← Chapters

အခန်း (၂၃၃၁-၂၃၃၅)

Vol. 120 Ch. 2331-2335

အခန်း (၂၃၃၁-၂၃၃၅)

Vol. 120 Ch. 2331-2335

Chapter 2331

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ဤနေရာ၌ထွက်ပေါ်လာခဲ့သဖြင့် မြေအောက်နက်ရှိုင်းသောနေရာတွင်ရှိနေသော တစ်စုံတစ်ခုကလည်း သူ၏တည်ရှိမှုကို အာရုံခံမိပုံရသည်။

ဟူး....

ပတ်ဝန်းကျင်ရှိ အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများသည် လုယွီ၏နတ်ဘုရားစိတ်အာရုံထံ ရုတ်တရက် တိုးဝင်၍ရိုက်ခတ်ကြ၏။

"သောက်ချေးပဲ...ငါက ဆိုးဆိုးရွားရွား သေခဲ့ရတယ်"

"ဘာလို့ မင်းက မသေသေးတာလဲ...ငါ့ကို မင်းရဲ့အသက်ပေးစမ်း"

တစ်ချိန်တည်းမှာပင် ယင်ဝိညာဥ်များ၏မြည်တမ်းသံများက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ထိုအရာများသည် သေဆုံးသွားသောသက်ရှိများ၏ အကြွင်းအကျန်အတွေးများပင်။ထိုစကားလုံးတချို့ကိုနားထောင်မိရုံဖြင့်ပင် ကြားရသူအား ရင်တုန်မောပန်းခြင်းကို ခံစားရစေပေမည်။

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဆန္ဒသည် ခိုင်မာခြင်းမရှိပါက ထိုနာကျည်းမုန်းတီးမှုများအကြားတွင် နစ်မြုပ်သွားကာ အဆုံးသတ်၌ ထိုလူ ရူးသွပ်သွားပေလိမ့်မည်။

"မင်းက ဒီလိုအရေးမပါတဲ့နည်းလမ်းလေးတွေသုံးပြီး ငါ့ကိုရင်ဆိုင်ချင်တာလား...မင်းတို့အားလုံး ပြန့်ကြဲသွားစမ်း"

လုယွီက သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို ချက်ချင်းဆိုသလိုပင် ဖြန့်ကျက်လိုက်၏။အစွမ်းထက်သောစိတ်ဝိညာဥ်စွမ်းအားများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားခြင်းနှင့်အတူ ယင်ဝိညာဥ်များ၏အကြွင်းအကျန်နာကျည်းမုန်းတီးမှုများကို ဖယ်ရှားရှင်းလင်းလိုက်သည်။

လုယွီသည် ဤနေရာ၌ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်တိုးကာ မြေပြင်၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။

ဤနေရာတွင် သွေးကြောများစုဝေးနေပြီး အနက်ရောင်နှလုံးတစ်ခုလည်း ရှိနေလေ၏။

ဒုန်း...ဒုန်း...

ထိုနှလုံးခုန်သံ တည်ငြိမ်စွာထွက်ပေါ်နေခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ နာကျည်းမုန်းတီးမှုများက တလိမ့်လိမ့်လူးလွန့်နေသည်။

လုယွီသည် ထိုနှလုံးကိုမြင်ချိန်တွင် မှန်းဆ၍မရနိုင်သောဖိအားအရှိန်အဝါမျိုးကို ခံစားမိသည်။

လုယွီချဥ်းကပ်လာသည်ကို အာရုံခံမိပုံဖြင့် ထိုနှလုံးသည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

ထိုနှလုံးအတွင်းသို့စီးဝင်နေသော ပတ်ဝန်းကျင်ရှိသွေးကြောများမှနေ၍ အနက်ရောင်သွေးများ ယိုစီးထွက်လာကာ ပြင်းထန်သောနာကျည်းမုန်းတီးမှုများ မျောလွင့်လာပေ၏။

ဘုန်း...ဘုန်း...

ပတ်ဝန်းကျင်ရှိမြေပြင် စတင်၍ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

လုယွီက ထိုအနက်ရောင်နှလုံးကို ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သောလူများနှင့်နတ်ဆိုးမှော်သားရဲများ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့်မြင်ကွင်းက သူ၏စိတ်အတွင်း၌ ထင်ဟပ်လာပေ၏။

ထိုသက်ရှိများမသေဆုံးမီ စူးရှနာကျင်စွာအော်ဟစ်နေသောမြင်ကွင်းက လုယွီ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်နေသည်။

ဤသည်က ထိုသက်ရှိများအားလုံးသည် ဤကိစ္စရပ်များနောက်ကွယ်မှကြိုးကိုင်သူ၏သတ်ဖြတ်ခြင်းမခံရမီ နောက်ဆုံးကျန်ရစ်ခဲ့သော မှတ်ဥာဏ်များပင်။

"ဒါဆိုရင်...အရာအားလုံးကို မင်း လုပ်ခဲ့တာပေါ့လေ"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"အစိမ်းရောင်ကြာနတ်ဘုရား...မင်းက တကယ့်ကိုပဲ မင်းရဲ့ယုတ်ညံတဲ့ရည်ရွယ်ချက်တွေကို လက်မလွှတ်နိုင်ဘူးပဲ"

ဤနှလုံးတွင် အစိမ်းရောင်ကြာနတ်ဘုရား၏အငွေ့အသက်များ ရှိနေသည်။

သူ၏အတိတ်ဘဝတွင် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ကာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို မြေအောက်လောကနယ်မြေပြင်ပထိ မောင်းထုတ်ခဲ့သည်။ထို့ကြောင့် သူသည် အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်နှလုံး၏အထက်၌ ကြီးမားသောသွေးလက်ဝါးကြီးတစ်ခုသိပ်သည်းလာကာ လုယွီထံဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

ကြည့်ရသည်မှာ ထိုအရာသည် လုယွီကို တိုက်ရိုက်သတ်ဖြတ်လိုသကဲ့သို့ပင်။

သို့ရာတွင် ထိုသွေးလက်ဝါးကြီးထွက်ပေါ်လာသောအချိန်မှာပင် ခေါင်းဖြတ်ဓားက ရုတ်တရက် မြေကြီးအတွင်းသို့ တိုးဝင်သွားသည်။ရုတ်ချည်းဆိုသလိုပင် ခေါင်းဖြတ်ဓားသည် မြေကြီးအောက် မီတာထောင်ပေါင်းများစွာကွာဝေးသောနေရာသို့ ထိုးဖောက်ဝင်ရောက်သွားကာ အနက်ရောင်နှလုံးကို ထိုးစိုက်မိသွားလေ၏။

ဤတိုက်ခိုက်မှုသည် အနက်ရောင်နှလုံးမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

စူးရှရှအော်သံတစ်သံက အနက်ရောင်နှလုံးထံမှ ထွက်ပေါ်လာသည်။

ထို့နောက် အနက်ရောင်နှလုံး၏ဒဏ်ရာမှနေ၍ အနက်ရောင်သွေးများ ပန်းထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ဖြာကျသွားပေ၏။

ခေါင်းဖြတ်ဓားသည် နတ်ဆိုးဆေဘာဓားတစ်လက်ဖြစ်သည်။ယခုချိန်၌ ထိုဆေဘာဓားသည် သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေတစ်ကောင်နှင့် တူညီနေကာ လုံလောက်သောအာဟာရများ တွေ့ရှိသဖြင့် စတင်၍အရူးအမူး ဝါးမျိုနေသည်။

မူလက ပြင်းထန်အားကောင်းသော အနက်ရောင်နှလုံးမှသွေးအရှိန်အဝါများ ချက်ချင်းဆိုသလိုပင် အားပျော့သွားသည်။

"ဒီစွမ်းအားတွေကို မင်းဆီမှာချန်ထားရင် မင်းက ထင်ရာစိုင်းနေအုံးမှာပဲ...ငါ့ကိုပေးလိုက်တာ ပိုကောင်းလိမ့်မယ်"

လုယွီက တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏။

ခေါင်းဖြတ်ဓားသည် အနက်ရောင်သွေးများကို အရူးအမူးဝါးမျိုနေပြီးနောက် ထိုဓား၏မျက်နှာပြင်ပေါ်၌ သွေးနီရောင်အစင်းကြောင်းများ ထွက်ပေါ်လာသည်။

ဤဧကရာဇ်အဆင့်မှော်လက်နက်သည် အတိတ်တွင် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားစေခဲ့သည်။မကြာမီမှာပင် ဤမှော်လက်နက်သည် နဂိုမူလကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး ပြန်လည်ရရှိတော့ပေမည်။

ဘုန်း...

အနက်ရောင်နှလုံး တိုက်ခိုက်ခံနေရခြင်းနှင့်အတူ တမလွန်မြို့၏မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

"မြန်မြန်လေး...လူတိုင်းပဲ အတူပူးပေါင်းပြီး ဖုံးကွယ်ဝင်္ကပါကို အသက်သွင်းကြစမ်း...အပြင်မှာရှိတဲ့ယင်ဝိညာဥ်တွေ ငါတို့ကိုရှာမတွေ့သွားစေနဲ့"

ကောရှုမန်တို့လူစုသည် မတော်တဆဖြစ်လာသော ကိစ္စရပ်များမှကာကွယ်နိုင်ရန် ဖုံးကွယ်ဝင်္ကပါကို အလျှင်အမြန် အသက်သွင်းလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ခေါင်းဖြတ်ဓားသည် သွေးများပြည့်ဝစွာစုပ်ယူပြီးသွားပုံဖြင့် အစွမ်းထက်သောအားလှိုင်းတစ်ရပ်ကို ဖြန့်ကျက်လိုက်သည်။

Chapter 2332

အနက်ရောင်နှလုံးသည်လည်း အားကောင်းသောခြိမ်းခြောက်နိုင်မှုကို ခံစားမိပုံဖြင့် ချက်ချင်းဆိုသလိုပင် ထိုအရာ၏မျက်နှာပြင်ပေါ်၌ အနက်ရောင်အလင်းလွှာတစ်ခုလွှမ်းခြုံသွားကာ ခေါင်းဖြတ်ဓား၏ဝါးမျိုမှုကို ပိတ်ဆို့ဟန့်တားလိုက်သည်။

ခေါင်းဖြတ်ဓားသည်လည်း လက်လျှော့အရှုံးပေးလိုပုံမရချေ။ထိုအရာ၏ ဝါးမျိုခြင်းစိတ်ဆန္ဒသည် ပို၍ပို၍ အားကောင်းလာပေ၏။

ပတ်ဝန်းကျင်ရှိအလောင်းများမှ သွေးချီများကိုလည်း ခေါင်းဖြတ်ဓားမှ အဆက်မပြတ်စုပ်ယူနေသည်။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ အနက်ရောင်နှလုံးသည် ကြီးမားသောခြိမ်းခြောက်မှုကို ခံစားနေရသည်။

ဝုန်း...

ရုတ်တရက် အနက်ရောင်နှလုံး တုန်ခါသွားသည်။

ထိုအရာ၏နောက်မှနေ၍ သန့်စင်သောအဖြူရောင်ကြာပန်းအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

နှိုင်းယှဥ်စရာမရှိသည်အထိကျယ်ပြောသော အလင်းရောင်သည် မြေအောက်၌ တောက်ပသွားကာ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် အမှောင်ထုကြီးကို ဖယ်ရှားရှင်းလင်းလိုက်၏။

ထိုအလင်းရောင်အကြားတွင် အလွန်အမင်းအစွမ်းထက်သောစွမ်းအားလှိုင်းတစ်ရပ် ကိန်းအောင်းနေသည်။ဤသည်က နတ်ဘုရားများသည် သေမျိုးများအားလုံးကို အထင်အမြင်သေးစွာဆက်ဆံသည့်အလား လူအများကို ဆန့်ကျင်နိုင်သောအတွေးမျိုးမရှိစေရန် ကာကွယ်ဟန့်တားပေးနိုင်စွမ်းရှိသည်။

ခေါင်းဖြတ်ဓားသည်လည်း တူညီစွာပင် အလွန်များပြားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှက်နေသည်။သို့ရာတွင် ခေါင်းဖြတ်ဓားသည် ယခုထိတိုင် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးသဖြင့် အဖြူရောင်အလင်းတန်းကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

ဒေါင်...

ညင်သာသောအသံတစ်သံနှင့်အတူ ခေါင်းဖြတ်ဓားသည် နောက်သို့ပြန်ကန်ထွက်လာကာ အနက်ရောင်နှလုံးသည် မြေအောက်မှနေ၍ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

လုယွီသည် ထိုအနက်ရောင်နှလုံးကို ဟန့်တားခြင်းမပြုချေ။သူ၏လက်ရှိအခြေအနေဖြင့် အစိမ်းရောင်ကြာနတ်ဘုရားကို ထိန်းသိမ်းရန်မှာမဖြစ်နိုင်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

နောက်ဆုံးတစ်ကြိမ်တွင် ရှုရာနတ်ဘုရား၏နှလုံးကို သူ အပြည့်အဝဖျက်ဆီးနိုင်ခဲ့ခြင်းမှာ မျောက်၏အကူအညီကြောင့်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မျောက်သည် သိုလှောင်အိတ်အတွင်းမှ ထွက်လာခြင်းမရှိချေ။ကြည့်ရသည်မှာ မိုးကောင်းကင်တာအိုသည် ဤနေရာရှိမိုးကောင်းကင်ကို စောင့်ကြည့်နေပုံရသည်။အကယ်၍သာ မျောက်ထွက်ပေါ်လာပါက ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးများ ဆင်းသက်လာကာ သူ့အား သတ်ဖြတ်ပေလိမ့်မည်။

"ကံဆိုးချင်တော့...ဧကရာဇ်အဆင့်မှော်လက်နက်အဖြစ်ကိုရောက်ဖို့ နည်းနည်းလောက်လိုနေသေးတယ်"

လုယွီက သူ၏ခေါင်းဖြတ်ဓားကို တိတ်တဆိတ်ပြန်လည်ရုတ်သိမ်းလိုက်၏။

တစ်ချိန်တည်းမှာပင် လုယွီ၏စိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။

သူ အသိစိတ်ပြန်ဝင်လာချိန်တွင် အခန်းအတွင်းရှိတပည့်များသည် ကြီးမားသောရန်သူနှင့်ကြုံတွေ့ရတော့မည့်အလား အခန်းတံခါးအနီးတွင် စောင့်ဆိုင်းနေကြသည်။

အစောပိုင်းက မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ယင်ဝိညာဥ်များသည် သူတို့ကို ရှာတွေ့သွားကြပြီဟု လူတိုင်းက တွေးတောမိကြသဖြင့် အခန်းအတွင်း၌ အလျှင်အမြန်ပုန်းအောင်းနေကြခြင်းဖြစ်ပေ၏။

"ဒီနေရာပတ်ဝန်းကျင်မှာရှိတဲ့ ယင်ဝိညာဥ်တွေ တော်တော်များများ ပျောက်ကွယ်သွားပုံပဲ"

ကျီးယန်းရန်က တီးတိုးရေရွတ်လိုက်သည်။

သူမထံ၌ ယင်ယန်ကောင်းကင်ဘုံမျက်လုံးရှိသည်။သူမသည် ထိုအရာကို ယခုထိကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးသည့်တိုင် ပတ်ဝန်းကျင်ရှိယင်ဝိညာဥ်များ၏ ပြောင်းလဲမှုများကို တွေ့မြင်နိုင်ဆဲပင်။

ရုတ်တရက် တံခါး၏ပြင်ပတွင်ရှိနေသော တပည့်တချို့က အံ့အားတသင့် ပြောဆိုလိုက်၏။

"အဲ့ဒီယင်ဝိညာဥ်တွေ ထွက်သွားကြပြီ"

ထိုတပည့်များအားလုံးသည် သူတို့၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ကြသည်။

ထိုယင်ဝိညာဥ်များသည် အိမ်ပျက်ကြီးများအတွင်းမှနေ၍ တစ်ကောင်ပြီးတစ်ကောင် အလျှင်အမြန်ထွက်ခွါနေခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

ဤသည်က ထောင်သွင်းအကျဥ်းချခြင်းခံထားရသော အကျဥ်းသားများကို ရုတ်တရက်လွှတ်ပေးလိုက်သဖြင့် ထွက်ခွါရန်မစောင့်ဆိုင်းနိုင်ကြတော့သကဲ့သို့ပင်။

"သေချာတာပေါ့...သူတို့ ထွက်သွားကြပြီ"

"ဒါက ခုဏကလှုပ်သွားတဲ့ မြေငလျှင်နဲ့ဆက်စပ်နေတာများလား"

လူတိုင်း အလွန်ပျော်ရွှင်နေကြ၏။သူတို့သည် ဤနေရာ၌ ချောင်ပိတ်မိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် မြို့အတွင်းသို့ဝင်လာခဲ့ပြီးနောက် ပြန်ထွက်နိုင်ခဲ့ခြင်းမရှိချေ။ထို့ပြင် သူတို့သည် ပြင်ပသို့ သတင်းစကားများကိုပင် ပို့ဆောင်နိုင်ခြင်းမရှိပေ။

ယခုချိန်တွင် ထိုယင်ဝိညာဥ်များ ထွက်ခွါသွားသောကြောင့် သူတို့လည်း ထွက်သွားနိုင်တော့ပေမည်။

ကောရှုမန်သည် ထိုမြင်ကွင်းကိုကြည့်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"အဆင်သင့်ပြင်ထားကြ...ငါတို့ ကျီးကန်းနက်တောင်ကိုသွားမယ်"

ဤနေရာမှထွက်ခွါသွားရန် ဟန်ပြင်နေကြသော တပည့်များအားလုံး ကြက်သေသေသွားသည်။

ဤကဲ့သို့လွတ်မြောက်နိုင်မည့် အခွင့်အရေးမျိုးရရှိရန်မှာ သူတို့အတွက် မလွယ်ကူခဲ့ချေ။မည်သည်ကြောင့် သူတို့သည် ရှေ့သို့ဆက်သွားရမည်နည်း။

"စီနီယာအမ...ကျွန်တော်တို့ အရင်ဆုံး ကျောင်းတော်ကို ပြန်မသွားသင့်ဘူးလား"

တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

ကောရှုမန်၏မျက်ခုံး မြင့်တက်သွားကာ သူမက ဆူပူကြိမ်းမောင်းလိုက်၏။

"ငါတို့ ကျောင်းတော်ကနေထွက်လာတာ အချိန်အတော်ကြာနေပြီ...ဒါပေမယ့် ငါတို့ ခုထိဘာမှမရသေးဘူး...တကယ်လို့သာ အခုချိန်မှာ ငါတို့ ကျောင်းတော်ကိုပြန်မယ်ဆိုရင် ဒီနေရာမှာ အလဟဿအချိန်ဖြုန်းသလို ဖြစ်မနေဘူးလား"

ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ကောရှုမန်က ဆက်လက်၍ပြောဆိုသည်။

"ချမ်းသာကြွယ်ဝမှုတွေက အန္တရာယ်ကြားထဲကနေလာတယ်...ငါတို့က နောက်ဆုံးတစ်ကြိမ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ တပည့်တစ်ယောက်ယောက်ကိုသာရှာနိုင်ရင်...တကယ်လို့ သူ့ရဲ့အလောင်းကိုပဲ ပြန်သယ်သွားနိုင်မယ်ဆိုရင်တောင်...ငါတို့အတွက် အကျိုးဆောင်ရမှတ်တွေအများကြီးရနိုင်တယ်...မိုးကောင်းကင်ကျမ်းစာဆောင်ရဲ့တတိယထပ်ကိုတောင် ငါတို့ ဝင်နိုင်လိမ့်မယ်"

ထွက်ခွါရန်ဟန်ပြင်နေကြသော တပည့်များအားလုံးသည် သူတို့၏ခြေလှမ်းများကို အလျှင်အမြန် ရပ်တန့်လိုက်ကြ၏။

ကောရှုမန်၏စကားလုံးများသည် သူတို့အားလုံး၏စိတ်နှလုံးသားများကို အကြီးအကျယ်လှုပ်ရှားစေနိုင်သည်။

Chapter 2333

အန္တရာယ်များ၏နောက်ကွယ်တွင် ကြီးမားသောအကျိုးကျေးဇူးများ ပုန်းအောင်းနေလေ့ရှိသည်။

ဤနေရာတွင် တပည့်အမြောက်အများ ပျောက်ဆုံးသွားခဲ့သည်။တပည့်များ ပို၍ပျောက်ဆုံးလာသည်နှင့်အမျှ ထိုတာဝန်အတွက်ထုတ်ပြန်ထားသောဆုလာဘ် ပို၍ကြီးမားလာသည်။

အကယ်၍သာ သူတို့သည် ယခင်ကပျောက်ဆုံးသွားခဲ့သော တပည့်များကို ရှာဖွေနိုင်ပါက ကျောင်းတော်မှပေးအပ်မည့် ကြီးမားသောဆုလာဘ်များကို ရရှိပေမည်။

ထိုဆုလာဘ်များသည် စီနီယာတပည့်များအတွက်ပင်လျှင် အလွန်ဆွဲဆောင်နိုင်မှုမြင့်မားသည်။

"စီနီယာအမကောပြောတာက အဓိပ္ပါယ်ရှိတယ်"

"အမှန်ပဲ...ယင်ဝိညာဥ်တွေလည်း ထွက်သွားပြီ...ငါတို့က ဘာကိုဂရုစိုက်နေရအုံးမှာလဲ"

ကြီးကျယ်ခမ်းနားသောဆုလာဘ်များအကြောင်း တွေးတောမိချိန်တွင် လက်ရှိနေရာတွင်ရှိနေသော တပည့်များအားလုံး စိတ်လှုပ်ရှားနေကြ၏။

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"စီနီယာအမကော...ဒီခရီးစဥ်က အရမ်းအန္တရာယ်များတယ်...မင်းတို့အားလုံး ကျောင်းတော်ကို တက်နိုင်သမျှ အမြန်ဆုံးပြန်သွားဖို့ ငါ မင်းတို့ကို အကြံပေးချင်တယ်...ထပ်ပြီးမစွန့်စားကြနဲ့တော့"

တစ်ဖက်လူသည် အစိမ်းရောင်ကြာနတ်ဘုရားဖြစ်ပေ၏။

ဤသည်က နတ်ဘုရားတစ်ပါးပင်။

အကယ်၍ ထိုနတ်ဘုရားသာ လူတစ်စုကိုသတ်ဖြတ်လိုပါက သူ၏လက်ချောင်းလေးများကို လှုပ်ခတ်လိုက်ရုံသာရှိသည်။

မမျှော်လင့်ဘဲ လုယွီ၏စကားအဆုံးသတ်သွားသောအချိန်တွင် တပည့်များက အော်ငေါက်လိုက်ကြ၏။

"မင်းက ဂျူနီယာတပည့်တစ်ယောက်...ဒီလိုနေရာမျိုးက မင်း စကားဝင်ပြောရမယ့်နေရာလား"

"ဒါက အမှန်ပဲ...ဒီတာဝန်က မင်းလိုကောင်မျိုး ရုတ်သိမ်းလို့ရတဲ့ဟာမျိုးမဟုတ်ဘူး"

ကောရှုမန်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"နင်က ရှေ့ဆက်မသွားရဲဘူးဆိုမှတော့...နင် မြန်မြန်ထွက်သွားလိုက်တော့...နင့်ကို ဘယ်သူကမှ တားဆီးထားမှာမဟုတ်ဘူး"

ကျီးယန်းရန်သည် ဤတစ်ကြိမ်တွင်သည်းမခံနိုင်တော့သဖြင့် ဝင်ရောက်၍အကြံဥာဏ်ပေးလေသည်။

"စီနီယာအမကော...လုယွီပြောသွားတာတွေက အဓိပ္ပါယ်ရှိတယ်...တကယ်လို့သာ ကျွန်မတို့က ကျီးကန်းနက်တောင်ကို ထပ်သွားမယ်ဆိုရင် အကောင်းထက် အဆိုးပဲပိုများလိမ့်မယ်"

သူမ၏ယင်ယန်ကောင်းကင်ဘုံမျက်လုံးဖြင့် ကျီးကန်းနက်တောင်မှလာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။

"ဂျူနီယာညီမလေးကျီး...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က နင် ဘေးကင်းလုံခြုံမှုရအောင် ကာကွယ်စောင့်ရှောက်ပေးမှာပါ"

ထို့နောက် ကောရှုမန်က လုယွီကိုစောင်းငဲ့ကြည့်၍ အေးစက်တင်းမာသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"သူက အဲ့ဒီယင်ဝိညာဥ်တွေကို ကြောက်ရွံနေတာ...ဒါကြောင့် သူက ရှေ့ဆက်မသွားရဲတော့ဘူး...ဒါပေမယ့် သူက ငါတို့ရဲ့အရည်အချင်းတွေကို မနာလိုဖြစ်နေတာကြောင့် ငါတို့ကိုလည်း ရှေ့ဆက်မသွားဖို့ အကြံပေးနေတာ...နင် သူနဲ့နီးနီးကပ်ကပ် မနေသင့်ဘူး"

သူမသည် ကျီးယန်းရန်ကိုမူ အတော်အသင့် ချိုသာယဥ်ကျေးစွာဆက်ဆံနေသည်။

မည်သို့ပင်ဆိုစေကာမူ ကျီးယန်းရန်သည် သူမကို ကာကွယ်ပေးရန်အတွက် ကောရှုမန်တို့လူစုကို အဖိုးအခများစွာပေး၍ ငှါးရမ်းထားခြင်းဖြစ်သည်။

ထိုစကားကိုကြားချိန်တွင် လုယွီက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။

"ကောင်းပြီလေ...မင်းတို့က ရှေ့ဆက်သွားချင်တယ်ဆိုမှတော့...ငါလည်း မင်းတို့နဲ့အတူလိုက်မယ်"

သူသည် ထိုတပည့်များအား သေဆုံးမသွားစေရန် စေတနာကောင်းဖြင့် သတိပေးခဲ့ခြင်းဖြစ်သည်။

အကယ်၍ အစိမ်းရောင်ကြာနတ်ဘုရားသာ ဤနေရာ၌အမှန်တကယ်ရှိနေပါက သူသည် နည်းလမ်းတချို့ကို အသုံးပြု၍ ထွက်ပြေးနိုင်သော်လည်း တခြားတပည့်များကို ဂရုစိုက်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် သူတို့၏အမူအယာများအရ အကဲဖြတ်ကြည့်ပါက သူ သူတို့အား သွေးဆောင်နေခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"ဘာလဲ..နင်က မျက်နှာပျက်မှာကိုစိုးရိမ်တာနဲ့ပဲ...နင်ကိုယ်နင်ဖိအားပေးပြီး သေတွင်းထဲကိုခုန်ဆင်းမလို့လား"

ကောရှုမန်က ခေါင်းခါယမ်းပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

သူမ၏အမြင်အရ လုယွီသည် ထိုသို့ပြုလုပ်ရန် သူကိုယ်သူ အတင်းအကြပ်ဖိအားပေးနေခြင်းဖြစ်ပေမည်။

ဤအချိန်တွင် မြို့အတွင်း၌ ပုန်းအောင်းနေသော ယင်ဝိညာဥ်များအားလုံး ထွက်ခွါသွားလေပြီ။

ထိုယင်ဝိညာဥ်များ ထွက်ခွါသွားမှုနှင့်အတူ ခြောက်ကပ်နေသောမြို့ငယ်လေး ပို၍အေးစက်သွားသည်။

"အချိန်ကျပြီ...ငါတို့လည်း သွားကြစို့"

ကောရှုမန်တို့လူစုက တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ယင်ဝိညာဥ်များအားလုံး ထွက်ခွါသွားပြီးနောက် သူတို့လူစုသည် မြို့အတွင်းမှ ထွက်လာခဲ့ကြ၏။

တမလွန်မြို့သည် တောင်ခြေရင်းတွင်တည်ရှိသည်။မြို့ကိုဖြတ်သန်းပြီးသည်နှင့် တောင်၏ပရဝုဏ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်တွင် ကောင်းကင်ယံသည် အနည်းငယ်မှောင်စပျိုးနေလေပြီ။မြင့်မားသောတောင်များသည် တစတစ အမှောင်ထုအတွင်း၌ ကိန်းအောင်းသွားပေရာ ပတ်ဝန်းကျင်ကို ပို၍ရီဝေအုံ့မှိုင်းနေစေသည်။

"ကောလဟာလတွေအရတော့ ကျီးကန်းနက်တောင်မှာ အရမ်းဆိုးသွမ်းတဲ့ နတ်ဆိုးသက်ရှိတစ်ကောင်ကို ဖိနှိပ်ထားတယ်လို့ ဆိုကြတယ်...ဘယ်လိုပဲဖြစ်နေနေ ညအချိန်ကြီးမှာ တောင်ပေါ်လျှောက်သွားမနေတာ ပိုကောင်းလိမ့်မယ်"

ကျီးကန်းနက်တောင်သို့ရောက်ရှိချိန်တွင် တချို့တပည့်များသည် ကြောက်စိတ်ဝင်လာကြ၏။

ကောရှုမန်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"ဒါတွေက ယုံတမ်းစကားတွေပါ...ဘာမှ အခြေအမြစ်ရှိတာတွေမဟုတ်ဘူး"

"ဒါပေမယ့် ငါတို့ သတိထားပြီး တိုးတိုးတိတ်တိတ်နေတာ ပိုကောင်းလိမ့်မယ်"

ကျီးယန်းရန်က အသံနှိမ့်၍ပြောဆိုရန် သတိပေးလိုက်၏။

"နင် ဘာတွေကြောက်နေတာလဲ...ငါတို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တွေရဲ့ခန္ဓာကိုယ်နံဘေးပတ်လည်မှာ မြင့်မြတ်တဲ့အရှိန်အဝါတွေရှိနေတယ်...ယုတ်ညံတဲ့နတ်ဆိုးသက်ရှိတွေ ငါတို့နားကို ချဥ်းကပ်ဝံ့မှာမဟုတ်ဘူး"

ကောရှုမန်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

Chapter 2334

ကောရှုမန်၏စကားသည် အလွန်မောက်မာဝံ့ကြွားပေ၏။သူမသည် တမလွန်မြို့အတွင်း၌ ယင်ဝိညာဥ်အမြောက်အများနှင့် ရင်ဆိုင်တွေ့ခဲ့ရစဥ်တွင် အခန်းအတွင်းမှပြင်ပသို့ပင် မထွက်ရဲသည်အထိ ထိတ်လန့်ကြောက်ရွံခဲ့ရသော အမူအယာမျိုး သူမထံတွင် မရှိတော့ချေ။

သို့ရာတွင် အမှန်အားဖြင့် ကျီးကန်းနက်တောင် မည်မျှထိအန္တရာယ်များသည်ကို ကောရှုမန် ကောင်းစွာသိရှိပေ၏။

ကောလဟာလများအရ ကျီးကန်းနက်တောင်တွင် အလွန်အမင်းရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသက်ရှိတစ်ကောင်ကို ဖိနှိပ်ထားသည်။

အစပိုင်းတွင် နတ်ဆိုးတစ်ကောင်သည် လောကကြီးတခွင်လုံးကို ဖရိုဖရဲဖြစ်စေသည်အထိ ထကြွသောင်းကျန်းခဲ့သည်။နောက်ဆုံးတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာကာ ထိုနတ်ဆိုးကို ဖိနှိပ်လိုက်၏။

ထိုနတ်ဆိုးကိုဖိနှိပ်ထားသောနေရာသည် ဤကျီးကန်းနက်တောင်အတွင်း၌ပင်။

ဤတောင်သည် တိတ်ဆိတ်ငြိမ်သက်ရုံသာမက ထူထပ်သိပ်သည်းသောယင်ချီများဖြင့်လည်း ပြည့်နှက်နေသည်။နေသာသောနေ့အချိန်ကဲ့သို့ ရာသီဥတုမျိုးတွင်ပင် တစ်စုံတစ်ယောက်သည် တောင်ပရဝုဏ်အတွင်းသို့ ဝင်ရောက်လာပါက ရီဝေအုံ့ဆိုင်းမှုနှင့်အေးစက်မှုကို ခံစားရပေမည်။

ဤနေရာတွင် မှော်သားရဲတချို့သာနေထိုင်ကြပြီး လူသားများသည် အခြေချနေထိုင်ရန်အတွက် ဤကဲ့သို့နေရာမျိုးကို ရွေးချယ်ခြင်းမရှိချေ။

ကျီးကန်းနက်တောင်ခြေတွင် မြို့များသည် ကြယ်များကဲ့သို့ ပြန့်ကျဲနေပြီး နတ်ဆိုးများ၏လှုပ်ရှားမှုများကို ကာကွယ်စောင့်ကြပ်နိုင်ရန် အထူးသီးသန့်တည်ထောင်ထားခြင်းဖြစ်သည်။

တော်ဝင်နန်းတွင်းမှနေ၍ ဤကဲ့သို့အစီအမံများ ပြုလုပ်ထားသဖြင့် ကောလဟာလများသည် အမှားမဟုတ်နိုင်ချေ။

သို့ရာတွင် ဤတာဝန်အတွက်ဆုလာဘ်များသည် ကောရှုမန်အတွက် အလွန်ဆွဲဆောင်နိုင်စွမ်းရှိနေသည်။

သူမသည် စီနီယာတပည့်တစ်ယောက်ပင်။အကယ်၍ သူမသည် တော်ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုလိုပါက ထိုအရာမစတင်မီ သူမ၏ခွန်အားကို မြှင့်တင်ထားရပေမည်။ထို့ကြောင့် သူမအတွက် လုံလောက်သောအကျိုးဆောင်ရမှတ်များရရှိနေရန် လိုအပ်သည်။

ဤတာဝန်ကိုသာ ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပါက အလွန်များပြားသော အကျိုးဆောင်ရမှတ်များ ရရှိနိုင်သည်။

အကယ်၍ သူမတစ်ယောက်တည်းသာဆိုပါက ဤတာဝန်ကိုလုပ်ဆောင်ရန် ခက်ခဲမှုတချို့ရှိနေပေမည်။

သို့ရာတွင် ယခုချိန်တွင် တပည့်များစုဝေးနေသဖြင့် အန္တရာယ်လျော့ပါးသွားနိုင်သည်။

ကောရှုမန်သည် တခြားတပည့်များကို ကြောက်ရွံမှုကြောင့် ထွက်ပြေးမသွားစေရန်ရည်ရွယ်၍ အားပေးအားမြှောက်စကားများ ပြောဆိုနေခြင်းဖြစ်လေ၏။

အမှန်အားဖြင့် ကောရှုမန် ယုံကြည်ချက်အခိုင်အမာရှိပုံဖြင့် ပြောဆိုနေခြင်းကြောင့် ယခင်က စိုးရိမ်ကြောက်ရွံနေကြသော တပည့်တချို့ အနည်းငယ်စိတ်သက်သာရာရသွားကြသည်။

"နောက်ဆုံးပျောက်သွားတဲ့တပည့်က ငါတို့ရှေ့မိုင်တစ်ရာလောက်အကွာမှာ အချက်ပေးသင်္ကေတတစ်ခုထားခဲ့တယ်"

ကောရှုမန်က အဝေးတစ်နေရာကို လက်ညှိုးညွှန်ပြကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်မှာပင် တောင်ကြားလမ်းတလျှောက် မြူခိုးများက မျောလွင့်လာသည်။

ထိုမြူခိုးများထွက်ပေါ်လာခြင်းသည် အလွန်ရုတ်တရက်ဆန်လှ၏။သူတို့လူစု တောင်ကြားလမ်းအတွင်းသို့ ဝင်ရောက်လာစဥ်အချိန်တွင် ပတ်ဝန်းကျင်၌ မည်သည့်မြူခိုးမျှရှိမနေချေ။

"ဒါက နည်းနည်းတော့ထူးဆန်းနေသလိုပဲ"

တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

လူတိုင်းက ရှေ့သို့အလျှင်အမြန် လျှောက်လှမ်းလိုက်ကြသည်။ရုတ်တရက် တပည့်တစ်ယောက်၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။

"မကောင်းတော့ဘူး...တစ်ခုခုက ငါ့ရဲ့ခြေထောက်ကို ရစ်ပတ်နေတယ်"

ထိုတပည့်၏အသံ အနည်းငယ်တုန်ခါနေပေ၏။

လူတိုင်းသည် ကြီးမားသောရန်သူနှင့်ရင်ဆိုင်ရတော့မည့်အလား သူတို့၏မှော်လက်နက်များကို အလျှင်အမြန် ထုတ်ယူလိုက်ကြသည်။

ကောရှုမန်ပင်လျှင် ထိုတပည့်ကို အချိန်မရွေးကာကွယ်ပေးနိုင်ရန်အတွက် သူ၏အနားသို့ အလျင်စလိုအပြေးသွားလိုက်၏။

လုယွီက စောင်းငဲ့၍ကြည့်ပြီးနောက် အေးစက်စက်အမူအယာဖြင့် ရှေ့သို့လျှောက်လှမ်းကာ ထိုတပည့်၏ခြေထောက်အနားရှိအရာကို ကန်ထုတ်လိုက်သည်။

ထိုတပည့်က ဂရုတစိုက်ကြည့်လိုက်ရာ အလောင်းတစ်လောင်းဖြစ်နေကြောင်းကို တွေ့မြင်မိသည်။

ဤသည်က အမျိုးသားတစ်ယောက်၏အလောင်းဖြစ်ပြီး ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုအလောင်း၏မျက်လုံးများသည် ပြူးကျယ်နေကာ သူသည် မသေဆုံးမီအချိန်၌ အလွန်အမင်းထိတ်လန့်ကြောက်ရွံစရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည့်အလား သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားနေသည့်အမူအယာမျိုး ထင်ဟပ်နေဆဲပင်။

ကောရှုမန်သည် ထိုအလောင်းကိုကြည့်ပြီးနောက် ရုတ်တရက် အံ့အားတသင့် အော်ဟစ်လိုက်၏။

"ဒါက စီနီယာတပည့် ရှယိုသဲမဟုတ်လား...သူ သေသွားပြီလား"

သူမသည် ဤအလောင်းနှင့် အလွန်အမင်းရင်းနှီးကျွမ်းဝင်ပေ၏။

ရှယိုသဲသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ သူမနှင့်တစ်ချိန်တည်း ဝင်ရောက်ခဲ့သူပင်။

ထို့နောက် ကောရှုမန်သည် ထိုအလောင်းကိုစစ်ဆေးရန်ရည်ရွယ်၍ သူမ၏လက်ကို ဆန့်တန်းလိုက်သည်။

"ရပ်လိုက်"

လုယွီက ရုတ်တရက် အော်ဟစ်လေသည်။

သို့ရာတွင် မည်သည်ကြောင့် ကောရှုမန်သည် လုယွီ၏ဟန့်တားမှု​ဖြင့် ရပ်တန့်မည်နည်း။သူမက သရော်တော်တော် ပြောဆိုလိုက်၏။

"နင့်လိုဂျူနီယာတပည့်တစ်ယောက်ကများ...တကယ်လို့ နင် ကြောက်နေတယ်ဆိုရင် နောက်ကိုဆုတ်နေစမ်း"

ထို့နောက် သူမက ရှယိုသဲ၏အလောင်းကို စစ်ဆေးရန်အတွက် ဆောင့်ကြောင့်ထိုင်လိုက်သည်။

သို့ရာတွင် ကောရှုမန်၏လက် ထိုအလောင်းကိုထိတွေ့မိသည်နှင့် မမျှော်လင့်ဘဲ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော အလောင်း၏မျက်လုံး ရုတ်တရက် အနီရောင်သို့ ပြောင်းလဲသွားသည်။

ဝေါင်း...

အလောင်းကောင်ကြီးသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ကောရှုမန်ပေါ်သို့ ခုန်အုပ်လိုက်၏။

ဤမတော်တဆဖြစ်ရပ်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင်ဖြစ်ပျက်သွားကာ မည်သူကမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

Chapter 2335

ဤကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် လုယွီက ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတက်ကာ ထိုအလောင်းကောင်၏ခေါင်းပေါ်သို့ သူ၏လက်ကို ဖိနှိပ်လိုက်သည်။

ထိုအလောင်းကောင်၏ခွန်အားသည် အလွန်သန်မာသော်လည်း လုယွီ၏လက်ဝါးသည် သံညှပ်တစ်ခုကဲ့သို့မြဲမြံနေသဖြင့် ချိုးဖျက်နိုင်ရန်မှာမဖြစ်နိုင်ချေ။

ဝုန်း...ဝုန်း...

အလောင်းကောင်းသည် အင်အားအကုန်သုံး၍ ရုန်းကန်နေသော်လည်း လုယွီ၏လက်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

လုယွီ၏လက်ငါးချောင်းထိပ်မှနေ၍ ရုတ်တရက် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုအလင်းတန်းများသည် အလောင်းကောင်၏ခန္ဓာကိုယ်အတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဥ်ထံသို့ ရောက်ရှိသွားသည်။

"ဒီဝိညာဥ်က တော်တော်လေးကို ထိခိုက်ပျက်စီးထားတာပဲ...သူအသက်ရှင်နေတဲ့အချိန်တုန်းက မှတ်ဥာဏ်တွေတောင်မှ မပြည့်စုံတော့ဘူး"

လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကိုအသုံးပြု၍ ထိုအလောင်းကောင်ကို စစ်ဆေးလိုက်ခြင်းဖြစ်သည်။

အလောင်းကောင်၏အကြွင်းအကျန်စိတ်ဝိညာဥ်တွင် မည်သည့်မှတ်ဥာဏ်မျှမရှိတော့ဘဲ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုတည်းသာရှိနေကြောင်း သူ တွေ့ရှိလိုက်ရ၏။

မည်သူမည်ဝါဖြစ်နေပါစေ အလောင်းနားသို့ ချဥ်းကပ်မိသရွေ့ ထိုအလောင်းကောင်၏သတ်ဖြတ်ခြင်းကို ခံရပေမည်။

လုယွီသည် အစကတည်းက ထိုအလောင်းကောင်ထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိသည်။ထို့ကြောင့် သူက ကောရှုမန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

ဤအချိန်တွင် ကောရှုမန်သည် မြေပြင်ပေါ်၌ထိုင်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။သူမ၏မျက်နှာတပြင်လုံးဖြူရော်နေကာ စီနီယာတပည့်တစ်ယောက်၏ပုံပန်းသွင်ပြင်မျိုး အနည်းငယ်မျှပင်မရှိတော့ချေ။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် စီနီယာတပည့်တစ်ယောက်ဖြစ်နေသဖြင့် သူမထံ၌ အရည်အချင်းတချို့ရှိသည်။

သူမသည် ထိတ်လန့်ကြောက်ရွံသွားသော်လည်း အချိန်တိုအတွင်းမှာပင် သူမ၏စိတ်ကိုတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

သို့ရာတွင် ကောရှုမန်၏ရှက်ရွံမှုများသည် ဒေါသအဖြစ် ပွင့်အံ့ထွက်လာပေ၏။

"နင် ခုဏက တစ်ခုခုကို သတိပြုမိတယ်မလား...ဘာလို့ ငါ့ကိုမပြောတာလဲ"

ကောရှုမန်က စိတ်ဆိုးဒေါသထွက်နေသောလေသံဖြင့် စောဒကတက်လေသည်။

လုယွီက အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"ငါ မင်းကို သတိပေးတယ်လေ...မင်းက ယုံလို့လား"

အစောပိုင်းက လုယွီသည် အလောင်းကောင်ကိုမထိရန် သူမအား သတိပေးခဲ့သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ကောရှုမန်သည် လုယွီ၏ဂျူနီယာတပည့်ဟူသောအဆင့်အတန်းကြောင့် သူ၏စကားများကို အလေးအနက်မထားခဲ့ချေ။

ကောရှုမန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"တကယ်လို့ နင် ဘာမှနားမလည်ဘူးဆိုရင်လည်း...ဘာမှဝင်မပြောနဲ့....ဒီအလောင်းကောင် မူမမှန်တာကို ငါ မသိဘူးလို့ နင် ထင်နေတာလား"

သူမသည် အတင်းအကြပ်ဖိအားပေး၍ ရှင်းပြနေခြင်းပင်။ကြည်လင်ပြတ်သားသောအမြင်အာရုံရှိသည့် မည်သူမဆို သူမ အမှန်တကယ်ကြောက်ရွံသွားခဲ့ကြောင်းကို ပြောဆိုနိုင်သည်။

သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်ရောက်ပြောဆိုခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ စီနီယာတပည့်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ဂုဏ်သိက္ခာအတော်အသင့်မြင့်မားသူများဖြစ်သည်။

"ငါ ဒီအလောင်းကို ပြန်ယူသွားမယ်"

ကောရှုမန်က မြေပြင်ပေါ်ရှိလူသေလောင်းကို ကောက်ယူသွားရန် ဟန်ပြင်လိုက်၏။သူမ ဤအလောင်းကောင်ကို သယ်သွားနိုင်သည်နှင့် ဤတာဝန်အတွက် လက်ဆုပ်လက်ကိုင်ပြစရာ တစ်စုံတစ်ခု ရရှိသွားလေပြီ။

လုယွီသည် ကောရှုမန်က လူသေအလောင်းကိုယူရန် ပြင်ဆင်နေသည်အား နံဘေးဘက်မှသာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကာ ဟန့်တားခြင်းမပြုချေ။

ထိုအလောင်း၏ခန္ဓာကိုယ်ပေါ်တွင် အားကောင်းသောနာကျည်းမုန်းတီးမှုများ စွဲကပ်နေဆဲပင်။အကယ်၍ ထိုအလောင်းကို သိုလှောင်အိတ်အတွင်း၌ ထည့်ထားလျှင်ပင် အသုံးပြုသူအပေါ်၌သက်ရောက်နိုင်ဆဲဖြစ်သည့်အပြင် ထိုသူ၏ကျင့်ကြံမှုကိုပင် ထိခိုက်စေနိုင်သည်။

သို့ရာတွင် လုယွီသည် ယခင်က ကောရှုမန်ကို အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း သူမက မကြားသကဲ့သို့သာ ပြုမူနေသည်။

ထို့ကြောင့် လုယွီသည် သူမအား ထပ်မံ၍သတိပေးမည်မဟုတ်ချေ။

"စီနီယာတပည့်တွေတောင် ဒီနေရာမှာသေသွားကြတယ်...ဖြစ်နိုင်တာတော့ ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်...ငါတို့ နောက်ပြန်လှည့်ကြတာ ပိုမကောင်းဘူးလား"

တပည့်များအနက်မှတစ်ယောက်က နောက်သို့ပြန်ဆုတ်ရန် စတင်၍ပြောဆိုလေ၏။

ဤနေရာသို့လာရန် ခေါင်းမာနေခဲ့သော ကောရှုမန်ပင်လျှင် ယခုအချိန်အခိုက်အတန့်တွင် အနည်းငယ်ကြောက်စိတ်ဝင်နေသည်။

အစောပိုင်းကရုတ်တရက်တွေ့ခဲ့ရသော အလောင်းတစ်ခုတည်းဖြင့်ပင် သူမအား လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံသွားစေခဲ့သည်။

ထို့ပြင် ဤကဲ့သို့စီနီယာတပည့်တစ်ယောက်၏ရုပ်အလောင်းဖြင့် သူမလိုအပ်သော အကျိုးဆောင်ရမှတ်များလဲလှယ်ရန် လုံလောက်သည်။

"သွားမယ်...သွားကြစို့"

ကောရှုမန်သည် သူမလာခဲ့ရာလမ်းကြောင်းအတိုင်း တရကြမ်း ပြန်ပြေးလေ၏။

သို့သော် ဤအချိန်တွင် ပတ်ဝန်းကျင်ရှိမြူခိုးများက ပို၍ထူထပ်လာသည်။

ထိုမြူခိုးများသည် မည်သည့်နေရာမှရောက်ရှိလာမှန်း မည်သူမျှမသိရှိသော်လည်း ထိုအရာများသည် သူတို့၏နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ဟန့်တားနိုင်စွမ်းရှိသည်။

သူတို့အားလုံးသည် တကွဲတပြားစီ မသွားဝံ့ကြသဖြင့် အတူတကွစုဝေးကာ လျှောက်လှမ်းလိုက်ကြသည်။

မကြာမီမှာပင် မြူခိုးများက လူတိုင်းအား လွှမ်းခြုံသွားသည်။

ကျင့်ကြံသူများတွင် အလွန်ကောင်းမွန်သော အမြင်အာရုံရှိသည့်တိုင် သူတို့သည် သူတို့ရှေ့တစ်မီတာအကွာအဝေးကိုသာ တွေ့မြင်နိုင်ပေ၏။

သူတို့အားလုံး၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သော်လည်း အချိန်အတော်ကြာ လျှောက်လှမ်းပြီးသည့်တိုင် တမလွန်မြို့၏အရိပ်အယောင်ကို မြင်တွေ့ရခြင်းမရှိချေ။

"ဖြစ်နိုင်တာတော့ ငါတို့က ဝင်္ကပါတစ်ခုထဲမှာပိတ်မိနေပြီးတော့ အပြင်ကိုမထွက်နိုင်တာများလား"

တပည့်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားပြောဆိုသည်။

All Chapters