← Chapters

ကျုပ်အိမ်ရဲ့ဖွဲ့စည်းပုံကို ကြည့်လိုက်ပါဦး

Vol. 43 Ch. 638

ကျုပ်အိမ်ရဲ့ဖွဲ့စည်းပုံကို ကြည့်လိုက်ပါဦး

Vol. 43 Ch. 638

"ဟားဟားဟား မစ္စတာကျန်းကတော့ မစ္စတာကျန်းပါပဲဗျာ။ သူ့ပါးစပ်က ခမ်းနားကြီးကျယ်မှုတွေအတွက် မွေးဖွားလာသလားလို့တောင် အောက်မေ့ရတယ်။ အခုလည်း လူသားတွေကြားက အရည်အသွေးမြင့်အမျိုးသားဆိုပြီး အချိန်ကိုက်လေး သုံးပြသွားပြန်ပြီ"

"ဒါပေမဲ့ သူပြောတာလည်း မမှားဘူး။ ဧကရာဇ်လုပ်ရတာက ဘယ်လောက်ပင်ပန်းလိုက်သလဲ။ အလုပ်ဒဏ်ပိပြီး သေသွားတဲ့လူတွေမှ အများကြီးပဲ။ အထင်သေးခံရတဲ့ အသုံးမကျတဲ့ဘုရင်တစ်ပါးဖြစ်မယ့်အစား ပူပန်မှုကင်းတဲ့ ဘီလျံနာတစ်ယောက်ဖြစ်ရတာက ပိုကောင်းတာပေါ့"

"ခုနတုန်းက နိုင်ငံတကာသတင်းကို တွေ့လိုက်လား။ မစ္စတာကျန်းက ဒီအမွေအနှစ်ရဲ့မျိုးဆက်ဆိုတာကို အခိုင်အမာသက်သေပြနိုင်သွားပြီ"

"အဲဒီခေတ်တုန်းကဆိုရင် သူက ဧကရာဇ်တစ်ပါးနဲ့ မခြားဘူးပေါ့"

...

"မစ္စတာကျန်းကတော့ အမြဲပါးနပ်လွန်းပါတယ်ဗျာ"

ဆာရှီနင်က စကားဝိုင်းကို အမြန်ပြန်ထိန်းလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်သိချင်တာက ခင်ဗျားရဲ့ဘိုးဘေးတွေက သူတို့ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ဒီလိုမြို့ကြီးကို ဘာလို့စွန့်ခွာသွားခဲ့တာလဲ။ ဘူမိဗေဒအပြောင်းအလဲတွေကြောင့်လား"

ပဏာမသုတေသနများအရ လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်က ဤနေရာတွင် အင်အားပြင်းထန်လှသည့် မြေမျက်နှာသွင်ပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ဤမြို့ကြီးလည်း မြေအောက်ထဲသို့ နစ်မြုပ်သွားခဲ့သည်ဟု ပညာရှင်များက တွေ့ရှိထားကြသည်။ သို့သော် ထိုပြောင်းလဲမှု၏ အကြောင်းအရင်းကိုမူ ယနေ့ထိတိုင် အဖြေရှာမရချေ။

"မှန်ပါတယ်"

ကျန်းမုန့်လောင်က ဖြီးဖြန်းလိုက်သည်။

"အကြောင်းပြချက်နှစ်ခုရှိတယ်။ တစ်ခုကတော့ ကျုပ်ရဲ့ဘိုးဘေးတွေက နည်းလမ်းတချို့ကိုသုံးပြီး ပြင်းထန်းတဲ့ ဘူမိဗေဒပြောင်းလဲမှုကြီး ဖြစ်တော့မယ်ဆိုတာကို ကြိုသိခဲ့လို့ပါပဲ။ မြို့က ခေတ်မီတယ်ဆိုပေမဲ့ သဘာဝတရားကို အံတုဖို့တော့ မလုံလောက်ပါဘူး။ ဒါကြောင့် ဒီမြို့ကနေ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ"

"ခင်ဗျားရဲ့ဘိုးဘေးတွေမှာ ဒီလိုစွမ်းရည်မျိုး ရှိခဲ့တာလား"

ဘူမိဗေဒလှုပ်ရှားမှုများကို အစောဆုံးနားလည်ခဲ့ခြင်းမှာ ကျန်းဟန်တီထွင်ခဲ့သည့် ငလျင်တိုင်းကိရိယာနှင့် ဆက်စပ်နေသည်။

"ဒါတွေက အခြေခံလေးတွေပါဗျာ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။

"ဒုတိယအကြောင်းပြချက်ကရော"

ဆာရှီနင်ကလည်း ဆက်မေးလေသည်။

"ကျွန်တော့်ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ ဒီမြို့က အဲဒီခေတ်တုန်းကတော့ လူသားတွေအတွက် အကြီးမားဆုံးနဲ့ အစည်ကားဆုံးမြို့တစ်မြို့ ဖြစ်ချင်ဖြစ်လောက်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျတော့ သူက အရမ်းဗလာဖြစ်နေသလို ခံစားလိုက်ရတယ်။ တခြားနေရာတွေမှာ မျိုးနွယ်စုအရိပ်အယောင်တွေ မရှိသေးဘူးလေ။ အဲဒါကြောင့် ကျုပ်တို့ဟွာရှားမျိုးဆက်တွေကို ကမ္ဘာအနှံ့ ပျံ့နှံ့ရှင်သန်ပြီး အခြေခိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ"

"အဲဒါကြောင့် သူက ကျေးလက်ဘက်က မြို့ပြကို ဝိုင်းရံခြင်းဆိုတဲ့ အယူအဆကို ကျင့်သုံးခဲ့တယ်။ အချိန်နဲ့အမျှ နေရာတိုင်းမှာ မျိုးနွယ်စုတွေ တစ်ခုပြီးတစ်ခု ပြန့်ပွားသွားအောင် ဖန်တီးခဲ့တာ"

"သောက်ကျိုးနည်း… ကျေးလက်ဘက်က မြို့ပြကို ဝိုင်းရံခြင်းဆိုတာ မော်စီတုန်းရဲ့ နာမည်ကြီးအဆိုအမိန့်မဟုတ်ဘူးလား"

"သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကတည်းက ကျေးလက်ဘက်က မြို့ပြကိုဝိုင်းရံခြင်း အစီအစဉ်ကို စတင်နေခဲ့တာလား"

"သူ့ပြောပုံအရဆိုရင် ကမ္ဘာပေါ်က အမွေအနှစ်တွေအားလုံးက ဟွာရှားကနေ ဆင်းသက်လာတာပေါ့"

"ဒါက ဟွာရှားက ဆင်းသက်လာတာလို့ ပြောလို့မရတော့ဘူး။ ကမ္ဘာပေါ်က အမွေအနှစ်အားလုံးကို ကျန်းမုန့်လောင်ရဲ့မိသားစုက ပိုင်တယ်လို့‌ ပြောရတော့မှာ"

"အကြောင်းပြချက်က တအားခိုင်လုံလွန်းတော့ ငါ တကယ်ယုံသွားပြီ"

...

"ကျွန်တော် ကန့်ကွက်ပါတယ်"

နိုင်ငံခြားသတင်းထောက်တစ်ယောက်က ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။

"မစ္စတာကျန်းပြောပုံအရဆိုရင် အမွေအနှစ်တွေအားလုံးက ကျန်းမိသားစုက ဆင်းသက်လာတာပေါ့"

"နှုတ်သီးကောင်းလျှာပါးမနေနဲ့။ ပြန်ထိုင်လိုက်။ မင်းအလှည့်မရောက်သေးဘူး။ အခုမှ အင်တာဗျူးနေတုန်းပဲ ရှိသေးတယ်။ မေးခွန်းမေးရမဲ့ ကဏ္ဍကိုမရောက်သေးဘူး။ မေးစရာရှိရင် အောင့်ထားလိုက်ဦး"

ကျန်းမုန့်လောင်က ယဉ်ကျေးမှုမရှိသော ထိုသတင်းထောက်ကို လှည့်ပင်မကြည့်ဘဲ ပြောလိုက်၏။

"ဟားဟားဟား.. မစ္စတာကျန်းက အရမ်းဩဇာညောင်းတာပဲ"

"မေးစရာရှိရင် အောင့်ထားလေ။ မင်းအလှည့်မှမဟုတ်သေးတာ။ ဘာလို့ အာရုံစိုက်ခံချင်နေတာလဲ"

"ကြည့်လိုက်.. ချက်ကောင်းထိသွားလို့ အထိတ်တလန့်ဖြစ်ကုန်ကြပြီ"

ဘာသာပြန်တစ်ယောက်က ထိုသတင်းထောက်နားသို့ အပြေးသွားပြီး နားနားကပ်၍ အတော်ကြာအောင် ပြောလိုက်တော့မှသာ ထိုသတင်းထောက်က နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက် ပြန်ထိုင်ချလိုက်သည်။

"ကျု်ပပြောတာကို မယုံချင်လို့လည်းရတယ်။ မယုံရင် အပြင်ထွက်ပြီး ညာဘက်ကိုကွေ့လိုက်။ ခင်ဗျားတို့ ယုံတာမယုံတာက ကျုပ်အတွက် ဘာမှအကျိုးမထူးဘူး။ ဆောရီးပဲ.. ကျုပ်က စိတ်လည်းမဝင်စားသလို ဂရုလည်းမစိုက်ဘူး"

ကျန်းမုန့်လောင်က တစ်ချက်မျှပင်လှည့်မကြည့်ဘဲ အမှုမထားလေဟန်ဖြင့် ပြောလိုက်သည်။

"ဟားဟားဟား.. မစ္စတာကျန်း ခင်ဗျားစကားပြောလိုက်တိုင်း ကျုပ်တို့ရဲ့အမြင်တွေကို လန်းဆန်းသွားစေတယ်ဗျာ။ ခင်ဗျားပြောသမျှအရာတိုင်းက အမှန်တွေပါလို့ ကျုပ်ကတော့ ယုံချင်တယ်"

ဆာရှီနင်က ဆိုလေသည်။

"ဒီရှေးဟောင်းမြို့တော်ကို ခင်ဗျားရဲ့ဘိုးဘေးတွေက တည်ထောင်ခဲ့ကြောင်း သက်သေပြခဲ့ပြီးပြီဆိုတော့ ဒီမြို့နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေကို ကျွန်တော်တို့ ကြားချင်ပါသေးတယ်"

"ဟုတ်ပါတယ် မစ္စတာကျန်း… ဒီမြို့ကို ကျုပ်တို့ အရမ်းစိတ်ဝင်စားတာမို့ အသေးစိတ်လေးတွေ ပြောပြပေးဖို့ မျှော်လင့်ပါတယ်"

ပရိသတ်ထဲရှိ စူးစမ်းချင်နေကြသော ပညာရှင်များကလည်း ဝိုင်းအော်ကြသည်။

"ဒါဆိုလည်း ကောင်းပြီလေ။ ကျုပ် ပြောပြရတာပေါ့"

ထိုအချိန်မှာပင် အနောက်ရှိ ပရိုဂျက်တာမျက်နှာပြင်ထက်တွင် မြို့၏ဖွဲ့စည်းပုံမြေပုံတစ်ခု ပေါ်လာချေသည်။ ဤသည်မှာ လက်ရှိအချိန်အထိ တိုင်းတာရရှိသည့် အချက်အလက်များနှင့် ဆွဲထားခြင်းပင်။ မြို့၏နေရာအမြောက်အများကို ရှာဖွေတွေ့ရှိထားပြီးဖြစ်လေရာ ဤပုံထဲတွင်လည်း ဖော်ပြထားသည်။

သို့သော် ပညာရှင်များ၏ ရှာဖွေစူးစမ်းမှုက ယခုမှ အခြေခံအဆင့်သာ ရှိသေးကြောင်း သိသာလှသည်။ ထို့ကြောင့် ဤပုံကြမ်းကလည်း အဆောက်အအုံများ၏ တည်နေရာကို ခန့်မှန်းခြေမျှသာ ဖော်ပြထားသည်။ အထူးသဖြင့် အလယ်တည့်တည့်ရှိ ခံတပ်ကြီးကို အကြမ်းဖျင်းအားဖြင့် အခန်းကန့်ထားလေရာ အလွန်အကြမ်းထည်ဆန်လှသည်။

"ဘာဖြစ်တာလဲ"

ကျန်းမုန့်လောင်က ပွဲစီစဉ်သူများကို ကြည့်လိုက်မိသည်။

"မစ္စတာကျန်း.. ဒါက ခင်ဗျား ကျွန်တော်တို့ကို ပိုရှင်းပြရလွယ်သွားအောင်လို့ပါ"

"ဒါပေမဲ့ ဒီမြေပုံက တအားစုတ်ပြတ်မနေဘူးလား။ ဒါလောက်လေးနဲ့ ဘယ်လိုရှင်းပြရမှာလဲ"

ကျန်းမုန့်လောင်က USBတ်စခုကို ကမ်းပေးလိုက်သည်။

"ဒါကိုထည့်လိုက်"

ပြတိုက်ဒါရိုက်တာခမျာ ခဏမျှတွန့်ဆုတ်သွားသည်။ ယခုလိုအခြေအနေမျိုးမှာ ကျန်းမုန့်လောင်က လူကြားထဲ အရှက်ကွဲလောက်သော အပြာရုပ်ရှင်များကိုတော့ ထည့်မထားလောက်ဘူးမလား။

"ဝိုး"

ထိုဖိုင်ကိုဖွင့်လိုက်သည့်အချိန်မှာပင် တစ်ခန်းလုံး အံ့ဩရေရွတ်သံများဖြင့် ပြည့်နှက်သွားသည်။

ဤသည်မှာ ပြီးပြည့်စုံလှသော မြင်ကွင်းကျယ်ပုံရိပ်ကြီးတစ်ခုပင်။ လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်က ဤမြို့တော်၏ ခမ်းနားထည်ဝါမှုများကို ပြသထားရုံသာမက သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားသော နယ်မြေများ၏ရှုခင်းများကိုပါ ပကတိအတိုင်း ပြသထားသည်။

"ဒါက ကျုပ်တို့မိသားစုပိုင်အိမ်ရဲ့ မြင်ကွင်းကျယ်ပုံရိပ်ပါပဲ"

ကျန်းမုန့်လောင်က ဆို၏။

"ဘုရားရေ.. မြင်ကွင်းကျယ်ပုံရိပ်တောင် ရှိတာလား"

"အမလေး.. ဓာတ်ပုံမြန်မြန်ရိုက်ထားလိုက်"

"ဪ ဆောရီး မှားသွားတယ်။ ဒါက မြင်ကွင်းကျယ်ပုံရိပ်မဟုတ်ဘူး။ အခြေခံပုံကြမ်းပါ"

ကျန်းမုန့်လောင်က မတ်တတ်ထရပ်ပြီး ရှင်းပြလေတော့သည်။

"ဟားဟားဟား အခြေခံပုံကြမ်းတဲ့လား။ ဒါက ဘယ်လိုအခြေခံပုံကြမ်းလဲ"

"အိမ်ချေးငွေကြောင့် ကျွန်ခံနေရသူတွေတော့ မျက်ရည်ကျကုန်တော့မှာပဲ"

"ငါ့ရဲ့စတုရန်းမီတာနှစ်ရာကျယ်တဲ့ အိမ်ကို အထင်ကြီးစရာကောင်းလှပြီလို့ထင်နေတာ။ ကျန်းမုန့်လောင်ရဲ့ဘိုးဘွားပိုင်အိမ်က အိမ်သာတစ်လုံးတောင် စတုရန်းမီတာနှစ်ရာထက်များ ပိုကျယ်နေမလားမသိဘူး"

"စတုရန်းမီတာ၁၂၅မီတာကျယ်တဲ့အိမ်မှာ နေနေရတဲ့လူတွေတော့ ထိတ်လန့်တုန်လှုပ်နေပါပြီနော်"

"၉၅စတုရန်းမီတာအိမ်ပိုင်ရှင်တွေကတော့ အွန်လိုင်းပေါ်မှာ တောင်းစားနေရပြီ"

"သာမန်အိမ်လေးတွေမှာ ငှားနေရတဲ့လူတွေကတော့ တုန်လှုပ်ကုန်ကြပြီ"

"တခြားလူတွေက တိုက်ခန်းကျယ်ကြီးတစ်လုံးကို အဟုတ်လုပ်နေကြတဲ့အချိန်မှာ ကျန်းမုန့်လောင်ကတော့ မြို့တစ်မြို့လုံးကိုတောင် အိမ်လုပ်ထားတာပဲ။ တကယ့်ကို ကြွယ်ဝချမ်းသာတဲ့မြေရှင်ကြီးပါပဲ"

...

"ကျုပ်တို့မြို့က သဲကန္တာရထဲက အိုအေစစ်အစွန်းမှာ တည်ရှိပါတယ်။ မြောက်ဘက်မှာ လွင်ပြင်၊ တောင်ဘက်မှာ အိုအေစစ်၊ အရှေ့ဘက်မှာ မြက်ခင်းပြင်နဲ့ အနောက်ဘက်မှာတော့ နှင်းတောင်တန်းတွေရှိတယ်။ ဒီနေရာက ထူးခြားတဲ့နေရာတစ်ခုလို့ ပြောလို့တောင်ရပါတယ်။ တကယ်လို့ ခေတ်သစ်ကမ္ဘာမှာဆိုရင် ဒါက မြစ်ရှုခင်းကိုကြည့်လို့လည်းရသလို ကျောင်းအနားနီးတဲ့ အိမ်ရာလိုမျိုး စံနှုန်းမီတဲ့နေရာတစ်ခုပါ"

"ကြည့်လိုက်.. ရေကြောင်းရော ကုန်းကြောင်းပါ ဖွံ့ဖြိုးတိုးတက်နေတာ။ လူသားတွေအနေနဲ့ ရှင်သန်ဖွံ့ဖြိုးဖို့ အကောင်းဆုံးနေရာပေါ့။ ဟိုးက မြက်ခင်းပြင်မှာဆိုရင် တောရိုင်းတိရစ္ဆာန်တွေ အများကြီးရှိတော့ သဘာဝမွေးမြူရေးခြံကြီးတစ်ခုလိုပဲ"

"ဒီလိုနေရာကောင်းမျိုးကို ခင်ဗျားတို့ ဝယ်နိုင်မယ်ဆိုရင်… ဆောရီး ကျွန်တော် အရင်တုန်းက အိမ်ခြံမြေအရောင်းကိုယ်စားလှယ်အဖြစ် အချိန်ပိုင်းအလုပ်လုပ်ခဲ့ဖူးလို့ အကျင့်ပါသွားတာ။ အရောင်းချန်ပီယံတောင် ဖြစ်လိုက်သေးတယ်။ အကျင့်ပါသွားတာပေါ့"

...

"မစ္စတာကျန်းက ဟာသသရုပ်ဆောင်များလား"

"သူက မြို့အကြောင်းကို မိတ်ဆက်ပေးနေတာလား။ ဒါမှမဟုတ် ငါတို့ကို အိမ်ရောင်းဖို့ ကြိုးစားနေတာလား"

"ရယ်ချင်စရာကြီး"

...

ကျန်းမုန့်လောင်က ပြောနေရင်း ပိုပိုပြီးစိတ်လှုပ်ရှားလာသည်။

"ဒါက ကျုပ်တို့မိသားစုရဲ့ အဆင့်နိမ့်ကျွန်တွေ နေထိုင်တဲ့နေရာပေါ့။ စုစုပေါင်းဧရိယာက တစ်ဆယ်စတုရန်းကိလိုမီတာလောက်ရှိတယ်"

"ဒါက စိုက်ပျိုးရေးနယ်မြေ၊ ဒါကတော့ မွေးမြူရေးနယ်မြေ၊။ ဒါကတော့ ဈေးပေါ့"

"ဒါက ကျုပ်ရဲ့ဘိုးဘေးတွေ ပုံမှန်နေထိုင်တဲ့နေရာ။ အနီရောင်နဲ့မှတ်ထားတဲ့ နေရာတွေက ဒီနေ့ ပညာရှင်တွေကို လိုက်ပြခဲ့တဲ့နေရာတွေပါ။ ၁၂၀၀စတုရန်းမီတာလောက်ရှိတဲ့ ဒီနေရာကတော့ ကျုပ်ဘိုးဘေးတွေရဲ့အိမ်သာလေ"

"၂.၄ကီလိုမီတာရှည်တဲ့ စင်္ကြံလမ်းကိုဖြတ်သွားပြီးရင် ကျုပ်ဘိုးဘေးတွေရဲ့အိပ်ခန်းကိုရောက်တယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒီဇိုင်နာက တော်တော်အသုံးမကျတာပဲ။ သူ့မှာ မနက်နိုးလို့ အိမ်သာသွားချင်ရင် ၂.၄ကီလိုမီတာရှိတဲ့ စင်္ကြံလမ်းကိုဖြတ်သွားရရှာတာ"

"နှစ်သောင်းစတုရန်းမီတာရှိတဲ့ ဒီနေရာကတော့ အားကစားခန်းမပေါ့။ ကျုပ်ဘိုးဘေးနဲ့ သူ့မိန်းမ၂၇ယောက်က အဲဒီမှာပဲ အမြဲလေ့ကျင့်ခန်းလုပ်ကြတယ်"

All Chapters