← Chapters

အခန်း (၂၃၀၆-၂၃၁၀)

Vol. 119 Ch. 2306-2310

အခန်း (၂၃၀၆-၂၃၁၀)

Vol. 119 Ch. 2306-2310

Chapter 2306

"အဲ့ဒီ ဟောပြောသူတွေက ဒီအဖြေလွှာမှာရေးသားထားတာတွေကို နားမလည်ကြတာနဲ့ပဲ...သူတို့ စိတ်ကူးပေါက်သလို အနိမ့်ဆုံးအဆင့်လို့ ပေးထားကြတယ်...ငါ့ရဲ့အမြင်အရတော့ ဒီအဖြေလွှာကထိပ်ဆုံးအဆင့်ပဲ"

ချန်းကျင်းက သူ၏စုတ်တံကိုဝှေ့ယမ်းကာ လုယွီ၏အဖြေလွှာကို ထိပ်ဆုံးအဆင့်ဟု အကဲဖြတ်ရေးသားလိုက်၏။

ထို့နောက် ချန်းကျင်းသည် အဖြေလွှာများကို ဆက်တိုက်ဆိုသလို စစ်ဆေးအကဲဖြတ်လေသည်။ဤစမ်းသပ်စာမေးပွဲတွင် လူဦးရေတစ်ရာကျော်ခန့် ထုတ်ပယ်ခံရပေမည်။

ဤမျှထိ လူအမြောက်အများ ထုတ်ပယ်ခံရသည်ကို ကြည့်ခြင်းအားဖြင့် တပည့်များဖြေဆိုရသောမေးခွန်းများ မည်မျှထိခက်ခဲသည်ကို ပြသနေသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် လူသစ်များခေါ်ယူရာတွင် အရည်အချင်းကင်းမဲ့သည်ထက် မရှိသည်ကပိုကောင်းသည်ဟု သတ်မှတ်ထားပေ၏။ထို့ကြောင့် စမ်းသပ်စစ်သေးမှု၏မေးခွန်းများမှာ ခက်ခဲသည်ဟုဆိုနိုင်သော်လည်း ကျိုးကြောင်းဆီလျော်သည်။

"ညီအကိုကွမ်...ငါတို့ အခု စိတ်ခံစားချက်ကျမ်းစာအကြောင်းကို ဆွေးနွေးလို့ရပြီ"

ချန်ကျင်းက အပြုံးနှင့်ပြောဆိုကာ အစောင့်တပည့်တစ်ယောက်ကိုခေါ်ယူ၍ စားပွဲပေါ်ရှိအဖြေလွှာစာရွက်များကို သယ်ဆောင်သွားစေသည်။

မမျှော်လင့်ဘဲ ကွမ်ရုံကျင်းက ထိုအစောင့်တပည့်ကိုဟန့်တားပြီးနောက် သူ၏ခေါင်းကိုခါယမ်းကာ ခါးသည်းသောအပြုံးနှင့် ပြောဆိုလိုက်၏။

"ငါက အချိန်အကြာကြီးအသက်ရှင်နေလာခဲ့တာ အလကားပဲ...ငါ တစ်ညလုံးလေ့လာသင်ယူခဲ့တဲ့အရာတွေက ဒီဂျူနီယာလေးရဲ့ အဖြေစာရွက်ထဲမှာပါနေတယ်...ပြီးတော့ သူ ရေးထားတာတွေက ငါ လေ့လာဆင်ခြင်ထားတာထက် အများကြီးပိုပြီး အသေးစိတ်ကျတယ်"

ချန်းကျင်းက လုယွီ၏အဖြေစာရွက်ကို ကောက်ယူ၍ ထပ်မံ၍ဂရုတစိုက် ဖတ်ရှုလိုက်သည်။

သူ ဂရုတစိုက် ဖတ်ရှုမိလေလေ သူ ပို၍ထိတ်လန့်တုန်လှုပ်လာလေလေပင်။

ထိုအဖြေလွှာစာရွက်အား ​ရေးသားသူသည် မေးခွန်းများအပေါ် နက်နက်နဲနဲ နားလည်သဘောပေါက်ထားကြောင်း သူ တွေ့မြင်မိသည်။

ဖြေဆိုသူသည် အလွတ်ကျက်မှတ်ထားသော မှတ်ဥာဏ်များကို ရေးသားထားခြင်းမျိုးမဟုတ်ချေ။သူသည် ကိုယ်ပိုင်နားလည်သဘောပေါက်မှုကိုအခြေခံ၍ ပွင့်ပွင့်လင်းလင်းဖြင့် ယုံကြည်မှုရှိစွာ ဖြေဆိုသွားသည်မှာ သိသာထင်ရှားလှ၏။

"ဒီကလေးက သာမာန်ထက်ထူးခြားတယ်...သူ ထိန်ချန်ပြီးရေးသားထားခဲ့တာတွေတောင် ရှိနေနိုင်တယ်...သူက စိတ်ခံစားချက်ကျမ်းစာအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားတယ်လို့ ငါ ထင်တယ်...ငါတို့ သူ့ဆီသွားပြီး ဒီအကြောင်းကိုဆွေးနွေးကြရင် မကောင်းဘူးလား"

ချန်းကျင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

သူတို့သည် မြင့်မြတ်သောမဟာကွန်ဖြူးရှပ်ပညာရှင်များဖြစ်သော်လည်း သူတို့ထက် နားလည်သဘောမှု ပို၍မြင့်မားသူများနှင့်တွေ့ဆုံရချိန်တွင် သူတို့ကိုယ်သူတို့နှိမ့်ချပြီးမေးမြန်းရန် ဝန်မလေးကြချေ။

ကွမ်ရုံကျင်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဒါက အရမ်းနောက်ကျနေပြီ...မနက်ဖြန်မှ သွားကြတာပေါ့"

သူတို့သည် လုယွီ၏အဖြေလွှာစာရွက်ကို ညလုံးပေါက် လေ့လာခဲ့ကြသည်။

မမျှော်လင့်ဘဲ လုယွီ၏အဖြေစာရွက်မှတဆင့် သူတို့သည် အတွေးအမြင်သစ်များရရှိသွားကာ သူတို့၏စာပေတာအိုသည် အဆင့်တစ်ဆင့်မြင့်တက်သွားပေ၏။

အမှန်အားဖြင့် လုယွီသည် ထိုကိစ္စရပ်များကို သိရှိခြင်းမရှိချေ။

သူသည် ကိုယ်ပိုင်ကျင့်ကြံမှုအတွင်းတွင်သာ နစ်မြုပ်နေပြီး သူ၏နည်းစနစ်များနှင့်မှော်မန္တန်များကို ဆက်တိုက်ဆိုသလို ပြန်လည်လေ့ကျင့်နေခဲ့သည်။

မည်မျှထိ အစွမ်းထက်သော ပါရမီရှင်ဖြစ်နေပါစေ သို့မဟုတ် မည်မျှထိ အရည်အချင်းမြင့်မားသူ ဖြစ်နေပါစေ ပြင်းပြင်းထန်ထန်ကြိုးစားကျင့်ကြံခြင်းသည် မလွဲမသွေလုပ်ဆောင်ရမည့်အရာဖြစ်ပေ၏။

အတိတ်ရှိသူ၏ရန်သူတော်များနှင့် နှိုင်းယှဥ်ပါက လုယွီ၏စမှတ်သည် အလွန်အမင်းနောက်ကျနေသည်။

သူ ကျင့်ကြံနေစဥ်မှာပင် နောက်တစ်နေ့မနက်ခင်းသို့ ရောက်ရှိလာလေပြီ။

မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ဖြစ်သော ကွမ်ရုံကျင်းနှင့်ချန်ကျင်းတို့သည် မစောင့်ဆိုင်းနိုင်ကြတော့ဘဲ လုယွီနေထိုင်သော ခြံဝန်းဆီသို့သွားရောက်၍ ရှာဖွေလိုက်ကြ၏။

သို့ရာတွင် ခြံဝန်းတံခါးပေါ်တွင် 'ချိပ်ပိတ်ခြင်း'ဟူသော အဆောင်လက်ဖွဲ့ကိုကပ်ထားကာ ခြံဝန်းတစ်ခုလုံးကို ချိပ်ပိတ်ထားခြင်းအား မြင်တွေ့ရသဖြင့် သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားသည်။

"ဘာတွေဖြစ်နေတာလဲ...ဘာလို့ သူ့ရဲ့တံခါးကို ချိပ်ပိတ်ထားတာလဲ"

ချန်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုချိပ်စည်းသည် ဟောပြောသူအဆင့်တစ်ယောက်၏ အပြစ်ပေးမှုဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် အကယ်၍ ဟောပြောသူတစ်ယောက်သည် တပည့်တစ်ယောက်ကို အပြစ်ပေးလိုပါက မဟာကွန်ဖြူးရှပ်ပညာရှင်ထံ သတင်းပို့ရပေမည်။

သို့ရာတွင် ချန်းကျင်းသည် မည်သည့်သတင်းပို့မှုကိုမျှ လက်ခံရရှိခဲ့ခြင်းမရှိချေ။

ကွမ်ရုံကျင်းက လုယွီ၏ခြံဝန်းအနီးတွင်နေထိုင်သော တပည့်တစ်ယောက်ကိုခေါ်၍ မေးမြန်းလိုက်သည်။

"ဒီရက်အတွင်းမှာ သူက ဘာလို့ချိပ်ပိတ်ခံရတဲ့အထိ အပြစ်ပေးခံရတာလဲ"

ထိုတပည့်သည် မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ကို တွေ့မြင်မိချိန်တွင် သူ့ထံသို့ တိုးဝင်လာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။

သို့ရာတွင် သူသည် ကျိုးခိုင်တို့လူစု၏အဆင့်အတန်းကို တွေးတောမိချိန်တွင် ချက်ချင်းပင် တွေဝေတုံ့ဆိုင်းသွားပေ၏။

"ကျွန်တော်က ကျင့်ကြံရာကနေ ခုမှထွက်လာတာ...ဒါကို သတိမထားမိလိုက်ဘူး"

ထိုတပည့်က မဝံ့မရဲလေသံဖြင့် ပြောဆိုသည်။

သူ၏တုံ့ဆိုင်းနေမှုသည် တခြားသူများကို လှည့်စားကောင်း လှည့်စားနိုင်ပေမည်။သို့ရာတွင် ကွမ်ရုံကျင်းနှင့်ချန်ကျင်းတို့သည် အတွေ့အကြုံကြွယ်ဝသူများဖြစ်သဖြင့် ထိုတပည့်သည်စိုးရိမ်ပူပန်မှုကြောင့် မဝံ့မရဲဖြစ်နေသည်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်ပေ၏။

"မင်းက ဖုံးကွယ်ထားချင်တာလား...တကယ်လို့ မင်းက တစ်ယောက်ယောက်အတွက် ဖုံးကွယ်ပေးထားတာကို ငါ သိတဲ့အချိန်ကျရင်...အကျိုးဆက်တွေအတွက် မင်း တာဝန်ခံရမယ်"

ချန်းကျင်း၏မျက်လုံးက စူးရှရှတောက်ပနေသည်။

ထိုတပည့်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားကာ သူ သိရှိထားသမျှ အရာအားလုံးကို အလျှင်အမြန် ပြောဆိုလိုက်တော့သည်။

Chapter 2307

တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်း၌...

မိုဖုန့်ချိုးသည် သူ၏အခန်းအတွင်း၌ထိုင်ကာ ကျင့်ကြံနည်းစနစ်စာအုပ်များကို လှန်လှောကြည့်နေသည်။

သူ့ရှေ့ရှိရှေးဟောင်းစာအုပ်များသည် ပြင်ပလောကတွင် အလွန်အမင်းရှားပါးပေ၏။အကယ်၍ ထိုအရာများသာ ပြင်ပလောကသို့ ပျံ့နှံ့သွားပါက သွေးမုန်တိုင်းထန်သွားပေလိမ့်မည်။

သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ထိုရှေးဟောင်းစာအုပ်များကို နေရာအနှံ့အပြား၌မြင်တွေ့နိုင်ပြီး အနည်းငယ်မျှပင်ရှားပါးခြင်းမရှိချေ။

စာအုပ်များကိုလှန်လှောနေရင်းဖြင့် မိုဖုန့်ချိုးက သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အလုပ်လုပ်ဆောင်နိုင်ခြင်းသည် ဥာဏ်ပညာကြီးသောရွေးချယ်မှုဖြစ်ခဲ့ကြောင်း သတိပြုမိသဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူသည် ကျောင်းတော်သို့ဝင်ရောက်ပြီးနောက် လူအများမြင်တွေ့ခွင့်ပင်မရသော စာအုပ်များကို ဖတ်ရှုခွင့်ရခဲ့သည်။ဤနှစ်များအတွင်း၌ သူ၏ကျင့်ကြံဆင့်သည် အဆများစွာခုန်ပျံကျော်လွှား၍ တိုးတက်လာပေ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်ငါးခုအနက် အနိမ့်ဆုံးနေရာတွင်ရှိနေသော်လည်း ကျင့်ကြံသူများ လေ့လာဆင်ခြင်နိုင်ရန်အတွက် ရှေးဟောင်းစာအုပ်အမြောက်အများရှိနေဆဲပင်။

မိုဖုန့်ချိုးသည် သူ၏လက်အတွင်းမှ ရှေးဟောင်းကျင့်ကြံနည်းစာအုပ်၏အနှစ်သာရကို နားလည်သဘောပေါက်သွားသဖြင့် ပျော်ရွှင်နေစဥ်မှာပင် ရုတ်တရက် သူ၏အခန်းတံခါးကို ပြင်ပမှနေ၍ တွန်းဖွင့်ခြင်းခံလိုက်ရသည်။

"မင်းက တပည့်သစ်တွေရဲ့စစ်ဆေးစမ်းသပ်စာမေးပွဲကို တာဝန်ယူခဲ့တဲ့ ဟောပြောသူလား"

ချန်ကျင်းက ခြေလှမ်းကျဲကြီးများနှင့် အခန်းအတွင်းသို့ဝင်လာကာ သုန်မှုန်နေသောမျက်နှာအမူအယာနှင့် ပြောဆိုလိုက်၏။

သူ၏နောက်ရှိ ကွမ်ရုံကျင်းကလည်း စိတ်မကျေမနပ်ဖြစ်နေသော မျက်နှာအမူအယာနှင့် အခန်းအတွင်းသို့ဝင်လာသည်။

တစ်စုံတစ်ယောက်က သူ၏အခန်းအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာသဖြင့် မိုဖုန့်ချိုးသည် အော်​ငေါက်ရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် မမျှော်လင့်ဘဲ မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ကို မြင်တွေ့မိသဖြင့် သူ အံ့အားသင့်တုန်လှုပ်သွားပေ၏။

"စီနီယာတို့...အဲ့ဒါက ကျွန်တော်ပါပဲ...ကျွန်တော်ကို ဘာလို့လာရှာတာလဲမသိဘူး"

မိုဖုန့်ချိုးက အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။

ချန်ကျင်းက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"မနေ့က ဒီအဖြေလွှာစာရွက်တွေကို အရင်ဆုံးအကဲဖြတ်ခဲ့တာ မင်း မဟုတ်လား"

"ဟုတ်ပါတယ်...အဲ့ဒါက ကျွန်တော်ပါပဲ"

မိုဖုန့်ချိုးသည် ပျာပျာသလဲပြောဆိုလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ ထိတ်လန့်ကြောက်ရွံမှုများ ကြီးစိုးနေသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အခွင့်အာဏာမရှိဘဲ တပည့်တွေရဲ့စမ်းသပ်စာမေးပွဲမေးခွန်းကို ပြောင်းလဲဝံ့တာလဲ"

ချန်ကျင်းသည် လုယွီ၏အဖြေလွှာစာရွက်ဖြင့် မိုဖုန့်ချိုး၏မျက်နှာကို ပစ်ပေါက်လိုက်၏။

လုယွီ၏အဖြေလွှာစာရွက်ကိုကြည့်ပြီး မိုဖုန့်ချိုး၏စိတ်နှလုံးသား လေးလံသွားသည်။

သို့ရာတွင် သူသည် ထိုကိစ္စအတွင် ပြင်ဆင်ပြီးထားလေပြီ။သူက အခိုင်အမာယုံကြည်ချက်ရှိသောလေသံနှင့် ပြောဆိုသည်။

"စီနီယာတို့...ကျွန်တော်က အခွင့်အာဏာမရှိဘဲ စာမေးပွဲမေးခွန်းခေါင်းစဥ်ကို ပြောင်းလဲတာမဟုတ်ပါဘူး...မေးခွန်းတစ်ခုစီတိုင်းကို မိုးကောင်းကင်ကျမ်းစာဆောင်ကနေ ကျပန်းရွေးချယ်ခဲ့တာ...သူက အရမ်းကံဆိုးပြီး ခက်ခဲတဲ့မေးခွန်းတွေကိုရရှိခဲ့တာပဲဖြစ်မယ်"

"အဲ့ဒီလိုလား...လူတစ်ယောက်က ကံဆိုးတယ်ဆိုရင်တောင် ခက်ခဲတဲ့မေးခွန်းသုံးခုကိုပဲ ဆက်တိုက်ရွေးချယ်မိမယ်လို့ ငါတော့ မယုံကြည်ဘူး"

ချန်ကျင်း၏မျက်နှာက သုန်မှုန်နေပေ၏။

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏ မေးခွန်းထုတ်ခြင်းနှင့် ရင်ဆိုင်နေရသော်လည်း မိုဖုန့်ချိုးသည် ပျာယာခတ်သွားခြင်းမျိုးမရှိချေ။

"ဒါဆိုရင်လည်း သူ့ရဲ့စိတ်နေသဘောထားမှာ ပြဿနာတစ်ခုခုရှိနေလို့ပဲ...ဒီမေးခွန်းတွေက သူ့ရဲ့အဆင့်နဲ့ ဖြေဆိုလို့ရမယ့်အရာမျိုးမဟုတ်ဘူး...ဒါဆိုရင် သူက ရမ်းသမ်းဖြေဆိုမယ့်အစား ကြီးကြပ်သူတွေကို အချိန်မီအကြောင်းကြားသင့်တယ်...သူက တက်သိချင်ယောင်ဆောင်ပြီးတော့ သူ့အဆင့်နဲ့မကိုက်ညီတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့တယ်...သူ ဖြေထားတာတွေအားလုံးက အဓိပ္ပါယ်မရှိတဲ့အရာတွေချည်းပဲ...တကယ့်ကို ကျိုးကြောင်းမဆီလျော်ဘူး"

အမှန်အားဖြင့် တပည့်သစ်များ၏စစ်ဆေးစမ်းသပ်စာမေးပွဲအတွင်းတွင် သူတို့သည် အလွန်ခက်ခဲသောမေးခွန်းများနှင့် ကြုံတွေ့ရရာမှ ကာကွယ်နိုင်ရန်အလို့ငှါ မေးခွန်းများကိုပြောင်းလဲပေးရန်အတွက် တောင်းဆိုပိုင်ခွင့်ရှိသည်။

သို့ရာတွင် လုယွီကိုရှင်းထုတ်နိုင်ရန်ရည်ရွယ်၍ မိုဖုန့်ချိုးသည် စာမေးပွဲမတိုင်မီ ထိုအကြောင်းကို ထုတ်ပြန်ကြေငြာစေခြင်းမရှိချေ။

"အဓိပ္ပါယ်မရှိတာတွေ ဖြေထားတာတဲ့လား"

ချန်ကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းရဲ့တပည့်တွေကို အခုချက်ချင်းစေလွှက်ပြီး....လုယွီကို ပြန်ခေါ်ခိုင်းလိုက်စမ်း"

မိုဖုန့်ချိုး၏စိတ်နှလုံးသား ရုတ်တရက် တုန်ရီသွားသည်။မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ဤကဲ့သို့ လွန်လွန်ကဲကဲ တုံ့ပြန်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက် ဤနေရာသို့ရောက်လာသည်မှာ လုယွီကြောင့် ဖြစ်နေသလော....

ဖြစ်နိုင်သည်မှာ လုယွီရေးသားထားသော အဖြေများသည် မှန်ကန်နေခဲ့သလော....

မဖြစ်နိုင်ချေ...ထိုကိစ္စသည် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

ဖြစ်နိုင်ချေရှိသည့်တစ်ခုတည်းသောကိစ္စမှာ ကျိုးခိုင်သည် စည်းမျဥ်းအတိုင်းလိုက်နာခြင်းမရှိဘဲ လုယွီ၏တံဆိပ်ပြားကို ချိပ်ပိတ်ခဲ့သည်။ထို့ကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင် ဒေါသထွက်နေခြင်းဖြစ်ပေမည်။

"ဟုတ်ကဲ့...ကျွန်တော် သူ့ကို အခုချက်ချင်း ခေါ်လိုက်ပါ့မယ်"

မိုဖုန့်ချိုးသည် မလိုက်နာဘဲ မနေဝံ့ချေ။

မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏အမိန့်အာဏာကို မေးခွန်းပြန်ထုတ်ဝံ့သူမရှိပေ။

တခြားတစ်ဖက်တွင် တာအိုရှာဖွေခြင်းခန်းမဆောင်၏ အနောက်ဘက်ခြံဝန်းအတွင်း၌...

ကျိုးခိုင်နှင့် သူ၏နောက်လိုက်တစ်စုသည် ဤနေရာ၌ လှည့်ပတ်သွားလာနေကြ၏။

ရုတ်တရက် ကျိုးခိုင်က သူ့ဆရာသခင်ထံမှ အသံဖြင့်သတင်းပေးပို့မှုကို လက်ခံရရှိလိုက်သည်။

"အဲ့ဒီကောင်လေးကို မြန်မြန်ခေါ်လာဖို့ ဆရာသခင်က ပြောနေပါလား...ဖြစ်နိုင်တာတော့ မဟာကွန်ဖြူးရှပ်ပညာရှင်တွေက အဲ့ဒီကောင် ပေါက်ကရတွေဖြေဆိုထားတာကို တွေ့သွားလို့...သူ့ကို ဆူပူကြိမ်းမောင်းရအောင် ခေါ်လာခိုင်းတာပဲဖြစ်မယ်"

ကျိုးခိုင်က တွေးတောနေလေသည်။

Chapter 2308

ကျိုးခိုင်၏စိတ်အတွင်း၌ ထိုအတွေးက အမြဲတစေရှိနေလေ၏။

စစ်ဆေးစမ်းသပ်စာမေးပွဲတွင် မေးမြန်းသောမေးခွန်းများမှာ ကျပန်းဖြစ်သော်လည်း ဟောပြောသူတစ်ယောက်သည် လှည့်ကွက်တချို့ကိုအသုံးပြု၍ ထိုမေးခွန်းများကို ပြင်ဆင်၍ရသည်။

ကျိုးခိုင်သည် အစကတည်းက လုယွီ ဖြေဆိုရမည့်မေးခွန်းများကို ကြည့်ရှုထားပြီးလေပြီ။ထိုမေးခွန်းများသည် အလွန်ခက်ခဲသဖြင့် သူ ဖြေဆိုရလျှင်ပင် စာလုံးတစ်လုံးမျှ ရေးသားနိုင်မည်မဟုတ်ချေ။

တပည့်သစ်တစ်ယောက်ထံတွင် ဤကဲ့သို့သောမေးခွန်းမျိုးကို ဖြေဆိုနိုင်သည့် အရည်အချင်းမျိုးရှိသည်ဟု သူ ယုံကြည်ခြင်းမရှိပေ။

ထို့ကြောင့် လုယွီ၏အဖြေလွှာစာရွက်သည် စာလုံးများဖြင့် ပြည့်နှက်နေလျှင်ပင် ပေါက်ပန်းလေးဆယ်များသာဖြစ်ပေလိမ့်မည်။ဖြစ်နိုင်သည်မှာ လုယွီ ရေးသားဖြေဆိုလိုက်သော အဖြေတစ်ခုခုသည် မဟာကွန်ဖြူးရှပ်ပညာရှင်၏ဒေါသကို ဆွပေးသကဲ့သို့ဖြစ်သွားခြင်းပင်။

"အဲ့ဒီကောင်လေး အခု ဘယ်နေရာကို ရောက်နေပါလိမ့်"

ကျိုးခိုင်က မောက်မာဝံ့ကြွားသောအသံဖြင့် ပြောဆိုသည်။

သူ၏နောက်လိုက်တစ်ယောက်က အလျင်စလို အဖြေပေးလိုက်၏။

"သူက ကျောင်းတော်ရဲ့အနောက်ဘက်တောင်တန်းမှာ လှိုဏ်ဂူတစ်ဂူတူးပြီး နေနေတယ်လို့ ကျွန်တော်ကြားထားတယ်"

"သူက အနောက်ဘက်တောင်တန်းကို ပြေးသွားတာလား..ဟား ဟား ဟား...ငါတို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ဘယ်အချိန်ကစပြီး အိမ်ခြေယာမဲ့တွေကို လက်ခံတဲ့နေရာဖြစ်သွားတာလဲ"

ကျိုးခိုင်က ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အနောက်ဘက်တောင်တန်းပေါ်တွင် နတ်ဆိုးမှော်သားရဲများက လှည့်လည်သွားလာနေကြသည်။

ဤသည်က အစစ်အမှန်စွန့်ပစ်နယ်မြေတစ်ခုဖြစ်ပြီး လူနည်းစုသာ ထိုနေရာ၌ နေထိုင်ကြ၏။

တစ်ချိန်က လူရိုင်းမျိုးနွယ်တစ်စုသည် အနောက်ဘက်တောင်တန်းတွင်နေထိုင်ပြီး အသားစိမ်းများစား၍ သွေးများသောက်သုံးသော အလေ့အထကိုကျင့်သုံးခဲ့သည်။သို့ရာတွင် ကျောင်းအုပ်ကြီးသည် ဤသည်က လူရိုင်းများ၏သဘာဝသာဖြစ်ကြောင်း ပြောဆိုကာ အနောက်ဘက်တောင်တန်း၏အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိချေ။

ထို့ပြင် အနောက်ဘက်တောင်တန်းဒေသတွင် စိတ်ဝိညာဥ်စွမ်းအင် အလွန်ကျဲပါးသဖြင့် လူနည်းစုကသာ ထိုနေရာ၌နေထိုင်ရန် ဆန္ဒရှိကြသည်။

"ဖြစ်နိုင်တာတော့ သူက နေစရာနေရာမရှိလို့...ကျောင်းတော်အနားမှာနေနေပြီးတော့ အခွင့်အရေးရတာနဲ့ ချောင်းမြောင်းဝင်လာဖို့ ကြံစည်နေတာပဲဖြစ်မယ်"

တပည့်တစ်ယောက်က ဝေဖန်သုံးသပ်လေသည်။

ထိုဝေဖန်သုံးသပ်ချက်သည် ကျိုးကြောင်းဆီလျော်ပေ၏။

ကျိုးခိုင်က အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်သည်။

"သူက ငါတို့ရဲ့ဆရာသခင်ကို ရန်စစော်ကားထားတယ်...သူ့အတွက် ကျောက်စိမ်းဆေးမီးဖိုတစ်ခုလုံးမှာ နေရာမရှိစေရဘူး...သူက ကျောင်းတော်မှာ ဆက်နေချင်သေးတာလား...အိမ်မက်မက်နေလိုက်"

"လာကြစမ်း...ငါတို့ အနောက်ဘက်တောင်တန်းကို သွားကြစို့"

သူက နောက်လိုက်တစ်စုကိုခေါ်ဆောင်၍ လုယွီရှိနေသော တောင်တန်းနေရာသို့ ဦးတည်၍သွားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူတို့သည် လုယွီရှိနေသော လှိုဏ်ဂူရှေ့သို့ ရောက်ရှိလာလေ၏။

သို့ရာတွင် ထူးဆန်းသည်မှာ သူတို့သည် လမ်းတလျှောက်လုံး၌ နတ်ဆိုးမှော်သားရဲအမြောက်အများ၏ ရင်ဆိုင်တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုနတ်ဆိုးမှော်သားရဲများအကြားတွင် အဆင့်မြင့်နတ်ဆိုးသားရဲများပါဝင်နေကာ သူတို့၏အရှိန်အဝါသက်သက်ဖြင့်ပင် ကျိုးခိုင်တို့လူစုကို ထိတ်လန့်ကြောက်ရွံစေခဲ့သည်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ထိုမှော်သားရဲများသည် သူတို့အား သတ်ဖြတ်လိုစိတ်ရှိပုံမရချေ။ထိုမှော်သားရဲများသည် ကျိုးခိုင်တို့လူစုကို သူတို့၏ပိုင်နက်နယ်မြေအတွင်းမှ မောင်းထုတ်ပြီးနောက် ဆက်လက်၍ လိုက်လံဖမ်းဆီးခြင်းမရှိတော့ချေ။

"ဘယ်အချိန်ကစပြီးတော့ အနောက်ဘက်တောင်တန်းမှာ ဒီလိုမျိုးနတ်ဆိုးသားရဲအုပ်လိုက်ကြီး ရှိနေတာလဲ"

"ငါ ခုဏက မြင်လိုက်တာက မြေကမ္ဘာဝက်ဝံသားရဲဘုရင်မဟုတ်လား...နတ်ဆိုးသားရဲဘုရင်အဆင့်တွေတောင် ဒီနေရာကို ရောက်နေတာလား...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

ကျိုးခိုင်၏နောက်လိုက်များသည် တီးတိုးပြောဆိုနေကြကာ သူတို့၏မျက်နှာများသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူဖျော့နေပေ၏။

သူတို့သည် ထိုနတ်ဆိုးမှော်သားရဲများကြောင့် ထိတ်လန့်ကြောက်ရွံနေကြသည်မှာ သိသာထင်ရှားသည်။

သို့ရာတွင် ကျိုးခိုင်သည် ဤသည်က ကိစ္စကြီးတစ်ရပ်ဟု တွေးတောပုံမရချေ။သူက ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုလိုက်သည်။

"မင်းတို့က ဘာလို့ ကြောက်နေကြတာလဲ...ဒါက နတ်ဆိုးသားရဲတွေပဲလေ...ငါတို့ရဲ့နောက်မှာ ကျောင်းတော်ရှိနေတယ်...ငါတို့က အချက်ပေးသင်္ကေတ ပေးပို့လိုက်တာနဲ့ ဒီမှော်သားရဲတွေက ဘာပဲဖြစ်နေနေ...ကျောင်းတော်က သနားငဲ့ညှာမှာမဟုတ်ဘူး...ဒီသားရဲတွေက ဒီနေရာမှာ နေထိုင်ခွင့်ရဖို့အတွက် လူတွေကို သတ်ဖြတ်ဝံ့မှာမဟုတ်ဘူး"

ကျိုးခိုင်သည် ဟိတ်ဟန်ထုတ်၍ ကြွားဝါပြောဆိုနေပြီးမှ နောက်ဆုံးတွင် လုယွီ၏လှိုဏ်ဂူရှေ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဤနေရာသို့ရောက်ရှိလာပြီးနောက် သူ လုယွီအား အတင်းအကြပ် ပြန်လည်ခေါ်ဆောင်သွားရပေမည်။

သူသည် လုယွီကို လှောင်ပြောင်သရော်ရန် ရည်ရွယ်ထားခဲ့သော်လည်း ဤနေရာသို့ သူ ရောက်ရှိသည်နှင့် သူ့ထံတိုးဝင်လာသော ထူထပ်သိပ်သည်းသည့် စိတ်ဝိညာဥ်စွမ်းအင်များကို ခံစားမိသည်။

လှိုဏ်ဂူ၏ရှေ့တွင် အလွန်ထူထပ်သော စိတ်ဝိညာဥ်စွမ်းအင်များ စုဝေးနေသဖြင့် စိတ်ဝိညာဥ်စွမ်းအင်ရည်များအဖြစ် ဖွဲ့စည်းလုနီးပါးပင်။

သလင်းကျောက်ကဲ့သို့ကြည်လင်သော စိတ်ဝိညာဥ်စွမ်းအင်ရေစက်များက လေထုအတွင်း၌ မျောလွင့်နေသည်။ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များသည် ထိုစိတ်ဝိညာဥ်စွမ်းအားများ၏ သက်ရောက်မှုခံရပုံပေါ်ကာ သဘာဝရတနာများက နေရာအနှံ့ ပေါက်ရောက်နေပေ၏။

ကျိုးခိုင်သည် ဤနေရာသို့ရောက်ရှိချိန်တွင် လမ်း၏နံဘေးရှိ သစ်ပင်တစ်ပင်ပေါ်တွင်ရှိနေသော အနီရောင်သစ်သီးတစ်လုံးကို တွေ့မြင်မိသည်။

ထိုအနီရောင်သစ်သီးသည် စူးရှရှတောက်ပနေကာ လောင်ကျွမ်းနေသည့်အလား ထိုအရာ၏ထိပ်၌ မှိန်ပျပျမီးတောက်တစ်ခုရှိနေသည်။

"ဖီးနစ်မီးတောက်သစ်သီး...အနောက်ဘက်တောင်တန်းမှာ ဒီလိုအဖိုးတန်ရှားပါးတဲ့ ရတနာမျိုး ပေါက်နေတာလား"

ကျိုးခိုင်က ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

Chapter 2309

သူက စစ်ဆေးရန်အတွက် အလျှင်အမြန် အပြေးသွားလိုက်သည်။

မမျှော်လင့်ဘဲ ထိုဖီးနစ်မီးတောက်သစ်သီးသည် ကြီးထွားနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကာ ရင့်မှည့်နေပြီဖြစ်ကြောင်းကို သူ တွေ့ရှိလိုက်ရသည်။

"ဒါက ဆေးသန့်စင်ဖို့အတွက် အကောင်းဆုံး ထိပ်တန်းအဆင့်ဆေးဖက်ဝင်ပစ္စည်းပဲ...တကယ်လို့သာ ငါက ဒါကို ဆေးခန်းမက မဟာကွန်ဖြူးရှပ်ပညာရှင်ကိုသာ ပေးလိုက်မယ်ဆိုရင် မျက်နှာသာရရုံတင်မကဘူး...အကျိုးဆောင်ရမှတ်တွေအများကြီးနဲ့ လဲလှယ်နိုင်လိမ့်မယ်"

ကျိုးခိုင်က အလွန်ပျော်ရွှင်သွားသည်။သူသည် ဤနေရာသို့ လာခဲ့ရသဖြင့် အကျိုးကျေးဇူးများစွာရရှိမည်ဟု မျှော်လင့်မထားမိချေ။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်ကိုဆန့်တန်း၍ ဖီးနစ်မီးတောက်သစ်သီးကိုခူးဆွတ်ရန် ကိုင်တွယ်လိုက်၏။

"စီနီယာအကို...ဒီနေရာမှာ ရတနာတွေရှိနေတယ်"

"လေပြင်းလင်ဇီး...ဖုန်စုဆောင်းခြင်းအမြှစ်....ဒါတွေက အနည်းဆုံး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်တွေပဲ"

ကျိုးခိုင်တို့လူစုသည် ထိုဆေးပင်များကိုမြင်တွေ့ချိန်တွင် အပျော်လွန်ကာ ခုန်ပေါက်နေကြသည်။

"ကြည့်ရတာတော့ ငါ ကျိုးခိုင်က လောကကြီးထဲမှာ ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ ကံကြမ္မာပါလာပုံရတယ်"

ကျိုးခိုင်၏စိတ်နှလုံးသားအတွင်း၌ မောက်မာဝံ့ကြွားသောခံစားချက်များ တလိမ့်လိမ့်လူးလွန့်နေသည်။

ဤကဲ့သို့ ကံကြမ္မာကောင်းမျိုးနှင့် ပက်ပင်းရင်ဆိုင်တွေ့နိုင်သူဟူ၍ ရှိနေနိုင်သလော...

မည်သို့မျှ ဖြစ်မလာနိုင်သော ကိစ္စပင်။

သို့ရာတွင် သူသည် ထိုအရာများအားလုံးကို ပိုင်ဆိုင်ရပေတော့မည်။

ကျိုးခိုင်က သူ၏နောက်လိုက်တပည့်များကို စောင်းငဲ့ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့ရထားတဲ့ဟာတွေ ငါ့ကိုပေးကြစမ်း"

ထိုတပည့်များသည် စိတ်လှုပ်ရှားနေရာမှ နိုးထလာကြကာ တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောဆိုသည်။

"စီနီယာအကို...ဒါက အဓိပ္ပါယ်မရှိဘူးလေ...ဟုတ်တယ်မလား...ဒီအရာတွေကို ကျွန်တော်တို့ အတူတူတွေ့ခဲ့တာ အသိသာကြီးလေ"

ဤနေရာ၌ ရှာဖွေတွေ့ရှိခဲ့သော အရာများသည် သူတို့၏ခွန်အားကို နောက်တစ်ဆင့်မြှင့်တင်နိုင်ရန် လုံလောက်သည်။

မည်သူကမျှ သူတို့ရရှိထားသောအရာကို လက်လွတ်ခံလိုစိတ်မရှိချေ။

ကျိုးခိုင်က ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့ ခုရထားတဲ့အရာတွေကို ဆရာသခင်ဆီ ပြန်အပ်ရမယ်လေ...ဒါကြောင့် ငါက ဒီအရာတွေအားလုံးကို ငါ့ဆီပေးဖို့ တောင်းဆိုနေတာ....တကယ်လို့ ဆရာသခင်ကသာ ငါတို့ကို ဒီနေရာမလွှက်ခဲ့ရင် မင်းတို့မှာ ဒီပစ္စည်းတွေကိုရဖို့ အခွင့်အရေးရှိမှာလား"

"မြန်မြန်ပေးကြစမ်း...တကယ်လို့ တစ်ယောက်ယောက်က ဖွက်ထားဝံ့မယ်ဆိုရင်...ငါ့ကို သနားညှာတာမှုမရှိဘူးလို့ အပြစ်မတင်ကြနဲ့"

တပည့်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။မည်သို့ပင်ဆိုစေကာမူ ကျိုးခိုင်သည် သူတို့အပေါ်၌ သြဇာညောင်းခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် သူတို့ရရှိထားသောပစ္စည်းများကို လွှဲပြောင်းပေးလိုက်ကြသည်။

ကျိုးခိုင်သည် အလွန်ပျော်ရွှင်စွာဖြင့် ထိုပစ္စည်းများအားလုံးကို သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

သူသည် ထိုပစ္စည်းများကို ဆရာသခင်ထံပေးအပ်မည်ဟု ပြောဆိုခဲ့သည်မှာ စကားအရာသက်သက်ပင်။

ဤနေရာရှိပစ္စည်းများအားလုံးသည် ဆေးဖော်စပ်ရန်နှင့်လက်နက်သွန်းလုပ်ရန်အတွက် အဖိုးတန်ရှားပါးသောပါဝင်ပစ္စည်းများဖြစ်သည်။တချို့အရာများသည် တိုက်ရိုက်ဝါးမျိုလျှင်ပင် အသုံးပြုသူ၏ခွန်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။

မည်သည့်နည်းဖြင့် ကျိုးခိုင်သည် ထိုပစ္စည်းများအား သူ၏ဆရာသခင်ထံပေးအပ်ရန် ဆန္ဒရှိမည်နည်း။

သူသည် ထိုအရာများကို သူ့အတွက်သာယူဆောင်ရပေမည်။

အစောပိုင်းက သူ ပြောဆိုလိုက်သောစကားများသည် ယာယီအခိုက်အတန့်အတွက် ပေးလိုက်သော အကြောင်းပြချက်သာဖြစ်သည်။

ကျိုးခိုင်၏နောက်လိုက်တပည့်များသည် သူနှင့်အတူရှိနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သဖြင့် သူသည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို သိရှိထားပြီးလေပြီ။

သို့ရာတွင် သူတို့သည် တစ်ဖက်လူ၏အိမ်တံစက်မြိတ်အောက်သို့ရောက်နေပါက ခေါင်းငုံနေရန်လိုအပ်သကဲ့သို့ ရွေးချယ်စရာမရှိဘဲ ကျိုးခိုင်၏စကားကို နာခံခဲ့ရသည်။

သူတို့အားလုံး၏စိတ်နှလုံးသားများအတွင်းတွင်မူ ကျိုးခိုင်ကို နာကျည်းမုန်းတီးစပြုနေကြ၏။

ကျိုးခိုင်ကမူ ထိုကိစ္စများကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။

သူသည် ပတ်ဝန်းကျင်ရှိ အဖိုးတန်အရာများကို အရူးအမူး ကောက်ယူနေခဲ့သည်။သူ အသုံးပြု၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ထိုအရာများကိုမြင်တွေ့သည်နှင့် သိမ်းဆည်းထားလေ၏။

အချိန်အတော်ကြာပြီးနောက် ကျိုးခိုင်သည် ပတ်ဝန်းကျင်ရှိ အဖိုးတန်အရာများအားလုံးကို ယူဆောင်၍ ပြီးစီးသွားခဲ့သည်။

သူသည် စိတ်ကျေနပ်မှုရသွားပြီးနောက် အလုပ်လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။သူ၏မျက်လုံးအကြည့်က သူ့ရှေ့ရှိ ကျောက်တုံးကြီးတစ်တုံးနောက်ရှိ မြင်ကွင်းထံသို့ ကျရောက်သွားလေ၏။

တောအုပ်အကြား၌ ကျယ်ပြန့်ပြီးညီညာပြန့်ပြူးသော မြေပြန့်လွင်ပြင်တစ်ခုရှိနေသည်။

ထိုလွင်ပြင်တွင် အမျိုးမျိုးသောစိတ်ဝိညာဥ်ဆေးပင်များနှင့် ပြည့်နှက်နေလေ၏။ပြင်ပလောက၌ တွေ့မြင်နိုင်ရန် အလွန်ခက်ခဲသော အမျိုးအစားစုံလင်သည့် စိတ်ဝိညာဥ်ဆေးပင်များကို ဤနေရာ၌ သူ မြင်တွေ့လိုက်ရသည်။

"ငါက ထိပ်သီးမိသားစုတစ်ခုရဲ့ ရတနာနယ်မြေကိုမကျူးကျော်ဝင်လာမိတာများလား"

ကျိုးခိုင်သည် သူ့ရှေ့ရှိမြင်ကွင်း၏ဆွဲဆောင်မှုကို ခံရကာ အနည်းငယ်မူးဝေလာသကဲ့သို့ ခံစားမိသည်။

သူက ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်၏။

"မင်းတို့အားလုံး...ဒီနေရာက ဆေးပင်တွေအားလုံးကို အပြောင်သိမ်းလိုက်ကြစမ်း"

Chapter 2310

သို့ရာတွင် သူ၏စကားကိုကြားသည့်တိုင် နောက်လိုက်တပည့်များက လှုပ်ရှားခြင်းမပြုဘဲနေမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ကျိုးခိုင်က ဒေါသတကြီး အော်ငေါက်လိုက်၏။

"ဘာလဲ...မင်းတို့က ငါပြောတာကို မကြားကြဘူးလား"

နောက်လိုက်တပည့်များအနက်မှတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"စီနီယာအကို...ဒါက မင်း အရမ်းလွန်နေပြီလို့ မထင်ဘူးလား....ဘာလို့ ငါတို့က ပစ္စည်းကောင်းတွေအကုန်လုံး မင်းကို ပေးရမှာလဲ...ငါတို့လည်း တချို့တဝက်တော့ ရသင့်တယ်မဟုတ်လား"

"ဒါက အမှန်ပဲ...ဒီအရာတွေအားလုံး မင်းကို ဘာလို့ပေးရမှာလဲ...ဒါက နည်းနည်းတော့ မမျှတဘူးထင်တယ်"

နောက်လိုက်တပည့်တချို့က သူတို့၏လက်များကိုပိုက်၍ မတ်တတ်ရပ်နေကာ အနည်းငယ်မျှပင် မလှုပ်ရှားကြချေ။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကျိုးခိုင်က ဒေါသတကြီးအော်ငေါက်လိုက်သည်။

"မင်းတို့က ဘာလုပ်ဖို့ကြိုးစားနေတာလဲ...ဘာလဲ မင်းတို့က ပုန်ကန်ချင်တာလား...ငါသာ မင်းတို့ကို ခေါ်မလာဘူးဆိုရင် ဒီနေရာကို မင်းတို့ ဘယ်လိုလုပ်ပြီး ရှာတွေ့မှာလဲ...ပြီးတော့ ငါက ဒီပစ္စည်းတွေအားလုံးကို ဆရာသခင်ဆီပေးအပ်မှာ...မင်းတို့က ငါ့ရဲ့အနစ်နာခံမှုတွေကိုတော့ နားမလည်ကြဘူး"

နောက်လိုက်တပည့်များက ကျိုးခိုင်၏စကားကို အနည်းငယ်မျှပင် လက်သင့်ခံခြင်းမရှိချေ။

"တကယ်လို့ မင်း ဒီပစ္စည်းတွေ ဆရာသခင်ဆီပေးအပ်မယ်ဆိုရင်...မင်း တကယ် ပေး မပေး ငါတို့မျက်လုံးနဲ့ မြင်ရမှဖြစ်မယ်"

သူ၏နောက်လိုက်များက သူ့အားပုန်ကန်ဝံ့သည်ကိုမြင်ချိန်တွင် ကျိုးခိုင်က ရှက်ရွံသွားကာ အလွန်အမင်းဒေါသထွက်သွားသည်။

"ကျေးဇူးကန်းတဲ့ကောင်တွေ...ငါက မင်းတို့ကို အမြဲတမ်းဂရုစိုက်ပေးခဲ့တယ်...ဒါပေမယ့် အခုကျတော့ မင်းတို့က အတူပူပေါင်းပြီး ငါ့ကိုအာခံကျတယ်ပေါ့လေ"

ကျိုးခိုင်က ဒေါသတကြီး အော်ငေါက်လေ၏။

ထိုအချိန်မှာပင် တုန်ခါသံတစ်သံနှင့်အတူ လှိုဏ်ဂူတံခါး ရုတ်တရက်ပွင့်လာသည်။

လှိုဏ်ဂူအတွင်းမှနေ၍ လုယွီ ထွက်လာလေ၏။

သူသည် ကျိုးခိုင်တို့လူစုကိုမြင်တွေ့ချိန်တွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့ကောင်တွေက...ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"

လုယွီကိုမြင်ချိန်တွင် ကျိုးခိုင်သည် သူတို့အားလုံး ဤနေရာသို့ မည်သည့်ကိစ္စပြုလုပ်ရန် လာခဲ့သည်ကို အမှတ်ရသွားသည်။

မူလကတည်းက သူသည် သူ၏နောက်လိုက်များနှင့် အတိုက်အခံဖြစ်နေခဲ့သဖြင့် သူ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်နေသည်။သူက လုယွီကိုစူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်၏။

"အမှိုက်ကောင်...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ စမ်းသပ်စာမေးပွဲမှာ ပေါက်ကရအဖြေတွေကို ရေးခဲ့တာလဲ...အခု မဟာကွန်ဖြူးရှပ်ပညာရှင်တွေက မင်းကို လာရှာခိုင်းလိုက်တယ်...မင်း ငါတို့နဲ့ ခုချက်ချင်းပြန်လိုက်ခဲ့စမ်း"

လုယွီက အခြေအနေကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှမဟာကွန်ဖြူးရှပ်ပညာရှင်သည် သူ၏အဖြေစာရွက်တွင် ရေးသားထားသောအရာများကို လေ့လာဆင်ခြင်နိုင်ခဲ့ခြင်းဖြစ်ပေမည်။

အမှန်အားဖြင့် အဖြေလွှာစာရွက်တွင် သူရေးသားခဲ့သည်မှာ သူ၏နားလည်သဘောပေါက်မှုအရ ရေခဲတောင်၏ထိပ်ဖျားပမာဏသာရှိသည်။ထိုအရာသက်သက်ကပင်လျှင် မဟာကွန်ဖြူးရှပ်ပညာရှင်များ အချိန်အတော်ကြာလေ့လာရန် လုံလောက်သည်။

"ဒီတောနက်ထဲမှာ ပုန်းအောင်းနေဖို့ မင်း စဥ်းတောင်မစဥ်းစားနဲ့...တကယ်လို့ မင်းက မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုကိုတောင် မလာဘူးဆိုရင်...ကျောင်းတော်ရဲ့စည်းမျဥ်းတွေကို ဆန့်ကျင်တာပဲ...မင်းရဲ့တံဆိပ်ပြားကို ကျောင်းတော်ကနေ ပြန်သိမ်းဆည်းတာ ခံရလိမ့်မယ်"

ကျိုးခိုင်က သတိပေးလိုက်၏။

ဤစည်းမျဥ်းမျိုး အမှန်တကယ် ရှိနေသလော....

သို့ရာတွင် ထိုကိစ္စသည် ပြဿနာမရှိချေ။လုယွီသည် မူလကတည်းက ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များနှင့်တွေ့ဆုံရန် ရည်ရွယ်ထားပြီးဖြစ်သည်။

လုယွီ၏အကြည့်က ရုတ်တရက် တောင်ကြားလမ်းတွင်ရှိနေသော မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

အစောပိုင်းက ကျိုးခိုင်၏လောဘတကြီးခူးဆွတ်မှုကြောင့် ဤနေရာတွင်ပေါက်ရောက်နေသော သစ်ပင်ပန်းမန်အများစုသည် ခါးလည်မှပြတ်တောက်နေကာ တချို့အပင်များကို ခြေထောက်များဖြင့်နင်းခြေထားခြင်း ခံထားရ၏။

"ဒီနေရာက ပစ္စည်းတွေကို ထိတွေ့ဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားလို့လဲ"

လုယွီက အသံနက်ကြီးဖြင့် မေးမြန်းသည်။

ဤနေရာပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော ရတနာသစ်ပင်များသည် သူ ကိုယ်တိုင် မျိုးစေ့များကြဲကာ နတ်ဘုရားစမ်းရေအိုင်အတွင်းမှရေဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။

သိုလှောင်အိတ်၏ကမ္ဘာငယ်လေးအတွင်းမှ နတ်ဘုရားစမ်းရေများကြောင့် ဆေးပင်အများစုသည် နှစ်ထောင်ချီကြာပေါက်ရောက်နေသကဲ့သို့ ထွက်ပေါ်လာကြသည်။ထိုအပင်များ၏ကြီးထွားမှုအရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။

လုယွီသည် ထိုအပင်များကို ဤနေရာတွင်စိုက်ပျိုး၍ သဘာဝအတိုင်းကြီးထွားလာစေရန် ရည်ရွယ်ထားသည်။သို့ရာတွင် မမျှော်လင့်ဘဲ ထိုအပင်များအားလုံးသည် ကျိုးခိုင်တို့လူစု၏ မဆင်မခြင်ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျိုးခိုင်က ဖြောင့်မတ်မှန်ကန်သောလေသံမျိုးဖြင့် ပြောဆိုသည်။

"ဒီနေရာက ကျောင်းတော်ရဲ့အနောက်ဘက်တောင်တန်း...တကယ်လို့ ဒီနေရာမှာ ပစ္စည်းကောင်းတွေရှိနေတယ်ဆိုရင်...အရင်ဆုံးမြင်တွေ့တဲ့သူက ပိုင်ဆိုင်ရတာ သဘာဝပဲလေ...မင်းဆီမှာမျက်လုံးရှိနေပေမယ့် ကန်းနေမှတော့ ဒီနေရာကအပင်တွေက ဘယ်လောက်အဖိုးတန်ရှားပါးတယ်ဆိုတာ မင်း သိနိုင်မှာလဲ...ဒါတွေအားလုံးက ငါတို့ရဲ့အပိုင်ပဲ"

ကျိုးခိုင်၏အမြင်အရ လုယွီသည် တံခါးပိတ်ကျင့်ကြံနေသဖြင့် တောင်ကြားလမ်းအတွင်းရှိ အဖိုးတန်အပင်များကို မမြင်သကဲ့သို့နေနေခြင်းသာ ဖြစ်ပေမည်။ဤသည်က သဘာဝအလျောက်ဖြစ်တည်လာသော ရတနာများကို အလဟဿထားရှိခြင်းပင်။

ထိုအရာများအားလုံး သူ၏ပိုင်ဆိုင်မှုဖြစ်လာသည်က ပို၍ပင်ကောင်းမွန်ပေလိမ့်မည်။

"ငါက ဒီအပင်တွေအားလုံးကို စိုက်ပျိုးထားတာ...မင်းတို့က ငါ့ရဲ့အမိန့်မရဘဲ ဒါတွေကိုယူသွားဝံ့တာလား"

လုယွီက ရုတ်တရက် ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။

ဘုန်း....

ထိုအသံသည် မိုးကြိုးတစ်စင်းအလား မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

All Chapters