ရွှမ်စု၏ လေးစားမှု
Vol. 4 Ch. 37
“ဒီနေ့ ရွှေတစ်သောင်းကုန်သည်အသင်းမှာ လေလံပွဲကျင်းပလိမ့်မယ် ငါတို့လည်း သွားကြည့်ကြရအောင်”
ဇီယွဲ့သည်လည်း သူတို့နှင့်အတူ ရွှေတစ်သောင်းကုန်သည်အသင်းသို့ လိုက်ပါလာသည်။
လမ်းတွင် ဝူယွမ်အား ရွှေတစ်သောင်းကုန်သည်အသင်းက ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် လက်ခံမည့်အကြောင်း ပြောပြလိုက်သောအခါ ဇီယွဲ့သည် မကျေမနပ်ဖြစ်ကာ ချက်ချင်းပင် ဝူယွမ်အား မြို့တော်ခန်းမသို့ ဧည့်အကြီးအကဲအဖြစ် ပါဝင်ရန် ဖိတ်ကြားလိုက်သည်။ ထိုသို့ဖိတ်ကြားရဲသည်မှာ ထိုအင်အားစုနှစ်ခုသည် ရန်ဘက်များမဟုတ်သောကြောင့် ဖြစ်သည်။
ရွှေတစ်သောင်းကုန်သည်အသင်းအတွက် ဧည့်အကြီးအကဲလုပ်ရန် သဘောတူထားပြီးဖြစ်သော်လည်း အမကြီးအား ငြင်းပယ်ရန် မသင့်ဟု ဝူယွမ်ခံစားရသဖြင့် နောက်ပိုင်းတွင် ဧည့်အကြီးအကဲရာထူးအတွက် လျှောက်ထားရန် သူမနှင့်အတူ မြို့တော်ခန်းမသို့ လိုက်ပါမည်ဟု ကတိပေးလိုက်သည်။
ထိုအခါမှသာ ဇီယွဲ့၏ မျက်နှာပြန်လည် ရွှင်ပြလာကာ ဝူယွမ်အား ဟာသဆန်ဆန် ပြောလိုက်သည်-
“မောင်လေး၊ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ အကြီးဆုံးသမီး ရှားယွမ်လန်က ငါရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဘဲ။ ကျီလန်က လှပနုပျိုပြီး သွေသွယ်ချောမောတဲ့ အမျိုးသမီးလေးဘဲ။ ငါတို့ ရောက်တဲ့အခါ မင်းနဲ့ မိတ်ဆက်ပေးမယ်။ အကယ်၍ မင်းသာ ဒီအမျိုးသမီးလေးကို သိမ်းသွင်းနိုင်မယ်ဆိုရင် ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ ဧည့်အကြီးအကဲ တစ်ယောက်ထက်တောင် မင်းကို ပိုပြီး တန်ဖိုးထားကြမှာပဲ။”
“အမတော်၊ ဘာတွေပြောနေတာလဲ။ ကျွန်တော် ဝူယွမ်က အမျိုးသမီးတွေကို အမှီသဟဲပြုနေရတဲ့လူမျိုး ဘယ်လိုဖြစ်နိုင်မလဲ။”
ဝူယွမ်သည် အရင်ဆုံး တည်တည်ကြည်ကြည် ငြင်းပယ်လိုက်ပြီးနောက် သူ၏ပုံမှန် ပျက်ရယ်ပြုတတ်သော အပြုအမူသို့ ပြန်လည်ရောက်ရှိသွားကာ ဇီယွဲ့ကို ကြည့်ပြီး ဆက်ပြောသည်- “ဒါထက်စာရင် အနားမှာရှိတဲ့သူကို ဘာလို့ အဝေးကြီးမှာရှာနေမှာလဲ။ အမကြီးက ပိုကောင်းတယ်မလား။ ပြီးတော့ ယန်းမြို့မှာ အမကြီးထက် ပိုလှတဲ့အမျိုးသမီး ရှိတယ်ဆိုတာ ကျွန်တော် မယုံဘူး။”
“အိုး... ဒီကလေးဆိုးလေး၊ အမကြီးကို လာပြောင်တာလား” ဟု ဇီယွဲ့သည် ပျော်ရွှင်စွာဖြင့် ဝူယွမ်၏ လက်မောင်းကို ခပ်ဖွဖွလေး ရိုက်လိုက်သည်။
သို့သော်လည်း သူမသည် စိတ်ဆိုးသည့်အသွင်မျိုး မဟုတ်ခဲ့ပေ။ အမှန်တော့ သူမသည် စိတ်အတွင်းတွင် အတိုင်းအတာတစ်ခုထိ ကျေနပ်ဝမ်းသာနေခဲ့သည်။
လှည်းထဲတွင် ထိုင်နေသော ဆရာယန်မှာမူ အေးအေးဆေးဆေး ထိုင်ကြည့်မနေနိုင်တော့ဘဲ ခေါင်းလှန်ပြီး မကြည့်ဘဲနေလိုက်သည်။(တတိယဘီး ဆရာယန်🤌)
ဇီယွဲ့သည် အမြဲတမ်း မာနတကြီးနေခဲ့သူ ဖြစ်သော်လည်း အခု ဒီကောင်လေးနဲ့ကြ ဟာသလုပ်စကားပြောနေသည်။ ဤဝူယွမ်သည် အမှန်ပင် အမျိုးသမီးများကို ချော့မော့တတ်သူဖြစ်သည်။
သို့သော်လည်း ဆရာယန်သည် ဝူယွမ်အား အားကျနေဆဲဖြစ်သည်။ အကယ်၍ သူသည် ထိုစဉ်က ဝူယွမ်လောက် ရဲရင့်မှုရှိခဲ့မည်ဆိုလျှင် ယနေ့အထိ တစ်ကိုယ်တော်ဘဝနဲ့ ဖြစ်နေမည် မဟုတ်ချေ...
ရွှေတစ်သောင်းကုန်သည်အသင်း
ဒီနေ့ အလွန်စည်ကားလျက်ရှိသည်။
ကုန်သည်ကြီးများနှင့် ကျင့်ကြံသူများစွာ စုရုံးနေကြပြီး ဝင်ပေါက်တွင် လူအချို့သည် သူတို့အား လေလံခန်းမအတွင်းသို့ လမ်းညွှန်ခေါ်ဆောင်နေကြသည်။
ရွှေတစ်သောင်းကုန်သည်အသင်းရှေ့ လှည်းတစ်စီး ရပ်တန့်သွားပြီး လှည်းထဲမှ ဝူယွမ်နှင့် အခြားနှစ်ယောက် ထွက်လာကြသည်။
ဤအချိန်တွင် ဆရာယန်၏ လှည်းကို မြင်တွေ့သဖြင့် လေလံဆိုင်အလုပ်သမားတစ်ဦးသည် ဝင်ပေါက်ရှိ အမျိုးသမီးနှစ်ဦးထံသို့ အလျင်အမြန်ပြေးသွားကာ “ဆိုင်မန်နေဂျာ စု၊ ဆရာယန်ရောက်လာပါတယ်” ဟု လျှောက်တင်လိုက်သည်။
အမျိုးသမီးနှစ်ဦးသည် ဤနေရာတွင် အထူး အာရုံစိုက်ဖွယ်ဖြစ်နေသည်။ တစ်ဦးမှာ ပန်းရောင်ပုဝါပါးနှင့် မျက်နှာကိုဖုံးထားပြှီး သိမ်သိမ်မွှေ့မွှေ့လေးပြုံးနေကာ ချောမောလှပသည့် နှင်းဆီရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးဖြစ်ပြီး အလွန်ဆွဲဆောင်မှုရှိသည်။ သူမ မျက်နှာသည် လည်း ရင့်ကျပ်မှုများဖြင့် ပြည့်နေဟန်ရှိပြီး ပြည့်ဖြိုးသောကိုယ်ခန္ဓာနှင့် သိမ်မွေ့သောအသွင်အပြင်သည် သူမအား ရူးသွပ်ဖွယ် ဆွဲဆောင်မှုမျိုးရှိစေသည်။
သူမ၏ဘေးတွင် အစိမ်းရောင်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦးရှိပြီး သူမလည်း အလားတူလှပသည်။ သို့သော်လည်း သူမ၏ လှပသည့် မျက်နှာပေါ်တွင် အေးစက်မှုအနည်းငယ်ကို သယ်ဆောင်လျက်ရှိသည်။ ယခင်အမျိုးသမီးနှင့်နှိုင်းယှဉ်လျှင် သူမသည် ပို၍ငယ်ရွယ်နုပျိုသော်လည်း အရိုင်းဆန်ဆန် ဆွဲဆောင်မှုမျိုးမဟုတ်ဘဲ ထူးခြားဆန်းကြယ်သည့် ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည်။
ဝူယွမ်သည် ခရီးသည်တင်ယာဉ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ထဲရှိ အမျိုးသမီးနှစ်ဦးကို သတိထားမိလိုက်သည်။
အမျိုးသမီးနှစ်ဦးစလုံးသည် အလွန်ဆင်တူပြီး ညီအစ်မများကဲ့သို့ အတူတကွ လမ်းလျှောက်နေကြသည်။ ထိုနေရာတွင် ရပ်နေကြသဖြင့် အာရုံစိုက်ခြင်းမခံရရန် မဖြစ်နိုင်ချေ။ ထို့အပြင် ပတ်ဝန်းကျင်ရှိလူများ၏ စိတ်အားထက်သန်ပြီး ရိုသေလေးစားစွာ ကြည့်နေသည့် အကြည့်များအရ ဤအမျိုးသမီးနှစ်ဦး၏ အဆင့်အတန်းများသည် သာမန်မဟုတ်ကြောင်း သိသာသည်။
ဤအမျိုးသမီးနှစ်ဦးသည် စိတ်နေသဘောထားနှင့် အသွင်အပြင်နှစ်ခုစလုံးတွင် ဇီယွဲ့နှင့်နှိုင်ယှဉ်နိုင်မည်မှာ သေချာသည်။
ယန်းမြို့ဆိုတာ တစ်ကယ်ကိုမြို့ကြီးဘဲ၊ မိန်းကလေးတွေရဲ့ အရည်အသွေးကအစ ပိုမြင့်တယ်... ဝူယွမ်သည် စိတ်ထဲတွင် တိတ်တဆိတ် နှိုင်းယှဉ်ကြည့်နေမိသည်။ ဤညီအစ်မနှစ်ဦးသည် ချင်းယန်းမြို့ငယ်လေးရှိ ရှဲ့မိသားစုညီအစ်မများထက် ပိုမိုလှပပြီး ခြေထောက်လှပသည့် လင်းရှတောင်မှ အနည်းငယ် နိမ့်ကျသည်။
ချင်းယန်းမြို့နယ်တွင် ချင်ထန်လေးသည်တော့ အနိုင်ရမည်ဟု ထင်ရသည်။
အမျိုးသမီးနှစ်ဦးသည် သူတို့ထံသို့ ချဉ်းကပ်လာကြပြီး ဝူယွမ်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။ ယန်းမြို့တွင် ဆရာယန်၏ လှည်းပေါ်၌ လိုက်ပါစီးနှင်းနိုင်သော ဤလူငယ်ကို သူတို့မသိထားပေ။
“ဆရာယန်”
“ဇီယွဲ့”
ရွှမ်စုနှင့် ရှားကျီလန်တို့သည် သူတို့အား စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်ကြပြီး ရှားကျီလန်သည် ဇီယွဲ့၏ လက်အားတွဲထားလိုက်သည်။
“ဆိုင်မန်နေဂျာ စု၊ အမတော် ရှား”
“ပြီးတော့ ဒီလူက?” ရွှမ်စုက ဝူယွမ်ကို စူးစမ်းလိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“သူကတော့ ကျွန်မရဲ့ မောင်လေးပါ၊ ဆရာကြီး လက်ခံလိုက်တဲ့ တပည့်အသစ်ပါ။ အစ်မရှား၊ အစ်မကျီလန်၊ ကျွန်မရဲ့ မောင်လေးကို ပေါ့သေးသေးမထင်နဲ့၊ သူက အငယ်လေးရှိသေးပေမဲ့ အဆောင်သခင် အဆင့်နှစ် ကိုရောက်နေပါပီ” ဇီယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်ပြောကြားလိုက်သည်။သူမ၏ အမူအရာသည် ဖုန်တက်နေသော ရတနာတစ်ခုကို ပြသသည့်ဟန် ဖြစ်နေသည်။
ဝူယွဲ့သည် ပြုံးပြလိုက်ပြီး မည်သို့ပြောရမည်ကို မသိပေ။
ဆရာယန်သည် စိတ်လှုပ်ရှားနေသော ဇီယွဲ့အား ကြားဖြတ်၍ “ဇီယွဲ့၊ အတွင်းထဲမှာ ဆက်ပြောကြရအောင်။ ဒီမှာ လူအရမ်းများလွန်းတယ်” ဟု ပြောလိုက်သည်။
“အဆောင်သခင် အဆင့်နှစ်လား၊
ဒီအသက်အရွှယ်လေးနဲ့လေ။”
ရွှမ်စုနှင့် ရှားကျိလန်တို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဤအမျိုးသမီးသည် ဤမျှငယ်ရွယ်နုပျိုသော ပါရမီရှင်ကို မည်သို့ငှားရမ်းရမည်ကို တွေးတောနေစဉ်၊ ရောက်လာသောသူ၏ စွမ်းအားသည် သူမထက်ပင် ပိုမြင့်မားနေသည်ကို အံ့အားသင့်နေသည်။
လေလံဆိုင်အတွင်းသို့ ဝင်ရောက်ပြီးနောက် လေလံပွဲ စတင်ရန် အချိန်အနည်းငယ်လိုသေးသဖြင့် လေးဦးသည် သီးသန့်ခန်းမထဲသို့ ဝင်ရောက်သွားကြသည်။
ဆရာယန်သည် ဝူယွမ်က သွေးဝတ်ရုံဂိုဏ်း၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကို မည်သို့သတ်ဖြတ်ခဲ့ကြောင်း ချက်ချင်းရှင်းပြလိုက်သည်။
၎င်းသည် ရွှမ်စုနှင့် ရှားကျီလန်တို့အား ရှေ့ကသူကဲ့သို့ပင် အသက်ရှုမှားအောင် အံ့အားသင့်သွားစေသည်။
“မောင်လေး ဝူယွမ်၊ မင်းဟာ အနာဂတ်မှာ ကြီးမြတ်တဲ့သူ ဖြစ်လာမဲ့သူဘဲ၊ အစ်မကလည်း မင်းလိုလူမျိုးတွေကို အကြိုက်ဆုံးပဲ။”
ရွှမ်စုသည် ခန္ဓာကိုယ်ကို သိမ်မွေ့စွာ လှုပ်ရှားလိုက်ပြီး ဝူယွမ်ဘေးသို့ လမ်းလျှောက်လာကာ သူ၏ပခုံးကို ဖြူဖွေးသေးသွယ်သော လက်ချောင်းများဖြင့် ညင်သာစွာ ထိလိုက်သည်။
“အရမ်းဆွဲဆောင်မှုရှိတာဘဲ သာမန်လူသာဆို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး...” ဝူယွမ်သည် စိတ်ထဲမှ အသက်ရှု အောင့်ထားလိုက်သည်။ ရွှမ်စုဆီမှ လူတစ်ဦး၏နှလုံးသားကို လှုပ်ခတ်စေနိုင်တဲ့ သိမ်မွေ့ ချိုမြိန်သောရနံ့ကို ရလိုက်သည်။
ဝူယွမ် တွေ့ဖူးသမျှ အမျိုးသမီးအားလုံးထဲတွင် ရွှမ်စုသည် သူ့အမြင်တွင် ခြွင်းချက်မရှိ ဆွဲဆောင်နိုင်ဆုံး မိန်းကလေးဖြစ်သည်။
“မန်နေဂျာ စု အထင်ကြီးလွန်းနေပါပီ၊ အခြားသူတွေက ကျွန်တော့်ကို လာမထိ ကျွန်တော်ကလည်း အခြားသူတွေကို သွားမထိပါဘူး။ သတ်ဖြတ်တယ်ဆိုတာ မသက်သာလို့ လုပ်ရတဲ့ အခြေအနေတစ်ခုပါ” ဝူယွမ်သည် ချက်ချင်းဘေးသို့ ရွေ့လိုက်သည်။
ထိုမိန်းမလှလေးနှင့် နီးနီးကပ်ကပ်ရှိလိုသည်မဟုတ်ပေ။ သို့သော် ရွှမ်စုသည် ဆွဲဆောင်မှုရှိလွန်းလှသည်။
ရှားကျိလန်မှာမူ သိချင်စိတ်အပြည့်ဖြင့် ဝူယွမ်ကို စိုက်ကြည့်နေသည်။ ကုယင်နှင့် ဝေထုန်တို့သည် ယန်မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော လူများဖြစ်ပြီး ဓားဖြင့်အသက်မွေးကာ သတ်ဖြတ်ရာတွင် ကရုဏာမထား မတွန့်ဆုတ် သူများဖြစ်ကြသည်။
ထိုကဲ့သို့လူနှစ်ဦးက အမှန်တကယ်ပင် သူမရှေ့မှောက်ရှိ အန္တရာယ်မရှိပုံရတဲ့ လူငယ်လေးရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယုံကြည်ဖို့ရာ အလွန်ခက်ခဲလှသည်။
ဒါပေမဲ့ ဆရာယန်နှင့် ဇီယွဲ့တို့ကလည်း လိမ်ပြောမည်မဟုတ်ပေ။
ဤလူငယ်သည် မျက်နှာပေါ်တွင် ပေါ်လာသည့် အမူအရာကဲ့သို့ ရိုးရှင်းမှုမရှိကြောင်း သက်သေပြနေသည်။
အရေးအကြီးဆုံးမှာ ထိုကောင်လေးသည် သူမနှင့် အသက်ခြင်း သိပ်မကွာသော်လည်း သူ၏စွမ်းအားသည် သူမထက်များစွာသာလွန်နေခြင်းဖြစ်သည်။
ရှားကျိလန်သည် ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်တွင် ရှိပြီး သူမ၏စွမ်းအားသည် ယန်မြို့ရှိ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်သုံးနေရာဝင်နိုင်သည်။
သို့သော် ဝူယွမ်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွားခြားနေသည်။
ဝူယွမ် လုပ်ဆောင်ခဲ့သည်များသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ သူသည် ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့်ရှိ ဆရာတစ်ဦးကိုပင် သတ်ဖြတ်နိုင်သည်။ နောက်တစ်ဆင့်သာ တက်သွားပါက၊ သူသည် သူမ၏ဖခင်နှင့် အဆင့်တူဖြစ်သွားပေလိမ့်မည်။
ရွှေ့ဆိုင်း- “ဥက္ကဋ္ဌကြီးက အခုဒီမှာမရှိဘူး၊ ဒါပေမယ့် ကျွန်မမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒီနေ့ကစပြီး မောင်လေး ဝူယွမ်က ကျွန်မတို့ ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲဘဲ၊ ဒါကတော့ ဂုဏ်ထူးဆောင်တံဆိပ်ပါ”
အမျိုးသမီးတစ်ယောက်အနေနဲ့ ရွှမ်စုသည် ဆုံးဖြတ်ချက်ချရာတွင် အလွန်မြန်ဆန်ပြတ်သားသည်။ သူမသည် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပြီး ဂုဏ်ထူးဆောင်တံဆိပ်ကို ဝူယွမ်ထံ ပေးအပ်လိုက်သည်။
သူမသည် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး။
“အထဲမှာ ယန်ယွမ်ကျောက်တုံး ၁၀၀,၀၀၀ ပါတယ်၊ သွေးဝတ်ရုံဂိုဏ်းကို သုတ်သင်ရှင်းလင်းပြီး ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဖြစ်လာတဲ့အတွက် မင်းရဲ့ ပထမဆုံးဆုကြေးအဖြစ် ပေးတာ”
ဆရာယန်နှင့် ဇီယွဲ့တို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ရွှမ်စုသည် ဒီလောက်ကြီးမားတဲ့ ပမာဏကို သုံးစွဲရန် ဆန္ဒရှိမည်ဟု ထင်မထားခဲ့ကြပေ။
ရှားကျိလန်သည်လည်း ရွှမ်စုကို အံ့ဩတကြီး ကြည့်လိုက်သည်။ ယန်ယွမ်ကျောက်တုံး ၁၀၀,၀၀၀ သည် ရွှေတစ်သောင်းကုန်သည်အသင်း အတွက်ပင် သေးငယ်သည့်ပမာဏ မဟုတ်ပေ။
သို့သော် ဝူယွမ်၏ အစွမ်းအစကို တွေးမိတောသောအခါ သူမ စိတ်သက်သာရာရသွားသည်၊ အမရွှမ်းစုကိုလည်း အားကျမိသွားသည်... ဤသည်မှာ အစ်မ ရွှမ်စု၏ သတ္တိဖြစ်သည်၊ သူမ၏ဖခင်က ကန့်ကွက်မှုအားလုံးကို ဂရုမစိုက်ဘဲ သူမအား မန်နေဂျာအဖြစ် တင်ပေးခဲ့ခြင်း၏ အဓိက အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။
ဒီလိုလုပ်လိုက်ခြင်းဖြင့် သူ့ကို သိမ်းသွင်းဖို့ရာ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
“ရွှမ်စုက ဒီလောက်တောင် ရက်ရောတယ်လား၊ သူမက တစ်ကယ့်ကို သဘောကောင်းလွန်းတာဘဲ”
ဝူယွမ်သည် သိုလှောင်အိတ်ကို စိတ်လှုပ်ရှားစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်း ငြင်းဆိုလိုက်သည်- “ဆိုင်မန်နေဂျာ စု ဒါကို ကျွန်တော် လက်မခံနိုင်ဘူး၊ အရမ်းများလွန်းတယ်”
“မောင်လေး ဝူယွမ်၊ စိတ်မပူပါနဲ့၊ ဒါက မင်းနဲ့ ထိုက်တန်ပါတယ်။ အစ်မက မင်းဟာ ဒီထက်တောင် ပိုတန်ဖိုးရှိအုံးမယ်ဆိုတာ ယုံတယ်”
ရွှမ်စုသည် အနားချဉ်းကပ်လာပြီး သူမ၏ ဖြူဖွေးနုနယ်သော လက်များဖြင့် ဝူယွမ်၏လက်ကိုသေချာ ကိုင်လိုက်ပြီး သိုလှောင်အိတ်ကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုမြင်ကွင်းသည် ဘေးနားရှိ ဇီယွဲ့အား မျက်မှောင်ကြုံ့သွားစေသည်။
ဝူယွမ်သည်လည်း ရွှေ့ဆိုင်း၏ နုနယ်သောလက်လေးကို မတော်တဆ ထိမိသွားပြီး စိတ်ထဲတွင် ညည်းညူလိုက်သည်၊
ဒီသိုလှောင်အိတ်၊ဒီအထိအတွေ့က အရမ်းကောင်းတယ်။