← Chapters

အခန်း (၂၃၁၆-၂၃၂၀)

Vol. 119 Ch. 2316-2320

အခန်း (၂၃၁၆-၂၃၂၀)

Vol. 119 Ch. 2316-2320

Chapter 2316

သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ဟုတ်လှပြီဟု ဘဝင်ခိုက်နေကြသဖြင့် သူတို့၏နောက်ရှိတောအုပ်အတွင်းတွင် လူအမြောက်အများ၏ဝိုးတဝါးပုံရိပ်များရှိနေသည်ကို သတိမပြုမိကြချေ။

မည်သို့ပင်ဆိုစေကာမူ မိုဖုန့်ချိုးသည် အတွေ့အကြုံကြွယ်ဝသူဖြစ်သဖြင့် မကြာမီမှာပင် သူ၏နောက်၌ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသဖြင့် သူက အော်ဟစ်လိုက်၏။

"နောက်မှာ ဘယ်သူတွေရှိနေတာလဲ"

ကျိုးခိုင်က နားလည်သဘောပေါက်ခြင်းမရှိချေ။

"ဆရာသခင်...ဘာဖြစ်တာလဲ"

မိုဖုန့်ချိုးက ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်သော်လည်း အစောပိုင်းက သူ အာရုံခံမိသောလူရိပ်များအားလုံး ပျောက်ကွယ်သွားလေပြီ။

"ဒါက ငါ ထင်ယောင်ထင်မှားဖြစ်နေတာများလား"

မိုဖုန့်ချိုးက ထိုကိစ္စကိုလက်ခံနိုင်ရန် လွန်စွာခက်ခဲနေသည်။

သို့ရာတွင် ဤသည်က ယာယီအချိန်အခိုက်အတန့်ပင်။

သူတို့နှစ်ယောက်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော လမင်းမြို့ကိုရွေးချယ်၍ သွားလိုက်ကြ၏။

ဤနေရာတွင် မြောက်များစွာသော လေဟာနယ်သင်္ဘောများကို ကျောက်ချထားသည်။လမင်းမြို့မှနေ၍ တော်ဝင်မြို့တော် တခြားကုန်းမြေများအပြင် အလွန်ဝေးကွာသော ကြယ်နယ်မြေများအထိ သွားလာနိုင်သည်။

သူတို့နှစ်ယောက်သည် ဤနေရာရှိ လေဟာနယ်သင်္ဘောကိုစီးနင်း၍ မြောက်ပိုင်းဝါးမျိုခြင်းတိုက်ကြီးမှ ထွက်ခွါသွားရန် ကြံရွယ်ထားသည်။

သို့ရာတွင် မမျှော်ဘင့်ဘဲ ဤနေရာသို့ သူတို့ရောက်ရှိချိန်တွင် လေဟာနယ်သင်္ဘောများရွှက်လွှင့်မှုကို လတ်တလောအချိန်ကာလအတွင်းတွင် ရပ်နားထားကြောင်း သိရှိလိုက်ရသည်။ထိုလေဟာနယ်သင်္ဘောများရွှက်လွှင့်ရန် သူတို့သည် အနည်းဆုံးအချိန်တစ်လခန့် စောင့်ဆိုင်းရပေမည်။

"သောက်ချေးပဲ...ဘာလို့ ဒီအချိန်ကျမှ ရပ်နားထားတာလဲ"

ကျိုးခိုင်က ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်၏။

ဆိပ်ကမ်းမှအလုပ်သမားတစ်ယောက်က တောင်းပန်စကားပြောဆိုသည်။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ခုလတ်တလောအချိန်မှာ အရမ်းထကြွသောင်းကျန်းနေတယ်...ဒါကြောင့် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့အုပ်ချုပ်ရေးရုံးတော်က လေဟာနယ်သင်္ဘောတွေကို ကျောက်ချထားဖို့ အမိန့်ပေးခဲ့တယ်...ကူးပြောင်းရေးဝင်္ကပါတွေကိုတောင် ပိတ်ဆို့ထားတယ်"

မိုဖုန့်ချိုးက မကျေမချမ်း ပြောဆိုလေသည်။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက သာမာန်အညတရလူဆိုးဂိုဏ်းတစ်ဂိုဏ်းလေ...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့အုပ်ချုပ်ရေးရုံးတော်က တကယ့်ကိုပဲ ဘာမဟုတ်တာကို အရေးတယူလုပ်နေတာပါလား...ငါတို့က တစ်လတောင် ဒီနေရာမှာစောင့်ရမယ်"

မည်သည့်ကိစ္စများရှိနေပါစေ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၌ သူတို့နှစ်ယောက် အချိန်ကြာကြာနေ၍မရချေ။

နှစ်စဥ်နှစ်တိုင်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်မှထုတ်ပယ်လိုက်သည့်လူများစာရင်းကို တရားဝင်ကြေငြာလေ့ရှိသည်။ထိုအချိန်မျိုးသို့ရောက်ရှိလာပါက သူတို့ကို မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေတစ်ခုလုံး သိရှိသွားပေမည်။

သူတို့နှစ်ယောက် မည်မျှပင်အရေထူသည်ဖြစ်စေ ​မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ ဆက်လက်၍နေနေရန်မှာ မဖြစ်နိုင်ချေ။

သူတို့နှစ်ယောက်သည် လမ်းမကြီးအတိုင်းလျှောက်လှမ်းကာ ခမ်းနားထည်ဝါသောတည်းခိုခန်းတစ်ခုသို့ သွားခဲ့သည်။

မမျှော်လင့်ဘဲ သူတို့ တည်းခိုခန်းအတွင်းသို့ဝင်လိုက်ချိန်တွင် လူအမြောက်အများရှိနေသည်ကို မြင်တွေ့လိုက်ရ၏။တည်းခိုခန်း၏ပထမထပ်တစ်ထပ်လုံး လူများဖြင့်ပြည့်နှက်နေသည်။

"ဆိုင်ရှင်...ထိပ်တန်းအဆင့်အခန်းနှစ်ခန်းပေးစမ်း"

ကျိုးခိုင်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။

ဤသည်က အဆင့်အတန်းတစ်ခု၏အထိမ်းအမှတ်သင်္ကေတဖြစ်သည်။

ဆိုင်ရှင်သည် သူတို့နှစ်ယောက်ကို ပျာပျာသလဲဆီးကြို၍ တောင်းပန်စကားပြောဆိုလေ၏။

"ကျွန်တော် တောင်းပန်ပါတယ်...ထိပ်တန်းအဆင့်အခန်းကို ခုဏကတင် တခြားလူက ကြိုတင်မှာယူသွားပြီ...အဆင့်နိမ့်အခန်းတွေတော့ ရှိနေသေးတယ်...ဧည့်သည်တော်တို့ အဲ့ဒီနေရာမှာနေဖို့ ဆန္ဒရှိလား"

"အဆင့်နိမ့်အခန်း....မင်းက ငါတို့ကို သူတောင်းစားမှတ်နေတာလား...အခုချက်ချင်း ကြိုတင်မှာယူထားတဲ့ကောင်ကို ပယ်ဖျက်လိုက်...ငါတို့ ထိပ်တန်းအဆင့်အခန်းမှာနေမယ်"

ကျိုးခိုင်က အော်ငေါက်လိုက်သည်။

သူနှင့်မိုဖုန့်ချိုးသည် ကျောင်းတော်အတွင်း၌ အစဥ်အမြဲမောက်မာဝံ့ကြွားစွာ နေထိုင်ခဲ့သူများဖြစ်သည်။ထို့ကြောင့် ပြင်ပလောကသို့အရောက်တွင် သူတို့၏ဒေါသများကို ထိန်းချုပ်ထားနိုင်ခြင်းမရှိချေ။

ဆိုင်ရှင်၏မျက်နှာပေါ်တွင် ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒါပေမယ့်...အခုလေးတင်ပဲ အခန်းကြိုယူထားတဲ့သူက ရောက်လာပြီ"

"ငါတို့ အဲ့ဒီအခန်းထဲကိုဝင်သွားမယ်...အဆင်ပြေလား...ငါ အဲ့ဒီလူကို မောင်းထုတ်လိုက်မယ်"

ကျိုးခိုင်က ထိပ်ဆုံးထပ်ဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်၏။

မိုဖုန့်ချိုးက ကျိုးခိုင်ကို ဟန့်တားခြင်းမရှိချေ။သူ၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားသော အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။

အကယ်၍ သူသည် နိမ့်ကျသောလူများနှင့်အတူ အဆင့်နိမ့်အခန်းမျိုးတွင်သာ နေထိုင်ရပါက သူ့အားသတ်ဖြတ်လိုက်သည်ထက် ပို၍ဆိုးရွားသွားပေမည်။

ဘုန်း...ဘုန်း...ဘုန်း...

ကျိုးခိုင်က တံခါးဆီသို့လျှောက်သွား၍ သူ၏လက်ကိုမြှောက်ကာ ပြင်းပြင်းထန်ထန်ထုနှက်လိုက်သည်။

ထိုအခန်းတံခါး အလျှင်အမြန် ပွင့်လာသည်။အခန်းအတွင်းမှနေ၍ သုန်မှုန်နေသောမျက်နှာအမူအယာရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်ထွက်လာကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။

"ဘာကိစ္စရှိလို့လဲ"

"မင်း...ဒီနေရာကနေ ထွက်သွားစမ်း...ငါတို့က ထိပ်တန်းအဆင့်အခန်းမှာနေမယ်"

ကျိုးခိုင်က အော်ငေါက်လိုက်၏။

ထိုလူလတ်ပိုင်းကြီးသည် ကျိုးခိုင်၏နောက်ရှိ ဆိုင်ရှင်ဖြစ်သူကိုတစ်ချက်ကြည့်ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ဘာလဲ...ငါက ဒီအခန်းမှာနေဖို့ ကြိုမှာထားပြီးသားလေ"

ဆိုင်ရှင်က လေသံဖျော့ဖျော့ဖြင့် တုံ့ပြန်ပြောဆိုလေသည်။

"ဧည့်သည်တော်...ဒီကလူကြီးမင်းနှစ်ယောက်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကပါ...ဧည့်သည်တော်က သူတို့နဲ့အငြင်းမပွါးတာ ပိုကောင်းလိမ့်မယ်...ဒီအခန်းကို ဖယ်ပေးလိုက်ပါ"

Chapter 2317

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းတွင် မည်သူကမျှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်နှင့် အငြင်းပွါးဝံ့ခြင်းမရှိချေ။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ အစွမ်းထက်ဆုံးအင်အားစုဖြစ်သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် မည်သည့်နေရာတွင်မဆို လူအများ၏ရိုသေလေးစားစွာဆက်ဆံခြင်းကိုခံရသည်။

သို့ရာတွင် မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့ တွေးတောထားသည်နှင့် ဆန့်ကျင်ဘက်နိုင်စွာ ထိုလူလတ်ပိုင်းကြီးသည် သူတို့အား အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကကောင်တွေက...ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်နေလို့လဲ...ထွက်သွားစမ်း"

လူလတ်ပိုင်းကြီးက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

မည်သည့်ကြောင့် ကျိုးခိုင်သည် ဤကဲ့သို့အော်ငေါက်ခံရမှုကို သည်းခံနိုင်မည်နည်း။သူက အလွန်အမင်းဒေါသထွက်သွားလေ၏။

"မျက်နှာသာပေးတာကိုတောင် မယူတက်ဘူး...ငါ မင်းကို သင်ခန်းစာပေးမှဖြစ်မယ်"

စကားဆုံးသည်နှင့် သူက လူလတ်ပိုင်းကြီးကို ပါးဖြတ်ရိုက်ရန် ဟန်ပြင်လိုက်သည်။

မမျှော်လင့်ဘဲ လူလတ်ပိုင်းကြီးသည် ရှောင်ရှားခြင်းမပြုချေ။ထိုအစား သူက ကျိုးခိုင်ထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဘုန်းခနဲမြည်သံနှင့်အတူ ကျိုးခိုင်သည် နောက်သို့လွင့်ထွက်သွားပြီး လှေကားလက်ရမ်းနှင့် ရိုက်ခတ်မိလေ၏။

မိုဖုန့်ချိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ငါတို့ကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ"

တုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းတစ်ရပ်က သူ၏လက်ချောင်းထိပ်၌ စုဝေးလာကာ သူက ထိုလူလတ်ပိုင်းကြီးကို လက်ညှိုးညွှန်လေသည်။

ထိုလက်ညှိုးအတွင်း၌ ထောင်နှင့်ချီသောမှော်မန္တန်များကို စုစည်းထားခြင်းဖြစ်သည်။မှော်နည်းစနစ်သက်သက်အရဆိုလျှင် မိုဖုန့်ချိုးသည် ကျိုးခိုင်ထက် အဆများစွာ ပို၍သာလွန်ပေ၏။

သို့ရာတွင် ထိုလူလတ်ပိုင်းကြီးသည် မိုဖုန့်ချိုး၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် အာရုံစိုက်ခြင်းမရှိချေ။သူ၏ကြီးမားသောလက်ကြီး ကျရောက်လာခြင်းနှင့်အတူ မိုဖုန့်ချိုး၏မှော်နည်းစနစ်ကို ဖိနှိပ်လိုက်သည်။

မိုဖုန့်ချိုးသည် သူ၏စိတ်အတွင်းမှနေ၍ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည်။ရုတ်တရက် သူ၏အကြည့်က ထိုလူလတ်ပိုင်းကြီး၏လက်မောင်းပေါ်မှ အမှတ်အသားပေါ်သို့ အမှတ်မထင်ကျရောက်သွားလေ၏။

ဤသည်က ပီပြင်ထင်ရှားသော ကြာပန်းစိမ်းအမှတ်အသားပင်။

"မင်းက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူလား"

မိုဖုန့်ချိုးက အံ့အားတသင့် ရေရွတ်လိုက်သည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အုပ်ချုပ်ရေးရုံးတော်မှ ဝရမ်းထုတ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ထိုဂိုဏ်း၏နည်းစနစ်များသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး ရုန့်ရင်းကြမ်းတမ်းသည်။မြောက်ပိုင်းဝါးမျိုခြင်းတိုက်ကြီးအတွင်း၌ နေထိုင်သော ကျင့်ကြံသူများသည် သူတို့အား တက်နိုင်သမျှအစွမ်းကုန် ရှောင်ရှားကြလေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ မိုဖုန့်ချိုးသည် မြို့အတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှလူနှင့် ပက်ပင်းရင်ဆိုင်မိလေသည်။

"မင်းလိုငနုံကောင်က ဒါကို ရှာတွေ့သွားသေးတာလား"

လူလတ်ပိုင်းကြီးက ဆဲရေးတိုင်းထွာကာ ခြေလှမ်းကျဲကြီးများဖြင့် အခန်း၏ပြင်ပသို့ထွက်လာသည်။ထို့နောက် သူ၏နက်နဲသိမ်မွေ့သော မှော်စွမ်းအားလှိုင်းဖြင့် မိုဖုန့်ချိုးကို ဖိနှိပ်လိုက်သည်။

ဘန်း...ဘန်း...ဘန်း...

ရုတ်တရက် တည်းခိုခန်း၏တံခါးနှင့်ပြတင်းပေါက်များအားလုံး ပိတ်သွားသည်။ထို့နောက် မရေမတွက်နိုင်သောမျက်လုံးအကြည့်များက မိုဖုန့်ချိုးနှင့်ကျိုးခိုင်ပေါ်သို့ အခိုင်အမာကျရောက်လာသည်။

"မင်း...မင်းတို့ ဘာလုပ်နေကြတာလဲ"

ဆိုင်ရှင်၏အသံထွက်ပေါ်လာလာခြင်းမှာပင် သူသည် သွေးအိုင်အတွင်းသို့ ပြိုလဲကျသွားပေ၏။

တည်းခိုခန်းအတွင်း၌ကျန်ရှိနေသော ဧည့်သည်များမှာလည်း အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

အစောပိုင်းကမှ နိုးလာခဲ့သော ကျိုးခိုင်၏ခြေထောက်များ ပျော့ခွေလဲကျသွားလုနီးပါးပင်။

သူတို့သည် အမှန်တကယ်ကိုပင် လူဆိုးများ၏ရိပ်မြုံအတွင်းသို့ ဝင်လာခဲ့မိသည်။ထို့နောက် သူတို့နှစ်ယောက်ကြားလိုက်ရသော စကားတစ်ခွန်းသည် သူတို့၏လိပ်ပြာများလွင့်လုမတက် တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်ပေ၏။

"အထီးကျန်ဝံပုလွေ ဓမ္မအစောင့်အရှောက်...တည်းခိုခန်းတစ်ခန်းလုံးကို ကျွန်တော်တို့ ထိန်းချုပ်ပြီးပါပြီ"

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ လက်အောက်ငယ်သားတစ်ယောက်က ရှေ့သို့တိုးလာပြီး သတင်းပို့သည်။

မိုဖုန့်ချိုးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"မင်းက မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့အစောင့်စစ်စခန်းထဲကို ကျူးကျော်ဝင်ရောက်ပြီး မဟာစစ်ဗိုလ်ချုပ်ကိုသတ်ခဲ့တဲ့ အထီးကျန်ဝံပုလွေလား"

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း အဆင်အခြင်မဲ့ပြုလုပ်ခဲ့ဆုံးအချိန်ကာလတွင် သူတို့သည် တော်ဝင်စစ်တပ်၏စစ်စခန်းကိုပင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်စခန်းကိုဦးဆောင်သော မဟာစစ်ဗိုလ်ချုပ်ပင်လျှင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရရာ လူများအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။

ထို့ပြင် စစ်စခန်းကိုတိုက်ခိုက်ခဲ့သူသည် သူ၏ရှေ့မှ အထီးကျန်ဝံပုလွေဓမ္မအစောင့်အရှောက်ပင်။

အထီးကျန်ဝံပုလွေက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့်ပြောဆိုသည်။

"တကယ်လို့ မင်းတို့ငတုံးနှစ်ကောင်ကြောင့်သာမဟုတ်ရင်....ငါ ဒီလောက်လွယ်လွယ်ကူကူနဲ့ ဖော်ထုတ်ခံရမှာမဟုတ်ဘူး...ငါ့ရဲ့အကြံအစည်တွေကို ဖျက်ဆီးခဲ့တဲ့အတွက် မင်းတို့ ဘယ်လိုနည်းနဲ့သေချင်လဲ"

ဒုန်း...

မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့က ချက်ချင်းဆိုသလိုပင် ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ အသနားခံတောင်းပန်လိုက်၏။

မိုဖုန့်ချိုးက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ငါတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကလူတွေပါ....ငါတို့က မင်းကို ကူညီပေးနိုင်ပါတယ်...ငါတို့ကို မသတ်ပါနဲ့"

"ငါ့ကို အလွယ်တကူအရူးလုပ်လို့ရမယ်လို့ မင်းတို့ ထင်နေကြတာလား...မင်းတို့က ငါ့ကို ဘယ်လိုကူညီပေးနိုင်မှာလဲ"

အထီးကျန်ဝံပုလွေက သူတို့နှစ်ယောက်၏ရှေ့၌ ထိုင်လိုက်သည်။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် တည်ရှိမှုကြီး၏စူးစိုက်ကြည့်မှုကိုခံနေရသဖြင့် မိုဖုန့်ချိုး၏ခန္ဓာကိုယ်တစ်ခုလုံး ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေသည်။

"ငါက ဟောပြောသူတစ်ယောက်ပါ...ငါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လျှို့ဝှက်ဝင်္ကပါတွေနဲ့ ကျင့်ကြံနည်းစနစ်တချို့တွေရဲ့ အကြောင်းကိုသိတယ်...ငါ မင်းတို့ကို အားလုံးပြောပြနိုင်တယ်"

မိုဖုန့်ချိုးက ပျာပျာသလဲ ပြောဆိုသည်။

"ဟောပြောသူလား...ငါ့ကို သုံးနှစ်သားကလေးလို့ထင်နေတာလား...မင်းက ဟောပြောသူတစ်ယောက်ဆိုရင် ဒီနေရာကို ဘာလာလုပ်တာလဲ"

အထီးကျန်ဝံပုလွေက ဒေါသတကြီး အော်ငေါက်လိုက်၏။

Chapter 2318

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ဟောပြောသူတစ်ယောက်သည် မြင့်မားသောအဆင့်အတန်းရှိပြီး မြောက်မြားစွာသော ကျင့်ကြံခြင်းအရင်းအမြစ်များကိုရရှိသည်။

အကယ်၍ ဟောပြောသူတစ်ယောက် ပြင်ပသို့ထွက်လာပါက နောက်လိုက်အမြောက်အများပါဝင်ကာ အလွန်အမင်းကြီးကျယ်ခမ်းနားသည်။

ထို့ပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ဟောပြောသူများသည် အုပ်ချုပ်ရေးရုံး၏အပန်းဖြေအိမ်တော်များတွင် တည်းခိုနေထိုင်ရန် အရည်အချင်းပြည့်မီသည်။

ဤလူနှစ်ယောက်သည် တည်းခိုခန်းအတွင်း၌ ထိပ်တန်းအဆင့်အခန်းကို ရရှိရန်ပင် လုယက်နေကြရာ မည်သည့်နည်းဖြင့် ဟောပြောသူဖြစ်နိုင်မည်နည်း။

ရုတ်ချည်းဆိုသလိုပင် မိုဖုန့်ချိုး၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။သူက ခါးသည်းသောလေသံဖြင့် ပြောဆိုလိုက်၏။

"ကျောင်းတော်ထဲမှာ နိမ့်ကျတဲ့ကောင်တွေက အနိုင်ကျင့်ဗိုလ်ကျနေတယ်...မဟာကွန်ဖြူးရှပ်ပညာရှင်တွေက အမြင်မရှိဘဲနဲ့ ပါရမီရှင်တွေကို အသိအမှတ်မပြုဘူး...သူတို့က နိမ့်ကျတဲ့ကောင်တွေရဲ့ပြောစကားကိုနားယောင်ပြီးတော့ ငါ့နဲ့ငါ့တပည့်ကို ကျောင်းတော်ကနေ မောင်းထုတ်လိုက်တယ်"

"ဒါပေမယ့် ငါက အမှောင်ကိုစွန့်ခွါပြီးတော့ အလင်းကိုဝင်ဖို့ ဆန္ဒရှိပါတယ်...ငါက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့အကျိုးအတွက် တာဝန်ထမ်းဆောင်ပေးနိုင်ပါတယ်...ကျေးဇူးပြုပြီး ဓမ္မအစောင့်အရှောက်က ငါ့ကိုအခွင့်အရေးပေးပါ"

စကားဆုံးသည်နှင့် မိုဖုန့်ချိုးက သူ၏ပယ်ဖျက်ခံထားရသော တံဆိပ်ပြားကို ထုတ်ပြလေသည်။

ထိုတံဆိပ်ပြားသည် ထပ်မံ၍အသုံးမဝင်တော့သော်လည်း သူ ပြောဆိုခဲ့သမျှ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်သည်။

အထီးကျန်ဝံပုလွေက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"ဟောပြောသူတစ်ယောက်အဖြစ်ကနေ ထုတ်ပယ်ခံထားရတဲ့ မင်းလိုကောင်မျိုးက ဘယ်လိုမျိုးအသုံးဝင်မှာမလို့လဲ"

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းမှ တခြားဂိုဏ်းဝင်များကလည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။

အကယ်၍ ယခင်ကသာ မိုဖုန့်ချိုးနှင့်ကျိုးခိုင်တို့သည် တခြားသူများ၏ လှောင်ပြောင်သရော်ခြင်းခံရပါက ဒေါသတကြီး တုံ့ပြန်ပြောဆိုပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့၏စိတ်နှလုံးသားများကို အထီးကျန်ဝံပုလွေအား ထိတ်လန့်ကြောက်ရွံသောစိတ်များက ကြီးစိုးထားသည်။သူတို့ထံ၌ ထွက်ပြေးရန်ပင် သတ္တိမရှိချေ။

အထီးကျန်ဝံပုလွေက သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်၌ ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဒီတစ်ကြိမ် ငါတို့ရောက်လာတာက လမင်းမြို့ရဲ့မြို့အရှင်ကို သတ်ဖြတ်ပြီးတော့...ဒီနေရာက အစောင့်တပ်တွေကို အမြစ်ပြတ်သုတ်သင်ဖို့ပဲ...မင်းတို့က ငါတို့ရဲ့အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းထဲကို ဝင်ချင်တယ်ဆိုရင်....မင်းတို့ရဲ့ပူးပေါင်းမှုအတွက် သက်သေပြရမယ်"

"ဓမ္မအစောင့်အရှောက်...ငါ...ငါတို့မှာ တခြားအသုံးဝင်တဲ့အရာတွေ ရှိပါသေးတယ်"

ကျိုးခိုင်က ငြင်းပယ်ရန် ဆန္ဒရှိနေလေ၏။

မမျှော်လင့်ဘဲ အထီးကျန်ဝံပုလွေက ကျိုးခိုင်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။

"အရှက်မရှိတာတွေ မပြောစမ်းနဲ့...ဒါက မင်းတို့အတွက် အခွင့်အရေးပဲ...တကယ်လို့ မင်းတို့က ဒါကိုမယူဘူးဆိုရင် ငါ မင်းတို့ကိုသတ်ပစ်မယ်"

အထီးကျန်ဝံပုလွေက အေးစက်တင်းမာသောလေသံနှင့် ပြောဆိုသည်။

ထိုခြိမ်းခြောက်စကားကိုကြားချိန်တွင် မိုဖုန့်ချုံးနှင့်ကျိုးခိုင်တို့နှစ်ယောက်လုံး တုန်လှုပ်ချောက်ချားသွားပြီး မည်သည့်စကားတစ်လုံးမျှ ထပ်မံ၍မဆိုဝံ့တော့ချေ။

သို့ရာတွင် သူတို့၏မျက်လုံးများအတွင်း၌ ခါးသည်းမှုအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

သူတို့သည် တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော အရာရှိများနှင့်စစ်သားများကိုသာ သတ်ဖြတ်လိုက်ပါက သူတို့သည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့်ပေါင်းစည်းမိသွားပြီဖြစ်သဖြင့် တော်ဝင်စစ်တပ်၏အလိုရှိစာရင်းဝင်များ ဖြစ်သွားပေမည်။

"ဒါတွေအားလုံးက ဟိုကောင်စုတ်လေးကြောင့်ပဲ...ငါ့ဆီမှာ အခွင့်အရေးရလာတာနဲ့ ငါ လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

သူတို့နှစ်ယောက်၏စိတ်နှလုံးသားများအတွင်း၌ လုယွီကို အငြိုးအတေးထားကာ ဆန့်ကျင်တိုက်ခိုက်ရန်အတွက် မရေမတွက်နိုင်သောအကြံအစည်များကို တွေးတောနေသည်။

……

လုယွီသည် တာအိုရှာဖွေခြင်းခန်းမဆောင်အတွင်း၌ နှစ်ရက်ကြာ ဆက်လက်၍နေထိုင်ခဲ့သည်။

ဤနှစ်ရက်အတွင်းတွင် ချန်ကျင်းနှင့်ကွမ်ရုံကျင်းတို့သည် တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကိုဖိတ်ကြား၍ လုယွီ၏စာပေဟောပြောမှုကို နားထောင်စေသည်။

ယခင်ကဆိုလျှင် တပည့်တစ်ယောက်သည် မဟာကွန်ဖြူးရှပ်ပညာရှင်များကို ဟောပြောရန်ဆိုသည်မှာ ဖြစ်နိုင်ချေမရှိသလောက်နီးပါးကိစ္စပင်။သို့ရာတွင် ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် အနည်းငယ်မျှပင် အထွန့်တက်ခြင်းမရှိချေ။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လုယွီသည် ဝမ်ရှန့်သူတော်စင်ယီဟန်၏ လက်ရင်းတပည့်ဖြစ်နေခြင်းပင်။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တပည့်သစ်တစ်ယောက်ဖြစ်သော်လည်း အမှန်အားဖြင့် သူ၏အဆင့်အတန်းသည် မဟာကွန်ဖြူးရှပ်ပညာရှင်များထက် သာလွန်ပေ၏။

ထို့ပြင် မဟာတာအိုအပေါ် လုယွီ၏နားလည်သဘောပေါက်မှုသည် အလွန်အမင်းနက်နဲသိမ်မွေ့ပြီး သူ၏ငယ်ရွယ်သောအသက်ဖြင့်ပင် သဟဇာတဖြစ်မနေချေ။

လုယွီ၏ဟောပြောမှုကို နားထောင်ပြီးနောက် မဟာကွန်ဖြူးရှပ်ပညာရှင်အများစုထံတွင် သူတို့၏ကိုယ်ပိုင်အတွေးအမြင်များ ရရှိသွားကြသည်။တချို့မဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏စာပေတာအိုနယ်ပယ်ကို ချိုးဖျက်နိုင်ကြပြီး ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းသွားသည်။

ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် လုယွီကို အလွန်အမင်း ရိုသေလေးစားနေကြ၏။

"မင်းရဲ့မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုကို အခြေခံကြည့်ပြီးတော့ ဝမ်ရှန့်သူတော်စင်မှာ ပြိုင်ဘက်ကင်းအမြင်မျိုးရှိတယ်ဆိုတာ ပြသနေတယ်...မင်းက တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုချင်နေမှတော့ ဒုက္ခအများကြီးခံနေရစရာမလိုဘူး...ငါတို့ လူအိုကြီးတစ်သိုက်ရဲ့ထောက်ခံမှုနဲ့ဆိုရင် မင်းက အဆင့်မြင့်တပည့်နေရာကို တိုက်ရိုက်တက်လှမ်းနိုင်ပြီးတော့ နောက်နှစ်တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုနိုင်ပြီ"

ချန်ကျင်းက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီး အပြုံးနှင့်ပြောဆိုသည်။

ဤရက်အနည်းငယ်အတောအတွင်းတွင် အတွေးအမြင်ဖလှယ်ခဲ့မှုများမှတဆင့် သူသည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

"စီနီယာတို့တွေ ကျွန်တော်ကိုစောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လုယွီ ဤကဲ့သို့ပြုလုပ်ခဲ့ရခြင်း၏အကြောင်းအရင်းတစ်ချက်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ သူ တော်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုနိုင်မည့် ထောက်ပံကူညီမှုများ ရရှိရန်ပင်။

Chapter 2319

မဟာကွန်ဖြူးရှပ်ပညာရှင်များကို နှုတ်ဆက်စကားပြောဆိုပြီးနောက် လုယွီသည် ထန်အာထံမှသတင်းစကားကို လက်ခံရရှိခဲ့သည်။

သူတို့နှစ်ယောက် ဆုံတွေ့မည့်နေရာကို ကျီးကန်းနက်တောင်အစား အနောက်ဘက်တောင်တန်းကို ရွေးချယ်လိုက်ကြ၏။

"ဒီကိစ္စက အရမ်းအရေးကြီးပြီးတော့ တိတ်တဆိတ်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဆရာသခင်က ငါ့ကိုအမိန့်ပေးထားတယ်...နင် ဘာအသံဗလံမှမထွက်အောင် ထိန်းသိမ်းထားနိုင်ရင် အကောင်းဆုံးပဲ ..ငါတို့ မြန်မြန်သွားပြီး မြန်မြန်ပြန်လာကြရအောင်"

လုယွီအပေါ်ထားရှိသည့် ထန်အာ၏စိတ်နေသဘောထားသည် အလွန်ကောင်းမွန်နေခြင်းမရှိချေ။

လုယွီသည် ရေအိုင်အလယ်ရှိကျွန်းပေါ်တွင် သူမနှင့်တိုက်ခိုက်ရန် ငြင်းပယ်ခဲ့စဥ်မှစ၍ ထန်အာသည် သူ့အား အမှိုက်တစ်စဟု ယူဆထားခဲ့သည်။

ဤကဲ့သို့အရေးကြီးသောလုပ်ငန်းတာဝန်မျိုးကို လုပ်ဆောင်ရာတွင် အပိုလူတစ်ယောက်ကို ခေါ်ဆောင်သွားရသဖြင့် ထန်အာသည် သူမ၏စိတ်နှလုံးသားအတွင်း၌ မည်မျှပင်စိတ်ဆိုးဒေါသထွက်နေသည်ကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင်မရနိုင်ချေ။

လုယွီထံမှ တုံ့ပြန်မှုမရှိသည်ကိုကြည့်ပြီး ထန်အာက ဆက်လက်ပြောဆိုသည်။

"အဲ့ဒီနေရာကို ရောက်တဲ့အချိန်ကျရင် နင် ငါ့စကားကို နားထောင်ရမယ်...နင် အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရရင် ငါ နင်ကို ကူညီပေးမယ်"

"ကောင်းပြီလေ"

လုယွီသည် ဤကဲ့သို့ကိစ္စငယ်လေးများကို အနည်းငယ်မျှပင် အာရုံစိုက်ခြင်းမရှိချေ။

သူသည် ကျောင်းတော်မှတပည့်များ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားရခြင်း၏အကြောင်းအရင်းကိုသာ တွေးတောနေမိသည်။

မဟာကွန်ဖြူးရှပ်ပညာရှင်များကို ဟောပြောပြီးနောက် လုယွီသည် သူ သံသယဝင်နေသောအကြောင်းကို မေးမြန်းခဲ့လေ၏။သို့ရာတွင် မဟာကွန်ဖြူးရှပ်ပညာရှင်များသည် ထိုကိစ္စကို အာရုံစူးစိုက်ခဲ့သော်လည်း နက်နက်နဲနဲ စုံစမ်းစစ်ဆေးခဲ့ခြင်းမရှိချေ။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ရှေးရိုးဆန်သောဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပေ။

ကျောင်းတော်တည်ရှိနေရခြင်း၏ရည်ရွယ်ချက်သည် တော်ဝင်နန်းတော်ကိုထောက်ပံပေးနိုင်ရန်အတွက် လောကကြီးအတွင်းမှပါရမီရှင်လူငယ်များကိုရှာဖွေရန်ပင်။ကျောင်းတော်၏ကိုယ်ပိုင်အင်အား ကြီးထွားလာရန်မှာ အရေးမပါသောကိစ္စတစ်ရပ်ဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် အကယ်၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် ပြင်ပတွင် အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့ရပြီး သေဆုံးသွားလျှင်ပင် သူတို့ကိုယ်သူတို့သာအပြစ်တင်ရပေမည်။

အကယ်၍ ပြင်ပရှိတခြားဂိုဏ်းမှတပည့်များသာ အရေအတွက်အမြောက်အများ ပျောက်ဆုံးနေပါက ထိုဂိုဏ်းများသည် မြေလှန်၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြပေမည်။

ယခုလက်ရှိချိန်တွင် ကျောင်းတော်မှတပည့်များ ပျောက်ဆုံးနေခြင်းမှာ လုပ်ငန်းတာဝန်တစ်ခုသက်သက်ပင်။

သူတို့နှစ်ယောက်သည် ကုန်းနေမှော်သားရဲကိုစီးနင်း၍ အလွန်လျှင်မြန်သောအရှိန်ဖြင့် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အနောက်မြောက်ဘက်သို့ ဦးတည်၍သွားခဲ့သည်။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ...ကျီးကန်းနက်တောင်...

ဤသည်က တောင်တစ်လုံးတည်းမဟုတ်ဘဲ အလွန်မြင့်မားသောတောင်များ သွယ်တန်းနေသောတောင်တန်းကြီးပင်။

ထိုတောင်များ၏အလယ်ဗဟိုတွင် အဓိကတောင်ထိပ်တစ်ခုရှိသည်။ထိုတောင်ထိပ်ရှိကျောက်တုံးများသည် အဖုအထစ်ပေါများပြီး ကျီးကန်းနက်တစ်ကောင်ပုံသဏ္ဌာန်ဖြစ်နေသဖြင့် ဤနာမည်ကိုရရှိထားခြင်းဖြစ်သည်။

ကျီးကန်းနက်တောင်တန်းတစ်ခုလုံးသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ မြောက်ဘက်နယ်မြေတလျှောက်လုံးသွယ်တန်းနေပြီး တစ်နှစ်ပတ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေသည်။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းရှိ ရာသီဥတုသည် အလွန်အမင်းအေးစက်ပြီး ကျီးကန်းနက်တောင်တန်းတွင် အပြင်းထန်ဆုံးဖြစ်သည်။မာကျောကြမ်းတမ်းသောအရေပြားရှိသော မှော်သားရဲများပင်လျှင် အအေးစက်ဆုံးဖြစ်သောဆောင်းရာသီ၌ နေရာတစ်နေရာရှာ၍ ဆောင်းခိုနေရလေ့ရှိသည်။ထိုသို့မဟုတ်ပါက သူတို့သည် အေးစက်သောလေများကြောင့် အေးခဲကာ သေဆုံးသွားရပေမည်။

လုယွီနှင့်ထန်အာ ကျီးကန်းနက်တောင်သို့ ရောက်ရှိချိန်တွင် အချိန်ငါးရက်ကြာမြင့်သွားလေပြီ။

ဤနေရာသို့ သူတို့နှစ်ယောက်ရောက်ရှိချိန်တွင် ပတ်ဝန်းကျင်၌တိုက်ခတ်နေသော လေအေးများက ပို၍ဆိုးရွားပြင်းထန်လာသည်။သူတို့ မြင်နိုင်သမျှ အရာရာတိုင်းကို နှင်းလွှာများက ဖုံးလွှမ်းနေပေ၏။

လုယွီနှင့်ထန်အာတို့၏ခွန်အားသည် ကောင်းမွန်သဖြင့် သူတို့၏အခြေအနေသည် ကောင်းမွန်နေဆဲပင်။သူတို့၏မှော်စွမ်းအားများဖြင့် ကာကွယ်ထားကြောင့် ပြင်ပရှိအအေးဒဏ်ကို တားဆီးဟန့်တားနိုင်စွမ်းရှိသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူတို့၏နှလုံးသားကို လွှမ်းခြုံထားသော အအေးလှိုင်းများရှိနေဆဲပင်။

"တကယ်လို့ နင် ချမ်းနေတယ်ဆိုရင်...ငါ့မှာ အအေးဒဏ်ကိုကာကွယ်ပေးနိုင်တဲ့ ဝတ်ရုံတစ်ထည်ပါတယ်"

လုယွီ မလှုပ်မယှက်ငြိမ်သက်နေခြင်းကို ထန်အာက မြင်တွေ့မိသည်။ထန်အာသည် မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူမ၏သိုလှောင်အိတ်အတွင်းမှ ငွေရောင်ဝံပုလွေသားမွှေးဝတ်ရုံတစ်ထည်ကိုထုတ်ယူကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ခြုံပေးလိုက်၏။

လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ကြက်သေသေသွားပြီးနောက် သူက ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ကြည့်ရသည်မှာ ဤထန်အာဆိုသောမိန်းကလေးသည် လျှာစောင်းထက်သော်လည်း စိတ်နှလုံးသားနူးညံပျော့ပျောင်းပုံပင်။

"မင်းကို ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုငည်။

အမှန်အားဖြင့် သူ့ထံတွင် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် ယခုထက်အဆများစွာပို၍ အေးစက်နေလျှင်ပင် သူ တောင့်ခံနိုင်စွမ်းရှိသည်။

ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်များ၏ သွေးချီများသည် ဘယ်သောအခါမျှ ခြောက်ခမ်းမသွားသော ကျောက်ရည်ပူနှင့်တူညီပြီး ပတ်ဝန်းကျင်ရှိ အေးစက်မှုများကို ပျက်ပြယ်သွားစေရန် အခိုးအငွေ့များထုတ်လွှက်နိုင်စွမ်းရှိသည်။

သို့ရာတွင် ဤသည်က တစ်ဖက်လူ၏စိတ်စေတနာကောင်းဖြစ်သဖြင့် လုယွီက ဝမ်းမြောက်ပျော်ရွှင်စွာ လက်ခံလိုက်သည်။

"ငါတို့ရဲ့ရှေ့မှာ ဝေ့ရှစ်မြို့ပဲ...ဒါက ယုဝမ်မိသားစုရဲ့ပိုင်နက်နယ်မြေ...နင် မြို့ထဲကိုရောက်တာနဲ့ တက်နိုင်သမျှ စကားနည်းနည်းပဲပြောနော်...သူတို့က လူစိမ်းတွေဆိုရင် အမြင်မကြည်ကြဘူး"

ထန်အာက တီးတိုးပြောဆိုသည်။

အေးစက်သောလေပြင်းများ၏အောက်တွင် မြင့်မားသောမြို့ရိုးတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာသည်။

ဤသည်က ကျီးကန်းနက်တောင်ခြေရင်းတွင် ပြန့်ကျဲ၍တည်ရှိနေသော ရာနှင့်ချီသည့်မြို့များအနက်မှတစ်မြို့ပင်။

Chapter 2320

ဤသည်က ကျင့်ကြံသူများနေထိုင်သော မြို့ကြီးတစ်မြို့ပင်။

မြို့၏အလယ်ဗဟိုတွင် တစ်ရက်လျှင်သန်းနှင့်ချီသော စိတ်ဝိညာဥ်ကျောက်တုံးများ လောင်စာအဖြစ်အသုံးပြုရသည့် ဧရာမမီးပြင်းဖိုကြီးရှိကာ အအေးဒဏ်ကိုခုခံနိုင်ရန် ပူပြင်းသောအခိုးအငွေ့များကို ထုတ်လွှတ်ပေးနေသည်။

ဝေ့ရှစ်မြို့တွင် လူကောင်းနှင့်လူဆိုးရောထွေးနေကာ ကျင့်ကြံသူများနှင့်အတူလူရိုင်းများလည်း နေထိုင်ကြ၏။

မြို့ရိုးပေါ်တွင် ယုဝမ်မိသားစု၏အထိမ်းအမှတ်သင်္ကေတဖြစ်သော သစ်ပင်ပုံအမှတ်အသားပါသည့်အလံကို လွှင့်ထူထားသည်။

ယုဝမ်မိသားစုသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ မိသားစုကြီးတစ်ခုပင်။ထိုမိသားစုအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။ကျီးကန်းနက်တောင်ခြေရင်းရှိ မြို့အရေအတွက်တစ်ဝက်ကျော်ခန့်သည် ယုဝမ်မိသားစု၏ပိုင်နက်နယ်မြေဖြစ်သည်။

မြို့ဝင်ကြေးပေးပြီးနောက် လုယွီနှင့်ထန်အာတို့နှစ်ယောက် ယုဝမ်မိသားစု၏ပိုင်နက်နယ်မြေအတွင်းသို့ ရောက်ရှိခဲ့သည်။

ဝေ့ရှစ်မြို့၏မြို့အရှင်သည် ယုဝမ်မိသားစုဝင်တစ်ယောက်ပင်။နှစ်စဥ်နှစ်တိုင်း ယုဝမ်မိသားစုသည် မြို့အတွင်း၌ နေထိုင်သူများထံမှ အခွန်အခအဖြစ် အင်မော်တယ်ကျောက်တုံးများကို ကောက်ခံသည်။အပြန်အလှန်အနေဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့မှနေ၍ ထိုကျင့်ကြံသူများကို ကာကွယ်ပေးသည်။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေကဲ့သို့နေရာမျိုးတွင် အကယ်၍ တစ်စုံတစ်ယောက်သည် မြို့တစ်မြို့၏ကာကွယ်ပေးခံရမှုမရှိပါက မှော်သားရဲများ၏တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမသွားလျှင်ပင် အအေးဒဏ်ကြောင့် အေးခဲပြီးသေဆုံးသွားရပေမည်။

"ရပ်လိုက်စမ်း...ဒီနေရာက ယုဝမ်မိသားစုရဲ့အိမ်တော်...မင်းတို့တွေ မြန်မြန်နောက်ဆုတ်ကြစမ်း"

ယုဝမ်အိမ်တော်၏ပြင်ပ၌ စောင့်ကြပ်နေသော တုတ်ခိုင်သန်မာသည့် လူထွားကြီးတစ်ယောက်က အော်ဟစ်လိုက်၏။

ထန်အာက ပြောဆိုသည်။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်က ယုဝမ်မိသားစုခေါင်းဆောင်ကို တွေ့ခွင့်တောင်းပါတယ်"

ထို့နောက် ထန်အာက တံဆိပ်ပြားတစ်ခုကိုထုတ်ယူ၍ ထိုလူထွားကြီးထံသို့ လက်ကမ်းပေးလိုက်သည်။

လူထွားကြီးက တံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်က ဂုဏ်သိက္ခာအမြင့်မားဆုံးဧည့်သည်တော်များသာ ပိုင်ဆိုင်သည့်တံဆိပ်ပြားပင်။သူသည် ထိုအရာကိုလျစ်လျှူရှုမထားဝံ့သဖြင့် ယခင်ထက်များစွာပို၍ ယဥ်ကျေးသိမ်မွေ့သောလေသံဖြင့် ပြောဆိုလိုက်၏။

"အရင်ဆုံး မင်းတို့ ဒီနေရာမှာ ခဏစောင့်ပါဦး...ငါ အိမ်တော်ထဲကိုဝင်ပြီး သတင်းပို့လိုက်မယ်"

အချိန်တခဏကြာပြီးနောက် ယုဝမ်အိမ်တော်၏တံခါးမကြီးပွင့်လာကာ လူလတ်ပိုင်းကြီးတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြင်ပသို့ထွက်လာသည်။

"တူမလေးထန်အာ...ငါ မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ"

ထိုလူလတ်ပိုင်းကြီးသည် ပါးလွှာသောသားရေသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။သို့ရာတွင် ယခုကဲ့သို့ အေးစက်နေသောအခြေအနေမျိုးတွင် သူ့ကိုကြည့်ရသည်မှာ အအေးဒဏ်ကို အနည်းငယ်မျှပင် ခံစားရပုံမရချေ။

"ဒါဆို သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူပဲ"

လုယွီသည် လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်အတွင်းမှ တလိမ့်လိမ့်ထနေသော သွေးချီများကို အာရုံခံမိလေ၏။

သူ၏သွေးချီများကို ဖုံးကွယ်ထားကာ ထုတ်လွှတ်ထားခြင်းမရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်လေ့လာဆန်းစစ်ပါက ထိုလူလတ်ပိုင်းကြီးသည် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်၏အစွန်အဖျားကို ထိတွေ့မိပြီဖြစ်ကြောင်း ခံစားမိပေမည်။

လုယွီသည် မြောက်မြားစွာသောရှေးဟောင်းကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သည့်အပြင် ကံကြမ္မာကောင်းအမြောက်အများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့်သာ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရရှိခဲ့ခြင်းဖြစ်သည်။သို့ရာတွင် သူ့ရှေ့ရှိ လူလတ်ပိုင်းကြီးသည် ဤခေတ်အခါမျိုး၌ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရရှိအောင် ကျင့်ကြံနိုင်ခဲ့ရာ သူသည် သာမာန်ထက်သာလွန်ထူးကဲကြောင်း ပြသနေသည်။

"ဘိုးဘေးလင်ခုံးကို ဂါရဝပြုပါတယ်"

ထန်အာက ရိုသေလေးစားစွာ ပြောဆိုသည်။

သူတို့ရှေ့ရှိ လူလတ်ပိုင်းကြီးသည် ယုဝမ်မိသားစု၏ခေါင်းဆောင် ယုဝမ်လင်ခုံးပင်။

ထိုလူသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ မြောက်ပိုင်းဒေသကို သူ၏သဘောဆန္ဒအလျောက် ကာကွယ်စောင့်ကြပ်ခဲ့ပြီး မြောက်မြားစွာသောလူရိုင်းမျိုးနွယ်များကို သူ၏လက်အောက်ခံ ဖြစ်စေခဲ့သည်။

ယုဝမ်လင်ခုံးက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

"ငါ အရင်က မင်းကို နောက်ဆုံးတွေ့ခဲ့တဲ့အချိန်မှာ မင်းက ကလေးမလေးပဲရှိသေးတာ...ဒီနှစ်တွေအတွင်းမှာ မင်း ခုလောက်ထိကြီးလာမယ်လို့ ငါ ထင်မထားမိဘူး"

ထို့နောက် ယုဝမ်လင်ခုံး၏အကြည့်က လုယွီထံသို့ စောင်းငဲ့၍ ကျရောက်လာသည်။

"သူက ဘယ်သူလဲ"

ထန်အာက အလျင်စလို မိတ်ဆက်ပေးလိုက်၏။

"သူက ကျောင်းတော်မှာအတူတက်နေတဲ့ ကျွန်မရဲ့မိတ်ဆွေပါ"

အမှန်အားဖြင့် လုယွီသည် ထန်အာကို ကာကွယ်စောင့်ရှောက်ရန် လိုက်ပါလာခြင်းပင်။

သို့ရာတွင် ထန်အာသည် သူမ၏စိတ်နှလုံးသားအတွင်းတွင် မောက်မာဝံ့ကြွားမှုများရှိနေသော်လည်း ပြင်ပလူစိမ်းများရှေ့တွင် ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။

"ဒီနေရာမှာကိုရောက်လာမှတော့ ငါတို့အိမ်တော်ရဲ့ဧည့်သည်တော်ပဲပေါ့...မင်းလည်း ဝင်လာခဲ့ပါ"

လုယွီအပေါ်ထားရှိသော ယုဝမ်လင်ခုံး၏အပြုအမူသည် အေးစက်စက်ဆန်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် လုယွီသည် ဂရုမစိုက်ဘဲ ထျန်အာနှင့်အတူ ယုဝမ်အိမ်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

"ဘိုးဘေးလင်ခုံး...ဒါက ကျွန်မရဲ့ဆရာသခင်က ဘိုးဘေးကိုပေးခိုင်းလိုက်တဲ့စာပါ...အတိတ်မှာတုန်းကဆိုရင် ယုဝမ်မိသားစုက ဆရာသခင်ရဲ့အယုံကြည်ရဆုံးမိတ်ဆွေတွေပဲ...ယုဝမ်မိသားစုက အရင်ကပေးထားတဲ့ ကတိစကားကို စောင့်ထိန်းမယ်လို့ ဆရာသခင်က ယုံကြည်ထားတယ်"

ထန်အာက သူမ၏အင်္ကျီလက်မောင်းကြားမှနေ၍ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။

ယုဝမ်လင်ခုံးက ခေါင်းညိတ်ပြကာ ပြောဆိုလေ၏။

"ဘာမှမစိုးရိမ်ပါနဲ့...ငါတို့ယုဝမ်မိသားစုက ကတိတည်ပါတယ်...မင်းတို့ နားနေခန်းမှာအရင်ဆုံး အနားယူလိုက်ပါအုံး...ငါက ဒီကိစ္စကို မိသားစုထဲက အကြီးအကဲတွေနဲ့ သွားပြီးတိုင်ပင်ဆွေးနွေးလိုက်အုံးမယ်"

မကြာမီမှာပင် လုယွီနှင့်ထန်အာသည် ခမ်းနားထည်ဝါသောနားနေခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိသွားလေ၏။

နားနေခန်း၏ဘေးတစ်ဖက်တစ်ချက်တွင် အစေခံများက မတ်တတ်ရပ်နေသည်။သို့ရာတွင် ထိုအစေခံများသည် သူတို့အား တည်ခင်းဧည့်ခံနေသည်မှာ အတုအယောင်ဖြစ်ပြီး အမှန်အားဖြင့် သူတို့ကို စောင့်ကြည့်နေခြင်းပင်။

All Chapters