← Chapters

နဂါးနက်စခန်းကို ချေမှုန်းခြင်း

Vol. 3 Ch. 26

နဂါးနက်စခန်းကို ချေမှုန်းခြင်း

Vol. 3 Ch. 26

တည်းခိုခန်းအတွင်းက အလင်းမရှိသော အခန်းငယ်တစ်ခုတွင်...

“အစ်ကိုကြီး၊ ယွမ်ကျောက်တုံးတွေ အများကြီးဘဲ!”

လင်းတုန်သည် သိုလှောင်အိပ်ကို ကိုင်လျက် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဟုတ်တယ်။ မြန်မြန်လေး သန့်စင်လိုက်၊ ဒီဆေးလုံးတွေက ငါတို့ကို အေးဆေး ကျင့်ကြံလို့ရအောင် ခဏတော့ ထိန်းပေးနိုင်လိမ့်မယ်။”

“ကောင်းပီ!”

လင်းတုန်သည် အချိန်မဆွဲဘဲ ယွမ်ကျောက်တုံး သုံးထောင်‌ကို သန့်စဉ်ပြီး ယွမ်ဆေးလုံး တစ်ထောင်ကို ရရှိခဲ့သည်။

နောက်လာမည့် ကာလအတွက် ဝူယွမ်သည် ဆေးလုံးများ သုံးစွဲပြီး၊ ယွမ်စွမ်းအင်ကို တိုးပွားအောင် လေ့ကျင့်ခြင်းနှင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်နည်းစနစ်များ လေ့ကျင့်ခြင်းတို့အပေါ် အာရုံစိုက်ခဲ့သည်။

တစ်လကြာပြီးနောက်...

လုံချန်းနှင့် အခြားသူများသည် ယန်မြို့သို့ ကုန်သွယ်ရန် ထပ်မံရောက်ရှိလာကြသည်။

သူတို့သည် ယွမ်ကျောက်တုံး နှစ်ထောင် ယူဆောင်လာခဲ့ကြသည်။

ဝူယွမ်သည် အရင်ကအတိုင်း ပြန်လည်လုပ်ဆောင်ခဲ့ပြီး လင်းတုန်နှင့်အတူ ယွမ်ကျောက်တုံးများကို သန့်စင်ပြီးခွဲဝေသုံးဆွဲခဲ့ကြသည်။

ထို့နောက် သူတို့သည် ချင်းယန်းမြို့ငယ်ဆီသို့ ပြန်လာခဲ့ကြသည်...

လုံထန်က “ရရှိထားတဲ့ အချက်အလက်တွေအရ လိန်မိသားစုနဲ့ ရှဲ့မိသားစုတို့သည် မကြာသေးမီက အလွန်တက်ကြွလာပြီး ပတ်ဝန်းကျင်ရှိ စခန်းများနဲ့ အထူးသဖြင့် နဂါးနက်စခန်းနဲ့ အဆက်မပြတ် ဆက်သွယ်နေတယ်။ လိန်မိသားစုက သူတို့နဲ့ မဟာမိတ်ဖွဲ့ ထားတယ်လို့ ကျွန်တော် ထင်တယ်”

သို့သော် လင်းကျဲ့တျန်းက ခေါင်းခါကာ...

“မဟာမိတ်ဖွဲ့တာက အဲ့လောက်ဂရုစိုက်ဖို့မလိုဘူး၊ နဂါးနက်စခန်းမှာ ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ဦးဘဲ ရှိတယ်။ ငါ စိုးရိမ်တာက လိန်ပေါင် အချိန်မရွေး ယွမ်ဒန်အဆင့်ကို ရောက်သွားနိုင်တာကိုဘဲ”

လက်ရှိတွင် ချင်းယန်းမြို့ငယ်တွင် အားအကောင်းဆုံးလူသည်။ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်၌သာ ရှိသည်။ တစ်ယောက်ယောက်သာ ယွမ်ဒန်နယ်ပယ်သို့ ရောက်ရှိသွားပါက ဟန်ချက်ပျက်သွားနိုင်သည်။

“ညီငယ် လင်းကျဲ့တျန်း ပြောသည်မှန်တယ်။ ဒါကြောင့် အခု ငါတို့ လုပ်ရမဲ့ အရေးအကြီးဆုံး အရာက ငါတို့နှစ်ယောက်လုံး ယွမ်ဒန်အဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့ဘဲ” လုံချန်းက သဘောတူထောက်ခံလိုက်သည်။

အခုအချိန်တွင် အင်အားစုကြီး လေးခုသည် စစ်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

“ မွေးစားအဖေ၊ ဘကြီးလင်း၊ ကျွန်တော်တို့ ဒီလောက် သည်းခံနေဖို့ မလိုဘူးလို့ ထင်တယ်။ လိန်နှင့် ရှဲ့မိသားစုတို့နဲ့က တရား၀န် ရန်သူတွေဖြစ်နေပီ၊

သူတို့က လာတိုက်မှသာ ပြန်တုံ့ပြန်‌ေနရမှာလား”

ဝူယွမ်သည် ရှေ့သို့တက်လာပြီး အကြံပြုသည်- “ဒီစစ်ပွဲက ရှောင်လွှဲလို့မရဘူး၊ ဒီအတိုင်းရပ်စောင့်နေမဲ့အစား ကျွန်တော်တို့က သူတို့ရဲ့ အကူစစ်အင်အားတစ်ချို့ကို ဖြတ်ဆီးလိုက်မယ်ဆို‌ရင်ရော၊ ဥပမာ- နဂါးနက်စခန်း။ ဒီလိုမဟုတ်ဘဲ ကျွန်တော်တို့က သူတို့ကို လစ်လျူရှုထားပြီး ကျွန်တော်တို့ စစ်ဖြစ်တဲ့အခါ သူတို့က လျှို့ဝှက်တိုက်ခိုက်လာပါက ဒုက္ခရောက်မည်မဟုတ်ပါလား။”

“ကျွန်တော်တို့ လိန်နဲ့ ရှဲ့မိသားစုတို့ကို လူလွှတ် စောင့်ကြည့်ထားလို့ရတယ်။ လိန်ပေါင်နှင့် ရှဲ့ချန်တို့ မလှုပ်ရှားသေးသ၍ မွေစားအဖေနဲ့ ဘကြီးလင်း တို့လည်း မလှုပ်ရှားကြနဲ့၊ ယွမ်ဒန်အဆင့်ကို သူတို့ထက် စောပြီး ရောက်ရှိဖို့ကိုသာ အာရုံစိုက်ပြီး တိတ်တဆိတ် လေ့ကျင့်‌နေပါ။ ပြီးရင် ကျွန်တော်တို့က လိန်နှင့် ရှဲ့မိသားစုတို့ရဲ့ တက်ကြွသော စစ်အင်အားကို ကိုင်တွယ်ဖြေရှင်းလိုက်ယုံဘဲ။”

အခုအချိန်တွင် ဝူယွမ်၏ စကားသည် အလေးထားစရာဖြစ်လာပြီး လူအားလုံးသည် သူ၏ အကြံဉာဏ်များကို စိတ်ဝင်တစား နားထောင်နေကြသည်။

“ကျွန်တော်က ဝူယွမ်အစ်ကိုကြီးရဲ့ အကြံကို ထောက်ခံပါတယ်!” လင်းတုန်သည် ပထမဆုံး သူ၏ထောက်ခံမှုကို ပြသခဲ့သည်။

လုံထန်က ဒုတိယမြောက် ထောက်ခံခဲ့သည်။

ထို့နောက် အခြားသူများကလည်း ခေါင်းညိတ်ကာ ဤနည်းလမ်းသည် အကောင်းဆုံးဖြစ်သည်ဟု ညွှန်ပြကြသည်။

လုံချန်းက “အားယွမ်က တကယ်ကို ရင့်ကျက်လာတာဘဲ၊ ကောင်းပီ မင်းပြောတဲ့အတိုင်း လုပ်ကြမယ်။ ဒါပေမဲ့ လိန်နှင့် ရှဲ့မိသားစုတို့နဲ့ ရင်ဆိုင်ရန်ကို အလျင်စလိုမလုပ်သင့်သေးဘူး။ နဂါးနက်စခန်းကိုဘဲ အရင်ဖျက်ဆီးကြတာပေါ့”

အစီအစဉ်ချမှတ်ပြီးနောက် လုံထန်၊ လင်းရှောင်နှင့် လင်းကန်း ယွမ်ကောင်းကင်နယ်ပယ် အဆင့်ကျင့်ကြံသူ သုံးဦးသည် တပ်စုတစ်စုကို တိုက်ရိုက်ခေါ်ဆောင်ကာ နဂါးနက်စခန်းသို့ သွားရောက်တိုက်ခိုက်ကြသည်။

“အစ်ကိုကြီး၊ နဂါးနက်စခန်းက ဒုတိယခေါင်းဆောင်ကို ကျွန်တော်လေ့ကျင့်ဖို့ ချန်ထားပေးပါ” ဝူယွမ်က တောင်းဆိုခဲ့သည်။

လုံထန်၏ မျက်လုံးများ လင်းလက်သွားသည်- “အိုး... ညီလေးက ယွမ်ကောင်းကင်နယ်ပယ် အဆင့်ကျင့်ကြံသူကို ရင်ဆိုင်နိုင်နေပီလား”

“မသေချာသေးပါဘူး၊မစမ်းကြည့်ရသေးဘူး၊ စမ်းကြည့်ဖို့ စီစဉ်ထားတယ်။ အချိန်ရောက်ရင် အစ်ကိုကြီးကဘဲ ကျွန်တော့်ကို ကာကွယ်ပေးပါအုံး!” ဝူယွမ်က ရယ်ရယ်မောမော ပြောဆိုလိုက်သည်။

သူသည် ယခုအခါ ယွမ်ကောင်းကင်နယ်ပယ်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့ပြီး သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း

အဆောင်သခင် ဒုတိယအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။

ဒုတိယအဆင့် အဆောင်သခင် တစ်ဦးသည် သူ၏ နက်နဲသော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများကို အားကိုးကာ ယွမ်ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ပေါင်တန်းတိုက်ခိုက်နိုင်စွမ်းရှိသည်။

မီးလျှပ်စီးဓားကဲ့သို့သော စွမ်းအားပြင်း ၀ိညာဥ်လက်နက်ဖြင့်ဆိုလျှင် ဝူယွမ်သည် ယွမ်ကောင်းကင်နယ်ပယ် အစောပိုင်းအဆင့် ပြိုင်ဘက်တစ်ဦးကို ကိုင်တွယ်နိုင်လောက်သည်။

သူလိုအပ်နေသည်မှာ တိုက်ပွဲအတွေ့အကြုံပင် ဖြစ်သည်။

နဂါးနက်စခန်းသို့ ရောက်ရှိသည့်အခါ...

“တိုက်ကြ!”

လုံထန်နှင့် အခြားနှစ်ဦးသည် လမ်းကြောင်းသုံးခုမှ ဝင်ရောက်တိုက်ခိုက်ကြသည်။

သူတို့သည် နဂါးနက်စခန်း၏ မြေမျက်နှာသွင်ပြင်ကို

ကောင်းကောင်းသိထားကြပြီး ဤတစ်ကြိမ်တွင် သူတို့သည် သေချာပြင်ဆင်ပြီးမှ ယွမ်ကောင်းကင်နယ်ပယ် အဆင့်ကျင့်ကြံသူ သုံးဦး၏ အင်အားဖြင့် ချိုးဖျက်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

“ပိုင်ယွမ်၊ သွား!”

ဝူယွမ်သည် ပိုင်ယွမ်ကိုစီးနှင်းပြီး မီးမိုကြိုးဓား ကိုကိုင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“ရန်‌ကော်၊ ဝူရှ၊ မင်းတို့ နဂါးနက်စခန်းက မရေမတွက်နိုင်သော မကောင်းမှုများကို ကျူးလွန်ခဲ့တယ်။ ဒီနေ့ငါတို့က ကောင်းကင်ဘုံရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်မယ်၊ သွေးနဲ့ မင်းတို့စခန်းကို သန့်စင်မယ်!” ဟု လုံထန်က တရားမျှတမှု၏ အလံတော်ကို မြှောက်တင်ကာ အော်ဟစ်ခဲ့သည်။

“ညီလေး၊ ဝူရှက မင်းအတွက်ပဲ!”

လင်းကန်းနှင့် လင်းရှောင်တို့သည် ရန်ကော်ဆီသို့ ပြေးသွားကြပြီ။

လုံထန်က ဘေးမှ ကြည့်နေသည်။

“ဝူရှ၊ လေကို ခွဲဖြတ်သည့် လက်သီး(ဝူရှ)၊ မင်းအကြောင်း ငါအများကြီး ကြားဖူးတယ်!”

ဝူယွမ်သည် ပိုင်ယွမ်ပေါ်မှ ဆင်းလာပြီး ပြုံးရင်းပြောသည်။

“မင်းက၊ ငါ့ကို တိုက်ခိုက် ရဲတယ်ပေါ့!” ဝူရှက ကဲ့ရဲ့လိုက်သည်။

သူ ဝူယွမ်ကို ကြည့်လိုက်သည်။ ထိုသူသည် ယွမ်မြေကြီးနယ်ပယ် အဆင့်မြင့်အဆင့်တွင်သာရှိသေးသည်။

“ယွမ်ကောင်းကင်နယ်ပယ်အဆင့်နဲ့ ယွမ်မြေကြီးနယ်ပယ်အဆင့်ကြားက ကွာခြားချက်ကို ငါပြမယ်။”

“ကောင်းပြီ၊ ငါက မင်းကို အဖော်ပြုပေးမယ်!”

“လေကို ခွဲဖြတ်သည့် လက်သီး!”

ဝူရှာ၏ ခန္ဓာကိုယ် အရိပ်သည် ဝူယွမ်ကို ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်းလှိုင်းများထနေသည့် သူ၏ လက်ဝါးဖြင့် ရုတ်တရက် ရိုက်ထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် လေထုကိုပင် နှစ်ပိုင်းပိုင်းလိုက်သည်ဟု ထင်ရပြီး ချွန်ထက်သော မြည်သံသည် ဝူယွမ်တို့တိုက်ပွဲကို ကြည့်ရှုနေသူများ၏ မျက်နှာများကို ရုတ်တရက် ပြောင်းလဲသွားစေသည်။

ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည်။

သွားမရှုပ်သင့်တဲ့အထဲ ပါသည်။

မြည်သံသည် ဝူယွမ်၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဤအခိုက်တွင် သူသည် ပြင်းထန်သော အန္တရာယ် ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများကလည်း နီးကပ်လာသော လက်ဝါးပေါ်သို့သာ အာရုံစိုက်နေသည်။ တစ်ချိန်တည်းတွင် သူ၏ ဒန်တျန်တွင်သိမ်းဆည်းထားသော ယွမ်စွမ်းအင်များကို အရူးအမူးထုတ်ယူပြီး မီးလျှပ်စီးဓားထဲသို့ ထည့်လိုက်သည်။

မိုးကြိုးလျှပ်စီး !

ခရမ်းရောင် အလင်းတန်းများ ထွက်နေသော ဓားသည် မိုးကြိုးပစ်လိုက်သကဲ့သို့အရှိန်ဖြင့် ဝူရှာဆီသို့ ၀င်လာနေသည်။

ယွမ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ဝူရှ၏ လက်ဝါးပေါ်တွင် ဒဏ်ရာတစ်ခု ရသွားသည်။

“ဒီလောက် ပြင်းတဲ့ ယွမ်စွမ်းအင်တွေ!” ဝူယွမ်၏ ယွမ်စွမ်းအင်သည် သူ၏ အကာအကွယ်ကို ချိုးဖျက်နိုင်သည်ကိုကြည့်ပြီး အံ့အားသင့်သွားသည်။

ယွမ်မြေကြီးနယ်ပယ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤသို့မလုပ်ဆောင်နိုင်ခဲ့ပါ။

“ဒီထက် ပိုပြင်းတဲ့ဟာတွေ ရှိသေးတယ်!”

ဝူယွမ်က ရယ်မောလိုက်သည်။ ပထမအကြိမ်တိုက်ခိုက်ခြင်းဖြင့် သူ၏ ယင်ရှ ယွမ်စွမ်းအင်သည် တိုင်ယင်း နက်နဲယင် စွမ်းအင်ကြောင့် ပိုမိုခိုင်မာလာပြီး ယွမ်ကောင်းကင်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်၍‌ရနေပြီဖြစ်ကြောင်း နားလည်သွားသည်။

နောက်တစ်ခုမှာ သူ၏ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရန်ဖြစ်သည်။

“ဝိညာဉ်ချိုးဖြတ်ဓား!”

ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအားကို ဓားသွားရှိသော်လည်း လက်ကိုင်မရှိသည့် ဓားချွန်တစ်ခုအဖြစ် ချုပ်ဖွဲ့လိုက်သည်။

၎င်းသည် ဝူရှာ၏ ခေါင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

“ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု၊ မင်းက အဆောင်သခင်ပဲ!” ဝူရှ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။

ဝူယွမ်၏ တိုက်ကွက်ကို ခုခံရန် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်ကို အလျင်အမြန် စုစည်းလိုက်သည်။

စွမ်းအားပြင်းသော စွမ်းအင် အကွင်းတစ်ခုသည်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

သို့သော် မမြင်ရသော ဝိညာဥ်ချိုးဖြတ်ဓားသည် သူ၏ နဖူးကို ထိုးဖောက်ကာ သူ၏ အကာအကွယ် စွမ်းအင်းကွင်းကို ပြတ်ပြယ်သွားစေသည်။

ဝူရှ၏ မျက်လုံးများမှ သွေးထွက်လာပြီး ဦးနှောက် နာကျင်ကာ သူ၏ မျက်ခုံးကြားတွင် သွေးညိုရောင် အမှတ်အသားပေါ်လာသည်။

ဤအချိန်တွင် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်ချိုးဖြတ်ဓားသည်လည်း ပျက်စီးသွားသည်။

“သူက ခုခံတားဆီးနိုင်သေးတယ်လား!”

ဝူယွမ် တုန်လှုပ်သွားခဲ့သည်။ ဤဝူရှတွင် လျှို့ဝှက်နည်းလမ်းအချို့ ရှိသေးသော်လည်း သူသည် မိုကြိုးလှိုင်းတုန်ခါခြင်း မီးလျှပ်စီးဓားကို မသုံးရသေးပေ။

ဤနှစ်ခုလုံးသည် ဝိညာဉ်ချိုးဖောက်ဓားထက် စွမ်းအားပိုမိုပြင်းထန်သည်။

“ဒါဆို ငါ့ရဲ့ မီးလျှပ်စီးဓားကို စမ်းကြည့်တာပေါ့!”

ဝူယွမ်သည် သူ၏ သိုလှောင်အိပ်ကိုလက်ဖြင့် ထိလိုက်ပြီး အလင်းတန်းတစ်ခု လက်သွားကာ အနီရင့်ရောင် ဓားငယ်ခုနစ်ချောင်း ပျံထွက်လာသည်။

ဓားငယ်များသည် ဝူယွမ်၏ ထိန်းချုပ်မှုဖြင့် ဝူရှဆီသို့ မတူညီသော လမ်းကြောင်းများမှ တိုး၀င်လာသည်။

“လေကို ခွဲဖြတ်သည့် လက်သီး။”

ဝူရှသည် ဝူယွမ်၏တိုက်ခိုက်မှုကို တားဆီးရန် သူ့ပညာရပ်ကို နောက်တစ်ကြိမ် ထုတ်လိုက်သည်။

သို့သော် မီးလျှပ်စီးဓား၏ စွမ်းအားကို သူဘယ်လိုလုပ် ဒီလောက်လွယ်လွယ်ကူကူ တားဆီးနိုင်မည်နည်း။ ဓားပျံတစ်ချောင်းသည် သူ၏ လက်ဝါးကို တိုက်ရိုက်ထိုးဖောက်သွားသည်။

ကျန်ရှိသော ဓားပျံခြောက်ချောင်းသည်လည်း

လမ်းကြောင်းအသီးသီးမှ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဝူရှသည် သွေးမှုန်များအဖြစ် ပေါက်ကွဲပြီး သေဆုံးသွားသည်။

မီးလျှပ်စီးဓား အောက်တွင် သူမရှင်သန်နိုင်ခဲ့ပေ။

လုံထန်သည် သူ၏ ဓားလက်ကိုင်ကို ဖြေလျှော့လိုက်ပြီး ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်များသည်လည်း တိုက်ပွဲကို ကြည့်နေကြပြီး ဝူယွမ်ဆီသို့ ကြည့်သည့် အကြည့်အများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ယွမ်မြေကြီးနယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံသူတစ်ဦးက ယွမ်ကောင်းကင်နယ်ပယ် စဦးအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်း။

ဤတိုက်ခိုက်ရေးစွမ်းအင်သည် ကြောက်မက်ဖွယ်ရာ မယုံနိုင်စရာပင်။

“ငါတောင် ညီလေး၀ူရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးထင်တယ်!” လုံထန်က စဉ်းစားနေမိသည်။ သူသည် ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသော်လည်း ဝူယွမ်၏ ထူးဆန်းပြီး စွမ်းအားပြင်းသော ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများ၊ အကာအကွယ် စွမ်းအင်းကွင်းများကို အလွယ်တကူ ချိုးဖျက်နိုင်သော မီးလျှပ်စီးဓားများနှင့် ရင်ဆိုင်ရမည်ဆိုပါက သူကာကွယ်နိုင်မည်ဟု တပ်အပ်မပြောရဲပေ။

အခြားတစ်ဖက်တွင် လင်းကန်းနှင့် လင်းရှောင်တို့ ပူးပေါင်းဆောင်ရွက်ကာ ရန်ကော်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

နဂါးနက်စခန်းသည် ထိုသို့ဖြင့် လောကထဲမှ ပျောက်ကွယ်သွားခဲ့သည်။

သံမြေကျေးရွာတွင်...

နောက်တစ်နေ့၌ ဝူယွမ်နှင့် လင်းတုန်းတို့သည် ကျေးရွာကို လှည့်ပတ်စစ်ဆေးနေကြသည်။

ရုတ်တရက် တပည့်တစ်ဦး ရောက်လာပြီး-

“အစ်ကိုကြီး၊ ဒီမှာ လမ်းကြောင်းတစ်ခု တွေ့ထားပါတယ်!”

ဝူယွမ် ကြားသည်နှင့် သူ၏ မျက်လုံးများ လင်းလက်သွားသည်... မြေအောက် မီးတောင်ဂူကို နောက်ဆုံးတွင် တူးဖော်တွေ့ရှိခဲ့ပီဖြစ်သည်။

All Chapters