စကားစစ်ထိုးပွဲ
Vol. 4 Ch. 33
(သက်ေတအစား အဆောင်ဟုပြောင်းလဲအသုံးပြုထားသည်။)
“ဟမ်~ ဒုတိယအဆင့် အဆောင်အသခင် နှစ်ဦးပါလား။”
ဝေထုန်သည် အံ့အားသင့်သွားပြီး ကျဉ်းမြှောင်းသော သူ၏မျက်လုံးများဖြင့် ဝူယွမ်နှင့် လင်းတုန်ကို စိုက်ကြည့်လိုက်သည်။
“ဂုယင် သေတာ မထူးဆန်းတော့ပါဘူး။ ဒုတိယအဆင့် အဆောင်အသခင် နှစ်ဦးတောင်ရှိတာကိုး၊ ဒါပေမယ့် သွေးဝတ်ရုံဂိုဏ်းကို စိန်ခေါ်ဖို့အတွက် လုံလောက်ရဲ့လား။”
“သတ်ကြ!”
ဝေထုန်သည် သံမြေကျေးရွာကို တိုက်ခိုက်ရန် အမိန့်ပေး ပေးလိုက်သည်။
ဒုတိယအဆင့် အဆောင်အသင်တစ်ဦးသည် ယွမ်ဒန် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်နိုင်သော်လည်း ယွမ်ဒန် ကြီးမာသောအောင်မြင်မှုအဆင့် ရှိသူကိုတော့ မနိုင်ပေ။
ထိုနှစ်ခုကြားတွင် ကွာဟမှုကြီးမားလှသည်။
သို့မဟုတ်ပါက သေဆုံးသွားသော ဂုယင်သည် ဂိုဏ်း၏ဒုတိယအကြီးအကဲမျှသာ ဖြစ်နေမည်မဟုတ်ပေ။
ဝေထုန် အပြင်၊ ယွမ်ဒန် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သွေးဝတ်ရုံဂိုဏ်းနှင့်အတူ ပါလာပြီး ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ရှိသေးသည်။ ထိုလူအုပ်စုသည် ပေါ့သေးသေးမဟုတ်ပေ။
သွေးဝတ်ရုံဂိုဏ်းအဖွဲ့ဝင်များသည် စတင် တိုက်ခိုက်ကြပြီး သူတို့ ကျေးရွာ တံခါးဝအနီးသို့ ရောက်ရှိလာကြသည်။
“မီးမြှားတွေနဲ့ ပစ်ကြ!”
လုံချန်း အမိန့်ပေးလိုက်သည်နှင့် တံခါးဝမှ ဆက်တိုက်ပစ်ခတ်နိုင်သောမြှားများမှ မီးမြှားများအတန်းလိုက် ထွက်လာသည်။ ရာနှင့်ချီသော မီးမြှားများသည် မိုးရွာသကဲ့သို့ ကျလာပြီး သွေးဝတ်ရုံဂိုဏ်း တပည့်များကို ဖုံးလွှမ်းသွားသည့် မီးလျှံမြှားမိုးတစ်ခု ဖြစ်သွားသည်။
“မိုးကြိုးလှိုင်းတုန်ခါခြင်း!”
တစ်ချိန်းတည်းမှာ ဝူယွမ်၏ နဖူးကြားမှ လင်းလက်လာပြီး သဘာ၀ ဝိညာဉ်အဆောင်နှစ်ခု ပေါ်လာကာ စွမ်းအားပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာသည်။ စိတ်စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာပြီး မိုးကြိုးသံကဲ့သို့ တစ်ကျစ်ကျစ်မြည်လာသည်။
လေထုသည် တွန့်ခေါက်သွားပြီး ထိုစွမ်းအားပြင်းသော လှိုင်းသည် သွေးဝတ်ရုံဂိုဏ်း တပည့်များဆီသို့ တိုး၀င်သွားသည်။ သူတို့သည် မြှားများကို တားဆီးရန် ပြင်ဆင်နေစဉ် မိုးကြိုးလှိုင်းက သူတို့၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ဤစိတ်စွမ်အင်လှိုင်းဖြင့် တိုက်ခိုက်ခံရသူ အားလုံးသည် ချက်ချင်း ခေါင်းမူးဝေလာကြကာ မိုးကြိုးထိမှန်သကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်သွားသည်။
ယွမ်ကောင်းကင်နယ်ပယ် ကျင့်ကြံသူများပြင် ခဏတာ ထိန်းချုပ်ခံလိုက်ရသည်။
ဧရိယာ ထိန်းချုပ်မှု!
ထိုသည်မှာ ဝူယွမ်က အဆင့်မြင့် ဝိညာဉ်လျှို့ဝှက်နည်းစနစ် “မိုးကြိုးလှိုင်းတုန်ခါခြင်း” ကို အသုံးပြုရန် အတွက် ရှာဖွေတွေ့ရှိထားသော အခြားနည်းလမ်းတစ်ခုဖြစ်သည်။ မိုးကြိုးလှိုင်းတုန်ခါခြင်း ထိန်းချုပ်နယ်ပယ် ကျဉ်းလေလေ စွမ်းအား ပိုကြီးမားလေလေဖြစ်ပြီး ဆန့်ကျင်ဘက်အားဖြင့် ထိန်းချုပ်နယ်ပယ် ကျယ်ပြန့်လေလေ ၎င်း၏စွမ်းအား သက်ရောက်မှုနည်းလေလေဖြစ်သည်။
ယွမ်ကောင်းကင်နယ်ပယ် အဆင့်အောက် ကျင့်ကြံသူများကို ကိုင်တွယ်ရန် အတွက်က စွမ်းအား သက်ရောက်မှုအနည်းငယ်လောက် ဆိုလျှင်ပင် လုံလောက်သည်။ သူလိုချင်သည်မှာ သူတို့၏ လှုပ်ရှားမှုများကို ခဏတာ ရပ်တန့်သွားစေပြီး မီးမြှားများအတွက် အခွင့်အရေးဖန်တီးပေးရန်သာ ဖြစ်သည်။
ဝှစ်၊ ဝှစ်၊ ဝှစ်... မီးမြှားများသည် သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သည်!
ယွမ်ကောင်းကင်နယ်ပယ် ကျင့်ကြံသူများပင် ထိမှန်ခံရသည်။ မိုကြိုးလှိုင်းတုန်ခါခြင်း နည်းစနစ်၏ သက်ရောက်မှုအောက်တွင် သူတို့သည် မိမိကိုယ်ကို ကာကွယ်ရန် ယွမ်စွမ်းအင်အကာအကွယ်ကိုပင် ထုတ်ဖော်ဖို့ရာ အချိန်ပင်မရှိခဲ့ပေ။
တိုက်ပွဲစကတည်းက သွေးဝတ်ရုံဂိုဏ်းသည် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။
ဤသည်မှာ အဆောင်သခင်နှင့် မြှားသမားများ ပူးပေါင်း တိုက်ခိုက်ခြင်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအား ဖြစ်သည်။
မီးမြှားမိုး ဆက်လက်ရွာနေပြီး ဒဏ်ရာရပြီးသား ကျင့်ကြံသူများကို ဒဏ်ရာအထပ်ထပ်နှင့်ဖြစ်စေသည်။
အရင်တစ်ကြိမ်က ဆက်တိုက်ပစ်ခတ်နိုင်သောမြှား၏ အကျိုးကျေးဇူးများကို ခံစားပြီးနောက် လုံထန်သည် ပြန်ရောက်သည်နှင့် ထုတ်လုပ်မှုကိုဆက
မီးမြှားပေါင်း သောင်းနှင့်ချီ သိုလှောင်ထားခဲ့ပြီး သွေးဝတ်ရုံဂိုဏ်းအဖွဲ့ဝင် ရာကျော်ကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။
မီးလျှံမြှားမိုး သိပ်သည်းစွာ ရွာသွင်းခြင်းအောက်တွင် သူတို့သည် သံမြေကျေးရွာ၏ တံခါးဝအနီးသို့ပင်ကပ်နိုင်ခြင်း မရှိပေ။
“သောက်ချီးဘဲ!”
ဝေထုန်၏မျက်နှာ မှောင်မဲသွားသည်။ သာမန်မြှားပစ်ခြင်းသာဖြစ်သည်ဟု ထင်မိသောကြောင့် သူသည် ထိုအရာကို လုံးဝဂရုမစိုက်ခဲ့ပေ။ သို့သော် ဆက်တိုက်ပစ်ခတ်နိုင်သောမြှားမှ မြှားများသည် ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူများကိုပြင် ခြိမ်းခြောက်နိုင်လောက်အောင် စွမ်းအားပြင်းသည်ကို သူအဘယ်သို့သိရမည်နည်း။
ဝေထုန် ထိုင်ကြည့်မနေနိုင်တော့ပေ။ သူ၏လက်အောက်ငယ်သားများ ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို မြင်နေရသောကြောင့် ဒေါသများတရိပ်ရပ်တက်လာလေသည်။
“ ချေမှုန်းလက်သီး!”
သူသည် မြင်းပေါ်မှဆင်းကာ မီးမြှားများကို လျစ်လျူရှုလျက် သံမြေကျေးရွာ၏ တံခါးဝဆီသို့ ပြေးသွားပြီး သူ၏လက်သီးများမှ စွမ်းအားပြင်းသော ယွမ်ဒန်ချီစွမ်းအင်များ ပေါ်ထွက်လာကာ ကောင်းကင်တစ်ခုလုံး လက်သီးအရိပ်များဖြင့် ပြည့်နှက်သွားပြီး တံခါးဝကို ဖျက်စီးဖို့ကြိုးစားလေသည်။
“ဝိညာဉ်ဖြတ်တောက်ဓားပျံ!”
“မီးမိုးကြိုးဓား!”
အနက်ရောင် အလင်းတန်းရှစ်ခုနှင့် ဓားအရိပ်ငါးခုတို့သည် သူ့ဘယ်ဘက်နှင့် ညာဘက်မှ အသီးသီး တိုက်ခိုက်လာသည်။
ဝေထုန်သည် အန္တရာယ်ကို ခံစားလိုက်ရပြီး စိတ်ရှုပ်ထွေးသွားကာ လက်သီးဦးတည်ရာကို ချက်ချင်းပြောင်းလဲပြီး နှစ်ဖက်စလုံးသို့ ရိုက်ချလိုက်သည်။
လက်သီးအရိပ်များသည် ဝူယွမ်နှင့် လင်းတုန်တို့ ပစ်ခတ်လိုက်သော ဝိညာဉ်စွမ်းအင်လက်နက်များကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။
မီးမိုးကြိုးဓားသည်လည်း ဝေထုန်၏ စွမ်းအားပြင်းသော ယွမ်ဒန်ချီစွမ်းအင်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။
“ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် ကျင့်ကြံသူရဲ့ ယွမ်ဒန်ချီ စွမ်းအင်က တစ်ကယ်ကို ခိုင်ခံ့လွန်းတယ်၊ ချိုးဖျက်ဖို့မလွယ်ဘူ”
သူတို့သည် ကိုယ့်ကိုကိုယ် ထပ်ကာထပ်ကာ သတိပေးခဲ့သော်လည်း ယွမ်ဒန် ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်ကို လျှော့တွက်မိ နေသေးသည်။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် နောက်ပိုင်းအဆင့်သို့ရောက်လေလေ၊ အဆင့်တက်ရန် ခက်ခဲလေလေဖြစ်ပြီး၊ အဆင့်တွေကြားကစွမ်းအင် ကွာဟမှုမှာ ကြီးမားလာလေလေဖြစ်သည်။
ဝေထုန်သည် တားဆီးနိုင်ခဲ့ယုံသာမဟုတ်ချေ၊ လင်းတုန်၏ ဝိညာဉ်ဖြတ်တောက်ဓားပျံ နှစ်ခုကိုပင်လျှင် သူ၏လက်သီးစွမ်းအားဖြင့် ချိုးဖျက်နိုင်ခဲ့သည်။
“မင်းတို့ ကြွက်နှစ်ကောင်၊ အောက်ကိုဆင်းပြီး တိုက်ခိုက်ရဲလား”
နဖူးချွေးပျံနေသော ဝေထုန်သည် လေထဲတွင် ရှိသော ဝူယွမ်နှင့် လင်းတုန်ကို အော်ဟစ်လိုက်သည်။
နှစ်ဦးသည် လေထဲတွင် မျောပါနေကြပြီး တစ်ဦးစီသည် ဝိညာဉ်ဖြတ်တောက်ဓားပျံနှင့် မီးမိုးကြိုးဓားကို နင်းပြီး ရပ်နေကြသည်။
ဤအရာသည် ဝေထုန်အတွက် ကြီးမားသော အားနည်းချက်ဖြစ်စေသည်။ သူသည် လေပေါ်မှာ ရပ်နေသော ဝူယွမ်နှင့်လင်းတုန်တို့ကို မတိုက်ခိုက်နိုင်ပေ။
ဝူယွမ်- “ဂိုဏ်းချုပ် ဝေထုန်၊ မင်းက ငါတို့ကို မင်းလို မိုက်မဲတယ်လို့ ထင်နေတာလား။ မင်း မကျေနပ်ရင် ဒီအပေါ်ကို တက်ခဲ့လေ”
“သူတို့ကို ပစ်ချကြ!” ဝေထုန်သည် နောက်သို့ဆုတ်ခွာပြီး အမိန့်ပေးလိုက်သည်။
သွေးဝတ်ရုံဂိုဏ်း၏ မြှားသမားအားလုံးသည် ဝူယွမ်တို့နှစ်ဦးကို ပစ်မှတ်ထားလာကြသည်။
မြှားများသည် လေထဲသို့ ပစ်လွှတ်လိုက်သော်လည်း ရုတ်တရက် ဝူယွမ်နှင့် လင်းတုန်ရှေ့တွင် ရပ်သွားပြီး သူတို့၏ ဝိညာဉ်စွမ်းအင် အကာအရံဖြင့် တားဆီးချင်းခံထားရသည်။
ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် မြှားသမားများမှ ပစ်လွှတ်လိုက်သောမြှားများသည် သူတို့ဘက်မှ မြှားများလောက် စွမ်းအားမပြင်းပါ။ ဝိညာဉ်စွမ်းအင် အကာအရံကို လုံး၀မချိုးဖြတ်နိုင်ချေ။
နှစ်ဖက်စလုံး ရှေ့ဆက်မရဖြစ်သွားကြသည်။
ဝေထုန်နှင့် သူ့လူများသည် သံမြေကျေးရွာသို့ ချဉ်းကပ်၍မရသကဲ့သို့၊ ဝူယွမ်နှင့် သူ၏အဖွဲ့သည်လည်း ဝေထုန်ထံသို့ ချဉ်းကပ်ရန် ကြောက်နေကြသည်။
လုံချန်း အော်ဟစ်လိုက်သည်- “ဂိုဏ်းချုပ်ကြီး ဝေထုန်၊ ဂုယင်က လိန်မိသားစုနဲ့ ပေါင်းပြီး သံမြေကျေးရွာကို သိမ်းယူဖို့ရာကြံစည်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့မဖြစ်လို့ပါ။ ဂုယင်က လွန်လွန်ကဲကဲ လုပ်လာလို့ ပြန်ခုခံခဲ့ရတာပါ။ အခု ဂုယင်လည်း သေသွားပီမလို့ ကျွန်တော်တို့ရဲ့ မကျေနပ်ချက်တွေလည်း ပြေလည်သင့်ပါပီ၊ ဂိုဏ်းချုပ်ကြီး ဝေထုန်အနေနဲ့ ဒီလောက်နဲ့ ရပ်တန့်လိုက်ရင်ရော ဘယ်လိုလဲ။”
သူသည် ဝေထုန်အား ထွက်လမ်းပေးရန် ရည်ရွယ်ခဲ့သည်။ နောက်ဆုံးအနေဖြင့် ဝေထုန်သည် ကိုင်တွယ်ရန် ခက်ခဲပြီး သူ့နောက်ကွယ်တွင်လည်း သွေးဝံပုလွေဂိုဏ်းရှိနေသေးသည်။
ဝေထုန်၏မျက်နှာအမူအရာသည် ရှုပ်ထွေးသွားသည်။ သူကိုယ်တိုင်လာခြင်းမှာ လက်စားချေရန်ဖြစ်သော်လည်း အဓိကရည်မှန်းချက်ကတော့ ယွမ်ကျောက်တုံးမိုင်းတွင်းကို သိမ်းယူရန်ဖြစ်သည်။
“ရူးသွပ်ဓားသိုင်းခန်းမ နဲ့ လင်းမိသားစုတို့ရဲ့ သဘောထားကို ကြည့်ရတာ၊ ဒီယွမ်ကျောက်တုံးမိုင်းတွင်းက သာမန်မဟုတ်လောက်ဘူး” ဟု ဝေထုန်က လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်သည်။
မဟုတ်လျှင် သူတို့ ဒီလောက် အသည်းအသန် ခုခံကာကွယ်နေမည် မဟုတ်ပေ။
“ဒုတိယအဆောင်သခင် နှစ်ဦးက ပြဿနာနည်းနည်းရှိပေမဲ့ ငါ့ကို မခြိမ်းခြောက်နိုင်သေးဘူး၊ ငါ့အတွက်ကလညါး သူတို့ကို ကိုင်တွယ်ဖို့ရာ ခက်ခဲနေတယ်၊ ခြုံကြည့်မယ်ဆိုရင်တော့ ကငါ့ရဲ့သွေးဝတ်ရုံဂိုဏ်းက ပိုအားကောင်းတယ်...” ဝေထုန်သည် သူ၏စိတ်ထဲတွင် တွက်ဆနေရင်း ယုံကြည်မှုရှိလာသည်။
သူသည် အသေအကြေတိုက်ခိုက်ရန် မလိုလားသကဲ့သို့၊ စစ်ပွဲအောင်ပြီး စစ်သားတစ်ထောင်ဆုံးရှုံးရသည်ကိုလည်း မလိုလားပေ။
ဒါပေမဲ့ ဒီလောက် အဝေးကြီး လာပြီးမှ လက်ဗလာဖြင့်လည်း ပြန်မသွားလိုပေ။
သူသည် လက်ညှိုးနှစ်ချောင်းကို မြှောက်ပြီး ကြက်ခြေခတ်ပုံစံလုပ်ကာ ပြောလိုက်သည်၊
“ယွမ်ကျောက်တုံး တစ်သိန်းပေးရင် ငါတို့ သွေးဝတ်ရုံဂိုဏ်း ဆုတ်ခွာသွားမယ်။ ဂုယင်ကို သတ်တာရဲ့ ရန်ငြိုးကိုလည်းသင်ပုန်းေချလိုက်မယ်”
“ဘာ၊ တစ်သိန်းလား!”
“မဖြစ်နိုင်ဘူး၊ ငါတို့ မိသားစုနှစ်ခုလုံး ပေါင်းတောင်မရနိုင်ဘူး။”
ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုမှ လူများ ထိုစကားကိုကြားရသည့်အခါ တုန်လှုပ်သွားကြသည်!
ယွမ်ကျောက်တုံးမိုင်းတွင်းမှ ယခုထိ ကျောက်တုံး နှစ်သောင်းကျော်သာ တူးဖော်ရရှိသေးသည်။
ဝေထုန်သည် ပါးစပ်ဖြင့် တစ်သိန်းတောင်းဆိုလိုက်သည်!
တောင်းဆိုမှုသည် အလွန်အမင်း မဖြစ်နိုင်လောက်အောင် ကြီးမားလွန်းသည်။
“ငါက မင်းတို့ကို တစ်နှစ်အချိန်ပေးမယ်၊ တစ်သိန်းစုဆောင်းဖို့ပေါ့” ဟု ဝေထုန်က သူသည် အလွန်ကြင်နာသောစိတ်ထားရှိသည့်ပုံဆောင်ကာ ဖြည့်စွက်ပြောကြားလိုက်သည်။
သံမြေကျေးရွာရှိ မိသားစုနှစ်ခုမှ လူများသည် ဒေါသကြောင့် မျက်နှာများနီမြန်းလာကာ သွေးဝတ်ရုံဂိုဏ်းအဖွဲ့ဝင်များကို စိုက်ကြည့်နေကြသည်။
ယွမ်ကျောက်တုံး တစ်သိန်း၊ တစ်နှစ်အတွင်း!
ဤသည်မှာ ယွမ်ကျောက်တုံးများကို တောင်းဆို�ရုံသာမက သူတို့အား ကြိုးစားတူးဖော်ပြီး ပို့ဆောင်ရန် အတင်းအကျပ်ခိုင်းစေခြင်းလည်းဖြစ်သည်။
ဝူယွမ်နှင့် လင်းတုန်တို့၏ မျက်နှာထားသည်လည်း အလွန်ကြမ်းတမ်းလာသည်။ ထိုဝေထုန်သည် ကောင်းစွာတွေးတတ်ပုံမပေါ်ပေ။
ဝူယွမ်သည် သူသာ ဆုတ်ခွာခဲ့လျှင် ကိစ္စပြီးသွားမည်ဟု ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝေထုန်ကိုသတ်ပြီး ပိုအားကောင်းသော သွေးဝံပုလွေဂိုဏ်းကို ထပ်ရန်စရန် မလိုလားသောကြောင့်ဖြစ်သည်။
သို့သော် ဤဝေထုန်သည် လောဘကြီးလွန်းလှသည်။ ယွမ်ကျောက်တုံး တစ်သိန်း မရဘဲ ထွက်ခွာရန် ငြင်းဆန်နေသည်။
ထိုအခါ ဆွေးနွေးစရာမလိုတော့ပေ။
ဝူယွမ်- “အို ဝေထုန်၊ မင်းက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့၊ ဟိုဂုယင်ကတောင် အခြေအနေကို ပိုနားလည် သိတတ်သေးတယ်၊ မင်းကတော့ တကယ့်ကို ညံ့ဖျင်းလွန်းတယ်။ ခုဏက ငါမင်းကို ထွက်သွားခွင့်ပေးခဲ့တယ်၊ မင်းကမထွက်ချင်ဘူး၊ ပြီးတော့ ဒီလိုမျိုး မဖြစ်နိုင်တဲ့ တောင်းဆိုမှုကြီးတွေ လုပ်နေတယ်။ ငါတို့ရဲ့ ချင်းယန်းမြို့က အလွယ်တကူ အနိုင်ကျင့်လို့ရမယ့် နေရာထင်နေတာလား”
“အခုတော့ မင်းထွက်သွားချင်ရင်တောင် ငါထွက်သွားခွင့်မပေးတော့ဘူး!”
ဝေထုန် အလွန်ဒေါသထွက်သွားသည်။ သူသည် ယန်းမြို့တွင် အဆင့်အတန်းတစ်ခုရှိပြီး နေရာအနှံ့ သွားလာနေခဲ့သူတစ်ဦးဖြစ်သည်။ လူငယ်တစ်ဦးထံမှ နှုတ်ဖြင့်ရှုတ်ချခံရခြင်းသည်သူ၏ မျက်နှာနှင့်ဂုဏ်သိက္ခာ နှစ်ခုလုံးကိုကျဆင်းစေပြီး၊
“သားလေး နို့စို့အရွယ် ကောင်လေး၊ မင်းလေထဲမှာ ပျံနေတာနဲ့ ငါမင်းကိုဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား?!”
ဝူယွမ် ကလည်း “ငါမင်းကိုဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား? ငါက မင်းကို မျက်နှာပေးနေတယ်လို့ ထင်နေတာလား မင်းနောက်ကွယ်က သွေးဝံပုလွေဂိုဏ်းကြောင့် မဟုတ်ရင်၊ မင်းဒီလို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူနိုင်ဘူး၊ မင်းက ဒါကို မသိတတ်တော့၊ ဆုတ်ခွာစရာမလိုတော့ဘူး။ မင်းရဲ့ အသက်ကို ဒီမှာပဲ ချန်ထားခဲ့လိုက်တော့!”
အတော်လေး ရဲတင်းတာဘဲ! မင်းရဲ့ ငါ့ ယွမ်ဒန်ချီ စွမ်းအင်ကို ဘယ်လိုချိုးဖျက်မလဲဆိုတာ ကြည့်ရသေးတာပေါ့!”
“သိပ်ကောင်းတယ်၊ ဒါဆို မင်းရဲ့ ခွေးမျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်နေလိုက်စမ်းကွာ!”
“နဂါးချည်မျှင်သလင်း!”