← Chapters

လူသားတွေကြားက အရည်အသွေးမြင့်အမျိုးသားဖြစ်ရတာထက် ဧကရာဇ်တစ်ပါးဖြစ်ရတာက စိတ်ဝင်စားဖို့ကောင်းလို့လား

Vol. 43 Ch. 637

လူသားတွေကြားက အရည်အသွေးမြင့်အမျိုးသားဖြစ်ရတာထက် ဧကရာဇ်တစ်ပါးဖြစ်ရတာက စိတ်ဝင်စားဖို့ကောင်းလို့လား

Vol. 43 Ch. 637

"သံသယဖြစ်တဲ့လူတွေ ရှိသေးလား"

ကျန်းမုန့်လောင်၏အသံက ယဇ်ပလ္လင်ထက်တွင် ပဲ့တင်ထပ်သွားချေသည်။

ပညာရှင်များနှင့် မီဒီယာသမားများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ ရုပ်တုကလည်း ပုံတူကူးထားသည့်အလား တူနေပြီး ဘိုးဘွားပိုင်လက်စွပ်လည်း ရှိနေသည်ဖြစ်ရာ အခြားဘာများသံသယဝင်စရာရှိဦးမည်နည်း။

"မဖြစ်နိုင်တာ.. ခင်ဗျားတို့က သံသယမရှိတော့ဘူးပေါ့"

ကျန်းမုန့်လောင်က ဆို၏။

"ခင်ဗျားတို့မှာ အမှန်တရားကို ဖော်ထုတ်ချင်တဲ့ စိတ်နှလုံးမျိုး ရှိသင့်တယ်မဟုတ်လား။ သိပ္ပံနည်းကျရှာဖွေတယ်ဆိုတာ ဒီလောက်ပဲလား။ ခင်ဗျားတို့တွေက ကျုပ်ကို လွယ်လွယ်လေးအရှုံးပေးလိုက်တာပဲ။ စိန်ခေါ်မှုမရှိသလို ခံစားရတယ်"

"သေစမ်း"

"သောက်ကျိုးနည်း"

"အမလေး"

"တကယ်ကြီးလား"

"လုပ်ပြန်ပြီ"

နိုင်ငံခြားပညာရှင်များသာမက ဟွာရှားသတင်းထောက်များနှင့် ပညာရှင်များကပါ ဆက်နားမထောင်နိုင်တော့ပေ။

မင်း အခုလိုမာန်တက်နေတာကို ရပ်လိုက်လို့မရဘူးလား… အခုလိုထေ့ငေါ့ပြီးပြောနေစရာလိုလို့လား… မင်းရဲ့အလုပ်အကိုင်က ယင်ယန်အရှင်လား…

"ခင်ဗျားတို့ မယုံသေးဘူးဆိုရင် ဒီအန်အေစစ်ကြည့်လို့ရပါတယ်"

ကျန်းမုန့်လောင်က ဆို၏။

"ဘာလို့မှန်းတော့မသိပေမဲ့ ကျုပ်တို့မိသားစုရဲ့မျိုးရိုးဗီဇက အရမ်းအားကောင်းတာ။ မျိုးဆက်တစ်ဆက်မှာ ကလေးတစ်ယောက်ပဲရနိုင်တယ်။ တကယ်လို့ အပြိုင်ကိုယ်ဝန်တွေရှိခဲ့ရင်လည်း ကျန်တဲ့လူတွေက ပျက်ကျတာပဲ။ ကျုပ်ရဲ့ဘိုးဘေးတွေထဲမှာ အမြွှာရှိခဲ့ဖူးတယ်။ အဲဒီတော့ ဆုံးသွားတဲ့တစ်ယောက်ကို မံမီလုပ်ပြီး ဒီနန်းတော်ထဲက သင်္ချုင်းဂူထဲမှာ မြုပ်နှံထားတယ်လေ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"ရှေးဟောင်းအီဂျစ်ပြည်ရဲ့ မံမီနည်းပညာနဲ့ယှဉ်လိုက်ရင် ကျုပ်တို့ရဲ့နည်းပညာက အများကြီးပိုအံ့ဩဖို့ကောင်းတယ်။ နှစ်ပေါင်းငါးထောင်ခြောက်ထောင်လောက် ကြာပြီးတာတောင် ပုပ်သိုးမှုမရှိဘူး။ ဒီနေ့ခေတ်နည်းပညာနဲ့ဆိုရင် မျိုးရိုးဗီဇစစ်ဆေးဖို့အတွက် ဒီအန်အေထုတ်ယူလို့ရမှာပါ။ ခင်ဗျားတို့ဘက်က လိုအပ်တယ်ဆိုရင် ကျုပ်မိသားစုရဲ့ဘိုးဘွားသင်္ချိုင်းကို သွားတူးပေးလို့ရတယ်"

"သေစမ်း..ဒီလူက ကြမ်းလိုက်တာ"

ဒါရိုက်တာကျူးနှင့် အခြားဟွာရှားပညာရှင်များ၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားချေသည်။ ပုံမှန်ဆိုလျှင် လူတွေက အငြိုးကြီးမှာ သင်္ချိုင်းတူးကြသည်သာ။

ကျန်းမုန့်လောင်ကတော့ ကိုယ့်မိသားစု၏သင်္ချိုင်းကို တူးဖော်ပြီး ကိုယ့်အပြစ်ကင်းစင်မှုကို သက်သေပြဖို့ပင် အဆင်သင့်ဖြစ်နေသည်။ ဤသည်မှာ မည်သို့သော ရန်ငြိုးမျိုးလဲ။ ကိုယ့်မိသားစုသင်္ချိုင်းကိုပင် တူးဖော်လိုစိတ်ရှိသူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ဘိုးဘေးဖြစ်သူက သင်္ချိုင်းထဲက ခုန်ထွက်လာပြီး ရိုက်နှက်လာမည်ကို သူ မကြောက်ဘူးလား။

"မလို..မလိုပါဘူး။ ကျွန်တော့်အထင်တော့ ဘယ်သူမှ သံသယမဖြစ်လောက်တော့ဘူးထင်တယ်"

ဒါရိုက်တာကျူးက ကပျာကယာဝင်ပြောလိုက်သည်။ ကျန်းမုန့်လောင်သာ ဆက်ပြောနေလျှင် သူ့အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် သူ့ဘိုးဘေးများကိုပါ တကယ်ခေါ်ချလာမည်ကို စိုးရိမ်ရသည်။ အကယ်၍ ထိုသို့ဖြစ်လာပါက ကိစ္စများမှာ ကြီးကျယ်သွားပေလိမ့်မည်။

"ကျွန်တော်တို့.. သံသယမရှိတော့ပါဘူး"

"ဒီသက်သေတွေနဲ့တင် မစ္စတာကျန်းက မြို့အရှင်ရဲ့မျိုးဆက်ဖြစ်ကြောင်း သက်သေပြပြီးပါပြီ"

"ဟွာရှားရဲ့ယဉ်ကျေးမှုက တကယ့်ကိုနက်နဲပြီး ရှည်ကြာလွန်းတယ်။ ကျွန်တော်တို့ စိတ်ရင်းအမှန်နဲ့ လေးစားအားကျမိပါတယ်"

"တော်လိုက်တော့"

ကျန်းမုန့်လောင်က ဆို၏။

"ဒီရုပ်တုကို ကျုပ် အပြင်ကနေ သယ်လာတယ်လို့ သံသယဖြစ်သင့်တယ်မဟုတ်ဘူးလား"

"ပြီးတော့ ချင်းချိုးနိုင်ငံကလူတွေကလည်း ကျုပ်က ဒီရုပ်တုနဲ့တူအောင် ပလက်စတစ်ဆာဂျရီလုပ်ထားတယ်လို့ သံသယဖြစ်သင့်တယ်လေ"

ထို့နောက် ကျန်းမုန့်လောင်က သူ့လက်စွပ်ကို မြှောက်ပြလိုက်သည်။

"ပြီးတော့ ဒီလက်စွပ်ကလည်း ပုံတူပစ္စည်းတစ်ခု ဖြစ်နေနိုင်တာပဲ"

ကျန်းမုန့်လောင်၏လှောင်ပြောင်ထေ့ငေါ့မှုများနှင့် ရင်ဆိုင်ရချိန်ဝယ် သူတို့အနေနှင့် ပြန်ချေပနိုင်စွမ်းမရှိကြပေ။

ရုပ်တုကို သယ်လာတာတဲ့လား။ ဤအရာမှာ မီတာငါးဆယ်ကျော် မြင့်မားလှသည်။ အယ်လ်ထရာလောက်နီးနီးရှိ၏။ ဤမျှကြီးမားလှသော အရာကြီးကို သယ်ယူပို့ဆောင်ခြင်းမှာ သိသာလှသော စီမံကိန်းတစ်ခုပင် ဖြစ်ရချေမည်။ မည်သူကများ သတိမထားမိဘဲ နေမည်နည်း။ သူတို့တွေက မျက်စိအတွင်းတိမ်ဖြစ်နေလို့လား…

ပလတ်စတစ်ဆာဂျရီကလည်း ဆရာဝန်တစ်ယောက်ရှာပြီး စစ်ဆေးလိုက်သည်နှင့် ရှင်းလင်းသွားမည်သာ။

ကျန်းမုန့်လောင်က သူတို့အား သက်သက်စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေခြင်းပင်။

အမှန်ပင်။ အစတုန်းက ကျန်းမုန့်လောင်ကို လှောင်ပြောင်ခဲ့ကြသူများမှာ သူတို့ကိုယ်တိုင်ပင်။ ယခုမူ သူ့ဆီမှ ပါးဖြတ်ရိုက်ခံလိုက်ရခြင်းမှာ လက်တုံ့ပြန်ခံရသည်ဟု ယူဆနိုင်သည်။

ကျန်းမုန့်လောင်ကို ဆက်သံသယဝင်ရန်အတွက်မူ သူတို့အနေနှင့် သတ္တိမရှိတော့ပါချေ။ အကြောင်းမှာ သူတို့အနေနှင့် နှုတ်က ဝန်မခံချင်လျှင်ပင် စိတ်ထဲမှာတော့ အမှန်တရားကို အသိအမှတ်ပြုထားပြီးဖြစ်၏။

အကယ်၍ သူသာ မြို့အရှင်၏မျိုးဆက်မဟုတ်ပါက မြို့၏အခင်းအကျင်းကို ဤမျှစေ့စေ့စပ်စပ်သိမည်မဟုတ်။ ရုပ်တုကြီးကလည်း သူနှင့်တူနေမည်မဟုတ်ချေ။

"ခုနတုန်းက ကျုပ်ရဲ့ဘိုးဘေးတွေက ဒီမြို့ကို တည်ထောင်ခဲ့တယ်ဆိုတာကိုသာ သက်သေပြနိုင်ခဲ့ရင် လူတစ်ယောက်က ကျုပ်မိသားစုရဲ့ကျွန်ဆိုတာကို လက်ခံမယ်လို့ ပြောထားတယ်ထင်တယ်နော်။ အဲဒီလူက ဘယ်သူပါလိမ့်"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ဆက်ပြောလိုက်၏။

"ငါ့မှတ်ပုံတင်နံပါတ်ကိုပါ ကြေညာလိုက်ပါတော့လား"

မွန်ဂိုမာရီက စိတ်ထဲမှာတော့ ကျန်းမုန့်လောင်ကို အကြိမ်ပေါင်းများစွာ ဆဲဆိုပြီးနေလေပြီ။ ကျန်းမုန့်လောင်၏ဘိုးဘေးများကိုလည်း ဆိုးဆိုးဝါးဝါးကျိန်ဆဲပစ်လိုက်သေးသည်။

သို့သော် ထိုအချိန်မှာ ကင်မရာအများအပြားက သူ့မျက်နှာကို ချိန်ထားပြီဖြစ်လေရာ အတင်းလုပ်ပြုံးရုံသာ ရှိတော့သည်။ သူ့အနေနှင့် ကိုယ့်သေတွင်းကိုယ် တူးခဲ့ပြီးဖြစ်လေရာ ဒူးထောက်ရမည်ဆိုလျှင်ပင် သေချာပေါက်လုပ်ရတော့မည်သာ။

"သခင်…သခင်"

မွန်ဂိုမာရီက မချင့်မရဲဖြင့် ခေါ်လိုက်သည်။

"လေတအားပြင်းလို့ ကောင်းကောင်းမကြားရဘူး။ ထပ်ပြောပါဦး"

"ဒီလူယုတ်မာကတော့"

မွန်ဂိုမာရီခမျာ ကျန်းမုန့်လောင်ကိုကြည့်ရင်း အံတင်းတင်းကြိတ်လိုက်၏။

"သခင်"

"အင်း"

ကျန်းမုန့်လောင်က အားနာခြင်းမရှိပါဘဲ ဤအခေါ်အဝေါ်ကို လက်ခံလိုက်သည်။

မွန်ဂိုမာရီ၏မျက်နှာမှာမူ ရှက်ရွံ့မှုကြောင့် နီမြန်းသွားလေသည်။ ယနေ့မှာတော့ သူသည် မျက်နှာပျက်ရုံတင်မကဘဲ သူ့နိုင်ငံကို ပြန်ရောက်ပါက အပြင်းအထန်ဆဲဆိုခံရတော့မည်ဖြစ်ကြောင်း ကြိုသိနေသည်။

ယခုအချိန်ကစပြီး သူတို့နိုင်ငံဟာ "ကျွန်မျိုးဆက်"ဟူသော အမှတ်တံဆိပ်ကြီးနှင့် ထာဝရရှင်သန်ရတော့မည်သာ။

မင်း ရူးနေတာလား… တွေးခေါ်တတ်တဲ့လူတစ်ယောက် ဖြစ်ပါရက်နဲ့ ကျန်းမုန့်လောင်ကို အတင်းစိန်ခေါ်ပြီး ဒီလိုလောင်းကြေးမျိုးထပ်ရသလား.. မင်းက ကိုယ့်လက်နဲ့ကိုယ် နိုင်ငံ့ဂုဏ်သိက္ခာကို ဟိုးအောက်ဆုံးအထိ ကျသွားအောင် ချပစ်တာပဲ…

"ကောင်းပြီ။ ကောင်းပြီ။ သာ့ချင်းပြည်ကြီး ပျက်စီးသွားတာကြာလှနေပြီ။ ကျွန်စနစ်ဆိုတာလည်း မရှိတော့ပါဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"အခုကစပြီး ဟွာရှားလူမျိုးတွေကို မြင်တဲ့အခါ လေးစားမှုလေးရှိပေါ့။ မဟုတ်လို့ကတော့ မင်းရဲ့ဘိုးဘေးတွေက မင်းအိပ်မက်ထဲကိုလာပြီး ဆူငေါက်နေလိမ့်မယ်"

မွန်ဂိုမာရီက အတင်းလုပ်ပြုံးနေသော်ငြား ယနေ့ ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခဲ့ရသူမှာ သူဖြစ်ပါသည့်တိုင် သူ့နိုင်ငံသားများအားလုံးမှာ ဟွာရှားလူမျိုးတစ်ယောက်ကို မြင်သည်နှင့် အသွေးအသားထဲကလာသည့် သိမ်ငယ်စိတ်တစ်မျိုးကို ခံစားနေရတော့မည်မှာ သေချာလှသည်။

ယခုအချိန်မှာ သူတို့ ချမ်းသာကြွယ်ဝနေသည်ဆိုလျှင်ပင် လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာတုန်းက သူတို့၏ဘိုးဘေးဘီဘင်များဟာ ဟွာရှားလူမျိုးတစ်ယောက်၏ ကျွန်များသာဖြစ်ကြောင်း မေ့ကြတော့မည်မဟုတ်။ ကျွန်ကလည်း အဆင့်နိမ့်ကျွန်သာ ဖြစ်ချေသည်။

ဤသည်မှာ အသွေးအသားထဲတိုင် သိမ်ငယ်ရခြင်းပင်။

"မစ္စတာကျန်း.. နောက်ကျနေပါပြီ။ ကျွန်တော်တို့ ဖွင့်ပွဲအခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲကို စတင်သင့်ပြီ"

ဒါရိုက်တာကျူးက ဘေးနားမှ လောဆော်လိုက်သည်။

နေရာအများအပြားကိုလည်း သွားခဲ့ပြီးပြီ။ သိပ္ပံနည်းကျစမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ပြီးပြီဖြစ်လေရာ ယခုမူ အချိန်ဇယားအတိုင်း ဆက်လက်လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်၏။

"ကောင်းပြီလေ။ သွားကြတာပေါ့"

...

မြေအောက်အမွေအနှစ်ထဲမှ ထွက်လာခဲ့ပြီးနောက် သဲကန္တာရထဲရှိ ယာယီစခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ထိုအချိန်တွင် စခန်းထဲ၌ ထောင်ပေါင်းများစွာသော ရှေးဟောင်းသုတေသနပညာရှင်များ၊ ရှေးဟောင်းယဉ်ကျေးမှုသုတေသီများ၊ ဘူမိဗေဒပညာရှင်များ၊ မီဒီယာများနှင့် အခြားနိုင်ငံသားများစွာ စုဝေးရောက်ရှိနေကြသည်။

ဒါရိုက်တာကျူးက စင်မြင့်ပေါ်သို့တက်ပြီး ခမ်းနားလှသော မိန့်ခွန်းတစ်ခုကို ပြောကြားပြီးနောက် နှစ်ပေါင်းငါးထောင်ကျော် လက်ဆင့်ကမ်းလာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာတစ်ဝှမ်းလုံးနှင့်အတူ သုတေသနပြုလုပ်ရန် ဆန္ဒရှိကြောင်း တရားဝင်ကြေညာခဲ့သည်။

နိုင်ငံကြီးတစ်နိုင်ငံ၏ ခမ်းနားထည်ဝါမှုကြောင့် အားပေးသံနှင့် လက်ခုပ်သံများ ချက်ချင်းညံသွားလေသည်။ ဤသည်မှာ အင်အားကြီးနိုင်ငံကသာ ပိုင်ဆိုင်နိုင်သော ကြီးမြတ်မှုမျိုးပင်။

"ကမ္ဘာ့အချမ်းသာဆုံးလူ မစ္စတာကျန်းက ဒိမြို့အရှင်ရဲ့မျိုးဆက်ဖြစ်တဲ့အကြောင်း အားလုံးသိပြီးကြပြီလို့ ထင်ပါတယ်"

ဒါရိုက်တာကျူးက ပြောသည်။

"ဒီနေ့မှာတော့ ကျွန်တော်တို့က သတင်းထောက်တွေအတွက် မစ္စတာကျန်းနဲ့ အင်တာဗျူးတစ်ခုလုပ်နိုင်ဖို့ စီစဉ်ပေးထားပြီး မေးခွန်းတွေအတွက် နာရီဝက်အချိန်ပေးထားပါတယ်"

"အခု မစ္စတာကျန်းကို စင်မြင့်ပေါ် ဖိတ်ခေါ်ရမဲ့အချိန်ကျပါပြီ"

လက်ခုပ်သံများနှင့်အတူ ကျန်းမုန့်လောင်က စင်ပေါ်သို့တက်လာပြီး ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်ချလိုက်သည်။

အစီအစဉ်တင်ဆက်သူကတော့ ဆာရှီနင်ဖြစ်နေဆဲပင်။ သူ့ခမျာ ကျန်းမုန့်လောင်ကိုမြင်သောအခါ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ လွန်ခဲ့သည့်လအနည်းငယ်တုန်းက မစ္စတာကျန်းက သူ့ခမ်းနားကြီးကျယ်မှုဖြင့် ကြီးစိုးခဲ့သည့်အကြောက်တရားကို သူ ယခုထိတိုင် မှတ်မိနေဆဲပင်။

"မစ္စတာကျန်း ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်"

ဆာရှီနင်က ပြောလိုက်သည်။

"ဟုတ်ပါရဲ့။ ကျုပ်တို့ နောက်နောင်မှာ ပိုတွေ့ရလိမ့်မယ်ထင်တယ်"

"မစ္စတာကျန်း… ကျွန်တော် ခင်ဗျားကို မေးချင်နေတဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းလေးတစ်ခုရှိတယ်ဗျ"

"မေးသာမေးပါ"

"ခင်ဗျားမိသားစုက မျိုးဆက်ပေါင်းများစွာ အမွေလက်ဆင့်ကမ်းလာပြီး နိုင်ငံတွေကိုတောင် ယှဉ်ပြိုင်နိုင်လောက်အောင် ချမ်းသာတာဆိုတော့ ခင်ဗျားရဲ့ဘိုးဘေးတွေက ဧကရာဇ်အဖြစ်နဲ့ ကမ္ဘာကြီးကို ပေါင်းစည်းဖို့ မစဉ်းစားဖူးဘူးလား"

ဆာရှီနင်က မေးလိုက်သည်။

ဤမေးခွန်းက အလွန်စိတ်ဝင်စားဖို့ကောင်းလှသဖြင့် လူတော်တော်များများကလည်း နားစွင့်နေကြသည်။

"ဧကရာဇ်လုပ်ရတာက ဘာအဓိပ္ပာယ်ရှိလို့လဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။

"ဧကရာဇ်ဖြစ်ရင် ကိုယ့်လူမျိုးတွေ အစားအသောက်တို့ အဝတ်အထည်တို့ လုံလောက်ပါ့မလားလို့ နေ့တိုင်းစိတ်ပူနေရတာ။ တစ်ခါတလေကျရင် ပုန်ကန်မှုတွေကိုလည်း နှိမ်နင်းရသေးတယ်။ ဧကရာဇ်တစ်ပါးလုပ်ရတာက လူသားတွေကြားက အရည်အသွေးမြင့်အမျိုးသားတစ်ယောက်ဖြစ်ရတာထက် ပိုစိတ်ဝင်စားဖို့ကောင်းမှာမို့လို့လား"

All Chapters