နိုးထခြင်း
Vol. 23 Ch. 334
~လျန်ပြည်နယ်၊
မြောက်ပိုင်းမြို့ စစ်တပ်စခန်း၊
အတိတ်ကာလတုန်းကတော့ ဒီနေရာသည် လူရိုင်းမျိုးနွယ်တို့၏ ရင်ထဲ၌ ဘယ်လိုမှ ကျော်ဖြတ်၍မရနိုင်သော မိုးထိတောင်တန်းကြီးတစ်ခု ပမာပင်။ သို့သော် ယခုအချိန်တွင်မူ... လေထဲ၌ တလူလူ လွင့်ပျံနေသည်က သူတို့၏ အလံများသာ ဖြစ်ချေတော့၏။
စခန်းအတွင်းထဲတွင် မြောက်ပိုင်းသား စစ်သည်တို့သည် သီချင်းဆိုနေကြ၏။ ကခုန်နေကြ၏။ နှစ်ပေါင်း (၁၀၀၀) ခန့် သူတို့ရင်ထဲ၌ မြိုသိပ်ထားခဲ့ရသော ဒေါသများကို အကုန်ထုတ်ပစ်နေကြသည့်အလား။
သူတို့ အသင့်စောင့်နေကြသည်မှာ လူရိုင်းဧကရာဇ်၏ အမိန့် တစ်ခွန်းတည်းသာ ဖြစ်၏။ ထိုအမိန့်ရသည်နှင့် လျန်ပြည်နယ်ကို တက်နင်းကာ မြေဆီလွှာ ကောင်းမွန်သော ဟိုးအဝေးဆီမှ နေရာဒေသများကို ဝါးမြိုပစ်ကြပေတော့မည်။
မဟာယန်၏ မီးလျှံသိုင်းသူတော်စင်ကြီးက ယခုချိန်ထိ ဘာမျှ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးချေ။ ဤအချက်ကပင် သူတို့၏ ရိုင်းစိုင်းလိုစိတ်ကို နေ့စဉ်နှင့်အမျှ ကြီးထွားလာစေခဲ့သည်။ တစ်ဖက်မှ မဟာယန်စစ်သည်တို့၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုနှင့် ဒေါသကို လှမ်းကြည့်ပြီး သူတို့က အရသာခံနေကြလေ၏။ သားကောင်ကို ကစားရသည်မှာ ပျော်စရာကောင်းသည် မဟုတ်ပါလော။
*(သောက်ကျိုးနည်း... ဒီကောင်တွေကတော့ သူများမြေပေါ်ရောက်နေပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်နေကြပါရောလား... ငါသာ အဲ့ဒီနားရောက်နေရင် အကုန်လုံးကို ဖင်ကန်ထုတ်ပစ်လိုက်ပြီ)*
စခန်းအပြင်ဘက်ဆီမှ ထူးဆန်းသော အော်သံများ ထွက်ပေါ်လာသည်။
“ဝှီး... ဝှီး... ဝှီး...”
ထိုအသံများမှာ မြောက်ပိုင်းသား မြင်းစီးသူရဲတို့၏ လှောင်ပြောင်ရယ်မောသံများပင်။ သူတို့သည် တပ်စွဲထားသော မဟာယန်စစ်တပ်၏ မျက်စိရှေ့မှောက်မှာပင် ဖမ်းဆီးထားသည့် သားကောင်ကို ယမ်းပြပြီး ကျွမ်းကျင်လှသည့် မြင်းစီးစွမ်းရည်များဖြင့် ရန်စနေကြခြင်း ဖြစ်၏။
သို့ရာတွင်...၊
မဟာယန်ဘက်တွင် စွမ်းရည်ရှိသည့်သူ မရှိ၍တော့ မဟုတ်။ မလုပ်ရဲကြခြင်းသာ ဖြစ်၏။
ဤရန်စနေသော မြင်းစီးသမားများကို သွားသတ်လိုက်ပါက၊ မြောက်ပိုင်းသားတို့သည် အကြောင်းပြချက်ကောင်းကောင်းဖြင့် အကြီးအကျယ် ဝင်တိုက်ကြပေလိမ့်မည်။ ထိုအကျိုးဆက်ကို သူတို့ မခံနိုင်ကြ။ အဓိကမှာ မီးလျှံသိုင်းသူတော်စင်ကြီး ပေါ်မလာသေးသဖြင့် သူတို့၌ ယုံကြည်မှု ကင်းမဲ့နေခြင်းပင်။
ဂိုဏ်းအများစုကလည်း အားကောင်းမောင်းသန် ပုဂ္ဂိုလ်တချို့ကို စေလွှတ်ကာ အရိပ်ထဲမှနေ၍ စောင့်ကြည့်ခိုင်းထား၏။ နောက်ဆုံးအခြေအနေကို အမြဲမျက်ခြည်မပြတ် စောင့်ကြည့်နေကြခြင်း ဖြစ်၏။
သို့သော် ယနေ့တော့...
အခြေအနေက မတူတော့ချေ။
“ဟေ့ကောင်တွေ... မဟာယန်က ကြောက်တတ်တဲ့ ကောင်တွေ... မင်းတို့ သတ္တိရှိရင် ငါ့ကို လာသတ်လေကွာ... ဟားဟား”
“သနားစရာကောင်းလိုက်တဲ့ ကောင်တွေ... ငါ့ပခုံးပေါ်က ဘာလဲ မြင်လား... ဒါ မင်းတို့ရဲ့ မိန်းမကွ... ဟားဟား”
မြောက်ပိုင်းသား မြင်းစီးသူရဲတစ်စုက အားရပါးရ ရယ်မောပြီး ပြောင်ကျကျ ရန်စနေကြ၏။
မဟာယန်စစ်သည်တို့သည် ဤမြင်ကွင်းကို ကြည့်ပြီး ဒေါသကြောင့် မျက်လုံးများ နီရဲနေကြပြီ။ လုပ်ချင်သော်လည်း မလုပ်ရဲရှာ။ ဤစော်ကားမှုကို တိတ်တဆိတ်သာ ကြိတ်မှိတ်သည်းခံနေရရှာသည်။
မြောက်ပိုင်းသားတို့က ပို၍ ရက်ရက်စက်စက် စော်ကားလာကြ၏။
ထိုသို့ဖြစ်နေသည်ကိုပင် မဟာယန် စစ်တပ်စခန်းက တိတ်ဆိတ်နေဆဲ။
“ပြန်ကြစို့ကွာ... ဒီအမှိုက်ကောင်တွေက ပျင်းစရာကြီး...”
ခေါင်းဆောင်လုပ်သူက အားရပါးရ ရယ်မောပြီး ပြန်လှည့်ရန် ပြင်လိုက်သည်။
ရုတ်တရက်...
အပြောင်းအလဲတစ်ခု ဖြစ်သွားလေသည်။
“ရွှီ...”
စခန်းအတွင်းပိုင်းနက်နက်ဆီမှ မြားတစ်စင်း ပျံထွက်လာ၏။ လေထုကို ခွဲဖြတ်ပြီး ခေါင်းဆောင်လုပ်သူ၏ ဦးခေါင်းခွံကို တန်းခနဲ ဖောက်ဝင်သွားသည်မှာ... သူ့နောက်မှ မြင်းစီးသမား (၇) ယောက်၊ (၈) ယောက်လောက်ကိုပါ တံကျင်လျှိုသကဲ့သို့ တန်းစီပြီး ဖောက်ထွက်သွားလေတော့၏။ ကျန်ရစ်သော မြင်းစီးသမားတို့ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်ကုန်ကြ၏။
*(အမယ်လေး... ဒါကတော့ တကယ့် ‘တစ်ချက်ခုတ် နှစ်ချက်ပြတ်’ မဟုတ်ဘူး... ‘တစ်ချက်ပစ် ရှစ်ယောက်ပြတ်’ ပဲ... စံချိန်တင်သွားပြီ)*
မဟာယန်စစ်သည်တို့ အားတက်သွားကြ၏။
သို့သော် သူတို့ မပျော်ရသေးခင်မှာပင်...
မိုးကုပ်စက်ဝိုင်းဆီမှ အားကောင်းသော အရှိန်အဝါများ ထိုးတက်လာ၏။ မြောက်ပိုင်းသားတို့၏ ကောင်းကင်ဘုံလူသားအဆင့်များ ရောက်လာပြီ ဖြစ်၏။ ဒေါသတကြီး အော်ဟစ်သံက မြေကြီးကိုပင် တုန်ခါသွားစေတော့၏။
“ငါတို့ လူရိုင်းမျိုးနွယ်ရဲ့ သားမြေးတွေကို သတ်ရဲတယ်ပေါ့... သေသင့်တဲ့ကောင်တွေ... လူသတ်ကောင်ကို အခုချက်ချင်း ထုတ်ပေးစမ်း... မဟုတ်ရင် ဒီနေ့ မင်းတို့ သွေးမြေကျမယ်”
မြောက်ပိုင်းမြို့ စစ်တပ်စခန်းထဲတွင်တော့...
လူရိုင်းစစ်သည်တို့သည် ဒေါသတကြီး ဟိန်းဟောက်ကြွေးကြော်လိုက်ကြသည်မှာ သူတို့၏ အရှိန်အဝါက လွှမ်းမိုးသွားလေတော့၏။ စစ်ပွဲ၏ တိမ်တိုက်မည်းကြီးက မဟာယန်စစ်သည်တိုင်း၏ ခေါင်းပေါ်သို့ အုပ်မိုးလာသကဲ့သို့ပင်။ သူတို့ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြပြီ။ အထူးသဖြင့် မြောက်ပိုင်းမြို့ တံတိုင်းပေါ်တွင် ရပ်နေသော ခံ့ညားထည်ဝါလွန်းသည့် ပုံရိပ်ကြီးကို မြင်လိုက်ရသည့်အခါ... မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
လူရိုင်းဧကရာဇ်... သူကား ပြိုင်ဘက်ကင်းပင်။
မဟာယန်စခန်းထဲမှ ရုပ်သွင်တစ်ခု ကောင်းကင်ပေါ် ထိုးတက်သွား၏။ လက်ထဲတွင် လှံရှည်ကို ကိုင်ထားပြီး အစိမ်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသည့် သူ။ ကြောက်ခမန်းလိလိ အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။
နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်က အသက်ကို ဝဝရှူသွင်းလိုက်၏။ မျက်လုံးများက လျှပ်စီးလက်နေသကဲ့သို့ပင်။
“ငါသတ်လိုက်တာ... မင်းက ဘာလုပ်ချင်လဲ”
လူရိုင်းဗိုလ်ချုပ်က နှာခေါင်းရှုံ့လိုက်သည်။
“ကောင်းတယ်... သိပ်ကောင်းတယ်... ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ကို ဆေးကြောစမ်း... မဟုတ်ရင် မင်းတို့ မဟာယန် တစ်ခုလုံး သွေးချောင်းစီးသွားမယ်”
ထိုခြိမ်းခြောက်စကားကိုကြားလိုက်ရသောအခါ နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်က ဒေါသတကြီး ဆဲရေးလိုက်လေသည်။
“ခွေးမသား... သောက်ပေါက်ကရတွေ လာပြောမနေနဲ့”
ပြောပြောဆိုဆိုနှင့်...
သူ့လှံတံဆီမှ တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး ပိုင်းချလိုက်လေတော့၏။
ဟိုဘက်မှ လူရိုင်းဗိုလ်ချုပ်လည်း လန့်သွားရသည်။ နှစ်ပေါင်းများစွာ ခေါင်းငုံ့ခံလာသော မဟာယန်ကောင်တွေက ဒီလောက် ရုတ်တရက်ကြီး သတ္တိရှိလာမည်ဟု ထင်မှမထင်ထားခဲ့တာကိုး။ မပြင်ဆင်လိုက်ရဘဲ ခံလိုက်ရသဖြင့် နှစ်ပိုင်းပြတ်မတတ် ဖြစ်သွားရ၏။ တော်တော်လေး အရှက်ကွဲသွားပြီး ဒေါသထွက်သွားလေသည်။
“ကောင်းပြီလေ... မင်း သေချင်နေမှတော့လည်း... သတ်ကြစမ်း”
နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
စစ်ပွဲကြီးက ပေါက်ကွဲထွက်လာဖို့ တာစူနေတော့၏။
သည်းခံနေတာ ကြာပြီ ဖြစ်သော မဟာယန် စစ်သည်တို့လည်း ဘာမျှ ဂရုမစိုက်တော့ပေ။ နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်ပင် စတိုက်နေမှတော့ သူတို့လည်း ရင်ထဲက ဒေါသတွေကို ထုတ်ပစ်ချင်နေကြပြီ ဖြစ်၏။ နောက်ဆက်တွဲ ဘာဖြစ်မည်ဆိုတာ သူတို့ အပူမဟုတ်တော့။ အခွင့်အရေးရတာနှင့် အရာရာကို လျစ်လျူရှုပြီး ဝင်လုံးမည့် လူရိုင်းစစ်သည်တွေလိုပင် သူတို့လည်း အကုန်ချကြတော့မည်။
မြေပြင်ပေါ်တွင်တော့...
တပ်ကြီးနှစ်တပ် ထိပ်တိုက်တွေ့ပြီး အော်ဟစ်သံတွေက ကောင်းကင်ကိုပင် တုန်ခါသွားစေ၏။
စွမ်းအားကြီးသော သိုင်းပညာရှင်ချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြလေပြီ ဖြစ်၏။
မြောက်ပိုင်းမြို့ တံတိုင်းထက်၌မူ...၊
လူရိုင်းဧကရာဇ်က တိတ်ဆိတ်စွာ ကြည့်နေ၏။ သူ့ဘေးတွင် ဗုဒ္ဓပေါင်ရှုလည်း ရှိနေ၏။ သူတို့မျက်လုံးထဲတွင် အဝေးမှ အရာအားလုံးသည် ကလေးကစားစရာလောက်သာ ရှိပေသည်။ ကောင်းကင်ဘုံလူသား စာရင်းဝင် အသန်မာဆုံး ပုဂ္ဂိုလ်တွေတောင် သူတို့မျက်လုံးထဲတွင်တော့ အားနည်းလွန်းသော ပုရွက်ဆိတ်လေးတွေလိုသာ ဖြစ်နေ၏။
“ကြည့်ရတာ မီးလျှံသိုင်းသူတော်စင်ရဲ့ ခန္ဓာကိုယ်မှာ တကယ် ပြဿနာရှိနေပုံပဲ... အရင်တုန်းက မဟာယွီ အကြွင်းအကျန်တွေ ဖွဲ့စည်းထားတဲ့ မိစ္ဆာဂိုဏ်းက သူ့ကို တော်တော်လေး ဒုက္ခပေးခဲ့ပုံရတယ်”
ဗုဒ္ဓပေါင်ရှုက ပြုံးလိုက်သည်။
လူရိုင်းဧကရာဇ်က အရင်ဆုံး ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းပြန်ခါပြ၏။
“မိစ္ဆာဂိုဏ်းမှာ အဲ့လောက် စွမ်းရည်မရှိပါဘူး... သူတို့ မွေးထုတ်ပေးလိုက်တဲ့ သိုင်းသူတော်စင်
အတု ဆိုတာကလည်း အလွန်ဆုံး ရှိရင် ပြဿနာ သေးသေးမွှားမွှားလောက်ပဲ ပေးနိုင်မှာပါ... သွေးမျိုးဆက် နည်းလမ်းရဲ့ အကျိုးဆက်ကြောင့်ပဲ ဖြစ်ဖို့ များပါတယ်”
သူက ဆက်ပြောလေသည်။
“တော်ပြီ... ထပ်တွေးနေလည်း အပိုပဲ... ဒီလောက်ကြာတာတောင် ပေါ်မလာသေးဘူးဆိုတော့ အကျိုးအမြတ် ရိတ်သိမ်းရမယ့် အချိန်ရောက်ပြီပေါ့... မဟုတ်ရင် ဟိုအဘိုးကြီးတွေ ထွက်လာရင် ဝေစုရမှာ မဟုတ်တော့ဘူး... ငါတို့က သိပ်ပြီး လောဘကြီးစရာ မလိုပါဘူး... ပြည်နယ်နှစ်ခုလောက်ရယ်၊ မူလမြက်ခင်းပြင်ရယ် ရရင် လုံလောက်ပါပြီ”
စကားပြောနေရင်းနှင့်...
လူရိုင်းဧကရာဇ်က ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်မှာ စစ်မြေပြင်၏ အထက် ကောင်းကင်ယံအမြင့်ကြီးဆီသို့ ရောက်သွားလေသည်။
ဗုဒ္ဓပေါင်ရှုလည်း ကပ်လျက် ပါသွား၏။
သူတို့နှစ်ယောက်သည် နေမင်းကြီးတွေလိုပင် လူတိုင်း၏ အာရုံကို အလိုလို ဆွဲဆောင်သွားကြ၏။
လူရိုင်းဧကရာဇ်က ဘာမျှ မပြောရသေးခင်မှာပင် ဗုဒ္ဓပေါင်ရှုက ‘ရောင်စုံဖန်သား ရတနာသစ်ပင်’ ကို ထုတ်သုံးလိုက်တော့၏။ ရောင်စုံအလင်းများ လွှမ်းခြုံသွားပြီး မဟာယန်ဘက်မှ လူတို့၏ နှလုံးသားကို တုန်လှုပ်သွားစေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဗုဒ္ဓ လက်ဝါးကြီး စုစည်းလာသည်။ ထိုဖိအားက လူတိုင်းကို အသက်ရှူကြပ်သွားစေ၏။ ပုန်းအောင်းနေကြသော ထိပ်တန်း ကောင်းကင်ဘုံလူသားအဆင့် ပညာရှင်များ ထွက်လာကြသော်လည်း ဤလက်ဝါးကြီးရှေ့တွင်တော့ ပုရွက်ဆိတ်လေးတွေလိုသာ ဖြစ်နေတော့၏။
ဗုဒ္ဓ လက်ဝါးကြီး ဖိချလိုက်လေတော့၏။
မြောက်ပိုင်းသားတို့က ကြွေးကြော်နေကြပြီး မဟာယန်သားတို့ကတော့ ကြောက်လန့်တကြား ဖြစ်ကုန်ကြလေပြီ ဖြစ်၏။
နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွား၏။ သူ့စိတ်ထဲတွင်တော့ တင်းမာနေရသည်။
*(သွားပြီ... ငါတော့ မဟာယန်ရဲ့ သမိုင်းတရားခံ ဖြစ်တော့မှာလား)*
နတ်ဘုရား ငှက်မွေး စစ်သူကြီးချုပ် ကြောက်ရွံ့စိုးရိမ်နေမိသည်။
တကယ်တော့ ဒီနေ့ကိစ္စက သူသဘောနှင့်သူ လုပ်တာ မဟုတ်။ နေပြည်တော်က လျှို့ဝှက်အမိန့်ကြောင့်သာ…။