၀ိညာဥ်ချိုးဖြတ်ဓားနည်းစနစ်၊မီးမိုးကြိုးဓား နှင့် မိုးကြိုးလှိုင်းတုန်ခါခြင်းနည်းစနစ်
Vol. 3 Ch. 25
တစ်လကျော်ကြာ အတူနေခဲ့ပြီးနောက် ဝူယွမ်သည် ဇီယွဲ့အကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်လာခဲ့သည်။
ဇီယွဲ့၏မိသားစုသည် ယွမ်ကျောက်တုံးမိုင်းတွင်းများနှင့် ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်ကြသည်။
ဇီယွဲ့သည် အဆောင်သခင် ဒုတိယအဆင့်ရှိသူဖြစ်ပြီး သူ၏မိသားစုသည် ယန်မြို့တွင် အရေးပါသောနေရာတစ်ခုရထားပြီး၊ ရွှေတစ်သောင်းကုန်သည်အသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သူ၏နောက်ခံနှင့် စွမ်းရည်များအပြင် ဝူယွမ်က ဇီယွဲ့နှင့် လဲလှယ်ရန် ရှာဖွေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဇီယွဲ့သည် ဝိညာဉ်စွမ်းအားကိုပြုစုပျိုးထောင်မှုကို အဓိကထားကျင့်ကြံနေသူဖြစ်ပြီး အတော်အတန် ရိုးသားကာ စီးပွားရေးကိစ္စများတွင် နက်နက်ရှိုင်းရှိုင်း မပါဝင်သောကြောင့်ဖြစ်သည်။
ဇီယွဲ့က “ယွမ်ကျောက်တုံးလဲလှယ်ပေးဖို့ဆိုတာ... ပြဿနာမရှိပါဘူး၊ ငါ့ကိုပြောကြည့်... ဘယ်လောက်လိုအပ်လဲ”
“တစ်ထောင်ကျော်လောက်” ဝူယွမ်က အမှန်အတိုင်း ပြောလိုက်သည်။ ထိုပမာဏသည် အနည်းငယ်များလွန်းလှသည်။
“ငါ့ဆီမှာ အခု ယွမ်ကျောက်တုံးငါးသောင်းရှိတယ်၊ လုံလောက်မယ်ထင်တယ်” ဟု ဇီယွဲ့က ဂရုမစိုက်ဘဲပြောသည်။
“ငါးသောင်းလား”
ဝူယွမ်က အံဩတကြီး ပြန်မေးမိသွားသည်။
ရူးသွပ်ဓားသိုင်းခန်းမနှင့် လင်းမိသားစုက သံမြေကျေးရွာရှိ ယွမ်ကျောက်တုံးမိုင်းတွင်းကို သုံးလနီးပါးခန့် တူးဖော်ခဲ့သော်လည်း၊ ယွမ်ကျောက်တုံး ငါးထောင်အောက်သာရရှိခဲ့သည်။ သို့သော် ဤပမာဏသည်ပင် ရူးသွပ်ဓားသိုင်းခန်းမနှင့် လင်းမိသားစုအတွက် အတော်လေးများနေပီဖြစ်သည်။
အခု ဇီယွဲ့က ယွမ်ကျောက်တုံး ငါးသောင်းကို အလွယ်တကူ သယ်ဆောင်ထားသည်။
ကွာခြားချက်ကဘာလဲ။
ထိုအရာပင်ဖြစ်သည်။
“အစ်မကြီးဇီယွဲ့... အစ်မကြီးက ဒီလောက်ချမ်းသာတဲ့ သူဌေးသမီးလေးဆိုတာ ကျွန်တော်မသိခဲ့ဘူး...” ဝူယွမ်သည် အသက်ပျင်းပျင်းရှုလိုက်ပြီး “လုံလောက်တယ်... လုံလောက်ပါတယ်” ဟုဆိုသည်။
“အစ်မကြီး တစ်ချက်ကြည့်လိုက်... ဒီမှာ ယန်ယွမ်ဆေးလုံး နှစ်ရာရှိတယ်၊ ယွမ်ကျောက်တုံးဘယ်လောက်ရနိုင်မလဲ”
“အိုး... ငါကြည့်ကြည့်မယ်”
ဇီယွဲ့က ဆေးလုံးများကိုယူပြီး စစ်ဆေးကြည့်သည်။
ခဏအကြာတွင် သူမသည် အာရုံစိုက်လာပြီး အံ့အားသင့်သံဖြင့် “အိုး... မောင်လေးရဲ့ ယွမ်ကျောက်ဆေးလုံးတွေက အရည်အသွေး အရမ်းကောင်းတယ်... ဒီလောက်သန့်စင်တဲ့ ယန်ယွမ်ဆေးလုံးတွေကို ငါတစ်ခါမှမမြင်ဖူးသေးဘူး... ဒါတွေက အမြင့်ဆုံးအဆင့်လောက်ရှိမယ်ထင်တယ်” ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
“ဒါ... ဘာကိုဆိုလိုတာလဲ အစ်မကြီး”
ဇီယွဲ့က “ယွမ်ကျောက်တုံးကနေ ယွမ်ကျောက်ဆေးလုံး အဖြစ်ကို ဖော်စပ်တဲ့သူပေါ်မူတည်ပြီး ဆေးလုံးသန့်စင်မှုကလည်း ကွာဟချက်ကြီးမားတယ်... ယေဘုယျအားဖြင့် ဆယ်ပုံတစ်ပုံနှုန်းနဲ့ တိုင်းတာကြတယ်... ဈေးကွက်ထဲမှာရှိတဲ့ ဆေးလုံးအများစုက အဆောင်သခင်အသင်းက ဖော်စပ်ထားတာဖြစ်ပြီး သန့်စင်မှုငါးပုံတစ်ပုံပဲရှိတယ်... ငါကတော့ သန့်စင်မှုခြောက်ပုံတစ်ပုံရှိတဲ့ ယန်ယွမ်ဆေးလုံးကို ထုတ်လုပ်နိုင်တယ်... ဆရာယန်လို အဆောင်သခင် စတုတ္ထအဆင့်ရှိသူတောင် ခုနှစ်ပုံတစ်ပုံအထိပဲ ရနိုင်မယ်ထင်တယ်... ဒါပေမယ့် မောင်လေးရဲ့ဆေးလုံးကတော့ သန့်စင်မှုဆယ်ပုံတစ်ပုံနီးပါးရှိနေတယ်” ဟု ရှင်းပြသည်။
ကွာခြားချက်က ဒီလောက်တောင်ကြီးတာလား။
အပေါ်ယံအားဖြင့် ယန်ယွမ်ဆေးလုံးများကို ကြည့်လိုက်လျှင် သူတို့၏ကိုယ်ပိုင်ဆေးပြားများတွင် အနည်းငယ်ပိုမိုတောက်ပသော အရောင်အဆင်းရှိသည်ဟုသာ ခံစားရသည်။
“မောင်လေး... ဒီဆေးပြားတွေကို ဘယ်ကရတာလဲ” ဟု ဇီယွဲ့က သိလိုစိတ်ဖြင့် မေးမြန်းသည်။
“ဒါ...” ဝူယွင့်သည် ခေါင်းကုတ်သည်... “ခဏစောင့်ပေးပါ... ကျွန်တော် တစ်ခုခုလိမ်ဖို့တွေးပါရစေ” ဝူယွမ် စိတ်တွင်းမှပြောလိုက်သည်။
ဝူယွမ် ဖြေရခက်နေသည်ကို မြင်သောအခါ ဇီယွဲ့သည် ချက်ချင်းနားလည်သွားသည်။ စီးပွားရေးလောကတွင် စည်းမျဉ်းတစ်ခုရှိသည်။ အရောင်းအ၀ယ်ပစ္စည်းကိုသာ ကြည့်ရန်၊ အလွန်အကျွံမမေးရန်။ ထို့ကြောင့် သူမသည် နားလည်မှုဖြင့် “မောင်လေး ပြောရခက်နေတယ်ဆိုရင်လည်း ထားပါတော့... လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတာပဲ... ဒီလိုမြင့်မားတဲ့ သန့်စဉ်မှုနှုန်းရှိတဲ့ ဆေးလုံးတွေကို ဘယ်လိုရတာလဲဆိုတာကို သိချင်မိယုံပါ ”
“ဘယ်ကရလဲဆိုတာ အမှန်တိုင်းပြောပြဖို့ရာ မဖြစ်နိုင်လို့ပါ၊ အစ်မကြီးဇီယွဲ့ ခွင့်လွှတ်ပါ... သန့်စဉ်မှူနှုန်း ဘာလို့အရမ်းမြင့်နေလဲဆိုတာ ကျွန်တော်လည်းသေချာ မသိဘူး... သိရတာနဲ့ အစ်မကြီးကို သေချာပေါက်ပြောပြပါမယ်”
“ကောင်းပြီ... မောင်လေးဆီက ဆေးလုံးအားလုံးကို ငါယူမယ်... နောက်ထပ်ရှိသေးရင် ငါနဲ့ လာလဲဖို့ မမေ့နဲ့... သန့်စင်တဲ့ဆေးလုံးတွေက ဝိညာဉ်စွမ်းအား ပြုစုပျိုးထောင်တဲ့နေရာမှာ အရမ်းအသုံး၀င်တယ်၊ ငါကိုယ်တိုင်သုံးဖို့ လုပ်ထားတာ... စိတ်မပူနဲ့၊ ဒီအစ်မကြီးက သူစိမ်းမဟုတ်တဲ့အတွက် ဈေးနှုန်းမှာ မောင်လေးကို လိမ်လည်မှာမဟုတ်သလို ဆရာတူမောင်လေးရဲ့ ဆေးလုံးအရင်းအမြစ်ကိုလည်း မေးမှာမဟုတ်ဘူး”
ဇီယွဲ့က နားလည်မှုရှိရှိဖြင့် ပြောလိုက်သည်။
သူမသည် အလွန်တော်သည်၊ ရင်းမြစ်ကို စုံစမ်းမေးမြန်းမှာမဟုတ်ကြောင်း တန်းပြောခဲ့သည်။
စီးပွားရေးလောကတွင် ထိုကဲ့သို့သောအရာများသည် ဖြစ်နေကျဖြစ်သည်။ အခြားသူများ၏ လျှို့ဝှက်ချက်များကို အဆက်မပြတ် စူးစမ်းနေမည်ဆိုလျှင် နောက်တစ်ကြိမ်တွင် အလားတူပစ္စည်းများရှိလာပါက ၎င်းတို့သည် သတိထားလာပြီး နောက်ထပ်ကုန်သွယ်ရန် မလာတော့သဖြင့် ဆုံးရှုံးမှုဖြစ်စေသည်။
“ငါးပုံတစ်ပုံ သန့်စင်တဲ့ဆေးလုံးတွေကို ယွမ် ကျောက်တုံး ၁၁ တုံးနဲ့ လဲလှယ်တယ်... မောင်လေးရဲ့ဟာကိုတော့ တစ်ပြားကို ၁၅ တုံးပေးမယ်... ဒီဈေးနှုန်းက အတော်လေးကောင်းနေပြီ... ငါ့လို အရည်အသွေးကို အသိအမှတ်ပြုတဲ့သူက ရှားတယ်မလား”
“ဟုတ်... သဘောတူပါတယ်... အစ်မကြီးဇီယွဲ့ကို ယုံပြီးသား”
ဝူယွမ်သည် သဘောမတူခြင်းမရှိခဲ့ပေ၊ အစကတည်းက သူ မျှော်လင့်ထားသည်မှာ ၁၂ တုံးသာဖြစ်သည်။
ဆေးပြား ၂၀၀ ကို ယွမ်ကျောက်တုံး ၃၀၀၀ နှင့် လဲလှယ်နိုင်ခဲ့သည်။
ကြီးကြီးမားမားမြတ်တဲ့ လဲလှယ်မှုတစ်ခုဘဲဖြစ်သည် ... ယွမ်ကျောက်တုံးများဖြင့် ပြည့်နေသော သိုလှောင်အိတ်ကို ကိုင်ထားရင်း ဝူယွမ်က “ဒီကျောက်လက်ဖွဲ့က ရုတ်တရက်ကြွယ်ဝချမ်းသာဖို့ရာ ပစ္စည်းကောင်းတစ်ခုပဲ” ဟု ပြောပြီးသက်ပျင်းချလိုက်သည်။
“ကောင်းပြီ... လဲလှယ်မှုပြီးဆုံးပြီ... ဒီတစ်လောကာလအတွင်း မောင်လေးရဲ့ ဝိညာဉ်စွမ်းအား စုဆောင်းမှု ဘယ်လောက်ရှိပီလဲဆိုတာ ကြည့်ရအောင် အစ်မကြီးကို ပြလို့ရလား... ”
“ဟီး... အစ်မကြီး ကြည့်ပါ”
ဝူယွမ်သည် သူ၏ မွေးရာပါသင်္ကေတတံဆိပ်ကို ပြလိုက်သည်။
“မွေးရာပါသင်္ကေတတံဆိပ်”
ဇီယွဲ့သည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိပြီး သူမ၏စိတ်ထဲတွင်လဲ တုန်လှုပ်သွားခဲ့သည်... ဝိညာဉ်စွမ်းအင်စုဆောင်းမှု အချိန်တစ်လကျော်အတွင်း အဆောင်သခင် ပထမအဆင့်သို့ တိုးတက်လာပီဖြစ်သည်။ ဆရာတူမောင်လေး သည် အလွန်မြန်ဆန်လွန်းလှသည်။
သူမသည် “မောင်လေး... မောင်လေးရဲ့ပါရမီက သာမန်သာဖြစ်သည်” ဟူသော ဟန်ဆောင်မှုကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။
“သွားကြရအောင်... ဆရာယန်ဆီသွားမယ်”
ဇီယွဲ့သင်ချက်ချင်းပင် ဝူယွမ်ကို ဆရာယန့်ရှာဖွေရန် ဆွဲခေါ်သွားသည်။
အခု ဝူယွမ်သည် အဆောင်သခင် ပထမအဆင့်သို့ ရောက်လာပြီဖြစ်ရာ သူမ၏လမ်းညွှန်မှုကို မလိုအပ်တော့ပေ။
နှစ်ဦးလုံး ဆရာယန်၏ ၀ါးအိမ်ရှေ့သို့ ရောက်ရှိလာကြသည်။
“ဆရာယန်”
နှုတ်ဆက်လိုက်ပြီးနောက် ဝူယွမ်သည် သူ၏ မွေးရာပါသင်္ကေတတံဆိပ်ကို ဆရာယန်ထံပြသခဲ့သည်။
အံ့အားသင့်ဝမ်းသာစွာဖြင့် ဆရာယန်သည် ဝူယွမ်အား ဝိညာဉ်စွမ်းအင် ပြုစုပျိုးထောင်ရေးလမ်းကြောင်းကို ရှင်းပြရန် စတင်ခဲ့သည်။
“ဝိညာဉ်စွမ်းအင်ရဲ့ အခြေခံအကျဆုံးအသုံးချမှုပုံစံက ဓား၊ လှံ၊ ဓားရှည် သို့မဟုတ် ဒိုင်းကာတို့လိုမျိုး လက်နက်ပုံစံတွေကိုသာ စုစည်းပြီးတိုက်ခိုက်ကြတယ်။
အဆင့်မြင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်နည်းစနစ် အများစုက ဒီအခြေခံတွေက ဆင်းသက်လာတာဘဲ။
ဘယ် လျှို့ဝှက်နည်းစနစ်မဆို ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုက အရေးအပါဆုံးဘဲ။
ဒါ့အပြင် ဝိညာဉ်စွမ်းအင် လက်နက်တွေလည်းရှိတယ်။
လက်နက်ထိန်းချုပ်ခြင်း။
လက်နက်ထိန်းချုပ်ခြင်းက ငါတို့ရဲ့ အားသာချက်ေတွထဲကတစ်ခုဘဲ ဝိညာဉ်စွမ်းအင်ကိုသယ်ဆောင်နိုင်တဲ့ ပစ္စည်းတွေကို လက်နက်တွေအဖြစ် ရှာဖွေသွန်းလောင်းပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး တိုက်ခိုက်တဲ့အချိန် အဲ့လက်နက်တွေကိုအသုံးပြုလို့ရတယ်”
ဘယ်ဝိညာဉ်စွမ်းအင်ကိုမဆို စုဆောင်းဖို့ ကျွမ်းကျင်မှုနှင့် ၀ိညာဥ်ပစ္စည်းများ လိုအပ်သည်... ဝူယွမ်သည် ဆရာယန်ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီးဖြစ်သည်။
ရှင်းပြပြီးနောက် လက်ေတွ့သင်ကြားခြင်း အဆင့်သို့ ရောက်ရှိသွားသည်။ ဆရာယန်သည် ဝူယွမ်အား မျှော်လင့်ချက်ကြီးကြီးထားရှိသဖြင့် သူအလွန်အမင်းရက်ရောေနသည်။
ယန်ရွှမ် - “မင်းကို ဝိညာဉ်စွမ်းအင် လျှို့ဝှက်နည်းစနစ် နှစ်မျိုးသင်ပေးမယ်... ပထမတစ်ခုက သာမန်အဆင့် လျှို့ဝှက်နည်းစနစ် ‘ဝိညာဉ်ချိုးဖြတ်ဓား’... ဒုတိယတစ်ခုက ချီအဆင့် လျှို့ဝှက်နည်းလမ်း ‘မိုးကြိုးလှိုင်းတုန်ခါခြင်း’ ဘဲ”
ဆရာယန်သည် သူ၏ ဒုတိယတပည့်အား အတော်လေးကြိုက်နှစ်သက်ပုံရသည်... “ချီအဆင့် လျှို့ဝှက်နည်းလမ်း” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဇီယွဲ့မျက်လုံးပြူးသွားသည်။
သူမသည် အဆောင်သခင် ဒုတိယအဆင့်သို့ ရောက်သည်အထိ သင်ယူခွင့်မရသေးပေ။
“ဇီယွဲ့... ေသချာလိုက်နားထောင်ပါ... ဒီမိုးကြိုးလှိုင်းတုန်ခါခြင်းကို မင်းကိုလည်း သင်ပေးဖို့ စီစဉ်ထားတယ်”
“ဆရာယန်ကို ကျေးဇူးတင်ပါတယ်”
ဇီယွဲ့က ပျော်ရွှင်စွာပြောလိုက်သည်။ သူမသည် မိုးကြိုးလှိုင်းတုန်ခါခြင်းကို သင်ယူချင်ခဲ့တာကြာပြီဖြစ်သည်။
ချီအဆင့် လျှို့ဝှက်နည်းလမ်းများကြားတွင်ပင် စွမ်းအား ကွာခြားမှုရှိသေးသည်။ ဆရာယန်၏ မိုးကြိုးလှိုင်းတံပိုးသည် အဆင့်မြင့် လျှို့ဝှက်နည်းလမ်းများအနက်မှ ထိပ်တန်းအဆင့်ရှိသည်။
လျှို့ဝှက်နည်းလမ်း နှစ်ခုလုံးကို သင်ပေးပြီးနောက်
ဆရာယန်သည် သူ၏ သိုလှောင်အိပ်ထဲမှ ဓားအသေးတစ်စုံကို ထုတ်ယူခဲ့သည်။
“မီးမိုးကြိုးဓား”
ဓားရှည်လေးများကို မြင်တွေ့ရသည့်အခါ ဇီယွဲ့၏မျက်လုံးများ ပြောင်းလဲသွားသည်။
ဤသည်မှာ ဆရာယန်၏ အဖိုးတန်ဆုံး ရတနာများထဲက တစ်ခုဖြစ်သည်။
ယန်ရွှမ်က “မီးမိုးကြိုးဓားကို လျှပ်စီးသစ်သားနှင့် မီးဓားအနှစ်သာရကျောက်တွေကနေ သွန်းလုပ်ထားပြီး ငါကိုယ်တိုင် သင်္ကေတတွေ ရေးထိုးထားပြီး... လျှပ်စီးနှင့်မီး ဓာတ်နှစ်မျိုးလုံးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်... ဒီဓားအစုံက တိုက်ခိုက်မှုစွမ်းအားပြင်းထန်မှုကြောင့် ကျော်ကြားတယ်... ငါ့လက်ထဲမှာဆိုယွမ်ဒန်အဆင့် ကျွမ်းကျင်သူတစ်ဦးတောင်မှ ဒီဓားအစွန်းကိုမထိရဲဘူး ... ဝူယွမ် မင်း အသုံးပြုမယ်ဆိုရင်တော့ ယွမ်ကောင်းကင်နယ်ပယ် အဆင့်ကျင့်ကြံသူတစ်ဦးရဲ့ အကာအကွယ်ကိုတောင် ချိုးဖောက်နိုင်လိမ့်မယ်”
“ဒါကို မင်းရဲ့ဆရာအဖြစ် တပည့်ကိုပေးတဲ့ ပထမဆုံးလက်ဆောင်ဘဲ”
ဆရာယန်က ဓားအစုံကို ဝူယွမ်ထံ ပေးအပ်ခဲ့သည်။
“ဆရာယန်ကို ကျေးဇူးတင်ပါတယ်”
ဝူယွမ်သည် ဓားအိမ်ကိုယူပြီး ဖွင့်ကြည့်သောအခါ အတွင်းတွင် လက်ဝါးကပ်တိုင်အရွယ် ပုရွက်ဆိတ်အတောင်များကဲ့သို့ ဓားသွားပါးများ ခုနစ်ချောင်းပါရှိသည်ကို တွေ့လိုက်ရသည်။ ဓားကိုယ်ထည်သည် အနီရောင်ရင့်ရင့်ဖြစ်ပြီး သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။
“ဆရာက ဒီမီးမိုးကြိုးဓားအစုံကို ဆရာတူမောင်လေးကိုတစ်ကယ် ပေးအပ်ခဲ့တာဘဲ... ဒါပေမယ့် မောင်လေးရဲ့ ပါရမီနဲ့ဆို ဆရာက ဒီလောက်တန်ဖိုးထားတာ ပုံမှန်ပါပဲ” ဟု ဇီယွဲ့က အားကျသည့် လေသံဖြင့် ပြောလိုက်သည်။
သူမတွင်လည်း ဝိညာဉ်စွမ်းအင်လက်နက်ရှိသော်လည်း ဤမိုးကြိုးမီးဓားစုံနှင့် နှိုင်းယှဉ်၍မရပေ။
ထိုဓားများသည် ငွေရှိယုံဖြင့်၀ယ်ယူ၍မရသောအရာဖြစ်သည်။
အဆောင်သခင်များသည် ယေဘုယျအားဖြင့် ငွေကြေးမချို့တဲ့ကြပေ၊ ဇီယွဲ့လည်း မချို့တဲ့ပေ။
သို့သော် အဆောင်သခင်များ အသုံးပြုသော ကုန်ကြမ်းပစ္စည်းများသည် ရှာဖွေရအလွန်ခက်ခဲသည်။
“ဒီ၀ိညာဥ်လက်နက်တွေနဲ့ဆို ကျွန်တော် တိုက်ပွဲထဲမှာ စွမ်းအား နှစ်ဆလောက်တိုးလာသင့်တယ်”
ဝူယွမ်သည် မီးမိုးကြိုးဓား၏စွမ်းအားကို အတော်လေးစမ်းသပ်ကြည့်ရန်ချင်နေသည်။