ဆရာယန်၊ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ခြင်း
Vol. 4 Ch. 35
“ဝေါင်းး...!”
ပိုင်ယွမ်သည် ရုတ်တရက် အသံပြင်းပြင်းဖြင့် ဟိန်းလိုက်သည်။ ထိုအသံသည် အထူးလှိုင်းတစ်မျိုးဖြစ်ပေါ်စေကာ တိုက်ရိုက် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူ၏ ဝိညာဉ်ထဲသို့ စူးဝင်သွားပြီး သူ့ကို စိတ်ရှုပ်ထွေးစေသည်။
ကျားဖြူချေမှုန်းရွှေဟိန်းသံ ..
၎င်းသည် ကျားဖြူသွေးမျိုးဆက်မှ အမွေဆက်ခံရရှိသော ထူးခြားသည့် ကိုယ်ခန္ဓာပညာရပ်တစ်ခုဘဲဖြစ်သည်။
အသံလှိုင်း တိုက်ရိုက်ထိမှန်ခံရသော ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူ၏ နားစည်များ ပေါက်ကွဲသွားပြီး ဦးနှောက်ထဲတွင်လည် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ မျက်စံများဖြူသွားပြီး ချက်ချင်းဆိုသလို ဦးနှောက်ပျက်စီးသေဆုံးသွားခဲ့သည်။
“ဘယ်လောက်တောက် ကြောက်ဖို့ကောက်တဲ့ ပညာရပ်လဲ...”
ဝူယွမ်သည် စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားသည်။
သူသည် ပိုင်ယွမ်အတွက် ဝမ်းသာနေသည်။ နောက်ဆုံး သူမတွင် စွမ်းအားပြင်း ကိုယ်ပိုင် ပညာရပ်တစ်ခု ရှိလာပြီဖြစ်သည်။
ဤအရာသည် သူမသည် ကျားဖြူသွေးမျိုးဆက်အတွင်း အမွေအနှစ်ကို တဖြည်းဖြည်း ရှင်းထုတ်နေပြီဖြစ်ကြောင်း သက်သေပြလေသည်။
“မိုက်တယ်။ တစ်ဘက်လူနားမကပ်ဘဲနဲ့ ရန်သူ့ကို ဟိန်းသံနဲ့တင်သတ်နိုင်တာဘဲ၊ ဒီပညာရပ်က မင်းနဲ့ အလွန်ကိုက်ညီတယ်။”
ဝူယွမ်သည် မြေပြင်သို့ ဆင်းသက်လာပြီး ပိုင်ယွမ်၏ ဦးခေါင်းကို သပ်သပ်ယှက်ယှက် ပွသတ်ပေးလိုက်သည်။
သန့်ရှင်းမှုကို ကြိုက်နှစ်သက်သော ဝူယွမ်သည် ရန်သူများကို တိုက်ခိုက်သည့်အခါတိုင်း အမြဲဆိုသလို သူမ၏ ခြေသည်းများကိုသာ အသုံးပြုပြီး သူမ၏ ချွန်ထက်သော သွားများကို တစ်ခါတစ်လေမှသာ အသုံးပြုလေ့ရှိသည်။
ဤစွမ်းအားပြင်း အသံလှိုင်း ပညာရပ်ဖြင့် ဆိုလျှင် သူမသည် ပါးစပ်ညစ်ပတ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ကျန်ရှိသေးသော သွေး၀တ်ရုံဂိုဏ်းအုပ်စုကို လုံချန်းနှင့် အခြားသူများက ခေါင်းဆောင်ပြီး ရက်စက်စွာ သုတ်သင်လိုက်ကြသည်။ ဓားပျံနှင့် ပျံနိုင်သည့် ဒုတိယအဆောင် သခင် လင်းတုန်းနှင့် မြေပြင်ပေါ်တွင် အမြန်ဆုံးပြေးနိုင်သော ရှောင်ယန်တို့ ရှိနေသောကြောင့် ၎င်းတို့ထဲမှ တစ်ယောက်မျှ လွတ်မသွားခဲ့ပေ။
စစ်ပွဲပြီးဆုံးသွားသောအခါ သံမြေကျေးရွာသည် သွေးများ နေရာအနှံ့ပြန့်ကျဲနေပြီး ရှုတ်ရှက်ခက်နေသောအခြေအနေ တွင်ရှိနေခဲ့သည်။
စစ်မြေပြင်ကို ရှင်းလင်းပြီးနောက် ဝူယွမ်နှင့် လင်းတုန်းတို့သည် ဝေထုန်၏ ခန္ဓာကိုယ်တွင် မှ နဂါးချည်မျှင်သလင်းများကို တစ်ချောင်းချင်းစီ ဂရုတစိုက် ထုတ်ယူလိုက်ကြသည်။
ထိုပစ္စည်းများသည် အလွန်တန်ဖိုးကြီးလှသည်။ ဝူယွမ်တွင် သောင်းနှင့်ချီ ရှိသော်လည်း အနည်းငယ်မျှပင် အလေအလွန့်မဖြစ်လိုပေ ... သွေး၀တ်ရုံဂိုဏ်းး၏ ပြဿနာကို ဖြေရှင်းပြီးနောက် ရူးသွပ်ဓားသိုင်းခန်းမ နှင့် လင်းမိသားစုတို့သည် ညပိုင်းတွင် သွေးဝံပုလွေဂိုဏ်း၏ လက်စားချေမှုမှ ကာကွယ်ရန် ဆွေးနွေးကြတော့သည်။
နောက်ဆုံး ဝူယွမ်သည် နောက်နေ့၌ ယန်မြို့သို့ သွားပြီး ယန်ရွှမ်းကိုတွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
သူသည် လင်းတုန်းကို သံမြေကျေးရွာကို စောင့်ရှောက်ရန် နေခိုင်းခဲ့သည်။
သွေးဝံပု�လွေဂိုဏ်း၏ ခေါင်းဆောင် ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ ယွဲ့ရှန်း ကိုယ်တိုင် မလာသရွေ့ ပြဿနာမရှိပေ၊ ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူသည် သဘာ၀ ဝိညာဉ်အဆောင်ရှိသော ဒုတိယအဆင့် အဆောင်သခင် လင်းတုန်းနှင့် မယှဉ်နိုင်ပေ။
ထို့ကြောင့် ဖိအားအနည်းငယ်ရှိသော်လည်း မိသားစုနှစ်ခုလုံး၏ လူများသည် အလွန်စိုးရိမ်နေကြသည် ဝောာ့မဟုတ်ပေ။
ယခုအခါ ဝူယွမ်နှင့် လင်းတုန်းတို့သည် မိသားစုနှစ်ခုလုံး၏ ထောက်တိုက်များ ဖြစ်လာကြပြီး ၎င်းတို့နှစ်ဦး ရှိနေသရွေ့ လူများသည် စိုးရိမ်ပူပန်မှု မရှိကြပေ။
ဝူယွမ်သည် ပိုင်ယွမ်ကို စီးနင်းကာ ယန်မြို့သို့ ဝင်ရောက်လာသည်။
သူသည် အဆောင်သခင်အသင်းသို့ ရောက်ရှိလာခဲ့သည်။
ယန်ရွှမ်းသည် စတုတ္ထအဆင့် အဆောင်သခင်တစ်ဦး ဖြစ်ပြီး ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။ အကယ်၍ သူသာ သံမြေကျေးရွာ ကာကွယ်ရန် ထွက်ပေါ်လာပါက ယွဲ့ရှန်းသည် အလွန်အမင်း လုပ်ဝံ့မည်မဟုတ်ပေ။
ယန်ရွှမ်း၏ ၀ါးအိမ်ရှေ့သို့ ရောက်ရှိလာသောအခါ ဝူယွမ်သည် ပိုင်ယွမ်အား စောင့်နေရန် မှာလိုက်ပြီးနောက် တံခါးကို ခေါက်လိုက်သည်။
“ဆရာ!”
“ဝင်လာခဲ့!”
ယန်ရွှမ်း အသံကိုကြားရသည်နှင့် ဝူယွမ်သည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားသည်။
“လက်ဖက်ရည် တစ်ခွက်လောက်သောက်ပါအုံး!”
ယန်ရွှမ်းသည် လက်ဖက်ရည်စားပွဲ၌ထိုင်နေပြီး ဝူယွမ် ဝင်လာသည်နှင့် ရေနွေးငွေ့များ ထွက်နေသော လက်ဖက်ရည်ခွက်တစ်ခွက် သူ့ဆီသို့ မျောလာသည်။
“ဒီတစ်ကြိမ် ဘာဖြစ်လာလို့ ဒီလောက် မြန်မြန်ပြန်လာတာလဲ?”
အရင်က ဝူယွမ်သည် ယန်မြို့တွင် တစ်လ၊ သံမြေကျေးရွှာတွင် တစ်လ အလှည့်ကြနေထိုင်လေ့ရှိသည်။
ယန်ရွှမ်းသည်လည်း သူ့ကို အလွန်အမင်း ကြပ်မတ်ခြင်း မရှိဘဲ သူ့တပည့်ကို သူ့ဘာသာသူကြီးပြင်းလာရန် ခွင့်ပြုပေးထားသည်။
အဓိကအချက်မှာ ဝူယွမ်၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းသည်နောက်ကျ ကျန်မနေခဲ့ပေ။ သူသည် ဝူယွမ်၏တိုးတက်မှုကို ပုံမှန်စစ်ဆေးကြည့်ပြီးပီဖြစ်သည်။ ဝူယွမ်သည် သူ၏သင်ကြားမှုများကို နားထောင်ကာ ရှင်းလင်းချက်တောင်းခံရန်သာ လိုအပ်သည်။
ထူးချွန်သော တပည့်တစ်ဦးကို သင်ကြားရခြင်းသည် အလွန်လွယ်ကူလှသည်။
ယန်ရွှမ်းသည် အများအားဖြင့် ထိုသို့အေးဆေး အနားယူရတာကို နှစ်သက်လေသည်။
သို့သော် ဒီတစ်ကြိမ်တွင် ရက်အနည်းငယ်အတွင်း ပြန်ရောက်လာပြီး အနည်းငယ် အလျင်လိုနေပုံရသည်။
“အမှန်တိုင်း ပြောရရင် ဆရာ၊ ဒီတပည့်လေး ဒုက္ခရောက်နေပါတယ်၊ ဆရာရဲ့ ကာကွယ်မှုကို လိုချင်လို့ပြန်လာတာပါ” ဟု ဝူယွမ်က ဒုက္ခရောက်နေသည့် ဟန်ဖြင့် ပြောသည်။
“အိုး၊ ဘာဖြစ်လာတာလဲ ပြောပါဦး?”
ယန်စွမ်းက စိတ်ဝင်စားဟန်ဖြင့် မေးမြန်းလိုက်သည်။
ဤသည်မှာ ဝူယွမ် ပထမဆုံးအကြိမ် သူ့ဆီ အကူအညီတောင်းခံခြင်းဖြစ်သည်။ သူသည် ကိစ္စကြီးကြီးမားမား မဟုတ်ဟုထင်နေသည်။ ဘာကြောင့်ဆို ဝူယွမ်သည် ယခုထိ အဆင့်တစ်အဆောင်သခင် အဆင့်မှာသာ ရှိနေသေးပြီး လိုက်လျှောညီထွေ ပြုမူနေထိုင်တတ်သောကြောင့် မည်သည့်ဒုက္ခမျိုး ကြုံတွေ့နိုင်မည်နည်း။
“ဤအကြိမ် အိမ်ပြန်ချိန်တွင် သွေး၀တ်ရုံဂိုဏ်းရဲ့ ဂူယင်နဲ့ ဝေထုန်ကို ဆက်တိုက် သတ်ဖြတ်မိလိုက်တယ်” ဝူယွမ်က သူ၏အသံကို အေးဆေးတည်ငြိမ်စေရန် ကြိုးစားကာ ပြောဆိုလိုက်သည်။
“အိုး၊ သွေး၀တ်ရုံဂိုဏ်းက သာမန် လူနှစ်ယောက်ကို သတ်လိုက်တာပဲမဟုတ်လား၊ အသေးအဖွဲကိစ္စလေးပါပဲ” ယန်ရွှမ်းက မစဉ်းစားဘဲ ချက်ချင်း ပြောလိုက်သည်။
“ငါက ရွှေတစ်သောင်းကုန်သည်အသင်းမှာ ဥက္ကထတစ်ဦးအဖြစ် ဆောင်ရွက်နေတာ၊ ရွှေတစ်သောင်းကုန်သည်အသင်းနဲ့ သွေးဝံပုလွေဂိုဏ်းက ရန်ဘက်တွေဘဲ၊ သွေးဝံပုလွေဂိုဏ်းက လူတွေကို သတ်လိုက်ရင်တောငမ အဆင်ပြေတယ်၊ သွေး၀တ်ရုံဂိုဏ်းဆိုတာ သွေးဝံပုလွေဂိုဏ်းရဲ့ ခွေးတစ်ကောင်ပဲ၊ တစ်ကောင် နှစ်ကောင် သတ်လိုက်မိတာ ဘာမှမဖြစ်ပါဘူး”
စကားပြောပြီးနောက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။ သူခုဏကကြားခဲ့သည့် နာမည်နှစ်ခုသည် အနည်းငယ် ရင်းနှီးနေပုံရသည်။
ယန်ရွှမ်း- “ခုနကဘာေပြာလိုက်တာ”
“ဒုတိယခေါင်းဆောင် ဂူယင်နဲ့ ဂိုဏ်းခေါင်းဆောင် ဝေထုန်တို့ပါ” ဟု ဝူယွမ်က ထပ်မံ၍ သူတို့၏ ရာထူးများကို ထည့်သွင်းဖော်ပြလိုက်သည်။
“ဖောက်!”
ယန်ရွှမ်၏ လက်ထဲရှိ လက်ဖက်ရည်ခွက်သည် ကွဲသွားပြီး ခွက်ထဲရှိ လက်ဖက်ရည်သည် သူ၏ အဝတ်အစားများကို စိုရွှဲသွားစေသည်။
“ဒါက ပြဿနာ အသေးအဖွဲလို့ ခေါ်လို့ရသလား” သူက ဝူယွမ်ကို မျက်လုံးပြူးပြီး စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
“မင်းလုပ်လိုက်တာက ဂိုဏ်းတစ်ခုလုံးကို သုတ်သင်လိုက်သလိုပဲ”
ဝူယွမ်က ခေါင်းညိတ်ကာ “ဟုတ်တယ်၊ ဂူယင်နဲ့ ဝေထုန်အပြင် သူတို့ခေါ်လာတဲ့ နောက်လိုက်တစ်ရာကျော်၊ ယွမ်ဒန်အဆင့် နှစ်ဦးနဲ့ ယွမ်ကောင်းကင်နယ်ပယ် ဒါဇင်ကျော်တို့ အားလုံးသတ်ခံလိုက်ရတယ်” ဟု ပြောလိုက်သည်။
“သွေး၀တ်ရုံဂိုဏ်းက သွေးဝံပုလွေဂိုဏ်းရဲ့ လူယုံနောက်လိုက်ဘဲ။ သွေး၀တ်ရုံဂိုဏ်းကို သုတ်သင်လိုက်တာက သွေးဝံပုလွေဂိုဏ်းရဲ့ လက်တစ်ချောင်းကို ဖြတ်လိုက်တာနဲ့အတူတူဘဲ။ သွေးဝံပုလွေဂိုဏ်းက ဒါကိုခွင့်လွှတ်စရာ အကြောင်းမရှိ မရှိ... ခဏနေဦး၊ မဟုတ်သေးပါဘူး၊ ဒါက အဓိကအချက်မဟုတ်သေးဘူး”
ယန်ရွှမ်း ရုတ်တရက် တုံ့ပြန်လိုက်သည်။
“မင်းက ဂူယင်နဲ့ ဝေထုန်ကို သတ်တယ်လို့ ပြောလိုက်တာလား”
“ဟုတ်ပါတယ်”
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ခဲ့တာလဲ”
ယန်ရွှမ်း၏ စိတ်ထဲ တုန်လှုပ်သွားပြီး နှစ်ပေါင်းများစွာ မွေးမြူထားသော သူ၏ ရှေးဟောင်းဆန်ဆန် ရင့်ကျက်ဟန်ရှိသော မျက်လုံးများသည် ယခုအခါ ဝူယွမ်ကို စူးစိုက်ကြည့်နေကာ သူ၏ အေးဆေးတည်ငြိမ်သော စရိုက်လက္ခဏာသည်လည်း မငြိမ်မသက်ဖြစ်နေသည်။
“ဆရာ စိတ်အေအေးထားပါအုံး... ကျွန်တော် တစ်ခုပြမယ် ကြည့်ပြီးရင်၊ ဆရာ နားလည်သွားလိမ့်မယ်”
ဝူယွမ်သည် သူ၏ နဖူးခလယ်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညွှန်ပြလိုက်ပြီး သူ၏ နီဝမ်နယ်ပယ်မှ သဘာ၀ဝိညာဉ်အဆောင် နှစ်ခု ပေါ်ထွက်လာသည်။
ယန်ရွှမ်းသည် ချက်ချင်းဆိုသလို ဝိညာဉ်အဆောင်များမှ စုပ်ယူမှုအားကို ခံစားလိုက်ရပြီး ၎င်းတို့ပေါ်ရှိ ရုပ်ပုံများကို ကြည့်ရှုရင်း ပါးစပ်အနည်းငယ် ဟသွားသည်။
“ဝိညာဉ်... ဝိညာဉ်အဆောင်”
ဝူယွမ်က ပြုံးရင်းနှင့် ခေါင်းညိတ်လိုက်သည်။
သဘာ၀ ဝိညာဉ်အဆောင် အကြောင်းကို ယန်ရွှမ်းကို ဖုံးကွယ်နိုင်ဖို့ရာခက်ခဲသည်။ ထို့ကြောင့် လင်းတုန်းနှင့် တိုင်ပင်ပြီးနောက် ယန်ရွှမ်းကို အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရှေးဟောင်းဝိညာဉ်အဆောင် တံဆိပ်၏ မူလအစသည် ရှင်းလင်းသောကြောင့် ယန်စွမ်း စုံစမ်းစစ်ဆေးမှာကို စိုးရိမ်စရာမလိုပေ။
ထို့အပြင် သူတို့၏ သံမြေကျေးရွှာသည် စွမ်းအားကြီးမားသော ကျင့်ကြံသူ၏ ကာကွယ်မှုကို လိုအပ်နေပြီး ယန်ရွှမ်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ရှေးဟောင်း ဝိညာဉ်အဆောင် တံဆိပ်ဖြင့် လဲလှယ်ခြင်းကို ရှဲ့ရွှန်းက ကျေနပ်စွာ လက်ခံမည်ဖြစ်ပြီး သူတို့အတွက် ပို၍အကူအညီဖြစ်လာလိမ့်မည်။
ယန်ရွှမ်းသည် ထိုအဆောင်ကို ချက်ချင်း လုယူလိုက်ချင်သော်လည်း စိတ်ထိန်းလိုက်သည်။ ထို့အပြင် ဝူယွမ်သည် သူ၏ အဖိုးတန် တပည့်တစ်ဦးလည်းဖြစ်သည်။
ရှေးဟောင်း ဝိညာဉ်အဆောင် တံဆိပ်သည် သာမန် သဘာ၀ အဆောင်တံဆိပ်ကိုသာ ပိုင်ဆိုင်ထားသော အဆောင်သခင်များအတွက် သေလောက်အောင် ဆွဲဆောင်မှုရှိသည်။
ယန်ရွှမ်းသည်လည်း ချွင်းချက်မရှိပေ။
“မဆန်းတော့ပါဘူး၊ မဆန်းတော့ပါဘူး”
“သဘာ၀ဝိညာဉ်အဆောင်ရှိတဲ့ ဒုတိယအဆောင် သခင်က ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူကို စိန်ခေါ်ဖို့ အရည်အချင်းရှိတယ်”
ယန်ရွှမ်း၏ သံသယများ ဖြေရှင်းသွားသော်လည်း အခု သူ၏ စိတ်သည် သဘာ၀ ဝိညာဉ်အဆောင် အပေါ်၌သာ အာရုံစိုက်နေသည်။
“ရှောင်ယွမ်၊ ဒီအဆောင်တံဆိပ်က...” ရှဲ့ရွှန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပြောရန် ရပ်တန့်သွားသည်။
“ဆရာကြီး မစိုးရိမ်ပါနှင့်၊ ကျွန်တော်သည် ဒီဝိညာဉ်အဆောင် တံဆိပ် စုစည်းနည်းကို ကျွမ်းကျင်သွားပြီဖြစ်လို့ ဘယ်အချိန်မဆို ဆရာ့ကို မျှဝေပေးလို့ရပါတယ်”
ယန်ရွှမ်း စိတ်ထဲတွင် မျှော်လင့်ချက်များ တစ်ဖန်ပြန်လည် နိုးကြားလာခဲ့သည်။
မူလက သူသည် သူ၏ကျန်ရှိသော ဘဝတစ်လျှောက်လုံး စတုတ္ထအဆင့် အဆောင်သခင် အဖြစ်သာ ရှိနေမည်ဟု ထင်မှတ်ထား�သည်။
အခု သူသည် သဘာ၀ ဝိညာဉ်အဆောင် စုစည်းခြင်း နည်းလမ်းကို ရရှိပြီး သူ၏ သဘာ၀အဆောင်တံဆိပ် အားလုံးကို သဘာ၀ ဝိညာဉ်အဆောင် များအဖြစ် ပြောင်းလဲနိုင်ပါက သူသည် ပိုမိုအားကောင်းလာနိုင်ပြီး အဆင့်ငါး အဆောင်သခင် အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
ထို့အပြင် သူ အဆင့်မတက်ခဲ့လျှင်တောင်၊ ၎င်းတို့ကို သဘာ၀ ဝိညာဉ်အဆောင် များအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် သူ၏စွမ်းအားသည် ယွမ်ဒန်အဆင့်တွင် လွှမ်းမိုးနိုင်စွမ်းရှိပြီး သွေးဝံပုလွေဂိုဏ်းး၊ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ ယွဲ့ရှန်းသည် သူနှင့် ယှဉ်နိုင်တော့မည်မဟုတ်ပေ။
ယန်ရွှမ်း သည်လည်း စိတ်အားထက်သန်လာသည်၊ “ရှောင်ယွမ်၊ စိတ်ချလက်ချနေပါ။ အမှန်တော့ ငါ ရွှေတစ်သောင်းကုန်သည်အသင်း အကူအညီယူဖို့ရာ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ အခု ငါတို့ အဲ့တာကို မလိုအပ်တော့ဘူး။ အကယ်၍ ဆရာသာ သဘာ၀ ဝိညာဉ်အဆောင်ကို စုစည်းနိုင်ခဲ့ရင် သွေးဝံပုလွေဂိုဏ်းက ဆရာ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်တော့ဘူး”
(ဘာသာပြန်သူ မှတ်ချက်။ ။ အဆောင်တံဆိပ်တွေကို
သဘာ၀ အဆောင်တံဆိပ်
သဘာ၀ဝိညာဉ်အဆောင်
သဘာ၀ကောင်းကင်အဆောင် ဆိုပြီးသုံးဆင့်ခွဲထားပြီး
ရှေးဟောင်း ဝိညာဉ်အဆောင်ဆိုသည်မှာ ရှေးဟောင်း၀န်ရိုး အဆောင်တံဆိပ်ကို ဆိုလိုခြင်းဖြစ်ပြီး၊သဘာ၀ ဝိညာဉ်အဆောင်ဆိုသည်မှာ အဆောင်တံဆိပ်ရဲ့ အဆင့်ကိုဆိုလိုခြင်းဖြစ်သည်။ရောသွားမှာဆိုးလို့ပါ။ #အားပေးဖတ်ရှုသူများအားလုံး အဆင်ပြေ ချမ်းမြေ့ပျော်ရွှင်ကြပါစေ။)