← Chapters

နဂါးချည်မျှင်သလင်း - သဘာဝ ဝိညာဉ်စွမ်းအင် လက်နက်

Vol. 3 Ch. 30

နဂါးချည်မျှင်သလင်း - သဘာဝ ဝိညာဉ်စွမ်းအင် လက်နက်

Vol. 3 Ch. 30

“လာစား၊ ပိုင်ယွမ်... ဒါက မင်းအတွက် ဆုပဲ။”

ဝူယွမ်သည် ပိုင်ယွမ်၏ ခေါင်းကို ပွတ်သပ်ရင်း ယန်ယွမ်ဆေး လုံးနှစ်လုံးကို ကျွေးလိုက်သည်။

ယခုအခါ ပိုင်ယွမ်၏ အရပ်သည် ဝူယွမ်၏ ခါးအထိ ရှည်လာပြီဖြစ်သည်။ သူ၏ အဖြူရောင် အမွေးအမျှင်များသည် အလွန်ချောမွေ့နေကာ ပို၍ ခန်းနားဖွယ် ကောင်းနေသည်။ မျက်လုံးများသည် ပါးနပ်ကာ ဉာဏ်ပညာများ ပြည့်နှက်နေသကဲ့သို့ဖြစ်ပြီး ဝိုင်းဝန်းသော ခေါင်းနှင့် ‌အမွှေးမမ နားရွက်များကြောင့် လူတိုင်းကို လက်ဖြင့်အမြဲတမ်း ပွတ်သပ်နေရန် စိတ်ကူးမိစေသည်။

သို့သော် သူမသည်ဝူယွမ်မှလွဲ၍ အခြားမည်သူ့ကိုမျှ ထိခွင့် မပြုပေ။

“ဝေါင်း... ‌ဝေါင်း... ဝေါင်း~”

ပိုင်ယွမ်သည် အသံတိုးတိုးဖြင့် ဟိန်းလိုက်ပြီး သူ့အပေါ်ရှိ စွန်းထင်းနေသော သွေးများကို သုတ်ရန် ခန္ဓာကိုယ်ကို ‌ေမြကြီးနှင့် တစ်ဆက်တည်းဖြစ်သည်အထိ လိမ့်နေသည်။

“ဒီလောက်‌တောင် သန့်ရှင်းခြင်နေတာလား”

ဝူယွမ်သည် စိတ်တိုသလိုလို ပြောလိုက်သည်။ ပိုင်ယွမ်၏ မကောင်းသော အကျင့်တစ်ခုကို သူ ရှာတွေ့ပြီးဖြစ်သည်။ ညစ်ပတ်ပေတေခြင်းကို စက်ဆုပ်သော အကျင့်ဘဲဖြစ်သည်။

သူမကိုယ်ပေါ်တွင် အနည်းငယ်ညစ်ပတ်နေလျှင် သူမသည် မသက်မသာ ဖြစ်နေတတ်သည်။

မှန်ပေ၏၊ ထိုအချက်ကြောင့်လည်း သူမသည် ဤမျှ ချစ်စရာကောင်းပြီး လှပနေခြင်း ဖြစ်သည်။

ဝူယွမ်သည် သူမ၏ အမွေးအမျှင်များကို သန့်ရှင်းရန် ကူညီပေးသည်။

သူမ၏ ပါးစပ်ကိုလည်း သန့်ရှင်းအောင် သုတ်ပေးလိုက်သည်။

ထိုအခါမှသာ ပိုင်ယွမ်သည် ကျေနပ်သွားပြီး ဆေးလုံးများကို မျိုချလိုက်သည်။

ထိုအချိန်တွင် လုံထန်နှင့် အဖွဲ့သားများသည် စစ်မြေပြင်ကို သန့်ရှင်း ပြီးသွားပြီဖြစ်ကာ သိုလှောင်အိပ် လေးလုံးကို တွေ့ရှိခဲ့ကြသည်။

သို‌ လှေင်အိပ်လေးလုံးသည် အတော်လေး တန်ဖိုးရှိသည်။

“အစ်ကိုကြီး လုံထန်... သံပူတုန်း နာနာရိုက်ဆိုသလို၊ ယန်မြို့ကို မသွားခင် ဒီ တောင်ပံနက်စခန်း ကို အပြတ်ရှင်းလိုက်ရင်ရော ဘယ်လိုလဲ” ဝူယွမ်က အကြံပေးလိုက်သည်။

ယခုအခါ သူတို့တွင် သိုလှောင်အိပ် အနည်းငယ် ရှိနေပြီဖြစ်ရာ ကုန်ပစ္စည်းအားလုံးကို ထည့်သွင်းနိုင်ပြီး အလွန် အဆင်ပြေလာပြီ ဖြစ်သည်။

“ကောင်းပြီ”

လုံထန်သည် ချက်ချင်းပင် သဘောတူလိုက်သည်။

သူသည် ကြင်နာတတ်သူ တစ်ဦး မဟုတ်ပေ။ တောင်ပံနက်စခန်းသည် အသိဉာဏ်ကင်းမဲ့စွာဖြင့် ရူးသွပ်ဓားသိုင်းခန်းမ ကို ဆန့်ကျင်ရဲခဲ့သောကြောင့် သူတို့ကို ရှင်းလင်းပစ်ရမည်သာ ဖြစ်သည်။

ဝူယွမ်တို့နှစ်ဦးနှင့် ကျန်ရှိနေသော တပည့်များသည် တောင်ပံနက်စခန်းကို အပြတ်ရှင်းလင်းရန် ဆက်လုပ်ကြလေသည်။

ထို့နောက် တောင်ပံနက်စခန်း၏ ဘဏ္ဍာတိုက်ကို သိမ်းပိုက်လိုက်ကြသည်။

ဝူယွမ်၏ အကြည့်သည် ဦးခေါင်းတစ်လုံးအရွယ်ခန့်ရှိသော သလင်းကျောက်တုံးပေါ်သို့ ရောက်သွားသည်။

ထိုသလင်းကျောက်သည် သာမန်မဟုတ်သည့် ပုံသဏ္ဍာန်ရှိသည်။ သလင်းကျောက်သည် ကြည်လင်နေသော်လည်း အတွင်း၌ အဝါရောင် အမှုန်အညစ်အကြေးများ အတော်များများ ပါရှိနေသည်။

သလင်းကျောက်၏ မျက်နှာပြင်သည် မကြည်လင်သော်လည်း အနီးကပ်ကြည့်လျှင် အတွင်း၌ ရွှေရောင် အလင်းပွင့်လေးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်ကို တွေ့ရသည်။

ဝူယွမ်၏ အာရုံကို ဆွဲဆောင်သည်မှာ အတွင်းပိုင်းရှိ အမည်းရောင်နှင့် ရွှေရောင် ရောနေသော အပိုင်းဖြစ်သည်။ သာမန် သလင်းကျောက်များနှင့် မတူဘဲ၊ ဤသလင်းကျောက်အတွင်း၌ ရောနှောနေသော အရောင်များ ရှိသော်လည်း ထိုရွှေရောင်သည် တွေ့ရခဲသည်။

“ဖြစ်နိုင်လောက်လား”

ဝူယွမ်သည် မျှော်လင့်ချက်အပြည့်ဖြင့် သလင်းကျောက်ကို ကောက်ယူကာ အနီးကပ် စစ်ဆေးကြည့်သည်။

“ဒီသလင်းကျောက်ရဲ့ အရောင်က ဒီလောက် မှုန်ဝါးပြီး ရောထွေးနေတယ်၊ တန်ဖိုးရှိစရာ အကြောင်းမရှိဘူး။ ညီလေး... ဒီဟာကို စိတ်၀င်စားနေတာလာား” လုံထန်က � မေးလိုက်သည်

“ဟီး... အစ်ကိုကြီး၊ ကျွန်တော် ရတနာတစ်မျိုးနဲ့ တွေ့နေပြီ ထင်တယ်။”

ဝူယွမ် မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သူ ကြည့်လေလေ၊ ပို၍ သေချာလာလေလေ ဖြစ်သည်။

“အဖိုးတန် သလင်းကျောက်တောင် မဟုတ်ဘူး၊ ဘယ်လို ရတနာလဲ” လုံထန်က ဆက်လက် မေးလိုက်သည်။

“ဒီဟာက အဖိုးတန် သ‌လင်းကျောက်ထက်တောင် ရှားတယ်။”

ဝူယွမ်သည် အရောင်ရောနှောနေသော သလင်းကျောက်ကို ကိုင်ဆောင်လျက် ပိုင်ယွမ်နှင့်အတူ အခန်းငယ်တစ်ခု အတွင်းသို့ ဝင်သွားသည်။

သူသည် သူ၏လက်ထဲရှိ သလင်းကျောက်သည် သာမန် သလင်းကျောက်မဟုတ်ဘဲ ရွှေ‌ချည်မျှင်ပါ သလင်းကျောက်၊ ပို၍ တိတိကျကျဆိုရလျှင် အဆင့်မြင့် ရွှေချည်မျှင်ပအ သလင်းကျောက် ဖြစ်သည်ဟု ထင်သည်။

ထိုသည် ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း၊ လျှို့ဝှက်လက်နက်တစ်ရာအသုံးပြုခြင်း နည်းစနစ်အတွင်း မှတ်တမ်းတင်ထားသော လက်နက်တစ်မျိုး ဖြစ်သည်။

အချို့သော အခြေအနေများတွင်၊ သဘာဝ သလင်းကျောက်အချို့သည် အပြင်ဘက် ပတ်၀န်းကျင်၏ လွှမ်းမိုးမှုကြောင့် သလင်းကျောက်အတွင်း၌ ရွှေရောင် ချည်မျှင်ကဲ့သို့သော အရာများ ဖြစ်ပေါ်လာတတ်သည်။ ဤရွှေရောင် ချည်မျှင်များကို ‘သလင်းချည်မျှင်’ သို့မဟုတ် ‘ရွှေချည်မျှင်’ ဟုခေါ်ပြီး သလင်းကျောက်၏ အမွှေးများနှင့် တူသည်။

သလင်းကျောက်၏ အရောင်မည်သို့ပင်ရှိစေ၊ အတွင်း၌ သလင်းချည်မျှင် တစ်မျှင် ပေါ်လာလျှင်ပင် ၎င်း၏တန်ဖိုးသည် အရည်အသွေးအကောင်းဆုံး သဘာဝ သလင်းကျောက်ထက် ပိုမိုမြင့်မားသွားမည်ဖြစ်သည်။ သလင်းချည်မျှင်ပါသော သလင်းကျောက်များကို ရွှေချည်မျှင်ပါ သလင်းကျောက်ဟု ခေါ်သည်။

ရွှေချည်မျှင်ပါ သလင်းကျောက်အတွင်းရှိ ချည်မျှင်များသည် အများအားဖြင့် ရောထွေးပြီး ပါးလွှာကြသည်။

သို့သော် အချိန်ကြာရှည်စွာ တည်ရှိခဲ့သော ရွှေချည်မျှင်ပါ သလင်းကျောက်အချို့တွင် ရွှေချည်မျှင်ပမာဏ တိုးပွားလာနိုင်သည့် အခွင့်အရေးရှိသည်။ ရွှေချည်မျှင်ပမာဏ အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးနောက် သလင်းကျောက်ကိုယ်ထည်အတွင်း၌ စုဝေးကာ ရွှေပြားကဲ့သို့ ပြားချပ်ချပ် ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်၊ ထို ရွှေချည်မျှင်ပါ သလင်းကျောက်ကို ရွှေပြားချည်မျှင် သလင်းကျောက်ဟု ခေါ်သည်။

ဝူယွမ်က သူ့လက်ထဲရှိအရာသည် ရွှေပြားချည်မျှင် သလင်းကျောက် ဖြစ်နိုင်သည်ဟု သံသယရှိနေသည်။

ဝူယွမ်သည် သလင်းကျောက်ကို အိပ်ရာပေါ်တွင်တင် ထားလိုက်ပြီး ဓားအသွားဖြင့် သလင်းကျောက်ကို ခွဲလိုက်သည်။

ပေါက်ကွဲသံတစ်ခုထွက်လာပြီး အခန်းငယ်တစ်ခုလုံး တုန်ခါသွားသည်။

သလင်းကျောက်သည် အမှုန့်များအဖြစ် ကြေမွသွားပြီး အတွင်းမှ ရွှေရောင် အလင်းလုံးများစွာ ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလို အခန်းကြမ်းပြင် တစ်ခုလုံးသည် တလက်လက် တောက်ပနေသော ရွှေရောင် အလင်းများ ဖုံးလွှမ်းသွားသည်။

ဝေါင်း ဝေါင်း ဝေါင်း..!!!

ပိုင်ယွမ်သည် အံ့အားသင့်သော ဟိန်းသံတိုးတိုး ထွက်လာသည်။ သူမ၏ အဖြူရောင် အမွေးအမျှင်များတွင်လည်း ရွှေရောင် အလုံးများစွာ ကပ်နေသည်။

“မစိုးရိမ်နဲ့” ဝူယွမ်သည် ပိုင်ယွမ်ကို နှစ်သိမ့်ပေးရင်း သူမ၏ အမွေးအမျှင်များ‌ပေါ်မှ ရွှေရောင် အလုံးများကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်သည်။

ရွှေရောင် အမှုန်တစ်ခုစီသည် ဆန်စေ့တစ်စေ့အရွယ်အစားရှိပြီး၊ အထဲတွင် ရွှေရောင် အလင်းပွင့်လေးများ တောက်ပနေသည်။

ထိုအချိန်တွင် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် ဤရွှေရောင် အလုံးများကို အာရုံခံလိုက်သည်။

သူက တစ်လုံးကို ကောက်ယူပြီး လက်ဖြင့် ညှစ်ကြည့်လိုက်သည်။ ရွှေရောင်အလုံးလေးသည် အနည်းငယ် ပျော့ပျောင်းသော်လည်း ပြန်ကန်တက်သော သတ္တိရှိသည်။ သူ၏ ယွမ်စွမ်းအင်ဖြင့်ပင် ပြားသွားအောင် မညှစ်နိုင်ခဲ့ပေ။

သူသည် ဝိညာဉ်စွမ်းအင်ကို ရွှေရောင်အလုံးလေးပေါ်သို့ ပို့လိုက်သောအခါ ထူးဆန်းသော မြင်ကွင်းတစ်ခုပေါ်လာသည်။ ရွှေရောင်အလုံးလေးသည် ဝိညာဉ်စွမ်းအင် ထိုးသွင်းမှုအောက်တွင် ဖြည်းဖြည်းချင်း ရှည်ထွက်လာသည်။ ခဏအတွင်းမှာပင် ဆံခြည်မျှင်ထက်ပင် ပါးလွှာသော ရွှေရောင် ချည်မျှင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ဆံခြည်မျှင်တစ်ချောင်းထက် အဆပေါင်းများစွာ ပိုပါးပြီး သုံးလက်မခန့် ရှည်လျားသည်။ ကံကောင်းထောက်မစွာပင် အရောင်သည် ရွှေရောင်ဖြစ်နေသည်၊ မဟုတ်လျှင် မျက်စိဖြင့်မြင်ရန်ခက်ခဲမည် ဖြစ်သည်။

ဝူယွမ်သည် ဝိညာဉ်စွမ်းအင်ကို ရုပ်သိမ်းလိုက်သည်နှင့် ရွှေရောင် အပ်ရှည်သည် အလုံးလေးအဖြစ်သို့ ချက်ချင်းပြန်လည် ကျုံ့ဝင်သွားသည်။

၀ိညာဥ်စွမ်းအင် အထောက်အပံ့မရှိ‌ေတာ့တာကြောင့်၊သူ၏ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားခြင်း ဖြစ်သည်။

“ဒါက တစ်ကယ်ဘဲ နဂါးချည်မျှင်သလင်း‌ဘဲ”

“ငါလည်း ဇာတ်လိုက်လို အခိုက်အတန့်မျိုး တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး...” ဝူယွမ် စိတ်ထဲတွင် ပျော်ရွှင်နေသည်။ “ရတနာကို တွေ့တဲ့ ခံစားချက်က ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတယ်လား”

နဂါးမွှေးသလင်းသည် ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း၊ “လျှို့ဝှက်လက်နက်တစ်ရာအသုံးပြုချင်း” နည်းစနစ်တွင် အဆင့်ရှစ် မှာရှိသော လက်နက်တစ်မျိုး ဖြစ်သည်။

“လျှို့ဝှက်လက်နက်တစ်ရာအသုံးပြုချင်း” တွင် နဂါးချည်မျှင်သလင်းကို ထိုသို့ ဖော်ပြထားသည်။ နဂါးချည်မျှင်သလင်းသည် အတွင်းပိုင်း ကာကွယ်ရေး စွမ်းအင်ကို ချိုးဖျက်ရာတွင် အထူးပြုသည်၊ အသုံးပြုရန် လုံလောက်သော ဝိညာဉ်စွမ်းအင်ကို လိုအပ်သည်၊ ရန်သူ မသတိထားမိချိန်တွင် အလစ်ငိုက်တိုက်ခိုက်ပြီး၊တိုက်ခိုက်ခံရသူကို ကြီးမားသော နာကျင်မှုကို ခံစားရစေသည်။ သို့သော် ရှာတွေ့ရန် အလွန်ခက်ခဲပြီး ဝိညာဉ်စွမ်းအင် အတော်များများ ကုန်သဖြင့် ဆက်တိုက်အသုံးပြုရန် လုံလောက်သော ဝိညာဉ်စွမ်းအင် အထောက်အပံ့ လိုအပ်သည်။

၎င်းသည် သဘာဝ ဝိညာဉ်လက်နက် ဖြစ်ပြီး။လက်နက်အဖြစ် ပြုလုပ်ရန်မလိုပေ။

ဝူယွမ်သည် ငှက်ကြွေ နဂါးဖမ်း နည်းစနစ်ကို အသုံးပြုပြီး ရွှေရောင်အလုံးများအားလုံးကို စုဆောင်းလိုက်သည်။ ရွှေအလုံးလေးများ သောင်းချီရှိမည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည်။

“ရွှေချည်မျှင်သောင်းချီ... ဒါက အနည်းဆုံး နှစ်ပေါင်း တစ်သိန်းခန့် တည်ရှိခဲ့တဲ့ ရွှေပြားချည်မျှင် သလင်းကျောက်ထဲမှာဘဲ ပေါ်ပေါက်နိုင်တဲ့ အရာဘဲ” ဝူယွမ် စိတ်ထဲတွင် အံ့အားသင့်ပြီး လျှို့ဝှက်လက်နက်တစ်ရာအသုံးပြုခြင်း နည်းစနစ်မှာ မှတ်တမ်းတင်ထားသည့်အတိုင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။

နှစ်ပေါင်း တစ်သိန်း!!!

ထိုအရာက သောက်ကျိုးနည်း သဘောသဘာ၀ ကြီးဖြစ်သည်။

နဂါးမွှေးသလင်း၏ စွမ်းအားသည် ဝိညာဉ်စွမ်းအားနှင့် သက်ဆိုင်သည်။ ဝိညာဉ်စွမ်းအင် မြင့်မားလေလေ၊ အကျိုးသက်ရောက်မှုက ပိုကြီးမားလေလေ ဖြစ်သည်။

ဝူယွမ်၏ အမြင်တွင် ထိုအရာသည် သဘာဝ ဝိညာဉ်စွမ်းအင် လက်နက်တစ်မျိုး ဖြစ်သည်။

လုံထန် - “ဟင်.. အဲ့တာတွေက ဘာတွေလဲ။”

“စွမ်းအားကြီးမားတဲ့ ဝိညာဉ်စွမ်းအင် လက်နက်တွေပါ။”

“ဒါပဲလား။”

လုံထန်သည် သူ့စကားကို အပြည့်အ၀ မယုံကြည်ခဲ့ပေ။

“ဒါဆို အစ်ကိုကြီး... စမ်းကြည့်ချင်သေးလား” ဝူယွမ်သည် နှုတ်ခမ်းထောင့်ကို ကွေးပြီး လုံထန်ကို ကြည့်ကာ ပြုံးနေသည်။

ဝူယွမ်၏ မိစ္ဆာဆန်ဆန် အပြုံးကို မြင်လိုက်ရပြီး လုံထန် ကျောရိုးတစ်လျှောက်အေးစိမ့် သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ငါ မစမ်း‌သပ်‌ေတာ့ပါဘူး”

...ခဏတာ အနားယူပြီးနောက် လုံထန်သည် လူလွှတ်၍ ဘေးကင်းကြောင်းနှင့် တိုင်ပွဲအခြေအနေကို အစီရင်ခံစေ ပြီးနောက် လုံထန်တို့အဖွဲ့သည် ယန်မြို့သို့ ကုန်သွယ်ရန် ဆက်လက်ထွက်ခွာလာသည်။

ယန်မြို့သို့ ရောက်ရှိသည်နှင့်။

ဝူယွမ်သည် ယွမ်ကျောက်တုံး ထောင်ချီပါသော သိုလှောင်အိပ်ကို ကိုင်ဆောင်လျက် ကုန်သွယ်ရန် သွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။ အမှန်တစ်ကယ်တော့ သိုလှောင်အိပ်အတွင်းရှိ ယွမ်ကျောက်တုံးများကို လင်းတုန်မှ ယန်ယွမ်ဆေးများအဖြစ် သန့်စင်ပြီးသားဖြစ်သည်။

ဝူယွမ်သည် သူတို့၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်ဖြင့် အပိုခရီးတစ်ခု ဖန်တီးခြင်း ဖြစ်သည်။

ထို့နောက် ဝူယွမ်သည် ယန်မြို့တွင် နေထိုင်ပြီး ဝိညာဉ်ဖြတ်တောက် သံမဏိကို တိုတောင်းသော လွန်းပျံများ အဖြစ် သွင်းလုပ်ရန် ရှာဖွေတော့သည်။

ထို့နောက် သူသည် ရှဲ့ယန်ကို တွေ့ရှိပြီး ထွင်းထုရန် အကူအညီ တောင်းခံသည်။

တစ်လကြာပြီးနောက်။

ဝူယွမ်သည် ချင်းယန်မြို့သို့ ပြန်လာသည်။

သံမြေကျေးရွာ!

လင်းတုန်သည် ဝူယွမ်ကို မြင်သည်နှင့် ပထမဆုံးပြုလုပ်သည်မှာ သူ၏ ၀မ်းသာစရာသတင်းကို မျှဝေခြင်း ဖြစ်သည်။ “အစ်ကိုကြီး ဝူယွမ်... နောက်ဆုံးတော့ ပြန်လာပြီဘဲ။ ကျွန်တော် ယွမ်ကောင်းကင်နယ်ပယ်အဆင့်ကို ရောက်သွားပြီ။”

ဝူယွမ် - “သိပ်ကောင်းတယ်။ ဂုဏ်ယူပါတယ်။ မင်းအတွက် လက်ဆောင်ပါလာတယ်”

လင်းတုန် - “အစ်ကိုကြီး... ကျွန်တော့်မှာလည်း အစ်ကိုကြီးအတွက် လက်ဆောင်ရှိတယ်။”

နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်ပြီး ရယ်မောလိုက်ကြသည်။

“အို... ဒီလောက်တောင် အတွေးတူကြတာပါလား”

ဘေးနားမှ ချင်းတန်သည် မခံမရပ်နိုင်ဖြစ်နေသည်။

“လင်းတုန်အစ်ကို၊ ဝူယွမ်အစ်ကို... ကျေးဇူးပြုပြီး အကိုတို့နှစ်ယောက် တွဲလိုက်ကြပါတော့”

လင်းရှဲ့သည်လည်း မျက်စိလှန်လိုက်ကာ... “ကျေးဇူးပြုပြီး ဒီနေရာမှာတင် လက်ထပ်လိုက်ကြပါတော့။”

ထိုနှစ်ဦးကို လျစ်လျူရှုထားပြီး။

“ငါ့လက်ဆောင်ကို အရင်ကြည့်” ဟု ဝူယွမ်က ပြောသည်။

သူသည် ရယ်မောလိုက်ပြီး သူ၏ သိုလှောင်အိပ်အတွင်းမှ အမည်းရောင် အလင်းတန်း ဆယ်ခု ထွက်ပေါ်လာကာ သူ့ပတ်လည် လေထဲ၌ ဝေ့ဝဲလျက်ရှိသည်။

လင်းတုန် အနီးကပ်ကြည့်လိုက်သည်။ ဤအမည်းရောင် အလင်းတန်းများသည် အမှန်တကယ်အားဖြင့် အနက်ရောင် ဓားပျံတိုများဖြစ်ပြီး လက်ချောင်းနှစ်ချောင်း အရွယ်အစားခန့်ရှိသည်။ ဓားပျံများသည် တစ်လက်မခန့် ထူကာ သေးငယ်သော ချိုင့်ပုံစံများ ရှိပြီး ၊ဓားသွားများပေါ်တွင်း ရုန်းအနည်းငယ်ထွင်း ပြီးချိတ်ဆက်ထားသည်။ သေးငယ်သော်လည်း ဤအရာငယ်လေးများသည် တစ်ချက်ကြည့်ရုံဖြင့် လက်နက်များ ဖြစ်ကြောင်း သိရှိနိုင်သည်။

“ဒါတွေက ဝိညာဉ်ဖြတ်တောက်ဓားပျံတွေဘဲ၊ ဓားပျံတွေအပေါ်မှာ ရုန်းတွေရေးထွင်းထားတယ် ။ ဆရာ့ကို ရုန်းထွင်းထုပေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တာ။ စတုတ္ထအဆင့် အဆောင်သခင် တစ်ဦးရဲ့ လက်ရာက အလွန်ရှားတယ်၊ ဓားပျံအစုံလိုက်ရဲ့ စွမ်းအားက ငါ့ မီးမိုးကြိုးဓားထက် အားမနည်းဘူး။”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်တော် ယူလိုက်မယ်” လင်းတုန်သည် ဝမ်းမြောက်ဝမ်းသာနှင့် ဝိညာဉ်ဖြတ်တောက် ဓားပျံများကို လက်ခံလိုက်ပြီး လက်ဖြင့် ပွတ်သပ်ကြည့်နေသည်။

“အစ်ကိုကြီး... ကျွန်တော့်ရဲ့ လက်ဆောင်ကတော့ ဒီဟာပါ”

လင်းတုန်သည် သူ၏ သိုလှောင်အိပ်ထဲမှ ရှေးဟောင်း သစ်သားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

သစ်သားပေါ်တွင် ဆေးများခြယ်ထားပြီး မှိတ်တုတ်မှိတ်တုတ် ရုန်းများ ရှိသည်။

All Chapters