပ်ယူထားခြင်းသာ ဖြစ်သည်။
ဓားချက်တစ်ချက်စီတိုင်းသည် ရှဲ့ယူ၏ အကာအကွယ်စွမ်းအားကို အလွယ်တကူဖြတ်ကျော်ပြီး သူ၏ခန္ဓာကိုယ်ကို ဆက်တိုက်တိုက်ခိုက်လိုက်သည်။
မိုးကြိုးမုန်တိုင်းဆေဘာ ဓားပညာရပ်ရဲ့ ထူးခြားချက်မှာ အရှိန်၊ ပြင်းထန်မှုနှင့် ရူးသွပ်မှုတို့ ဖြစ်သည်။
ရူးသွပ်မှုသည် ဓားပညာ၏ အဓိကထူးခြားချက်ဖြစ်ပြီး၊ ပစ်မှတ်တစ်ခုကို ရည်ရွယ်လိုက်သည်နှင့် မိုးကြိုးပစ်သကဲ့သို့ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ရူးသွပ်စွာဆက်တိုက်တိုက်ခိုက်ရမည်ဖြစ်သည်။
တခဏအတွင်း
ရှဲ့ယူ၏ ခန္ဓာကိုယ်သည် ဆယ်ကြိမ်ကျော် နက်ရှိုင်းစွာ တိုက်ခိုက်ခံလိုက်ရသည်။ သူသည် ယိုင်လဲပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သေလုမျောပါးဖြစ်နေသည်။ သေဖို့ရာ သိပ်မဝေးတော့ပေ။
လိန်စင်း သတိပြန်ရလာသည်နှင့် ရှဲ့ယူသည် ဖရဲသီးတစ်လုံးကဲ့သို့ ခုတ်ထစ်ခံရသည်ကို မြင်လိုက်ရသည်။ သွေးထွက်သံယို မြင်ကွင်းဖြစ်သည်။
“မင်း... မင်း အရမ်းရက်စက်တာဘဲ”
လိန်စင်းသည် အသက်ပြင်းပြင်းရှုကာ မျက်လုံးထဲတွင် ရက်စက်သောအလင်းတစ်ခု လက်သွားပြီး ဝူယွမ်ထံသို့ လက်ဝါးတစ်ချက်ရိုက်လိုက်သည်။
သူဒီလို တိုက်ခိုက်ရဲခြင်းမှာ ဝူယွမ်သည် ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူကို သတ်ပြီးနောက် ယွမ်စွမ်းအင်များကုန်ခမ်းနေမည်ဟု သူထင်ထားသောကြောင့် ဖြစ်သည်။
“လိန်မိသားစုရဲ့ခွေးအိုကြီး... မင်းအလှည့်ပဲ”
“ငါလေ့ကျင့်ထားသည် ဝိညာဉ်စွမ်းအင်ပညာရပ် လျှို့ဝှက်နည်းစနစ်ရဲ့ စွမ်းအားကို စမ်းကြည့်ရမယ်”
ဝူယွမ်သည် မီးမိုးကြိုးဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ တစ္ဆေအရိပ်လှည့်စားခြင်းကို အသုံးပြု၍ ဆုတ်ခွာလိုက်သည်။ ထို့နောက် သူ၏ နီ၀မ်နယ်ပယ်ကို ဖွင့်လိုက်ပြီး ဝိညာဉ်စွမ်းအင်သည် ရူးသွပ်စွာ ထွက်ပေါ်လာကာ လှိုင်းလုံးများဖြစ်စေသည်။ မိုးကြိုးလှိုင်းများကဲ့သို့ ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။
“မိုးကြိုးလှိုင်းတုန်ခါခြင်း”
လေသည် တွန့်လိမ်သွားပြီး မမြင်ရသော လေပြင်းမုန်တိုင်းသည် လိန်စင်းထံသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
ဖောက်
လိန်စင်း၏ မျက်လုံးများ ကွဲအက်သွားပြီး ဆံပင်များ ထောင်မတ်နေသည်။ များမကြာမှီ မျက်လုံးထဲမှ မျက်ရည်သွေးစီးကြောင်းနှစ်ကြောင်း စီးကျလာသည်။
သူ၏ ကိုယ်ခန္ဓာပညာရပ် ကိုထုတ်လွတ်နေရင်း၊ သူ့လက်ထဲရှိ အလင်းစုဝေးမှုသည် အလျင်အမြန် မှေးမှိန်သွားသည်။
လိန်စင်း သေဆုံးသွားလေပီ။
“မဆိုးဘူး” ဝူယွမ်က အေးဆေးတည်ငြိမ်စွာဖြင့် သူ့ကိုယ်သူ မှတ်ချက်ပေးသည်။
သူ၏လက်ရှိစွမ်းအားသည်... ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ဦးထက် သာနေပီဖြစ်သည်။...
သူသည် အရမ်းလွယ်လွယ်ကူကူ အနိုင်ရခဲ့တယ်လို့မဆိုနိုင်သော်လည်း...
သက်တောင့်သက်သာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း... ပိုင်ယွမ်၏ လက်သည်းသည် လိန်ပီ၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏နှလုံးကို ခြေမွပစ်လိုက်သည်။
ဝူယွမ်တို့ နှစ်ယောက်စလုံး အနိုင်ရခဲ့ကြသည်။
“အခြားသူတွေကို သွားကူရအောင်”
လိန်နှင့် ရှဲ့မိသားစုတွင် ယွမ်မြေကြီးနယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြားကျန်ရှိနေပြီး ရူးသွပ်ဓားသိုင်းခန်းမ၏ အဖွဲ့နှင့် တိုက်ခိုက်နေကြသည်။
ဝူယွမ်နှင့် ပိုင်ယွမ်တို့သည် တိုက်ပွဲထဲ အလျှင်အမြန်ဘဲ ဝင်ရောက်လာကြသည်။ သူတို့၏ အင်အားဖြည့်တင်းမှုဖြင့် ရူးသွပ်ဓားသိုင်းခန်းမမှလူများသည်လည်း ၀န်လျှော့သွားခဲ့သည်။
လုံထန်အတွက်မူ... ဝူယွမ်သည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူသည် ချန်းဖုန်းကို တည်ငြိမ်စွာ ဖိအားပေးနေသည်ကို မြင်သောကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပေ။
အကိုကြီးသည်လည်း ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လမ်းနေသူတစ်ဦးဖြစ်သည် တစ်ဦးချင်းစီကိုင်တွယ်နိုင်လျှင် အကူအညီမလိုအပ်ပါ။
သို့မဟုတ်ပါက... ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသလေးဦးတွင် ဝူယွမ်က လေးဦးလုံးကို သတ်လိုက်ပြီး လုံထန်က တစ်ဦးမှမသတ်နိုင်ခဲ့သည်ကို လူများကြားလျှင် အဖွဲ့ခေါင်းဆောင်ဖြစ်သော သူ့အား အသုံးမကျသူကဲ့သို့ ထင်မြင်စေမည်ဖြစ်သည်။
ဝူယွမ်နှင့် ပိုင်ယွမ်တို့ တိုက်ပွဲထဲသို့ ဝင်ရောက်လာသောအခါ... တိုက်ပွဲသည် ချက်ချင်းဆိုသလို တစ်ဖက်သတ်အခြေအနေသို့ ရောက်ရှိသွားသည်။ လိန်မိသားစု၊ ရှဲ့မိသားစု နှင့်တောင်ပံနက်စခန်းမှ လူများကို သတ်ပစ်ကာ တစ်ဦးတစ်လေမှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိခဲ့ချေး
နောက်ဆုံးတွင်... တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
၀ူယွမ်တို့သည် ခြုံခိုတိုက်ခိုက်မှုကို ပြန်လည်ခုခံတိုက်ခိုက်ကာ သတ်ပစ်နိုင်ခဲ့သည်။
ဒီတစ်ကြိမ်တွင် ရူးသွပ်ဓားသိုင်းခန်းမသည် အပြည့်အဝ အောင်ပွဲရရှိခဲ့ပြီး ဆုံးရှုံးမှုမှာ မပြောပလောက်ပင်။