ဒုတိယအဆောင်သခင် ဘယ်မိသားစုမှာမရှိတာလဲ
Vol. 4 Ch. 31
ဝူယွမ်သည် ရှေးဟောင်းသစ်သားချောင်းကို မြင်လိုက်ရသည်နှင့် အဲ့တာသည် မည်သည့်အရာဖြစ်ကြောင်း သိသွားသည်။
သူတစ်ဦးတည်းသာ နဂါးချည်မျှင်သလင်း ကို ကံကောင်းပြီးရခဲ့ခြင်းမဟုတ်ပေ။
လင်းတုန်သည်လည်း ချင်းယန်မြို့ ကုန်သွယ်ရေးဈေးကွက်တွင် ဤရှေးဟောင်းသစ်သားချောင်းကို ရခဲ့သည်။
ထိုရှေးဟောင်းသစ်သားချောင်းပေါ်တွင် အားပြင်းတဲ့ သင်္ကေတစုစည်းနည်း တစ်ခု ရေးထွင်းထားသည်။
“ကောင်းပြီ၊ ငါနဲ့အတူ အခန်းထဲလိုက်ခဲ့”
သူတို့သည် ချင်းတန်း၊ လင်းရှ နှင့် ကျားပေါက်စနှစ်ကောင်ကို နောက်ချန်ထားပြီး အခန်းငယ်လေးထဲသို့ ဝင်သွားကြသည်။
“ဒါက ရှေးဝင်ရိုး သင်္ကေတတံဆိပ်၊ သင်္ကေတစုစည်းခြင်းနည်းလမ်း ဘဲ”
“အစ်ကိုကြီး၊ ဒီကိုကြည့်”
လင်းတုန်သည် မိမိ၏ နဖူးအလယ် ကို ညွှန်ပြလျက်၊ နီဝမ်နယ်ပယ် ကို ဖွင့်လိုက်ပြီး သူ၏ မွေးရာပါသင်္ကေတတံဆိပ်ကို ပြလိုက်သည်။
ထိုအချိန်တွင် သူ၏ သဘာ၀သင်္ကေတတံဆိပ်သည် အရင်ကနဲ့မတူဘဲ ကွဲပြားနေပြီ၊ တံဆိပ်အပေါ်ရှိ သင်္ကေတ များသည် ပိုရှုပ်ထွေးလာကာ၊ သင်္ကေတတံဆိပ် ပေါ်လာသည့်အချိန်တွင် ဝူယွမ်သည် ဤသင်္ကေတကို အာရုံခံနိုင်ရန် ထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင် အားလုံး စုပ်ယူခံလိုက်ရသည်ကို ခံစားမိသည်။
“မင်းရဲ့ သဘာ၀သင်္ကေတတံဆိပ်က ဝိညာဉ်စွမ်းအင်ကို ဝါးမျိုးနိုင်တာဘဲ”
“သဘာ၀ဝိညာဉ်သင်္ကေတ ဖြစ်လောက်တယ်”
ဝူယွမ် အရမ်း၀မ်းသာ သွားခဲ့သည်။ သဘာ၀ဝိညာဉ်သင်္ကေတသည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှသည်။ အကယ်၍ လင်းတုန်သာ အခုအချိန် သူ့နှင့် ဝိညာဉ်စွမ်းအင်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက၊ သဘာ၀ဝိညာဉ်သင်္ကေတ ပိုင်ဆိုင်ထားသည့် လင်းတုန်ကို သူ့တွင် မီးမိုးကြိုးဓား ကဲ့သို့သော စွမ်းအားကြီးမားသည့် ဝိညာဉ်လက်နက် ရှိသော်လည်း သူ့ကို အနိုင်ယူနိုင်မည်ဟု ဝူယွမ်တက်အပ်မပြောရဲပေ။
ဤရှေးဟောင်းဝင်ရိုး သင်္ကေတတံဆိပ်သည် သာမန် သဘာ၀သင်္ကေတတံဆိပ်များထက် အဆင့်တစ်ခုပိုမြင့်သည့် သဘာ၀ဝိညာဉ်သင်္ကေတဘဲဖြစ်သည်။
“သဘာ၀ဝိညာဉ်သင်္ကေတလား။” လင်းတုန်က အံ့အားသင့်မေးသည်။
ဝူယွမ်က “သဘာ၀သင်္ကေတတံဆိပ်တွေမှာ သဘာ၀သင်္ကေတတံဆိပ် ၊ သဘာ၀ ဝိဉာဉ်သင်္ကေတ နဲ့ သဘာ၀ကောင်းကင်သင်္ကေတဆိုပြီး အဆင့်သုံးဆင့်ခွဲထားတယ်။
သဘာ၀သင်္ကေတတံဆိပ်က အခြေခံအဆင့်ဖြစ်ပြီး အထူးလုပ်ဆောင်ချက်တွေမရှိဘူး၊ အဆောင်သခင် အများစုက အဲ့ဒီသာမန် သဘာ၀သင်္ကေတတံဆိပ်ဘဲ ရှိကြတယ်။
သဘာ၀ဝိဉာဉ်သင်္ကေတက ရှားပါးတဲ့ သင်္ကေတအမျိုးအစားဘဲ။ အဲ့သင်္ကေတတွေက ပုံစံပြောင်းလဲနိုင်ပြီး အထူးလုပ်ဆောင်ချက်အချို့ရှိတယ်၊ ဥပမာ၊ ရှေးဟောင်းဝင်ရိုး သင်္ကေတတံဆိပ်က ဝါးမျိုနိုင်တဲ့စွမ်းအားရှိတယ်။
အဲ့ဒါသာ သဘာ၀ ကောင်းကင်သင်္ကေတဆို ပိုပြီးတောင်ကြောက်ဖို့ကောင်းသေးတယ်၊တံဆိပ်အစွမ်း အပြည့်အဝအသုံးချမယ်ဆိုရင် ကောင်းကင်နှင့်မြေကြီးကိုတောင် ဝါးမျိုပစ်နိုင်တယ်ဆိုပြီး ပြောကြတယ်၊ ဒါပေမဲ့ အဲ့အကြောင်းသတင်းအချက်အလက်က အရမ်းနည်းပြီး ဆရာယန်တောင် သဘာ၀ကောင်းကင်သင်္ကေတ အကြောင်းကို အသေးစိတ်မသိဘူး။”
ဝူယွမ်သည်လည်း ရှေးဝင်ရိုး သင်္ကေတတံဆိပ်ကို စုစည်းရန် စတင်ခဲ့သည်။ အရင်က သာမန်သင်္ကေတများ စုစည်းဖူးသည့် အတွေ့အကြုံရှိသဖြင့် သူ၏ သင်္ကေတတံဆိပ် ပြောင်းလဲမှုကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။
သင်္ကေတအသစ်တစ်ခုကို စုစည်းပြီးခဲ့ပီ။
သင်္ကေတအသစ်သည် ဝိညာဉ်စွမ်းအင် အစိတ်အပိုင်းများ ပိုမိုရှုပ်ထွေးသည့် ပုံပေါ်သည်။ ကြည့်လိုက်သည်နှင့် အလွန်လွန်နက်ရှိုင်းသိမ်မွေ့သည်ဟု ခံစားရပြီး၊ ရိုးရှင်းသည့် သင်္ကေတလေးအတွင်းတွင် ကောင်းကင်နှင့်မြေကြီးပါဝင်နေသကဲ့သို့ ဖြစ်နေသည်။
သင်္ကေတပုံသဏ္ဍာန်ပေါ်လာသည့်အခါ၊ ထိုအရာသည် မှုန်ဝါးနေသည့်အပြင် မရေမရာ ဝေဝါးဝါးဖြစ်ေနသည်။ နီးကပ်စွာကြည့်မည်ဆိုပါက၊ ဤသင်္ကေတသည် သန္ဓေပြောင်းနေသည့် ဝင်ရိုးတစ်ခုနှင့် တူနေပြီး၊ အလင်းများ တဖျတ်ဖျတ်တောက်နေကာ တိတ်ဆိတ်စွာ ကြီးထွားနေသည့် တွင်းနက်တစ်ခုကဲ့သို့ပင်။
ဤသင်္ကေတသည် ရှေးဟောင်းဝါးမျိုခြင်း မူလသင်္ကေတ (Devouring Ancestral ) မှ ဆင်းသက်လာခြင်းဖြစ်သည်။
“ငါ ဒုတိယအဆောင် အဆောင်သခင် အဆင့်ကို ရောက်ဖို့သိပ်မလိုတော့ဘူး။” ဝူယွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သဘာ၀ဝိညာဉ်သင်္ကေတအသစ်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ပို ခိုင်မာစေပြီး၊ သူ၏ အထူးလုပ်ဆောင်ချက် စုပ်ယူနိုင်စွမ်းကြောင့် လေ့ကျင့်မှုအရှိန်သည်လည်း သိသိသာသာ မြန်ဆန်လာမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
ဝူယွမ်သည် သူ၏ကျင့်ကြံခြင်းကို ပိုပြီးပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။
အရင်က ဝူယွမ်အား လိန်မိသားစုမှ လုပ်ကြံတာ ကြဆုံးပြီးနောက် ချင်းယန်မြို့၏ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းလေးခုကြားရှိ ပဋိပက္ခသည် တိုက်ရိုက်စစ်ပွဲအဖြစ်သို့ ကူးပြောင်းပြီး အတွင်းကြိတ်တိုက်ခိုက်နေရာမှ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
လိန်မိသားစုနှင့် ရှဲ့မိသားစု တို့သည် ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစု အား နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ရန် စတင်ခဲ့သည်။
ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့သည် သူတို့၏ လူအများစုကို သံမြေကျေးရွာ သို့ ပြောင်းရွှေ့ရန် ဖိအားပေးခံခဲ့ရသည်။
အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မည့် အငွေ့အသက်များဖြစ်ပေါ်နေသည်။
မည်သည့်ဘက်က ယွမ်ဒန်အဆင့် သို့ ပထမဆုံးရောက်ရှိမည်ကို မူတည်နေသကဲ့သို့ ဖြစ်နေသည်။
ဝူယွမ်သည် တိုင်းယန်း စွမ်းအင် ကို ထုတ်ယူပြီး အောင်မြင်စွာ သန့်စင်ပြီးနောက် သူ၏စွမ်းအားသည် ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်သို့ တစ်ဟုန်ထိုးရောက်ရှိသွားခဲ့သည်။
သူသည် တိုင်ယင်း နက်နဲ ယင်စွမ်းအင်နှင့်ယန်စွမ်းအင်ကို ဆက်တိုက် အသုံးပြုခဲ့သည်၊ ထိုစွမ်းအင်နှစ်ခုစလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ယင်း နှင့် ယန် စွမ်းအင်များကို ဟန်ချက်ညီစေသည့် အဆင့်မြင့် စွမ်းအင်များဖြစ်ကြသည်။
သူ၏ ကျင့်ကြံခြင်း ခိုင်မာစေပြီးသည့်နှင့် ယင်းနှင့်ယန် ရောယှက်ပြီး ယွမ်ဒန်အဆင့်သို့တက်လှမ်းလို့ရပြီဖြစ်သည်။
ဝူယွမ်သည် ယွမ်စွမ်းအင်ကို ဆက်မကျင့်ကြံတော့ဘဲ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုဘက်သို့ ပြန်လှည့်လိုက်သည်။
နောက်တစ်လထပ်ကြာပြီးနောက်။
ဝူယွမ်သည် ဒုတိယအဆောင် အဆောင်သခင် အဆင့်သို့ အောင်မြင်စွာ တက်နိုင်ခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင်သည် လှိုင်းထနေပြီး၊ သံမြေကျေးရွာတစ်ခုလုံးအတွင်းရှိ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်နေသည်။
“အိုး...”
ဝူယွမ်သည် အံ့အားသင့်သွားပြီး၊ မီးတောင် မြေအောက်ချော်ရည် အတွင်း၌ စွမ်းအားပြင်းထန်သော အားနှစ်ခုကို စုစည်းနေသည်ကို သူတွေ့ရှိခဲ့သည်။
သူ၏ ဝိညာဉ်ခန္ဓာဖြင့် ဂရုတစိုက် ၀င်ရောက်လိုက်ပြီး စုံစမ်းစစ်ဆေးသည်။
“သူတို့လည်း သိပ်မကြာခင် အဆင့်တက်တော့မယ်”
အချိန်ကြာမြင့်စွာ တွင်းအောင်းကျင့်ကြံနေခဲ့ကြသည့် လုံချန်း နှင့် လင်းကျဲ့တျန်း တို့သည် နောက်ဆုံးတွင် ယွမ်ဒန်အဆင့် သို့ ရောက်ရှိရန် အချိန်တန်ပြီဖြစ်သည်။
လင်းတုန် ဆိုသည့် ‘လူသား ဆေးပေါင်းအိုးကြီး’ က သူတို့အတွက် စတုတ္ထအဆင့် ယန်းစွမ်းအင်များကို သန့်စင်ပေးထားသောကြောင့်၊ သူတို့ အဆင့်တက်ရာမှ ဖြစ်ပေါ်လာသည့် အရှိန်အ၀ါသည် အတော်လေးကြီးမားလှသည်။
“စုစည်းလိုက်။”
လင်းကျဲ့တျန်း အော်လိုက်ပြီး၊ သူ့ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော ယွမ်ဒန်စွမ်းအားများ သည် လက်မဝက်ခန့်အရွယ်ရှိ အဖြူရောင်အလုံးကလေးတစ်ခုအဖြစ်သို့ စုစည်းသွားသည်။
လင်းကျဲ့တျန်း၏ ယွမ်ဒန် မျက်နှာပြင်ပေါ်တွင် ကြယ်ကလေးပုံစံအလွန်သေးငယ်သည့် အမှတ်အသားလေးခုရှိသည်ကို သူမြင်လိုက်ရသည်။
“ကြယ်လေးလုံး ယွမ်ဒန်။”
ထိုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် ဝူယွမ်၏မျက်လုံးထဲတွင် အံ့အားသင့်မှုတစ်ခု ထွက်ပေါ်လာသည်။ ယွမ်ဒန်ကို စုစည်းသည့်အချိန်တွင်၊ ယွမ်မြေကြီးနယ်ပယ်အဆင့် နှင့် ယွမ်ကောင်းကင်နယ်ပယ်အဆင့် အတွင်း စုပ်ယူထားသည့် ယင်ရှစွမ်းအင် နှင့် ယန်းဂန်းစွမ်းအင်တို့သည် အလွန်အရေးပါလှသည်။
ယွမ်ဒန် ကြယ်အမှတ်အသားများလေလေ၊ ပိုသန်မာလေလေဖြစ်သည်။
လုံချန်းသည်လည်း ယွမ်ဒန်တစ်ခု စုစည်းနိုင်ခဲ့သည်၊ သူကလည်း ကြယ်လေးလုံးယွမ်ဒန်ပင်ဖြစ်သည်။
လုံချန်း- “ဟားဟား၊ ယခုအခါ ငါတို့နှစ်ဦးစလုံး ယွမ်ဒန်အဆင့် ကိုရောက်ပြီ၊ လိန်မိသားစုနဲ့ ရှဲ့မိသားစုကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်တန်ပြီ။”
လင်းကျဲ့တျန်းသည်လည်း စိတ်အားထက်သန်နေသည်၊ “ဒီနေ့ကစပြီး ချင်းယန် အနာဂတ်ကို ငါတို့နှစ်မိသားစုကဘဲ ဆုံးဖြတ်ရမယ်။”
ယနေ့ သံမြေကျေးရွာ၏ ရာသီဥတုသည် အရင်ေန့များနှင့် မတူကွဲပြားနေသည်၊ အဆင့်မြင့်အဖွဲ့ဝင်များ၏ မျက်နှာများပေါ်တွင်လည်း အပြုံးများဖြင့်ပြည့်နေသည်။
လင်းတုန်သည်လည်း ကျင့်ကြံနေရာမှ ထွက်လာခဲ့သည်။
သူ၏စွမ်းအားသည် ယွမ်ကောင်းကင်နယ်ပယ်အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ သူသည်လည်း ဒုတိယအဆောင် အဆောင်သခင် အဆင့်သို့ အောင်မြင်စွာတက်နိုင်ခဲ့သည်။
ဒုတိယအဆောင် အဆောင်သခင်တစ်ဦးသည် အားနည်းသော ယွမ်ဒန်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သည်။
သံမြေကျေးရွာရှိ ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့ တိုက်ခိုက်ရန် တိုင်ပင်နေစဉ်အတွင်း၊ လိန်မိသားစုဘက်မှ လိန်ပေါင် သည်လည်း
ယွမ်ဒန်းအဆင့် သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
သူသည် သွေးဝတ်ရုံဂိုဏ်း ၏ ဒုတိယအကြီးအကဲကို ပြင်ပ အကူအညီအဖြစ် ဖိတ်ကြားခဲ့ပြီး၊ အထူး စားပွဲကြီးပြင်ဆင်ကာ ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့အား ဖိတ်ကြားခဲ့သည်။
လုံချန်းသည် ဖိတ်စာကိုလက်ခံရရှိခဲ့သည်- “ဟားဟား၊ အချိန်ကောင်းပဲ။ လိန်ပေါင် ဆိုသည့် လူယုတ်မာအိုကြီး မစောင့်နိုင်တော့ဘူးနဲ့ တူတယ်။ ဒီလောက်အကြာကြီး သည်းခံခဲ့ပြီးပီ၊ လိန်ပေါင် ဆိုတဲ့ သူခွေးအိုကြီးနဲ့ ရှဲ့ချန်း ဆိုတဲ့ လူယုတ်မာအိုကြီးကို အံ့အားသင့်စရာတွေ ပေးဖို့ အချိန်တန်ပြီ။”
“သွားကြစို့၊ ဖိတ်ထားတဲ့ဆီကို သွားကြမယ်။”
ဝူယွမ်တို့ဘက်မှ လူအားလုံးသည် လိန်မိသားစု၏ အိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြသည်။
လိန်ပေါင်၊ ရှဲ့ချန်းနှင့် မိသားစုနှစ်ခုလုံးမှ ယွမ်ကောင်းကင်နယ်ပယ် ကျင့်ကြံသူကိုးဦး တို့စောင့်နေကြသည်။
သို့သော် ဝူယွမ်သည် ချက်ချင်းပင် မီးခိုးရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ဦးကို သတိပြုမိလိုက်သည်၊ ထိုလူသည် မထင်မရှား ထောင့်တစ်ခုတွင် ပြုံးရွှင်နေသည့်အသွင်ဖြင့် ထိုင်နေသည်။ ထိုလူသည် သာမန်ပုံစံသာရှိပြီး၊ မည်သူကမှ သူနှင့် စကားသွားမပြောကြသဖြင့်၊ လုံချန်းတို့က သူ့အား လျစ်လျူရှုထားကြသည်။ သို့သော် ဝူယွမ်သည် ထိုသာမန်လူထံမှ ရင်းနှီးကျွမ်းဝင်သည့် လှိုင်းတစ်ခုကို ခံစားမိနေသည်။
ဝိညာဉ်စွမ်းအင်ဘဲ။
လင်းတုန်သည်လည်း ထိုပုဂ္ဂိုလ်ကို ကြည့်နေသည်၊ သူလည်း ခံစားမိခဲ့သည်။
“လုံချန်း ဝူယွမ်နဲ့ လုံထန် က ငါ့ လိန်မိသားစုက ယွမ်ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်။ သူတို့ကို လွှဲပေးပါ၊ ဒါဆိုရင် ငါ မင်းရဲ့ ရူးသွပ်ဓားသိုင်းခန်းမကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်”
တွေ့ဆုံသည်နှင့် လိန်ပေါင်သည် ချက်ချင်းပင် စတင်ရန်စလိုက်သည်။ လုံး၀ဟန်ဆောင်ခြင်းမရှိခြေ။
“ဟားဟား၊ လိန်ပေါင် ဆိုတဲ့ ခွေးအိုကြီး၊ မင်းက တစ်ကယ့်ကို ခွေးတစ်ကောင်ပါလား။ ငါတို့ အဲ့တာကို လက်ခံမည်လို့ မင်းထင်နေတာလား” လုံချန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒါ့အပြင်၊ မင်း နားလည်မှုလွဲနေတယ်၊ ဒီနေ့က မင်းရဲ့ လိန်မိသားစုက ငါတို့ ရူးသွပ်ဓားသိုင်းခန်းမကို ခွင့်လွှတ်မယ် မခွင့်လွှတ်မယ် ဆုံးဖြတ်ရမှာမဟုတ်ဘူး ငါတို့ ရူးသွပ်ဓားသိုင်းခန်းမ က မင်းတို့ကို ခွင့်လွှတ်မယ် မခွင့်လွှတ်ဘူး ဆိုတာ ဆုံးဖြတ်ရမှာ”
“အလောင်းကို မမြင်မချင်း မင်းက မျက်ရည်မကြတတ်ဘူးနဲ့ တူတယ်” လိန်ပေါင်သည် သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ခွဲလိုက်ပြီး ရုတ်တရက် ထလိုက်ကာ၊ ပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ယွမ်ဒန်းအဆင့်။
“အစ်ကိုကြီး လိန်က အခု ယွမ်ဒန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ။ မင်းတို့ ခံရဖို့သာပြင်ပေတော့၊ ရှဲ့ချန်းက တစ်ခြားသူ၏ အင်အားကို အသုံးပြုကာ ခိုင်မာစွာ ပြောဆိုသည်။
သို့သော် လုံချန်းသည် ရှဲ့ချန်းကို မျက်နှာမူကြည့်ရန်ပင် မလိုအပ်ပေ။
“ လိန်ဆိုတဲ့ ခွေးအိုကြီး ယွမ်ဒန်အဆင့်ကို ရောက်နေတာမင်းတစ်ဦးတည်း မဟုတ်ဘူး”
“ဟားဟား၊ လိန်ပေါင် ဆိုတဲ့ ခွေးအိုကြီး၊ မင်း ဒီလိုဖြစ်လိမ့်လာမယ်လို့ မထင်ထားဘူးမလား”
လုံချန်းနှင့် လင်းကျဲ့တျန်းတို့သည် တစ်ပြိုင်နက်တည်း သူတို့ ယွမ်ဒန်စွမ်းအား ကို ထုတ်လွှတ်ကာ၊ ယွမ်ဒန်းအဆင့်စွမ်းအင်ကို အကုန်ပြသလိုက်သည်။
သူတို့သည် လိန်ပေါင်ကို အနည်းငယ်ပြုံး ကြည့်လိုက်ကြပြီး၊ ရှဲ့ချန်းကို မထီမဲ့မြင်ပြုသည့်ပုံစံဖြင့် ကြည့်နေကြသည်... ငါတို့မှာ နှစ်ဦးရှိတယ်။
လိန်ပေါင်၏ မျက်နှာ မှောင်မဲသွားသည်။
ရှဲ့ချန်းမှာမူ ထုံထိုင်းသွားပြီး၊ ခွေးအကြီးလည်နင်သကဲ့သို့ ဘာပြန်ပြောရမယ်မသိတော့ပေ။
အမှန်တကယ်တွင် သူကိုယ်တိုင်ကအရူး ဖြစ်နေခဲ့သည်။
ချင်းယန်မြို့ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းလေးခုအနက်မှ၊ ယွမ်ဒန်းအဆင့် မကျော်ဖြတ်နိုင်သည်မှာ သူတစ်ဦးတည်းဖြစ်သည်။
“ဟမ်၊ ငါ့မှာ အရံအစီအစဉ်မရှိဘူးလို့ မင်းထင်နေတာလား။”
လိန်ပေါင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ထောင့်ရှိ သာမန်လူကို အရိုအသေပေးလိုက်သည်။
“ဆရာကြီး ဂူ၊ ကျေးဇူးပြု၍ ကူညီပေးပါ။”
“ ကောင်းပီ။”
ခပ်အေးအေးဘဲပြန်ပြောဆိုလိုက်သည်။ ထောင့်ရှိ ဆရာကြီး ဂူသည် ထလိုက်ပြီး၊ ပြင်းထန်သော ဝိညာဉ်စွမ်းအင် ကို ထုတ်လွှတ်လိုက်သည်။ သူသည် ခန်းမထဲရှိသူ အားလုံးကို မောက်မာစွာဖြင့် ကြည့်လိုက်သည်။
“ငါ ဂူယင်းဘဲ ယန်းမြို့ သွေး၀တ်ရုံအသင်းရဲ့ ဒုတိယအကြီးအကဲဖြစ်ပြီး၊ အဆောင်သခင် ဒုတိယအဆင့်ကို ရောက်နေပီ။
ဂူယင်းသည် ခေါင်းမော့လျက်၊ ဒီနေရာရှိ လူအားလုံးသည် အမှိုက်သရိုက်များသာဖြစ်သည်ဟု ပြောလိုက်သကဲ့သို့ဖြစ်နေသည်။
ရှဲ့ချန်း- “ဟားဟား၊ အစ်ကိုကြီး လိန်နှင့် ဆရာကြီး ဂူတို့ ရှိနေပြီ၊ငါတို့ဘက်မှာ ဒုတိယအဆင့် အဆောင်သခင်တစ်ဦးနဲ့ ယွမ်ဒန်အဆင့် ကျင့်ကြံသူတစ်ဦး ရှိတယ်။ လုံချန်း၊ လင်းကျဲ့တျန်း မင်းတို့ ပျော်ဖို့ရာ စောလွန်းနေသေးတယ်။”
လုံချန်းနှင့် လင်းကျဲ့တျန်းတို့သည် ချက်ချင်းပင် အပြုံးများရပ်တန့်သွားကာ၊ စိတ်များ လေးလံသွားသည်။ သွေး၀တ်ရုံအသင်း၏ ဒုတိယအဆင့် အဆောင်သခင်တစ်ဦးသည် သူတို့အတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
ဝူယွမ်နှင့် လင်းတုန်းတို့သည် အနောက်ဘက်မှ တိတ်ဆိတ်စွာထိုင်ကြည့်နေကြသည်၊ နှစ်ဖက်စလုံးသည် ဇာတ်လမ်းတစ်ခုကဲ့သို့ သရုပ်ဆောင်နေကြပြီး၊ တစ်ဖက်ပြီးတစ်ဖက် အားပြိုင်နေကြသည်။
လုံချန်း၊ လင်းကျဲ့တျန်းနှင့် အခြားသူများသည် ဝူယွမ်နှင့် လင်းတုန်းတို့ နှစ်ဦးစလုံး ဒုတိယအဆင့် အဆောင်သခင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မသိကြသေးပေ။
ထို့ကြောင့်၊ သူတို့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။
လိန်မိသားစုနှင့် ရှဲ့မိသားစုတို့ က၀မ်းသာနေကြချိန်တွင်၊ ဝူယွမ်က ထပြောလိုက်သည်။
“လိန်ဆိုတဲ့ ခွေးအိုကြီးကတောင် မဟောင်ရဲသေးဘူး၊ ရှဲ့ဆိုတဲ့ ခွေးပေါက်စလေးက ထဟောင်နေပြန်ပီ။”
“ဒုတိယအဆင့် အဆောင်သခင် ဖြစ်ခြင်းသည် အဲ့လောက် ဂုဏ်ယူစရာကောင်းတာလား။”
လင်းတုန်း- “ဟုတ်တယ် ဒုတိယအဆင့် အဆောင်သခင် က ဘယ်မိသားစုမှာမဆိုရှိနိုင်တဲ့အရာဘဲ။”
ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ ဝူယွမ်နှင့် လင်းတုန်းတို့သည် ဂူယင်းထက် ပို၍စွမ်းအားကြီးမားသည့် ဝိညာဉ်စွမ်းအင် ဖိအားကို ထုတ်လွှတ်လိုက်သည်။
ခန်းမအတွင်းရှိ လူများအားလုံး အံ့အားသင့်သွားကြသည်။
ရှဲ့ချန်းမှာမူ အော်ငိုမိတော့မတက်ဖြစ်နေသည်။... “ငါ့မိသားစုမှာတော့မရှိဘူး။”