← Chapters

ပိုင်ယွမ်၏ ကျင့်ကြံခြင်းအရင်းအမြစ်များ

Vol. 3 Ch. 22

ပိုင်ယွမ်၏ ကျင့်ကြံခြင်းအရင်းအမြစ်များ

Vol. 3 Ch. 22

ချစ်ဖို့ကောင်းတဲ့တိရစ္ဆာန်တစ်ကောင်ကို ပိုင်ဆိုင်ရသည်မှာ မည်သို့ခံစားရသနည်း။

ထိုခံစားချက်ကိုအခြားသူများအား မျှဝေရန် ခဲယဉ်းလှသည်၊ အိမ်မွေးတိရစ္ဆာန်များ မွေးထားဖူးသူများကသာ အမှန်တကယ် နားလည်နိုင်ပေသည်။

“‌‌ ကောင်းပြီ ကောင်မလေး၊ စိတ်မဆိုးနဲ့‌ေတာ့။ မင်းဘယ်လောက် အားကောင်းလာလဲ ကြည့်ရအောင်။”

ဝူယွမ်သည် ပိုင်ယွမ်အား ကွင်းတစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ တစ်လသာ ကြာသော်လည်း ပိုင်ယွမ်သည် အရွယ်အစား ထပ်ကြီးထွားလာခဲ့ပြီး အရပ်သည်လည်း ဝူယွမ်၏ ပေါင်နှင့်တန်းတူ ရှိနေပြီဖြစ်သညိ။ လပိုင်းအတွင်း ထိုကျားမလေးအား စီးနိုင်လိမ့်မည်ဟု သူမှန်းထားခဲ့သည်။

ရူးသွပ်ဓားသိုင်းခန်းမတွင် ပိုင်ယွမ်သည် အကောင်းဆုံးအစားအစာများရရှိခဲ့ပြီး ၎င်းအတွက် တာဝန်ယူကျွေးမွေးသူ သီးသန့်ရှိခဲ့သည်။

“လာ!၊ တိုက်ကြည့်ရအောင်။”

ဝူယွမ်သည် သူ၏လက်သီးကို ဆုပ်လိုက်သည်။

“ ဝေါင်း...!”

ပိုင်ယွမ်သည် ကျားဟိန်းသံတစ်ချင်ပေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုင်လိုက်သည်။ သူမသည် ချက်ချင်းပင် သားရဲဘုရင်၏ စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ပြင်းထန်သော ယွမ်စွမ်းအား လှိုင်းများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

“ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်”

ဝူယွမ် အံ့အားသင့်သွားခဲ့သည်။ ပိုင်ယွမ်၏ ကြီးထွားနှုန်းသည် ထိုလောက်မြန်ဆန်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သူမသည် သူ့ကိုပါ မှီလုနီးပါးဖြစ်နေသည်။ ထို့အပြင် သူမထုတ်လွှတ်လိုက်သော သားရဲဘုရင်စွမ်းအားသည် သူမအား ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်စေနိုင်ခဲ့သည်။

ဤသည်မှာ ကျားဖြူသွေးမျိုးဆက်၏ အစွမ်း ကြောင့်ဖြစ်ပြီး... ဝူယွမ် အနည်းငယ် အားကျမိသွားသည်။

“ရှုးးးရှုးးး...”

လေပြင်းနှင့်အတူ ပိုင်ယွမ်သည် မယုံနိုင်လောက်သည့် အမြန်နှင့် ရုတ်တရက် ရွေ့လျားလာခဲ့သည်။ သူနီးကပ်လာသောအခါ သူမသည် ရှေ့တက်လာပြီး သူမ၏ခြေထောက်များကို ဖြန့်ကာ ခုန်အုပ်လိုက်သည်။

“မြန်လိုက်တာ”

ဝူယွမ်၏ခြေလှမ်းများသည် အရိပ်များကွဲထွက်သွားပြီး တစ္ဆေ၏အရိပ်လှည့်စားခြင်းဖြင့် ရှောင်ရှားလိုက်ကာ ပိုင်ယွမ်၏ခြေထောက်ကို မှော်ကျောက်စိမ်းလက်ဖြင့် ရိုက်လိုက်သည်။

သူမ၏ခွန်အားလည်း အလွန်ပြင်းထန်လှပြီး... ဝူယွမ်သည် သူ၏လက်ဝါးမှ လာသော အားကို ခံစားလိုက်ရသောအခါ မချီးမွမ်းဘဲမနေနိုင်ခဲ့ပေ။

လေသည် ကျားကို လိုက်သည် ဆိုသည့်အတိုင်း

ပိုင်ယွမ်၏ အရှိန်သည် မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်ကြီးမားနေသည့်တိုင် အလွန်ကျွမ်းကျင် ပေါ့ပါးစွာ ရွေ့လျားနိုင်သည်။

ကျားဖြူများသည် သတ်ဖြတ်မှုမှာ ဆရာတစ်ဆူဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်... တိုတောင်းသော လက်ရည်စမ်းပွဲပြီးနောက် ဝူယွမ်သည် ပိုင်ယွမ်၏ စွမ်းအားပြင်းထန်တဲ့ တိုက်ခိုက်မှုစွမ်းရည်ကို တွေ့ခဲ့ရသည်။ ထို့အပြင် သူမသည် သတ်ဖြတ်မှုနည်းလမ်းများစွာကို မသင်ယူဘဲတတ်ထားသည်ဟု ထင်ရသည်။ ဝူယွမ်၏ စတုတ္ထအဆင့် ကိုယ်ခန္ဓာပညာရပ်ထက် မည်သည့်နေရာမျှ မနိမ့်ကြပေ။ ထိုအရာများသည် ပိုင်ယွမ်၏သွေးမျိုးဆက်မှ ရရှိသော ထိုးထွင်းသိမြင်မှုများပေဖြစ်လိမ့်မည်။

“ကောင်းပြီ၊ ကောင်းပြီ”

“ဒီလောက်ဆို လုံလောက်ပြီ ပိုင်ယွမ်”

တစ်ကြိမ်တိုက်ခိုက်ပြီးနောက် ဝူယွမ်သည် သူ၏လက်ကို ရုပ်သိမ်းလိုက်သည်။

“မင်း အရမ်းတော်တယ်၊ မင်းက ပျင်းရိခြင်းမရှိကြိုးစားခဲ့တာဘဲ၊ မနက်ဖြန်မှာ မင်းကို အမဲလိုက်သွားဖို့ခေါ်သွားမယ်”

...နောက်တစ်နေ့တွင် ဝူယွမ်သည် လင်းတုန်နှင့် တွေ့ဆုံပြီး သံမြေကျေးရွာနောက်ရှိ တောင်တန်းများတွင် သားရဲများကို အမဲလိုက်ခဲ့သည်။

“ငါလည်းလိုက်ချင်တယ်” လင်းတုန်၏ညီမငယ် ချင်းတန်သည် အပြင်သွားမည်ဆိုတာကို ကြားလိုက်ရသည်နှင့် ရှောင်ယန်၏နောက်ကျောပေါ်သို့ ချက်ချင်းတက်ထိုင်လိုက်သည်။

“သူမကိုပါခေါ်သွားလိုက်မယ် အကိုကြီး၊ ချင်းတန်လည်း အခု ယွမ်မြေကြီးနယ်ပယ် အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေပီ ပြဿနာမရှိလောက်ပါဘူး”

လင်းတုန်က မသက်သာသည့်ပုံစံဖြင့် ပြောလိုက်သည်။

အဆူရာမိစ္ဆာခန္ဓာကိုယ်၏ ကျင့်ကြံခြင်းတိုးတက်မှုနှုန်းသည် အမှန်ပင်မြန်ဆန်လွန်းလှသည်... ဝူယွမ်သည် ချင်းတန်အား အံ့အားသင့်အားကျစွာ ကြည့်နေခဲ့သည်။ ဤအမြန်နှုန်းသည် ကျားဖြူသွေးမျိုးဆက် ပိုင်ယွမ်နှင့် နှိုင်းယှဥ်နိုင်ပြီး ပြိုင်ဘက်မရှိသလောက်ဖြစ်သည်။

ဝူယွမ် - “ချင်းတန်တောင် ယွမ်မြေကြီးနယ်ပယ်ထဲ ရောက်နေပြီ။ ငါတို့နှစ်ယောက် အရှိန်မြှင့်မှရမယ်၊ မဟုတ်ရင် ဒီကလေးမလေး ငါတို့ကို ကျော်တက်သွားလိမ့်မယ်။”

ချင်းတန်သည် သူမ၏လက်သီးကလေးများကို လှုပ်ခတ်ကာ ပြောဆိုလိုက်သည်- “ဟိုက်... ဝူယွမ်အကိုကြီး လင်းတုန်အကိုကြီး၊ နောက်ဆုံးတော့ ငါမင်းတို့နှစ်ယောက်ကို ကျော်တက်လိမ့်မယ်။”

မူရင်း‌ဇာတ်လမ်းတွင်လည်း သူမသည် လင်းတုန်၏ခြေလှမ်းကို လိုက်မှီရန် အလွန်ကြိုးစားအားထုတ်ခဲ့သည်။

ယခုအခါတွင် ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည် နှစ်ဦးစလုံး ပိုမိုကြီးမားလာခဲ့ပြီး ဝူယွမ်နှင့် လင်းတုန်တို့ကို သယ်ဆောင်ဖို့ရန် မလွယ်သေးသော်လည်း ချစ်စရာကောင်းသော ကလေးမလေး ချင်းတန်မှာမူ သူတို့ပေါ်တွင် စိတ်ကြိုက်နေရနေသည်။

သံမြေကျေးရွာသို့ ရောက်ရှိပြီးနောက် ဝူယွမ်သည် ပထမဆုံးရွှာပတ်လည်ကို လှည့်ပတ်ကြည့်ခဲ့ပြီး မြေအောက်မီးတောင်ဂူကို မတူးဖော်ရသေးကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် တောင်အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

သူသည် မြေအောက်မီးတောင်ဂူတွင် ဆိုင်းအင်၀င်နိုင်ရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

သို့ရာတွင် ဤမီးတောင်ဂူသည် အလွန်နက်ရှိုင်းပြီး အချိန်မည်မျှကြာမှ အဆုံးထိ တူးဖော်နိုင်မည်ဆိုတာမသိရပေ။

တောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့သည် သားရဲ မကြာမီ တွေ့ရှိခဲ့သည်။

“အဲဒါက မီးအရိပ်ဝံပုလွေဘဲ ရှောင်ယန် သွား‌ဖြေရှင်းလိုက်”

“ပိုင်ယွမ်၊မင်းလည်းလိုက်သွား”

သားရဲများကို အမဲလိုက်ခြင်းသည် ရည်ရွယ်ချက်နှစ်ခုရှိသည်- သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ကျားနှစ်ကောင်ကို လေ့ကျင့်ပေးရန်ဖြစ်သည်။

ပိုင်ယွမ်သည် လေပြင်းလေကဲ့သို့ ရွေ့လျားပြီး လျင်မြန်စွာ ခုန်တက်လာခဲ့သည်။

သူမသည် မီးအရိပ်ဝံပုလွေ တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။

“အကိုကြီး၊ ပိုင်ယွမ်က အရမ်းမြန်မြန်ကြီးထွားလာတာဘဲ။ သူမရဲ့စွမ်းအားက ကျွန်တော့်ထက်တောင် သာနေလောက်ပီ”

လင်းတုန်က အံ့အားသင့်စွာ ပြောလိုက်သည်။

မီးအရိပ်၀ံပုလွေသည် မယုံနိုင်လောက်အောင် မြန်ဆန်သည်သာမက မီးလည်းမှုတ်နိုင်သည်။ သာမန်ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ၎င်းကိုကိုင်တွယ်ရန် ခက်လိမ့်မည်၊ သို့သော် ပိုင်ယွမ်သည် တစ်ချက်တည်းဖြင့် ချက်ချင်းသတ်ပစ်လိုက်နိုင်သည်။

ထိုအချိန်တွင် ရှောင်ယန်သည် ပြေးလာပြီး မီးအရိပ်ဝံပုလွေသားရဲ၏ ရင်ဘက်ကိုခွဲဖွင့်ကာ အတွင်းမှ သားရဲအမြုအတေကို ထုတ်ယူပြီး စားသုံးလိုက်သည်။

သို့သော် ပိုင်ယွမ်သည် သားရဲအမြုအတေကို စိတ်မဝင်စားပုံရသည်။ မီးအရိပ်ဝံပုလွေကို သတ်ပြီးနောက် သူမသည် ဝူယွမ်၏ဘေးသို့ ပြန်လာခဲ့သည်။

“ပိုင်ယွမ်၊ သားရဲအမြုအတေကို ဘာလို့မစားတာလဲ” ချင်းတန်က အံ့အားသင့်စွာ မေးလိုက်သည်။

ရှောင်ယန်က ဒီမွန်းစတာပုံဆောင်ခဲများကို နှစ်သက်ပြီး၊ ပိုင်ယွမ်မှာမူ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

ဝူယွမ်သည်လည ထိုအရာကို သတိထားမိခဲ့သည်၊ ထို့ကြောင့် ယန်မြို့တွင် သားရဲများ၏ အချက်အလက်အမျိုးမျိုးကို စုံစမ်းခဲ့သည်။

“အများအားဖြင့် သားရဲတွေက သူတို့အတွက် ဘယ်အရာက လိုအပ်တယ် ဘယ်အရာက မလိုဘူးဆိုတာကို သိကြတယ်။ သူတို့အတွက် အကျိုးရှိတဲ့ အရာတွေကို တွေ့မှသာ သူတို့က အဲ့တာအတွက် တိုက်ခိုက်ကြလိမ့်မယ်။”

ဝူယွမ်သည် ပိုင်ယွမ်၏ဦးခေါင်းကြီးကို ပွတ်သပ်ကာ “ပိုင်ယွမ်က သားရဲအမြုအတေတွေကို မစားတာက ဒီသားရဲအမြုအတေတွေက သူမအတွက် အကျိုးမရှိလို့ဘဲ”

“ဒါဆို ပိုင်ယွမ်ကို အကိုကြီးက ပုံမှန်ဆို ဘာကျွေးလဲ၊ ဘယ်လိုနည်းနဲ့သူမကို ဒီလောက်မြန်မြန်ဆန်ဆန်တိုးတက်လာစေတာလဲ” လင်းတုန်က မေးလိုက်သည်။ သားရဲအမြုအတေ မစားဘဲ ဤမျှမြန်ဆန်စွာ တိုးတက်လာရန် မှာ သူမ၏ထူးချွန်သော ပါရမီကြောင့် အဓိကဖြစ်သည်။

“ငါက ပုံမှန်အစာတွေပဲ ကျွေးတာ။ သူမ မြန်မြန်ဆန်ဆန်တိုးတက်တာလာတာက သူမရဲ့ထူးချွန်တဲ့ပါရမီကြောင့်ဘဲ။”

“ဒါ... ကျွန်တော်လည်း ရှောင်ယန်ကို အစုံကျွေးပေမဲ့ ပိုင်ယွမ်ကို မမှီသေးဘူး” လင်းတုန်သည် မတရားဟု ခံစားရသည်။

ပိုင်ယွမ်နှင့် နှိုင်းယှဉ်တာမဟုတ်ပါက ရှောင်ယန်သည် အမှန်ပင်အလွန်စွမ်းအားကြီးပြီး ယခုအခါ ယွမ်မြေကြီးနယ်ပယ် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်သည်။

ချင်းတန်- “ဝူယွမ် အကိုကြီး၊ ပိုင်ယွမ် အတွက်အကြိုးရှိမဲ့ အရာကို အကိုကြီးရှာတွေ့ရင် သူမ ပိုပြီးမြန်မြန် တိုးတက်လာလိမ့်မယ်။”

“ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါ အခုထိ တစ်ခုမှ မတွေ့သေးဘူး” ဝူယွမ်က သက်ပြင်းချလိုက်သည်။

“အကိုကြီး၊ ဒါကို စမ်းကျွေးကြည့်ပါလား”

လင်းတုန်သည် ကျောက်လက်ဖွဲ့ဝိညာဉ်ဆေးရည်ပါသော ပုလင်းကလေးတစ်ခုကို ထုတ်ယူလိုက်သည်။

ကျောက်လက်ဖွဲ့ဝိညာဉ်ဆေးရည်သည် ကျောက်လက်ဖွဲ့မှ စုပ်ယူထားသော ကောင်းကင်ဘုံမြေကြီး၏စွမ်းအင်မှ သန့်စင်သော ဝိညာဉ်ဆေးရည်အဖြစ် သန့်စင်ထားခြင်းဖြစ်သည်။ လင်းတုန်သည် ယခုထိ အသုံးပြုနေဆဲဖြစ်ပြီး လူတိုင်းနီးပါးအတွက် အကြိုးရှိဆဲဖြစ်သည်။

“ငါ စမ်းကြည့်မယ်”

ဝူယွမ်သည်လည်း မျှော်လင့်ချက် အနည်းငယ်ဖြင့် ပုလင်းကိုဖွင့်လိုက်သည်။

ပိုင်ယွမ်သည် ရွေ့လျားလာခဲ့သည်။ သူမသည် ပုလင်းထံသို့ တက်ကြွစွာချဉ်းကပ်ပြီး နမ်းရှိုက်လိုက်သည်။

“လာပါ၊ သောက်လိုက်ပါ”

ဝူယွမ်သည် ကျောက်လက်ဖွဲ့ဝိညာဉ်ဆေးရည်ကို ပိုင်ယွမ်၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ပိုင်ယွမ်သည် ငြင်းဆန်ခြင်းမရှိဘဲ ပုလင်းကိုပင် လျှာာနှင့်လျက်လိုက်သည်။

“တစ်ကယ်ဘဲ အလုပ်ဖြစ်တယ်” ဝူယွမ်သည် ဝမ်းသာသွားခဲ့သည်။ ပိုင်ယွမ်ကြိုက်နှစ်သက်သော အစာတစ်ခုကို ရှာဖွေတွေ့ရှိခြင်းသည် အတော်‌လေးကောင်းသည်။

“ကျောက်လက်ဖွဲ့ဝိညာဉ်ဆေးရည်က ယွမ်မြေကြီးနယ်ပယ်အပေါ် သက်ရောက်မှုက နည်းနည်းဘဲရှိတယ် အကိုကြီး၊ ဒါကို ထပ်စမ်းကျွေးကြည့်လိုက်”

လင်းတုန်သည်လည်း ပျော်ရွှင်လာပြီး သူ၏ သိုလှောင်အိပ်ထဲမှ ကျောက်လက်ဖွဲ့မှ သန့်စင်ထားသော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဝိညာဉ်ဆေးလုံး အနံကိုရလိုက်သော ပိုင်ယွမ်သည် အနားကပ်လာပြီး သူမ၏မျက်လုံးကြီးများမှားလည်း တောက်ပလာသည်။ သူမသည် ဆေးလုံးကို စားသုံးလိုက်သည်။

“ဟားဟား... အကိုကြီး ပိုင်ယွမ်ကြိုက်နှစ်သက်တဲ့ အစာကို ကျွန်တော် ရှာတွေ့ပီထင်တယ်”

လင်းတုန်သည် ကျယ်လောင်စွာရယ်မောခဲ့ပြီး အရေးကြီးသောအချက်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားရသည်။

ထို့နောက် လင်းတုန်သည် သူ၏သိုလှောင်အိပ်ထဲမှ အနီရောင်ဆေးပြားနှစ်ပြားကို ထုတ်ယူကာ သူ၏ဘယ်ဘက်နှင့် ညာဘက်လက်များတွင် ထားခဲ့သည်။

“ပိုင်ယွမ်၊ ဘယ်ဟာကို စားချင်လဲ”

သူသည် သူ၏လက်များကို ဖြန့်ကားလိုက်ပြီး ပိုင်ယွမ်အား ရွေးချယ်ခွင့်ပေးခဲ့သည်။

ချင်းတန်- “ဒါတွေအားလုံးက ယန်ယွမ်ဆေးပြားတွေလား”

ဝူယွမ်၏မျက်လုံးများ တောက်ပလာသည်။ လင်းတုန်၏အဓိပ္ပာယ်ကို သူနားလည်ခဲ့သည်။

နှစ်ခုလုံးသည် ယန်ယွမ်ဆေးပြားများဖြစ်သော်လည်း ကွာခြားချက်ရှိသည်- တစ်ခုမှာ ဈေးထဲမှဖြစ်ပြီး တစ်ခုမှာ ကျောက်လက်ဖွဲ့က သန့်စင်ထားခြင်း ဖြစ်သည်။

ပိုင်ယွမ်သည် ချဉ်းကပ်လာပြီး လင်းတုန်၏လက်နှစ်ဖက်စလုံးကို နမ်းကြည့်ကာ နောက်ဆုံးတွင် သူ�ဘယ်ဘက်လက်ရှိ ယန်ယွမ်ဆေးပြားကို စားလိုက်သည်။

လင်းတုန်က ဝူယွမ်အား ခေါင်းညိတ်ပြလိုက်သည်။

ပိုင်ယွမ်သည် ကျောက်လက်ဖွဲ့မှ သန့်စင်ထားသော ဆေးပြားကို ရွေးချယ်ခဲ့သည်။

ကျောက်လက်ဖွဲ့မှ သန့်စင်ထားသော ဆေးပြားများတွင် ညစ်ညမ်းမှုမရှိပေ။

ပိုင်ယွမ်သည် ထိုအရာကို ခွဲခြားနိုင်တယ်ဆိုတာ သိသာသည်။

သို့ရာတွင် ပိုင်ယွမ် စားသုံးပြီးနောက် လင်းတုန်၏ညာဘက်လက်ရှိ ယန်ယွမ်ဆေးပြားကို စိုက်ကြည့်ကာ ခဏ မပြတ်သားဖြစ်နေပြီး နောက်ဆုံးတွင် ထိုတစ်ခုကိုလည်း စားသုံးလိုက်သည်။

“ပိုင်ယွမ်ရဲ့လိုအပ်ချက်ကို ကျွန်တော်သိသွားပီ”

“သူမလိုအပ်နေတာက သန့်ရှင်းတဲ့ စွမ်းအင်‌တွေဘဲ”

“ဘာကြောင့်လဲဆိုတော့ သူမက လက်ရှိအချိန်မှာ ညစ်ညမ်းမှုတွေကို မသန့်စင်နိုင်သေးဘူး”

ဝူယွမ် နားလည်သွားခဲ့သည်။

ယန်ယွမ်ဆေးပြားများကို ယန်ယွမ်ကျောက်တုံးများမှ ထုတ်ယူထားခြင်းဖြစ်ပြီး ယန်ယွမ်ကျောက်တုံးများသည် သဘာဝထွက်ကုန်များဖြစ်ကာ ပင်ကိုအားဖြင့် ညစ်ညမ်းမှုနည်းပါးသည်။ ကျောက်လက်ဖွဲ့၏ သန့်စင်ခြင်းလုပ်ငန်းစဉ်သည် ၎င်းတို့၏သန့်စင်မှုကို တိုးမြှင့်ပေးခြင်းသာဖြစ်သည်။

ကျားဖြူသွေးမျိုးဆက်ရှိသော ပိုင်ယွမ်သည် တစ်စုံတစ်ရာသောအတိုင်းအတာအထိ သန့်စင်တဲ့ သားရဲကျင့်ကြံသူအဖြစ် ယူဆနိုင်ပြီး သားကောင်ရှာဖွေနေသော သားရဲမဟုတ်တော့ဘူး

ချင်းတန်- “ဒါဆို ပိုင်ယွမ်က ညီမလေးတို့လို ဆေးပြားတွေ စားဖို့လိုတာလား”

ထိုသို့ဖြစ်လျှင် မွေးမြူရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

ချင်းတန်၏မျက်လုံးထဲတွင် ဆေးပြားများသည် အလွန်တန်ဖိုးကြီးသည်။

လင်းတုန်သည်တော့ ပျော်ရွှင်လာခဲ့သည်- “အကိုကြီး ဒီအတိုင်းသာဆို ပိုင်ယွမ်ရဲ့အနာဂတ် အစာအတွက်ကို ကျွန်တော့်ကိုသာ အားကိုးလိုက်။”

လင်းတုန် အတော်လေး၀မ်းသာနေသည်။ မဟုတ်ပါက သူတို့သည် သားရဲတစ်ကောင်ကို သတ်ဖြတ်တိုင်း သားကောင်သည် ရှောင်ယန်ထံသို့ ရောက်ရှိသွားမည်ဖြစ်ပြီး လင်းတုန်သည် အနည်းငယ် ရှက်ရွံ့သကဲ့သို့ ခံစားနေခဲ့ရသည်။

“အာဝူးး... ဝုတ်... ဝုတ်...”

ထိုအချိန်တွင် တောအုပ်ထဲမှ တုန်ခါမှုအသံများ ကြားလာရသည်။

“အဲဒါက ဘာအသံတွေလဲ” ချင်းတန်က အံ့အားသင့်စွာ မေးမြန်းခဲ့သည်။

ဝူယွမ်သည် ချက်ချင်းပင် သူ၏ဝိညာဉ်စွမ်းအင် အမြင်ကို ထုတ်လွှတ်ကာ စုံစမ်းလိုက်သည်။

“ဟပ်စ်... အဲဒါက ၀ံပုလွေအုပ်ဘဲ”

All Chapters