အရှင်သခင်ဒေါင်၊ဝူယွမ်ကိုကြောက်နေသော ကောင်းကင်မြွေပါ။
Vol. 4 Ch. 39
လင်းတုန်သည် အမှန်တကယ်အံ့အားသင့်သွားခဲ့ရသည်။ ကျောက်လက်ဖွဲ့ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး အဆင့်မြင့်သည့်ပစ္စည်းတွင် ကြွက်များပါရှိနေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သူသည် ချက်ချင်းပင် စိတ်ပျက်သွားခဲ့ရသည်။
ထိုကြွက်နက်ကြီးကြောင့် တစ်နေ့လုံး စိတ်လှုပ်ရှားနေခဲ့ရသည်။
သို့သော် ကြွက်နက်ကြီးသည် လင်းတုန် ပြောတာကို ကြားလိုက်ရသောအခါ အမွေးများထောင်လာပြီး သေးငယ်သည့်မျက်လုံးများဖြင့် လင်းတုန်ကို အမျက်ထွက်ကာ လူသားဘာသာစကားနဲ့ ပြောဆိုလာခဲ့သည်။
“မင်းကပဲ ကြွက်မဲကြီး။ မင်းမိသားစုကြီးကလည်း ကြွက်မဲကြီးတွေချည်းပဲ။”
ရှောင်ဒေါင်သည် အလွန်ဒေါသထွက်နေသည်။ မြင့်မြတ်လှသော ကောင်းကင်မြွေပါသည် ထို စော်ကားမှုကို မည်သို့လက်သင့်ခံနိုင်မည်နည်း။
“အင်~ လူစကားလည်း ပြောတတ်တယ်ဟ” လင်းတုန်သည် တုန်လှုပ်သွားပြီး ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်... ကြွက်ကို နတ်ဆိုးဝင်ပူးသွားပြီ။
ကြွက်၏ ထထောင်ထောင်ဖြစ်နေသော ရုပ်ရည်သည် သူ့အား ကြောက်ရွံ့မှုကို ခံစားရစေသည်။
“အသိညာဏ်မရှိတဲ့ လူသား၊ အရှင်သခင် ဒေါင်က ကောင်းကင်မြွေပါတစ်ကောင်ဘဲ၊ ကြွက်မဟုတ်ဘူး။”
ရှောင်ဒေါင်၏ သေးငယ်သည့်မျက်လုံးများ ဖောင်းကြွလာပြီး စိတ်ဆိုးဒေါသထွက်သည့်ပုံစံဖြင့် ပြောဆိုလိုက်သည်။ ထိုကြွက်နက်ကြီး၏ ပုံစံမှာ ဘယ်လိုကြည့်ကြည့် ရယ်ဖွယ်ကောင်းလှသည်။
ဖူး...!
လင်းတုန်သည် မရယ်ဘဲမနေနိုင်ခဲ့ပေ။
သူစိတ်ထဲမှာပဲ ညည်းညူလိုက်သည်... “ကောင်းကင်မြွေပါလား၊ နာမည်ကတော့ ကြောက်စရာကောင်းပေမယ့် ကြွက်နဲ့ခပ်ဆင်ဆင်ပဲကို။”
သို့သော် လင်းတုန်သည် စိတ်ထဲမှာပဲ ညည်းညူဝေဖန်ပြီး ထပ်မံမပြောဝံ့တော့ပေ။ ကောင်းကင်မြွေပါသည် ‘ကြွက်မဲကြီး’ ဆိုသည့်စကားလုံးအပေါ် မည်မျှအထိခံစားနေရသည်ကို မြင်တွေ့ရသဖြင့် ထပ်ပြောမိပါက သူ၏ဒူးကိုကိုက်ရန်ခုန်တက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
“မင်းက မြွေပါဘဲဖြစ်ဖြစ်ဘာဘဲဖြစ်ဖြစ်၊ ဒီထဲဘယ်လိုရောက်နေတာလဲဆိုတာ ပြောပြစမ်း။”
လင်းတုန်သည် အလွန်သတိထားနေသည်၊ အထူးသဖြင့် ကျောက်လက်ဖွဲ့နှင့်ပတ်သက်လာလျှင်ဖြစ်သည်။ သူဆ ကောင်းကင်မြွေပါကို မေးလိုက်သည်။
သူတို့၏ ပထမဆုံးတွေ့ဆုံမှုမှာ မရိုးရှင်းခဲ့ပေ။
...ဝူယွမ်သည် ပိုင်ယွမ်ကိုစီးကာ သံမြေကျေးရွာသို့ ရောက်ရှိလာခဲ့သည်။
အဝေးမှ အနီရောင်အရိပ်တစ်ခုသည် လိုလီမလေးကို သယ်ဆောင်ပြီး ပျော်ရွှင်စွာ ပြေးလွှားလာခဲ့သည်။
ရှောင်ယန်ကိုစီးနေသော ချင်းတန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“အိုး... ဝူယွမ်အစ်ကို၊ တကယ်ပဲ အကိုပြန်လာတာလား။”
သူမသည် ကျေးရွာအတွင်း ရှောင်ယန်နှင့်အတူ ကစားနေစဉ် ရှောင်ယန်သည် ရုတ်တရက် ကျေးရွာ၏အဝင်ဝသို့ ပြေးသွားခဲ့သည်။
“ချင်းတန်လား၊ မင်းအတော်လေး ကြီးလာတယ်နော်။”
ဝူယွမ်သည် အနည်းငယ်စိတ်လေးနေသည်... သူရှေ့မှလိုလီမလေးသည် အခုအချိန်တွင် ကြီးသင့်သည့်နေရာကြီး ထွားသင့်သည့်နေရာထွား လာသဖြင့် လိုလီမလေးမဟုတ်တော့ပေ။
ချင်းတန်သည် ဘောင်းဘီတိုကို၀တ်ဆင်ထားပြီး ရှည်လျားဖြူဖွေးသော ခြေတံလေးများသည် ရှောင်ယန် အငြိမ်မနေတာကြောင့် လှုပ်ရှားနေသည်။ သူမ၏မျက်နှာချိုချိုလေးသည် သေးသွယ်ပြီး ပါးချိုင့်နှစ်ခုပါရှိသည်။ သူမသည် အလွန်ချစ်စရာကောင်းလှသည်။
“ဘာကိုဆိုလိုတာလဲ။ ညီမကြီးလာတာ မကောင်းဘူးလား” ကျိမ်တန်းသည် ဝူယွမ်၏ အသံအနေအထားကို မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။
သူတို့အတူတူပိုမိုနေထိုင်လာသည်နှင့်အမျှ ဝူယွမ်သည် မကြာခဏ လင်းတုန်နှင့်အတူ “တွဲပြီး” အပြင်ထွက်လေ့ရှိသည်။ ချင်းတန်သည်လည်း ဝူယွမ်အား လင်းတုန်ကဲ့သို့ ‘အစ်ကို’ နေရာတွင် ထားလာပြီး ပိုမိုရင်းနှီးတဲ့ ခံစားမှုတစ်မျိုးဖြစ်လာခဲ့သည်။
ထို့အပြင် ကလေးဘဝတည်းက အတူတူကြီးပြင်းလာခဲ့သော မွေးချင်းအစ်ကိုတစ်ဦးဖြစ်သည့် လင်းတုန်နှင့်မတူပေ။ လင်းတုန်သည် ခေါင်းမာသူတစ်ယောက်ဖြစ်သည်။ ဝူယွမ်သည် မကြာခဏ သူမကိုစတတ်ပြီး သူမ၏ချစ်စရာကောင်းမှုနှင့် လှပမှုကို ချီးကျူးလေ့ရှိသည်။ ဝူယွမ်၏ချီးကျူးမှုသည် လိုလီမလေး ချင်းတန်အား ကြိတ်၀မ်းသာစေခဲ့သည်။
ယခုအခါတွင် ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့သည် မဟာမိတ်အဖွဲ့တစ်ခုအဖြစ် လုံးဝပေါင်းစည်းသွားခဲ့ပြီး မိသားစုနှစ်ခု၏ လူငယ်များသည် အတူတကွကစားလေ့ရှိကြသည်။ ဝူယွမ်သည်လည်း လူငယ်များထဲတွင် အထင်ရှားဆုံးသူဖြစ်လာခဲ့သည်။
လူများစွာသည် ဝူယွမ်ကို လေးစားကြည်ညိုကြသည်။ ချင်းတန်၏ မိသားစုအတွင်း အလှပဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးဖြစ်သူ အမကြီး လင်းရှားသည်ပင် ဝူယွမ်ကို ကြိတ်ကြိုက်နေသည်ကို သိခဲ့ရသည်။
ထို့ကြောင့် သူမသည် ဝူယွမ်၏ စကားများကို တဖြည်းဖြည်းဂရုစိုက်လာခဲ့သည်။
“ဟုတ်တယ်၊ ချင်းတန် ကြီးပြင်းလာတဲ့အခါ လက်ထပ်ရတော့မယ်လေ၊ အဲ့ကြ ချင်းယန် လက်ထပ်သွားရင် ဒီအစ်ကိုလေးကို ထားခဲ့တော့မှာကိုစိတ်ပူလို့ပါ”
ဝူယွမ်သည် ချင်းတန် ချက်ချင်းလက်ထပ်သွားမည်ကို ကြောက်နေသည့်ဟန်ဖြင့် ၀မ်းနည်းစွာ ပြောလိုက်သည်။
“ဝူယွမ်အစ်ကို ဘာတွေပြောနေတာလဲ။ ချင်းတန် ဘယ်သူ့ကိုမှ လက်ထပ်မှာမဟုတ်ဘူး။”
ချင်းတန်၏ ချစ်စရာကောင်းသော မျက်နှာလေးသည် နီမြန်းသွားပြီး သူမ၏ ပါးချိုင့်လေးများ ပေါ်လာကာ ဆံပင်ကို လုံးချေနေလေသည်။
ဝူယွမ်က “မိန်းကလေးတိုင်း နောက်ဆုံးတော့ လက်ထပ်ရမှာပဲ၊ ဒါကြောင့် ငါတို့ ချင်းတန်လေးလည်းအတူတူဘဲ၊ ဘယ်ကောင်ကံကောင်းအုံးမလဲ မသိဘူး”
“ဟမ်... ညီမလက်ထပ်မှာမဟုတ်ဘူး၊ လက်မထပ်ဘူး။ ဝူယွမ်အစ်ကိုနဲ့ လင်းတုန်အစ်ကိုဆီမှာဘဲ တစ်သက်လုံးနေချင်တယ်” ချင်းတန်က အော်ပြောလိုက်သည်။ သူမသည် လက်ထပ်ခြင်းအကြောင်းကို တွေးရုံမျှနှင့် စိတ်ညစ်နေပုံရသည်။
သို့သော် ဝူယွမ်သည် တစ်ခုကို သတိပြုမိလိုက်သည်။
အရင်က ချင်းတန်သည် လင်းတုန်နှင့် သူ့ကိုဖော်ပြသည့်အခါတိုင်း လင်းတုန်ကို အမြဲတမ်းဦးစားပေးဖော်ပြခဲ့သည်။
ယခုတော့ ဝူယွမ်သည် ဦးစွာရောက်ရှိလာခဲ့ပီဖြစ်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ အစ်ကိုကစနေတာပါ။ မင်းလက်ထပ်ချင်ရင် လက်ထပ်လိုက်၊ လက်မထပ်ချင်ရင် လက်မထပ်နဲ့။ အစ်ကိုက မင်းကို တစ်သက်လုံး စောင့်ရှောက်ပေးမယ်။”
ဝူယွမ်သည် ပြုံးရင်းပြောလိုက်သည်။ ကျင်းတန်ကိုစရတာ အမြဲတမ်းပျော်ဖိုကောင်းသည်။
မူရင်းဇာတ်လမ်းတွင် ထိုအစ်ကိုကိုးကွယ်သူ လိုလီမလေးသည်ဆ အမှန်တကယ်ပင် လက်မထပ်ခဲ့ပေ။
ဝူယွမ်သည် မူရင်းဇာတ်လမ်းကိုဖတ်ပြီးသည့်အခါ လင်းတုန်သည် အလွန်မတရားသည်ဟု ခံစားရသည်။
သူသည် သူ့ညီမ၏ခံစားချက်ကို ရှင်းရှင်းလင်းလင်းသိသော်လည်း တာဝန်လည်းမယူ လက်လွှတ်မပေးဘဲ နှောင့်ယှက်နေခဲ့သည်။
ေလးစားဖို့ကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်က အမျိုးသမီးတစ်ဦးတည်းကိုဘဲ ချစ်ရတာလား။
ဝူယွမ်သည် ဤအချက်ကို အမှန်တကယ်မနှစ်သက်ပေ။
ထို့ကြောင့် သူသည် ချင်းတန်နှင့် စတွေ့ကတည်းက သူမ၏အချစ်ကို လင်းတုန်အပေါ်မှ အာရုံပြောင်းရန် သေချာနှောင့်ယှက်နေခဲ့သည်။
အနည်းဆုံးတော့ လင်းတုန်လိုမဟုတ်ဘဲ သူ့ကိုချစ်သောသူကို စိတ်မပျက်စေရပေ။
ကိုယ့်ကိုချစ်သောသူနှင့် ကိုယ်ချစ်သောသူကြားတွင် ဝူယွမ်သည် ကိုယ့်ကိုချစ်သောသူကို တန်ဖိုးထားရန် အရေးကြီးသည်ဟု ခံစားရသည်။
“ဟီး... ဝူယွမ်အစ်ကို အကိုပြောတာနော်။”
ချင်းတန်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး ပျော်ရွှင်သွားခဲ့သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။”
ဝူယွမ်သည် အလျင်အမြန်ခေါင်းညိမ့်ကာ ဆက်ပြောသည်။
“မင်းအစ်ကို လင်းတုန် ဘယ်မှာလဲ။ သူ့ကိုပြောစရာရှိလို့။”
ချင်းတန်၏ မျက်နှာလေးသည် ချက်ချင်းမှိန်ကျသွားပြီး နှုတ်ခမ်းကိုဆူလိုက်ကာ “အကိုရောက်လာတာနဲ့ လင်းတုန်အစ်ကိုကိုပဲ တန်းရှာတော့တာဘဲ” ဟု ပြောလိုက်သည်။
“သူအခန်းထဲမှာ ရှိတယ်”
ဝူယွမ်သည် ချင်းတန်၏ ခေါင်းလေးကို ပုတ်ပေးပြီး “လင်းတုန်နဲ့ အရေးကြီးကိစ္စ ပြောစရာရှိလို့”
“မင်း ပိုင်ယွမ်နဲ့ကစားနေလိုက်အုံး။”
ပိုင်ယွမ်ကိုလည်း ထားရစ်ခဲ့ပြီး ဝူယွမ်သည် လင်းတုန်ရှိရာသို့ထွက်လာခဲ့သည်။
“ခေါက်၊ ခေါက်၊ ခေါက်။”
ဝူယွမ်သည် တံခါးကိုခေါက်လိုက်သည်။
“ညီလေးရေ၊ ငါပြန်လာပြီ။”
အခန်းထဲတွင် ကောင်းကင်မြွေပါနှင့် ဆက်သွယ်နေသော လင်းတုန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ချက်ချင်းပြန်သိမ်းလိုက်သည်။
“အစ်ကိုကြီး ပြန်လာပြီလား။”
ဤအချိန်တွင် ကောင်းကင်မြွေပါသည် စိတ်မှတစ်ဆင့် လင်းတုန်ကို ကြောက်လန့်တကြား အော်ပြောလိုက်သည်။ “လင်းတုန်၊ မင်းအစ်ကိုကို ငါ့အကြောင်းမပြောနဲ့၊ လုံးဝဘဲ၊ မင်းမှတ်ထားဖို့လိုတယ်၊ ငါ့အကြောင်းလုံးမပြောမိစေနဲ့။”
လင်းတုန်သည် စိတ်ရှုပ်သွားသည်။ “ဘာကြောင့်လဲ။ အစ်ကိုကြီးက ကျောက်လက်ဖွဲ့အကြောင်းသိပြီးသား၊ ပြီးေတာ့ အစ်ကိုကြီးက လူကောင်းပဲ၊ ယုံလို့ရတယ် ငါ့ကိုဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး။”
ကောင်းကင်မြွေပါသည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ “သူကမင်းကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ငါ့ကို မထိခိုက်ဘူးလို့ မဆိုလိုဘူး၊ အရှင်သခင် ဒေါင် အကြောင်းသိသွားရင် ငါ့ရဲ့ မိစ္ဆာဝိညာဉ်ကို လိုချင်သွားမှာကို ငါစိုးရိမ်တယ်။”
“မင်းရဲ့ မိစ္ဆာဝိညာဉ်က ဘာကောင်းလို့လဲ” လင်းတုန် မျက်လုံးများ လင်းလက်သွားပြီး မေးလိုက်သည်။
သူ့သည် ယခုအချိန်အထိ ဤကြွက်နက်ကြီးနှင့် မိတ်ဆွေဖွဲ့ရခြင်းမရှိသေးပေ။ နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး သံသယများ၀င်နေကြသည်။
“မှားလို့... မကောင်းဘူး... မကောင်းဘူး...” ကောင်းကင်မြွေပါသည် မြန်ဆန်စွာရှင်းပြပြီး ကျောက်လက်ဖွဲ့အတွင်း၌ သူ၏သေးငယ်သောလက်များဖြင့် မရပ်မနားပင် သူ့ပါးသူ ရိုက်နေလိုက်သည်။
သူသည် စိတ်ပူပန်မှုဖြင့် တွေးမိသည်။ “ငါအလျင်စလိုပြောမိသွားတယ်၊ ငါ့ကိုယ် ဘယ်လိုစားရမလဲဆိုတာ လူတစ်ယောက်ကို ငါကိုယ်တိုင် ပြောမိမလိုအထိ ဖြစ်သွားတယ်။”
သူသည် သိပ်မကြာခင်ကမှ နိုးထလာခဲ့ပြီး အလွန်အားနည်းနေသေးသည်။ ဝူယွမ်ကို ပြန်လည်မွေးဖွားလာသူဟု သံသယရှိသောကြောင့် သူအကြောင်းမပြောဖို့ အလျှင်စလို မှာလိုက်မိသော်လည်း၊ အခု လင်းတုန်ပင် သူ၏ဝိညာဉ်ကို အလွယ်တကူ စားနိုင်ကြောင်း မေ့သွားခဲ့သည်။ ထို့ကြောင့် သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး သူ့ကိုယ်သူပြရန် ကြောက်ရွံ့နေခဲ့သည်။
“အရမ်းထိတ်လန့်သွားလို့ လူစကားပြောမိပြီး စကားမှားသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”
“ဘာလို့ဘဲဖြစ်ဖြစ် မင်းအစ်ကိုကို ငါ့အကြောင်းလုံး၀ မပြောပါနဲ့။ ဒါကို ဒီအရှင်သခင် ဒေါင်က မင်းကို တောင်းဆိုတယ်လို့ မှတ်ယူလိုက်ပါ။”
“ဒီကြွက်နက်ကြီးက အစ်ကိုကြီးကို အရမ်းကြောက်နေတယ်...” လင်းတုန်၏ စိတ်ထဲတွင် သံသယများဖြင့်ပြည့်နေသည်။ ခုနကထိ ဒီကြွက်နက်ကြီးနှင့် ဆက်သွယ်သည့်အခါ သူ၏သဘောထားသည် အခုကဲ့သို့မဟုတ်ခဲ့ပေ။ သို့သော် အခု အစ်ကိုကြီး ရောက်လာသည်နှင့် သိပ်ကိုကြောက်ရွံ့သွားဟန်ရည်။
“ကောင်းပြီ၊ ခဏမပြောဖို့ သဘောတူတယ်၊ ဒါပေမယ့် မင်းကလည်း ငါ့ကို မဖုံးကွယ်ရဘူး” လင်းတုန်သည် ပြုံးကာ ကျောက်လက်ဖွဲ့ထံ သူ၏အတွေးများကို ပို့လိုက်သည်။
သူသည် တံခါးဆီသို့ လျှောက်သွားပြီး ဝူယွမ်ကိုတံခါးဖွင့်ပေးလိုက်သည်။
ကျောက်လက်ဖွဲ့အတွင်းမှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်းမရှိတော့ပေ။
ကောင်းကင်မြွေပါသည် လုံးဝအသက်ရှူအောင့်ကာ ကျောက်လက်ဖွဲ့၏အမှောင်ဆုံးနေရာ ထောင့်ထဲတွင် ပုန်းအောင်းနေပြီး တုန်ရီနေသည်။
“အစ်ကိုကြီး။”
ဝူယွမ်သည် အခန်းကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။ “တံခါးဖွင့်ဖို့ ဘာကြောင့်ဒီလောက်ကြာတာလဲ။ ကျင့်ကြံခြင်းမှာ ဉာဏ်အလင်းရနေလို့လား။”
လင်းတုန်သည် မရယ်ဘဲမနေနိုင်ခဲ့ပေ။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ခုနက ကြွက်နက်ကြီးတစ်ကောင် အခန်းထဲဝင်လာတာ၊ အဲ့တာ ကျွန်တော်လိုက်ဖမ်းနေတာ”