လင်းတုန် - ကြွက် ကြွက်မဲကြီး
Vol. 4 Ch. 38
ဝူယွမ်သည် ယွမ်ကျောက်တုံး တစ်သိန်းကို ယူလိုက်ပြီး အမရွှမ်စု ၏ကျေးဇူးကို စိတ်ထဲမှမှတ်ထားလိုက်သည်။
ချက်ချင်းဘဲ ရွှမ်စုသည် အပြင်သို့ သွား၍ ရွှေတစ်သောင်းကုန်သည်အသင်းသား များအား သွေးဝတ်ရုံဂိုဏ်း၏ နယ်မြေများကို လွှဲပြောင်းရယူရန် စီစဉ်ပေးခဲ့သည်။
လေလံပွဲစတင်ခဲ့ပြီး လူများလည်း ဝင်ရောက်လာကြသည်။ သူတို့ လေးဦးကတော့ အဆင့်မြင့်သီးသန့်အခန်းငယ်ထဲတွင် ရှိနေကြသည်။
လေလံပွဲများတွင် သိုင်းပညာရပ်များ၊ လက်နက်များ၊ ကျင့်စဉ်များနဲ့ ဝိညာဉ်စွမ်းအားရှိသည့် ဆေးဖက်ဝင်အပင်များကိုသာ အများဆုံး လေလံတင်လေ့ရှိသည်။
လေလံပွဲမှ လက်နက်အများစုမှာ ဆရာယန်�၏ လက်ရာများ ဖြစ်သည်။ ယန်မြို့ လက်နက်သွင်းလုပ်ရာတွင် ယန်းရွှမ်က ဒုတိယလို့ပြောလျှင် ပထမလို့ပြောရဲသူမရှိချေ။
လေလံတင်သည့် ပထမဆုံးပစ္စည်းမှာ ယန်းရွှမ် သွင်းလုပ်ဖန်တီးထားသည့် ဓားရှည်တစ်စင်း ဖြစ်သော ဆောင်းဦးချွန် ဓားရှည်ဖြစ်သည်။
လေလံပွဲစီစဉ်သူက လေလံစတင်လိုက်ပြီး ယွမ်ကျောက်တုံး ငါးရာဖြင့် စတင်ကာ နောက်ဆုံးတွင် ယွမ်ကျောက်တုံး ရှစ်ရာ့ငါးဆယ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
“ဒီ ဆောင်းဦးချွန်း ဓားရှည်က မူလတုန်းက သံထည်နဲ့ လုပ်ထားတဲ့ သာမန် ဓားရှည်တစ်ချောင်းပဲ၊ ဈေးကတော့ ယွမ်ကျောက်တုံး နှစ်ရာလောက်ပဲ ရှိတယ်။ ဒါပေမယ့် ဆရာယန်ရဲ့ လက်ရာနဲ့ ရုန်းတွေဆွဲပြီးတဲ့နောက် မူလဈေးထက် လေးဆကျော်လောက် တက်သွားတာဘဲ” ဟု အမကြီး ရွှမ်စုက သူတို့အား မိတ်ဆက်ရှင်းပြရင်း ဆရာယန်ကိုလည်း ချီးကျူးလိုက်သည်။
အဆောင်သခင်တစ်ဦးက ဝင်ငွေအလွန်ကောင်းသည်ဟု ဆိုရပေမည်။
“ဆရာ၊ ဆရာအချိန်ရရင် လက်နက်သွင်းလုပ်ခြင်းနဲ့ ရုန်းရေးဆွဲခြင်းပညာရပ်ကိုလည်း ဆရာ့ဆီက သင်ယူချင်ပါတယ်”
ဝူယွမ် အတော်လေး စိတ်ဝင်စားသွားသည်။
သူသည် ဒီနည်းဖြင့် ဝင်ငွေရှာရန် မတွေးခဲ့ပါ။ ဒီငွေရှာနည်းသည် လင်းတုန်းကို ဆေးအိုးကြီး အဖြစ်အသုံးပြုခြင်းလောက် ဘယ်လိုမှမမြန်နိုင်ပေ။
သူသည် လက်နက်များပေါ်တွင် ရုန်းများ မည်သို့ရေးဆွဲရမည်ကိုသာ သင်ယူလိုခြင်းဖြစ်သည်။
လက်ဝှက်လက်နက်များထဲတွင် ထန်ဂိုဏ်းမှ လက်ဝှက်လက်နက်များသည် ဒီဇိုင်းအလွန်ကောင်းမွန်ပြီး စွမ်းအားပြင်းထန်သော်လည်း လောကနှစ်ခုကြား အရည်အသွေး ကွာဟချက်ကြောင့် စွမ်းရည် အနည်းငယ်ကိုသာ ပြသနိုင်ခဲ့သည်။
ထိုလက်နက်များပေါ်တွင် ရုန်းများရေးဆွဲနိုင်ပါက လက်နက်များ၏ စွမ်းအားသည် သိသိသာသာ မြင့်တက်လာနိုင်သည်။
၎င်းသည် တုန့်လော်လောကမှ ဝိညာဉ်လက်နက်များ၏ သဘောတရားနှင့် ဆင်တူသည်။
ယန်းရွှမ်- “မင်းသင်ချင်ရင် သင်ပေးရတာပေါ့။ ဒါပေမဲ့ လက်နက်သွင်းလုပ်တဲ့ လမ်းကြောင်းက အချိန်ပေးဖို့ လိုတယ်။ အများအားဖြင့် အဆောင်သခင်တွေက သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို တိုးတက်အောင် လုပ်ဖို့ ခက်ခဲတဲ့အချိန်ရောက်မှသာ ဒီလမ်းကြောင်းကို ရွေးချယ်ကြတယ်။ အရင်က မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ရာမှာ နှောင့်နှေးမှာဆိုးလို့ မသင်ပေးခဲ့တာ”
ဝူယွမ်သည် နားလည်သည့်ဟန်ဖြင့် ပြောသည်- “ကျွန်တော် ကြိုးစားကြည့်ချင်တယ်။ သင်ယူဖို့ မလွယ်ရင် စွန့်လွှတ်လိုက်မယ်လေ၊ အဲ့တာဆို အချိန်လည်းမကုန်တော့ဘူး”
“မောင်လေး... ဆရာက မင်းကောင်းကျိုးအတွက် တွက် တွက်...”
စကားပြောရင်းတန်းလန်း ဇီယွဲ့၏မျက်နှာသည် ငေးငိုင် စိတ်ပျက်သွားပြီး ငိုကြွေးသံပေါက်လာကာ- “ဆရာ... ဆရာက အခု ကျွန်မကို လက်နက်ပြုပြင်တဲ့ပညာ သင်ပေးတယ်ဆိုတော့... ကျွန်မမှာ တိုးတက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောချင်တာလား”
“အို... ဆရာက ဒီလိုဆိုလိချင်တာမဟုတ်ဘူးလေ” ယန်းရွှမ်သည် အနည်းငယ် ရှက်သလို ဖြစ်နေသည်... သူက ဇီယွဲ့ကို အစောကြီး သင်ပေးလိုက်မိသွားသည်။
“ဟားဟားဟား”
“ဟားဟားဟား”
ရှားကျိလန်နှင့် ဝူယွမ်တို့သည် မထိန်းနိုင်တော့ဘဲ အဆက်မပြတ် ရယ်မောနေကြသည်။
ဇီယွဲ့ နှုတ်ခမ်းဆူသွားပြီး... “ငါကပဲ အရူးကြီးကြလို့။”
“ဟီး... ဆရာယန်က မောင်လေးဝူယွမ်ရဲ့ အနာဂတ်ကို အများကြီးမျှော်လင့်ထားမှန်း ထင်ရှားပါတယ်” အမကြီး ရွှမ်စုသည် ကျွမ်းကျင်စွာဖြင့် စကား၀ိုင်း ခေါင်းစဉ်ကို ပြောင်းလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ... လေလံပွဲကို ကြည့်ကြရအောင်”
ဆရာယန်သည် ခေါင်းကို လေလံဆွဲပွဲစင်ဘက်သို့ လျင်မြန်စွာ လှည့်ကာ ကြည့်နေလိုက်သည်။
“အို... ပြောဖို့မေ့သွားတယ်၊ မောင်လေးဝူယွမ်... မင်းလိုတဲ့ပစ္စည်းရှိရင် လေလံ၀င်ဆွဲလို့ရတယ်။ မင်းက ငါတို့အသင်းရဲ့ ဧည့်အကြီးအကဲဖြစ်လာပီမလို့ နှစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးမယ်” ရွှမ်စုက ပြောလိုက်သည်။ သူမသည် ဝူယွမ်ဘေးတွင် ထိုင်နေသဖြင့် သူမ၏ကိုယ်သင်းနံ့များသည် မွှေးကြိုင်နေကာ အနံ့သင်းသင်းလေးများ ဝူယွမ်၏နှာခေါင်းထဲသို့ ဆက်တိုက်ဝင်ရောက်နေသည်။
ရွှမ်စုဆိုသည့် အမျိုးသမီးသည် လူမှုဆက်ဆံရေး အလွန်ကျွမ်းကျင်သည်။ သူမနှင့်အတူထိုင်သည့် ဝူယွမ်သည် “နွေဦးလေပြေလေးများတိုက်ခတ်သလို” ခံစားနေရသည်။
“ကောင်းတယ်၊ တကယ်တော့ ကျွန်တော် ဝယ်ချင်တဲ့ပစ္စည်းတချို့ရှိတယ်” ဟု ဝူယွမ်သည် ပျော်ရွှင်စွာဖြင့် ပြောသည်။ ရာခိုင်နှုန်း ၂၀ လျှော့ပေးခြင်းသည် ယွမ်ကျောက်တုံး အများအပြားကို ချွေတာပေးနိုင်သည်။
သူသည် ဝိညာဉ်ဆေးပင်များ၊ အတိအကြဆို အဆင့်မြင့် ဝိညာဉ်ဆေးပင်များကို လိုချင်နေသည်။ ထိုဆေးပင်များသည်ဈ သူကိုယ်တိုင်ရော၊ လင်းတုန်းနှင့် ပိုင်ယွမ်တို့ပါ လိုအပ်သည်။
“အို... ဟုတ်သားဘဲ၊ ဒီ ‘မောင်လေး’ ဆိုတဲ့အခေါ်အဝေါ်က နည်းနည်းတော့ တစ်မျိုးကြီးဘဲ၊ ပြီးတော့ ကျွန်တော်က လည်းအဲဒီလောက်မငယ်တော့ဘူးလေ။ အမကြီး ရွှမ်စုကို ကျွန်တော်က ‘အစ်မ’ လို့ခေါ်မယ်၊ အမက ‘ယွမ်’ လို့ဘဲခေါ်ပါ”
သူသည် ‘မောင်လေး’ ဟူသော စကားလုံးသုံးလုံးကို မသက်မသာခံစားရသည်။ သူမငယ်တော့ပါ။ သူသည် အလွန်ကြီးမားသည်။
“ဟီး... ကောင်းပြီ၊ အစ်မကြီးက မင်းပြောတဲ့အတိုင်းလုပ်မယ်”
လေလံပွဲဆက်လက်ပြုလုပ်ခဲ့ပြီး မကြာမီ ဝူယွမ်လိုချင်သည့် အရာပေါ်လာခဲ့သည်။
“ ကျိလင်း ဆေးပင် - အဆင့်ငါး ဝိညာဉ်ဆေးပင်၊ ဝိညာဉ်ကို အာဟာရဖြည့်ပေးနိုင်တယ်။ လေလံဈေး - ယွမ်ကျောက်တုံး နှစ်ရာ” ဟု လေလံပွဲစီစဉ်သူက မိတ်ဆက်လိုက်သည်။
အဆင့်ငါး ဝိညာဉ်ဆေးပင်၊ ချင်းယန်းမြို့မှာ သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဝိညာဉ်ဆေးပင်များကို လူတိုင်း အပြိုင်အဆိုင်လိုချင်နေပြီး ချက်ချင်းဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက် သုံးရာ၊ လေးရာ၊ ငါးရာအထိ ေစျးတင်လိုက်ကြသည်။
အသံများငြိမ်သွားသည်နှင့် ဝူယွမ်က အော်လိုက်သည်။
“ယွမ်ကျောက်တုံး ခြောက်ရာ”
သူသည် ဝိညာဉ်ဆေးပင်ကို ယွမ်ကျောက်တုံး ခြောက်ရာဖြင့် အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
ထို့နောက် ဝူယွမ်သည် နောက်ထပ်ပေါ်လာသည့် ၀ိညာဥ်ဆေးပင်အားလုံးကို လေလံ၀င်ဆွဲခဲ့သည်။
သူသည် အဆင့်ငါး ဝိညာဉ်ဆေးပင်ငါးပင် ရရှိခဲ့သည်။
လေလံပွဲ၏ နောက်ဆုံးအဓိကပစ္စည်းမှာ အဆင့်မြင့် ဝိညာဉ်စွမ်းအင်လျှို့ဝှက် ပညာရပ်တစ်ခုဖြစ်သည်။
လှိုင်းထစ်ခြင်း ပညာရပ်၊
ဇီယွဲ့သည် ယွမ်ကျောက်တုံးအမြောက်အမြား အကုန်ခံကာ ထိုပညာရပ်ကို ဝယ်ယူခဲ့သည်။
“အမကြီး ရွှမ်စု... ဒန်ရှန်ရေကန် ပြိုင်ပွဲအတွက် လူတစ်ယောက် လိုနေတုန်းပဲ။ ဒီ ဝူယွမ်ကို... “
လေလံပွဲအပြီးတွင် ရှားကျိလန်သည် အမကြီး ရွှမ်စုနားကပ်ပြီး တိုးတိုးပြောကာ သတိပေးလိုက်သည်။
“အို... ငါမေ့သွားတယ်၊ ညီမလေးက သူ့ကို မျက်စိကြနေပုံဘဲ” ရွှမ်စု၏ မျက်လုံးများ လင်းလက်သွားသည်။
ဝူယွမ်သည် အဆောင်သခင် ဒုတိယအဆင့် စွမ်းရည်နှင့် ဂူယင် နှင့် ဝေထုန် တို့ကို သတ်ဖြတ်နိုင်ခဲ့သည့် အတွက် ဒန်ရှန်ရေကန် ပြိုင်ပွဲအတွက် ကိုယ်စားလှယ်အဖြစ် သူ့ကို ရွှေးချယ်ဖို့ရာ အသင့်တော်ဆုံးဖြစ်သည်
“ယွမ်... အစ်မကြီးမှာ တောင်းဆိုချင်တာတစ်ခုရှ်တယ်” ရွှမ်စုက ဝူယွမ်ကို ခေါ်ကာ ပြောလိုက်သည်။
“အစ်မ စု... ပြောပါ။ ဝူယွမ် ကူညီနိုင်တဲ့အရာဆို အစွမ်းကုန် ကြိုးစားပေးပါ့မယ် ”
“မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ဒီကိစ္စကအလွယ်လေးပါ”
ရွှမ်စုသည် ချက်ချင်းဆိုသလိုပင် ဒန်ရှန်ရေကန် ပြိုင်ပွဲအကြောင်းကို ဝူယွမ်အား ရှင်းပြခဲ့သည်။
ဒန်ရှန်ရေကန်ဆိုသည်မှာ ရှားပါးသည့် အံ့ဖွယ်နေရာ တစ်ခုဖြစ်သည်။ ဒန်ရှန်ရေကန်အတွင်းတွင် အလွန်သန့်စင်သော ယင် နှင့် ယန် စွမ်းအင်များစွာ ရှိသည်။ ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ထိုစွမ်းရည်များကို စုပ်ယူခြင်းဖြင့် ယွမ်ဒန်အဆင့်သို့ မြန်မြန်ဆန်ဆန် တိုးတက်နိုင်သည့်အပြင် သူတို့ဖွဲ့စည်းလိုက်သည့် ယွမ်ဒန်သည်လည်း အနည်းဆုံး ကြယ်ခြောက်ပွင့်အဆင့် နှင့် အဲ့ထက်မြင့်သော အရည်အသွေးရှိသည်။
ရွှမ်စု- “ယန်မြို့အရှေ့ပိုင်း တောတောင်ထဲမှာ ရွှေတစ်သောင်းကုန်သည်အသင်းနဲ့ သွေးဝံပုလွေဂိုဏ်းက ဒန်ရှန်ရေကန်ကို တစ်ချိန်တည်းတွေ့ခဲ့ကြတယ်”
“ဒန်ရှန်ရေကန်က ယွမ်ဒန်ကို ဖွဲ့စည်းပြီးသား ကျင့်ကြံသူတွေအတွက် အကျိုးသိပ်မရှိပေမဲ့ ယွမ်ကောင်းကင်နယ်ပယ်အဆင့်ရှိ လူငယ်တွေအတွက်တော့ ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်တစ်ခုလိုဘဲ။ အမတို့ အင်အားစုနှစ်ခုလုံးက ဒီဒန်ရှန်ရေကန်ကို လိုချင်လို့ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံး ပြိုင်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်”
“ ပြိုင်ပွဲမှာ မျိုးဆက်သစ်လူငယ်တွေဘဲ ပါ၀င်လို့ရမှာဖြစ်ပြီး သုံးပွဲကျင်းပပြီး နှစ်ပွဲအနိုင်ရရှိသူက အနိုင်ရလိမ့်မယ်။
အမတို့မှာ ပြိုင်ပွဲအတွက် ကိုယ်စားလှယ်နှစ်ယောက်ကို သတ်မှတ်ပြီးသွားပီ အစက တတိယတစ်ယောက်ရှိပေမဲ့ ကျိလန်က သူ့ကို စိတ်တိုင်းမကြဘူး၊ ဒါကြောင့် တစ်နေရာစာကလွှတ်နေသေးတယ်”
“ဒါဆိုရင် ဒီလိုပေါ့” ဝူယွမ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင် ဝမ်းသာနေသည်... “နောက်ဆုံးတော့ အခွင့်အရေးက ငါ့ဆီရောက်လာပြီ။”
“သုံးပွဲကျင်းပပြီး နှစ်ပွဲအနိုင်ရ ရမယ််ဆိုတော့။ ပြိုင်ဘက်တွေက ယွမ်ကောင်းကင်နယ်ပယ်အဆင့် မှာပဲရှိရင် ကျွန်တော်က တစ်ပွဲအနိုင်ရမယ်လို့ အာမခံတယ်။ ကျန်တဲ့နှစ်ပွဲအတွက် တစ်ပွဲအနိုင်ရဖို့ အမတို့ကေသချာရဲ့လား”
ဝူယွမ်က အမကြီး ရွှမ်စုနှင့် ရှားကျိလန်တို့ကို ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
ရွှမ်စု- “ငါတို့ရထားတဲ့သတင်းတွေအရဆိုရင် သွေးဝံပုလွေဂိုဏ်းဘက်က ဂိုဏ်းခေါင်းဆောင်ရဲ့ ကလေးနှစ်ယောက်က ဒန်ရှန်ရေကန် ပြိုင်ပွဲအတွက် အဓိကဦးဆောင်ကြလိမ့်မယ်၊ သူတို့နှစ်ယောက်စလုံးက ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်မှာရှိပြီး ကျိလန်ထက်မနိမ့်ဘူး။ တစ်ပွဲအနိုင်ရဖို့က ယုံကြည်မှုနည်းနည်းရှိပေမယ့် အမှားအယွန်းမရှိ နိုင်နိုင်မယ်လို့ မဆိုလိုဘူး”
သူမဘေးမှ ရှားကျိလန်သည် မျက်ခုံးပင့်လိုက်မိသည်။ သူမသည် တစ်ပွဲအနိုင်ရနိုင်သည်ဟု ပြောလိုက်ချင်သည်။ သူမသည် ယွဲ့မောင်နှမနှစ်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူမသည် အစ်ကိုဖြစ်သူ ယွဲ့ဖုန်းကို မနိုင်ခဲ့သော်လည်း ညီမဖြစ်သူ ယွဲ့လင်းကို အနည်းငယ်သာခဲ့သည်။ ဒါပေမဲ့ သူမသည် ပွဲစီစဉ်ပုံကို မသိသောကြောင့် အာမ မခံရဲချေ။
“ကျွန်တော့်မှာ ကိုယ်စားလှယ်နေရာအတွက် နောက်ထပ် တစ်ယောက်ရှိတယ် သူကလည်း အဆောင်သခင် ဒုတိယအဆင့်မှာရှိပြီး ဝေထုန်လို ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့်ရှိ ကျင့်ကြံသူကိုတောင် သတ်နိုင်တယ်” ဟု ဝူယွမ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သူသည် လင်းတုန်၏စွမ်းရည်ကို ပေါ်လွင်စေရန် ဝေထုန်ကို အသုံးပြုခဲ့သည်။
သူ့ဘေးမှ သုံးယောက်စလုံး မျက်လုံးများပြူးသွားပြီး ... “ဝေထုန်ကို သတ်ဖြတ်ရတာက အဲဒီလောက်လွယ်တယ်လား။”
“သူနဲ့ကျွန်တော်သာ ဒန်ရှန်ရေကန် ပြိုင်ပွဲမှာ အတူတူပါဝင်ခဲ့ရင် နှစ်ပွဲအနိုင်ရဖို့က ပြဿနာမရှိဘူး။ အမ ကျိလန်တောင် ထွက်စရာမလိုဘူး” ဟု ဝူယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“မောင်လေးယွမ်နဲ့ ယှဉ်နိုင်တဲ့ စလူငယ်ကျင့်ကြံသူတစ်ယောက် ရှိသေးတယ်လား။ ဒါဆိုရင် ဒီအစ်မကြီးကို ကျိန်းသေမိတ်ဆက်ပေးရမယ်နော်” ဟု ရွှမ်စုက အံ့အားသင့်ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
သူမသည် ပါရမီရှင်များ စုဆောင်းရသည်ကို အကြိုက်ဆုံးဖြစ်သည်။
“သူသာလာဖို့သဘောတူရင် သူ့ကိုလည်း မင်းလိုပဲ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲ ရာထူးပေးမယ်” ဟု ညီမကြီး ရွှမ်စုက ကတိပေးခဲ့သည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပါ။ ငယ်ရွယ်တဲ့ အဆောင်သခင် ဒုတိယအဆင့် ဆိုတဲ့အကြောင်းအရာ တစ်ခုတည်းကပင် ရွှမ်စုအား လင်းတုန်ကို အလေးအနက်ထားစေရန် လုံလောက်သည်။
ဝူယွမ်ကဲ့သို့ အဆောင်သခင် ဒုတိယအဆင့် က ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်သည် ဆိုတာကိုတော့ အတည်မယူပေ။
“ကောင်းပြီ... ကျွန်တော် အခုဘဲ သူ့ကိုသွားခေါ်လာခဲ့မယ်”
ဝူယွမ်သည် ပိုင်ယွမ်ကို စီးကာ ချင်းယန်မြို့သို့ ချက်ချင်းပြန်သွားခဲ့သည်။
ထိုအချိန်တွင် ချင်းယန်းမြို့၌ လင်းတုန်းသည် အခန်းထဲတွင် ထိုင်နေပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို ကျောက်လက်ဖွဲ့နေရာလွတ်ထဲသို့ လွှတ်ကာ နေရာတိုင်းကို အဆက်မပြတ်ရှာဖွေနေသည်။
သံမြေကျေးရွာ၏ မီးလှိုင်ဂူအတွင်းရှိ ထူးဆန်းသော မကောင်းဆိုးဝါးပန်းကို ကျောက်လက်ဖွဲ့က စုပ်ယူလိုက်ကတည်းက လင်းတုန်းသည် ကျောက်လက်ဖွဲ့ နေရာလွှတ်ထဲတွင် အခြားသက်ရှိများရှိသေးသည်ဟု ကောက်ချက်ချခဲ့သည်။
တစ်လက်မ မကျန် ရှာဖွေနေပြီး နောက်ဆုံးတွင် သူသည် တစ်ခုခုကို တွေ့လိုက်ရသည်။
“မင်းကိုရှာတွေ့ပီ”
“ဝိညာဉ်ပြောင်းလဲခြင်းအပ်”
လင်းတုန်းသည် ဝိညာဉ်ပြောင်းလဲခြင်းအပ်များကို အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်သည့်အရာကို ထွက်လာစေခဲ့သည်။
အလင်းတန်းတစ်ခုသည် လင်းတုန်းရှေ့တည့်တည့် ကျလာခဲ့သည်။ လင်းတုန်းက အနီးကပ်သွားကြည့်လိုက်ပြီး မျက်နှာပေါ်တွင်လည်း အံအားသင့်မှုများ ပြည့်နှက်နေသည်။ အလင်းမှိန်သွားသည်နှင့် ရှင်းရှင်းလင်းလင်းမြင်လာရသည်။ ထိုလျှို့၀ှက်ဆန်းကြယ်သည့် အရာသည် လက်ဝါးအရွယ် အမဲရောင်ကြွက်တစ်ကောင်ဖြစ်နေခဲ့သည်။
လင်းတုန်း အလွန်အံ့အားသင့်သွားခဲ့ပြီး အလန့်တကြား အော်ဟစ်လိုက်သည်။
“အမယ်လေး... ကြွက် ကြွက်… ကြွက်မဲကြီး ”