← Chapters

သိုင်းသူတော်စင် လိပ်ပညာ (အပိုင်း ၂)

Vol. 23 Ch. 345

သိုင်းသူတော်စင် လိပ်ပညာ (အပိုင်း ၂)

Vol. 23 Ch. 345

~သို့သော် နင်ချီ၏ အာရုံက ထိုအရာအပေါ်တွင် မရှိပေ။ တံခါးကြီး ကွဲကြေသွားပြီးနောက် ကျန်ရစ်ခဲ့သော စွမ်းအားလှိုင်းများကို သူ အာရုံခံ ကြည့်နေ၏။

“ထင်တဲ့အတိုင်းပဲ... ဒါက ရုပ်ဝတ္ထုတစ်ခု မဟုတ်ဘူး... အထူးစွမ်းအား တစ်ခုနဲ့ ဖန်တီးထားတဲ့ တံခါးပဲ... ယင်ယန် လက်သီးသိုင်းနဲ့မှ ဖျက်ဆီးလို့ ရနိုင်အောင် လုပ်ထားတာ”

နင်ချီ၏ စိတ်ထဲတွင် ဉာဏ်အလင်း တစ်ချက် လက်ခနဲ ဖြစ်သွား၏။

စောစောက သူ ကြိုးစားကြည့်ခဲ့သည်။ မည်မျှပင် ပြင်းထန်သော စွမ်းအားကို သုံးပါစေ၊ ထိုတံခါးကို ဖြိုဖျက်၍ မရခဲ့ပေ။ အစွမ်းကုန် မထုတ်သုံးခဲ့သည်မှာ မှန်သော်လည်း၊ ဤတံခါး၏ ထူးခြားမှုကို သူ သိရှိခဲ့သည်။

ဒါက သူ့စိတ်ထဲက အတွေးကို ပိုပြီး ခိုင်မာစေသည်။

“အစစ်အမှန်သိုင်း အမွေအနှစ်က တော်တော်လေး အထင်ကြီးလောက်စရာပဲ”

နင်ချီ၏ သိချင်စိတ်များ ပိုမို ပြင်းပြလာသည်။

သူ တံခါးပေါက်ကို ဖြတ်ကျော်လိုက်သည်။

သူ့ရှေ့တွင် နောက်ထပ် တိတ်ဆိတ်နေသော အခန်းငယ်လေး တစ်ခု ထပ်ပေါ်လာပြန်၏။ အပြင်အဆင် အားလုံးက အတူတူပင်။ သို့သော်၊ စာအုပ်စင်ပေါ်က သိုင်းစာအုပ်ကတော့ ပြောင်းလဲသွား၏။

'အရပ်လေးမျက်နှာ လက်ဝါးသိုင်း'

“ဒါက... ဉာဏ်ရည်ကို စမ်းသပ်တာလား”

ဒီအတွေးက နင်ချီ့ခေါင်းထဲ ပေါ်လာသော်လည်း သိပ်တော့ မအံ့သြပါ။ အရည်အချင်း ပြည့်မီသော ဆက်ခံသူကို ရွေးချယ်ဖို့ဆိုလျီင် ဉာဏ်ရည်ဉာဏ်သွေးက အရေးကြီးဆုံး ဖြစ်သည်လေ။

“မင်းရဲ့ အကန့်အသတ်က ဘယ်လောက်လဲ ကြည့်ရသေးတာပေါ့”

နင်ချီ 'အရပ်လေးမျက်နှာ လက်ဝါးသိုင်း' စာအုပ်ကို လှန်လိုက်သည်။

ဒီသိုင်းကွက်၏ ခက်ခဲမှု အဆင့်က တစ်ဆင့် မြင့်တက်သွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သို့သော်၊...

သူ့အတွက်တော့ ဒါက ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါ။

အရင်တစ်ခါထက် ဝင်သက်ထွက်သက် အနည်းငယ် ပိုကြာသွားရုံပါပင်။

နင်ချီက ကောင်းကင်နှင့်မြေကြီး စွမ်းအားများကို စုစည်းလိုက်ပြီး 'နဂါးစိမ်း'၊ 'ကျားဖြူ'၊ 'ငှက်နီ' နှင့် 'လိပ်နက်' ပုံသဏ္ဍာန် (၄) မျိုး ဖန်တီးလိုက်ကာ ဒုတိယမြောက် တံခါးကို အမှုန့်ကြိတ်ပစ်လိုက်လေတော့၏။

သာမန်လူတစ်ယောက်အတွက် ဆိုရလျှင်တော့...

ဒီ ကောင်းကင်အဆင့် သိုင်းပညာ နှစ်ခုလောက် ရလိုက်တာနှင့်တင် တော်တော်လေး ကျေနပ်စရာ ကောင်းနေလေ၏။ သို့ဖြစ်စေကာမူ၊ နင်ချီ၏ ရည်မှန်းချက်က သည်အတိုင်းအတာထက် မကပါချေ။

ထိာ့နောက်၊ နောက်ထပ် အခန်းငယ်လေး တစ်ခု ထပ်ပေါ်လာပြန်၏။

နင်ချီက နောက်ထပ် သိုင်းပညာ တစ်ခုကို ဆက်လက် လေ့လာသည်။

ခြွင်းချက်မရှိ အားလုံးက ထူးချွန်ပြောင်မြောက်သော ကောင်းကင်အဆင့် သိုင်းပညာတွေချည်းပင်။

ထိပ်တန်း သိုင်းဂိုဏ်းကြီးတွေမှာဆိုလျှင် အုတ်မြစ်အဖြစ် သတ်မှတ်ထားနိုင်လောက်သော အဆင့်များ ဖြစ်၏။ နောက်ပိုင်း ရောက်လေလေ ပိုပြီး ကောင်းမွန်လာလေလေ ဖြစ်ပြီး၊ သိုင်းပညာ အချို့ဆိုလျှင် နင်ချီ၏ မျက်လုံးတွေကို အရောင်တောက်သွားစေခဲ့သည်။ သူ.. ထိုအထဲမှ.. အနှစ်သာရ တော်တော်များများ စုပ်ယူနိုင်ခဲ့လေ၏။

တတိယမြောက် အခန်းငယ်။

စတုတ္ထမြောက် အခန်းငယ်။

...

နဝမမြောက် အခန်းငယ် အထိပင် ဖြစ်ပါသည်။

နင်ချီက တစ်ပုံစံတည်း တူညီနေသည့် အပြင်အဆင်ကို စိတ်ရှည်လက်ရှည် ကြည့်လိုက်သည်။ မျှော်လင့်ချက်တွေတောင် ပါနေသေး၏။

စမ်းသပ်မှုက သူ့အတွက်တော့ ရိုးရှင်းလွန်းသော်ငြား၊ ရရှိလိုက်သော အကျိုးအမြတ်တွေကတော့ တော်တော် များပါသည်။

ထို့ကြောင့် သူသည် အနည်းငယ်မျှပင် စိတ်ပျက်အားငယ်ခြင်း မရှိပါချေ။

အထူးသဖြင့် သတ္တမမြောက်နှင့် အဋ္ဌမမြောက် အခန်းများ၌ တွေ့ရှိခဲ့ရသည့် သိုင်းပညာရပ်များသည်... သူကိုယ်တိုင် ဖန်တီးထားသော 'ကောင်းကင်ဓားသိုင်း' ကဲ့သို့ပင် သိမ်မွေ့နက်ရှိုင်းလွန်းလှပေ၏။

“အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား”

နဝမမြောက် အခန်းထဲက သိုင်းပညာကို မြင်လိုက်ရတော့ နင်ချီ အံ့သြသွားမိသည်။

နာမည်က တော်တော်လေး အဓိပ္ပာယ် ရှိနေ၏။

" 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ဟူပါလား။ "

သို့ဆိုလျှင်... 'အစစ်အမှန်သိုင်း တံဆိပ်တော်' ဟူသည်လည်း ရှိနေသေးသည်ဟူသော သဘောပင် ဖြစ်ပေလိမ့်မည်။

ထို အစစ်အမှန်သိုင်း တံဆိပ်တော်ကြီး၏ အဆင့်အတန်းသည် မည်မျှ မြင့်မားနေမည် ဆိုသည်ကမူ... အဖြေက ရှင်းလင်းနေတော့၏။

သိုင်းစာအုပ်ကို လှန်လိုက်သည်။

နင်ချီ အလျင်အမြန် ..စိတ်နှစ်လိုက်တော့၏။ ဉာဏ်အလင်းရောင်များ ဝေ့ဝဲတက်လာပြီး သူ့မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာ၏။

“ဘုရားရေ... သိုင်းကွက်က ပြင်းလိုက်တာ... ငါ့ရဲ့ ကောင်းကင်ဓားသိုင်းကနေ ဖန်တီးထားတဲ့ 'ကြယ်တာရာ တစ်ထောင် ဓားကွက်' နဲ့တောင် ယှဉ်လို့ ရနေပြီ”

ကမ္ဘာလောက အနှံ့မှာ သည်လောက် အစွမ်းထက်သော သိုင်းပညာမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ထိပ်တန်းဂိုဏ်းကြီးတွေ၏ ဒဏ္ဍာရီလာ သိုင်းပညာတွေပင် ဒါကို မမီချေ။

အတိုင်းအတာ တစ်ခုအထိ ဆိုရမည် ဆိုပါက... ဤ 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' သည် 'ကောင်းကင်ဓားသိုင်း' ထက်ပင် ပိုမို၍ နက်ရှိုင်းနေသေး၏။ အဘယ်ကြောင့်ဆိုသော် နင်ချီ ကိုယ်တိုင် ဖန်တီးထားသည့် ကောင်းကင်ဓားသိုင်းမှ ဆင့်ပွားထားသော ဓားကွက်များသည် အတိုင်းအဆမဲ့သည့် ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို လိုအပ်သော်လည်း၊ ဤ သိုင်းကွက်ကမူ လိုအပ်ချက် အနည်းငယ် လျော့နည်းသက်သာနေသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့်လည်း...

ဤ သိုင်းကွက်ကို နားလည်သဘောပေါက်နိုင်ရန် ခက်ခဲမှုသည်လည်း ဆခွဲကိန်းပမာ တိုးပွားလာရခြင်း ဖြစ်ပေသည်။ အဋ္ဌမမြောက် အခန်းမှ သိုင်းကွက်ထက် များစွာ ပိုမို ခက်ခဲနက်နဲလှသည်။

ဤ 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ကို နှစ်နာရီ အတွင်း၌ တတ်မြောက်နိုင်ရန် ဆိုသည်မှာ မိုးအောက်မြေပြင်ရှိ လူအတော်များများအတွက် မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်ချေသည်။ အခြေခံ သဘောတရားလောက်ကိုပင် သဘောပေါက် နားလည်နိုင်ရန် မလွယ်ကူလှပေ။

နင်ချီ ပင်လျှင်...

ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် တစ်နာရီခန့် အချိန်ယူလိုက်ရလေ၏။

“တကယ် မိုက်တာပဲ”

နင်ချီ မပြုံးဘဲ မနေနိုင်တော့။

သူ ဖန်တီးအသုံးပြုခဲ့သမျှသော သိုင်းပညာရပ်များသည် အမြဲတမ်းလိုလို ကိုယ်ပိုင် ဉာဏ်စွမ်းဖြင့် တီထွင်ဖန်တီးထားသည်များချည်းသာ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ပြင်ပမှ သင်ယူတတ်မြောက်ထားသည့် သိုင်းပညာရပ်များသည် သူ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။

သို့သော် ဤ သိုင်းကွက်ကမူ အနည်းငယ် ကွာခြားမှု ရှိနေပေသည်။

နင်ချီ၏ လက်ချောင်းများ လှုပ်ရှားသွား၏။ ကောင်းကင်နှင့်မြေကြီး စွမ်းအားများကို စုစည်းလိုက်ပြီး ရှေးဟောင်း တံဆိပ်တော် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။ ၎င်းသည် ကျက်သရေ ရှိသော အရှိန်အဝါ တစ်ခုကို သယ်ဆောင်ထားပြီး ပတ်ဝန်းကျင်မှ လေထုကိုပင် ငြိမ်သက်သွားစေ၏။

“ဝုန်း...”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တံခါးကြီးသည် အမှုန့် ဖြစ်သွားလေတော့၏။ နင်ချီ၏ တွန်းအားပေးမှုကြောင့် 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ၏ စွမ်းအားသည် ထူးခြားပြောင်မြောက်စွာ ပေါ်ထွက်လာခဲ့သည်။

နင်ချီ ကျေနပ်သွား၏။

သိုင်းကွက်ကြောင့် သက်သက်တော့ မဟုတ်ပေ။ ဤ သိုင်းကွက်မှတစ်ဆင့် ဉာဏ်အလင်း ပွင့်လိုက်သောကြောင့်သာ ဖြစ်ပေသည်။

နောက်ဆက်တွဲ သိုင်းကျမ်းစာအုပ် မရှိလျှင်ပင်၊ သူသည် 'အစစ်အမှန်သိုင်း တံဆိပ်တော်' အပြည့်အစုံကို သုံးသပ်တွက်ချက်ကာ ပုံဖော်နိုင်တော့မည် ဖြစ်သည်။

ဤ အငယ်စား တံဆိပ်တော်ကို နားလည်သဘောပေါက်ပြီးသည့် နောက်တွင်မူ... ဤအရာသည် သိုင်းသူတော်စင်အဆင့် သိုင်းပညာရပ်ကို ရိုးရှင်းအောင် ပြုပြင်မွမ်းမံထားသည့် ရလဒ်တစ်ခု ဖြစ်ကြောင်း နင်ချီ အပြည့်အဝ သေချာသွားခဲ့လေပြီ။

ဤကိစ္စသည် နောက်မှ လုပ်ဆောင်ရမည့် အရာသာ ဖြစ်၏။

ယခု အချိန်၌ အရေးအကြီးဆုံးမှာ စမ်းသပ်မှုကို အောင်မြင်အောင် ပြုလုပ်ပြီး၊ အစစ်အမှန်သိုင်း အမွေအနှစ်ကို ရယူပိုင်ဆိုင်နိုင်ရေးပင် ဖြစ်လေသည်။

နင်ချီ တံခါးပေါက်ကို ဖြတ်ကျော်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

ပတ်ဝန်းကျင်မှ အရာအားလုံး ပျောက်ကွယ်သွားပြီး၊ သူ့ရှေ့တွင် ပေါ်လာသည်မှာ အခန်းငယ်လေး မဟုတ်တော့ဘဲ ကျယ်ပြောလှသော သမုဒ္ဒရာကြီး ဖြစ်နေလေ၏။ နင်ချီ အနည်းငယ် အံ့သြသွားမိသည်။

သူသည် ဟို ကျွန်းငယ်လေးပေါ်မှာပဲ ရှိနေသေးတာလား၊ ဒါမှမဟုတ် ဒါက ပုံရိပ်ယောင်လား ဆိုတာ မသေချာတော့။ 'ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး' ဖြင့် ကြည့်ရှုစစ်ဆေးလိုက်သော်လည်း ဘာ အပြစ်အနာအဆာမှ မတွေ့ရပါ။

တချိန်တည်းမှာပင်...

ကြီးမားကျယ်ပြန့်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံလူသား ဉာဏ်အလင်းပွင့်ခြင်း အဆင့် (၉) ဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက်... သိုင်းသူတော်စင်အဆင့် အစစ်အမှန်သိုင်း အမွေအနှစ် တစ်ဝက်ကို ရရှိပါပြီ... 'ကောင်းကင်ဘုံလူသား တိုက်ပွဲ (၉) ပွဲ' စမ်းသပ်မှုကို ဆက်လက် ခံယူလိုပါသလား”

နင်ချီသည် သမုဒ္ဒရာထက်တွင် ရပ်တန့်နေပြီး အသံလာရာကို ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ရ။

သူ့မျက်နှာထားက တည်ငြိမ်နေ၏။

“လက်ခံပါတယ်”

‘ဒီအထိ ရောက်လာမှတော့ အမွေအနှစ် တစ်ဝက်တည်းနဲ့ ပြန်ထွက်သွားလို့ ဘယ်ဖြစ်မလဲ။’

နင်ချီ၏ အသံဆုံးသွားသည်နှင့်...

မူလက ငြိမ်သက်နေသော သမုဒ္ဒရာကြီးသည် ရုတ်တရက် လှိုင်းထန်လာလေတော့၏။

သူ သေချာ ကြည့်လိုက်သည်။

ဓားချီ တစ်ချက်က သမုဒ္ဒရာကို တိခနဲ ပိုင်းဖြတ်လိုက်ပြီး ရေပြင်ကို နှစ်ဖက် ကွဲသွားစေသည်။ ရေကန့်လန့်ကာများ ဘေးသို့ ဖြန့်ကျက်သွားပြီး ရေလမ်းကြောင်း တစ်ခု ပေါ်လာ၏။ ထို့နောက်... ဧရာမ လိပ်ကြီးတစ်ကောင် ဖြည်းဖြည်းချင်း ပေါ်လာသည်။ ၎င်း၏ ခမ်းနားသော ဝင်ရောက်လာပုံက နင်ချီ၏ အာရုံကို ဖမ်းစားသွား၏။

သေချာ ကြည့်လိုက်တော့ နင်ချီ့မျက်နှာထားက ထူးဆန်းသွား၏။

ပြောရမည် ဆိုလျှင်မူ... ဤလိပ်ကြီးသည် မညံ့ဖျင်းလှပါချေ။

သာမန် ကောင်းကင်ဘုံလူသား အဆင့်နှင့် ကောင်းကင်ဘုံလူသား စာရင်းဝင် အဆင့်ကြား၌ ရှိနေလိမ့်မည်ဟု နင်ချီ ခန့်မှန်းမိလေသည်။

သာမန် လူတစ်ဦးတစ်ယောက် အတွက် ဆိုလျှင်မူ လျှော့တွက်၍ မရနိုင်သော ပြိုင်ဘက်ကောင်း တစ်ကောင် ဖြစ်ပေလိမ့်မည်။

သို့သော် နင်ချီအတွက်မူ... ကလေးကစားစရာ တစ်ခုသဖွယ်သာ ဖြစ်နေချေတော့သည်။

သူ ရယ်ချင်သွားမိ၏။

လိပ်ကြီး စွမ်းအားမထုတ်ရသေးခင်မှာပင်...

နင်ချီက လက်ကို ပေါ့ပေါ့ပါးပါး ယမ်းလိုက်သည်။

ယင်နှင့် ယန် လက်သီးတံဆိပ်တော် နှစ်ခု ပေါင်းစည်းသွားပြီးနောက်၊ ချက်ချင်းဆိုသလိုပင် ထိုလိပ်ကြီးအား ရိုက်ခတ် ဖျက်ဆီးပစ်လိုက်လေသည်။ ထူးဆန်းသည်မှာ လိပ်ကြီး ပေါက်ကွဲသွားပြီးနောက် သွေးမြူမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိဘဲ၊ ပင်လယ်ရေများ အဖြစ်သို့သာ ပြောင်းလဲသွားခြင်းပင် ဖြစ်၏။

သို့သော် အဘယ်ကြောင့်မှန်း မသိ...

လိပ်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီးသည့် နောက်တွင်မူ... သူ၏ လည်ဂုတ်နောက်ကျော၌ စိမ့်ခနဲ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

နင်ချီ သိပ်ပြီး အလေးမထားလိုက်မိပါချေ။ စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်းဟုသာ တွေးတောလိုက်ပြီး၊ ရေအောက်မှ လှုပ်ရှားမှုများဆီသို့ အာရုံရောက်ရှိသွားခဲ့၏။

လှိုင်းတံပိုးများသည် ပိုမို၍ ကြမ်းတမ်းလာခဲ့လေပြီ။

နောက်ထပ် လိပ်ကြီး တစ်ကောင်သည် လှိုင်းစီးလျက် တက်ရောက်လာခဲ့ပြန်တော့၏။

’ကောင်းကင်ဘုံလူသား စာရင်းဝင် အောက်ဆုံးအဆင့်လောက် ရှိမယ်’

နင်ချီ မျက်လုံးများ အရောင်တောက်သွားပြီး လိပ်ကြီး၏ စွမ်းအားကို ခန့်မှန်းလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ထပ်ရိုက်လိုက်ရာ 'ပုံသဏ္ဍာန် လေးမျိုး' ပေါ်ထွက်လာပြီး လိပ်ကြီးကို ကြေမွသွားစေသည်။

နင်ချီ မြန်မြန်ဆန်ဆန် တိုက်ခိုက်ဖို့ ရည်ရွယ်ထားသည်။ အချိန်မဖြုန်းချင်ပါ။

‘ဟို အသံရဲ့ ပြောစကားအရ ဆိုရင်... တိုက်ပွဲ (၉) ပွဲ ဆိုတော့ ပြိုင်ဘက် (၉) ကောင် ရှိမှာပေါ့။’

သူသည် သမုဒ္ဒရာထက်တွင် လက်နောက်ပစ်လျက် သက်သောင့်သက်သာ ရပ်နေ၏။

လိပ်ကြီး တစ်ကောင်ပြီး တစ်ကောင် လှိုင်းစီးပြီး တက်လာကြ၏။

စွမ်းအားများသည် တဖြည်းဖြည်းနှင့် ပိုမို ကြီးမားလာခဲ့လေသည်။

အရှိန်အဟုန်ပြင်းစွာ အဆက်မပြတ် မြင့်တက်လာနေခြင်း ဖြစ်၏။

မကြာမီ အချိန်အတွင်း၌...

သတ္တမမြောက် လိပ်ကြီး ရောက်ရှိလာသည့် အချိန်တွင်မူ ဓားမမိစ္ဆာနှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့်အတန်းသို့ ရောက်ရှိနေတော့၏။

နင်ချီသည် 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ကို အသုံးပြုကာ ဤလိပ်ကြီးကို ထပ်မံ၍ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်လေသည်။

ယခင် စမ်းသပ်မှုများသည် သူ့အတွက် ခက်ခဲခြင်း မရှိခဲ့ပါ။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ သာမန် အဆင့်များနှင့် နှိုင်းယှဉ်တိုင်းတာ၍ မရနိုင်တော့ပြီ မဟုတ်ပါလော။

သို့သော်... သူ၏ ရင်ထဲ၌ မကောင်းသော ခံစားချက် တစ်ခု ဝိုးတဝါး ဝင်ရောက်လာခဲ့လေသည်။

လေကို ဝဝရှူသွင်းလိုက်ပြီးနောက် နင်ချီသည် အာရုံနောက်ဖွယ်ရာများကို ဖယ်ရှားလိုက်လေ၏။

နောက်ထပ် လိပ်ကြီးတစ်ကောင် ပေါ်ထွက်လာပြန်တော့၏။ ဤတစ်ကြိမ်တွင်မူ ပေ (၁၀) ဂဏန်းခန့် ရှိပြီး၊ ရွေ့လျားနေသော ပင်လယ် ကျောက်ဆောင်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။ အရှိန်အဝါကမူ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ပြင်းထန်လွန်းလှပေ၏။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည်မှာ မလွဲဧကန်ပင်။

နင်ချီသည် 'အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား' ကို ထပ်မံ စုစည်းလိုက်ပြီး လိပ်ကြီးကို ဖိနှိပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် 'ကြယ်တာရာ တစ်ထောင် ဓားကွက်' ကိုပါ ထုတ်ဖော် အသုံးပြုလိုက်ရာ၊ မိုးခြိမ်းသံပမာ ဓားချီများသည် လိပ်ကြီးကို လွှမ်းခြုံသွားလေတော့၏။

နှစ်ဖက်ညှပ်၍ တိုက်ခိုက်ပြီးသည့် နောက်တွင်...

နောက်ဆုံး၌ သူသည် လိပ်ကြီးကို ထပ်မံ ဖောက်ခွဲပစ်နိုင်လိုက်လေသည်။ သို့သော် သိသာထင်ရှားစွာပင် ယခင်ကကဲ့သို့ လွယ်ကူခြင်း မရှိတော့ချေ။ စွမ်းအားအချို့ ကုန်ဆုံးသွားခဲ့ရလေသည်။

"မိစ္ဆာဂိုဏ်းက ဖန်တီးခဲ့သည့် သွေးမိစ္ဆာ ဘီလူးများနှင့် နီးစပ်နေချေပြီ"

နင်ချီ သက်ပြင်းချလိုက်မိလေသည်။ ဤပုံစံအတိုင်းသာ ဆိုလျှင်မူ နဝမမြောက် အဆင့်၌ ပေါ်ထွက်လာမည့် လိပ်ကြီးသည် 'ယွီဘုရင် ပုလဲ' ကို အသုံးပြုထားသည့် မိစ္ဆာဂိုဏ်း မဟာအကြီးအကဲလောက် စွမ်းအား ရှိနေလောက်ပေသည်။

သူ့ရင်ထဲ၌ မျှော်လင့်ချက်များ မြင့်တက်လာခဲ့လေသည်။

ဤ တိုက်ပွဲ (၉) ပွဲနှင့် ဉာဏ်အလင်းပွင့်ခြင်း (၉) ဆင့်ကိုသာ အောင်မြင်ခဲ့ပါက၊ သိုင်းသူတော်စင် အမွေအနှစ်ကို ချောမွေ့စွာ ရယူနိုင်တော့မည် ဖြစ်သည်။

ပြန်လည် တွေးတောကြည့်လိုက်လျှင် ဤစမ်းသပ်မှုများသည် ရိုးရှင်းသကဲ့သို့ပင် ရှိလှသည်။

နင်ချီသည် အတားအဆီးမရှိ တက်လှမ်းလာနိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် ထိုအရာမှာ နင်ချီ ဖြစ်နေသောကြောင့်သာ ဖြစ်ပေသည်။ အခြားသူများအတွက် ဆိုလျှင်မူ လုံးဝ မဖြစ်နိုင်လောက်သည့် ကိစ္စရပ်ပင် ဖြစ်ချေသည်။

သူ့စိတ်အစဉ်ထဲ၌ အာရုံနောက်ဖွယ်ရာ အချို့ ပေါ်လာခဲ့ပြန်သည်။ နင်ချီသည် စိတ်စွမ်းအားကို အသုံးပြုလျက် ဖြတ်တောက်လိုက်လေ၏။

သမုဒ္ဒရာ လှိုင်းလုံးများသည် ပိုမို၍ ကြမ်းတမ်းလာခဲ့လေသည်။

သူ၏ မကောင်းသော ခံစားချက်သည်လည်း ပိုမို၍ ပြင်းထန်လာခဲ့တော့၏။

ထို့နောက်...

ပေ (၁၀၀) ခန့် ရှိသော ဧရာမ လိပ်ကြီးတစ်ကောင် သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။

၎င်း၏ မျက်လုံးများထဲတွင် ဂရုမစိုက်ခြင်းများ ပါဝင်နေပြီး၊ အရှိန်အဝါက ပြင်းထန်လွန်းသဖြင့် နင်ချီ့ကို တုန်လှုပ်သွားစေခဲ့သည်။

‘သိုင်းသူတော်စင် လိပ်ကြီးလား’

All Chapters