အဆင့်မြင့် ယန်စွမ်းအင်၊ တိုင်ယန်း စွမ်းအားပြင်း ယန်ကျောက်တုံး
Vol. 3 Ch. 27
ဝူယွမ်နှင့် လင်းတုန်တို့သည် ကျားနှစ်ကောင်၏ အနံ့ခံပါရမီကို အားကိုးပြီး မိုင်းတွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
နှစ်၀က်လောက် တူးဖော်ပြီးနောက် အခုအခ်ျန်တွင် မိုင်းတွင်းသည် အလွန်နက်ရှိုင်းလာပြီး မရေမတွက်နိုင်သော ဥမင်လိုဏ်ခေါင်းများ ဖြစ်ပေါ်နေသည်။
“သတ္တုတူးသမားတစ်ဦးက ဒီနေရာမှာ လမ်းကြောင်းတစ်ခုကို မတော်တဆ တူးဖော်မိခဲ့တယ်၊ သူ အံ့အားသင့်ပြီး ချောင်းကြည့်လိုက်တဲ့အချိန် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရရှိခဲ့တယ်။ အလွန်ပူပြင်းတဲ့ ဓာတ်ငွေ့တွေနဲ့ ပြည့်နေတယ်လို့ ထင်တယ်။”
မိုင်းတွင်းအတွင်းပိုင်း၌ ထိုတပည့်သည် နက်ရှိုင်းသော လမ်းကြောင်းတစ်ခုကို ညွှန်ပြလျက် ပြောကြားခဲ့သည်။
“မင်းတို့အားလုံး ဒီမှာနေခဲ့ အတွင်းကို မဝင်ကြနဲ့။ လင်းတုန်နဲ့ ငါဘဲ ဝင်ကြည့်မယ်”
ဝူယွမ်သည် တပည့်များအား အပြင်ဘက်တွင် နေရန် ပြောကြားခဲ့သည်။
ထို့နောက် သူသည် အရင်ဆုံး လမ်းကြောင်းနက်ထဲသို့ ဝင်ရောက်ခဲ့သည်။ လမ်းကြောင်းထဲသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ဝူယွမ်သည် သူ၏လက်မောင်းတစ်ခုလုံး ချက်ချင်းဆိုသလို အလွန်ပူပြင်းလာသည်ကို ခံစားရသည်။ အလွန်ပူပြင်းပြီး ပြင်းထန်သော ဓာတ်ငွေ့တစ်မျိုးသည် အရေပြားရှိ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ နောက်ဆုံးတွင် သူ၏ ဒန်တျန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကံကောင်းထောက်မစွာပင် သူ၏ ဒန်တျန်အတွင်းရှိ ယင်ရှချီသည် ဤလောင်ကျွမ်းနိုင်သော စွမ်းအင်ကို ခုခံတားဆီးနိုင်ခဲ့သည်။
ဝူယွမ် - “ဒီဓာတ်ငွေ့တွေက ပြင်းထန်ပြီး အထူးအဆင့်မြင့် ယန်ကျောက်ရဲ့စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားတယ်။”
လူနှစ်ဦးနှင့် ကျားနှစ်ကောင်သည် အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ကျပ်တည်းသော လမ်းကြောင်းကို ဖြတ်သန်းပြီး ရှေ့သို့ ဆက်လျှောက်သွားကြရာ အတွင်းဘက်တွင် ပြင်းထန်စွာ ကွဲအက်နေသော အနီရောင် ကျောက်ဆောင်ဒေသကို တွေ့လိုက်ရသည်။ အဝေးမှကြည့်လျှင် ချော်ရည်များ စီးဆင်းနေသည့်ပုံနှင့်တူပြီး မြေပြင်မှ မြင့်တက်လာသော အပူချိန်ကြောင့် လေထုပင် ပုံပျက်လျက် ရှိသည်။
လူနှစ်ဦးနှင့် ကျားနှစ်ကောင်တို့၏ အာရုံစိုက်မှုသည် အလယ်ဗဟိုရှိ မြင့်မားကြီးမားသော အရာဝတ္ထုကြီးဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် အရွယ်အစားကြီးမားပြီး ဖြူဖွေးနေသော သတ္တဝါအရိုးစုကြီးကို မြင်တွေ့ခဲ့ရသည်။
၎င်းသည် အရိုးစုသာ ဖြစ်သော်လည်း ပြင်းထန်သော ဖိအားကို ဆက်လက်ထုတ်လွှတ်နေသဖြင့် ဝူယွမ်နှင့် လင်းတုန်တို့အား စိုးရိမ်ထိတ်လန့်မှုကို ခံစားစေခဲ့သည်။
“ ဝေါင်း..”
ရှောင်ယန်သည် ရုတ်တရက် ဟိန်းဟောက်သံပေးကာ အရိုးစုပေါ်သို့ ပြေးတက်သွားပြီး ဧရာမသတ္တဝါ၏ ဦးခေါင်းခွံကို အရူးအမူးတူးဖော်ခဲ့သည်။
သူသည် သွေးမျိုးဆက်အသွင်ပြောင်းလဲမှု အခြေအနေ၌ရှိပြီး ထိုသတ္တဝါ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အမြုအတေသည် သူ့အတွက် အလွန်ကြီးမားသော ဆွဲဆောင်မှုကြီး တစ်ခုဖြစ်သည်။
မကြာမီ ရှောင်ယန်သည် အနီရောင်တောက်ပနေသော အရာတစ်ခုကို ထုတ်ယူနိုင်ခဲ့သည်။
၎င်းသည် အနီရောင်တောက်ပနေပြီး လုံးဝန်းသည့် အမြုအတေဖြစ်ပြီး လက်သီးအရွယ်အစာခန့်ရှိသည်။ သာမန် သားရဲအမြုအတေများနှင့်မတူ လုံးဝကွဲပြားခြားနားနေသည်။ ဤအနီရောင်တောက်သော လုံးဝန်းသည့်အမြုအတေသည် ကလေးငယ်တစ်ဦးနှင့် အနည်းငယ်ဆင်တူသည်။
ဝူယွမ်သည် ထိုသားရဲအမြုအတေအတွင်း ပါဝင်နေသော ကြောက်မက်ဖွယ်စွမ်းအင်ကို ချက်ချင်း သတိပြုမိခဲ့သည်။
သို့သော် ရှောင်ယန်သည် ထိုအရာကို တစ်ခါတည်း မျိုချလိုက်သည်။
“ရှောင်ယန်၊ ဘာမဆိုမျိုချတတ်တဲ့အကျင့်ကိုပြင်၊ မစားနဲ့အုံး” လင်းတုန်သည် ချက်ချင်း သတိပေးခဲ့သော်လည်း နောက်ကြသွားလေသည်။
“ပြဿနာမရှိပါဘူး။ ရှောင်ယန် စားရဲတယ်ဆိုကတည်းက သူက ဒီထဲက စွမ်းအင်ကို စုပ်ယူနိုင်တယ်ဆိုတာကို သက်သေပြနေတာပဲ”
ဝူယွမ်က နှစ်သိမ့်ပေးခဲ့သည်။
သို့သော် စုပ်ယူနိုင်ခြင်းသည် တစ်မျိုးဖြစ်ပြီး နာကျင်မှုခံစားရခြင်းကား နောက်တစ်မျိုးပင်ဖြစ်သည်။
သားရဲအမြုအတေကို မျိုချလိုက်သော ရှောင်ယန်သည် လျင်မြန်စွာ ကြီးထွားလာပြီး ချက်ချင်းဆိုသလို မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားကာ နာကျင်မှုကြောင့် မြေပြင်ပေါ်၌ လူးလှိမ့်နေခဲ့သည်။
ပိုင်ယွမ်သည် သူ့ဘေးနားတွင် စိုးရိမ်သောကရောက်စွာဖြင့် ညည်းညူသံများ ပြုလျှက် ရှိသည်။
သူမသည် ရှောင်ယန်သည် အလွန်အဆော့မက်သည်ဟု ထင်မြင်ယူဆသော်လည်း သူသည် သူမ၏ မောင်ငယ်ဖြစ်နေသောကြောင့် သူဒုက္ခခံနေရသည်ကို ထိုင်ကြည့်မနေနိုင်ခဲ့ပေ။
“စိတ်မပူပါနဲ့၊ ပြောင်းလဲမှုဖြစ်စေဖို့ဆိုရင် ဒီလိုနာကျင်မှုမျိုးကို ကြုံတွေ့ဖို့လိုတယ်။ မင်းလည်း အရင်က ခံစားဖူးတယ်မလား။”
ဝူယွမ်သည် ပိုင်ယွမ်၏ ကြီးမားသော ဦးခေါင်းကိုပွတ်သတ် ဆုပ်ကိုင်ပြီး သူမအား နှစ်သိမ့်ပေးခဲ့သည်။
မကြာမီ ရှောင်ယန်သည် လူးလှိမ့်ခြင်းကို ရပ်တန့်လိုက်သည်။
ရှောင်ယန်၏ မူလအနီရောင်အမွေးများသည် ပို၍ပင် အနီရောင်တောက်ပြောင်လာပြီး မီးလောင်ကျွမ်းနေသည့်ပုံစံမျိုး ဖြစ်နေသည်။ သူ၏ လက်သည်းခြေသညများသည်လည်း ချွန်ထက်သော အလင်းရောင်များ ထွက်ပေါ်နေပြီး ချွန်မြသော လက်သည်းများသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသဖြင့် သူ၏ အန္တရာယ်ပြုနိုင်စွမ်းကို သံသယဖြစ်စရာ မလိုတော့ပေ။
သူ၏ စွမ်းအင်သည် ယွမ်မြေကြီးနယ်ပယ် အလယ်အဘတ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနဲ့ ယှဉ်နိုင်လောက်တဲ့အထိ မြင့်တက်လာခဲ့သည်။
“သွေးမျိုးဆက်ပြောင်းလဲခြင်က အမှန်တစ်ကယ်ဘဲ ကြောက်စရာေကာင်းတာဘဲ။ နေရာအစုံက ဆင့်ကဲပြောင်းလဲတာက ကျားဖြူသွေးမျိုးဆက်လို အရင်းအမြစ်တွေသာ လုံလုံလောက်လောက်ရှိရင် အလျင်အမြန်တိုးတက်နိုင်တယ်” ဟု ဝူယွမ်သည် သူ့စိတ်ထဲမှ တွေးနေခဲ့သည်
“ ဝေါင်း ဝေါင်း ဝေါင်း”
ပိုင်ယွမ်သည် အသံနှိမ့်ဟိန်းဟောက်လိုက်ပြ မြေကြီးကို ခြေသည်းလက်သည်းများဖြင့် ကုတ်ခြစ်ကာ ဧရာမသတ္တဝါအရိုးစုကြီး၏ အနောက်ဘက်သို့ ကြည့်နေခဲ့သည်။ သူမ၏အမွေးများသည်လည်း ထောင်မတ်နေပြီး အတော်လေး စိုးရိမ်နေဟန်ရသည်။
ဝူယွမ်သည် သူမ၏ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်သည်။ ထို နေရာတွင် ကျောက်ဆောင် အသေးလေးတစ်ခုရှိပြီး ထိုကျောက်ဆောင်၏ ထိပ်ပိုင်းတွင် ပြင်းထန်ပြီး လှပဆန်းကြယ်တဲ့ အနီရောင်ပန်းတစ်ပွင့်သည် ပွင့်နေသည််ကိုတွေ့လိုက်ရသည်။ ပန်းပွင့်ကို ၀တ်မှုန်များက ဝန်းရံထားသည်။
ထိုအရာ ချဉ်းကပ်ခြင်းကို တားမြစ်ထားပြီး အန္တရာယ်ရှိသည် ဆိုသည့်ခံစားမှုကို ပေးစွမ်းနိုင်သည်။
“ဒီအရာက မီးဘိုးဘေးနတ်ဆိုးပန်း ဖြစ်မယ်ထင်တယ်”
ဝူယွမ်သည် သူ့စိတ်ထဲတွင် တွေးနေသည်။
မီးဘိုးဘေးနတ်ဆိုးပန်းသည် ရှားပါးသော အံ့ဖွယ်ဆေးဖက်ဝင်အပင် ဖြစ်သော်လည်း လက်ရှိသူ့အတွက်မူ အဆိပ်သင့်နေသည့် အပင်နှင့် အလားတူ ဖြစ်နေသည်။
ဤအချိန်တွင် မီးဘိုးဘေးနတ်ဆိုးပန်းသည်လည်း သူတို့၏ တည်ရှိမှုကို သတိပြုမိခဲ့သည်။ ပန်းမှထွက်သော ၀တ်မှုန်မျ သူတို့ဆီသို့ လွင့်မျောလာသည်ကို မြင်တွေ့လိုက်ရသည်။
ပိုင်ယွမ်နှင့် ရှောင်ယန်တို့သည် အန္တရာယ်ကို ချက်ချင်းသိရှိသွားကြပြီး သူတို့၏ဘောင်းဘီများကို အမြန်ဆွဲကိုက်ကာ ဆုတ်ခွာရန် လုပ်ဆောင်ခဲ့ကြသည်။
ဤ၀တ်မှုန်များကို ထိမိသူသည် သေဆုံးဖို့များသည်။
သို့သော် မီးဘိုးဘေးနတ်ဆိုးပန်း ၀တ်မှုန်များသည် အလွန်လျင်မြန်စွာ လွင့်မျောာနေပြီး လိုဏ်ခေါင်းသည်လည်း ကျယ်ပြန့်ခြင်းမရှိသဖြင့် ထွက်ပြေးရန် အချိန်မရတော့ပေ။
အရေးပေါ်အချိန်တွင် ဝူယွမ်သည် လင်းတုန်ကို
တွန်းလိုက်သည်။
“အား...အစ်ကိုကြီးက ကျွန်တော့်ကို ရောင်းစားသွားတာဘဲ” လင်းတုန်သည် စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။
ထိုအချိန်တွင် ၀တ်မှုန်များသည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူ၏ဝိညာဉ်စွမ်းအင်သည် ချက်ချင်းဆိုသလို အားနည်းသွားခဲ့သည်။ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းမှုတို့သည် ခန္ဓာကိုယ်အတွင်းမှ ပေါ်ထွက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်သည် အတင်းအဓမ္မ စုပ်ယူခံနေရသည်။
ဤအချိန်တွင် ဝူယွမ်သည် အော်ဟစ်ခဲ့သည်။
“ကျောက်လက်ဖွဲ့ကိုသုံးလိုက်”
လင်းတုန်းသည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့ပြီး သူ၏လက်ဝါးကို မြှောက်ကာ သူ၏လက်ဝါးရှိ ကျောက်လက်ဖွဲ့ကို ၀တ်မှုန်များဘက်သို့ ချိန်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျောက်လက်ဖွဲ့အတွင်းမှ အလင်းရောင်များ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ၀တ်မှုန်များအားလုံးကို စုပ်ယူသွားခဲ့သည်။
သို့သော် ကျောက်လက်ဖွဲ့သည် လုံးဝမကျေနပ်သေးဘဲ ချက်ချင်းဆိုသလို မီးဘိုးဘေးမန္တာရေးပန်းဆီသို့ တိုက်ရိုက်ချိန်ကာ ပန်းတစ်ပွင့်လုံးကို စုပ်ယူလိုက်သည်။
“အစ်ကိုကြီး၊ ကျွန်တော် ပေါက်ကွဲသွားတော့မယ်” လင်းတုန်းသည် နာကျင်မှုဖြင့် အော်ဟစ်ခဲ့သည်။
“စိတ်လွတ်မသွားစေနဲ့၊ သန့်ရှင်းစင်ကြယ် ရွှေ့လျှားမှုအခန်းကို လှည့်ပတ်လိုက်” ဝူယွမ်က သတိပေးခဲ့သည်။
သို့သော် သူသည် အတွင်းပိုင်းတွင် အနည်းငယ် ကသိကအောက်ဖြစ်နေသည်။
မီးဘိုးဘေးနတ်ဆိုးပန်းသည် လင်းတုန်၏ ကံကြမ္မာဖြစ်ပြီး ဤတစ်ကြိမ်တွင် သူ၏ကံကောင်းခြင်းသည် သေးငယ်လှသည် မဟုတ်ပေ။
သူသည် ကံကြမ္မာသားတော်၏ ရတနာကံကောင်းခြင်းများကို သိရှိထားသော်လည်း မရယူနိုင်ခဲ့ပေ။
မီးဘိုးဘေးနတ်ဆိုးပန်း၏ စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏လက်ရှိ စွမ်းရည်ထက် ကျော်လွန်နေသည်။ လင်းတုန်း၏ ကျောက်လက်ဖွဲ့နှင့် ကျောက်လက်ဖွဲ့အတွင်းရှိ ကောင်းကင်မြွေပါတို့က မီးဘိုးဘေးနတ်ဆိုးပန်း၏ စွမ်းအင်အများစုကို စုပ်ယူထားသောကြောင့်သာ သူသည် ပန်း၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ခံနိုင်ခြင်းဖြစ်သည်။
[ဒင်း - ပိုင်ရှင်သည် ဆိုင်းအင်၀င်ရန် နေရာသို့ရောက်ရှိပီဖြစ်သည်။ ဆိုင်းအင်၀င်လိုပါသည်။]
“အိုး...ငါ့ကံကောင်းခြင်းကလည်း ဒီမှာရှိတာဘဲ”...ဝူယွမ်သည် ၀မ်းသာသွားပြီး စိတ်ပျက်မိခြင်း မရှိတော့ပေ။
မင်းမှာ ကံကောင်းခြင်းရှိတယ်၊ ငါ့မှာလည်း ကံကောင်းခြင်းရှိတယ်၊
“ဆိုင်းအင်၀င်မယ်”
[ဒင်း - ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုအဖြစ် - အဆင့်မြင့် ယန်စွမ်းအင်၊ တိုင်ယန်း စွမ်းအားပြင်း ယန်ကျောက်တုံး]
တိုင်ယင်း စွမ်းအားပြင်း ယင်ချီ ပြီးတော့ တိုင်ယန်း စွမ်းအားပြင်း ယန်ကျောက်တုံး။
ဒီနှစ်ခုက ဆက်စက်မှုရှိတယ်။
စနစ်သည် သူ့ကို နားလည်နေသည်ဟု ထင်ရသည်။ လက်ရှိအချိန်တွင် သူ့အတွက် အကျိုးအရှိဆုံးသောအရာများကို ပေးနေသည်။
“အစ်ကိုကြီး၊ ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူး” လင်းတုန်းသည် အံ့အားသင့်စွာဖြင့် တင်ပလ္လင်ခွေထိုင်နေရာမှ ထလာခဲ့သည်။
“ကျွန်တော် သန့်ရှင်းစင်ကြယ် ရွှေ့လျှားမှုအခန်းရဲ့ ပထမဆုံး အဆင့်သုံးဆင့်ကို လေ့ကျင့်ပြီးသွားပီ၊ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအင်ကလည်း သိသိသာသာ တိုးတက်လာတယ်”
မီးဘိုးဘေးနတ်ဆိုးပန်းသည် ဝိညာဉ်စွမ်းအင်အတွက် အံ့ဖွယ်ဆေးဖက်ဝင်အပင်ဘဲ ဖြစ်သည်။
မီးဘိုးဘေးနတ်ဆိုးပန်းကို မစုပ်ယူမှီက လင်းတုန်းသည် ပထမအဆင့်ကိုသာရှိသေးသည်။ အခုအခါ မျက်စိတစ်မှိတ်အတွင်း သူသည် နှစ်ဆင့်တိုးတက်သွားခဲ့သည်။
ဤအမြန်နှုန်းသည် ဝူယွမ်အတွက် စိတ်ဓာတ်ကြချင်စရာဖြစ်သည်။
သူသည် ချက်ချင်းဆိုသလို သူ့ကို လိုက်မိသွားခဲ့သည်။
“အစ်ကိုကြီး၊ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ရတာက ယွမ်စွမ်းအင်ထက် ပိုလွယ်တဲ့ပုံဘဲ” လင်းတုန်းသည် အဆင့်မြင့်တက်သွားပြီးနောက် ၀မ်းသာနေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဆရာ့ကိုသာ ဒီလိုသွားပြောမယ်ဆိုရင် ဆရာက မင်းကိုသေချာပေါက် ရိုက်သတ်လိုက်လိမ့်မယ်” ဝူယွမ်သည် မျက်လုံးပြူးကာ ပြန်ပြောလိုက်သည်။
ဝူယွမ် သန့်ရှင်းစင်ကြယ် ရွှေ့လျှားမှုအခန်း၏ ပထမဆုံးအဆင့်သုံးဆင့်ကို နှစ်လအတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်မှာ ယန်ရွှမ်နှင့် ဇီယွဲ့တို့အား အံအားသင့် လှုပ်ခတ်စေခဲ့သည်။
ဇီယွဲ့သည် နှစ်နှစ်ကြာမြင့်ခဲ့သည်။
ထိုစဉ်က ယန်ရွှမ်းသည် လေးနှစ်ကြာမြင့်ခဲ့သည်။
“လူနှစ်မျိုးကို မုန်းတယ်။
တစ်မျိုးကတော့ လှည့်ကွက်သုံးတဲ့သူတွေ၊ နောက်တစ်မျိုးကတော့ ငါလှည့်ကွက်သုံးတာကို တားဆီးတဲ့သူတွေပဲ”
ဝူယွမ်သည် နောက်ဆုံးတွင် ဤစကား၏အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
“ဟီး ဟီး၊ ကျွန်တော်က အစ်ကိုကြီးကိုပဲ ပြောတာပါ” လင်းတုန်းသည် ရယ်မောသံဖြင့် ပြောခဲ့သည်။
ထို ကံကြမ္မာသားတော်ကို အခြားသူတွေရိုက်နှက်ချင်မချင်တော့မသိဘူး သူသည်တော့ ရိုက်နှက်ချင်လာသည်။
ဝူယွမ်သည် စိတ်ဆိုးဒေါသထွက်လျက် ပြောခဲ့သည် - “မင်းနဲ့ ရှောင်ယန်တို့ဟာ ဒီနေ့ ဒီမှာ သိသိသာသာ အကျိုးအမြတ်ရခဲ့ကြတာဘဲ။ အခု ဒီမှာရှိတဲ့ ယန်စွမ်းအင်ကို လျှော့ချပစ်နိုင်မလား စမ်းကြည့်ပါလား၊ ပိုင်ယွမ်နဲ့ ငါ့အတွက် အနည်းဆုံး အရည်သောက်လောက်တော့ ချန်ထားခဲ့စေချင်တယ်”