← Chapters

အခန်း (၂၃၄၁-၂၃၄၅)

Vol. 120 Ch. 2341-2345

အခန်း (၂၃၄၁-၂၃၄၅)

Vol. 120 Ch. 2341-2345

Chapter 2341

"နင်က ငါ့ကို ကူညီပေးစေချင်တာလား"

ကျီးယန်းရန်က အနည်းငယ် အံ့အားသင့်သွားသည်။

"ငါ ဘာလုပ်ပေးရမှာလဲ"

လုယွီသည် သူ၏အကြံအစည်ကိုပြောဆိုလိုက်စဥ်တွင် ကျီးယန်းရန်၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားသည်။

"တကယ်တော့...မင်း ဒီကိစ္စကိုမလုပ်ဖို့ ရွေးချယ်လို့ရတယ်...ဘုရားကျောင်းပျက်ထဲကို ငါကိုယ်တိုင်ဝင်ပြီး နတ်ဆိုးနတ်ဘုရားကို ငါ သွားရင်ဆိုင်နိုင်တယ်...ဒါပေမယ့် ဒါက တော်တော်တော့စွန့်စားရမယ်"

လုယွီက တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုသည်။

"မင်းရဲ့ယင်ယန်ကောင်းကင်ဘုံမျက်လုံးအတွက် လုံလောက်တဲ့ယင်ချီတွေမရမှာလည်း ငါ စိုးရိမ်မိတယ်"

အမှန်အားဖြင့် ကျီးယန်းရန်သည် သူမ ဤခရီးကိုထွက်ခဲ့ရသောရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။

သို့ရာတွင် ကောင်းကင်ကံကြမ္မာဆရာသခင်သည် ဤနေရာတွင် သူမ၏ယင်ကောင်းကင်ဘုံကပ်ဘေးကိုကျော်ဖြတ်ရာ၌ ကူညီနိုင်မည့်အရာတစ်ခုရှိသည်ဟု ပြောဆိုခဲ့သော်လည်း မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျမပြောခဲ့ချေ။

လုယွီသည် ဂျူနီယာတပည့်တစ်ယောက်ပင်။ဖြစ်နိုင်သည်က သူသည် ကောင်းကင်ကံကြမ္မာအရှင်သခင်ထက် ပို၍သိနေသလော....

ဤသည်က အလွန်မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ကျီးယန်းရန်သည် မသိစိတ်မှနေ၍ လုယွီ၏စကားများ အကြွင်းမဲ့မှန်ကန်သည်ဟု ယုံကြည်နေမိ၏။

"အချိန်အများကြီး မကျန်တော့ဘူး...အထဲမှာရှိတဲ့ နတ်ဆိုးဝိညာဥ်က မကြာခင်ထွက်လာတော့မယ်"

လုယွီ၏လေသံက အလွန်တည်ငြိမ်အေးဆေးနေသည်။

အမှန်အားဖြင့် ကျီးယန်းရန်၏အကူအညီ ရသည်ဖြစ်စေ မရသည်ဖြစ်စေ လုယွီသည် နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်ရပေမည်။

သို့ရာတွင် ကျီးယန်းရန်၏တားဆီးထားမှုကြောင့် နတ်ဆိုးနတ်ဘုရားတွင် ရုပ်ခန္ဓာကိုယ်မရှိပါက သူသည် စိတ်ဝိညာဥ်သက်သက်ဖြင့်သာ လုယွီနှင့် တိုက်ခိုက်ရလိမ့်မည်။

ဤဘဝတွင် လုယွီ၏ကျင့်ကြံဆင့်သည် လောကီအင်မော်တယ်နယ်ပယ်တွင်သာရှိနေပြီး သူ၏အကြီးမားဆုံးဝှက်ဖဲမှာ သူ၏စိတ်ဝိညာဥ်ပင်။

"ကောင်းပြီလေ...ငါ ကူညီပေးမယ်"

ကျီးယန်းရန်သည် သူမခေါင်းပေါ်ရှိဆံပင်များကို သူမလက်နှင့်ထိုးဖွကာ ကူကယ်ရာမဲ့သောမျက်နှာအမူအယာဖြင့် ဆက်လက်ပြောဆိုသည်။

"ငါ့မှာ တခြားရွေးချယ်စရာ ရှိသေးလား"

အကယ်၍ ဤတစ်ကြိမ်ကပ်ဘေးကို ဖြတ်ကျော်နိုင်မည့်နည်းလမ်းကို သူမ မရှာဖွေနိုင်ပါက အဆုံးသတ်တွင် ဆိုးဆိုးရွားရွား သေဆုံးရပေမည်။

ထို့ကြောင့် သူမတက်နိုင်သမျှ အစွမ်းကုန်ကြိုးစားရမည်။

လုယွီ၏ညွှန်ကြားချက်အရ ကျီးယန်းရန်သည် ခေါင်းတလား၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်၏။

ခေါင်းတလားအဖုံးကို ဖွင့်လိုက်ချိန်တွင် အေးစက်စက်ယင်ချီများက သူမ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။

ခေါင်းတလားအတွင်း၌ မိန်းကလေးတစ်ယောက်ရှိနေကာ နှစ်ခြိုက်စွာအိပ်မောကျနေသကဲ့သို့ သူမ၏မျက်လုံးကို စုံမှိတ်ထားသည်။

ထိုမိန်းကလေးကိုမြင်ချိန်တွင် ကျီးယန်းရန်သည် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားလိုက်ရ၏။

မကြာမီမှာပင် သူမ တစ်စုံတစ်ခုကို တွေးတောမိသွားသည်။ထိုမိန်းကလေးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ပျောက်ဆုံးသွားသောတပည့်တစ်ယောက်ဖြစ်သည်။

ကျောင်းတော်မှတပည့်များ ကျီးကန်းနက်တောင်သို့လာရခြင်းမှာ ဤနေရာ၌ပျောက်ဆုံးသွားသော တပည့်များကိုရှာဖွေရန်ပင်။ထို့ကြောင့် လူတိုင်းသည် မထွက်ခွါမီအချိန်တွင် ပျောက်ဆုံးနေသောတပည့်များ၏မျက်နှာများကို မှတ်သားခဲ့ရသည်။

ထိုမိန်းကလေးသည် ပျောက်ဆုံးသွားသောတပည့်များအနက်မှတစ်ယောက်ပင်။

"သူက အသက်ရှင်နေတုန်းပဲ...ငါ မင်းအတွက် အဆင်သင့်ပြင်ဆင်ပေးမယ်"

ကျီးယန်ရန်း၏အမြင်အာရုံ ဝေဝါးသွားသည်။အချိန်တခဏအတွင်းမှာပင် ခေါင်းတလားအတွင်းရှိမိန်းကလေးကို လုယွီက ခေါ်ဆောင်သွားလေပြီ။

ဤသည်က မသိသာမထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ကျီးယန်းရန်၏စိတ်နှလုံးသားအတွင်းတွင် အလွန်အံ့အားသင့်တုန်လှုပ်သွားသည်။

လုယွီ၏လှုပ်ရှားမှုကို သူမ အနည်းငယ်မျှပင် သတိမပြုမိချေ။

အကယ်၍ လုယွီသာ သူမအား သတ်ဖြတ်လိုပါက သူမထံ၌ ခုခံနိုင်မည့်နည်းလမ်းမရှိသည်ကို သူမ အတပ်ပြောနိုင်ပေ၏။

"သူက ဂျူနီယာတပည့်တစ်ယောက်ဆိုပေမယ့်...သူ့ရဲ့ခွန်အားက စီနီယာတပည့်တွေထက်တောင် ကျော်လွန်နေလောက်ပြီ...ငါ သူ့အကြောင်းကို ပထမဆုံးစုံစမ်းတဲ့အချိန်တုန်းက သူက ဝင်ခွင့်စာမေးပွဲကိုနောက်ဆုံးကနေ အောင်ခဲ့တဲ့တစ်ယောက်ပဲ...ကြည့်ရတာတော့ သူက ကျားကိုစားချင်လို့ဝက်ယောင်ဆောင်နေတာပဲ"

ထိုအတွေးများက ချက်ချင်းဆိုသလိုပင် သူမ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

ယခုလက်ရှိအခြေအနေအရ လုယွီ ပို၍သန်မာအားကောင်းလေလေ သူမအတွက် ပို၍အကျိုးရှိလေလေပင်။ကျီးယန်းရန်၏စိတ်အတွင်း၌ ယုံကြည်ချက်များ ပိုရှိလာသည်။

ကျီးယန်းရန်သည် အနည်းငယ်မျှပင် တွေဝေခြင်းမရှိတော့ဘဲ ခေါင်းတလားအတွင်းသို့ဝင်ကာ အဖုံးကို ပြန်ပိတ်လိုက်၏။

လုယွီ သူမအား သင်ကြားပေးခဲ့သော ကျင့်ကြံနည်းစနစ်ကို တွေးတောရင်းဖြင့် ကျီးယန်းရန်က သူမ၏မှော်စွမ်းအားများကို လှည့်ပတ်လိုက်သည်။

ဤသည်က ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ကျင့်ကြံနိုင်သော ကျင့်ကြံနည်းစနစ်ပင်။

ထိုကျင့်ကြံနည်းစနစ်သည် ပတ်ဝန်းကျင်ရှိယင်ချီများကိုစုပ်ယူကာ သူမ၏မျက်လုံးကို အားဖြည့်ပေးပြီး နောက်ဆုံးတွင် အစစ်အမှန်ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို ပြီးမြောက်အောင်မြင်နိုင်ပေမည်။

"အခုက နတ်ဆိုးနတ်ဘုရားရဲ့စိတ်ဝိညာဥ် ထွက်လာမှာကို စောင့်ရမယ့်အချိန်ပဲ"

လုယွီက ဘုရားကျောင်းပျက်ကို စူးစိုက်၍ကြည့်နေသည်။

မျောက်က သိုလှောင်အိတ်အတွင်းမှနေ၍ အပြုံးနှင့်ပြောဆိုသည်။

"မင်းက ဒီကောင်မလေးကို ငါးစာအဖြစ်အသုံးပြုလိုက်တာပဲ...တကယ်လို့ မင်း သူ့ကို အချိန်မီကာကွယ်မပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မတုန်း...သူ ဒီနေရာမှာ သေသွားနိုင်တယ်...ငါ သူ့ဆီကနေ အရမ်းရှေးကျတဲ့သွေးမျိုးဆက်တစ်ခုကို အာရုံခံမိတယ်...သူက ကျီးမိသားစုရဲ့တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲဖြစ်မယ်...တကယ်လို့ သူသာ ဒီနေရာမှာသေသွားလို့ကတော့...မင်းလည်း ပြဿနာအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

Chapter 2342

"ဒါက သူ့ရဲ့ရွေးချယ်မှုပဲ...ငါက သူ့အတွက်လုပ်ခိုင်းတာ...ကိစ္စတွေလုပ်တဲ့နေရာမှာ အရမ်းကြီးနောက်ပြန်ကြည့်နေမယ်ဆိုရင် မင်း ဘာလုပ်နိုင်မှာလဲ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

မျောက်က လုယွီကို ချီးမွမ်းသည့်အနေဖြင့် လက်မထောင်ပြလိုက်၏။

"တကယ်လို့သာ မင်း အဲ့ဒီကောင်မလေးကို မင်းရဲ့တပည့်အဖြစ် လက်ခံလိုက်မယ်ဆိုရင်....သူ့အတွက်နဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ဘယ်လောက်များများ လှုပ်ရှားလာကြမလဲဆိုတာ ငါ မသိဘူး...ဟား ဟား ဟား...အဲ့ဒီအချိန်ကျရင် ပြပွဲကောင်းတစ်ခုကို ကြည့်ရတော့မှာပဲ"

"သူ့ရဲ့နောက်ခံကို မင်း သိလား"

လုယွီက မေးမြန်းသည်။

မျောက်က တည်ငြိမ်စွာပြောဆိုသည်။

"ဒါက အရမ်းရှေးကျတဲ့အချိန်ကာလကနေ ဆင်းသက်လာတဲ့ ရှေးဟောင်းမျိုးနွယ်တစ်ခုပဲ...သူတို့ရဲ့ဘိုးဘေးက တစ်ချိန်တုန်းက လောကီအုပ်စိုးသူတစ်ယောက်ဖြစ်ခဲ့တယ်...သူ့ရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ အဲ့ဒီကောင်မလေးမှာလည်း လောကီအုပ်စိုးသူဖြစ်မယ့် ကံကြမ္မာမျိုးပါတယ်"

"သူ့ရဲ့ဘေးမှာရှိတဲ့လူတော်တော်များများက ဒီသွေးမျိုးဆက်ကြောင့် သူ့ကိုစောင့်ကြည့်နေကြမှာပဲ....တကယ်လို့ မင်းသာ သူ့ရဲ့ခင်ပွန်းဖြစ်လာမယ်ဆိုရင်...ဒီသွေးမျိုးဆက်ရဲ့ကူညီထောက်ပံမှုကို မင်း ရမယ်...တကယ်လို့ မင်းက သူ့ရဲ့ဆရာသခင်ဖြစ်လာမယ်ဆိုရင် သူ့ရဲ့ဘဝကံကြမ္မာတွေကနေ မင်း ကောင်းချီးပေးခံရမယ်"

"သာမာန်လူတွေတောင် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သွားနိုင်တယ်...သူတို့ရဲ့ကံကြမ္မာတွေကလည်း ချွင်းချက်မရှိ ကောင်းမွန်လာမယ်...ပြီးတော့ သူတို့ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်လိမ့်မယ်"

မျောက်က လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး ဆက်လက်၍ပြောဆိုလေ၏။

"တကယ်လို့ မင်းကသာ သူ့ရဲ့ဆရာသခင်ဖြစ်လာရင် မင်းက လောကီအုပ်စိုးသူရဲ့ဆရာသခင်ပဲ...မင်းက လောကီအုပ်စိုးသူနယ်ပယ်ရဲ့အထက်မှာ ရပ်တည်နိုင်တဲ့ တည်ရှိမှုကြီး ဖြစ်သွားလိမ့်မယ်...ရှေးခေတ်အချိန်ကာလတွေမှာ အဆင့်မြင့်ဆုံးရိုသေလေးစားခံရတဲ့ သူတော်စင်တွေကပဲ ဒီနေရာကိုယူဝံ့တယ်...မင်းရဲ့ဘဝကံကြမ္မာကလည်း လောကီအုပ်စိုးသူကိုတောင် ဖိနှိပ်ထားနိုင်တဲ့အတွက် မယုံကြည်နိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်"

"တကယ်လို့ ဒီအကြောင်းတွေကိုသာ ကျီးမိသားစုကသိသွားရင် မင်းက လူတွေအများကြီးရဲ့အမဲလိုက်ပစ်မှတ် ဖြစ်လာလိမ့်မယ်...မရေမတွက်နိုင်တဲ့သူတွေက နည်းလမ်းမျိုးစုံကိုသုံးပြီး မင်းကိုသတ်ဖို့ ကြိုးစားကြလိမ့်မယ်"

ထိုစကားများကိုကြားပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း အချိန်တခဏအတွင်းမှာပင် ပြေလျော့သွားသည်။

"ဒါက ကောင်မလေးတစ်ယောက်သက်သက်ပါပဲ...သူ့ရဲ့နောက်ခံအင်အားက အတိတ်မှာ ဘယ်လောက်ပဲအားကောင်းခဲ့ပါစေ...ရှေးဟောင်းခေတ်က အုပ်စိုးသူတွေ မရှိတော့တာ အချိန်အတော်ကြာနေပြီ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

သူ မျောက်အား မပြောဘဲထားသည့် တခြားအကြောင်းတစ်ချက် ကျန်ရှိပေ၏။

ထိုအကြောင်းမှာ သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှ ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်ကို ဆက်ခံထားခြင်းပင်။

ရှေးဟောင်းအချိန်ကာလများတွင် ကောင်းကင်ဘုံဧကရာဇ်သည် အရာအားလုံး၏အုပ်စိုးသူဖြစ်သည်။

လုယွီအမွေဆက်ခံထားသော ဘဝကံကြမ္မာသည် လောကကြီးတခွင်လုံးကိုအုပ်ချုပ်သော ကောင်းကင်ဘုံဧကရာဇ်ဖြစ်၍ လောကီအုပ်စိုးသူနယ်ပယ်ထက် များစွာပို၍သာလွန်သည်။

"သတ္တိကောင်းလိုက်တာ...ခဏနေဦး...နတ်ဆိုးနတ်ဘုရားထွက်လာပြီ"

မျောက်သည် ပေါက်ကရစကားများ ဆက်၍ပြောဆိုရန်ဟန်ပြင်နေစဥ်မှာပင် ရုတ်တရက် သူ၏အသံက တည်ကြည်လေးနက်သွားသည်။

မျောက်၏စကားကိုကြားသည်နှင့် လုယွီ၏အကြည့်က ဘုရားကျောင်းပျက်ထံ ရောက်ရှိသွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် ဘုရားကျောင်းပျက်တစ်ခုလုံး ထူထပ်သိပ်သည်းသောယင်ချီများဖြင့် ပြည့်နှက်နေသည်။

ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးမပြုလျှင်ပင် လုယွီသည် ဘုရားကျောင်းပျက်၏ထောင့်တိုင်းမှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ထွက်ပေါ်နေကာ မိုးကောင်းကင်ထိတိုင် မြင့်တက်နေခြင်းကို တွေ့မြင်နိုင်သည်။

နတ်ဆိုးနတ်ဘုရားကို ဖိနှိပ်ခံထားရသည်မှာ အချိန်မည်မျှကြာမြင့်နေပြီကို သူ မသိရှိချေ။ထိုနတ်ဆိုးနတ်ဘုရား၏အနည်းငယ်သောအရှိန်အဝါ ယိုစိမ့်ထွက်လာရုံဖြင့် လူအများကို ထိတ်လန့်ကြောက်ရွံမှု ခံစားရစေပေမည်။

လုယွီ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေစဥ်မှာပင် ခေါင်းတလား၏အောက်ရှိ မြေပြင်မှနေ၍ ကြီးမားသောအနက်ရောင်လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာကာ ခေါင်းတလားကို ဖမ်းဆုပ်လိုက်၏။

ဘုန်း....

ခေါင်းတလားမှနေ၍ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာခြင်းနှင့်အတူ မြေပြင်ကျွံကျသွားပြီးနောက် ထိုခေါင်းတလား ပျောက်ကွယ်သွားတော့သည်။

"မကောင်းတော့ဘူး...ငါတို့ လှည့်စားခံရပြီ"

မျောက်က သူ၏စိတ်အတွင်းမှနေ၍ ကျိန်ဆဲနေလေ၏။

လုယွီ၏မူလအစီအစဥ်သည် ဘုရားကျောင်းပျက်အတွင်းမှ နတ်ဆိုးဝိညာဥ်ထွက်လာ၍ ခေါင်းတလားကိုဖွင့်စဥ်တွင် သူနှင့်ကျီးယန်းရန် အတွင်းအပြင် နှစ်ယောက်ညှပ်၍တိုက်ခိုက်ရန်ပင်။

ထို့နောက်မှနေ၍ မျောက်က နတ်ဆိုးဝိညာဥ်ကို ဝါးမျိုပေမည်။

သို့ရာတွင် ယခုလက်ရှိအခြေအနေသည် သူတို့ မျှော်မှန်းထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

လုယွီ၏မျက်နှာသုန်မှုန်သွားပြီး သူက မြေအောက်သို့ငုပ်လျှိုးလိုက်သည်။

ဝေါင်း...

မြေပြင်တုန်ခါစေသောဟိန်းဟောက်သံကြီးက မြေအောက်ရှိအမှောင်ထုအတွင်းမှ ထွက်ပေါ်လာပေ၏။

ထို့နောက် ပုန်းအောင်းနေကြသောယင်ဝိညာဥ်များအားလုံးသည် သူတို့၏နတ်ဘုရားမှဆင့်ခေါ်သံကိုကြားသဖြင့် လုယွီထံသို့ တရကြမ်းပြေးဝင်လာကြသည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံဖြင့် လေ့လာဆန်းစစ်မှုအရ သူရှိနေသောနေရာသို့ ပျံသန်းလာသောယင်ဝိညာဥ်များမှာ သိန်းနှင့်ချီ၍ရှိနေသည်။

"ဒီပုရွက်ဆိတ်တစ်သိုက်နဲ့ ငါ့ကိုဟန့်တားထားချင်တာလား...မင်း ဒီနေ့ထွက်သွားဖို့ စဥ်းတောင်မစဥ်းစားနဲ့"

လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

Chapter 2343

မြေပြင်တစ်ခုလုံးတုန်ခါလုမတက် နဂါးဟိန်းသံကြီးက မြေအောက်မှထွက်ပေါ်လာသည်။

ထူထပ်သိပ်သည်းသော သန့်စင်သည့်ယန်စွမ်းအင်များကြောင့် လုယွီ၏အနီးသို့ရောက်လာသော ယင်ဝိညာဥ်များ ချက်ချင်းဆိုသလိုပင် အရည်ပျော်သွားသည်။

သို့ရာတွင် ထိုယင်ဝိညာဥ်များသည် ထိတ်လန့်ကြောက်ရွံမှုကို လုံးလုံးလျားလျားမေ့လျော့နေပုံရသည်။နတ်ဆိုးနတ်ဘုရား၏ဆင့်ခေါ်မှုအောက်တွင် ထိုယင်ဝိညာဥ်များသည် လုယွီထံသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်ဝင်လာကြ၏။

ဤအချိန်အခိုက်အတန့်တွင် မြေအောက်၌ ယင်ဝိညာဥ်များဖြင့် ပြည့်နှက်နေလေရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။

"လှည့်စားမှုကို ချိုးဖျက်စမ်း"

လုယွီ၏မျက်လုံးများ ခရမ်းရောင်သို့ပြောင်းလဲသွားကာ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

မကြာမီမှာပင် လုယွီသည် နတ်ဆိုးနတ်ဘုရားထွက်ပြေးသွားသောနေရာကို ခြေရာခံမိသွားသည်။

ထိုနတ်ဆိုးနတ်ဘုရားသည် အလွန်လိမ္မာပါးနပ်မည်ဟု သူ မျှော်လင့်မထားမိချေ။သူသည် ခေါင်းတလားကိုမကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လေဟာနယ်ကိုဆုတ်ဖြဲ၍ တခြားလေဟာနယ်သို့ ခုန်ကူးသွားလေ၏။

ဝေါင်း...

ထိုအချိန်မှာပင် ပတ်ဝန်းကျင်မှနေ၍ ထူးဆန်းသောအသံများ အဆက်မပြတ်မြည်ဟီးလာသည်။

အစောပိုင်းက ဆင့်ခေါ်ခြင်းခံထားရသော ယင်ဝိညာဥ်များသည် လုယွီ၏နံဘေးပတ်လည်၌စုဝေးနေကာ သူ့အား အဆက်မပြတ်တိုက်ခိုက်ကြတော့သည်။

"ပုရွက်ဆိတ်တစ်စုကများ...သေစမ်း"

လုယွီက ပတ်ဝန်းကျင်ကိုလေ့လာဆန်းစစ်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်၏။ရုတ်ချည်းဆိုသလိုပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ၏နောက်၌ ထွက်ပေါ်လာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ အစိမ်းရောင်မီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားသည်။တခြားလက်တစ်ဖက်တွင် ထက်ရှသောဓားတစ်လက်ကိုကိုင်ကာ ပတ်ဝန်းကျင်ရှိယင်ဝိညာဥ်များ၏အသက်များကို အဆက်မပြတ်စုပ်ယူနေသည်။

မည်မျှထိရက်စက်ကြမ်းကြုတ်သော ယင်ဝိညာဥ်ဖြစ်နေပါစေ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏အနီးသို့ရောက်ရှိသွားသည်နှင့် ကြွက်တစ်ကောင်မှကြောင်တစ်ကောင်ကို တွေ့လိုက်သည့်အလား သူတို့၏တိုက်ခိုက်နိုင်မှုစွမ်းအားများ ပျောက်ဆုံးသွားကာ အစိမ်းရောင်မီးအိမ်၏ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ဤနေရာရှိယင်ဝိညာဥ်များသည် ရှေးဟောင်းငရဲနယ်မြေ၌ လုယွီသန့်စင်ခဲ့သော သရဲတစ္ဆေများနှင့် ကွဲပြားခြားနားသည်။

ဤယင်ဝိညာဥ်များအားလုံးသည် သူတို့၏အသိစိတ်များ လုံးလုံးလျားလျားပျောက်ကွယ်နေကာ နတ်ဆိုးနတ်ဘုရား၏ထိန်းချုပ်ခံထားရသော ရုပ်သေးများဖြစ်နေလေပြီ။

ဤကဲ့သို့ရုပ်သေးများကို သူ အနည်းငယ်မျှပင် သနားငဲ့ညှာနေမည်မဟုတ်ချေ။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယင်ဝိညာဥ်များကို အဆက်မပြတ်ဝါးမျိုနေမှုနှင့်အတူ သူ့လက်အတွင်းရှိမီးအိမ်သည် ပို၍ပို၍တောက်ပလာပေ၏။ထိုမီးအိမ်၏မီးစာမှနေ၍ မှိန်ဖျော့ဖျော့အပြာရောင်မီးတောက်တစ်ခု တောက်ပစပြုလာသည်။

ပတ်ဝန်းကျင်၌ ယင်ဝိညာဥ်များပို၍များပြားလေလေ လုယွီ၏ခွန်အား ပို၍သန်မာလာလေလေပင်။

"နတ်ဆိုးနတ်ဘုရားက သူ့ရဲ့ကိုယ်ပိုင်လေဟာနယ်နယ်မြေထဲမှာ ပုန်းအောင်းနေတာဖြစ်မယ်...မင်း သူ့ကိုရှာဖို့ တော်တော်လေးခက်ခဲလိမ့်မယ်...ဒါပေမယ့် ကံကောင်းချင်တော့ မင်းဆီမှာ ဒီကောင်စုတ်လေးရှိနေတယ်...နတ်ဆိုးနတ်ဘုရားကိုရှာဖို့ဆိုတာ မင်းအတွက် ခက်ခဲတော့မှာမဟုတ်ဘူး"

မျောက်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို သိုလှောင်အိတ်၏ပြင်ပသို့ ကန်ထုတ်လိုက်သည်။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် အော်ဟစ်ငိုယိုလိုက်၏။သူ၏ခန္ဓာကိုယ်အတွင်း၌ရှိနေသော သေခြင်းနှင့်ရှင်ခြင်းစွမ်းအားနှစ်မျိုးက လေဟာနယ်အတွင်းသို့ ပျံ့နှံ့သွားသည်။

ထိုအရာသည် မူလကတည်းက အဆင့်မြင့်အရည်အသွေးရှိသောဧကရာဇ်အဆင့်လက်နက်ဖြစ်ကာ လက်နက်စိတ်ဝိညာဥ်သည် မွေးဖွားလာသည်မှာ မကြာမြင့်သေးသောကြောင့်သာ ယခုထိတိုင် စွမ်းအားများကို အပြည့်အဝမဖမ်းဆုပ်နိုင်သေးခြင်းဖြစ်သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုမှော်လက်နက်၏စွမ်းအားကို လျှော့တွက်၍မရချေ။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လုယွီထံတဟုန်ထိုးပြေးဝင်နေသော ယင်ဝိညာဥ်များ၏အရှိန်နှုန်း အကြီးအကျယ်နှေးကွေးလေးလံသွားသည်။

မြောက်မြားစွာသောယင်ဝိညာဥ်များသည် သံလိုက်အိမ်မြှောင်အတွင်းမှ သေခြင်းနှင့်ရှင်ခြင်းစိတ်ဆန္ဒများ၏ သုတ်သင်ခြင်းကိုခံရကာ တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားတော့သည်။

"မင်းအပေါ်မှာ မူတည်သွားပြီ"

လုယွီသည် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်သို့ ကျရောက်စေသည်။

မကြာမီမှာပင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်တံများ စတင်၍လည်ပတ်လာကာ သေခြင်းရှင်ခြင်းစိတ်ဆန္ဒလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် လေဟာနယ်အပေါ်သက်ရောက်မှုရှိစေလိုပါက အနည်းဆုံးအနေဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်ခွန်အားမျိုး ပိုင်ဆိုင်ထားရန်လိုအပ်သည်။

သို့ရာတွင် ဧကရာဇ်အဆင့်မှော်လက်နက်၏ကူညီမှုကြောင့် ပေါက်ကွဲထွက်လာသောစွမ်းအားများက ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့်အချိန်ကို အေးခဲသွားစေသည်။လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းများ ပျံ့နှံ့နေကာ သူက ဤလေဟာနယ်မှနေ၍ ဟာကွက်တစ်ခု နှစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။

ထို့နောက် ထောင့်တစ်နေရာ၌ပုန်းကွယ်နေသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို လုယွီက တွေ့မြင်မိသည်။

လုယွီ၏ခြေရာခံမှုကို အာရုံခံမိပုံဖြင့် ထိုအက်ကွဲကြောင်းသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် အလိုအလျောက် ပြန်လည်ပြုပြင်နေသည်။

လုယွီ၏လက်ကောက်ဝတ်လှုပ်ရှားလိုက်မှုနှင့်အတူ အနက်ရောင်နဂါးလက်သည်းကြီးထွက်ပေါ်လာကာထိုလေဟာနယ်အက်ကွဲကြောင်း၏အစွန်းဘက်ကိုကိုင်၍ ဖိနှိပ်လိုက်သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်...

ဝှစ်...

လုယွီ၏ရှေ့ရှိလေဟာနယ်သည် ဆုတ်ဖြဲခံရမှုကြောင့် ချက်ခြင်းဆိုသလိုပင် ပွင့်ထွက်သွားပေ၏။

ထိုလေဟာနယ်မှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ထွက်ပေါ်နေသည်။လုယွီသည် အလွန်အမင်းပြင်းထန်သော သွေးညှီနံကိုပင် ရှုရှိုက်မိသည်။

လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်၍ကြည့်လိုက်ရာ သူ မြင်တွေ့မိသမျှ နေရာတိုင်း၌ အလောင်းများဖြင့်ပြည့်နှက်နေခြင်းကို တွေ့မြင်မိသည်။

ဤသည်က အလောင်းပင်လယ်ကြီးပင်။မရေမတွက်နိုင်သောအလောင်းများ စုပုံနေသဖြင့် ဤလေဟာနယ်နယ်မြေအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ယင်ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

Chapter 2344

"သူက လူတွေအများကြီးကို သတ်ထားတာပါလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးသည် မည်သည့်နေရာတွင် မွေးဖွားလာပါစေ လူများအားလုံး၏တိုက်ခိုက်ခံရမှုပစ်မှတ် ဖြစ်လာပေမည်။

ထိုကဲ့သို့နတ်ဘုရားမျိုးသည် သတ်ဖြတ်ခြင်းကို သူတို့၏လမ်းကြောင်းအဖြစ် ယူဆထားပေရာ သူတို့၏စိတ်နှလုံးသားအတွင်း၌ မည်သည့်သနားကြင်နာမှုမျှရှိမနေချေ။

နတ်ဆိုးနတ်ဘုရားသည် ချိပ်ပိတ်မှု၏တစ်စိတ်တစ်ပိုင်းကို ချိုးဖျက်ပြီးနောက် ပတ်ဝန်းကျင်ရှိနယ်မြေများကို သက်ရောက်မှုရှိသွားစေသည်။

သူသည် ထိုနယ်မြေများမှလူများကိုသတ်ဖြတ်၍ ဤနေရာတွင်စုပုံထားကာ ယင်ချီများကိုစုဆောင်း၍ ကျန်ရှိနေသောချိပ်ပိတ်မှုအစိတ်အပိုင်းများကို ဆက်လက်၍တိုက်စားစေသည်။

တခြားတစ်ဖက်တွင် သူ သတ်ဖြတ်ခဲ့သောလူသေများထံမှ ဝိညာဥ်များကိုထုတ်ယူ၍ သူ ကိုယ်ပိုင်အသုံးပြုရန် ယင်ဝိညာဥ်များအဖြစ် ဖန်တီးခဲ့သည်။

ထိုအလောင်းများအကြားတွင် မာကျောပြီးတုတ်ခိုင်သန်မာသောသံကြိုးကြီးများရှိနေသည်။နတ်ဆိုးနတ်ဘုရားကို ချိပ်ပိတ်ရန် အထူးအသုံးပြုထားသော သင်္ကေတအက္ခရာများကို ထိုသံကြိုးကြီးများပေါ်တွင် ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။

သို့ရာတွင် ထိုသံကြိုးကြီးများသည် ယင်စွမ်းအင်များ၏ ပြင်းပြင်းထန်ထန်တိုက်စားခြင်းကို ခံထားရလေ၏။ထိုသံကြိုးကြီးများပေါ်တွင် အချိုင့်ရာများ အခေါင်းပေါက်များနှင့် ပြည့်နှက်နေကာ ပျက်စီးပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

"သက်ရှိလူသားတစ်ယောက်ရဲ့ အငွေ့အသက်ကိုရတယ်"

"ငါ အရမ်းဗိုက်ဆာတယ်...ငါ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်မယ်"

"သူ့ရဲ့အသွေးအသားတွေက လတ်ဆတ်ပြီးအရသာရှိမှာပဲ...ငါ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက်စွမ်းအားကို ခံစားမိတယ်....သူ့ကိုသတ်...သူ့ကိုသတ်ကြစမ်း"

ထိုအလောင်းများထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အသံများ ထွက်ပေါ်နေသည်။

ထိုအသံအတွင်း၌ အကန့်အသတ်မရှိသော ရန်ငြိုးများနှင့် နာကျည်းမုန်းတီးများပါဝင်နေပုံရပြီး ကြားရသူများကို သူတို့၏စိတ်နှလုံးသားအတွင်း၌ ချမ်းစိမ့်လာမှုကို ခံစားရစေပေမည်။

လုယွီသည် ထိုအသံများကိုကြားနေရသော်လည်း အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။မကြာမီမှာပင် သူက ထိုအသံများထွက်ပေါ်လာသည့်နေရာကို ရှာဖွေတွေ့ရှိသွားလေ၏။

မရေမတွက်နိုင်သောအလောင်းများ စုပုံနေသောနေရာတွင် ယဇ်ပလ္လင်တစ်ခုရှိနေသည်။ထိုယဇ်ပလ္လင်ကို မြောက်မြားစွာသောသွေးချည်မျှင်များဖြင့် လွှမ်းခြုံထားသည်။

ခေါင်းတလားသည် ထိုနေရာ၌ရှိနေကာ အဖုံးပွင့်နေပြီး အတွင်းမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ကိုးကျန်းခန့်မြင့်မားသောအနက်ရောင်လူဘီလူးကြီးတစ်ကောင်သည် ခေါင်းတလားရှေ့၌ မတ်တတ်ရပ်နေပေ၏။သူ၏လက်နှစ်ဖက်လုံးဖြင့် ခေါင်းတလားကိုကိုင်ထားကာ အတွင်းသို့ အဆက်မပြတ်ကြည့်နေသည်။

သို့ရာတွင် ရွှေရောင်အလင်းတန်းများတည်ရှိနေမှုကြောင့် အနက်ရောင်လူဘီလူးကြီးသည် အောင်မြင်ပုံမရချေ။

ခေါင်းတလားအတွင်းရှိ ကျီးယန်းရန်၏လက်အတွင်း၌ ဆွဲသီးတစ်ခုကို တင်းတင်းကြပ်ကြပ်ကိုင်ဆောင်ထားသည်။သူမ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံသောအမူအယာမျိုး ထင်ဟပ်နေပေ၏။

ထိုဆွဲသီးကိုဆင်စွယ်ဖြင့်ပြုလုပ်ထားကာ သော့တစ်ချောင်းနှင့်တူညီပြီး အလွန်ကြမ်းတမ်းသောပုံစံမျိုးရှိသည်။

တောက်ပသောရွှေရောင်အလင်းတန်းများသည် ထိုဆင်စွယ်ဆွဲသီးမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

သို့ရာတွင် ပတ်ဝန်းကျင်၌ယင်ချီအမြောက်အများ စုဝေးနေမှုကြောင့် ရွှေရောင်အလင်းတန်းသည် အားနည်းစပြုလာပေ၏။ထိုဆွဲသီးကျိုးပဲ့သွားရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ ကျန်ရှိတော့သည်။

"လုယွီ...."

လုယွီ ထွက်ပေါ်လာသည်ကိုမြင်ချိန်တွင် ကျီးယန်းရန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏မျက်လုံးကိုပင် သူမ မယုံကြည်နိုင်တော့ချေ။

မြေအောက်မှထွက်ပေါ်လာသော နတ်ဆိုးနတ်ဘုရား၏ဖမ်းဆီးခြင်းခံရပြီးနောက် ကျီးယန်းရန်သည် အလွန်အမင်းစိတ်ဓာတ်ကျဆင်းသွားခဲ့သည်။

ဤနေရာတွင် နေရာအနှံ့ အလောင်းများကစုပုံနေပြီး ပတ်ဝန်းကျင်လေထုအတွင်း၌လည်း ယင်ချီများဖြင့်သာ ပြည့်နှက်နေသည်။

အကယ်၍ ခိုင်မာသောစိတ်ဆန္ဒမရှိသူများသာ ဤနေရာ၌ အချိန်အကြာကြီးနေမိပါက စိတ်ဓာတ်ပျက်ပြားကာ ရူးသွပ်သွားပေလိမ့်မည်။

သို့ရာတွင် ယခုချိန်၌ လုယွီရောက်ရှိလာသည်ကိုကြည့်ပြီး ကျီးယန်းရန်က အနည်းငယ်စိတ်သက်သာရာရသွားသည်။

သို့ရာတွင် သူမ၏စိတ်သက်သာမှုသည် အချိန်တခဏအကြာတွင် ပျောက်ကွယ်သွားပေ၏။

"ငါက သူ့ရဲ့အစီအစဥ်ကို လိုက်နာခဲ့တာ...ဒါက ငါ့ကိုယ်ငါ သေလမ်းရှာတာပဲမလား"

ကျီးယန်းရန်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ပွင့် ထင်ဟပ်လာသည်။

သူမသည် နတ်ဆိုးနတ်ဘုရားထံမှနေ၍ အစွမ်းထက်သောစွမ်းအားကို ခံစားမိသည်။

သူမ၏ဆင်စွယ်ဆွဲသီးမှ ဖွဲ့စည်းထားသော အကာအကွယ်အလွှာကို ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင် မည်သို့မျှပြုလုပ်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် နတ်ဆိုးနတ်ဘုရား၏ရှေ့တွင် သူမ၏ဆင်စွယ်ဆွဲသီး အကာအကွယ်အလွှာသည် ပျက်စီးပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။ဤသည်က နတ်ဆိုးနတ်ဘုရား မည်မျှထိအစွမ်းထက်သည်ကို ပြသနေခြင်းပင်။

လုယွီသည် ဂျူနီယာတပည့်တစ်ယောက် အဆင့်မျှသာရှိသည်။လမ်းတလျှောက်လုံးတွင် သူ၏လုပ်ဆောင်ချက်များသည် သာမာန်ထက်သာလွန်နေကာ သူသည် ကျားကိုစားလိုသဖြင့် ဝက်ယောင်ဆောင်ထားသူဖြစ်နေလျှင်ပင် အရာရာတိုင်း၌ အကန့်အသတ်ရှိသည်။

အကယ်၍ ဤနတ်ဆိုးနတ်ဘုရားဖြင့်သာ ရင်ဆိုင်ရပါက လုယွီထံတွင် ဖုံးကွယ်ထားသောခွန်အားများ မည်မျှပင်ရှိနေပါစေ သူ တောင့်ခံနိုင်မည်မဟုတ်ချေ။

Chapter 2345

ကျီးယန်းရန်၏ထိတ်လန့်ကြောက်ရွံနေသော အကြည့်အောက်တွင် အနက်ရောင်လူဘီလူးကြီးက တဖြည်းဖြည်း နောက်သို့လှည့်ကြည့်လိုက်၏။

သူ၏မျက်နှာပေါ်တွင် တစ်ခြမ်းရယ် တစ်ခြမ်းငိုနေသော လူရေခွံမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ထိုမျက်နှာဖုံးသည် စက္ကူတစ်ချပ်ကဲ့သို့ဖြူရော်နေကာ သူ၏မျက်လုံးအတွင်း၌ သွေးမျက်ရည်စက်များရှိနေသည်။

သို့ရာတွင် အနက်ရောင်လူဘီလူးကြီးနောက်လှည့်လိုက်သောအချိန်မှာပင် လုယွီ၏တိုက်ခိုက်မှုက ရောက်ရှိနေလေပြီ။

လုယွီ၏လက်ယာဘက်လက်ဖဝါးကို ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။

ထိုလက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်ပါက တောင်များနှင့်ပင်လယ်များကို ကျွမ်းထိုးမှောက်ခုံဖြစ်စေသည့်အလား ထိုအရာမှနေ၍ ထောင်နှင့်ချီသောအားလှိုင်းများ ထွက်ပေါ်နေလေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး

ဘန်း....

ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ အနက်ရောင်လူဘီလူးကြီးသည် လေထုအတွင်းသို့လွင့်ထွက်သွားသည်။သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ပတ်ဝန်းကျင်ရှိအလောင်းများနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။

ထိုအနက်ရောင်လူဘီလူးကြီး မတ်တတ်ထမရပ်နိုင်သေးမီမှာပင် လုယွီ၏လက်ချောင်းထိပ်မှနေ၍ ဓားချီလှိုင်းများထွက်ပေါ်လာကာ အောက်သို့ကျဆင်းလာသည်။

ထောင်နှင့်ချီသောဓားချီများသည် အနက်ရောင်လူဘီလူးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်သွားကာ သူ၏ခြေလက်များကိုလည်း ဖြတ်တောက်လိုက်၏။သွေးမည်းများက အနက်ရောင်လူဘီလူးကြီး၏ခန္ဓာကိုယ်မှ အဆက်မပြတ် ယိုစီးကျနေသည်။

ရွှပ်...ရွှပ်...ရွှပ်...

မရေမတွက်နိုင်သောဓားချီများက လူဘီလူးကြီး၏ခန္ဓာကိုယ်ကို ထပ်မံ၍ထွင်းဖောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်လူဘီလူးကြီး၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ထွက်သွားလေ၏။

"အား...ငါ မင်းကို အရှင်လတ်လတ် ဝါးမျိုပစ်မယ်"

ရူးသွပ်လုမခမ်း အသံကြီးတစ်သံက အလောင်းများအကြားမှနေ၍ ထွက်ပေါ်လာသည်။

သို့ရာတွင် ထိုအော်ဟစ်ကြုံးဝါးသံထွက်ပေါ်လာချိန်တွင် အနက်ရောင်လူဘီလူးကြီးက သူ၏ပါးစပ်ကိုကျယ်လောင်စွာဖြဲဟ၍ လုယွီ၏အနီးသို့ ရောက်ရှိနေလေပြီ။

"တကယ်လို့ မင်း စားချင်တယ်ဆိုရင်...ဒါကိုစားစမ်း"

လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာကာ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ပြီးနောက် ရွှေရောင်မီးတောက်တစ်ခုက လူဘီလူးကြီး၏ပါးစပ်အတွင်းသို့ ကျရောက်သွားသည်။

ပြင်းထန်သောတုန်ခါသံကြီးက လူဘီလူးကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရွှေရောင်မီးတောက်များက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

မီးတောက်များ ပြင်းထန်စွာလောင်ကျွမ်းနေမှုနှင့်အတူ စူးရှနာကျင်သောအော်သံများက အနက်ရောင်လူဘီလူးကြီးထံမှ ထွက်ပေါ်နေသည်။

အချိန်အတော်ကြာပြီးနောက် အနက်ရောင်လူဘီလူးကြီး၏ကြီးမားသောခန္ဓာကိုယ်ကြီး လုံးလုံးလျားလျားပျောက်ကွယ်သွားကာ အရိပ်အယောင်ပင် မကျန်ခဲ့တော့ချေ။

"ဒါက နတ်ဆိုးနတ်ဘုရားမဟုတ်ဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

သို့သော် ထိုအချိန်မှာပင် အနက်ရောင်လူဘီလူးကြီး၏မျက်နှာမှ ကွာကျသွားသော လူရေခွံမျက်နှာဖုံးမှနေ၍ ထူးဆန်းသောရယ်မောသံကြီး ထွက်ပေါ်လာသည်။

လူရေခွံမျက်နှာဖုံး၏နံဘေးပတ်လည်ရှိလေဟာနယ် ရုတ်တရက် တွန့်လိမ်သွားသည်။ထို့နောက် မျက်နှာဖုံး၏နောက်ရှိ ပါးလွှာသောလေထုအတွင်းမှနေ၍ အနက်ရောင်အရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။

ထိုအရိပ်၏နောက်တွင် ဧရာမအလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေကာ မြင့်မြတ်မှု တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက တုန်လှုပ်ချောက်ချားပြီးသွေးပျက်ဖွယ်ကောင်းသော အနက်ရောင်လူဘီလူးကြီး၏ပုံပန်းသွင်ပြင်နှင့် ကွဲပြားခြားနားစွာ ထိုအနက်ရောင်အရိပ်သည် လောကကြီးတစ်ခုလုံးကိုထိန်းချုပ်နိုင်သော အရှင်သခင်တစ်ယောက်၏အသွင်မျိုးရှိနေသည်။ထိုအရိပ်ကိုမြင်တွေ့မိသော မည်သူမဆို သူ့အား ဒူးထောက်၍အရိုအသေပြုလိုသောစိတ်များ ပေါက်ဖွားလာပေမည်။

ဤသည်က နတ်ဘုရားတစ်ပါးပင်။

သက်ရှိများ၏အရိုအသေပြုခြင်းနှင့်ယုံကြည်ကိုးကွယ်ခြင်းကို အချိန်ကာလကြာရှည်စွာခံယူပြီး နောက်ဆုံးတွင် အန္တိမသက်ရှိအဖြစ် ဖွဲ့စည်းသွားခြင်းဖြစ်သည်။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ပင် ထိုနတ်ဘုရားများသည် ကြီးမားသောခွန်အားကို ပိုင်ဆိုင်ထားကြ၏။အချိန်ကာလကြာမြင့်စွာရှင်သန်ခဲ့သော တချို့နတ်ဘုရားများသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များဖြင့်ပင် ခြေရာခြင်းတိုင်းနိုင်ကြသည်။

ဤသည်က ယခုမှနိုးထလာကာ ထိခိုက်ပျက်စီးနေသောနတ်ဘုရားဖြစ်သည့် ရှုရာနတ်ဘုရားနှင့်မတူညီချေ။ဤသည်က အစစ်အမှန် နတ်ဘုရားတစ်ပါးပင်။

"သေမျိုး...မင်းက ဒီနတ်ဘုရားရဲ့နယ်မြေထဲကို ကျူးကျော်ပြီး ဝင်လာဝံ့တယ်ပေါ့လေ"

"ဒူးထောက်ပြီး မင်းရဲ့သစ္စာစောင့်သိမှုကိုပြသတဲ့အနေနဲ့ မင်းရဲ့နှလုံးသားကို ဆက်သစမ်း"

နတ်ဆိုးနတ်ဘုရားက အက်ရှရှအသံဖြင့် ပြောဆိုသည်။

နတ်ဆိုးနတ်ဘုရား၏အသံကိုတုံ့ပြန်သည့်အလား ပတ်ဝန်းကျင်ရှိအလောင်းများထံမှနေ၍ အသံသေးအသံကြောင်များ ထွက်ပေါ်လာပေ၏။

ထိုအသံများသည် လုယွီကို အသုံးမဝင်သောခုခံမှုများမလုပ်ရန် သွေးဆောင်နေပြီး သူ၏အသက်ကို နာခံစွာဖြင့်ပေးအပ်ရန် တိုက်တွန်းနေသည်။

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

"ပါးစပ်ပိတ်ထားကြစမ်း"

ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထို့နောက် လုယွီက နတ်ဆိုးနတ်ဘုရားကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"ပြီးပြည့်စုံတဲ့နတ်ဘုရားတစ်ပါးစီကနေဆိုရင်...နတ်ဘုရားသွေးစက်တွေအများကြီးရနိုင်တယ်"

လုယွီ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောမှော်စွမ်းအားများ ရုတ်တရက် ပွင့်အံထွက်လာသည်။

မြောက်မြားစွာသောမှော်စွမ်းအားများ စုစည်းသွားပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထပ်မံ၍ပေါ်ထွက်လာလေပြီ။

Thank For Reading.

All Chapters