အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်း
Vol. 43 Ch. 635
"မဖြစ်နိုင်တာ"
"လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်တုန်းက ဟွာရှားဆိုတဲ့နာမည်တောင် မရှိသေးဘူး။ အဲဒီအချိန်တုန်းက ဒီလိုကမ္ပည်းစာတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
"ဟုတ်တယ်။ ဒါက လိမ်လည်မှုကြီးဆိုတာ သေချာတယ်။ လိမ်လည်မှုအကြီးစားကြီး"
ပညာရှင်တစ်သိုက်က ကျန်းမုန့်လောင်တို့ကို စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် လက်ညှိုးထိုးကြသည်။
"မြန်မြန်.. ဒီလူလိမ်တွေကို ဓာတ်ပုံရိုက်ထားလိုက်။ သူတို့တွေက မြို့ထဲကိုကြိုဝင်ပြီး ကြံစည်ထားတာပဲဖြစ်မယ်"
"အဲဒီမျိုးနွယ်စုအမှတ်တံဆိပ်သုံးခုနဲ့ နှစ်ငါးထောင်သက်တမ်းရှိတဲ့ မိသားစုဆိုတာကြီးက သက်သက်လုပ်ကြံထားတာလားဆိုတာ ဘယ်သူက အတပ်ပြောနိုင်မှာလဲ။ ဒါက ခင်ဗျားတို့ဖန်တီးထားတဲ့ အလိမ်အညာတွေလည်း ဖြစ်နိုင်တာပဲ"
"ဟွာရှားဆိုတဲ့နာမည်က နှစ်တစ်ရာတောင်မပြည့်သေးဘူး။ ဒါတောင် ခင်ဗျားတို့က အခုလိုလုပ်ပြနေတာ သိပ်ရယ်စရာကောင်းတာပဲ"
ပညာရှင်များသာမက မီဒီယာများကပါ စိတ်ပျက်လက်ပျက်ခေါင်းခါနေကြသည်။ အထူးသဖြင့် ဟွာရှားနိုင်ငံမှ သတင်းထောက်များမှာ ရှက်ရွံ့နေဟန်အမူအရာကို ဆင်မြန်းထားကြသည်။
သူတို့အနေနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအကြောင်း ဘာမှမသိလျှင်ပင် ယခုလိုသိသာလှသော ပြစ်ချက်မျိုးကို အသိတရားရှိသူတိုင်း ယုံကြည်ကြမည်မဟုတ်။
ဤသည်မှာ မိမိ၏ဘိုးဘွားပိုင်သင်္ချိုင်းထဲမှာ မိုဘိုင်းဖုန်းတစ်လုံးထားပြီး လူသိရှင်ကြားကြေညာကာ မီဒီယာများကို ဖိတ်ခေါ်၍ တူးဖော်ခိုင်းနေပြီးနောက် ဤမိုဘိုင်းဖုန်းကို သူ့ဘိုးဘေးများက တီထွင်ထားကြောင်း ကြွေးကြော်နေသည်နှင့် တူလှပေသည်။ မည်သူကများ ထိုအရာကို ယုံကြည်မည်နည်း။ သူတို့က လူတွေကို ငတုံးဟုများ မှတ်ယူနေလေသလား။
"ကလစ် ကလစ်"
နိုင်ငံတကာမီဒီယာများမှာ အဆုံးတွင်မူ အခွင့်အရေးရလိုက်ပြီဖြစ်၏။ အစောကအထိ ကျန်းမုန့်လောင်မှာ အလွန်ထင်ပေါ်နေခဲ့သည်။ ယခုမူ မျက်နှာပျက်အရှက်ကွဲရမည့်အချိန်ကို ရောက်လာလေပြီ။ အတင်းအကျပ်ချပြခဲ့သည့် အလိမ်အညာများမှာ ဤမျှအထိမိုက်မဲလှသော အလိမ်အညာများ ဖြစ်နေလေရာ ယခုလောက်ဆိုလျှင် သူ့မျက်နှာလည်း ပျက်နေလောက်ပြီမဟုတ်လား။
"မစ္စတာကျန်း.. ခင်ဗျား ဒီလိုအလိမ်အညာမျိုးကို ဘာလို့ လုပ်ကြံပြောခဲ့တာလဲ"
"မစ္စတာကျန်း..ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါရက်နဲ့ နာမည်ကျော်တစ်ယောက်လည်း ဖြစ်နေပြီးသားကို ခင်ဗျားက ဒီလိုနည်းလမ်းမျိုးနဲ့ အောင်မြင်ကျော်ကြားမှုကို ဘာလို့ယူချင်ရတာလဲ။ ခင်ဗျားမှာ တခြားလုပ်စရာမရှိတော့လို့လား"
"မစ္စတာကျန်း.. နှစ်ပေါင်းငါးထောင်သက်တမ်းရှိတယ်ဆိုတဲ့ ခင်ဗျားမိသားစုက လုပ်ကြံဇာတ်လမ်းသက်သက်လား"
"မစ္စတာကျန်း.. အဆင့်နိမ့်တဲ့ ဒီလိုအလိမ်အညာမျိုးနဲ့ လူထုကို လှည့်စားနိုင်မယ်လို့ ဘာလို့ထင်နေရတာလဲ"
နိုင်ငံတကာသတင်းထောက်များမှာ စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည့်အလား ကျန်းမုန့်လောင်ကို မေးခွန်းဝိုင်းထုတ်ကြလေတော့သည်။ အစောပိုင်းသတင်းစာရှင်းလင်းပွဲများရှိ ကျန်းမုန့်လောင်၏အဖြေများက သူတို့အား မျက်နှာပျက်စေခဲ့သည်။ ယခုမူ အခွင့်အရေးရလာပြီဖြစ်ရာ သူတို့အနေနှင့် အဖတ်ပြန်ဆည်ရန် မကြိုးစားသင့်ပေဘူးလား။
"မဖြစ်နိုင်တာ။ ကျုပ်တို့ ဒီနေရာမှာ ဘာကိုမှပြုပြင်ထားတာမရှိဘူး"
ဒါရိုက်တာကျူးက ချက်ချင်းရှင်းပြလိုက်၏။
"ဒီနေရာကို တူးဖော်ပြီးကတည်းက တင်းကျပ်တဲ့ထိန်းချုပ်မှုနဲ့ ၂၄နာရီစောင့်ကြည့်ကင်မရာတွေနဲ့ပါ ထိန်းချုပ်ထားခဲ့တာ။ တခြားဘယ်သူမှ ဒီနေရာကို ဝင်ရောက်စွက်ဖက်ခွင့်မရှိအောင်လို့ပဲ"
ဒါရိုက်တာကျူးလည်း အံ့ဩနေချေသည်။ ရှေးဟောင်းမြို့တော်တူးဖော်ရေးစီမံကိန်း၏ စီမံကြီးကြပ်သူတစ်ယောက်အနေနှင့် ဤမြို့ကို တူးဖော်တွေ့ရှိချိန်ကတည်းက ဤနေရာတွင် အစောင့်ချထားပြီး စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။ မည်သူကမှလည်း ကျူးကျော်ဝင်ရောက်ခြင်းမရှိသလို ကျန်းမုန့်လောင်အနေနှင့် အမှန်တကယ်ပြုပြင်ထားသည်ဆိုလျှင်ပင် ဤမျှများပြားလှသော စောင့်ကြည့်စစ်ဆေးမှုများကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။
ထို့ပြင် နို်ငငံတော်က ဤနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော စစ်တပ်တစ်ခုကိုပါ စခန်းချထားသည်ဟု သိရသည်။ သို့ဖြစ်လေရာ ယင်ကောင်တစ်ကောင်ပင် ဖြတ်ဝင်နိုင်မည်မဟုတ်ချေ။
သို့သော် သူ့ရှေ့ရှိ မြင်ကွင်းက အလွန်အဓိပ္ပာယ်မရှိလှပေ။ ရာနှုန်းကြည့်ယုံကြည်မှုမျိုး ရှိမနေပါက သူလည်း ဤနိုင်ငံခြားသတင်းထောက်များလို သံသယဝင်မိမည်သာ။
"ဟမ့်! ဒါက ခင်ဗျားတို့ဟွာရှားလူမျိုးတွေရဲ့အပြောလေ"
မွန်ဂိုမာရီက ချက်ချင်းပြန်ပက်သည်။
"ခင်ဗျားတို့က ဒီအမွေအနှစ်ကို အဲဒီနေ့တုန်းက တွေ့ခဲ့တာပါလို့ ပြောတာနဲ့ပဲ အဲဒီနေ့ဖြစ်ရောလား။ ခင်ဗျားတို့တွေ ဒီရှေးဟောင်းမြို့ကို အရင်ကတည်းက ရှာတွေ့ထားပေမဲ့ ဒီလိုအလိမ်အညာတွေလုပ်ချင်လို့ မကြေညာသေးဘဲ ကြိုပြင်ဆင်နေတာမဟုတ်လား"
"အမှန်ပဲ။ ဒီထဲကို ဘယ်သူမှ မဝင်ခဲ့ဘူးဆိုတာကို သက်သေပြနိုင်လား။ ခင်ဗျားတို့ရဲ့စောင့်ကြည့်စစ်ဆေးမှုတွေရော စကားတွေပါ ယုံကြည်လို့မရဘူး"
"ကျုပ်က နောက်နေတဲ့ပုံပေါ်လို့လား"
ကင်မရာအများကြီးနှင့် ရင်ဆိုင်ရသည့်အခါ ကျန်းမုန့်လောင်၏အမူအရာက လုံးဝတည်ငြိမ်နေသည်။
"ဟွာရှားဆိုတဲ့စကားက အခုမှပေါ်လာတယ်လို့ ဘယ်သူကပြောလဲ။ ခင်ဗျားတို့ မယုံဘူးဆိုရင် ဒီပစ္စည်းရဲ့သက်တမ်းကို စစ်ဆးဖို့ လူရှာလာခဲ့"
ပညာရှင်များမှာ အချင်းချင်းကြည့်လိုက်မိကြသည်။
"မစ္စတာကျန်း.. ရှေးဟောင်းအမွေအနှစ်တွေကို စစ်ဆေးဖို့အတွက် ကျုပ်တို့တွေ ရူပဗေဒပညာရှင်တွေနဲ့ စက်ကိရိယာတွေအများကြီးကို ယူလာခဲ့တယ်နော်။ တကယ်လို့ ကျုပ်တို့သာ ဒီအလိမ်အညာတွေကို ဖွင့်ချလိုက်ရင် ခင်ဗျားပဲ မျက်နှာပျက်ရမှာ"
"စိတ်တိုင်းကျလုပ်ပါ"
ကျန်းမုန့်လောင်က စိတ်ထဲမထားလေဟန်ဖြင့် ပခုံးတွန့်ပြသည်။
"ကူညီပေးဖို့လိုသေးလား"
"မစ္စတာကျန်း ဒါက…"
ဒါရိုက်တာကျိူးခမျာ စိုးရိမ်ပူပန်သွားလေသည်။
"မပူနဲ့။ လာပါစေ။ ဒီကိစ္စကို အကြီးအကဲကျိုးကို ကျွန်တော်ရှင်းပြလိုက်မယ်"
...
မကြာခင်မှာပင် စမ်းသပ်ရေးကိရိယာများကို အပြည့်တင်ဆောင်လာသော ယာဉ်တစ်စီးက ရှေးဟောင်းမြို့တော်ထဲသို့ မောင်းနှင်လာသည်။ ကံကောင်းချင်တော့ ရှေးဟောင်းမြို့တော်ထဲရှိ လမ်းမများမှာ ကျယ်ဝန်းသဖြင့် နန်းတော်ဝင်ပေါက်သို့ လွယ်လင့်တကူမောင်းလာနိုင်သည်။
"လူနည်းနည်းလေးပဲ ပါတာလား"
ကျန်းမုန့်လောင်က သူတို့ကိုကြည့်ရင်း ခေါင်းတခါခါလုပ်လိုက်လေသည်။
"မစ္စတာကျန်း.. ဒီစမ်းသပ်မှုက ကိရိယာတွေနဲ့တင် လုပ်လို့ရတယ်မဟုတ်ဘူးလား။ လူတွေအများကြီး မလိုပါဘူး"
"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်ပြောချင်တာက ဒီလောက်လူနည်းနည်းလေးနဲ့ဆိုရင် ခင်ဗျားတို့ အထဲက လက်နက်တွေကို ရွှေ့နိုင်မှာတောင်မဟုတ်ဘူး"
"ဟားဟားဟား"
မွန်ဂိုမာရီက ရယ်လေသည်။
"မစ္စတာကျန်း.. အလေးဆုံးသတ္တုတွေဆိုရင်တောင် ဆယ်ကီလိုလောက်ပဲ လေးမှာပါ။ လူတစ်ယောက်နဲ့ မနိုင်ဘူးဆိုရင်လည်း နှစ်ယောက်အားနဲ့ဆိုရင် ဖြစ်ပါတယ်"
"အလုပ်စကြတော့။ ဒါပေမဲ့ ဒီရှေးဟောင်းပစ္စည်းတွေကိ မထိခိုက်မိစေနဲ့"
"ဟုတ်ကဲ့ ဥက္ကဋ္ဌ"
ရှေးဟောင်းအမွေအနှစ်သုတေသနအဖွဲ့အစည်းကြီးထဲရှိ အလုပ်သမားများက ထာဝရလှံတံကို ကြမ်းပြင်ပေါ်မှ မယူရန် ပြင်ဆင်ကြလေတော့သည်။
သို့သော် မကြာခင်မှာပင် သူတို၏အမူအရာများမှာ ကြက်သေသေကုန်ကြသည်။ လူနှစ်ယောက်၏အင်အားဖြင့် တစ်ဆယ်ကီလိုဂရမ်ခန့်ရှိသော ပစ္စည်းကို သယ်ယူရန်မှာ လွယ်ကူလှသည်မဟုတ်လား။ သို့သော် သူတို့မှာ အသည်းအသန်အားထုတ်ပါသည့်တိုင် ပင့်မရန်ပင် မဖြစ်နိုင်ချေ။
"ဒါက သိပ္ပံနည်းကျမဟုတ်ဘူးနော်။ အားလုံးအတူမမယ်"
လူငါးယောက် စုစည်းလိုက်ကြသော်ငြား လှံတံကတော့ မလှုပ်မယှက်ရှိနေဆဲပင်။
"သန်မာတဲ့လူတွေကို ထပ်ခေါ်လာပါလို့ ကျုပ်ပြောသားပဲ။ အခုတော့ ရှက်စရာကောင်းနေပြီမဟုတ်လား"
ကျန်းမုန့်လောင်က ထာဝရလှံတံကို ကောက်မ၍ နန်းတော်ထဲမှ သယ်ထုတ်လာသည်။
"ဒီပစ္စည်းကြီးနဲ့ အလေးချိန်တိုင်းချင်တာ သေချာရဲ့လား"
ကျန်းမုန့်လောင်က သူ့ရှေ့ရှိ လျှပ်စစ်ချိန်ခွင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုချိန်ခွင်မှာ ကီလိုဂရမ်ရာဂဏန်းလောက်ကိုသာ ခံနိုင်ရည်ရှိ၏။
"ငါတို့ရဲ့အကြီးဆုံးလျှပ်စစ်ချိန်ခွင်ကို ယူလာခဲ့ဟေ့"
သူတို့ဘက်က ကြိုပြင်ဆင်ထား၍သာ တော်တော့သည်။ ဤပစ္စည်း၏ အများဆုံးခံနိုင်သော အလေးချိန်မှာ ငါးတန်ဖြစ်ပြီး မည်သည့်ပစ္စည်းအတွက်မဆို အဆင်ပြေလောက်သော အရာပင်။
"၃၈၇၀ကီလိုဂရမ်တဲ့။ လေးတန်နီးနီးရှိတာလား။ ဒါက ဘာကြီးလဲ။ သတ္တုတစ်ခုက ဘယ်လိုလုပ်ပြီး ဒီလောက်လေးနိုင်မှာလဲ"
မွန်ဂိုမာရီတို့တစ်သိုက်ခမျာ ပမာဏကြောင့် အံ့ဩထိတ်လန့်ကုန်ကြသည်။ ဤသည်မှာ သာမန်သတ္တုများထက် ဆယ်ဆ၊အဆတစ်ရာ ပိုသိပ်သည်းနေခြင်းပင်။
ကမ္ဘာပေါ်တွင် ယခုလိုဂုဏ်သတ္တိမျိုးရှိသည့် သတ္တုဆိုသည်မှာ မရှိနိုင်ချေ။
ဤမျှမြင့်မားလှသော သိပ်သည်းဆမျိုးမှာ လူသားများ နားလည်ထားသလောက်ဆိုလျှင် နျူထရွန်ကြယ်များ သို့မဟုတ် ကြယ်ဖြူပုများပေါ်တွင် တွေ့ရတတ်သော ဒြပ်ဝတ္ထုများတွင်သာ ရှိတတ်သည်မဟုတ်ပါလား။
မကြာခင်မှာပင် ကိရိယာအမြောက်အများကို ထာဝရလှံတံတွင် ချိတ်ဆက်ပြီး လက်နက်၏အချက်အလက်များကို ဝေဖန်ဆန်းစစ်ကြတော့သည်။
"၁၀၂၀သိပ်သည်းဆတဲ့.. သူ့သိပ်သည်းဆက သံမဏိထက် အဆတစ်ရာကျော်ပိုများပြီး ကမ္ဘာပေါ်မှာ ကမ္ဘာပေါ်မှာ သိပ်သည်းဆအမြင့်ဆုံးသတ္တုလို့ သိထားတဲ့ သတ္တုထက် အဆငါးဆယ်ပိုများနေတယ်"
"ကျွန်တော်တို့ယူလာတဲ့ ကိရိယာတွေနဲ့ ဒီသတ္တုရဲ့အရည်ပျော်မှတ်နဲ့ ရေဆူမှတ်တွေကို တိုင်းတာလို့မရဘူး။ ကျွန်တော်တို့ရဲ့ကိရိယာရဲ့ အမြင့်ဆုံးအပူချိန်က ၇၀၀၀စင်တီဂရိတ်ပဲရှိတာ။ သူ့ရဲ့အရည်ပျော်မှတ်က တစ်သောင်းစင်တီဂရိတ်ကျော်တယ်"
"အိုင်ဆိုတုပ်စမ်းသပ်မှုအရတော့ ဒီလှံတံက နှစ်ပေါင်းငါးထောင်ကျော်သက်တမ်းရှိပြီး ဒီပေါ်မှာ ထင်ကျန်ရစ်နေတဲ့ ခြေရာလက်ရာတွေလည်း အတူတူပါပဲ"
"ဘာ"
ကနဦးအချက်အလက်များကို ကြားလိုက်ရချိန်ဝယ် ကမ္ဘာမြေ၏ဆန်းကြယ်မှုများကို လူတိုင်း အံ့ဩမှင်တက်သွားကြသည်။ ဤမျှသိပ်သည်းဆမြင့်မားပြီး အရည်ပျော်မှတ်မြင့်သည့် သတ္တုမျိုး ကမ္ဘာပေါ်တွင်ရှိနေပါလားဟုလည်း သိလိုက်ရသည်။
သို့သော် နောက်ထပ်ကြားလိုက်ရသော အချက်အလက်များကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။ ဤပစ္စည်းကို လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်တုန်းက ဟွာရှားလူမျိုးများက အမှန်တကယ်ဖန်တီးပြုလုပ်ခဲ့ခြင်းလေလား။ ကျန်းမုန့်လောင်က မလိမ်ခဲ့ပေ။
လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်တုန်းက ဟွာရှားဟုခေါ်သော ဤမျိုးနွယ်စုက အမှန်တကယ်ဖြစ်တည်ခဲ့လေသလား။
"အာ.. ဒါက လှံတံအကျိုးတစ်ချောင်းပဲဟာကို။ ဘာတွေများ လေ့လာနေစရာလိုလို့လဲ။ ပြီးတော့ ထာဝရလှံတံလို့ နာမည်ပေးထားတာက ဘာတုန်း။ အရမ်းဟိတ်ဟန်ကြီးတာပဲ။ ဒါကို ကျုပ်ရဲ့ဘိုးဘေးတွေက လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အမဲလိုက်ဖို့ပဲသုံးခဲ့တာ။ အထင်ကြီးလောက်စရာမရှိပါဘူး"
ကျန်းမုန့်လောင်က ဆို၏။
"ဒီပစ္စည်းကို ကျုပ်တို့ဘိုးဘေးတွေလက်ထက်တုန်းက အစုလိုက်အပြုံလိုက်ထုတ်လုပ်ခဲ့သေးတာကို။ ခင်ဗျားတို့ကျမှပဲ ရတနာလို တန်ဖိုးထားနေကြတယ်"