အခန်း (၂၃၂၁-၂၃၂၅)
Vol. 119 Ch. 2321-2325
Chapter 2321
"မင်းရဲ့ဆရာသခင်က မင်းကို ဘာတာဝန်မျိုးပေးလိုက်တာလဲ"
လုယွီက မေးမြန်းသည်။
သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်စဥ်တွင် ယုဝမ်အိမ်တော်အတွင်း၌ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများစုဝေးနေခြင်းကို တွေ့မြင်မိသည်။
ဤသည်က ထန်အာ၏ရောက်ရှိလာမှုကြောင့်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။
ထန်အာက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"တစ်ချိန်တုန်းက ငါ့ဆရာရဲ့ဘိုးဘေးက ယုဝမ်မိသားစုကိုကာကွယ်ဖို့ မှော်ရတနာတစ်ခုကို ချန်ထားခဲ့တယ်...နောက်နှစ်တစ်ရာကြာလို့ရှိရင် ဒီရတနာကို ဘိုးဘေးရဲ့နောက်မျိုးဆက်က ပြန်လာယူမယ်လို့ ကတိစကားထားခဲ့ကြတယ်"
"အခု နှစ်တစ်ရာပြည့်သွားပြီ...ငါက ဆရာသခင်ရဲ့ကိုယ်စား ဒီမှော်ရတနာကို လာယူတာပဲ"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သူတို့က ဒါကို ပြန်မပေးချင်မှာ ငါ စိုးရိမ်မိတယ်"
အိမ်တော်အတွင်းသို့ဝင်လာပြီးနောက် ထိုလူများသည် ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း သူတို့ထံမှနေ၍ ရန်လိုစိတ်အငွေ့အသက်ကို ခံစားမိသည်။
ထန်အာက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလေ၏။
"သူတို့က ဒီမှော်ရတနာကို တစ်ချိန်လုံး အပိုင်စီးထားလို့မရဘူးလေ...တကယ်လို့ သူတို့ ဒါကိုမပေးဘူးဆိုရင်...ငါ့ရဲ့ဆရာသခင်က သူတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"
သူတို့နှစ်ယောက်သည် စကားပြောဆိုနေစဥ်တွင် ပတ်ဝန်းကျင်ရှိ အစေခံမိန်းကလေးများကို ရှောင်ရှားခြင်းမရှိချေ။
ယခုလက်ရှိအခြေအနေတွင် သူတို့၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသရပေမည်။ယုဝမ်မိသားစုသည် ထိုရတနာကို သူတို့အား လက်လွှဲပေးမည်လော သို့မဟုတ် ငြင်းပယ်မည်လောကို စောင့်ကြည့်ရန်ပင်။ထိုနှစ်ချက်မှလွဲ၍ တခြားဖြစ်နိုင်သောအကြောင်းပြချက်မရှိချေ။
ယုဝမ်အိမ်တော်...စည်းဝေးခန်းမ...
ယုဝမ်မိသားစု၏အကြီးအကဲများအားလုံး ဤနေရာ၌စုဝေးကာ တိုင်ပင်ဆွေးနွေးနေကြ၏။
"ပြန်တွေးကြည့်ရင် ကျီးကန်းနက်တောင်က နတ်ဆိုးတွေကို ဖိနှိပ်နိုင်ဖို့အတွက်...မြောက်ပင်လယ်ဘိုးဘေးက နဂါးဆူးတောင်ဓားလို့ခေါ်တဲ့ မှော်ရတနာတစ်ခုကို ဒီနေရာမှာချန်ထားခဲ့တယ်...သူက ငါတို့ရဲ့မျိုးရိုးစဥ်ဆက် ဒီမှော်ရတနာကိုကာကွယ်ဖို့ အမိန့်ပေးခဲ့တယ်...ဒါပေမယ့် အခု မြောက်ပင်လယ်ဘိုးဘေးရဲ့မျိုးဆက်က နဂါးဆူးတောင်ဓားကို ယူဆောင်သွားဖို့ စီစဥ်နေတယ်...ငါတို့ ဘာဆက်လုပ်ကြမလဲ"
ယုဝမ်လင်ခုံးက နံဘေးပတ်ဝန်းကျင်ရှိ အကြီးအကဲများကို ဝေ့ဝိုက်ကြည့်ပြီး မေးမြန်းလေသည်။
"ငါတို့က အတိတ်တုန်းကပေးထားတဲ့ ကတိစကားကို မဖောက်ဖျက်သင့်ဘူး...အခုချိန်မှာ ကျီးကန်းနက်တောင်တန်းမှာရှိတဲ့ နတ်ဆိုးတွေကိုလည်း အပြည့်အဝ နှိမ်နင်းနိုင်ခဲ့ပြီလေ...ငါတို့က နဂါးဆူးတောင်ဓားကို ပိုင်မင်မျိုးနွယ်ဆီ ပြန်ပေးသင့်တယ်"
အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
ထိုအကြီးအကဲ၏စကားအဆုံးသတ်သွားချိန်တွင် လူအများစုက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။
"ဘယ်လိုလဲ...ငြင်းဆန်မယ့်သူမရှိဘူးဆိုရင် ငါ အခုဘဲ တစ်ယောက်ယောက်ကိုလွှက်ပြီး နဂါးဆူးတောင်ဓားကို သွားယူခိုင်းလိုက်မယ်"
ယုဝမ်လင်ခုံးက ပြောဆိုသည်။
"ခဏနေပါဦး"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သတ္တမအကြီးအကဲက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီနဂါးဆူးတောင်ဓားကို အရင်တုန်းက မြောက်ပင်လယ်ဘိုးဘေးက ချန်ထားခဲ့တာအမှန်ပဲ...ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ ငါတို့ယုဝမ်မိသားစုကပဲ ဒီမှော်ရတနာကို စောင့်ရှောက်လာရတာ...ဘယ်လိုလုပ်ပြီး အပြင်လူတွေဆီကို အလွယ်တကူ လက်လွှဲပေးနိုင်မှာလဲ"
"မင်းပြောတာတွေက အမှားကိုအမှန်ဖြစ်အောင် ပြောနေတာပဲ...ဘယ်လိုပဲဖြစ်ဖြစ် ဒီမှော်ရတနာကို တစ်ယောက်ယောက်က ငါတို့ယုဝမ်မိသားစုဆီ ခဏပေးခဲ့တာပဲ...ငါတို့ ယုဝမ်မိသားစု ပိုင်ဆိုင်တဲ့အရာမဟုတ်ဘူး"
တစ်စုံတစ်ယောက်က စောဒကတက်လေသည်။
သတ္တမအကြီးအကဲက ထိုလူ၏စကားကို သဘောတူညီခြင်းမရှိချေ။
"ဒါဆိုရင်ရော ဘာဖြစ်လဲ...ငါတို့က ဒီမှော်ရတနာကို စောင့်ရှောက်လာခဲ့တာ နှစ်တွေအများကြီး ကြာညောင်းနေပြီ...ဒါက ငါတို့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရတယ်...ငါ့ရဲ့အမြင်အရတော့ ဒီဓားကို မြောက်ပင်လယ်ဘိုးဘေးက ငါတို့ယုဝမ်မိသားစုကို ပေးခဲ့တာ...ငါတို့မိသားစုက ဒီရတနာကိုပိုင်ဆိုင်ခဲ့တာ အချိန်ကြာနေမှတော့ ငါတို့ အပိုင်သိမ်းလိုက်တာက ကျိုးကြောင်းဆီလျော်တဲ့ကိစ္စပဲ"
သူ၏အတွေးအမြင်အရ သူတို့မိသားစုထံတွင် ထိုမှော်ရတနာရှိခဲ့သည်မှာ အချိန်ကြာညောင်းနေပြီဖြစ်သဖြင့် ထိုအရာသည် သူတို့၏ပိုင်ဆိုင်မှုသာ ဖြစ်ရပေမည်။
"ဒါက အမှန်ပဲ...ငါတို့က ဒီမှော်ရတနာကို ပိုင်မင်မိသားစုဆီ ပြန်မပေးသင့်ဘူး"
"ပြောရမယ်ဆိုရင် မြောင်ပင်လယ်ဘိုးဘေးပျောက်နေတာ အချိန်အတော်ကြာနေပြီ...ပြီးတော့ ပိုင်မင်မျိုးနွယ်ကလည်း နိမ့်ကျသွားပြီ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ပိုင်မင်မျိုးနွယ်က မိန်းကလေးတစ်ယောက်ရှိနေတယ်လို့ ငါ ကြားထားတယ်...သူ အခုထိ အသက်ရှင်နေတာ ငါ အံ့အားသင့်မိတယ်"
ယုဝမ်လင်ခုံးက မျက်မှောင်ကြုတ်လိုက်၏။ဤသည်က တောပုန်းဓားပြများ၏လမ်းစဥ်ဖြစ်နေသော်လည်း စည်းဝေးခန်းမအတွင်းရှိ အကြီးအကဲအများစုက ထိုအကြံဥာဏ်ကို ထောက်ခံနေကြသည်။
"ငါက ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ...ငါ သူတို့ကို ဒီမှော်ရတနာပေးလိုက်မယ်...ငါတို့ယုဝမ်မိသားစုက မြောက်ပိုင်းနယ်မြေမှာ ရပ်တည်နေတာ အချိန်အတော်ကြာမြင့်နေပြီ...ငါတို့မိသားစုအတွက် ကိုယ်ပိုင်မှော်ရတနာတစ်ခုရဖို့ ငါ စွမ်းဆောင်နိုင်တယ်"
ယုဝမ်လင်ခုံးက ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်သည်။
ဆူညံပွက်လောရိုက်အောင် ပြောဆိုနေသော အကြီးအကဲများသည် ယုဝမ်လင်ခုံး၏စကားကိုကြားချိန်တွင် မည်သည့်စကားမျှ ထပ်မဆိုဝံ့တော့ချေ။
သတ္တမအကြီးအကဲ၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားကာ သူ၏အင်္ကျီလက်စကိုခါယမ်း၍ စည်းဝေးခန်းမအတွင်းမှ ထွက်ခွါသွားတော့သည်။
သတ္တမအကြီးအကဲသည် ယုဝမ်မိသားစုအတွင်း၌ ဂုဏ်ကျက်သရေအတော်အသင့်ကြီးမားကာ ဝါစဥ်လည်းမြင့်မားသည်။သူသည် မိသားစုခေါင်းဆောင်၏မျက်နှာကိုပင် ဂရုစိုက်ခြင်းမရှိချေ။
ယခုလက်ရှိနေရာတွင်ရှိသော အကြီးအကဲအများစုက သူတို့၏ခေါင်းများကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်ကြ၏။သူတို့သည် နဂါးဆူးတောင်ဓားကို ဆက်လက်၍ ထိန်းသိမ်းထားလိုသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤမှော်ရတနာမှတဆင့် ဓားတာအိုလမ်းကြောင်းကို လေ့လာဆင်ခြင်နိုင်ခဲ့သည်။
ဤှကဲ့သို့ ပစ္စည်းကောင်းတစ်ခုကို တခြားလူ၏လက်အတွင်းသို့ မည်သည်ကြောင့် ပေးအပ်ရမည်နည်း။
Chapter 2322
နားနေခန်းအတွင်း၌....
ဤနေရာ၌ လုယွီနှင့်ထန်အာသည် တစ်ရက်လုံး စောင့်ဆိုင်းနေခဲ့ရ၏။နောက်ဆုံး၌ နောက်တစ်နေ့မနက်ခင်းမှသာ တစ်စုံတစ်ယောက်က သူတို့ထံသို့ ရောက်ရှိလာသည်။
ယခုရောက်ရှိလာသူသည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပင်။ထိုလူငယ်သည် ချောမောခန့်ညားပြီး သူ၏မျက်လုံးတစ်စုံသည် ကြယ်ရောင်ကဲ့သို့ စူးရှတောက်ပနေပေ၏။
"ထန်အာ...ငါတို့နှစ်ယောက်မတွေ့ရတာ အချိန်အတော်ကြာနေပြီနော်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အပြုံးနှင့်ပြောဆိုသည်။
ထန်အာသည် ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ်ကို မြင်တွေ့ချိန်တွင် အလွန်ပျော်ရွှင်သွားပုံရသည်။သူမက အလျင်စလို မတ်တတ်ထရပ်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"ဝမ်းကွဲ...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အပြုံးနှင့်ပြောဆိုသည်။
"ငါက အရင်ကတည်းက ယုဝမ်မိသားစုရဲ့ဧည့်အကြီးအကဲတစ်ယောက်ပဲလေ...မင်း ဝေ့ရှစ်မြို့ကို ရောက်နေတယ်ဆိုတာကြားလို့ ငါ မင်းကို လာတွေ့တာပဲ"
"တာအိုမိတ်ဆွေလေး...ငါက ရှယီပိုင်ပါ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ငါ ကြားထားတယ်...ဒီနေ့ ငါ မင်းတို့ကိုတွေ့ရတော့ ကျောင်းတော်က တကယ်ကိုပဲ ဒီဂုဏ်သတင်းနဲ့ထိုက်တန်တယ်ဆိုတာ သိလိုက်ရတယ်"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က ရယ်ပြုံးရင်းနှင့် သူ၏လက်ကို လုယွီထံဦးတည်၍ ဆန့်တန်းလိုက်သည်။
လုယွီကလည်း သူ၏လက်ကိုဆန့်တန်းကာ ရှယီပိုင်၏လက်ကို ကိုင်လိုက်၏။
ဤသည်က ရင်းနှီးဖော်ရွေသော နှုတ်ဆက်မှုဟု တွေးထင်မိသော်လည်း လုယွီသည် တစ်ဖက်လူ၏လက်ကောက်ဝတ်မှနေ၍ အစွမ်းထက်သောအင်အားလှိုင်းတစ်ရပ် သူ့ထံတိုးဝင်လာသည်ကို ခံစားမိသည်။
ဤသည်က ရှယီပိုင်သည် လုယွီကို မိတ်ဆက်ဟန်ဆောင်၍ သူ၏ခွန်အားကို ပြသခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ငါနဲ့တိုက်ခိုက်ချင်တာလား"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ရှေးဟောင်းတာအိုအင်မော်တယ်များပင်လျှင် အကယ်၍ အစစ်အမှန်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မဟုတ်ပါက သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်နှင့် ခွန်အားခြင်းမယှဥ်ပြိုင်ဝံ့ချေ။
ရှေးဟောင်းအချိန်ကာလများအတွင်း၍ လူသားလောကကို အထင်အမြင်သေးပြီး ဘေးကပ်ဆိုးများစွာကို ဖြစ်စေခဲ့သော နတ်ဘုရားတစ်ပါးရှိခဲ့သည်။မမျှော်လင့်ဘဲ လူသားမျိုးနွယ်မှ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ရှင် ကျင့်ကြံသူတစ်ယောက်သည် သူ၏လေးနှင့်မြှားကိုအသုံးပြု၍ ထိုနတ်ဘုရား၏ကိုယ်ပွါးရှစ်ခုကို သတ်ဖြတ်ခဲ့လေ၏။
လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် ရွှယ်အင်မော်တယ်အစောပိုင်းအဆင့်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်ရန်လုံလောက်ပေရာ ရှယီပိုင်ဟူသည်မှာ သူ့အတွက် စကားထဲထည့်ပြောရန်ပင် မလိုအပ်ချေ။
လုယွီ၏မျက်နှာအမူအယာ အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိသည်ကိုကြည့်ပြီး ရှယီပိုင်က အပြုံးနှင့်ဆက်လက်ပြောဆိုသည်။
"ဒီတာအိုမိတ်ဆွေလေးက ကြည့်ရတာ စကားနည်းတယ်ထင်တယ်...ဖြစ်နိုင်တာတော့ သူက ငါ့ကို အထင်သေးနေတာများလား"
စကားဆုံးသည်နှင့် ရှယီပိုင်က သူ၏ခွန်အားကို ထပ်မံ၍မြှင့်တင်လိုက်သည်။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် ရှယီပိုင်၏လက်ကောက်ဝတ်မှ ပွင့်အံထွက်လာပြီး လုယွီ၏လက်အတွင်းသို့ တိုးဝင်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ရှယီပိုင်၏လက်ဖဝါးသည် အကန့်အသတ်မဲ့ခွန်အားရှိသော မှော်သားရဲကြီးတစ်ကောင်၏လက်ဝါးနှင့် တူညီနေပေ၏။ထိုအားလှိုင်းသည် သာမာန်ကျင့်ကြံသူတစ်ယောက်၏လက်ဝါးကို ပေါက်ကွဲပြီး ကြေမွှပျက်စီးသွားစေနိုင်စွမ်းရှိသည်။
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။ထိုရှယီပိုင်ဟူသောကောင်သည် အမှန်တကယ်ကိုပင် ကောင်းကင်နှင့်မြေပြင်၏ အတိမ်အနက်ကို မသိရှိချေ။
မူလက ရှယီပိုင်သည် သူ့အား ရိုးရိုးရှင်းရှင်းရန်စသည်ဟုသာ လုယွီက တွေးထင်ထားမိသည်။သို့ရာတွင် ရှယီပိုင်သည် တစတစ ပို၍လွန်ကဲလာပေ၏။
အကယ်၍သာ လုယွီသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူမဟုတ်ဘဲ သာမာန်လောကီအင်မော်တယ်တစ်ယောက်ဆိုပါက အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
"မင်းက ငါကြည့်ဖို့တောင် ထိုက်တန်လို့လား"
လုယွီ၏လက်ကောက်ဝတ်မှနေ၍ ရုတ်တရက် ပြင်းထန်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှယီပိုင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
သူ အချိန်မီမတုံ့ပြန်နိုင်သေးမီမှာပင် လုယွီ၏လက်ဖဝါးအတွင်းမှ အားလှိုင်းသည် ပို၍ပြင်းထန်လာပေ၏။
ခရက်...ခရက်...
ရှယီပိုင်၏လက်မှအရိုးများ ချက်ချင်းဆိုသလိုပင် ကျိုးပဲ့သွားလေ၏။
ထို့နောက် လုယွီ၏လက်ဖြင့် ဆွဲညှစ်ခံရမှုကြောင့် ရှယီပိုင်၏လက်သည် သာမာန်မျက်စိဖြင့် မြင်ရသောအရှိန်ဖြင့် တွန့်လိမ်ကောက်ကွေးသွားသည်။
ဘန်းခနဲမြည်သံနှင့်အတူ ရှယီပိုင်က စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။
"လုယွီ...နင် ဘာလုပ်တာလဲ...အခုချက်ချင်း မြန်မြန်လွှက်လိုက်စမ်း"
ထိုအချိန်ကျမှသာ ထန်အာသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် လုယွီ၏အေးစက်စက်အကြည့်က ရှယီပိုင်ပေါ်သို့ စူးစိုက်၍ကျရောက်နေဆဲပင်။
"မင်း ကိုယ့်အကန့်အသတ်ကို ကိုယ်သိဖို့ ငါ မင်းကို အကြံပေးချင်တယ်...တကယ်လို့ မင်း ငါ့ရှေ့မှာလာပြီးတော့ အရေးမပါတဲ့လှည့်ကွက်တွေ ထပ်သုံးအုံးမယ်ဆိုရင်...မင်းရဲ့လက် ကျိုးသွားတာလောက် ရိုးရှင်းတော့မှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် လုယွီက နောက်သို့လှည့်ထွက်ခဲ့တော့သည်။
ရှယီပိုင်၏လက်ယာဘက်လက်သည် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ၏လက်အရိုးများအားလုံး ကျိုးပဲ့သွားလေပြီ။
"ငါ မင်းကို သတ်မယ်"
ရှယီပိုင်သည် ပြင်းထန်သောနာကျင်မှုကိုတောင့်ခံ၍ သူ၏မျက်လုံးတစ်စုံသည် အနီရောင်သို့ပြောင်းလဲသွားကာ သူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
သူ အော်ဟစ်ကြုံးဝါးလိုက်သောအချိန်အခိုက်အတန့်တွင် သူ၏အစွမ်းထက်သောမှော်စွမ်းအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံထားသည်။
"ရပ်လိုက်စမ်း"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်က နားနေခန်းပြင်ပမှနေ၍ တရကြမ်းတိုးဝင်လာကာ ရှယီပိုင်ကို သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ပြင်ပတွင်ရှိနေသော ယုဝမ်မိသားစုဝင်အစောင့်များက ရှယီပိုင်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်လိုက်ကြ၏။
Chapter 2323
"သူ့ကိုပြန်ခေါ်သွားပြီး ကုသပေးလိုက်"
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက မှုန်တေတေမျက်နှာအမူအယာနှင့် ပြောဆိုသည်။
အစောင့်များက ချက်ချင်းဆိုသလိုပင် ရှယီပိုင်ကိုစောင့်ကြပ်၍ ခေါ်ဆောင်သွားလေ၏။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက တောင်းပန်စကားပြောဆိုသည်။
"ငါက ယုဝမ်မိသားစုရဲ့သတ္တမအကြီးအကဲပါ...အိမ်တော်ကလူက မြင့်မြတ်တဲ့ဧည့်သည်တော်တွေကို ဆန့်ကျင်သလိုဖြစ်ခဲ့တာ...ငါ့ရဲ့ဂရုမစိုက်မှုကြောင့်ပါပဲ"
ထန်အာက ပျာပျာသလဲ ပြောဆိုလေ၏။
"သတ္တမအကြီးအကဲက အရမ်းယဥ်ကျေးလွန်းနေပြီ...ကျွန်မတို့ဘက်က အရင်စပြီး ရိုင်းပျခဲ့မိတာပါ"
စကားဆုံးသည်နှင့် ထန်အာက နောက်သို့လှည့်ကာ လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။သူမ၏အမြင်အရ လုယွီ၏ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကြောင့် ရှယီပိုင်၏လက် ကျိုးသွားရခြင်းပင်။
သတ္တမအကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။
"မိန်းကလေးထန်အာက နဂါးဆူးတောင်ဓားကိုယူဖို့ ဒီနေရာကို ရောက်လာတာမလား...ခဏနေကျရင် မင်းကို လမ်းပြပေးဖို့ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်...ဒါပေမယ့် ငါ မင်းကို တစ်ခုတော့သတိပေးပါရစေ...နဂါးဆူးတောင်ဓားရဲ့ပတ်ဝန်းကျင်မှာက အရမ်းအန္တရာယ်များတယ်...မင်း သေသေချာချာ ဂရုစိုက်သင့်တယ်"
"သတ္တမအကြီးအကဲရဲ့ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ထန်အာက အလွန်အမင်း ကျေးဇူးတင်နေသည်။
ယုဝမ်အိမ်တော်သို့ သူမ ရောက်ရှိစဥ်အချိန်တွင် သူမသည် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိချေ။ဘိုးဘေးလင်ခုံးဖြစ်စေ အိမ်တော်အစောင့်များဖြစ်စေ သူမအား မနှစ်မြို့သကဲ့သို့ခံစားချက်မျိုးကို သူမ ရရှိနေသည်။
ဤသတ္တမအကြီးအကဲနှင့် ပြောဆိုဆက်သွယ်ရန်မှာ သူမအတွက် အလွန်လွယ်ကူသည်။
သတ္တမအကြီးအကဲ ထွက်ခွါသွားသည်နှင့် ထန်အာက မျက်မှောင်ကြုတ်၍ လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။
"ငါ နင့်ကို စဝင်လာကတည်းက မပြောဘူးလား...စကားနည်းနည်းပဲပြောပြီး ဘာမှမလှုပ်ရှားဖို့ ငါ ကြိုပြောထားတယ်လေ...နင်က ရှယီပိုင်ကိုတောင် တိုက်ခိုက်ဝံ့တယ်...သူက ယုဝမ်မိသားစုရဲ့ဧည့်အကြီးအကဲတစ်ယောက်...ငါတို့က သူ့ကို ရန်စလို့မရဘူး...ဒါက ငါ ခုလုပ်ရမယ့်တာဝန်အတွက် ကောင်းမှာမဟုတ်ဘူး"
ကံကောင်းထောက်မစွာဖြင့် သတ္တမအကြီးအကဲသည် ရှေ့သို့ထွက်လာခဲ့လေ၏။
ထိုသို့မဟုတ်ပါက သူမသည် လုယွီကိုကာကွယ်ပေးရန်အတွက် ရှေ့သို့ထွက်၍ တိုက်ခိုက်ရပေမည်။
ဆရာသခင်သည် မည်သည့်အရာများ တွေးတောနေသည်ကို သူမ မသိရှိချေ။မည်သည်ကြောင့် ဤကဲ့သို့ဆိုးရွားသောလူစားမျိုးကို သူမ၏နောက်သို့ ထည့်လိုက်ရသနည်း။
လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိချေ။သူသည် ထန်အာကို ရှင်းပြလိုခြင်းမရှိပေ။
သူသည် သတ္တမအကြီးအကဲထွက်ခွါသွားသော ပုံရိပ်ကိုကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့်ပြောဆိုသည်။
"ဒီတစ်ကြိမ်မှာ အထူးဂရုစိုက်ပြီးလုပ်ဖို့ ငါ မင်းကိုအကြံပေးချင်တယ်...မင်း ရတနာကို အလျင်စလို သွားမယူသင့်ဘူး"
"ဘာလို့လဲ"
ထန်အာ၏မျက်ခုံး မြင့်တက်သွားသည်။
လုယွီက ပြောဆိုလိုက်၏။
"အဲ့ဒီရှယီပိုင်နဲ့ သတ္တမအကြီးအကဲက တစ်ဖွဲ့တည်းပဲ...ရှယီပိုင်ဆီမှာ မင်းဆီဦးတည်နေတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေရှိနေတယ်...သူကလည်း နဂါးဆူးတောင်ဓားကို လိုချင်နေတာ....ဒါက ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး...မင်းက ယုဝမ်အိမ်တော်ထဲကို ရောက်နေတာ...ဒီနေရာရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီးမှ ဒီမှော်ရတနာကိုယူလည်း နောက်မကျသေးပါဘူး"
ထန်အာက သရော်တော်တော် ပြောဆိုသည်။
"ငါ ထင်တာတော့...နင် ကြောက်နေတာပဲဖြစ်မယ်...ဟုတ်တယ်မလား...ဘယ်လိုလုပ်ပြီး အဲ့ဒီလိုဖြစ်နိုင်မှာလဲ...ဒီနေရာက မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့ပိုင်နက်...ငါတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လူတွေ...တကယ်လို့ ယုဝမ်မိသားစုကလူတွေ ဝက်ဝံအသည်းကိုစားထားပြီးတော့ ကျားသစ်လိုသတ္တိမျိုးရှိနေရင်တောင် ငါတို့ကို ထိဝံ့မှာမဟုတ်ဘူး"
"မင်း ပိုပြီးဂရုစိုက်တာက ဘာအမှားအယွင်းမှမရှိနိုင်ဘူး"
လုယွီက ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခုကို သိပ်သည်းကာ ထန်အာ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
"တကယ်လို့ မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒီအဆောင်လက်ဖွဲ့ကိုခြေမွှလိုက်...ငါ ဒါကို အာရုံခံမိလိမ့်မယ်"
ထျန်အာသည် ကျောက်စိမ်းအဆောင်လက်ဖွဲ့ကို သိမ်းဆည်းလိုက်၏။သူမ ငိုရမည်လော ရယ်ရမည်လောကိုပင် မသိတော့ချေ။မည်သည်ကြောင့် သူမသည် လုယွီ၏ကာကွယ်ပေးမှုကို ခံယူရမည်နည်း။
ဤတာဝန်သည် သူမ၏ဆရာသခင်က သူမကိုအခက်တွေ့စေရန်ရည်ရွယ်၍ ဤကဲ့သို့ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခေါ်ဆောင်လာစေခြင်းဖြစ်ပေမည်။
"ကောင်းပြီလေ...ငါ နဂါးဆူးတောင်ဓားကို သွားယူတော့မယ်...နင် ဒီနေရာမှာနေခဲ့တော့...နင် ပြဿနာထပ်မရှာနဲ့နော်"
ထန်အာက ထပ်ခါတလဲလဲ သတိပေးလေသည်။
မကြာမီမှာပင် ယုဝမ်မိသားစုမှ တစ်စုံတစ်ယောက်ကိုစေလွှက်၍ နဂါးဆူးတောင်ဓားကို သွားရောက်ယူဆောင်ရန် ထန်အာထံသို့ အကြောင်းကြားခဲ့သည်။
သို့ရာတွင် သူတို့က လုယွီကိုမူ အသိပေးအကြောင်းကြားခြင်းမရှိချေ။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထန်အာသည် ထိုနေရာ၌ အန္တရာယ်နှင့်ရင်ဆိုင်ရမည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ပေ၏။သို့ရာတွင် သူမသည် သူ့အား အနည်းငယ်မျှပင် ယုံကြည်မှုမရှိသဖြင့် လုယွီထံတွင် သူမကိုကယ်တင်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်မရှိချေ။
"အစိမ်းရောင်ကြာနတ်ဘုရားဆိုတဲ့ကောင်က လက်တံတော်တော်ရှည်နေတာပဲ...သူက လမ်းဟောင်းအတိုင်း ထပ်သွားချင်နေတာများလား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏အတိတ်ဘဝအတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရားသည် မြေအောက်လောကအတွင်းရှိ မရေမတွက်နိုင်သော သရဲတစ္ဆေဝိညာဥ်များကိုစုဆောင်းကာ လောကကြီးတခွင်လုံးကို သွေးမုန်တိုင်းထန်စေခဲ့သည်။
နောက်ပိုင်းတွင် လုယွီသည် ပြင်းထန်သောနည်းလမ်းများကိုအသုံးပြု၍ အစိမ်းရောင်ကြာနတ်ဘုရားကိုနှိမ်နင်းကာ သူ၏အမွေအနှစ်များအားလုံးကို ဖျက်ဆီးခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရား ပြန်လည်ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် အစောပိုင်းက သတ္တမအကြီးအကဲနှင့်ရှယီပိုင်ထံမှနေ၍ အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်မျိုး သူ ခံစားမိသည်။
Chapter 2324
"ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့...ငါက ကျီးကန်းနက်တောင်ကိုသွားပြီး ပျောက်ဆုံးနေတဲ့တပည့်တွေကို သွားရှာရမယ်"
ထန်အာသည် နဂါးဆူးတောင်ဓားကို သိမ်းသွင်းနိုင်ရန် အချိန်အတော်ကြာမြင့်ဦးမည်ဖြစ်ကြောင်းကို လုယွီက ခန့်မှန်းမိသည်။
ဤနေရာတွင်ထိုင်၍ စောင့်ဆိုင်းနေမည့်အစား ပျောက်ဆုံးနေသောတပည့်များကို သွားရောက်၍ရှာဖွေသည်က ပို၍ကောင်းမွန်ပေမည်။
နားနေခန်း၏နံဘေးပတ်လည်တွင် ယုဝမ်မိသားစုမှ အစေခံတစ်စုရှိနေသည်။အပေါ်ယံတွင် သူတို့သည် ဧည့်သည်များကို တည်ခင်းဧည့်ခံရန် ဤနေရာသို့ရောက်ရှိနေခြင်းဖြစ်သော်လည်း အမှန်အားဖြင့် လုယွီကို စောင့်ကြည့်နေကြခြင်းပင်။
လုယွီသည် ထိုလူများကို ဂရုစိုက်ခြင်းမရှိချေ။သူသည် အခန်းတံခါးကိုပိတ်ပြီးနောက် အနက်ရောင်အရိပ်တစ်ခုအသွင်ပြောင်းလဲကာ လူတိုင်း၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားတော့သည်။
"မကောင်းတော့ဘူး...အဲ့ဒီကောင်လေး ထွက်သွားပြီ"
"သတ္တမအကြီးအကဲဆီ မြန်မြန်သတင်းပို့ကြစမ်း"
လုယွီ ပျောက်ကွယ်သွားသောသတင်းကိုကြားချိန်တွင် သတ္တမအကြီးအကဲက သူ၏လက်ကိုဝှေ့ယမ်း၍ ပြောဆိုလေ၏။
"သူက ပိုင်မင်မိသားစုကလွှတ်လိုက်တဲ့ မိန်းကလေးနောက်ကို လိုက်လာမှတော့...အဲ့ဒီကောင်မလေးရဲ့ဓမ္မအစောင့်အရှောက်ပဲဖြစ်မယ်...အဲ့ဒီကောင်မှာ ခွန်အားအများကြီးရှိပုံမရဘူး...သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူသက်သက်ပဲ...စကားထဲထည့်ပြောနေစရာကိုမလိုဘူး"
"ကျွန်တော် သူ့ကို သွားသတ်မယ်...ကျွန်တော်လက်နဲ့ သူ့ကို ကိုယ်တိုင်သတ်မယ်"
သတ္တမအကြီးအကဲ၏နံဘေးတွင်ထိုင်နေသော ရှယီပိုင်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
သူ၏လက်ယာဘက်လက်သည် အပြည့်အဝ ကြေမွှပျက်စီးသွားခဲ့သည်။သူသည် ထိုလက်မောင်းကို ခုတ်ဖြတ်၍ လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုကာ လက်အသစ်တစ်ဖက် ပြန်လည်ပေါက်ဖွားစေခြင်းဖြစ်သည်။
သို့ရာတွင် ထိုလက်သည် ပြန်လည်ကောင်းမွန်သော်လည်း ရှယီပိုင်၏အသက်စွမ်းအားများ အကြီးအကျယ် ထိခိုက်ပျက်စီးသွားသည်။သူ၏ယခင် အထွတ်အထိပ်အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်တော့ချေ။
ဤအရာအားလုံး ဖြစ်ခဲ့ရခြင်းမှာ လုယွီ၏ကျေးဇူးကြောင့်ပင်။
ယခုလက်ရှိချိန်တွင် သူသည် လုယွီကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ရန် ဆန္ဒရှိနေသည်။
"မိုက်မဲလိုက်တာ...တကယ်လို့ မင်း ထွက်ပြီးတိုက်ခိုက်မယ်ဆိုရင် ဘိုးဘေးက မင်းကိုမဟန့်တားဘူးလို့ မင်း ထင်နေတာလား...ဘိုးဘေးကသာ လှုပ်ရှားမယ်ဆိုရင် မင်းရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး"
သတ္တမအကြီးအကဲက ဒေါသတကြီး အော်ငေါက်လိုက်၏။
ရှယီပိုင်က ငြင်းဆန်စကားပြောဆိုသည်။
"သူတို့က ပိုင်မင်မိသားစုက လွှတ်လိုက်တဲ့ကောင်မလေး နဂါးဆူးတောင်ဓားသွားယူမှာကို စောင့်ကြည့်နေကြမှာမဟုတ်လား"
သတ္တမအကြီးအကဲက သရော်တော်တော် ပြောဆိုလေသည်။
"အဲ့ဒီကောင်မလေးမှာ နဂါးဆူးတောင်ဓားကိုယူဖို့ အရည်အချင်းရှိ မရှိဆိုတာ အရင်ဆုံးမပြောနဲ့အုံး...တကယ်လို့ သူက ဒီဓားကိုယူဆောင်နိုင်တယ်ဆိုရင်တောင် သူ့ရဲ့အသက်ပါလာမှာမဟုတ်ဘူး"
……
ကျီးကန်းနက်တောင်ခြေ၌...
လုယွီသည် တာဝန်၏လမ်းညွှန်မှုမှတဆင့် တမလွန်မြို့ဟုခေါ်ဆိုသောနေရာသို့ ရောက်ရှိခဲ့သည်။
ဤနေရာတွင် မြို့ကြီးအမြောက်အများရှိသဖြင့် ပတ်ဝန်းကျင်တွင် အရေအတွက်နည်းပါးသောမျိုးနွယ်များ စုစည်းမိရာမှ မြို့ငယ်လေးများ ဖြစ်ပေါ်လာခြင်းပင်။
ထိုမြို့ငယ်လေးများသည် သာမာန်အားဖြင့် မျိုးနွယ်နှစ်ခု သုံးခုဖြင့်ဖွဲ့စည်းထားရာ လူဥိးရေများပြားခြင်းမရှိချေ။အမှန်အားဖြင့် သူတို့ထံတွင် မီးပြင်းဖိုများနှင့် ထူထပ်ခိုင်မာသောမြို့ရိုးများရှိမနေပေ။ပြင်ပနယ်နမိတ်ကိုကာရံထားသော မီတာသုံးဆယ်ခန့်မြင့်မားသည့် မြို့ရိုးတစ်ခုသာရှိသည်။
ဤနေရာသည် အကာအကွယ်ဝင်္ကပါအရဖြစ်စေ စိတ်ဝိညာဥ်စွမ်းအင်များအရဖြစ်စေ မြို့ကြီးတစ်မြို့ထက် များစွာပို၍အားနည်းသည်။
"ဒီမြို့ငယ်လေးထဲမှာ ဘယ်သူမှမရှိတော့တာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ပတ်ဝန်းကျင်တွင် လေအေးများက ပြင်းထန်စွာတိုက်ခတ်နေပြီး သူ့ရှေ့ရှိ မြို့ငယ်လေးသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေ၏။သူသည် သက်ရှိလူသားတစ်ယောက်၏အငွေ့အသက်ကိုပင် ခံစားမိခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီက မြို့ရိုးကိုဖြတ်ကျော်ကာ မြို့အတွင်းသို့ဝင်လိုက်သည်။
တာဝန်ကြေငြာချက်တွင် ထုတ်ပြန်ထားမှုအရ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ၏ သဲလွန်စများ ဤနေရာအရောက်တွင် ပျောက်ကွယ်သွားခြင်းဖြစ်သည်။သူတို့ နောက်ဆုံးရှိနေခဲ့သောနေရာသည် ဤမြို့အတွင်း၌ပင်။
မြို့၏လမ်းမကြီးအတိုင်း ဖြတ်သန်းကာ လုယွီက မြို့၏အစွန်ဘက်သို့ လျှောက်လှမ်းခဲ့သည်။
ဤမြို့ငယ်လေးသည် မည်သည့်အရာများကို ဖြတ်ကျော်ခဲ့ရသည်အား သူ မသိရှိချေ။ကြေမွှပျက်စီးနေသော အဆောက်အအုံများက နေရာအနှံ့အပြား၌ရှိနေသည်။အိမ်များအတွင်းတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။အိမ်များ၏တံခါးများနှင့်ပြတင်းပေါက်ဘောင်များလည်း ကျိုးပဲ့ပျက်စီးနေပြီး အတွင်း၌မှောင်မည်းနေလေ၏။
ဤနေရာသည် စွန့်ပစ်ခံထားရသော နေရာကြီးတစ်ခုနှင့် တူညီနေသည်။
လုယွီက ရှေ့သို့အနည်းငယ်ဆက်လက်၍ လျှောက်လှမ်းပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အဝေးသို့လျှောက်လှမ်းခဲ့သည်မှာ သေချာသော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မူလက သူ ရှိနေသောနေရာသို့ ပြန်လည်ရောက်ရှိနေသည်။
ဤနေရာတွင် လုယွီ အစောပိုင်းက ကြည့်ခဲ့မိသော အိမ်အလွတ်ကြီးတစ်လုံးရှိနေလေ၏။
ပတ်ဝန်းကျင်ရှိမြင်ကွင်းများ ပြောင်းလဲသွားခြင်းမရှိချေ။ထို့ပြင် လုယွီသည် ထွက်ခွါရန်မဖြစ်နိုင်သော ဝင်္ကပါတစ်ခုအတွင်းသို့ ကျရောက်နေပုံရသည်။
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်....ဒီနေရာက ထွက်သွားစမ်း"
လုယွီ၏မျက်လုံးအကြည့်က ရုတ်တရက် သူ၏နံဘေးနားရှိ အိမ်တစ်လုံးထံသို့ ကျရောက်သွားသည်။
သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ အစွမ်းထက်သောမှော်စွမ်းအားလှိုင်းတစ်လှိုင်းထွက်ပေါ်လာခြင်းနှင့်အတူ ချက်ချင်းဆိုသလိုပင် ထိုအိမ်ပျက်စီးသွားလေ၏။
အခိုးအငွေ့များနှင့်ဖုန်မှုန့်များအကြားမှနေ၍ အနက်ရောင်အရိပ်က ထူးဆန်းသောစူးရှရှအသံတစ်ခုကိုပြု၍ လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာသည်။
Chapter 2325
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအနက်ရောင်အရိပ်က လုယွီထံသို့ ရောက်ရှိလာသည်။
လုယွီက အနီးကပ်ကြည့်လိုက်ချိန်တွင် ထိုအရိပ်သည်လူသားပုံသဏ္ဌာန်ရှိသော်လည်း သူ၏မျက်နှာသည် အပြည့်အဝပျက်စီးနေသည်။သူ၏ပါးစပ်ကြီးသည် ကျယ်လောင်စွာပွင့်ဟနေပြီး ထက်ရှသောသွားများက ထွက်ပေါ်နေပေ၏။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးအရာမှာ ထိုလူ၏မျက်လုံးတစ်စုံပင်။
ထိုလူ၏မျက်လုံးများတွင် အဖြူရောင်ဟူ၍ တစိုးတစိမျှမရှိတော့ဘဲ နက်မှောင်နေသည်။ထို့ပြင် သူ၏မျက်လုံးနံဘေးပတ်လည်ရှိ သွေးကြောများမှာ ဖောင်းကြွနေလေ၏။
ထိုလူရိပ်ထံမှနေ၍ ထူးဆန်းသော အက်ရှရှအသံကြီးထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် ထိုလူရိပ်သည် လုယွီထံသို့ရောက်ရှိလာကာ သူ၏လက်သည်းဖြင့် ဆွဲကုတ်လိုက်သည်။
"ယင်ဝိညာဥ်တစ်ကောင်ပါလား...မင်းက ငါ့ကိုတောင် တိုက်ခိုက်ဝံ့တယ်ပေါ့လေ"
လုယွီက ယင်ဝိညာဥ်ထံဦးတည်၍ ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။
တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ်က ယင်ဝိညာဥ်ပေါ်သို့ ကျရောက်သွားသည်။လက်သီးတစ်ချက်ဖြင့်ပင် ထိုယင်ဝိညာဥ်သည် တစစီ ကြေမွှပျက်စီးသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းများ တောက်ပလာသည်။
"ဒါဆိုရင် ဒီနေရာမှာ တစ်ချိန်လုံးပြဿနာရှာနေတာ မင်းတို့တွေပေါ့....အကုန်လုံး ထွက်လာခဲ့ကြစမ်း"
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ယင်ချီများက ရစ်သိုင်းလွှမ်းခြုံနေသည်။
မကြာမီမှာပင် လက်တစ်ဖက်အတွင်းတွင် အစိမ်းရောင်မီးအိမ်ကို ကိုင်ဆောင်ထားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက လုယွီ၏နောက်ဘက်ရှိ လေဟာနယ်အတွင်း၌ ထွက်ပေါ်လာပေ၏။
ဝုန်း...ဝုန်း....
ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်ငြိမ်သက်နေသော အိမ်များအတွင်းမှနေ၍ ရုတ်တရက် ယင်ဝိညာဥ်ဆယ်ကောင်ကျော်ခန့် ထွက်ပေါ်လာသည်။
ထိုယင်ဝိညာဥ်များသည် ထိတ်လန့်ကြောက်ရွံသော အကြည့်မျိုးဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
အတိတ်ဘဝတွင် လုယွီသည် ထိုသရဲတစ္ဆေများအားလုံး၏အရှင်သခင်ပင်။
"ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ယင်ဝိညာဥ်တွေအများကြီးရှိနေတာလဲ...ပြီးတော့ သူတို့ကိုအကဲဖြတ်ကြည့်ရသလောက် သူတို့ရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့ နာကျည်းမုန်းတီးမှုတွေက နည်းပါးပုံမရဘူး"
လုယွီက သူ၏လက်ကို ယင်ဝိညာဥ်တစ်ကောင်၏ခေါင်းပေါ်သို့ တင်လိုက်၏။
ထိုယင်ဝိညာဥ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူ့နှလုံးသားအောက်ခြေမှ မြစ်ဖျားခံလာသော ထိတ်လန့်ကြောက်ရွံမှုကြောင့် သူသည် လုယွီကို အနည်းငယ်မျှပင် ခုခံတိုက်ခိုက်ဝံ့ခြင်းမရှိချေ။
ဤနေရာတွင်ရှိနေသော ယင်ဝိညာဥ်များအားလုံး၏ မှတ်ဥာဏ်များသည် ပြည့်စုံခြင်းမရှိပေ။
လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်မှတဆင့် အရေးမပါသောမြင်ကွင်းတချို့ကိုသာ တွေ့မြင်ခဲ့ရသည်။
"ဘာလို့ ကျောင်းတော်ကတပည့်တွေရဲ့ အရိပ်အယောင်တွေ ရှိမနေတာလဲ...ဖြစ်နိုင်တာတော့ ယင်ဝိညာဥ်တွေက သူတို့ကို နည်းနည်းလေးတောင် မမြင်တွေ့လိုက်တာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ထိုယင်ဝိညာဥ်များ၏ပြန့်ကျဲနေသော မှတ်ဥာဏ်များအတွင်းတွင် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့် တစ်ယောက်တစ်လေကိုမျှ ရှာမတွေ့ခဲ့ချေ။
ထိုယင်ဝိညာဥ်များအားလုံး တွေဝေတုံ့ဆိုင်းနေသောအချိန်မှာပင် စူးရှရှအော်သံတစ်သံက မြို့၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။
ထိုအော်သံသည် အဘက်ဘက်သို့ပျံ့နှံ့သွားကာ မြို့တစ်မြို့လုံးအနှံ့ ပဲ့တင်ထပ်နေပေ၏။
လုယွီက ခေါင်းမော့ကြည့်လိုက်ရာ မြို့၏အစွန်ဘက်တွင် မီတာသောင်းနှင့်ချီမြင့်မားသော နာကျည်းမုန်းတီးမှုလှိုင်းများ တလိမ့်လိမ့်လူးလွန့်နေခြင်းကို တွေ့မြင်မိသည်။
ထိုနာကျည်းမုန်းတီးမှုများသည် အလွန်အမင်းပြင်းထန်ကာ အတွင်း၌ အကန့်အသတ်မရှိသော သေဆုံးခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံရသည်။
အစောပိုင်းက လုယွီထံ အညံခံထားသော ယင်ဝိညာဥ်များသည် ထိုနာကျည်းမုန်းတီးမှုလှိုင်းများ၏ ညှို့ငင်ခြင်းခံလိုက်ရ၏။သူတို့၏မျက်လုံးများသည် နီမြန်းသွားကာ သူတို့က လုယွီထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြသည်။
မရေမတွက်နိုင်သောယင်ဝိညာဥ်များ စုဝေးလာကာ သူတို့သည် တည်ငြိမ်သောရေမျက်နှာပြင်ပေါ်တွင် လှုပ်ခတ်နေသော ရေလှိုင်းဂယက်များနှင့်တူညီသည်။
အစောပိုင်းက တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အအုံများအတွင်းမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ယင်ဝိညာဥ်များ တစ်ကောင်ပြီးတစ်ကောင်ထွက်လာကာ လုယွီထံသို့ တရကြမ်းပြေးဝင်လာကြ၏။
ထိုယင်ဝိညာဥ်များသည် ယင်ကောင်ငယ်လေးများသာဖြစ်ကြောင်း လုယွီက ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
အစစ်အမှန်ကြိုးကိုင်သူသည် ဤမြို့အတွင်း၌ ပုန်းအောင်းနေပေမည်။
"ထွက်သွားကြစမ်း"
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ မျက်လုံးအတွင်းမှနေ၍ အပြာရင့်ရောင်မီးတောက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိယင်ဝိညာဥ်များကို ချေမွှဖျက်ဆီးလိုက်သည်။
တစ်ချိန်တည်းမှာပင် လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေသည် တော်ဝင်မြို့တော်နှင့် နီးကပ်စွာတည်ရှိသည်။ထို့ကြောင့် လုယွီသည် သူ၏တာအိုသခင်စိတ်ဝိညာဥ်မှ အရှိန်အဝါကို အပြည့်အဝထုတ်လွှတ်၍မရချေ။သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံကို အနည်းငယ်သာ ထုတ်ဖော်အသုံးပြုခဲ့သည့်တိုင် မြို့၏ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော အနီရောင်ဝတ်စုံဝတ်လူတစ်ယောက်ကို တွေ့မြင်နိုင်ခဲ့သည်။
ထိုလူသည် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ပင်။သူမ၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်နေပြီး သူမ၏ဆံပင်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေလေ၏။
ဤအချိန်အခိုက်အတန့်တွင် ထိုအမျိုးသမီးသည် အလွန်အမင်းနာကျည်းမုန်းတီးသောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။
သူမသည် အိမ်တစ်လုံး၏ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသည်။ထိုအိမ်၏တံခါးပေါက်များနှင့်ပြတင်းပေါက်များကို တစ်ဝက်သာပိတ်ထားလေရာ အလွန်အမင်းလုံခြုံသောနေရာတစ်ခုပင်။
"မင်းက အဲ့ဒီနေရာမှာပုန်းအောင်းနေတာနဲ့ပဲ...ငါ မင်းကို မရှာနိုင်ဘူးလို့ ထင်နေတာလား"
လုယွီက သရော်တော်တော် ရေရွတ်လိုက်သည်။ထို့နောက် သူ၏လက်ကိုဆန့်ထုတ်ကာ ယင်ဝိညာဥ်များကိုကျော်ဖြတ်၍ အနီရောင်ဝတ်စုံဝတ်အမျိုးသမီးရှိနေသောအိမ်ကို ဖမ်းဆုပ်လိုက်၏။
Thank For Reading.