← Chapters

မင်းတို့ဟာပါလို့ ဘယ်သူကပြောလဲ

Vol. 43 Ch. 634

မင်းတို့ဟာပါလို့ ဘယ်သူကပြောလဲ

Vol. 43 Ch. 634

"မယုံနိုင်စရာပဲ"

ဒါရိုက်တာကျူးက တောက်ပနေသော မျက်နှာကြက်ကိုကြည့်ပြီး ပြောလိုက်သည်။ ကျောက်များက သဘာဝအတိုင်း အလင်းရောင်ထုတ်လွှတ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ ဥပမာအားဖြင့် ဖလူအိုရိုက်ကဲ့သို့သော ကျောက်မျိုးက အပူပေးလိုက်လျှင် သို့မဟုတ် ပွတ်တိုက်လိုက်လျှင် အလင်းရောင်ထွက်လာသည်။

သို့သော် တစ်ခန်းလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည့် ကျောက်ကိုတော့ မကြားဖူးချေ။

လူတိုင်း ရှင်းရှင်းလင်းလင်းသိထားသော အချက်တစ်ခုရှိသည်။ ရှေးဟောင်းမျိုးနွယ်စုအများအပြားက သူတို့ကိုယ်ပိုင်ထူးခြားချက်များနှင့် ဉာဏ်ရည်များ ရှိကြပြီး တော်တော်များများက ယနေ့ခေတ်၏ စံချိန်စံနှုန်းများကို ကျော်လွန်နေသောကြောင့် သိပ္ပံပညာရှင်များကိုပါ အံ့အားသင့်သွားစေခဲ့သည်။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကတည်းက ဦးနှောက်ခွဲစိတ်မှုများကို လုပ်ဆောင်နိုင်ခဲ့သည်ဆိုပါက အလင်းရောင်ထုတ်လွှတ်နိုင်သည့် ဤကျောက်များ ရှိနေခြင်းမှာ ဘာများအံ့ဩစရာကောင်းနေဦးမည်နည်း။

"ဒီမြို့ကိုတည်ထောင်တဲ့လူက ကျန်းမုန့်လောင်နဲ့ ပတ်သက်ဆက်နွှယ်မှု တစ်ခုခုတော့ရှိရမယ်"

ရုတ်ခြည်းပင် လူတိုင်း ဤအချက်ကို သဘောပေါက်လိုက်ကြသည်။ ဤမြို့အကြောင်း အလွန်ရင်းနှီးကျွမ်းဝင်ထားသူမှသာ ဤမြို့အကြောင်း ကောင်းကောင်းသိနိုင်ပြီး လက်တစ်ချက်လှုပ်လိုက်ရုံဖြင့် "မီးခလုတ်"ကို ရှာနိုင်မည်မဟုတ်လား။ ဤသည်မှာ သူတို့၏ကိုယ်ပိုင်အိမ်မဟုတ်ပေ။

ဤထိတ်လန့်မှုက ခဏသာကြာလိုက်ပြီး လူတိုင်းလည်း အမြန်တည်ငြိမ်သွားကြသည်။ ထို့နောက် သူတို့၏အာရုံက လက်နက်ဖန်တီးရေးအခန်းဟုခေါ်သော အရာထံသို့ ပြန်ရောက်သွားကြသည်။

"ဘုရားရေ.. ဒီလောက်တောင်ကျယ်တာလား။ ဒါက သံရည်ကျိုအိုးလား"

"လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကျော်တုန်းက မျိုးနွယ်စုတစ်ခုက သတ္တုဗေဒကိုတောင် တတ်ကျွမ်းခဲ့တယ်ပေါ့။ အံ့ဩဖို့ကောင်းလိုက်တာ"

"ဒါက ဘယ်လိုသတ္တုမျိုးလဲ။ အပြာရောင်သတ္တုလား။ ငါသိတဲ့သတ္တုနဲ့ သိပ်မတူသလိုပဲ။ အပြင်သားက နူးညံ့နေတာ။ ဒါက အရမ်းအဆင့်မြင့်တဲ့နည်းပညာနဲ့ လုပ်ထားတာပဲဖြစ်ရမယ်"

"ဒါတွေက လက်နက်ပုံစံခွက်တွေလား"

"ဒါက လှံတံလား။ ဓားလား။ ဓားမြောင်လား"

"ဒါကြီးကဘာကြီးလဲ ခေါင်းဆောင်းလား"

မွန်ဂိုမာရီက ပစ္စည်းတစ်ခုကို ကောက်ယူပြီး သူ့ခေါင်းပေါ်သို့ စွပ်လိုက်သည်။ ဤသည်မှာ အလွန်အံဝင်ခွင်ကျဖြစ်ပြီး သပ်ရပ်လှသော ခေါင်းဆောင်းတစ်ခုပင်။

"မစ္စတာမွန်ဂိုမာရီ.. ခင်ဗျားဘာလုပ်နေတာလဲ။ အဲဒီထွေးခံခွက်ကို အခုချက်ချင်းချွတ်လိုက်"

"ထွေး..ထွေးခံခွက်လား"

"ခွီး"

"ဟားဟားဟား.. ဘုရားရေ..ခေါင်းဆောင်းတဲ့။ ရယ်သေအောင်လာလုပ်နေတာပဲ"

"ထွေးခံခွက်ဆိုတာက ဘာလဲ။ အဲဒါက ခေါင်းဆောင်းကို နောက်တစ်မျိုးခေါ်တဲ့ ဟွာရှားအသုံးအနှုန်းလား"

"အမ်… ခင်ဗျားကို ကျုပ်ရှင်းပြမယ်။ ထွေးခံဆိုတာက ဆီးသွားဖို့နဲ့ ဝမ်းသွားဖို့အတွက် အသုံးပြုလို့ရတဲ့ သယ်ဆောင်နိုင်တဲ့အိမ်သာတစ်လုံးလို့ အလွယ်မှတ်ထားလိုက်လို့ရတယ်"

"ဘာ"

ဟွာရှားပညာရှင်များနှင့် မီဒီယာသတင်းထောက်များမှာ အော်မရယ်ဘဲ မနေနိုင်ကြတော့ချေ။ ထွေးခံခွက်ကို ခေါင်းဆောင်းနှယ် လုပ်ဆောင်းပြီး ကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းသည်ဟု ထင်နေသူကို သူတို့အနေနှင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

မွန်ဂိုမာရီလည်း ထိုသတ္တုပစ္စည်းကို ခေါင်းပေါ်က အမြန်ချွတ်ချလိုက်သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုသော်ငြား အထဲမှာ ဝမ်းသွားထားသည်ဆိုလျှင်ပင် ယခုလောက်ဆိုလျှင် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်သွားလောက်ပြီဆိုသည့်တိုင် တွေးကြည့်ရုံမျှဖြင့် အန်ချင်စရာကောင်းလှသည်။

"ခွမ်း"

သူလည်း ထိုပစ္စည်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"မစ္စတာမွန်ဂိုမာရီ အပြုအမူဆင်ခြင်ပါ"

ဟွာရှားပညာရှင်များက မကျေနပ်ဟန်ဖြင့် ချက်ချင်းကန့်ကွက်ကြသည်။ ထိုအရာမှာ ထွေးခံပင်ဖြစ်လင့်ကစား လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ခန့်က ထွေးခံတစ်ခုပင်။ ယခုလိုရှေးဟောင်းပစ္စည်းမျိုးကို ကြမ်းပြင်ပေါ်သို့ လက်လွတ်စပယ်ပစ်ချခြင်းမှာ ဘာသဘောဆောင်လေသလဲ။

မွန်ဂိုမာရီလည်း သူ့အမှားကို ချက်ချင်းသဘောပေါက်လိုက်သဖြင့် မျက်နှာတစ်ခုလုံးနီမြန်းကာ ဘာစကားမှမပြောနိုင်တော့ချေ။

ဤမြို့ရှိ လူများမှာ ရူးနေကြလေသလား။ ဝမ်းသွားရာတွင်သုံးသည့် ပစ္စည်းကို ယခုလိုပစ်ထားရာက မတော်တဆကန်မိသွားမည်ကို မစိုးရိမ်ကြဘူးလား။

"မိတ်ဆက်ပေးပါရစေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါက ကျုပ်တို့မိသားစုတီထွင်ထားတဲ့ သတ္တုကိရိယာတစ်ခုပါ။ အရည်ပျော်မှတ် နှစ်သောင်းဒီဂရီစင်တီဂရိတ်ကျော်တဲ့ သတ္တုတွေကို အရည်ကျိုနိုင်ပါတယ်"

"မဖြစ်နိုင်တာ"

လူငယ်ပညာရှင်တစ်ယောက်က ဆိုလာလေသည်။

"အရည်ပျော်မှတ်အမြင့်ဆုံးသတ္တုတန်စတန်တောင်မှ ၃၇၀၀ဒီဂရီစင်တီဂရိတ်လောက်ပဲရှိတာ။ နှစ်သောင်းဒီဂရီစင်တီဂရိတ်ကိုတောင် အရည်ကျိုနိုင်တဲ့သတ္တုရယ်လို့ ဘယ်လိုလုပ်ရှိမှာလဲ။ ပြီးတော့ ဒီလောက်မြင့်တဲ့အပူချိန်ကြီးကို ဘာလို့အရည်ကျိုဖို့လိုမှာလဲ။ ခင်ဗျားတို့ဟွာရှားလူမျိုးတွေက အရမ်းကြွားလွန်းတယ်"

"ခင်ဗျားမသိတာနဲ့ပဲ တကယ်မရှိတာမှမဟုတ်တာ"

ကျန်းမုန့်လောင်က အေးစက်စွာလှောင်ရယ်လျက် ပြောလိုက်၏။ ထို့နောက် ထွေးခံခွက်ကို ကန်ထုတ်လိုက်၏။

"ဒီပစ္စည်းကိုယူသွားပြီး ခင်ဗျားတို့ရဲ့ အဆင့်မြင့်လှပါချည်ရဲ့ဆိုတဲ့ နည်းပညာတွေနဲ့ စမ်းသပ်ကြည့်လိုက်။ ဟွာရှားအဂ္ဂိရတ်ပညာက ခင်ဗျားတို့ထင်ထားတာထက် ပိုအံ့ဩဖို့ကောင်းတယ်။ ကျုပ်တို့ရဲ့ဉာဏ်ပညာကို ခင်ဗျားတို့ရဲ့ဉာဏ်တစ်ထွာတစ်မိုက်လောက်နဲ့ လာစိန်မခေါ်နဲ့"

"ဒါဆို မစ္စတာကျန်း.. ဒီနေရာမှာ လက်ထက်အချောထည်တွေ ရှိသေးလား။ ဒီလိုကိရိယာတွေနဲ့ ဖန်တီးထားတဲ့ လက်နက်တွေက နတ်ဘုရားအဆင့် လက်နက်တွေပဲဖြစ်ရမယ်မဟုတ်လား။ အဲဒါတွေကိုသာ မြင်ခွင့်ရမယ်ဆိုရင် ဂုဏ်ယူမိမှာပဲ"

"ဒီမှာ နည်းနည်းလောက်ကျန်ဦးမယ်ထင်တာပဲ"

ကျန်းမုန့်လောင်က ခုန်းမင်းသော့နှင့် အလားသဏ္ဌာန်တူသော သော့တစ်မျိုးဖြင့် ခတ်ထားသည့် ဗီရိုတစ်ခုနားသို့ လျှောက်သွားလိုက်သည်။ သူက သတ္တုချောင်းတချို့ကို ဆွဲထုတ်လိုက်ချိန်မှာ "ကျွီ"ခနဲမြည်သံနှင့်အတူ တံခါးတစ်ချပ် ပွင့်သွားသည်။

ဖုန်တက်နေသော နှစ်ပေါင်းငါးထောင်သက်တမ်းရှိသည့် စာအုပ်တစ်အုပ်ကိုဖွင်ပြီး ကျယ်ပြောနက်ရှိုင်းလှသော အနှစ်သာရနှင့် သမိုင်းကြောင်းကို ဖော်ထုတ်ပြသလိုက်သည့်အလားပင်။

အတွင်းဘက်တွင် မည်းနက်နေသော ပစ္စည်းများကို အစုလိုက်အပြုံလိုက်ချိတ်ဆွဲထားသည်။ သေနတ်များ၊ သုံးခွချွန်လှံတံများ၊ ဓားရှည်နှင့် လှံကဲ့သို့သော အခြားလက်နက်အမျိုးအစားများလည်း အမြောက်အများရှိနေချေသည်။ ဤအရာအားလုံးမှာ အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားဟန်တူသည်။

"ဒါ… ဒါက.."

အနောက်တိုင်းပညာရှင်များ၏ မျက်လုံးများမှာ အတွင်းရှိ ပစ္စည်းတချို့ကိုမြင်လိုက်ရချိန်မှာပင် ချက်ချင်းတောက်ပသွားသည်။ သူတို့က လက်နက်များကို ပြသထားသည့် တံခါးနားသို့ နွားသိုးများနှယ် ချီတက်သွားကြပြီး သူတို့၏အကြည့်များက လှံရှည်တစ်ချောင်းထံတွင် ရစ်ဝဲနေချေသည်။

"ဒီ..ဒီပစ္စည်းက.."

"ဟုတ်တယ်။ အဲဒါက ဒဏ္ဍာရီတွေနဲ့ ရှေးဟောင်းစာပေတွေထဲမှာ ဖော်ပြထားတဲ့ ပုံစံအတိုင်းပဲ"

ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်က စာအုပ်အထူကြီးတစ်အုပ်ကို ဆွဲထုတ်လိုက်လေရာ အထဲတွင် အဝါရောင်သိုးရေပြားတစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုသိုးရေပြားပေါ်တွင် အနက်ရောင်လှံရှည်တစ်ချောင်း၏ ပုံတူပန်းချီတစ်ခု ရှိနေပေသည်။

ထိုလှံတံ၏ဘေးတွင်မူ ဘာသာပြန်ထားပြီးသား ရှေးဟောင်းစာလုံးတချို့ရှိသည်။

"ထာဝရလှံတံ"

"ဒါက အိုဒင်ရဲ့လက်နက်ပဲ"

"ဒီနေရာမှာ တကယ်ကြီးရှိနေတာပဲ"

အနောက်တိုင်းပညာရှင်များမှာ စိတ်လှုပ်ရှားခြင်းကြီးစွာ အော်ဟစ်လိုက်ကြသည်။

ဒဏ္ဍာရီထဲတွင် အိုဒင်သည် အဆင့်အမြင့်ဆုံးဖန်ဆင်းရှင်နတ်ဘုရားဖြစ်ပြီး လူတော်တော်များများအတွက် ဤသည်မှာ ပုံပြင်တစ်ပုဒ်သက်သက်သာဖြစ်၏။

သို့သော် တချို့လူများအတွက်တော့ ဤကမ္ဘာကြီးကပင် ကွဲပြားနေနိုင်သည်။ အထူးသဖြင့် ဤရှေးဟောင်းသုတေသနပညာရှင်များနှင့် ရှေးဟောင်းအမွေအနှစ်ပညာရှင်များအဖို့တော့ ဒဏ္ဍာရီသက်သက်မဟုတ်ချေ။

အတော်အတန်ကြာအောင် သုတေသနပြုလုပ်ပြီးနောက် ထိုရှေးဟောင်းဒဏ္ဍာရီဟူသော အရာများက မျိုးနွယ်စုအမျိုးမျိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး အိုဒင်ကလည်း ရှေးဟောင်းအနောက်တိုင်းမျိုးနွယ်စုတစ်ခု၏ အစွမ်းထက်လှသော ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်သည်ဟု သိရှိခဲ့ရသည်။ ထာဝရလှံတံဆိုသည်မှာ အလွန်ထူးခြားသော နည်းလမ်းများဖြင့် ပုံသွင်းဖန်တီးထားသော လက်နက်တစ်ခုပင်။

၎င်းမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် မာကျောပြီး ထိုက်ဟော့ပင် ဖျက်ဆီး၍ မရနိုင်ပေ။ သူ့ပိုင်ရှင်က တိုက်ခိုက်ရေးတွင် ပြိုင်ဘက်ကင်းအောင်နိုင်သူပင်။ အနောက်တိုင်းစိတ်စွမ်းအားရှင်များအတွက်တော့ ထာဝရလှံတံဟုခေါ်သော ဤအရာက အဆင့်သုံးရှိသည့်အပြင် အဆင့်လေးအထိလည်း ရောက်နေနိုင်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျယ်ပြန့်နက်ရှိုင်းလှသော သမိုင်းပင်လယ်ပြင်ကြီးထဲတွင် နစ်မြုပ်သွားခဲ့သည်။

ယခုမူ ဤနေရာ၌ ပြန်ပေါ်လာခဲ့လေပြီ။

"ဒီထာဝရလှံတံက အနောက်တိုင်းရဲ့ပိုင်ဆိုင်မှုပဲ။ ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ"

"ဘယ်သူက မင်းတို့ရဲ့ပိုင်ဆိုင်မှုပါလို့ပြောလို့လဲ။ အဲဒါကို မင်းတို့ ဘယ်လိုသက်သေပြမှာလဲ"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

"ဒါက အနောက်တိုင်းမှာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဒဏ္ဍာရီတစ်ခုလေ။ အဲဒါကြောင့် အနောက်တိုင်းကပဲ ပိုင်တာပေါ့။ ခင်ဗျားတို့ဟွာရှားလူမျိုးတွေက ကျုပ်တို့အနောက်တိုင်းရဲ့ရတနာကို တစ်နည်းနည်းနဲ့ ခိုးယူထားတာပဲဖြစ်ရမယ်"

"ဟုတ်တယ်။ ဒီပစ္စည်းက ဒီနေရာမှာ ရှိမနေသင့်ဘူး။ ဒီပစ္စည်းက ကျုပ်တို့အနောက်တိုင်းရဲ့ပြခန်းထဲမှာပဲ ရှိသင့်တယ်"

"သူများရတနာကို ခိုးထားတဲ့ သူခိုးတွေ"

ဤအနောက်တိုင်းပညာရှင်များမှာ စိတ်ခံစားမှုပြင်းထန်နေကြသည်။ ဒဏ္ဍာရီထဲရှိ ရတနာတစ်ပါးကို မြင်လိုက်ရချိန်မှာ သူတို့အနေနှင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ရိုးလား။

သူတို့၏ဒဏ္ဍာရီထဲတွင် သက်ရှိသတ္တဝါများအားလုံး နေထိုင်ခဲ့သည့်ခေတ်က နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော ဟွာရှားနိုင်ငံ၏အမွေအနှစ်ထက်ပင် ပိုရှေးကျနေနိုင်သည်။

"သေစမ်း.. ကျုပ်တို့နိုင်ငံက ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဝတ္ထုတွေအများကြီးကို ရေးထားတယ်။ ကမ္ဘာကြီးက ကျုပ်တို့နိုင်ငံရဲ့အပိုင်ပဲလို့တောင် ပြောလို့ရတယ်"

ကျန်းမုန့်လောင်က အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အရှက်မရှိတဲ့လူတွေအများကြီးကို ငါမြင်ဖူးပေမဲ့ လုံးဝအရှက်ကင်းမဲ့တဲ့လူမျိုးကိုတော့ မမြင်ဖူးဘူး။ အနောက်တိုင်းသားတစ်ယောက်က ဒီလက်နက်ကိုမြင်သွားလို့ တဖြည်းဖြည်းနဲ့ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာတယ်ဆိုတာ လောင်းရဲတယ်"

"ဒါဆို ဒီထာဝရလှံတံက ခင်ဗျားတို့ပိုင်တယ်ဆိုတာကို ဘယ်လိုသက်သေပြမလဲ"

"သက်သေပြရတာ ခက်လို့လား"

ကျန်းမုန့်လောင်က အနားသို့လျှောက်သွားပြီး လှံတံကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ထဲရှိ လေးလံမှုကြောင့် အံ့ဩသွားရလေသည်။ ဤပစ္စည်းက ဟွာရှားနိုင်ငံ၏နတ်ဘုရားလက်နက်ဆယ်မျိုးထက်ပင် ပိုအထင်ကြီးဖို့ကောင်းသေးသည်။

သူ့အနေနှင့် ချန်းယင်ဓားကို သိုးသားလှီးရင်း အသာလေးကိုင်ထားနိုင်သော်ငြား ဤပစ္စည်းကမူ လက်တစ်ဖက်တည်းနှင့်ကိုင်ရန် ခက်ခဲလှသည်။

"ကိုယ့်ဘာသာကြည့်လိုက်"

ကျန်းမုန့်လောင်က လှံတံရဲ့လက်ကိုင်ကို လှည့်ပြလိုက်သည်။

"မွန်ဂိုမာရီ.. ခင်ဗျား ကျုပ်တို့ဟွာရှားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်နားလည်တယ်မလား။ သူတို့ကို ဘာသာပြန်ပေးလိုက်။ မဟုတ်ရင် ကျုပ်တို့က မဟုတ်တမ်းတရားတွေပြောနေပါတယ်ဆိုပြီး စွပ်စွဲနေလိမ့်မယ်"

"ဒါက.."

မွန်ဂိုမာရီလည်း ထိုအရာကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းသွားလေသည်။ ပြောသင့်မပြောသင့် မသေချာတော့ပေ။

"မွန်ဂိုမာရီ..အဲဒီပေါ်မှာ ဘာရေးထားတာလဲ"

"ဟုတ်တယ်။ ပြောပြစမ်းပါ"

"ဒီမှာရေးထားတာက… 'ဟွာရှားနိုင်ငံတွင်ထုတ်လုပ်သည်'တဲ့"

All Chapters