နာကျင်မှုရဲ့ မျက်နှာဖုံး
Vol. 4 Ch. 40
လင်းတုန်ရဲ့စကားကို ကြားလိုက်ရသည်နှင့် ကျောက်လက်ဖွဲ့ထဲက ကောင်းကင်မြွေပါ စိုးရိမ်သွားတယ်။ “ဒီလူငယ်က ငါ့ကိုရောင်းစားတော့မှာလား!”
“ဘယ်က ကြွက်တွေရောက်နေတာလဲ တွေလဲ၊ ဘယ်မှာလဲ?” ဝူယွမ် မသိမသာမေးလိုက်တယ်။
“ဒီမှာ!”
လင်းတုန်ကဝိညာဉ်စွမ်းအင် ကိုသုံးပြီး စုပ်ယူလိုက်သည်နှင့် တကယ်ပဲ အခန်းထောင့်အမှောင်လေးထဲ ကြွက်နက် ကြီးတစ်ကောင်ပါလာသည်။
“အရမ်း ဆိုးရွားတဲ့ခွေးကောင်လေး၊ အရှင်သခင်ဒေါင် ကိုပြန်လှည့်စားရဲတယ်ပေါ့!” ကျောက်လက်ဖွဲ့ထဲမှ ကောင်းကင်မြွေပါသည် လင်းတုန်က သူ့အကြောင်း ပြောနေခြင်းမဟုတ်ဘဲ တကယ့် ကြွက်နက် အကြောင်းပြောနေတာကို ဝိညာဉ်စွမ်းအင်ဖြင့် သိလိုက်ရပြီး စိတ်သက်သာရာရသွားပေမယ့် အံကြိတ်လိုက်သည်။ “လင်းတုန်ရဲ့ ဒီလုပ်ရက်က... ငါ့ကို မထိခိုက်စေပေမယ့် သိပ်ကို သိမ်ငယ်စေတာဘဲ!”
ဝူယွမ်-“မင်းက လူကြီးဖြစ်နေပီ ဘာလို့ ကြွက်တွေနဲ့ ကစားနေတာလဲ? မင်းကို အရေးကြီးကိစ္စပြောစရာရှိတယ် ဒီတစ်ခါက မင်းအတွက် အခွင့်အရေးကြီးတစ်ခုပဲ!”
သူက ချက်ချင်းပဲဒန်ရှန်ရေကန် ပြိုင်ပွဲအကြောင်းကို လင်းတုန်ကိုပြောပြလိုက်သည်။
“ဒန်ရှန်ရေကန်ပြိုင်ပွဲက သုံးရက်အတွင်းစမယ်။ ငါနဲ့အတူ ယန်မြို့ကိုလိုက်ခဲ့လိုက်တော့!”
“အခုဆိုသွေးဝံပုလွေဂိုဏ်းကို မင်းစိုးရိမ်စရာမလိုတော့ဘူး။ ရွှေတစ်သောင်းကုန်သည်အသင်း၊ မြို့တော်ဝန်ရုံး နဲ့ အဆောင်သခင်အသင်း တို့က အားလုံးကူညီပေးဖို့ သဘောတူထားပြီးပီ။ ရွှေတစ်သောင်းကုန်သည်အသင်း ကတော့ သွေးဝံပုလွေဂိုဏ်း ရဲ့ အထက်ပိုင်းလူတွေကို စောင့်ကြည့်ခိုင်းထားတယ်။ သူတို့တွေထဲက တစ်ယောက်ယောက် သံမြေကျေးရွာ ကိုရောက်လာရင် ချက်ချင်းအသိပေးလိမ့်မယ်၊ ပြီးရင် သူတို့တွေက ငါတို့ကိုကူညီဟန့်တားပေးလိမ့်ဈမယ်!”
“ကောင်းပြီ၊ဒါဆို ကျွန်တော်စိတ်ချရပြီ!” လင်းတုန်က ခေါင်းညိတ်လိုက်တယ်။
ဝူယွမ်က ဒီအကြောင်းကိုလုံချန်း တို့ကိုပြောပြလပြီးနောက် သူနဲ့ လင်းတုန်ဟာ ပိုင်ယွမ်၊ ရှောင်ယန် စီးပြီး ရန်မြို့ ဆီထွက်ခွာလာကြသည်။... သုံးရက်အကြာမှာ ဝူယွမ်နဲ့ လင်းတုန်တို့က မီးလျှံကျား မောင်နှမကို အဆောင်သခင်အသင်း မှာထားရစ်ခဲ့ပြီး ရွှေတစ်သောင်းကုန်သည်အသင်း ဆီရောက်လာကြသည်။
“အစ်မ ရွှမ်စု၊ ကျွန်တော်တို့ရောက်ပြီ!”
“ရောက်ပြီလား ယွမ်! အစ်မက မင်းရောက်လာမှာကို စောင့်နေတာကြာပီ”
ရွှမ်စုက နည်းနည်းစိတ်မကောင်းသလိုပြောပြီး ဝူယွမ်ဘေးက လင်းတုန်ကိုကြည့်လိုက်တယ်၊
“ဒီကလေးကလင်းတုန်လား? တကယ်ပဲ လူငယ်သူရဲကောင်း ပေါက်လာတယ်!”
“လင်းတုန်က မန်နေဂျာ စု ကိုဂါ၀ရပြုပါတယ်!”
“ယွမ် ခေါ်သလိုပဲ အမ ရွှမ်စုလို့ဘဲခေါ်ပါ!”
“ဟုတ်ကဲ့၊အမ ရွှမ်စု!”
“အခု မင်းတို့နှစ်ေယာက်ကို ထည့်ပေးဖို့ အခက်အခဲနည်းနည်းရှိတယ် မူလကသတ်မှတ်ထားတဲ့
နေရာက လျို့ယိ နဲ့ စုန်ချင်း တို့က မင်းတို့နှစ်ယောက်ရုတ်တရက်ဝင်လာတာကြောင့် သူတို့ေနရာက ဖယ်ရှားလိုက်ရတယ်။ သူတို့တွေက အဲ့တာအတွက် မကျေမနပ်ဖြစ်နေကြတယ်၊ ဒါကြောင့် မင်းတို့ကိုစိန်ခေါ်ကြလိမ့်မယ်!”
ရွှမ်စုက မတက်သာသည့်ဟန်ဖြင့် “သူတို့ထဲက တစ်ယောက်က လျို့မိသားစု ကဖြစ်ပြီး နောက်တစ်ယောက်က စုန်မိသားစု က။ သူတို့တွေက ငါတို့အသင်းရဲ့ အဖွဲ့၀င် မိသားစုကြီးတွေဘဲ။ အစ်မက သူတို့ကို ကြောက်လို့မဟုတ်ဘူး၊ ဒါပေမယ့် တခြားမန်နေဂျာတွေလည်းရှိတော့...”
ဝူယွမ်က ချက်ချင်းပဲစကားဖြတ်လိုက်တယ်၊ “အမ ရွှမ်စု ရှင်းပြစရာမလိုပါဘူး။ ကျွန်တော်တို့ အစ်မကို ယုံပါတယ်။ အင်အားက အဓိကမဟုတ်ဘူးလား? သူတို့ကိုတောင် မနိုင်ရင် ဒန်ရှန်ရေကန် ပြိုင်ပွဲမှာ ဝင်ပြိုင်စရာအကြောင်းမရှိတော့ဘူးလေ!”
“မောင်လေးက တကယ်ကို တစ်ဖက်ကို စဉ်းစားပေးတတ်တယ်!” ရွှမ်စု က ပြုံးလိုက်သည်။
“သွေးဝတ်ရုံဂိုဏ်းရဲ့နယ်မြေကို သိမ်းပိုက်ဖို့အတွက် ဝေထုန် သေသွားတဲ့သတင်းကို ငါမပြန့်အောင်တားဆီးထားတယ်။ မဟုတ်ရင် မင်းတို့နှစ်ယောက် ဝေထုန် ကိုသတ်ခဲ့တယ်ဆိုတာကိုသာ သူတို့သိရင်၊ သူတို့ အခုထက် သတ္တိဆယ်ဆ ပိုရှိရင်တောင် မင်းတို့ကိုစိန်ခေါ် ဝံ့မှာမဟုတ်ဘူး။”
ရွှမ်စုက သူတို့နှစ်ယောက်ကို ခန်းမရင်ပြင်ထဲခေါ်သွားလိုက်သည်။
ထိုနေရာတွင် လူတစ်စုကအစကတည်းက ရောက်ရှိေနပြီးသားဖြစ်သည်။ရှားကျိလင်း ဘေးတွင် လူငယ်တစ်ယောက်ရပ်နေပြီး သူမကို မကောင်းသောအကြည့်များဖြင့် ငေးကြည့်နေလေသည်။
“ကျိလင်း၊ယန်မြို့ မှာ ဒန်ရှန်ရေကန် ပြိုင်ပွဲအတွက် ငါထက်ပိုသင့်တော်တဲ့သူရှိသေးလား၊ မင်းက ငါ့ကိုမကြိုက်လို့ ငါ့ကိုမဝင်ပြိုင်ခိုင်းဘူးဆိုတာ မဖြစ်နိုင်ဘူး။”
ရှားကျိလင်းက စုန်ချင်း ကို ကြည့်တောင်ကြည့်ချင်စိတ်မရှိပေ။ ဒီလူက ရုတ်အရမ်းဆိုးတယ် စရိုက်မကောင်းဘူး၊ သူမကိုဆက်လက်ချစ်ချင်နေတယ်။ ဒါက သူရဲ့တစ်ဖက်သတ်အတွေးတွေပဲ။
စုန်ချင်းလို ရှားကျိလင်း ကိုဝိုင်းနေတဲ့ ယင်ကောင်အပြင်၊ ဘေးဘက်မှာ တိတ်ဆိတ်ပြီး မျက်နှာညိုးနွမ်းနေတဲ့ လူငယ်တစ်ယောက်ရပ်နေသည်။ သူက ယခင်က အတည်ပြုထားတဲ့ ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်တဲ့ လျို့ယိ ပဲဖြစ်သည်။
သူက ဝင်ပေါက်ကိုဘဲစိုက်ကြည့်နေသည်။ ဒီအချိန်မှာပဲ ရွှမ်စု က ဝူယွမ်နဲ့ လင်းတုန်တို့နဲ့အတူ လမ်းလျှောက်ဝင်လာတယ်။
သူတို့သုံးယောက်ကိုမြင်သည်နှင့် ရှားကျိလင်းရဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဟန်များပေါ်လာသည်... “သူတို့တွေ နောက်ဆုံးရောက်လာပြီ!”
“မန်နေဂျာ ရွှမ်စု ရောက်လာပြီ!”
လူအချို့ကသူမကိုကြိုဆိုလိုက်ကြသည်။
လျှို့ယိနှင့် စုန်ချင်း တို့က ဝူယွမ်နဲ့ လင်းတုန်ကို စူးစိုက်ကြည့်လိုက်ကြသည်။
ဒီနှစ်ယောက်က သူတို့ရဲ့နေရာယူသွားတဲ့သူတွေပဲ။
“မန်နေဂျာ ရွှမ်စု၊ ဒီနှစ်ယောက်က မင်းရွေးထားတဲ့ ပြိုင်ပွဲ၀င်မဲ့သူတွေလား၊ ဒန်ရှန်ရေကန် ပြိုင်ပွဲက အရမ်းအရေးကြီးတယ်။ မင်းက လျှို့ယိ နဲ့ စုန်ချင်း တို့ကို ရုတ်တရက်ဖယ်ရှားလိုက်တယ်။ ဒီနှစ်ယောက်က သူတို့ကို အနိုင်ရမှာသေချာလို့လား?”
အသက်ကြီးကြီး မန်နေဂျာတစ်ယောက်က ပထမဆုံးစတင် မေးမြန်းလိုက်သည်။
“သူတို့တောင်မနိုင်ဘူးဆို လျှို့ယိ နဲ့ စုန်ချင်း တို့ဆိုရင် နိုင်ဖို့ရာ လုံး၀မဖြစ်နိုင်ဘူး!” ရွှမ်စု က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“အကြီးအကဲရွှမ်စု၊ ကျွန်တော်သူတို့ကိုစိန်ခေါ်ချင်တယ်။ ကျွန်တော်ရှုံးရင် ကျွန်တော်ဘာမှ မပြောတော့ဘူး!” ထိုအချိန်မှာဘဲ လျို့ယိက ရှေ့ကိုတိုးပြီး ရိုးရိုးရှင်းရှင်းပြောလိုက်တယ်။
“ကျွန်တော်လည်းသူတို့ကိုစိန်ခေါ်မယ်!” စုန်ချင်း က မျက်နှာမှောင်မဲပြီး လျှို့ယိ ပြောတာကို သဘောတူ ထောက်ခံလိုက်သည်။
ရှားကျိလင်းက ဝူယွမ်နဲ့ လင်းတုန်ဆီသို့ လျှောက်သွားကာ သူတို့နားကပ်ပြီး တိုးတိုးပြောလိုက်သည်၊
“လျှို့ယိရဲ့ စရိုက်က ဒီလိုပဲ၊ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး။ သူ့ကိုနည်းနည်း သက်ညှာပေးလိုက်ပါ၊ ဒီ စုန်ချင်း ကတော့ ရိုးသားတဲ့သူမဟုတ်ဘူး၊ သူ့ကို ပြင်းပြင်းထန်ထန် လေးပညာပြပေးလိုက်”
“ပြဿနာမရှိဘူး၊စိန်ခေါ်မှုကိုလက်ခံတယ်!” ဝူယွမ်က ခေါင်းညိတ်လိုက်တယ်။
“တစ်ယောက်ကယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်၊ နောက်တစ်ယောက်က ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်ပဲ။ ညီလေး၊ မင်းအရင်ရွေးလိုက်!”
“ဒါဆိုကျွန်တော်သူ့ကိုရွေးမယ်၊ သူက နည်းနည်း ပိုသန်မာမဲ့ပုံဘဲ!” လင်းတုန်က လျို့ယိကိုညွှန်ပြလိုက်သည်။
သူသတိထားမိသည်။လျိုးရဲ သည် ကိုယ်ကျင့်တရားကောင်းပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့သူမျိုးဖြစ်သည်၊ လင်းတုန်က ဒီလိုလူမျိုးနှင့် တိုက်ခိုက်ကြည့်ချင်သည်။
လက်ရှိအချိန်တွင် လင်းတုန်သည် ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်ပဲရှိသေးသည်။!
“အင်း...အဆင်ပြေတယ်!” ဝူယွမ်က သဘောတူလိုက်သည်။ သူ့အတွက်တော့ ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်နဲ့ နောက်ဆုံးအဆင့်က သိပ်ကွာခြားချက် မရှိပေ။
ကစားနေရသလိုပင်ဖြစ်သည်။
လင်းတုန်နဲ့လျို့ယိ တို့ ချက်ချင်းတိုက်ခိုက်ကြ တော့သည်။ လင်းတုန်က သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ထုတ်မသုံးချေ၊ နှစ်ယောက်သား အပြန်အလှန်တိုက်ခိုက်နေကြသည်။
ပြီးတော့ဝူယွမ်နဲ့ စုန်ချင်း တို့၏ အလှည့်ရောက်လာသည်။
နှစ်ယောက်နီးကပ်လာတဲ့အချိန် စုန်ချင်း က အသံတိုးတိုးဖြင့် ချိန်းခြောက်လိုက်သည်။ဈ “မင်းဘယ်ကလာလာ၊ ဒီကို ရောက်လာပီဆိုမှတော့ လိမ်လိမ်မာမာ နေသင့်တယ်၊ အကယ်၍ မင်းသာ မန်နေဂျာ ရွှမ်စု ကိုပြောပြီး မင်းကိုယ်တိုင်နေရာကနေနုတ်ထွက်သွားမယ်ဆိုရင် ငါ မင်းကို ဆုအချို့ပေးမယ်၊ မဟုတ်ရင် ယန်မြို့မှာ နေတဲ့တစ်လျှောက်လုံး မင်းသတိထားနေရလိမ့်မယ်...”
ဝူယွမ်က နှုတ်ခမ်းထောင့်မှာပြုံးလိုက်တယ်။ ဒီစုန်ချင်း က အမြဲတမ်း မကောင်းတဲ့အကြံတွေပဲတွေးနေတတ်သည်။ ဒီလိုမျက်နှာ ဒီလိုအကျင့်မျိုးနှင့် ရှားကျိလင်း သူ့ကိုပြန်မကြိုက်တာ ဖြစ်သင့်သည်။
“ပါးစပ်နဲ့ဘဲ တိုက်ခိုက်ရဲတာလား၊ကောင်လေး!”
ဝူယွမ်က မျက်လုံးလှိမ့်လိုက်သည်။
“မင်းသေချင်နေတာဘဲ!”စုန်ချင်း က ဒေါသတကြီးအော်လိုက်ပြီး ယွမ်စွမ်းအင် ကိုသူ့လက်မှာစုကာ ဝူယွမ်ကိုထိုးလိုက်သည်။
“ဖျန်း!”
ဝူယွမ်က အစကတည်းက စုန်ချင်း အကျင့်မကောင်းမှန်း သိထားသည်။ တိုး၀င်လာသည့်လက်သီးကို ချက်ချင်းဘဲ တစ္ဆေအရိပ်လှည့်စားခြင်း ကိုသုံးပြီးရှောင်လိုက်ကာ စုန်ချင်းကို ပါးရိုက်လိုက်သည်။
ဒီအချိန်မှာပိုးထည်ဝတ်စုံဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရင်ပြင်ဆီသို့လျှောက်လာလေသည်။
“ဥက္ကဋ္ဌကြီး!”
“အဖေ!”
ရွှမ်စုနဲ့ တခြားမန်နေဂျာတွေအားလုံး ချက်ချင်းပဲသူ့ကိုနှုတ်ဆက်လိုက်ကြသည်။
ရှားဝမ်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီး ရွှမ်စုကိုမေးလိုက်သည်။ “ဝူယွမ်က ဘယ်ကောင်လေး လဲ!”
“ စုန်ချင်းနဲ့ တိုက်နေတဲ့တစ်ယောက်ပါ”
ရှားဝမ်ကျင်းက စိတ်ဝင်တစားစိုက်ကြည့်လိုက်သည်။
ဝူယွမ်က စုန်ချင်းကို ဆွဲလိုက်ပြန်တွင်းလိုက် နှင့် ဘောလုံးလိုထိန်းချုပ်ထားနိုင်သည်ကို သူတွေ့လိုက်ရသည်။
ကြိုးကြာ နဂါးချုပ်နှောင်လက်သည်း!
တစ်ချက်ဆွဲလိုက်တိုင်းမှာဝူယွမ်က ဆန်ချိန်ရဲ့ မျက်နှာကိုထိုးနှက်နေသည်။
ဆန်ချိန် ဘယ်လိုဘဲခုခံခုခံ ဝူယွမ်၏ ထိုးချက်အောက်မှ မလွတ်ပေ။
“ယွမ်စွမ်းအင်က သန့်စင်လွန်းတယ်!”
ဝူယွမ်တို့ တိုက်ပွဲကိုကြည့်ပြီး ရှားဝမ်ကျင်းက ချီးကျူးလိုက်သည်။ ဝူယွမ်ရဲ့ ယွမ်စွမ်းအင်သည် သူမြင်ဖူးသမျှ ယွမ်ကောင်းကင်နယ်ပယ်အဆင့်ထဲတွင် အသန့်စင်ဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်သည်။
ရွှမ်စုနဲ့ တခြားသူတွေကလည်း ထိုအချိန်မှ သတိထားမိသွားကြသည်၊ စုန်ချင်းက ရိုးရိုးရှုံးနိမ့်နေခြင်းမဟုတ်ပေ နှစ်ယောက်လုံး ယွမ်ကောင်းကင်နယ်ပယ် အဆင့်ချင်းအတူတူပင်ဖြစ်သည်။
စုန်ချင်း၏ ယွမ်စွမ်းအင်အကာအကွယ်သည် ဝူယွမ်၏ထိုးချက်များကို မတားဆီနိုင် ဖြစ်နေသည်။ ဘယ်လိုဘဲခုံခံခုခံ ဝူယွမ်တစ်ချက်ထိုးလိုက်တိုင်း သူ၏အကာအကွယ်သည် စက္ကူကဲ့သို့ ပေါက်ပြဲသွားသည်။
အချိန်တိုအတွင်းမှာပင် ဆန်ချိန် ရဲ့မျက်နှာသည် ရောင်ရမ်းပြီး သွေးများထွက်လာသည်။
စုန်ချင်း၏ မျက်နှာသည်မှောင်မဲလာပြီး သူသိက္ခာကျသကဲ့သို့ ခံစားနေရသည်။ သူ၏ လက်မောင်းထဲမှ ဓားနက်တစ်ချောင်းကို တိတ်တဆိတ်ထုတ်လိုက်ပြီး
ဝူယွမ်၏လည်ပင်းဆီသို့ ထိုးသွင်းလိုက်သည်။
“ဝူယွမ်၊သတိထား!”
ရွှမ်စုက တုန်လှုပ်သွားပြီး ချက်ချင်း အော်လိုက်သည်။
ရှားကျိလင်းကလည်း မျက်ခုံးကြုံ့သွားသည်။
“ဟေ့... လျှို့ဝှက်လက်နက်သုံးတာလား!”
ဝူယွမ်က မထီမဲ့မြင်ပြုံးလိုက်သည်။သူ့မျက်လုံးထဲတွင် ဆန်ချိန်၏ လှုပ်ရှားမှုများသည် သိပ်ကိုနှေးကွေး လွန်းနေသည်။
“လျှို့ဝှက်လက်နက်အစစ်ဆိုတာဘာလဲဆိုတာငါပြမယ်”
ဝူယွမ်က သူ့လက်ချောင်းကို လှုပ်ခါလိုက်သည်နှင့် တပြိုင်နက် သူ့လက်ထဲမှ ရွှေရောင်အလုံးငါးလုံးထွက်လာပြီး ရွှေရောင် ချည်မျှင်တွေ အဖြစ်ပြောင်းလဲသွားသည်။
သူက သူ့ဝိညာဉ်စွမ်းအင် ကိုမသုံးပေ။ ယွမ်စွမ်းအင်နဲ့ပဲ နဂါးချည်မျှင်သလင်း ကိုအသက်သွင်းလိုက်သည်
နဂါးချည်မျှင်သလင်းသည် ဆန်ချိန်၏ လက်ဝါးနှစ်ဖက် စလုံးထဲသို့ဝင်သွားခဲ့သည်။
အသားထဲရောက်သည်နှင့် နဂါးချည်မျှင်သလင်းသည် လက်ပတ်ပတ်လည်မှအသားများကို ဆွဲငင်ပြီး အလုံးလေးဖြစ်သွားအောင် ပြုလုပ်လိုက်လေသည်။
“အား~~”
ဆန်ချိန်က ချက်ချင်း နာကျင်မှုကိုခံစားလိုက်ရပြီး မချိမဆန့် အော်ဟစ်လိုက်သည်။ သူ့လက်ထဲမှဓားသည်လည်း ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
သူ၏လက်ဝါး နှစ်ဖက်စလုံးတွင် အသားလုံးများဖြစ်ပေါ်လာသည်။ အသားတွေက တင်းတင်းကျပ်ကျပ်ဆွဲငင်ပြီး လိမ်နေသောကြောင့် ဆိုးဝါးသောနာကျင်မှုများသည် စုန်ချင်းကို အာရုံကြောများ ထဲထိလှိုက်ပြီး ခံစားရစေသည်။
“ဘာဖြစ်သွားတာလဲ?”
ရွှမ်စုနဲ့ တခြားသူများ ဘာမှရှင်းရှင်းလင်းလင်း မသိလိုက်ကြပေ။ စုန်ချင်း ရုတ်တရက် နာနာကျဉ်ကျဉ်အော်ဟစ်နေတာကိုသာ တွေ့လိုက်ရသည်။
“တစ်ကယ်ကို ကြောက်စရာကောင်းတဲ့ လျှို့ဝှက်လက်နက်ဘဲ!” ရှားဝမ်ကျင်းသည်လည်း တုန်လှုပ်သွားခဲ့သည်။ ဝူယွမ်ရဲ့လျှို့ဝှက်လက်နက်ကို မြင်တောင်မမြင်လိုက်ရပေ။
“သခင်လေး၊သခင်လေး!”
စုန်မိသားစုရဲ့မန်နေဂျာက အလျှင်အမြန်ပြေးလာသည်။
“ဦးလေးဖူ ၊သူကို သတ်ပစ်လိုက်!”
“ပါးစပ်ကတော့ခိုင်းနိုင်နေသေးတာဘဲ!”
ဝူယွမ်က မျက်ခုံးကျုံ့လိုက်ပြီး ဦးလေးဖူကို လှည့်တောင်မကြည့်ပေ။
သူသည် ချက်ချင်း နဂါးချည်မျှင်သလင်း နှစ်ချောင်း ထပ်ထုတ်လိုက်ပြီး စုန်ချင်း၏ပါးစပ်ထဲသို့ပစ်လိုက်သည်။
တစ်ချောင်းက သူ၏နှုတ်ခမ်းထဲသို့ဝင်သွားပြီး နောက်တစ်ချောင်းက သူ့လျှာထဲတိုက်ရိုက် ဝင်သွားလေသည်။
အသားထဲရောက်သည်နှင့် နဂါးချည်မျှင်သလင်းသည် ကွေးသွားပြီး ချက်ချင်းအလုံးလေးဖြစ်သွားသည်။
စုန်ချင်း၏ ပါးစပ်တစ်ခုလုံးက ကျုံ့သွားပြီးပုံပျက်သွားလေသည်။
“အူ...အူအူ...”
စုန်ချင်း စကားမပြောနိုင်တော့ပေ၊ အရမ်း နာကျဉ်သောကြောင့် မျက်ရည်များပါကြလာပြီး ငိုလေတော့သည်။
စုန်ချင်း၏ မျက်နှာတစ်ခုလုံး နာကျင်မှုမျက်နှာဖုံး ၀တ်ထားသကဲ့ ရှုံ့တွနေတော့သည်။