ထိုးစစ်ဆင်ရန် ပြင်ဆင်ခြင်း
Vol. 3 Ch. 23
ဝူယွမ်၏ မျက်နှာသည် ချက်ချင်း တည်ကြည် သွားလေသည်။
သူ၏ ဝိညာဉ်စွမ်းအင် မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ မီးအရိပ်ဝံပုလွေအုပ်ကြီး တစ်ခုသည် အဝေးမှ သူတို့ဘက်သို့ ဦးတည်ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
သူတို့နှင့် မီတာ တစ်ရာ အကွာအတွင်း ရောက်ရှိနေပြီဖြစ်သည်။
ဝူယွမ် - “အချိန်မရှိတော့ဘူး။ လင်းတုန်နဲ့ ငါ ခုခံလိုက်မယ်။ ချင်းတန်၊ ရှောင်ယန်းကို စီးပြီး ရွာထဲက လူတွေကို သတိပေးလိုက်။ သားရဲတွေလာနေပြီ။”
“မြန်မြန်သွား၊ ချင်းတန်” ဟု လင်းတုန်ကလည်း တိုက်တွန်းလိုက်၏။
သူတို့နှစ်ဦးစလုံး ကောင်းစွာသိထားသည်၊ ချင်းတန်နှင့် ရှောင်ယန်းတို့သည် ဤနေရာတွင် စွမ်းအားနိမ့်ဆုံးဖြစ်သည်။ အားလုံးအတူတကွ ထွက်ပြေးကြပါက မီးအရိပ်ဝံပုလွေများ လက်ချက်ကို ခံရမည်ဖြစ်ပြီး ချင်းတန် ကျန်ရစ်ခဲ့မှာ သေချာပေသည်။
“ဒါဆို အကိုကြီးနှစ်ယောက် ဂရုစိုက်ကြပါ။ ကျွန်မ အဖေကြီးတို့ကို ခေါ်လာပြီး အကိုကြီးတို့ကို လာကယ်မယ်။”
“ရှောင်ယန်၊ သွားကြရအောင်။”
ချင်းတန်သည် မတွန့်ဆုတ်တော့ဘဲ ရှောင်ယန်ကို စီးနင်းလျက် သံမြေကျေးရွာသို့ အမြန်သွားတော့သည်။
“သတ်လိုက်ကြရအောင်။”
ဝူယွမ်နှင့် လင်းတုန်တို့သည် မျက်စိချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် စိတ်ဓာတ်ခိုင်မာမှုများနှင့် ပြည့်နှက်နေသည်။
ဝူယွမ်သည် ခါးတွင် ချိတ်ဆွဲထားသော ရတနာဓားကို ဆွဲထုတ်လိုက်၏။ ဓားသွားပေါ်တွင် သင်္ကေတအများအပြား ဖုံးအုပ်ထားပြီး ခရမ်းရောင် အလင်းတန်းများခပ်မှိန်မှိန် ထွက်ပေါ်နေသည်။
ထိုလျှပ်စီးအမှတ်အသား ဓားကို ဇီယွဲ့မှ လက်ဆောင် ပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စီးပုံသဏ္ဍာန် သံမဏိဖြင့် ကျိုချက်ထားကာ ယင်း၏ပေါ်ရှိ သင်္ကေတများကို ဇီယွဲ့ကိုယ်တိုင် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သူ သုံးလေ့ရှိသော ‘မိုးကြိုးမုန်တိုင်းဆေဘာဓား” နှင့် ‘မိုးကြိုးလှံ’ စသော ကိုယ်ခန္ဓာပညာရပ်များနှင့် အလွန်ကိုက်ညီမှုရှိသည်။
“မိုးကြိုးမုန်တိုင်းဆေဘာဓား”
ဝူယွမ်သည် လျှပ်စီးအမှတ်အသား ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ဓားပေါ်ရှိ သင်္ကေတများကို အသက်ဝင်စေရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးချလိုက်သည်။ ပထမဆုံး ပြေးလာသော မီးအရိပ်ဝံပုလွေကို ပစ်မှတ်ထားကာ စွမ်းအားပြင်းထန်သော ဓားတစ်ချက် လှလှပပ ခုတ်ချလိုက်သည်။
ရွှစ်...
မီးအရိပ်ဝံပုလွေသည် တစ်ချက်တည်းနှင့် နှစ်ပိုင်းကွဲသွားလေသည်။
သို့သော် ဒီမြင်ကွင်းသည် အခြားသော မီးအရိပ်ဝံပုလွေများကို ကြောက်လန့်စေခြင်း မရှိဘဲ သူတို့၏ မျက်လုံးများကို ပို၍ပင် နီမြန်းစေခဲ့သည်။
ဒါဇင်နှင့်ချီသော မီးအရိပ်ဝံပုလွေများသည် ယောက်ျားနှစ်ယောက်နှင့် ကျားတစ်ကောင်ကို ဝိုင်းရံထားပြီး ရူးသွပ်စွာ စတင်တိုက်ခိုက်လိုက်ကြသည်။
“ဆန်းကျယ်တံခါးချိတ်ပိတ်ခြင်း”
လင်းတုန်သည်လည်း သူ၏ စွမ်းအားပြင်းထန်သော တိုက်ကွက်ကို ထုတ်ဖော်လိုက်၏။
“လင်းတုန်၊ စွမ်းအားကို ချွေတာသုံးဖို့မမေ့နဲ့၊ ဝံပုလွေအရေအတွက်က သိပ်များလွန်းတယ်” ဟု ဝူယွမ်က သတိပေးလိုက်၏။
ဤ မီးအရိပ်ဝံပုလွေများသည် ယွမ်မြေကြီးနယ်ပယ်အဆင့် သားရဲများ ဖြစ်ကြပြီး လင်းတုန်၏ အင်အားပြည့် တိုက်ခိုက်မှုဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သော်လည်း တစ်ကောင်တည်းအတွက်သာ ဖြစ်၏။ အကယ်၍ နောက်ဆုံးအချိန်အထိ အားကုန်သုံး တိုက်ခိုက်နေပါက ကြာကြာခံနိုင်မည်မဟုတ်ပေ။
“ မှော်ကျောက်စိမ်းလက်၊ ခရမ်းရောင်စွမ်းအားပြင်းနတ်ဆိုးမျက်စိ၊ တစ္ဆေအရိပ်လှည့်စားခြင်း၊ ငှက်ကြွေ နဂါး ထိန်းချုပ်ခြင်း”
အချိန်တိုအတွက်း ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းမှ ကိုယ်ခန္ဓာပညာရပ်များအားလုံးကို တစ်ပြိုင်တည်း အသုံးချလိုက်သည်။ ဝူယွမ်သည် ဤကိုယ်ခံပညာရပ်များ၏ အဆင့်အတန်းကို မသိရသော်လည်း သူတို့၏ အသုံးဝင်မှုကို ကောင်းကောင်းနားလည်သည်။ အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုစွမ်းအားများ မပိုင်ဆိုင်ကြသော်လည်း အလွန်စုံလင်သော အကူကိုယ်ခန္ဓာခံပညာရပ်များ ဖြစ်ကြပြီး မည်သည့်ကိုယ်ခံပညာရပ်နှင့်မဆို ပြီးပြည့်စုံစွာ ပေါင်းစပ်အသုံးပြုနိုင်သဖြင့် ဘယ်နေရာမှာမဆို အသုံးတည့်သည်။
ယောက်ျားနှစ်ဦးနှင့် ကျားတစ်ကောင်သည် တြိဂံပုံစံ နေရာယူကာ တစ်ဦးကိုတစ်ဦး ကျောပေးထားကြသည်။
တိုက်ပွဲသည်လည်း အတော်လေး ပြင်းထန်လာသည်။ သူတို့သည် မီးအရိပ်ဝံပုလွေများ ဝိုင်းရံခံထားရပြီး မရပ်မနား တိုက်ခိုက်ခံနေရသည်။
တစ်ဦးချင်းစီက ဝံပုလွေများစွာ၏ တိုက်ခိုက်မှုကို တစ်ချိန်တည်း ရင်ဆိုင်နေရသည်။
မကြာမီ လင်းတုန် ဒဏ်ရာရသွားလေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေသည်။
ဝူယွမ်သည် သူ့အား ကာကွယ်ရန် အာရုံထွေပြားနေစဉ် သူ၏လက်မောင်းကို မီးအရိပ်ဝံပုလွေတစ်ကောင်က ခြစ်မိသွားသည်။
ရုတ်တရက်...
“ ဝေါင်းး!..”
ပြင်းထန်သော ကျားဟိုင်းသံသည် တောအုပ်ကြီးတစ်ခုလုံး တုန်လှုပ်သွားစေသည်။
ပိုင်ယွမ်သည် ဝူယွမ် ဝံပုလွေတစ်ကောင် ကုတ်ခြစ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ရူးသွပ်သွားခဲ့သည်။
သူမ၏ အမွေးများ ထောင်မတ်နေပြီး ရှေ့ခြေထောက်များက မြေကြီးကို တူးနေကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲမျိုးဆက် စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
သူမ၏ အမှီးသည်လည်း ဖြောင့်တန်းစွာ ထောင်မတ်နေသည်။
ဝှစ်…
ပိုင်ယွမ်သည် မီးအရိပ်ဝံပုလွေအုပ်ထဲသို့ ခုန်ဝင်သွားပြီး သူမ၏ ကျားလက်သည်းများအားလုံးကို ဆန့်ထုတ်ကာ ပါးစပ် ဟလျက် ဝူယွမ်ကို ဒဏ်ရာပေးခဲ့သော မီးအရိပ်ဝံပုလွေကို ဆွဲဖြဲကိုက်ဖြတ်တော့သည်။
ခဏအတွင်းမှာပင် သူမသည် ထိုဝံပုလွေကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်သည်။
သွေးများသည်လည်း နေရာအနှံပြန့်ကျဲသွားသည်။
ထိုအချိန်တွင် မည်သည့် မီးအရိပ်ဝံပုလွေကမျှ ပိုင်ယွမ်ကို တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။
သူတို့သည် ဆုတ်ခွာကာ ပိုင်ယွမ်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။
ပိုင်ယွမ်သည် စိတ်ဆိုးနေဆဲဖြစ်ပြီး ဆက်လက်သတ်ဖြတ်နေ၏။ သူမ ပစ်မှတ်ထားသော မီးအရိပ်ဝံပုလွေများသည် ခုခံရန် စိတ်အားထက်သန်မှု ဆုံးရှုံးသွားသကဲ့သို့ ရှိပြီး ကြောက်မက်ဖွယ်ရာတစ်ခုကို မြင်လိုက်ရသည့်အတိုင်း တုန်လှုပ်နေပြီး ပြန်မခုံနိုင် ဖြစ်နေကြ၏။
အားအကြီးဆုံး ဝံပုလွေဘုရင်ပင် ထိုအချိန်တွင် တုန်လှုပ်နေခဲ့သည်။
“ဒါဟာ သွေးမျိုးဆက်ရဲ့ ဖိနှိပ်မှုလား”
“တကယ်ကြီး”
ဤမြင်ကွင်းကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်ရသည့်အခါ ဝူယွမ်လည်း အံ့အားသင့်သွားခဲ့၏။ သူသည် ပိုင်ယွမ်ထံမှ စွမ်းအားပြင်းထန်သော အငွေ့အသတ်ကို ခံစားနေရသော်လည်း ထိုမီးအရိပ်ဝံပုလွေများကဲ့သို့ ခုခံနိုင်စွမ်း ဆုံးရှုံးသည်အထိ ခံစားချက်မျိုးတော့ မရခဲ့ပေ။
သားရဲဘုရင်၏ စွမ်းအားဖိနှိပ်မှုသည် သားရဲများအပေါ်ကို ပိုပြီး ပြင်းပြင်းထန်ထန် သက်ရောက်သည်။
“သတ်လိုက်ကြရအောင်”
ဝူယွမ်သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ပိုင်ယွမ်က ဤမီးအရိပ်ဝံပုလွေများ၏ ဝိညာဉ်ကို တုန်လှုပ်နေစေသည့် အခွင့်အရေးကို ကောင်းစွာအသုံးချကာ သူနှင့် လင်းတုန်တို့သည်လည်း ဝံပုလွေအုပ်ထဲသို့ ဝင်ရောက်ကာ ကြင်နာစွာမရှိဘဲ သတ်ဖြတ်ကြ၏။
ပိုင်ယွမ်၏ သားရဲဘုရင် စွမ်းအားသည် ဝံပုလွေအုပ်၏ ခုံခံမှုကို သက်ရောက်စေသည်နှင့် တူ၏။
ဝူယွမ်သည် ထိုအချိန်တွင် တိုင်ယင်း နက်ရှိုင်းသော ယင်စွမ်းအင်နှင့် ပေါင်းစည်းလိုက်ပြီးနောက် သူ၏ ယင်ရှာ ယွမ်စွမ်းအင်သည် အလွန်တရာ စွမ်းအားကြီးမားပြီး ယခင်နှင့်စာလျှင် အတော်လေး ကွာခြားမှုရှိသည်။ တူညီသော ကိုယ်ခံပညာရပ်ကို ယင်ရှ ယွမ်စွမ်းအင်ဖြင့် ထုတ်လွှတ်သည့်အခါ ရလဒ်နှင့် စွမ်းအားသည် အဆပေါင်းများစွာ ကွာသည်။
ဆိုရသော် သူ၏ သာမန်တိုက်ခိုက်မှုသည် အခြားသူများက ကိုယ်ခန္ဓာပညာရပ်များ အသုံးပြုတိုက်ခိုက်ခြင်းနှင့် ညီမျှသည်။
သူသည် မီးအရိပ်ဝံပုလွေတစ်ကောင်ပြီးတစ်ကောင်ကို သတ်ဖြတ်ကာ အလွန်ပင် ပျော်ရွှင်နေမိသည်။
အခြေအနေသည် လှည့်ပြောင်းသွားပြီး ယခုအခါ မီးအရိပ်ဝံပုလွေအုပ်ကြီးသည် ယောက်ျားနှစ်ဦးနှင့် ကျားတစ်ကောင်၏ အမဲလိုက်ခြင်းကိုခံနေရသူများ ဖြစ်သွားကြသည်။
ဒါဇင်နှင့်ချီသော မီးအရိပ်ဝံပုလွေများသည် စတင် ထွက်ပြေးကြလေသည်။
မြေပြင်ပေါ်တွင် ဝံပုလွေအလောင်းများသာ ကျန်ရစ်ခဲ့၏။
“အစ်ကိုလင်းတုန်၊ အစ်ကိုဝူယွမ်”
ချင်းတန်သည် ရှောင်ယန်းကို စီးနင်းလျက် လူအုပ်ကြီးနှင့်အတူ စိုးရိမ်ပူပန်စွာဖြင့် ပြေးလာခဲ့၏။
သို့သော် တိုက်ပွဲသည် ပြီးဆုံးသွားပြီ ဖြစ်သည်။
သူတို့သည် မြေပြင်ပေါ်ရှိ ဝံပုလွေအလောင်းများကို ငေးငိုင်စွာ ကြည့်ရှုနေကြသည်။
လုံထန် - “မင်းတို့နှစ်ယောက် လုပ်ခဲ့တာလား”
သူသည် ယုံကြည်ရန် အလွန်ခက်ခဲနေ၏။
ဝူယွမ်နှင့် လင်းတုန်တို့သည် ယွမ်မြေကြီးနယ်ပယ်တွင်သာ ရှိသေးပြီး ပိုင်ယွမ်ရောပေါင်းမှ သုံးဦးသာ ရှိသော်လည်း ဤနေရာတွင် မီးအရိပ်ဝံပုလွေ နှစ်ဆယ့်ခုနစ်ကောင် သေလျှက်ရှိနေသည်။ ထိုဝံပုလွေများသည်လည်း ယွမ်မြေကြီးနယ်ပယ်အဆင့်များ ဖြစ်ကြသည်။
ထိုအချိန်တွင် ရှောင်ယန်သည် မီးအရိပ်ဝံပုလွေအလောင်းများဆီသို့ ပြေးဝင်ကာ သားရဲအမြုအတေများ ရှာဖွေနေ၏။ သူသည် ကျောက်ခဲပေါင်း နှစ်ဆယ့်ခုနစ်လုံးလုံးကို မျိုချလိုက်ပြီး ချက်ချင်းပင် ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလေသည်။
ထိုအရာကိုမြင်ရသည့်အခါ လင်းတုန်းသည် အနည်းငယ် ရှက်ရွံ့သွားကာ သူ့ဆီမှ ရှိသမျှ ကျောက်လက်ဖွဲ့ ဝိညာဉ်အရည်အားလုံးကို ပိုင်ယွမ်အား ပေးလိုက်သည်... “ဒီ၀ံပုလွေအုပ်ကို ကျွန်တော်တို့ ရှင်းလင်းခဲ့ဝာာပါ၊ ပြီးတော့ မီးအရိပ်ဝံပုလွေတွေက ပုံမှန်ဆို နက်ရှိုင်းတဲ့ နေရာတွေမှာဘဲ ကျက်စားကြတာ။ သူတို့ ဒီနေရာမှာ ရုတ်တရက် ပေါ်လာနိုင်စရာ မရှိဘူး။”
“ဟုတ်တယ်။ ဝူယွမ်နှင့် လင်းတုန်တို့ကသာ မတားဆီးနိုင်ခဲ့ရင် ဒီမီးအရိပ်ဝံပုလွေတွေကို သံမြေကျေးရွာထဲကို ဝင်ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရလိမ့်မယ်။”
“မီးအရိပ်ဝံပုလွေတွေက သူတို့ရဲ့ နယ်မြေကနေ လွယ်လွယ် ထွက်ခွာလေ့မရှိဘူး။ ငါသံသယရှိတာက ဒါလုပ်ကြံမှုတစ်ခုဖြစ်ေနမှာကိုဘဲ”
...နောက်ပိုင်းတွင် လုံချန်း၊ လင်းကျဲ့တျန်းနှင့် မိသားစုနှစ်ခုမှ အခြားသော အဆင့်မြင့် အဖွဲ့ဝင်များသည် ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြသည်။
ယွမ်ကျောက်တုံးမိုင်းတွင်းကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိချိန်တွင် အားကောင်းသော သားရဲများ လာရောက်တိုက်ခိုက်ချင်းကို ကာကွယ်ရန် အနောက်ဘက် တောအုပ်ထဲကို တစ်ကြိမ် လှည့်ပတ်ရှင်းလင်းခဲ့ကြသည်။
သို့သော် အခု သားရဲများ ရောက်ရှိလာခဲ့ပြီး အရေအတွက်လည်း အတော်လေး များပြားသည်။
“ယွမ်ကျောက်တုံးမိုင်းတွင်းက သတ္တဝါရိုင်းတွေကို ဆွဲဆောင်လိုက်တာလား”
“အဲ့တာလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ လူေကြာင့်ဘဲ ဖြစ်လိမ့်မယ်”
သူတို့သည် စုံစမ်းစစ်ဆေးရန် လူများစေလွှတ်ခဲ့သည်။
သုံးရက်အကြာတွင်။
သူတို့သည် စစ်ဆေးရလဒ်များ ရရှိခဲ့ကြသည်။
လုံထန် - “တစ်ယောက်ယောက်က ယွမ်မီးသစ်သီး အရည်ကို အသုံးပြုပြီး မီးဝံပုလွေ ဆွဲဆောင်ခဲ့တယ်။ မီးအရိပ်ဝံပုလွေတွေ လာတဲ့လမ်းတစ်လျှောက် ယွမ်မီးသစ်သီး အရည် သုတ်လိမ်းထားတဲ့ အရွက်အများအပြားကို ရှာတွေ့ခဲ့တယ်။”
ယွမ်မီးသစ်သီးသည် တတိယအဆင့် ဝိညာဉ်ဆေးပင်တစ်ပင်ဖြစ်ပြီး မီးအရိပ်ဝံပုလွေကဲ့သို့သော သားရဲများအတွက် အလွန်ဆွဲဆောင်မှုရှိသည်။
သံမြေကျေးရွာကို စောင့်ရှောက်နေသော လင်းကျဲ့တျန်းက ပြောလိုက်သည် - “ လုပ်ကြံခံရတာဆို လိန်နဲ့ ရှဲ့မိသားစုကဘဲ ဖြစ်လိမ့်မယ်၊ငါတို့က သံမြေကျေးရွာမှာ လူအင်အား အတော်များများ အသုံးပြုထားခဲ့တယ်၊ အဲ့တာက သူတို့ အာရုံကို ဆွဲဆောင်မိခဲ့တာေနမယ်။ ဒီကာလအတွင်း လိန်နဲ့ ရှဲ့မိသားစုက လူတွေ သံမြေကျေးရွာအနီးတစ်ဝိုက်မှာ မကြာခဏ ပေါ်လာခဲ့တယ်။ ငါသံသယ၀င်နေတယ်၊ ငါတို့ရဲ အဖွဲ့ထဲမှာ သူလျှိုရှိနေမယ်လို့”
လိန်နှင့် ရှဲ့မိသားစုများသည် စတင် နှောက်ယှက်ရင် ပြင်ဆင်နေကြပြီဖြစ်သည်... ဝူယွမ်က စဉ်းစားနေသည်။ သူတို့သည် ယန်ယွမ်ကျောက်တုံးတွေကို နှစ်ကြိမ်တိုင်တိုင် ရောင်းဝယ်ဖလှယ်ခဲ့ကြပြီးဖြစ်ရာ လိန်နှင့် ရှဲ့မိသားစုများက ယွမ်ကျောက်တုံးမိုင်းတွင်း တည်ရှိမှုကို သိရှိထားလောက်ပီဖြစ်သည်။
လိန်နှင့် ရှဲ့မိသားစုများနှင့် တိုက်ပွဲဖြစ်လာရန်က အချိန်တစ်ခုသာလိုတော့သည်။
ဝူယွမ်သည် မူရင်းဇာတ်လမ်းတွင် လိန်နှင့် ရှဲ့မိသားစုများ အသုံးပြုခဲ့သော နည်းလမ်းများကို သတိရသွားသည်။
သူသည် ဦးစွာထိုးစစ်ဆင်ရန် စီစဉ်ခဲ့သည်။
ရန်သူကို သိပြီးတဲ့နောက် ထိုင်စောင့်နေရပ် မလိုအပ်တော့ပေ။
“သူတို့က လင်းတုန်းနဲ့ ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ လူတွေ စေလွှတ်လိမ့်မယ်။”
“ပြီးတော့ နဂါးနက်စခန်းကလည်း သူတို့ရဲ့ နည်းဗျူဟာတွေထဲက တစ်ခုဘဲ။”
ဤအချက်ကို တွေးမိသည့်အခါ ဝူယွမ်တွင် အစီအစဉ်တစ်ခု ရှိလာပြီ ဖြစ်သည်။
မူရင်းဇာတ်လမ်းတွင် လင်းမိသားစုသည် လိန်နှင့်ရှဲ့ မိသားစု နှစ်ခုကို ကိုင်တွယ်ရန် ခက်ခဲခဲ့သော်လည်း အခုက မူရင်းဇာတ်လမ်းနှင့် မတူတော့ပေ။
သူ့သည် ရှေ့တွင်ဖြစ်လာမည်များကို ကြိုသိထားခဲ့သည်။