အခန်း (၂၃၁၁-၂၃၁၅)
Vol. 119 Ch. 2311-2315
Chapter 2311
ထိုအသံကိုကြားချိန်တွင် ကျိုးခိုင်နှင့်သူ၏နောက်လိုက်တပည့်တစ်စုလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤကဲ့သို့အစွမ်းထက်သောစွမ်းအားမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ တွေ့မြင်ဖူးခြင်းမရှိချေ။
သူတို့က လုယွီကိုထပ်မံ၍ကြည့်လိုက်ရာ သူတို့ရှေ့၌ရပ်နေသူသည် ယခင်ကသူတို့နှိမ့်ချဆက်ဆံခဲ့သည့် တပည့်သစ်တစ်ယောက်မဟုတ်ဘဲ သွေးအိုင်အတွင်းမှတက်လာသောနတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။
"ထွီ...ငါတို့က မင်းကိုကြောက်မယ်လို့ ထင်နေတာလား"
ကျိုးခိုင်သည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း မကြာမီမှာပင် သူ၏စိတ်နှလုံးသားအတွင်းမှ ကြောက်ရွံမှုများကို ချိုးနှိမ်ထားလိုက်၏။
သူသည် အလယ်အလတ်အဆင့်တပည့်တစ်ယောက်ပင်။မည်သည်ကြောင့် ကျောင်းတော်သို့ဝင်ရောက်လာသည်မှာ မကြာသေးသည့် တပည့်သစ်တစ်ယောက်ကို သူ ကြောက်ရွံနေရမည်နည်း။
ကျိုးခိုင်က ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒီနေရာကအရာတွေအားလုံးက မင်းစိုက်ထားတာတွေလို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ...ဒါတွေကို ဒီနေရာမှာ ငါစိုက်ထားတာကြာလှပြီလို့ ငါလည်းပြောလို့ရတာပဲလေ...မင်းမှာ သက်သေရှိလို့လား"
"မင်းက သက်သေလိုချင်တာလား"
လုယွီက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"ငါက နတ်ဆိုးသားရဲတွေကို မွေးမြူဖို့အတွက် ဒီအပင်တွေကို အထူးသီးသန့်စိုက်ပျိုးထားတာ...ငါက သက်သေပြဖို့လိုအပ်တယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ထိုအချိန်မှာပင် ပြင်းထန်သောခြေလှမ်းသံများက အဝေးတစ်နေရာရှိ မြေပြင်ပေါ်မှနေ၍ ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း...
မြေပြင်တစ်ခုလုံး တုန်ရီနေသည်။ဤကဲ့သို့ ကြီးမားသောပြောင်းလဲမှုသည် အစောပိုင်းက အငြင်းပွါးနေသူများ၏ စကားသံများကို ရပ်တန့်သွားစေသည်။
"ကြည့်လိုက်အုံး...အဲ့ဒီနေရာကို ကြည့်လိုက်ကြအုံး"
နောက်လိုက်တပည့်များအနက်မှတစ်ယောက်သည် သူ၏လက်ကိုဆန့်တန်းကာ ကျိုးခိုင်၏နောက်ဘက်သို့ လက်ညှိုးညွှန်လိုက်၏။
ကျိုးခိုင်သည် သူ၏နောက်၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာကာ သူ၏နောက်ကျောပေါ်သို့ကျရောက်နေသော နေရောင်ကို ကာဆီးသွားခြင်းအား ရုတ်တရက်ခံစားမိသည်။
သူက နောက်သို့လှည့်ကြည့်လိုက်ရာ အစောပိုင်းက သူ့အား လိုက်လံတိုက်ခိုက်ခဲ့သော မြေကမ္ဘာဝက်ဝံဘုရင်ကို တွေ့မြင်မိသည်။ထိုမြေကမ္ဘာဝက်ဝံဘုရင်သည် သူတို့လူစုကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေလေ၏။
ထိုမြေကမ္ဘာဝက်ဝံဘုရင်သည် မတ်တတ်ရပ်လိုက်စဥ်တွင် အဆောက်အအုံနှစ်လုံးစာခန့်မြင့်မားသဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လူဘီလူးပေါက်စတစ်ကောင်နှင့်တူညီနေသည်။
ဤသည်က နတ်ဆိုးမှော်သားရဲဘုရင်အဆင့်ဖြစ်ကာ သူ၏အမွှေးများသည် မှော်လက်နက်များကို ကာကွယ်ဟန့်တားနိုင်ကာ မှော်မန္တန်များ၏သက်ရောက်မှုကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ထို့ကြောင့် မြေကမ္ဘာဝက်ဝံဘုရင်ကို ထိခိုက်နာကျင်အောင်ပြုလုပ်ရန်မှာ အလွန်အမင်းခက်ခဲသည်။
ထို့ပြင် မြေကမ္ဘာဝက်ဝံဘုရင်သည် အလွန်သန်မာအားကောင်းသည်။ထိုနတ်ဆိုးသားရဲဘုရင်သည် ခုခံကာကွယ်နိုင်စွမ်း မြင့်မားရုံသာမက သူတို့လူစုကို အချိန်တခဏဖြင့် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။
ဤကဲ့သို့အဆင့်မြင့်နတ်ဆိုးသားရဲနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အားလုံးသည် ကြီးမားသောဖိအားအရှိန်အဝါတစ်ခု သူတို့ထံတိုးဝင်လာသည်ကို ခံစားမိလေ၏။
ကျိုးခိုင်က ထိတ်လန့်တကြားပြောဆိုသည်။
"ဘယ်လိုလုပ်ပြီးတော့ ဒီနတ်ဆိုးသားရဲဘုရင်က ရုတ်တရက်ကြီး ရောက်လာတာလဲ"
ထိုအချိန်မှာပင် ခပ်အုပ်အုပ်ခြေလှမ်းသံများက သူတို့ထံသို့ တရွေ့ရွေ့ ချဥ်းကပ်လာသည်။
ကောင်းကင်ဝံပုလွေဘုရင် တောရိုင်းဝက်သိုးဘုရင် ကျားဘုရင်နှင့် ဧရာမလူဝံဘုရင်တို့သည် သစ်ပင်များအကြားမှထွက်လာကာ ကျိုးခိုင်တို့လူစုကို ဝိုင်းရံလိုက်၏။
ဤကဲ့သို့အဆင့်မြင့်နတ်ဆိုးသားရဲဘုရင်များ၏ ဝိုင်းရံထားခြင်းကိုခံရသဖြင့် ကျိုးခိုင်၏စိတ်နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။
ဤမှော်သားရဲများ အနည်းငယ်လှုပ်ရှားလိုက်လျှင်ပင် သူတို့အားလုံး မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားနိုင်သည်။
ထိုမှော်သားရဲများအားလုံး၏မျက်လုံးအကြည့်များသည် ကျိုးခိုင်၏လက်အတွင်းရှိ စိတ်ဝိညာဥ်ဆေးပင်များပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသည်။
ကျိုးခိုင်က ထိတ်လန့်တုန်လှုပ်သွားသည်။သူ ကိုင်ထားသော စိတ်ဝိညာဥ်ဆေးပင်များသည် ထိုမှော်သားရဲများ၏ပိုင်ဆိုင်မှုဖြစ်နိုင်ကြောင်း ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားပေ၏။
ကျိုးခိုင်က သူ၏လက်အတွင်းရှိဆေးပင်များကို မြေပြင်ပေါ်သို့ အလျှင်အမြန်ချလိုက်သည်။
သို့ရာတွင် ထိုမှော်သားရဲများသည် ကျိုးခိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေဆဲပင်။
သူတို့၏မျက်လုံးအကြည့်များအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။
ကျိုးခိုင်က အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ရုတ်ချည်းဆိုသလိုပင် သူက သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဥ်ဆေးပင်များအားလုံးကိုထုတ်ယူကာ မြေပြင်ပေါ်သို့ ဖြန့်ချလိုက်သည်။
သို့ရာတွင် ထိုမှော်သားရဲများသည် မလှုပ်မယှက်ရှိနေဆဲပင်။
"သူတို့က ဘာလုပ်ချင်နေတာလဲ"
ကျိုးခိုင်သည် သူ၏ဦးရေပြား ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။ဤကဲ့သို့ နတ်ဆိုးမှော်သားရဲအမြောက်အမြားနှင့် ရင်ဆိုင်ရချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး မွန်းကြပ်လာခဲ့သည်။
လုယွီက ထိုမှော်သားရဲများကိုဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။
"မင်းတို့ ဒါတွေကို စားလို့ရတယ်"
ထိုအချိန်ကျမှသာ နတ်ဆိုးသားရဲဘုရင်များသည် မြေပြင်ပေါ်ရှိ စိတ်ဝိညာဥ်ဆေးပင်များကိုကောက်ယူကာ စားလိုက်ကြ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျိုးခိုင်က ကြက်သေသေသွားသည်။
ဤသည်က နတ်ဆိုးသားရဲဘုရင်များ မဟုတ်လော...
မည်သည်ကြောင့် သူတို့သည် လုယွီ၏စကားကို နားထောင်နေကြသနည်း...
ဤကိစ္စသည် မည်သို့ဖြစ်နိုင်မည်နည်း....
လုယွီက ကျိုးခိုင်ကိုကြည့်၍ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ငါစိုက်ထားတဲ့ စိတ်ဝိညာဥ်ဆေးပင်တွေရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တယ်...ဒါကြောင့် ငါ မင်းတို့ကို လွယ်လွယ်နဲ့အလွတ်မပေးနိုင်ဘူး"
Chapter 2312
"မင်း...မင်း ဘာလိုချင်တာလဲ"
ကျိုးခိုင်က ဖြူရော်နေသောမျက်နှာဖြင့် မေးမြန်းသည်။
အကယ်၍ သာမာန်အချိန်မျိုးဆိုပါက သူသည် လုယွီကို ကြောက်ရွံမည်မဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌ လုယွီ၏နံဘေးတွင် သူ့အားလွယ်လင့်တကူဆုတ်ဖြဲပစ်နိုင်စွမ်းရှိသော နတ်ဆိုးမှော်သားရဲများရှိနေသည်။
လုယွီက နံဘေးပတ်ဝန်းကျင်ရှိ မညီမညာဖြစ်နေသောမြေပြင်ကို လက်ညှိုးညွှန်ကာ ပြောဆိုလေ၏။
"မင်းတို့ကောင်တွေ အဲ့ဒီနေရာကိုသွားပြီးတော့...မြေပြင်ကို နဂိုအတိုင်းပြန်ဖြစ်အောင် ပြင်ဆင်ပေးစမ်း"
လမ်း၏တစ်ဖက်တစ်ချက်ရှိမြေပြင်ပေါ်တွင် မူလက မရေမတွက်နိုင်သော စိတ်ဝိညာဥ်ဆေးပင်များကို စိုက်ပျိုးထားသည်။
သို့ရာတွင် ကျိုးခိုင်တို့လူစု၏လောဘတကြီးရိတ်သိမ်းမှုကြောင့် ထိုဆေးပင်များအားလုံးသည် ရင့်မှည့်သည်ဖြစ်စေ မရင့်မှည့်သည်ဖြစ်စေ အမြစ်မှဆွဲနှုတ်ခြင်း ခံခဲ့ရသည်။
ဤသည်က မြေပြင်ပေါ်တွင် နက်ရှိုင်းသောကျင်းများ ချိုင့်များကို ကျန်ရစ်ခဲ့စေလေ၏။
ကျိုးခိုင်က အလွန်ရှက်ရွံသွားကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းက ငါတို့ကို ဥယျာဥ်မှူးလုပ်ခိုင်းနေတာလား"
သူသည် တာအိုရှာဖွေခြင်းခန်းမဆောင်၏ စီနီယာတပည့်ကြီးဖြစ်သည်။သူသည် အမြဲတစေ ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်ခဲ့သူဖြစ်ရာ မည်သည်ကြောင့် ဤကဲ့သို့ကိစ္စမျိုးကို လုပ်ဆောင်ရမည်နည်း။
ကျိုးခိုင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်ဒေါသထွက်နေသော်လည်း မြေကမ္ဘာဝက်ဝံဘုရင်သည် စိတ်မရှည်သောပုံဖြင့် သူ့အားဖြတ်ရိုက်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဖြောင်း...
ကြိုးပြတ်သွားသောစွန်ကဲ့သို့ ကျိုးခိုင်သည် လွင့်ထွက်သွားပြီး မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။
ထိုရိုက်ချက်သည် ညင်သာခြင်းမရှိပေ။ကျိုးခိုင်သည် မူးဝေမှုကို ခံစားလိုက်ရပြီး သူ၏ရင်ဘတ်အတွင်းမှသွေးချီများ ဗြောင်းဆန်သွားသည်။သူ၏ခန္ဓာကိုယ်မှ အရိုးများပင် ကျိုးပဲ့သွားလုမတက်ပင်။
မြေကမ္ဘာဝက်ဝံဘုရင်သည် ခွန်အားကုန်အသုံးပြုခဲ့ခြင်းမရှိချေ။သူသည် တစ်ချက်ဖြတ်ရိုက်ပြီးနောက် ကျိုးခိုင်ကို လှည့်ကြည့်ခြင်းပင်မပြုဘဲ မြေပြင်ပေါ်ရှိ စိတ်ဝိညာဥ်ဆေးပင်များကို ကောက်၍စားနေသည်။
"သူက ငါ့ကို သတ်နိုင်တယ်"
ကျိုးခိုင်၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေလေ၏။သူသည် မြေကမ္ဘာဝက်ဝံဘုရင်ထံမှလာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
ဤဧရာမသက်ရှိကြီးသာ သူ့ကိုသတ်ဖြတ်လိုပါက လက်ချောင်းတစ်ချောင်းလှုပ်လိုက်သကဲ့သို့ အလွန်လွယ်ကူပေမည်။
"ကောင်းပြီလေ...ငါတို့ ဒါကိုလုပ်ပေးမယ်"
ကျိုးခိုင်တို့လူစုသည် ပတ်ဝန်းကျင်ရှိမြေပြင်မှ ကျင်းများချိုင့်များကို ပြန်လည်၍မြေဖို့လိုက်ကြ၏။
ဤနေရာတွင် မည်သည့်ပစ္စည်းကိရိယာမှမရှိသဖြင့် ကျိုးခိုင်တို့လူစုသည် သူတို့၏လက်များကိုအသုံးပြုကာ ကျင်းများကို မြေဖို့ကြရသည်။
အချိန်တခဏအတွင်းမှာပင် မူလက ကောင်းမွန်စွာဝတ်ဆင်ထားသောကျင့်ကြံသူများသည် မြေကြီးနှင့်ရွှံများပေကျံသွားကြပြီး စုတ်ပြတ်သတ်နေသော အခြေအနေမျိုးသို့ ရောက်ရှိသွားသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ခွန်အားသန်မာသော ကျင့်ကြံသူများဖြစ်နေသောကြောင့် အချိန်တိုအတွင်းမှာပင် မြေပြင်ကို ပြန်လည်၍ညီညာပြန့်ပြူးအောင် ပြုလုပ်နိုင်ခဲ့သည်။
"သွားကြစို့...မဟာကွန်ဖြူးရှပ်ပညာရှင်နဲ့တွေ့ရအောင် ငါ့ကိုခေါ်သွားစမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ကျိုးခိုင်သည် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကိုချိုးနှိမ်၍ သူလာခဲ့ရာလမ်းအတိုင်း ပြန်သွားလိုက်၏။
ဤနေရာပတ်ဝန်းကျင်ရှိ မှော်သားရဲများအားလုံးသည် လုယွီ၏လက်အတွင်းမှ စိတ်ဝိညာဥ်ဆေးပင်များကို လာ၍ယူဆောင်ကြသည်အား သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ထားပြီးလေပြီ။
ဤနေရာတွင် လုယွီ သူ့အား မည်သည့်အရာကိုပြုလုပ်ရန် ခိုင်းစေသည်ဖြစ်စေ သူ နာခံရပေမည်။
သို့ရာတွင် ကျောင်းတော်အတွင်း၌မူ အခြေအနေများ ကွဲပြားခြားနားသွားလေပြီ။
တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်းသို့ ရောက်ရှိသည်နှင့် ကျိုးခိုင်သည် သူ၏စိတ်နှလုံးသားအတွင်းမှဒေါသများကို ထပ်မံ၍ဖိနှိပ်ထားနိုင်ခြင်းမရှိတော့ဘဲ ပွင့်အံ့ထွက်လာသည်။
"ကောင်လေး...အစောပိုင်းက မင်း အရမ်းမောက်မာနေတာမဟုတ်လား...ငါ မင်းကို ပြောမယ်...ဒီတစ်ကြိမ်တော့ မင်း အဆုံးသတ်သွားပြီ...မဟာကွန်ဖြူးရှပ်ပညာရှင်တွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ငါ မင်းကို လမ်းပဲပြခိုင်းတာ...ဘာလို့ သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ"
ကျိုးခိုင်က သရော်တော်တော်ပြုံး၍ သူ့ဆရာသခင်၏အခန်းတံခါးကို ဖွင့်လိုက်၏။
အခန်းအတွင်းရှိအလယ်ဗဟိုနေရာ၌ မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ဖြစ်သော ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့ ထိုင်နေသည်။
တခြားတစ်ဖက်တွင်မူ သူ၏ဆရာသခင်သည် နံဘေးဘက်၌ မတ်တတ်ရပ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
"မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်နဲ့ ဆရာသခင်...ကျွန်တော် လုယွီကို ခေါ်လာပါပြီ...လုယွီ...မင်းက မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ကို တွေ့နေတာတောင် ချက်ချင်းဒူးထောက်ပြီး မင်းရဲ့အမှားကို ဝန်မခံသေးဘူးလား"
ကျိုးခိုင်က အော်ငေါက်လိုက်သည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက ဘာအမှားတွေ ကျူးလွန်ထားလို့လဲ"
ကျိုးခိုင်က အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုလိုက်၏။
"အခုချိန်ထိတောင် မင်းက ဝန်ခံဖို့ကို ငြင်းဆန်နေတုန်းပဲလား...ကျောင်းတော်ရဲ့စစ်ဆေးစမ်းသပ်စာမေးပွဲမှာ မင်းက ပေါက်ပန်းလေးဆယ်တွေ ရေးသားဖြေဆိုခဲ့တယ်ဆိုတာ အသိသာကြီးလေ...ဒါက ကျောင်းတော်ကို မထီမဲ့မြင်ပြုတာနဲ့ အတူတူပဲ...မင်း မြန်မြန်ဒူးထောက်ပြီး အမှားကိုဝန်ခံတာ ပိုကောင်းလိမ့်မယ်...မဟာကွန်ဖြူးရှပ်ပညာရှင်တွေက စိတ်သဘောထားကြီးပြီး မင်းကို ခွင့်လွှက်ပေးနိုင်တယ်"
လုယွီသည် အပြစ်ကိုဝန်ခံလိမ့်မည်ဟု ကျိုးခိုင်က တွေးတောနေစဥ်မှာပင် ရုတ်တရက် သူ၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါတို့နှစ်ယောက်က သူ့ကိုစစ်မေးဖို့ ဆင့်ခေါ်တယ်လို့ ဘယ်သူကပြောတာလဲ"
မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ဖြစ်သော ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့သည် ကျိုးခိုင်ကိုကျော်ဖြတ်၍ လုယွီထံဦးတည်ကာ လျှောက်လှမ်းသွားကြ၏။
Chapter 2313
"မင်းက ဒီအဖြေလွှာကို ရေးသားခဲ့တဲ့ လုယွီလား"
ချန်ကျင်းက အပြုံးနှင့် လုယွီကိုပြောဆိုသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်ချန်ကျင်း၏လေသံကိုနားထောင်ပြီး မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့ နေရာမှာပင် ကြက်သေသေသွားသည်။
ဤသည်က အမှန်မဖြစ်နိုင်ချေ။
ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် လုယွီကိုမြင်တွေ့သည်နှင့် ဆူပူအော်ငေါက်သင့်သည်မဟုတ်လော....
သူတို့သည် ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များ၏စိတ်နေစိတ်ထားကို သိရှိထားပြီးဖြစ်သည်။အကယ်၍ သူတို့၏မျက်လုံးရှေ့သို့ အမြင်မတော်သောအရာတစ်ခု ရောက်ရှိလာလျှင်ပင် ဤသည်က အမှားကျူးလွန်ခြင်းဖြစ်ပေ၏။သူတို့သည် အနည်းငယ်မျှပင် သည်းခံစိတ်မရှိဘဲ ကြီးလေးသောအပြစ်ကို ပေးလေ့ရှိသည်။
သို့ရာတွင် လုယွီသည် မည်သည်ကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ မျက်နှာသာပေးမှုကို ရရှိနေသနည်း။
"ဒီတပည့်က မဟာကွန်ဖြုူးရှပ်ပညာရှင်တို့ကို ဂါရဝပြုပါတယ်...ဒီစာတွေက တကယ့်ကိုပဲ ကျွန်တော်ရေးခဲ့တာပါ"
လုယွီက ဖြည့်စွက်၍ ဆက်လက်ပြောဆိုသည်။
"ကျွန်တော်က ဒီကျမ်းစာတွေကို အရင်က သင်ယူခဲ့ဖူးတယ်...ဒါကြောင့် ဒီမေးခွန်းတွေကို အလွယ်တကူဖြေဆိုနိုင်ခဲ့တယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် သူတို့၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်းမှ အပြုံးနှင့်ပြောဆိုလိုက်၏။
"ကြည့်ရတာတော့ လောကကြီးထဲမှာ အရည်အချင်းရှိတဲ့လူငယ်တွေ ရှိနေသေးပုံပဲ...ငါတို့က ဒီအဖြေစာလွှာရဲ့တချို့နေရာတွေကို မင်းနဲ့ဆွေးနွေးချင်တယ်"
ထို့နောက် သူတို့သုံးယောက်သည် စိတ်ခံစားချက်ကျမ်းစာနှင့်ပတ်သတ်သော အကြောင်းအရာများကို စတင်၍တိုင်ပင်ဆွေးနွေးကြသည်။
အစပိုင်းတွင် ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့သည် ကြားဖြတ်၍ အနည်းငယ်ဝင်ရောက်ဆွေးနွေးနိုင်သေးသည်။
သို့ရာတွင် အဆုံးသတ်၌ လုယွီ တစ်ယောက်တည်းကသာ ပြောဆိုသူဖြစ်နေပြီး မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်မှာ နားထောင်သူသက်သက်ပင်။
မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့ကမူ နေရာမှာပင် ကြက်သေသေနေသည်။
မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း....
ဤသည်က သူတို့ စိတ်ကူးယဥ်တွေးတောထားသည်နှင့် အပြည့်အဝကွဲပြားခြားနားနေသည်။
ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့သည် လုယွီအား ဆူပူကြိမ်းမောင်းရန်ဆင့်ခေါ်ခိုင်းခြင်းဖြစ်သည်ဟု မူလက သူတို့နှစ်ယောက် တွေးထင်ထားမိလေ၏။
သို့ရာတွင် ယခုလက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် ပြဿနာတချို့ကို တိုင်ပင်ဆွေးနွေးရန် လုယွီကိုလာရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဒီကောင်လေးမှာ ဘယ်လိုအသိအမြင်မျိုးနဲ့အရည်အချင်းတွေ ရှိနေတာလဲ...သူဆီမှာ မဟာကွန်ဖြူးရှပ်ပညာရှင်တွေကိုတောင် ပြန်ရှင်းပြနိုင်တဲ့အရည်အချင်းမျိုး ဘာလို့ရှိနေတာလဲ"
ကျိုးခိုင်သည် ကြက်သေသေနေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ပို၍ပို၍စိတ်တထင့်ထင့်ဖြစ်လာသည်။
လုယွီ ပြောဆိုသောအကြောင်းအရာများသည် အလွန်သိမ်မွေ့နက်နဲသဖြင့် သူ အနည်းငယ်မျှပင် နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
မိုဖုန့်ချိုးသည်လည်း ကျိုးခိုင်နှင့်တူညီစွာ ခံစားနေရ၏။
သူသည် ဟောပြောသူတစ်ယောက်ဖြစ်သော်လည်း ကျင့်ကြံခြင်းနယ်ပယ်အဆင့်မြင့်ရန်ကိုသာ အာရုံစူးစိုက်နေသဖြင့် မဟာတာအိုကိုလေ့လာဆင်ခြင်ခြင်းအပေါ်၌ အင်အားများစွာစိုက်ထုတ်ခဲ့ခြင်းမရှိချေ။
လုယွီ ပြောဆိုနေသော မဟာတာအိုသဘောတရားများကို သူ အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်းမရှိပေ။
သူတို့နှစ်ယောက်သည် နေရာမှာပင် မတ်တတ်ရပ်နေပြီး မလှုပ်မယှက်နေနေကြ၏။
လုယွီသည် မဟာတာအိုသဘောတရားများကိုပြောဆို၍ အဆုံးသတ်သွားသောအချိန်မှသာ မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် အ်ပ်မက်မှနိုးထလာသကဲ့သို့ လန့်နိုးလာသည်။
ဤမျှတိုတောင်းသောအချိန်ကာလအတွင်းမှာပင် လုယွီ၏မဟာတာအိုသဘောတရားများမှတဆင့် သူတို့နှစ်ယောက် အကျိုးအမြတ်များစွာရရှိခဲ့သည်။
ထိုမဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် ကွန်ဖြူးရှပ်တာအိုကို လေ့လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် လုယွီ၏အရည်အချင်းသည် ပြည့်ဝခြင်းမရှိပါက ဤမျှထိအခိုင်အမာပြောဆိုနိုင်မည်မဟုတ်သည်ကို သိရှိကြပေ၏။
"တာအိုရှာဖွေခြင်းခန်းမဆောင်ရဲ့ခန်းမသခင်တစ်ယောက်ဖြစ်နေပြီးတော့...တပည့်သစ်တွေကြားထဲမှာ ဒီလိုမျိုးပါရမီရှင်တစ်ယောက်ရှိနေတယ်ဆိုတာ ငါ မသိခဲ့ဘူး...ဂျူနီယာလေးရဲ့ဆရာသခင်က ဘယ်သူလဲဆိုတာ ငါ သိချင်မိတယ်...မင်း ငါနဲ့အတူ ကျင့်ကြံချင်လား"
ချန်ကျင်းက မေးမြန်းသည်။
သူသည် တပည့်တစ်ယောက်ခေါ်ယူရန် ဆန္ဒရှိနေပေ၏။
မဟာကွန်ဖြူးရှပ်တိုင်းတွင် သူတို့၏အမွေအနှစ်ကိုဆက်ခံမည့်တပည့်များရှိသည်။
သို့ရာတွင် သူတို့၏ဆက်ခံသူများကို ရွေးချယ်မှုမှာ အလွန်အမင်းတင်းကျပ်သည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏ လက်ရင်းတပည့်ဖြစ်လာပါက ထိုသူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ရင်းတပည့်အဖြစ် အဆင့်တက်သွားပေမည်။ထိုသူသည် တော်ဝင်စာမေးပွဲကိုပင် တိုက်ရိုက်ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိပေလိမ့်မည်။
ထိုစကားကိုကြားချိန်တွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ကျိုးခိုင်က အလျင်စလို ပြောဆိုသည်။
"မဟာကွန်ဖြူးရှပ်ပညာရှင်တို့...ဒီကောင်လေးရဲ့စရိုက်သဘာဝက အရမ်းယုတ်မာကောက်ကျစ်ပြီးတော့ ရိုင်းစိုင်းတယ်...တကယ်လို့ သူကသာ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ရဲ့တပည့် ဖြစ်သွားမယ်ဆိုရင် ပိုပြီးလွန်ကဲလာလိမ့်မယ်...စီနီယာတို့က သူ့ရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီး သူလှည့်စားတာကိုမခံသင့်ဘူး"
အကယ်၍ လုယွီကသာ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏တပည့်ဖြစ်လာပါက သူ့အတွက် အချိန်ကောင်းများ ပိုင်ဆိုင်ရတော့မည်မဟုတ်ချေ။
ထို့ကြောင့် ကျိုးခိုင်သည် အချိန်မီဟန့်တားလိုက်ခြင်းပင်။
ချန်ကျင်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ငါက လူတွေကို အကဲဖြတ်နိုင်တယ်...မင်းအဆင့်နဲ့ ငါ့ကို ညွှန်ပြဖို့လိုအပ်လို့လား"
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏ အစွမ်းထက်သောစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ကျိုးခိုင်က သူ၏ပါးစပ်ကိုပိတ်လိုက်သည်။
တစ်စုံတစ်ယောက်သည် တာအိုကိုဟောပြောနိုင်သော အဆင့်မျိုးသို့ရောက်ရှိသွားပါက တစ်ဖက်လူသည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို ပြောဆိုနိုင်စွမ်းရှိသည်။
ချန်ကျင်းသည်လည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်းသိရှိထားပေ၏။
Chapter 2314
ကွမ်ရုံကျင်းက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်နေရင်းမှ ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။
"ချန်ကျန်း...မင်းက ရှေးဟောင်းကျမ်းစာတွေကို သင်ကြားပေးတဲ့နေရာမှာ ကောင်းတဲ့သူမဟုတ်ဘူးလေ...ဒီတပည့် ငါ့ကိုပေးပါလား"
မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် လုယွီအတွက်နှင့် စတင်၍စကားစစ်ထိုးနေကြ၏။
ဤအချိန်အခိုက်အတန့်တွင် ကျိုးခိုင်သည် နိမိတ်မကောင်းသောစိတ်ခံစားချက်မျိုးရှိနေပြီး မိုဖုန့်ချိုး၏မျက်နှာအမူအယာမှာလည်း ပျက်ယွင်းနေသည်။
ဤသည်က တပည့်တစ်ယောက်ရရှိရန်အတွက် မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက် တိုက်ခိုက်ခြင်းပင်။
ထိုကိစ္စမှတဆင့် နောင်အနာဂတ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီ၏အဆင့်အတန်းသည် စိတ်ကူးယဥ်ကြည့်၍ပင်မရနိုင်သောအနေအထားသို့ ရောက်ရှိသွားမည်ဟု တွေးတောကြည့်နိုင်သည်။
ထို့ပြင် သူတို့သည် လုယွီအပေါ် ဆိုးဆိုးရွားရွား ရန်စစော်ကားထားပြီးလေပြီ။
မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်၏အကြည့်များအောက်၌ လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ပြောဆိုသည်။
"စီနီယာတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်တော်မှာ ဆရာတစ်ယောက်ရှိပြီးသားပါ...တခြားသူတွေကို ဆရာအဖြစ်အရိုအသေထပ်ပြုဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး"
ချန်ကျင်းက သူ၏သိချင်စိတ်ပြင်းပြမှုကို ထိန်းချုပ်၍မရတော့သဖြင့် မေးမြန်းလေ၏။
"မင်းရဲ့ဆရာသခင်က ဘယ်သူလဲဆိုတာ ငါ သိခွင့်ရှိမလား"
လုယွီက သူ့အား ယခင်က ယီဟန်ပေးထားခဲ့သော တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
ထိုတံဆိပ်ပြားကိုမြင်ချိန်တွင် ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်း...မင်းက...."
သူတို့နှစ်ယောက်လုံးက လုယွီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။
မူလက သူတို့သည် လုယွီကို ကျောင်းတော်မှပါရမီရှင်တပည့်သစ်တစ်ယောက်ဟုသာ တွေးထင်ခဲ့ကြသည်။မမျှော်လင့်ဘဲ လုယွီသည် ဝမ်ရှန့်သူတော်စင်ယီဟန်၏တပည့်တစ်ယောက် ဖြစ်နေပေ၏။
ထို့ထက်ပို၍အရေးအကြီးဆုံးအချက်မှာ ယီဟန်သည် အမည်ခံတပည့်အမြောက်အများကို လက်ခံခဲ့သော်လည်း လက်ရင်းတပည့်ဟူ၍ အနည်းငယ်သာရှိသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကျောင်းအုပ်ကြီး ဖူကျစ်ရွှယ်သည်လည်း ယီဟန်၏တပည့်တစ်ယောက်ပင်။သူသည် အသက်ငယ်ရွယ်စဥ်အချိန်မှာပင် အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ်သို့ ရောက်ရှိနေလေပြီ။
လုယွီ ထုတ်ဖော်ပြသထားသော တံဆိပ်ပြားသည် ယီဟန်၏လက်ရင်းတပည့်များသာ ပိုင်ဆိုင်နိုင်သောအရာဖြစ်သည်။
ဝမ်ရှန့်သူတော်စင်၏လက်ရင်းတပည့်ဆိုသည်မှာ သူ၏အမွေအနှစ်များကို ဆက်ခံမည့်သူဟု ဆိုလိုပေ၏။
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ထပ်မံပြောဆိုသည်။
"တကယ်လို့ စီနီယာတို့မှာ အချိန်အားလပ်တဲ့အချိန်ကျရင်...ကျွန်တော်တို့ တခြားကျမ်းစာတွေအကြောင်း ထပ်ပြီးဆွေးနွေးကြရအောင်"
လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ပို၍အောင်မြင်ကြီးထွားလာစေရန် ပြုလုပ်ရမည်ဖြစ်သဖြင့် သူ သိထားသောအရာများကို ထိန်ချန်ထားမည်မဟုတ်ချေ။
သူသည် မဟာတာအိုသဘောတရားများကို မဟာကွန်ဖြူးရှပ်ပညာရှင်များထံ လက်ဆင့်ကမ်းပေး၍ သူတို့၏စာပေနယ်ပယ်ကို မြှင့်တင်ပေးနိုင်သည်။ဤနည်းလမ်းဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏စုပေါင်းအင်အားကို တိုးတက်အောင် ပြုလုပ်ပေးနိုင်ပေမည်။
မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်သည် စိတ်ကျေနပ်မှု ပျော်ရွှင်မှုများနှင့် သဘောတူညီလိုက်ကြ၏။
"ဒီအကြောင်းကိုပြောမယ်ဆိုရင်...ငါ မေးပါအုံးမယ်...ငါတို့ရဲ့တာအိုရှာဖွေခြင်းခန်းမဆောင်မှာ ငါတို့လို မဟာကွန်ဖြူးရှပ်ပညာတွေရှိနေတယ်...ငါတို့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ မင်းရဲ့တပည့်က တခြားတပည့်တစ်ယောက်ရဲ့ခြံဝန်းကို ချိပ်ပိတ်အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့တာလဲ"
ချန်ကျင်းက ရုတ်တရက် မိုဖုန့်ချိုးကိုကြည့်၍ ပြောဆိုသည်။
"မဟာကွန်ဖြူးရှပ်ပညာရှင်...ကျွန်တော်တို့ မှားသွားပါတယ်...ကျွန်တော်တို့ကို အခွင့်အရေးတစ်ခုထပ်ပေးပါအုံး"
မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့က ချက်ချင်းဆိုသလိုပင် ဒူးထောက်၍ အသနားခံတောင်းပန်လေသည်။
အစောပိုင်းက လုယွီ၏အပြုအမူကိုကြည့်ခြင်းအားဖြင့် သူတို့သည် သူ့အား ရန်စစော်ကားမှုမပြုသင့်ခဲ့ကြောင်း သိရှိသွားလေ၏။
ထို့ပြင် လုယွီသည် မည်သည့်တံဆိပ်ပြားကို ထုတ်ပြခဲ့သည်အား သူတို့မသိရှိသော်လည်း မဟာကွန်ဖြူးရှပ်ပညာရှင်နှစ်ယောက်ကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
လုယွီ၏အစစ်အမှန်အဆင့်အတန်း မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူတို့ စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။
ချန်ကျင်းက အေးစက်စက်နှာမှုတ်လိုက်သည်။
"ကျောင်းတော်မှာ စည်းမျဥ်းဥပဒေရှိတယ်...ငါက အပြင်မှာဖြစ်နေတဲ့အရေးကိစ္စတွေကို လျစ်လျူရှုထားပြီးတော့ မင်း လုပ်ခဲ့တဲ့ကိစ္စတွေကို ဘာမှမသိဘူးလို့ မင်း ထင်နေတာလား"
"ဘာမဟုတ်တဲ့ အငြင်းပွါးမှုလေးတစ်ခုကြောင့် မင်းတို့က တစ်ဖက်လူရဲ့စစ်ဆေးစမ်းသပ်စာမေးပွဲမှာ လှည့်စားမှုတွေပြုလုပ်ခဲ့တယ်...တပည့်တစ်ယောက်ရဲ့ခြံဝန်းကို အခွင့်အာဏာမရှိဘဲ ချိပ်ပိတ်ခဲ့တယ်...မင်းတို့ရဲ့အပြုအမူတွေက သူခိုးဓားပြတွေနဲ့ ဘာကွာခြားမှု ရှိသေးလို့လဲ...ငါက ဘယ်လိုနည်းနဲ့ တာအိုရှာဖွေခြင်းခန်းမဆောင်ကို မင်းဆီ လွှဲအပ်ရမှာလဲ"
သူတို့ပြုလုပ်ခဲ့သမျှ အရာအားလုံးကို ချန်ကျင်းပြောဆိုသည်အားကြားချိန်တွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့ အံ့အားသင့်ထိတ်လန့်သွားကြ၏။
သူတို့သည် တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်း၌ ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်ခဲ့ကာ မကြာခဏ ပြစ်မှုများကို ကျူးလွန်လေ့ရှိသည်။
သို့ရာတွင် သူတို့၏အဆင့်အတန်းကြောင့် တပည့်များသည် သူတို့၏ပြစ်မှုများကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။သူတို့သည် သူတို့ပြုလုပ်ခဲ့သောကိစ္စများကို မဟာကွန်ဖြူးရှပ်ပညာရှင်များမသိနိုင်ဟု တွေးထင်ခဲ့ကြသည်။
"မဟာကွန်ဖြူးရှပ်ပညာရှင်တို့...ဒီကောင်လေးကို စီနီယာတို့က မယုံကြည်သင့်ဘူး...ခုဏက ကျွန်တော် သူ့ကို သွားခေါ်တဲ့အချိန်မှာ ..သူက နတ်ဆိုးသားရဲတွေနဲ့ပူးပေါင်းနေတာကို ကျွန်တော် တွေ့ခဲ့ရတယ်...သူက နတ်ဆိုးသားရဲဘုရင်တစ်စုကိုတောင် အသုံးပြုပြီး ကျွန်တော်ကို ခြိမ်းခြောက်ခဲ့တယ်"
ကျိုးခိုင်သည် နာကျင်မှုနှင့်မကျေနပ်မှု ရောပြွန်းနေသောလေသံမျိုးဖြင့် သူ၏ရွှံလူးနေသော အဝတ်အစားများကို လက်ညှိုးညွှန်ပြကာ ပြောဆိုငည်။
"စီနီယာတို့ ကြည့်ကြပါအုံး...ဒါက သက်သေပဲ"
Chapter 2315
"စီနီယာအကိုကြီးက လုယွီ တောင်ကြားလမ်းမှာစိုက်ထားတဲ့ စိတ်ဝိညာဥ်ဆေးပင်တွေကို လုယက်ခဲ့တာလေ"
"အမှန်ပဲ...စီနီယာအကိုကြီးက အဲ့ဒီစိတ်ဝိညာဥ်ဆေးပင်တွေကို အပိုင်သိမ်းချင်နေတာ...လုယွီက မြေတွေပြန်ဖို့ရုံလောက်ပဲ သူ့ကိုအပြစ်ပေးခဲ့တာ"
ထိုအချိန်မှာပင် ကျိုးခိုင်၏နောက်လိုက်တပည့်များက ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။
ကျိုးခိုင်က အလွန်အမင်း ဒေါသထွက်သွားသည်။
"မင်းတို့ ဘာတွေပြောနေကြတာလဲ...မဟာကွန်ဖြူးရှပ်ပညာရှင်တွေရဲ့ရှေ့မှာတောင် မင်းတို့က ပေါက်ကရစကားတွေ ပြောဝံ့သေးတာလား"
"မင်းအမြဲတမ်းလုပ်နေကျကိစ္စတွေကို မင်း မမှတ်မိဘူးလား"
"သေချာတာပေါ့...ပြောရမယ်ဆိုရင် မင်းတို့ရဲ့ဖိနှိပ်ညှင်းပန်းမှုကြောင့် ကျောင်းတော်ကနေ ထွက်သွားရတဲ့တပည့် ဘယ်လောက်များများရှိနေပြီလဲ"
"ထွီ...ဒီလိုလူစားမျိုးတွေက ငါတို့ရဲ့ဆရာသခင်နဲ့စီနီယာအကိုကြီးဖြစ်ဖို့ ထိုက်တန်လို့လား...ငါတို့က ဒီနေ့တော့ အမှောင်ကိုစွန့်ခွါပြီး အလင်းကိုသွားတော့မယ်...ငါတို့က မင်းတို့ရဲ့လက်အောက်မှာ ဆက်ပြီးမနေနိုင်တော့ဘူး"
တပည့်များအားလုံးက တညီတညွတ်တည်း အောဟစ်ပြောဆိုကြသည်။
သာမာန်နေ့ရက်များတွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့သည် သူတို့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခဲ့သည်။
သူတို့သည် ကျောင်းတော်မှဆုလာဘ်များရရှိသည်ဖြစ်စေ တာဝန်များကိုပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဖြစ်စေ ကျိုးခိုင်သည် ကြားဝင်စွက်ဖက်၍ အကျိုးအမြတ်အများစုကို ယူဆောင်သွားလေ့ရှိသည်။
ထို့ပြင် မို့ဖုန့်ချိုးသည် ပို၍ပင်ဆိုးရွားလေ၏။ပိုင်မင်ဟန်ကို ဆွဲဆောင်နိုင်ရန်အလို့ငှါ မိုဖုန့်ချိုးသည် တပည့်များကို လက်ဆောင်များသယ်ဆောင်၍ ဟန်မြစ်အဆောင်သို့ နေ့စဥ်နေ့တိုင်းသွားရောက်စေသည်။
ထိုနောက်လိုက်တပည့်များသည် မူလက ကျင့်ကြံခြင်းအရင်းအမြစ်များ ပို၍ရရှိစေရန်ရည်ရွယ်၍ မိုဖုန့်ချိုးထံ တပည့်ခံခဲ့ခြင်းဖြစ်သည်။သို့ရာတွင် မမျှော်လင့်ဘဲ သူတို့သည် ကျင့်ကြံခြင်းအရင်းအမြစ်များ မရရှိရုံသာမက သူတို့၏ပုံမှန်ကျင့်ကြံမှုအချိန်များကိုပင် မိုဖုန့်ချိုးက ယူဆောင်ထားလေ၏။
တပည့်များအားလုံးသည် ထိုကိစ္စများကို သည်းခံခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ယခုချိန်တွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့၏ အဆုံးသတ်ချိန်ရောက်ရှိနေခြင်းကို သူတို့အားလုံး ရှင်းရှင်းလင်းလင်းသိရှိထားသည်။
ထို့ကြောင့် သူတို့ဘက်မှကာကွယ်၍ မည်သည့်တပည့်ကမျှ ပြောဆိုပေးလိုခြင်းမရှိချေ။
ချန်ကျင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနေ့ကနေစပြီး မိုဖုန့်ချိုးနဲ့ကျိုးခိုင်ကို ကျောင်းတော်ကနေထုတ်ပယ်လိုက်ပြီ...မင်းတို့ အခုချက်ချင်း ကျောင်းတော်ကနေ ထွက်သွားကြတော့"
မိုဖုန့်ချိုး၏မျက်နှာဖြူရော်နေပြီး သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"သူတို့က ဒါတွေကို ကျွန်တော်မသိအောင် လုပ်နေတာပါ...ကျွန်တော် ဘာတစ်ခုမှ မသိပါဘူး"
ဤအချိန်အခိုက်အတန့်တွင် မိုဖုန့်ချိုးသည် သူ၏လက်ရင်းတပည့်ပေါ်သို့ အပြစ်များအားလုံးလွှဲချရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် ချန်ကျင်းသည် မတုန်မလှုပ်ရှိနေပြီး မိုဖုန့်ချိုးကို အနည်းငယ်မျှပင် ငဲ့ညှာထောက်ထားခြင်းမရှိချေ။
"မင်းတို့ကို ကျောင်းတော်ကနေထုတ်ပယ်လိုက်ပြီလို့ ငါ ပြောပြီးသားလေ...တကယ်လို့ မင်းတို့က ကျောင်းတော်ကနေ ထုတ်ပယ်မခံရဘူးဆိုရင်တောင် မင်းရဲ့ဟောပြောမှုတွေအတွက် လူအများကြီးရဲ့ မေးမြန်းစစ်ဆေးတာကိုခံယူရမယ်"
မိုဖုန့်ချိုးက သူသည် ကံကြမ္မာဆိုးနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။သာမာန်နေ့ရက်များတွင် သူ၏ဟောပြောမှုများသည် အနည်းငယ်မျှပင် နက်နဲသိမ်မွေ့ခြင်းမရှိချေ။သူသည် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ ထိုတပည့်များ၏သံသယစိတ်များကို ဖိနှိပ်ထားခြင်းဖြစ်သည်။ယခုကြည့်ရသည်မှာ ထိုအကြံအစည်ကို သူ ဆက်လက်၍ အသုံးပြုနိုင်တော့မည့်ပုံမရချေ။
သူ ကျောင်းတော်၌ ဆက်၍နေရန်မှာလည်း မဖြစ်နိုင်တော့ပေ။
နောက်လိုက်တပည့်များအားလုံး၏ရှေ့မှာပင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့သည် သူတို့၏ပစ္စည်းများကို သိမ်းဆည်း၍ ကျောင်းတော်မှ ထွက်ခွါသွားတော့သည်။
မမျှော်လင့်ဘဲ သူတို့အား မည်သည့်တပည့်မှ လိုက်ပါပို့ဆောင်ခြင်းမရှိသည့်အပြင် တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်းမှနေ၍ ဝမ်းမြောက်ဝမ်းသာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဤသည်က ထိုလူနှစ်ယောက်၏ဆိုးရွားသောစရိုက်သဘာဝကို ညွှန်ပြနေခြင်းပင်။
"တစ်ရက်မှာ...ဒီနေ့ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံး နောင်တရစေရမယ်"
မိုဖုန့်ချိုးက အခဲမကြေနိုင်သောလေသံဖြင့် ရေရွတ်လိုက်၏။
သူသည် သူ့ကိုယ်သူ ကောင်းကင်ကံကြမ္မာ၏သားတော်ဟု ယူဆထားခဲ့သည်။သူ့အား ကျောင်းတော်မှ မောင်းထုတ်ခြင်းခံရသည့်နေ့ရက်မျိုး ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ကျိုးခိုင်ကလည်း မခံမရပ်နိုင်ဖြစ်နေသည်။
"ဒါကအမှန်ပဲ...အဲ့ဒီလုယွီဆိုတဲ့ကောင်က ဝင်္ကပါတွေနဲ့မှော်သားရဲတွေပေါ်မှာ မှီခိုအားထားပြီးတော့ အားကောင်းနေတာ...တကယ်လို့ သူ့မှာသာ ပြင်ပအကူအညီတွေမရှိဘူးဆိုရင် ကျွန်တော် သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို ချေမွှဖျက်ဆီးပစ်လို့ရတယ်"
"ဟူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က အဆုံးသတ်ချိန်ရောက်နေပြီလို့ ယူဆလို့ရတယ်...ကျောင်းတော်ရဲ့မဟာကွန်ဖြူးရှပ်ပညာရှင်တွေက ပါရမီရှင်နဲ့ငတုံးငအကိုတောင် ခွဲခြားမသိဘူး...နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ဒီထက်ပိုပြီး နိမ့်ကျလာမှာသေချာတယ်"
မိုဖုန့်ချိုးက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"ကျိုးခိုင်...ငါ့ရဲ့ခွန်အားနဲ့ဆိုရင် မရေမတွက်နိုင်တဲ့အင်အားစုတွေက ငါ့ကိုခေါ်ယူချင်မှာသေချာတယ်..မင်းနဲ့ငါ တော်ဝင်မြို့တော်ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ရင် ပိုမကောင်းဘူးလား...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ခုဆုံးဖြတ်ချက်အတွက် နောင်တရစေရမယ်"
ကျိုးခိုင်သည်လည်း တူညီသောရည်ရွယ်ချက်မျိုးရှိနေသဖြင့် သူက အလျင်စလိုပြောဆိုလိုက်သည်။
"ကျွန်တော်က ဆရာသခင်ရဲ့စကားကို အမြဲတမ်းနာခံမှာပါ"