သွေးဝတ်ရုံဂိုဏ်း၊ ဝေထုန်
Vol. 4 Ch. 32
လေးဦး!
ရုတ်တရက် ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့တွင် ယွမ်ဒန်အဆင့် စွမ်းအားရှင်ကြီး လေးဦး ရှိလာသည်။
လိန်ပေါင်း အံ့အားသင့်သွားသည်။
ခုနက မာန်မြင့်ပြီး လူအားလုံးကို မပိုင်ဆိုင်သူကဲ့သို့ ပြုမူခဲ့သော ဂူယင် ပင် ယခုအခါ အံ့အားသင့်သွားသည်။
ဒုတိယအဆင့်အဆောင်သခင် နှစ်ဦး!
အဆောင်သခင်တွေ အဲ့လောက်တောင်ပေါနေပီလား?!
သေးငယ်သော ချင်းယန်မြို့ငယ်လေးတွင် ဒုတိယအဆောင် သခင် နှစ်ဦးကိုပင် တစ်ချိန်တည်း တွေ့ရသည်မှာ...
ယန်မြို့ကြီးတွင်ပင် ဒုတိယအဆောင် သခင်များသည် ရှားပါးပြီး မည်သည့် အဓိကအာဏာပိုင်အဖွဲ့အစည်းတွင်မဆို အထင်ကရ ဧည့်သည်တော်များ ဖြစ်ကြသည်။
“ဆရာကြီးများ... ဒီဟာက နားလည်မှုလွဲမှားမှုတစ်ခုဘဲ ဖြစ်ပါတယ်၊ ကျွန်တော် လိန်မိသားစုရဲ့ကိစ္စရပ်တွေကို ထပ် ၀င်မစွက်ဖက်တော့ပါဘူး” ဟု ဆရာကြီး ဂူက ဝူယွမ်နှင့် လင်းတုန်တို့အား ဂါ၀ရပြုကာ ပြောဆိုလျက် နောက်ဆုတ်လိုသည်။
“ဆရာကြီး ဂူ... ဒီအချိန်ကြမှ မကူဘဲနေတော့မလို့လား”
လိန်ပေါင် အံ့အားသင့်သွားပြီး သူ့အားမေးခွန်းထုတ်လိုက်သည်။
အရေးကိစ္စပြီးဆုံးသွားပါက ယွမ်ကျောက်တုံးမိုင်းတွင်းကို ဆရာကြီး ဂူအား ပေးမည်ဟု သူက ကတိပေးထားသည်။
“မကူဘဲနေတော့မလို့လား?... ဒီအချိန်မှာ ငါ ပြေးမှရမယ်...” ဆရာကြီး ဂူသည် စိတ်ထဲမှတွေးလိုက်ပြီး လိန်ပေါင်းအား ဂရုမစိုက်ဘဲ ပြောလိုက်သည် “ဒီအခြေအနေက အရင်က ဆွေးနွေးခဲ့တာနဲ့ လုံးဝကွဲပြားနေတယ်။ ငါ ဂူယင်က ဒီလို အန္တရာယ်မျိုးကို လက်မခံနိုင်ဘူး”
ညှိနှိုင်းစဥ်က ယွမ်ဒန်အဆင့် ကျင့်ကြံသူ တစ်ဦးသာ အများဆုံးရှိမည်ဟု ပြောခဲ့သော်လည်း ယခုရုတ်တရက် လေးဦးပေါ်ထွက်လာသည်။
ဒီအခြေအနေတွင် သူတို့အကြံ အောင်မြင်နိုင်ခြေလုံး၀မရှိေချ။
“ဂူယင်... မင်း ငါ့ကိုသစ္စာဖောက်တယ်” လိန်ပေါင်က ဒေါသထွက်ပြီး ပြောလိုက်သည်။
ဝူယွမ်- “လုံလောက်ပြီ... ထပ်မငြင်းကြနဲ့တော့။ ဆရာကြီး ဂူ... ဆရာကြီးက ရိုးရိုးလေးတွေးနေတာဘဲ ဒီရွှံ့နွံအိုင်ထဲကို ဝင်ရောက်ပြီးကာမှ ညစ်ပေမှုမရှိဘဲ ပြန်လည်ထွက်ခွါဖို့ရာ မျှော်လင့်နေသေးတာလား”
“ဟက်ဟက်... လူငယ်လေး... ငါက သွေးဝတ်ရုံဂိုဏ်း၏ ဒုတိယအကြီးအကဲဆိုတာ မင်း သိတယ်မလား။ ငါ့ကို တစ်ကယ်ဘဲ တိုက်ခိုက်ရဲလို့လား
ဆရာကြီး ဂူက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ သူတို့၏ ဂိုဏ်းချုပ်သည် ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် ဖြစ်သည်။
ဟက်!
ဝူယွမ်သည် စကားများမထားတော့ဘဲ လက်ရမ်းလိုက်ကာ မီးမိုးကြိုးဓား ခုနစ်စင်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် အနီရောင်အလင်းတန်းခုနစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဆရာကြီး ဂူဆီသို့ ပြေး၀င်သွားသည်။
“ဟေ့... ကောင်လေး... တစ်ကယ်ကြီး တိုက်ခိုက်ရဲတာလား။”
ဆရာကြီး ဂူသည် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် ချက်ချင်းပင် ဝိညာဉ်စွမ်းအင်အကာအရံတစ်ခုကို စုစည်းကာ မီးမိုးကြိုးဓားများကို တားဆီးသည်။
“အဲ့လောက်လွယ်လွယ် တားဆီးနိုင်တယ်ပေါ့”
ဝူယွမ်က ရွဲ့ပြောလိုက်သည်။
သူသည် ဝိညာဉ်စွမ်းအင်ဖြင့် ဓားများကို ဆက်လက်ထိန်းချုပ်ကာ ဆရာကြီး ဂူ၏ ဝိညာဉ်စွမ်းအင်အကာအကွယ်ကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။
မီးမိုးကြိုးဓားများပေါ်ရှိ သင်္ကေတများသည် လင်းလက်လာပြီး လျှပ်စီးနှင့် မီးများ ပေါက်ကွဲထွက်လာသည်။ စွမ်းအားပြင်း လျှပ်စစ်မီးဓားသွားများသည် အကာအရံကို ထိခိုက်စေကာ လေကိုပါ ပုံပျက်သွားစေသည်။ မီးမိုးကြိုးဓားများသည် ဆရာကြီး ဂူ၏မျက်နှာရှေ့ရှိ အကာအကွယ်ကို ချိုးဖောက်ပြီး တစ်လက်မချင်းစီ တဖြည်းဖြည်းချင်း တိုးဝင်လာနေသည် အကာအကွယ်ပျက်စီးသွားသည်နှင့် ဓားများသည် ဆရာကြီး ဂူး၏မျက်နှာဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။
“ဝိညာဉ်ပြောင်းသလင်း”
သူ၏ ဝိညာဉ်စွမ်းအင်သည် ချက်ချင်း သလင်းတစ်ချောင်းအဖြစ် စုစည်းသွားကာ မီးမိုးကြိုးဓားများကို တားဆီးလိုက်သည်။
အဆင့်မြင့် ဝိညာဉ်လျှို့ဝှက်နည်းစနစ်ဖြစ်သော ဝိညာဉ်ပြောင်းသလင်းသည် သူ၏ ထူးခြားသော ကျွမ်းကျင်မှုဖြစ်သည်။
ဆရာကြီးဂူ ချွေးရွှဲနေပီဖြစ်သည်။ ဝူယွမ်၏ တိုက်ခိုက်မှုသည် တစ်ကယ်ဘဲပြင်းထန်လှသည်။ ထိုကောင်လေးသည် သူ့ကို သတ်ရန် အမှန်တကယ် လုပ်ဆောင်၀ံ့ပြီး သွေးဝတ်ရုံဂိုဏ်းကို မည်သည့်ကြောက်ရွံ့မှုမျှ မပြခဲ့ချေ။
“သတ်ကြ! ဒီနေ့ လိန်နဲ့ ရှဲ့မိသားစုကို ဖျက်စီးကြမယ်”
လုံချန်းသည် ဓားကြီးကို ဆွဲထုတ်ကာ လိန်ပေါင်ဆီသို့ ပြေး၀င်သွားသည်။
ခန်းမထဲတွင် ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
“အစ်ကိုကြီး... ကျွန်တော် လာကူမယ်”
“၀ိညာဥ်ဖြတ်တောက်ဓားပျံ”
လင်းတုန်သည် အနက်ရောင် အလင်းတန်း ဆယ်ခုကို ဆရာကြီး ဂူ နောက်ကျောမှပစ်လွှတ် တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ဦးသည် ရှေ့နောက်ညှပ်ပြီး တိုက်ခို နေကြသောကြောင့် ဆရာကြီးဂူ ခုခံရန် ခက်ခဲနေသည်။
တစ်ဦးတည်းနှင့်ပင် ရုန်းကန်နေရတာဖြစ်ပြီး နှစ်ဦးဖြစ်သွားသောကြောင့် ပို၍ဆိုးလာသည်။
သိပ်မကြာမီ သူသည် သူ၏ သဘာဝသက်ေတတံဆိပ်ကို ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
“နောက်ဘဝကြရင်... မျက်လုံးတွေကို ကျယ်ကျယ်ထား... နေရာတကာ၀င်မပါမိစေနဲ့”
ဝူယွမ်သည်လည်း သူ၏ သဘာ၀ဝိညာဉ်တက်ေတတံဆိပ်ကို ထုတ်ဖော်လိုက်သည်။ ထိုအချိန်တွင် သူ၏ ဝိညာဉ်သက်ေတတံဆိပ်သည် အားပြင်းတဲ့ စုပ်ယူမှုစွမ်းအားကို ထုတ်လွှတ်ကာ ဆရာကြီး ဂူ၏ သဘာဝသက်တံဆိပ်များထဲမှ တစ်ခုကို ဝါးမျိုလိုက်သည်။
လင်းတုန်းကလည်း အခြားတစ်ခုကို မျိုချလိုက်သည်။
“မင်းတို့... မင်းတို့ဟာတွေက သဘာဝဝိညာဉ်သက်ေတတံဆိပ်တွေပါလား”
ဆရာကြီးဂူသည် အလွန်တုန်လှုပ်သွားပြီး နောက်ဆုံးတွင် သူ ဖိနှိပ်ခံနေရသည့် အကြောင်းအရင်းကို နားလည်သွားသည်။
ထိုအချိန်တွင်မှ သွေးဝတ်ရုံဂိုဏ်းကို ပြိုင်ဘက်က မကြောက်ရွံ့ခြင်း၏ အကြောင်းရင်းကို သူနားလည်သွားသည်။
သဘာဝဝိညာဉ်သက်ေတံဆိပ်များ ပိုင်ဆိုင်သော ဒုတိယအဆောင် သခင် နှစ်ဦးကို ပိုင်ဆိုင်ရန်သည် သွေးဝတ်ရုံဂိုဏ်း အခြေအနေနှင့် လက်လှမ်းမမှီသောအရာဖြစ်သည်။
မူရင်းဇာတ်လမ်းတွင် လင်းတုန်းသည် သူတစ်ဦးတည်း၏စွမ်းအားဖြင့် ဂူးယင်ကို သတ်နိုင်ခဲ့သည်။
ထိုကြောင့် သူတို့၏လက်ရှိစွမ်းအားသည် မည်မျှပြင်းထန်သည်ကို မှန်းဆနိုင်သည်။
လိန်မိသားစုသည် ထိုသို့သောသူများကို ဘယ်လိုများသွားရန်စထားမိသနည်း... ဆရာကြီး ဂူသည် စိတ်ရှုပ်ထွေးနေပြီး အလွန်ကံဆိုးသည်ဟု ခံစားနေရသည်။
သို့သော် ဤလောကတွင် နောင်တ တရားအတွက်ဖြေဆေးမရှိပါ။
“ရွှတ်”
ဝူယွမ်သည် သနားကြင်နာမှုမပြခဲ့ပါ။ ဓားတစ်ချက်ဖြင့် သူ၏အသက်ကို အဆုံးသတ်လိုက်သည်။
လုံချန်း၊လင်းကျဲ့တျန်းတို့ နှင့် လိန်ပေါင်၏တိုက်ပွဲသည်လည်း အမြန်ဆုံးပြီးဆုံးသွားသည်။
“တုန်အာ... မင်းနဲ့မင်းရဲ့လူတွေ လိန်နဲ့ရှဲ့ မိသားစုနှစ်စုက ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူလိုက်”
“ဒီနေ့ကစပြီး ချင်းယန်းမြို့မှာ ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုဘဲ ရှိတော့တယ်”
…
“ဂူးယင်ကို သတ်လိုက်ပီဆိုတော့... သွေးဝတ်ရုံဂိုဏ်းက ဒီကိစ္စကိုသေချာပေါက် ဒီအတိုင်းထားမှာမဟုတ်ဘူး ... ကျွန်တော်တို့ သေချာပြင်ဆင်ထားမှရမယ်”
“သွေးဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝေထုန်က ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် မှာဘဲ။ အားယွမ်... သူနဲ့ ရင်ဆိုင်ဖို့ တစ်ကယ်ဘဲ ယုံကြည်မှု ရှိရဲ့လား။”
“အဖေ... စိတ်ချပါ။ အကယ်၍ အဲ့ဒီဝေထုန်သာ တစ်ကယ်ရောက်လာခဲ့ရင်... သူ့ကိုဖြေရှင်းဖို့ရာ လင်းတုန်းနဲ့ ကျွန်တော့်လက်ထဲသာ လွှဲထားလိုက်”
“ကောင်းပြီ... ဒီအတောအတွင်း မင်းတို့ ကျင့်ကြံခြင်းကိုဘဲ အာရုံစိုက်သင့်တယါ”
“ဒါတွေက လိန်မိသားစု၊ ရှဲ့မိသားစုနဲ့ ဆရာကြီး ဂူ ထဲက ရတဲ့ ယွမ်ဆေးလုံး နှင့် ယွမ်ကျောက်တုံးတွေဘဲ။ မင်းတို့ ကျင့်ကြံဖို့အတွက် အဲ့ထဲက ၈၀% ကိုပေးမယ်”
ဝူယွမ်သည် ယဉ်ကျေးမနေတော့ဘဲ သိုလှောင်အိတ်ကိုယူပြီး လင်းတုန်းကိုရှာဖွေကာ တံခါးပိတ် ကျင့်ကြံတော့သည်။
သွေးဝတ်ရုံဂိုဏ်းသည် ယန်မြို့တွင်ပင် အတော်အတန် အင်အားကြီးမာသည်။ ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုက သူတို့ကိုရင်ဆိုင်ရမည်ဆိုလျှင်၊ ထိုအရာသည် လုံချန်းနှင့် လင်းကျဲ့တျန်းတို့အား ဖိအားပေးနေသည်။
ဝေထုန်ကို ရင်ဆိုင်ဖို့ရာ ဝူယွမ်၏တာ၀န်မှာ သူ၏စွမ်းအားကိုအမြန်မြှင့်တင်ရန်ဖြစ်သည်။
“ဒါတွေအားလုံးကို အဖေကပေးခဲ့တာ။ ယွမ်ကျောက်တုံး တစ်သောင်းကျော် ပါတယ်၊ အဲ့ဒီ ယွမ်ကျောက်တုံးတွေကို ဆေးလုံးတွေအဖြစ် သန့်စင်ပေးအုံး” လင်းတုန်းကို တွေ့သည်နှင့် ဝူယွမ်သည် သိုလှောင်အိတ်ကို သူ့ဆီသို့ ပစ်ပေးလိုက်သည်။
ဆေးလုံးများ သန့်စင်ပြီးနောက် ဝူယွမ်သည် အချို့တစ်၀က်ကို ပိုင်ယွမ်အား ကျွေးလိုက်သည်။
အလွန်များပြားသော ယွမ်ဆေးလုံးများ စားသုံးပြီးနောက် ပိုင်ယွမ်သည် နက်ရှိုင်းစွာ အိပ်ပျော်သွားလေသည်။ သူမတွင် ထူးခြားသော ကိုယ်ပိုင် ကျင့်ကြံမှုနည်းလမ်းရှိပုံရသည်။ အကြိမ်တိုင်း အိပ်စက်ခြင်းသည် နိဗ္ဗာန်ရောက်သည်နှင့်တူပြီး နိုးထလာသောအခါတိုင်း သူမ၏စွမ်းအားသည် သိသိသာသာ တိုးတက်လာသည်။
“ဝေထုန်က ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် မှာရောက်နေပီ၊ သူနဲ့ အနီးကပ်တိုက်လို့မဖြစ်ဘူး၊ သူရဲ့ ယွမ်စွမ်းအင်နက်နဲမှုနဲ့ဆို... ငါတို့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်တယ်”
“ဒါကြောင့်... ငါတို့က အဝေးပစ် လက်နက်တွေကို သုံးပြီး... အဝေးကတိုက်ခိုက်ဖို့ကိုဘဲ အာရုံစိုက်ရမည်”
“အခုအချိန်မှာ... ငါတို့ ပျံသန်းနိုင်တဲ့လက်နက်တွေကို အသုံးပြုဖို့ အဓိကထားလေ့ကျင့်ရမည်”
“ဒါ့အပြင်... သူရဲ့ ယွမ်စွမ်းအင် အကာအကွယ်ကို ချိုးဖျက်ဖို့က ခက်ခဲလိမ့်မယ်၊ သူ့ကိုသတ်ဖို့... ငါ့ရဲ့ မီးမိုးကြိုးဓား၊ မင်ရဲ့ ဝိညာဉ်ဖြတ်တောက်ဓားပျံတွေကို သုံးပြီး ဒါမှမဟုတ် ဆရာကြီး ဂူးဆီကရတဲ့ ဝိညာဉ်ပြောင်းခြင်းသလင်းကိုပါ သုံးရင်တောင် သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲ”
“ငါ့မှာ ယွမ်စွမ်းအင် အကာအကွယ်တွေကို ထိုးဖောက်နိုင်တဲ့ လက်နက်တစ်ခုရှိတယ်၊ ဒီမှာကြည့်”
ဝူယွမ်သည် လင်းတုန်းအတွက် ရွှေရောင်အလုံးသေးသေးလေးများကို ထုတ်ယူလိုက်သည်။
“အစ်ကိုကြီး... ဒါက ဘာလဲ”
“ သေချာကြည့်ထား... ငါသင်ပေးမယ်”
ဝူယွမ်သည် နဂါးချည်မျှင်သလင်း အသုံးပြုပုံကို တစ်ကြိမ်သရုပ်ပြလိုက်သည်။
လင်းတုန်းသည်လည်း လိုက်လုပ်ပြီး မကြာမီ သလင်း၏လျှို့ဝှက်ချက်ကို တွေ့ရှိသွားခဲ့သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ “အစ်ကိုကြီး... ဒီသလင်းက အံ့သြစရာပဲ”
…
သုံးရက်အကြာ
ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့၏ စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြချိန်တွင်... လူအုပ်စုကြီးတစ်စုသည် ယန်မြို့မှ ချင်းယန်မြို့သို့ ချီတက်လာကြသည်။
သူတို့သည် သွေးနီအလံကို ကိုင်ဆောင်ထားသည်။
ဤလူအုပ်စုသည် ရဲရင့်ပြီး ၎င်းတို့တစ်ဦးစီတိုင်းသည် အတော်လေးကြံ့ခိုင်သည်။ သူတို့သည် သံမြေကျေးရွာသို့သွားပြီး အဓိက၀င်ပေါက်ကို ပိတ်ဆို့ထားကြသည်။
“ငါတို့ သွေးဝတ်ရုံဂိုဏ်းရဲ့ ဒုတိယအကြီးအကဲကို ဘယ်သူသတ်ခဲ့တာလဲ။ လူသတ်သမားကို ထုတ်ပေးပါ... ဒါမှမဟုတ် သံမြေကျေးရွာကို တိုက်ခိုက်ရလိမ့်မယ်”
တပ်ခွဲတစ်ခုက ထွက်လာပြီး အော်ဟစ်သည်။
လိန်မိသားစု ခန်းမတွင်း ရှိခဲ့တဲ့ လင်းမိသားစုနှင့် ရူးသွပ်ဓားသိုင်းခန်းမမှ မဟုတ်တဲ့အပြင်လူ အားလုံးသည် သေဆုံးသွားပြီဖြစ်သဖြင့် ဆရာကြီး ဂူ မည်သို့သေဆုံးခဲ့သည်နှင့် မည်သူက သတ်ခဲ့သည်ကို ဘယ်သူမှမသိကြပေ။
ဆရာကြီး ဂူသည် လိန်မိသားစုကို ကူညီရန် သွားခဲ့ပြီး လိန်မိသားစုကို ရူးသွပ်ဓားသိုင်းခန်းမက ဖျက်ဆီးခဲ့သည်ကိုသာ သူတို့သိရှိထားကြသည်။
“ဂိုဏ်းချုပ် ဝေ... ဆရာကြီး ဂူအတွက် လက်စားချေဖို့ရာ လာတာလား” ဟု လုံချန်းက သံမြေကျေးရွာ တံခါးပေါ်မှနေ၍ အသံမြည်အောင် မေးမြန်းသည်။
“မင်းက ဂူးယင်ကို သတ်ခဲ့တာလား” ဝေ့ထုန်သည် မျက်လုံးများကို ကျဉ်းသွားကာ လုံချန်းကို စိုက်ကြည့်လိုက်သည်။
“မဟုတ်ဘူး... ကျွန်တော့်သားက သူ့ကိုသတ်ခဲ့တာ... ဒါပေမယ့် ကျွန်တော်လည်း သူ့ကိုသတ်ချင်ခဲ့တယ်။ အဲ့တော့ကျွန်တော်သတ်ခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်”
လုံချန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“သွေးဝတ်ရုံဂိုဏ်းကို စိန်ခေါ်ရဲတာဘဲ... သူတို့က အသက်ရှင်ရတာ ပင်ပန်းနေပီထင်တယ်”
ဝေ့တုန်းသည် အမိန့်ပေးသည် “မင်းရဲ့စကားအတွက် ပြန်ပေးဆပ်ရလိမ့်မယ်၊ ဝင်ကြ... တစ်ယောက်မှ အရှင်မထားနဲ့ ”
ဤသေးငယ်သော ချင်းယန်းမြို့လေးသည် သူ့အား အဆောင်သခင်တစ်ဦး ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်။
ဝေထုန် ဒေါသတကြီးဖြစ်နေသည်။
ထိုအချိန်တွင်... လူနှစ်ဦးသည် ကျေးရွာ တံခါးပေါ်မှ ပျံထွက်လာကြသည်။ သူတို့သည် လေထဲတွင် ရပ်တန့်နေပြီး ဝိညာဉ်နက်လက်များဖြင့် ပျံသန်းနေြသည်။
ဝူယွမ်- “ဟက်ဟက်... ဂိုဏ်းချုပ် ဝေ... ယန်မြို့မှာလို နိုင့်ထက်စီးနင်းလုပ်ရတာ အကျင့်ဖြစ်နေတာလား... ဒါပေမဲ့ ... ဒီနေရာက ချင်းယန်းမြို့ဘဲ။ မင်းဟာမင်း နဂါးဖြစ်ဖြစ်... ကျားဖြစ်ဖြစ်...ချင်းယန်မြို့မှာဆို ကြောင်တစ်ကောင် သာသာဘဲ”