← Chapters

ဟွာရှားယဉ်ကျေးမှုဆိုတာ ဘာမှန်း သူတို့ကို ပြလိုက်မယ်

Vol. 43 Ch. 631

ဟွာရှားယဉ်ကျေးမှုဆိုတာ ဘာမှန်း သူတို့ကို ပြလိုက်မယ်

Vol. 43 Ch. 631

ဝန်ထမ်းလေးကလည်း အံ့အားသင့်သွားလေသည်။

"ခင်ဗျားက ကိုယ့်အိမ်ကိုယ်ပြန်လာတယ်ပေါ့လေ။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေတာလဲ"

သို့သော် ကျန်းမုန့်လောင်က ချက်ချင်းပင် နေကာမျက်မှန်ချွတ်ပြလိုက်သည်။

"ခင်ဗျားက မစ္စတာကျန်းလား"

ထိုဝန်ထမ်းလေးလည်း ကျန်းမုန့်လောင်ကို ချက်ချင်းပင် မှတ်မိသွားသည်။

"ဟုတ်တယ်။ ငါပဲ"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ငါက ပုယီမဟုတ်ဘူးနော်။ ကိုယ့်အိမ်ကိုယ်ပြန်လာတာကို ခွင့်ပြုမိန့်တို့ ဖိတ်စာတို့ မလိုဘူးမလား"

ထိုဝန်ထမ်းလေးကလည်း ချက်ချင်းရယ်လိုက်ချေသည်။ ယနေ့ ကျန်းမုန့်လောင်လည်း အထူးဧည့်သည်တော်အဖြစ် ရောက်လာမည့်အကြောင်းနှင့် သူရောက်လာလျှင် ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ညွှန်ကြားထားကြောင်း အစောတုန်းက သတင်းရထားသည်။

သို့သော် ကျန်းမုန့်လောင်၏စကားကြောင့် ရယ်ချင်မိသွားသည်။ ဤစကားက သူ့အား ကိုယ့်အိမ်ကိုယ်ဝင်ဖို့ လက်မှတ်ဝယ်ခဲ့ရသော ဧကရာဇ်ပုယီကိုပင် သတိရမိစေသည်။

"ကျန်းမုန့်လောင်ပဲ။ ကျန်းမုန့်လောင်ရောက်လာပြီ"

"ကျန်းမုန့်လောင်ရောက်လာပြီဟေ့"

ဤနေရာတွင် ပညာရှင်များအပြင် ဖိတ်ကြားခံထားရသော မီဒီယာကိုယ်စားလှယ်များလည်း ရှိလေရာ သူတို့က ကျန်းမုန့်လောင်ဘက်သို့ ကင်မရာအားလုံးကို လှည့်လိုက်ကြသည်။

"မစ္စတာကျန်း.. ကျွန်မတို့ ခဏလောက် အင်တာဗျူးလုပ်လို့ရမလား"

"မစ္စတာကျန်း.. ရှင့်ရဲ့သရုပ်မှန်က ဘာများလဲ။ ရှင့်မိသားစုက ဒီရှေးဟောင်းမြို့တော်ကို တည်ဆောက်ခဲ့တာလား"

"မစ္စတာကျန်း.. ရှင့်မိသားစုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကို ပြောပြလို့ရမလား"

...

"ဟားဟားဟား… ကျွန်တော့်အိမ်ကိုလာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က အိမ်ရှင်တစ်ယောက်၏ အမူအရာဖြင့် ပြောလိုက်သည်။

"ဒီမေးခွန်းတွေကို ဒီည သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် ဖြေပေးပါ့မယ်။ အခုတော့ မလောသေးနဲ့ဦးပေါ့"

ဤနေရာရှိ ဝန်ထမ်းများခမျာ မျက်နှာများ ရှုံ့မဲ့ကုန်သည်။

'ကျွန်တော့်အိမ်ကို လာလည်တယ်'တဲ့။ ရဲတင်းလိုက်တဲ့စကားပါလား။

ပုယီကိုယ်တိုင်ပင် တားမြစ်မြို့တော်ထဲသို့ အခြားလူများနှင့်အတူ ဝင်ခဲ့စဉ်က အိမ်ရှင်တစ်ယောက်အဖြစ် ကြိုဆိုပါသည်ဟု မပြောခဲ့ပေ။

သို့သော် စဉ်းစားကြည့်မည်ဆိုပါက ထိုစကားမှာ မမှားတော့မမှားချေ။ ဤမြို့ကို ကျန်းမုန့်လောင်၏ဘိုးဘေးများ တည်ဆောက်ခဲ့သည်ဆိုပါက ဤအရာကို မိသားစုပိုင်အဖြစ် ဆိုလာလျှင်လည်း တရားပေသည်။

"မစ္စတာကျန်း… ကြွပါဗျ.. ပညာရှင်ကိုယ်စားလှယ်တွေက အောက်မှာ ခင်ဗျားကို စောင့်နေကြပါတယ်"

"ငါ့ကိုစောင့်နေတာလား။ ဘာလို့လဲ"

ကျန်းမုန့်လောင်လည်း အံ့ဩသွားသည်။

"အဲဒီနိုင်ငံခြားပညာရှင်တွေပြောတာတော့… ခင်ဗျားရဲ့ဘိုးဘေးတွေက ဒီရှေးဟောင်းမြို့ကို တည်ဆောက်ခဲ့တာဆိုတော့ ခင်ဗျားက ဒီအကြောင်းကို ကောင်းကောင်းနားလည်နေမှာပဲတဲ့။ သူတို့တွေက ဒီမြို့အကြောင်း ပြောပြပေးဖို့ ခင်ဗျားကို စောင့်နေကြတာပါ"

"သေစမ်း"

ဤလူများက သူ့အား စိန်ခေါ်မှုတစ်ခုဖြင့် အခက်တွေ့အောင် လုပ်နေကြကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။

မင်းရဲ့ဘိုးဘေးတွေက ဒါကို တည်ဆောက်ခဲ့တာလို့ ပြောလိုက်တာမလား။ ဒါက မင်းမိသားစုပိုင်ဆိုရင် ဒီအကြောင်းကို ကောင်းကောင်းသိရမယ်။ တကယ်လို့ မင်းဘက်က သေချာရှင်းမပြနိုင်ရင်တော့ မင်းက လူလိမ်ပဲ..အဲဒီလိုဆိုရင် မင်းပြောတဲ့ နှစ်ငါးထောင်ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ကမ္ဘာကြီးက သံသယဝင်ကြလိမ့်မယ်.. အဲဒီလိုသာဖြစ်လာခဲ့ရင် ကျန်းမုန့်လောင်တစ်ယောက်တည်း မျက်နှာပျက်တာမဟုတ်ဘဲ ဟွာရှားတစ်နိုင်ငံလုံး အရှက်ကွဲရမှာ…

"ကောင်းပြီလေ။ ဒါဆိုလည်း ငါ သူတို့ကို တစ်ပတ်လောက် လိုက်ပြပေးတာပေါ့"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ဓာတ်လှေကားပေါ်သို့ တက်လိုက်သည်။

သာမန်မိသားစုတစ်စုသာဆိုလျှင် နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော ဤအမွေအနှစ်ကို ဆက်ခံခြင်းမှာ ရှင်းပြရခက်ခဲလှသည်။ သို့သော် ဤမြို့ကို တည်ဆောက်စဉ်က ဖွဲ့စည်းပုံနှင့် အချက်အလက်များအားလုံးကို ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်လက်စွပ်ထဲမှာ ဒေတာဘေ့စ်အဖြစ် သိမ်းဆည်းထားသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် ထိုအကြောင်းကို အချိန်မရွေးဝင်ရောက်ကြည့်ရှုနိုင်သည်။

"ကောထန်..ဒီမြို့နဲ့ပတ်သက်သမျှ အချက်အလက်တွေအကုန်လုံးကို ငါ့မှတ်ဉာဏ်ထဲကို ပို့လိုက်"

"ဟုတ်ကဲ့ပါ လူကြီးမင်း"

ဒေတာစီးဆင်းမှုတစ်ခု ပေါ်လာပြီးနောက် ကျန်းမုန့်လောင်၏မှတ်ဉာဏ်ထဲတွင် ဤမြို့နှင့်ပတ်သက်သော သတင်းအချက်အလက်အမြောက်အများဖြင့် ပြည့်နှက်သွားသည်။

ဤမြို့ကို ဘီစီ၃၉၀၂တွင် တည်ထောင်ခဲ့ပြီး ပြီးစီးရန်အတွက် ၂၄နှစ်ကြာခဲ့သည်။ မြို့၏အထွန်းတောက်ဆုံးအချိန်တွင် လူပေါင်းသိန်းနှင့်ချီ၍ နေထိုင်ခဲ့သည်။

တကယ်တမ်းတွင် ဤအရာအားလုံးက ကျန်းမုန့်လောင်ရရှိထားသော ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ပထမဆုံးဘိုးဘေးက စတင်ခဲ့ခြင်းပင်။ အစတုန်းက သူသည် ကမ္ဘာဦးမျိုးနွယ်စုတစ်ခု၏ သာမန်အဖွဲ့ဝင်တစ်ယောက်မျှသာ။ ထိုခေတ်တုန်းက စာအရေးအသားမရှိသေးသဖြင့် ကျန်းမျိုးရိုးကို နောက်မှ တီထွင်ခဲ့ခြင်းဖြစ်၏။

နောက်ပိုင်းမှာ သူသည် ကိုယ့်ကိုယ်ကိုယ် ခေတ်မီဆန်းသစ်သော နာမည်တစ်ခုပေးပြီး ကျန်းယွီကောဟု ခေါ်တွင်ခဲ့သည်။

ကျန်းယွီကောက ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အကူအညီဖြင့် လအနည်းငယ်အတွင်းမှာပင် ထိုခေတ်တုန်းက စိတ်စွမ်းအားရှင်များအားလုံးကို ကျော်တက်နိုင်ခဲ့သည့် ပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီး အဆင့်မြင့်စကြာဝဠာယဉ်ကျေးမှုများ၏ အသိပညာဗဟုသုတများကိုလည်း ရရှိခဲ့သည်။ သူသည် အံ့မခန်းဖွယ်ကောင်းသော ဉာဏ်ပညာနှင့် စွမ်းအားကြောင့် မျိုးနွယ်စုတစ်ခုလုံးကို သိမ်းပိုက်ပြီး ထိုမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းဘုရင်ဖြစ်လာခဲ့သည်။

ကျန်းယွီကောက သူ့မျိုးနွယ်စုကိုသာ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်သည့် ဆန္ဒရှိသော်လည်း နောက်ပိုင်းတွင် အခြားမျိုးနွယ်စုများ၏ ကျူးကျော်တိုက်ခိုက်မှုများကို ခံခဲ့ရပြီး သူတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထိုခေတ်အခါတုန်းက တိုက်ပွဲများမှာ အသက်ရှင်ရပ်တည်ရေးအတွက် အရင်းအမြစ်များပင်။ ကိုယ့်လူမျိုးစုက အင်အားကြီးလေလေ မနာလိုအဖြစ်ခံရလေလေပင်။ သူတို့လူမျိုးစုက လူမျိုးစုဆယ်ခုကျော်ကို သိမ်းပိုက်ပြီးနောက် မည်သူကမှ သူတို့ကို စိန်မခေါ်ရဲကြတော့ပေ။

အခြားလူမျိုးစုများက ခေတ်နောက်ကျနေသော လက်နက်များကို အသုံးပြုနေဆဲဖြစ်သော်ငြား သူတို့ကတော့ သေနတ်များကိုပင် ဖန်တီးထုတ်လုပ်ပြီးနေပြီဖြစ်၏။ မည်သူကများ သူတို့ကို ယှဉ်တိုက်နိုင်မည်နည်း။

ထိုအချိန်မှာ ကျန်းယွီကော၏မျိုးနွယ်စုက လူထောင်ပေါင်းများစွာအထိ ကြီးထွားလာခဲ့သည်။ သူတို့အနေနှင့် အသက်ရှင်ရပ်တည်ရေးအတွက် အရင်းအမြစ်ကြွယ်ဝသော အိုအေစစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ ဤမြို့ကို တည်ထောင်ခဲ့ခြင်းပင်။

အခြားမျိုးနွယ်စုများကလည်း ဤနေရာသို့ လာရောက်စုစည်းကြလေရာ အဆုံးတွင် လူဦးရေက သိန်းဂဏန်းအထိ ဖြစ်သွားသည်။ ထိုအချိန်မှာ ကျန်းယွီကော၏အမိန့်ဖြင့် ဤမြို့ကို တည်ထောင်ခဲ့ကြသည်။

အဓိကအသုံးပြုသော ပစ္စည်းများက အားဖြည့်ကွန်ကရစ်နှင့် ဆင်တူသော်လည်း တကယ့်ပစ္စည်းများနှင့်တော့ မယှဉ်နိုင်ချေ။ သို့သော် ကောက်ရိုးအိမ်၊ သစ်သားအိမ်နှင့် သာမန်ကျောက်တုံးအိမ်များထက်တော့ အဆပေါင်းများစွာ ပိုခိုင်မာသည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေး၏ အစောပိုင်းပုံစံများ ပေါ်ပေါက်လာခဲ့သည်။ ကျန်းယွီကောက စားသုံးနိုင်သော အပင်မျိုးစေ့များစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး သူနှင့်အရင်းနှီးဆုံးမိတ်ဆွေများကို စိုက်ပျိုးရေးဗဟုသုတများကို သင်ကြားပေးခဲ့သည်။

တိရစ္ဆာန်ငယ်လေးများကိုလည်း ဖမ်းဆီး၍ မွေးမြူရေးကို စတင်ခဲ့သည်။ တစ်မြို့လုံးမှာ ကိုယ်အားကိုယ်ကိုး၍ အသက်ရှင်ရပ်တည်ပြီး ကြီးပွားတိုးတက်ခဲ့သည်။

ထိုခေတ်တုန်းက အသက်ရှင်ရပ်တည်နိုင်ရုံမျှဖြင့် အံမခန်းစွမ်းဆောင်မှုတစ်ခုဖြစ်နေလေပြီ။ ထို့ကြောင့် ကျန်းယွီကောပြသခဲ့သော အင်အားများနှင့် ဗဟုသုတများမှာ နတ်ဘုရားတစ်ပါးအလားပင်။ သစ္စာအရှိဆုံးမျိုးနွယ်စုများမှာ ကျန်းယွီကောကို နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်လာကြပြီး အမှတ်တံဆိပ်သုံးခုကိုဖန်တီးကာ သူနှင့်ပတ်သက်သည့် လူအားလုံးကို လူတန်းစားသုံးရပ်အဖြစ် ခွဲခြားခဲ့သည်။

နောက်ပိုင်းတွင် အာဏာနှင့် စည်းစိမ်ကို ငြီးငွေ့လာသော ကျန်းယွီကောက ပိုကြီးမြတ်သောအရာများ၊ အင်အားနှင့် အမတကို လိုက်စားခဲ့သည်။ သူက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် ဆက်လက်လေ့လာခဲ့ရာမှ တစ်နေ့တွင် သူ့စွမ်းအားက အဆင့်တစ်ခုသို့ ရောက်လာခဲ့သည်။

ကျန်းမုန့်လောင်၏မိဘများက အပြိုင်စကြဝဠာများကို သွားရောက်သကဲ့သို့ ကျန်းယွီကောကလည်း ထိုကမ္ဘာများကို စူးစမ်းရှာဖွေရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် သူက တစ်မြို့လုံးကို ဖျက်သိမ်းပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ကို သူ၏တစ်ဦးတည်းသောအမွေဆက်ခံသူကို ပေးရစ်ခဲ့သည်။ ထိုမြို့၏ မူလနေထိုင်သူများကလည်း ထွက်ခွာသွားကြသည်။

ကျန်းယွီကော၏အမွေဆက်ခံသူက အမှတ်တရအဖြစ် မြေစွမ်းအားကို အသုံးပြု၍ ကျန်းယွီကော၏စွမ်းအားတိုးတက်မှုကြောင့် ပျက်စီးသွားခဲ့သော မြို့၏တစ်စိတ်တစ်ပိုင်းကို မြေအောက်၌ ချိတ်ပိတ်ပြီး ထာဝရလျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိရန် မျှော်လင့်ခဲ့သည်။

ထိုမြို့သူမြို့သားများမှာ အရှေ့အနောက်တောင်မြောက်အရပ်ရပ်သို့ ထွက်ခွာသွားကြပြီး ယဉ်ကျေးမှုနှင့်အသိပညာမျိုးစေ့များကို ကမ္ဘာအနှံ့သို့ ယူဆောင်သွားကြသည်။ စိုက်ပျိုးရေး၊ ကျင့်ကြံရေး၊ ဆောက်လုပ်ရေးနှင့် မျိုးရိုးဗီအင်ဂျင်နီယာပညာရပ်များလည်း ပါဝင်သည်။ ယန်းဇီမြစ်နှင့် မြစ်ဝါမြစ်ဝှမ်းရှိ လက်အောက်ခံလူမျိုးစုတစ်ခုက အစောဆုံးဟွာရှားမျိုးနွယ်စုကို စတင်တည်ထောင်ခဲ့သည်။

ချင်းချိုးနယ်မြေထဲရှိ အစေခံမျိုးနွယ်စုတစ်ခုကလည်း ထိုသို့ကြွယ်ဝချမ်းသာလှသော မြို့တစ်မြို့ကို တည်ထောင်ခဲ့သည်။

လူမျိုးစုတချို့က အာဖရိကသို့ ရောက်သွားကြပြီး ရှေးဟောင်းအီဂျစ်ကဲ့သို့ ခမ်းနားထည်ဝါလှသော ယဉ်ကျေးမှုအမွေအနှစ်များကို တည်ထောင်ခဲ့သည်။

ပင်လယ်ဘေးရှိ လူမျိုးစုတချို့က သိပ္ပံမြို့တော်တစ်ခုကို ဖန်တီးခဲ့ပြီး သူတို့၏သခင်ကတော့ တစ်ချိန်တုန်းက ကျန်းယွီကော၏အရင်းနှီးဆုံးသူငယ်ချင်းပင်။ သူက မျိုးရိုးဗီဇအင်ဂျင်နီယာပညာရပ်နှင့် အခြားသိပ္ပံပညာရပ်များကို သင်ယူခဲ့ပြီး ထိုမျိုးနွယ်စုကိုတော့ အတ္တလန်တိတ်ဟု ခေါ်ဆိုခဲ့သည်။

လူမျိုးစုများစွာက သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်သွားသော်လည်း မျိုးနွယ်စုအများအပြားကမူ ထူးခြားလှသော ယဉ်ကျေးမှုအမွေအနှစ်များကို ချန်ရစ်ခဲ့ကြသည်။ သို့သော် လက်ရှိလူသားမျိုးနွယ်အားလုံးနီးပါးမှာ ထိုစဉ်က ကျန်းယွီကောတည်ထောင်ခဲ့သည့် ဤမြို့နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်နေကြသည်။

ခေတ်သစ်ဟွာရှားဘာသာဖြင့် ဆိုရလျှင် ဤမြို့၏အမည်မှာ "မူလအစမြို့တော်"ဖြစ်ပြီး လူသားမျိုးနွယ်စုအားလုံး၏ မြစ်ဖျားခံရာနေရာဟု အဓိပ္ပာယ်ရသည်။

…

"မစ္စတာကျန်း.. ကျွန်တော်တို့က ဒီမှာပါ"

ပညာရှင်တစ်ယောက်က သူ့အား လက်ယမ်းပြရင်း လှမ်းခေါ်လာသည်။

"ကျွန်တော်က ဟွာရှားသမိုင်းပြတိုက်ရဲ့ဒါရိုက်တာ ကျုးကျန်ဖုန်းပါ"

"ဒါရိုက်တာကျူး.. တွေ့ရတာဝမ်းသာပါတယ်"

ကျန်းမုန့်လောင်က သူနှင့် ယဉ်ကျေးပျူငှာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မစ္စတာကျန်း.. ခင်ဗျား သတိထားသင့်တယ်နော်။ ဒီနေ့ ဒီကိုရောက်လာတဲ့ မကောင်းဆိုးဝါးတွေက ခင်ဗျားနဲ့ တစ်ပွဲတစ်လမ်းနွှဲကြမလို့"

ဒါရိုက်တာကျူးက တတွတ်တွတ်စကားများနေကြသော နိုင်ငံခြားပညာရှင်များကို လက်ညှိုးထိုးပြရင်း တိုးတိုးလေးပြောလိုက်သည်။

"သူတို့က ဒါကို ဟွာရှားနိုင်ငံက ဖန်တီးထားတဲ့ အလိမ်အညာတစ်ခုလို့ ထင်နေကြတာ"

"ကိစ္စမရှိပါဘူး။ အသိပညာနည်းပါးမှုက သူတို့ရဲ့အားနည်းချက်ပဲလေ။ ဒီအမွေအနှစ်တွေကို မြင်ပြီးသွားရင် ဟွာရှားယဉ်ကျေးမှုဆိုတာ ဘာမှန်း သူတို့ နားလည်သွားကြလိမ့်မယ်"

All Chapters