ဟဲဟဲ...မင်းပဲ
Vol. 11 Ch. 104
လင်းလင်လင်က ချန်ဟွိုက်အန် ဘာဖြစ်သွားမှန်း မသိပေ။
သူတို့ အိမ်ရောက်သည်နှင့် ချန်ဟွိုက်အန်က အပိုအိပ်ခန်းထဲသို့ သော့ခတ်နေပြီး အပြင်မထွက်တော့ပေ။
“ကိစ္စမရှိဘူး။ ငါ့ ပြဿနာ မဟုတ်ဘူး။ ဒီအရှုပ်ထုတ်တွေ အပြီးမှာ မအိပ်ရရင် သေတော့မှာပဲ။”
သူ သတိထားစွာဖြင့် ဆိုဖာပေါ်ရှိ ပါ့ကျီကို လှမ်းကြည့်လိုက်သည်။
သူတို့ မျက်လုံးချင်း ဆုံသွား၏။
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း တုန်ယင်သွားသည်။
[ ဒီလူသားကလေးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။ ငါ့ကို သတင်းပေးမလို့လား ]
ပါ့ကျီ တုန်ယင်နေ၏။
ဒီမိစ္ဆာကြီးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။ ငါ့ကို စားတော့မလို့လား။
လင်းလင်လင် ခြေထောက်များ အားပျော့နေသည်၏။
နံရံပေါ်ရှိ မကောင်းဆိုးဝါးအရိပ်၏ မှတ်ဉာဏ်က လင်းလင်လင်၏ ဦးရေပြားကို ထုံသွားစေသည်။
သူ မာစတာအိပ်ခန်းသို့ ပြေးဝင်သွားသည်။
ပါ့ကျီက သူ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
၎င်းသည် ပြတင်းပေါက်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်အပင်၏ ချီစွမ်းအင်ကို စုပ်ယူရာတွင် ငါးကြင်းစိမ်းနှင့် ပူးပေါင်းလိုက်သည်။
ထိုနေရာသည် ခန့်မှန်းမရသော ဧကရာဇ်တစ်ပါးကို အမှုထမ်းရသကဲ့သို့ ဖြစ်သည်။
လှုပ်ရှားမှုတစ်ခု မှားသည်နှင့် အဆုံးသတ်မည်ပင်။
၎င်းက ထွက်ပြေးရပေမည်။
အမြန်ဆုံး ထွက်ပြေးရမည် ဖြစ်သည်။
...
ထိုအတောအတွင်း အပိုအိပ်ခန်းအတွင်း၌ ချန်ဟွိုက်အန်က ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေးသို့ ဝင်ရောက်ပြီး ဖြစ်သည်။
စနစ်သတိပေးချက်တစ်ခု ပေါ်ထွက်လာသည်။
[ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစ တစ်ခု ရရှိသည် ]
[ ပင့်ကူမျှင်ချပ်ကာ လက်ခံရရှိသည် ]
“ဟမ်.. မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစတဲ့။ အဲဒါက ဘာကြီးလဲဟ...”
“ပြီးတော့ ပင့်ကူမျှင်ချပ်ကာက ဘယ်မှာလဲ။ တံခါးမှာလည်း အထုပ် မတွေ့ပါဘူး။”
ပုံမှန်အားဖြင့် ဆုလာဘ်များမှာ သူ၏ တိုက်ခန်းအပြင်ဘက် လျှို့ဝှက်ဆန်းကြယ်သော အထုပ်တစ်ခုဖြင့် ရောက်ရှိလာတတ်သည်။
သူ စစ်ဆေးခဲ့ပြီးပြီ ဖြစ်သည်။
ယခုတစ်ခါ ဘာမှ မရှိပေ။
သူ ပြောပြီးသည်နှင့် ရွှီးခနဲ အထုပ်တစ်ခုက ခုတင်ပေါ်တွင် ရုတ်တရက် ပေါ်လာ၏။
[ ပင့်ကူမျှင်ချပ်ကာ – အင်မော်တယ်ချန်ထံ ပို့ဆောင်ပြီး ]
ချန်ဟွိုက်အန် အထုပ်ကို စိုက်ကြည့်နေပြီး ပါးစပ် တွန့်သွားသည်။
“ဝိုး။ ဟန်ဆောင်တာတောင် မလုပ်တော့ဘူးလား။ အရင်က ပို့ဆောင်ရေး အထုပ်တွေ အားလုံးက ဟန်ဆောင်ဖို့ပဲလား...”
သူက ၎င်းကို ဆွဲဖွင့်လိုက်သည်။
အတွင်း၌ အင်္ကျီနှင့်တူသော အဝတ်တစ်ခု ရှိနေသည်။
ကျည်ကာအင်္ကျီနှင့် ဆင်တူသော်လည်း ပိုမို ပေါ့ပါးသည်။
အပြင်ဘက် ပစ္စည်းက ပိုးသားကဲ့သို့ ချောမွေ့သော်လည်း....
၎င်း၏ အောက်တွင် မာကျောသော ချပ်ကာပြားများကို ခံစားမိနိုင်သည်။
ပြင်းထန်သော ဗီဇက သူ့ကို ပြောနေသည်။
ထိုအပြားများက လူ့မျက်နှာပင့်ကူ၏ အပြင်အရိုးစုမှ ပြုလုပ်ထားခြင်းပင်။
အပြားများ အကြားတွင် ငွေရောင် ချည်မျှင်များ အရာရာကို ဆက်ထားသည်။
သူက ၎င်းတို့ကို ဆွဲကြည့်လိုက်ရာ အလွန် ပျော့နေသည်။
ထို့ကြောင့် ၎င်းက “ပင့်ကူမျှင်” အစိတ်အပိုင်း ဖြစ်လောက်သည်။
မိစ္ဆာတစ်ကောင်ကို သတ်သည်။
ထို့နောက် ၎င်းထံမှ သံချပ်ကာ ရရှိသည်။
အရာရာက ဖုန်မှုန့်ဖြစ်သွားသော်လည်း...
အရင်းအမြစ်တစ်ခုမျှ မဖြုန်းတီးခဲ့ပေ။
“သိပ်ကောင်းတဲ့ အရာပဲ။ ဒါကို ဝတ်ထားရင် ငါ အသားမွဖြစ်မယ့် အခွင့်အရေးကို လျှော့ချနိုင်လောက်တယ်။”
တွန့်ဆုတ်ခြင်းမရှိဘဲ သူက ၎င်းကို ဝတ်လိုက်သည်။
ထို့နောက် သူက စိတ်ထဲတွင် မှတ်သားထားလိုက်။
ပင့်ကူမျှင်ချပ်ကာသည် ယခုတွင် ကြေးခွံနက်ဓားနှင့်အတူ သူ၏ “အိပ်စက်ခြင်းမရှိမဖြစ်” အစိတ်အပိုင်းအဖြစ် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။
သူ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစအသစ်ကို စစ်ဆေးလိုက်သည်။
[မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစ - မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို သတ်ခြင်းမှ ရရှိသော တိုကင်တစ်ခု ]
[ဖြောင့်မှန်သောလမ်းစဉ်ကျင့်ကြံသူ ဂိုဏ်းစျေးဆိုင်ကို သော့ဖွင့်ရန် အပိုင်းအစ ၁၀ခု စုဆောင်းပါ ]
“သြော်... ဒါဆို အဲဒီလူ့မျက်နှာပင့်ကူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလား...”
ချန်ဟွိုက်အန်က လက်သီးကို သူ၏ လက်ဖဝါးထဲ ရိုက်လိုက်သည်။
အဓိပ္ပာယ် ရှိပေသည်။
သူက ဖြောင့်မှန်ခြင်း သို့မဟုတ် မကောင်းဆိုးဝါး လမ်းစဉ်များကို အထူး ဂရုမစိုက်ပေ။
နောက်ဆုံးတွင် ဝတ္ထုများနှင့် ဂိမ်းများတွင် ပြောထားသည့် ဖြောင့်မှန်သော လမ်းက အမြဲတမ်း ဖြောင့်မှန်ခြင်း မဟုတ်ပေ။
ဂိုဏ်းအကြောင်း မဟုတ်။
နှလုံးသားအကြောင်း ဖြစ်သည်။
သို့သော်လည်း...
မကောင်းဆိုးဝါး ဖြစ်ခြင်းက ကြောက်မက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင်နှင့်တူသည်ဟု ဆိုလိုပါက...
မှန်ပေသည်၊ သူက ချောမောသည့် ဖြောင့်မှန်သောလမ်းစဉ်ကျင့်ကြံသူသာ ဖြစ်ချင်သည်။
“နေပါဦး။ ငါ ဂိမ်းထဲမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို သတ်ခဲ့ဖူးတယ် မဟုတ်ဘူးလား။ ဘာလို့ အဲဒီတုန်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစ မရခဲ့တာလဲ...”
ဖြစ်နိုင်ခြေ သုံးခု ရှိသည်။
• လက်တွေ့ သတ်ခြင်းများသာ အတည်ယူသည်။
• ဂိမ်းအတွင်းမှ ရန်သူက လျှပ်စီးပစ်ခတ်မှုင် တကယ် မသေခဲ့ပေ။
• အပိုင်းအစ ကျနှုန်းက ကျပန်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက နောင်အတွက် စိတ်ထဲတွင် မှတ်သားလိုက်သည်။
ဂိမ်းထဲတွင် လီချင်းရန်နှင့် ယွဲ့ချန်ချီတို့သည် တရားထိုင်နေဆဲပင်။
အကြောင်းပြချက်အချို့ကြောင့် ယွဲ့ချန်ချီက သူ့ကိုယ်သူ စောင်များဖြင့် တင်းကျပ်စွာ ပတ်ထား၏...
သူ မပူဘူးလား...
ချန်ဟွိုက်အန် ၎င်းအပေါ် မတွေးတော့ပေ။
ထိုအစား သူက သူ၏ ဇာတ်ကောင် ပုံကို ဖွင့်ပြီး အရည်အချင်း စွမ်းရည်များသို့ သွားကြည့်သည်။
ရွေးချယ်စရာများစွာ ပေါ်လာ၏။
[ ရွှေအပ်စိုက် ပညာရပ် အဆင့်(၂) - နွေဦးပြန်လည်ရှင်သန်ခြင်း အပ်စိုက်ကုထုံး (ကျွမ်းကျင်မှုအနိမ့်)၊ သွေးကြောဖွင့် ပညာရပ် (ကနဦးကျွမ်းကျင်မှု) ]
[ ကြာစိမ်းဓားသိုင်းကျမ်း (ကနဦးကျွမ်းကျင်မှု) ]
[ ဒီရေလှိုင်းသိုင်း(လိုအပ်ချက်များ မပြည့်မီ) ]
“ငါ ထင်တဲ့အတိုင်းပဲ။ ဒီရေလှိုင်းသိုင်းကို ငါ ကျင့်ကြံလို့ရတယ်။”
ထင်မြင်ချက်များ အတည်ပြုပြီးသည်ကို မြင်သောအခါ ချန်ဟွိုက်အန် ပြုံးလိုက်သည်။
လိုအပ်များကို မဖော်ပြထားသော်လည်း...
သူ့တွင် ခန့်မှန်းချက်တစ်ခု ရှိသည်။
သွေးကြောများ အားလုံး ဖွင့်ရမည်။
၁၀၀% မှန်ကန်ခြင်း မရှိလျှင်ပင် သူ၏ သွေးကြောများအားလုံး ဖွင့်ခြင်းက သူ့အတွက် အကျိုးသာ ဖြစ်စေလိမ့်မည်။
“ကောင်းပြီလေ... ငါ့ရဲ့ သွေးကြောဖွင့် ပညာရပ်ကို အဆင့်မြှင့်ဖို့ အချိန်ပဲ...”
သူက အသေးစိတ်များကို စစ်ဆေးကြည့်သည်။
[ သွေးကြောဖွင့် ပညာရပ် (ကနဦးကျွမ်းကျင်မှု) - သွေးကြောများကို ဖွင့်နိုင်သော်လည်း မသန်စွမ်းဖြစ်စေရန် အန္တရာယ် မြင့်မားသည် ]
[ ကျွမ်းကျင်မှုအနိမ့်သို့ အဆင့်မြှင့်ရန်- ဂိမ်းအတွင်း ၁၉၉၉ယွမ် ဝယ်ယူမှု လိုအပ်သည် ]
“၁၉၉၉ယွမ်၊ ဒါက တကယ်တော့ တန်တယ်...”
အရင်က သူ အာရုံမစိုက်ခဲ့ပေ။
သို့သော် အခုတွင်တော့...
သူ ပိုကောင်းကောင်း သိသွားပြီ ဖြစ်သည်။
“ငွေဖြည့်လိုက်...”
သူက ကတ်ကို ပွတ်ဆွဲပြီး ၁၉၉၉ယွမ်ကို ဂိမ်းထဲသို့ ထည့်လိုက်သည်။
သို့သော်...
အဆင့်မြှင့်တင်ခြင်း သော့မပွင့်သေးပေ။
“သြော်၊ ဟုတ်သားပဲ။ ငါ တကယ့်ပိုက်ဆံကို သုံးရမယ်။”
ပြဿနာမရှိဘူး။ သုံးရမယ့် အချိန်ပဲ...
သူ၏ အကြည့်က ဂိမ်းအင်တာဖေ့စ်ကို ဖြတ်သွားသည်။
လီချင်းရန်နှင့် ယွဲ့ချန်ချီက အလယ်အလတ်-အဆင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို အသုံးပြုနေဆဲဖြစ်ကြောင်း သူ သတိပြုမိသည်။
သူက လျှာကို အသံ မြည်စေလိုက်သည်။
“ချန်ဟွိုက်အန်၊ သိက္ခာရှိပါဦး... မင်း ဘယ်လိုလုပ် ချင်းရန်လေးကို အမှိုက်အဆင့် အခင်းအကျင်းတွေနဲ့ ကျင့်ကြံခိုင်းရတာလဲ... ဂိမ်းကို အဆင့်မြှင့်တင်ဖို့ အချိန်ပဲ။ နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်း ၅.၃ နာရီ ထပ်တိုးမယ်... ပြီးတော့ အဲဒါတွေကို ထပ်လိုက်တာပေါ့...”
ဖျတ်..ဖျတ်..ဖျတ်...
စိတ်ဝိညာဉ် ပုံဆောင်ခဲ ဆယ်လုံး ဖြစ်ပေါ်လာသည်။
ရှိပြီးသား အလယ်အလတ်-အဆင့် အခင်းအကျင်းကို ဝန်းရံလိုက်၏။
လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ ရုတ်တရက် နိုးလာသည်။
“ရန်သူတွေလား...”
ယွဲ့ချန်ချီ၏ မျက်လုံးများ ထက်လာ၏။
သူ အခန်းကို လှည့်ပတ်ကြည့်လိုက်ရာ ထိတ်လန့်မှုဖြင့် အေးခဲသွားခဲ့သည်။
“ဘုရားတန်ခိုးတော်... ဒါက အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းလား... စိတ်ဝိညာဉ် ချီစွမ်းအင်က ရူးလောက်အောင်ပဲ...”
ယခင်က အလယ်အလတ်အဆင့် အခင်းအကျင်း ပေါ်လာသောအခါ သူ ခဏတာ စိတ်ပျက်ခဲ့သည်...
သို့သော် ၎င်းတွင် ကျင့်ကြံရခြင်း၏ ပျော်ရွှင်မှုက သူ၏ ရှက်ရွံ့မှုကို မေ့သွားစေခဲ့သည်။
သူ့ကို မြင်တော့ ဘာဖြစ်လဲ....
လီချင်းရန်ရဲ့ ဆရာက အန္တိမအကြီးအကဲလို့ ယူဆရတယ်။
နှစ်ပေါင်းထောင်နဲ့ချီ ကျင့်ကြံသူက တာအိုကို လိုက်စားတယ်။
သေချာပေါက် သူက အမျိုးသမီးငယ်တစ်ဦးအပေါ်မှာ မသင့်တော်တဲ့ အတွေးတွေ မရှိလောက်ဘူး။
သူ့ကိုယ်သူ ကမ်းလှမ်းရင်တောင် ချက်ချင်း ငြင်းလောက်မှာ။
ဂိုဏ်းတွင် သူက အဆင့်နိမ့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းများကိုပင် ရှားပါးစွာ အသုံးပြုခဲ့သည်။
သူ၏ ကျင့်ကြံမှု ချောချောမွေ့မွေ့ တိုးတက်လာရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ စုချီနျန်က တောင်ထိပ်၏ စိတ်ဝိညာဉ် ချီစွမ်းအင်အားလုံးကို နေဝင်ဆည်းဆာ တောင်ထွတ်သို့ ပို့ဆောင်ပေးနေသောကြောင့်ပင်။
မဟုတ်ပါက သူသည် ရွှေရောင်အနှစ်သာရ အလယ်အဆင့်သို့ လုံးဝ ရောက်လာမည် မဟုတ်ပေ။
သူက ထိုခရီးတွင် ကျင့်ကြံမှု အခွင့်အလမ်းများ မမျှော်လင့်ခဲ့ပေ။
သို့သော် မအိပ်ခင်တွင်...
လီချင်းရန်၏ သခင်က ပေါ့ပေါ့ပါးပါးပင် အလယ်အလတ်အဆင့် အခင်းအကျင်းကို ဆင့်ခေါ်လိုက်သည်။
ယခု သန်းခေါင်တွင်လား....
သူ အဆင့်မြင့် အခင်းအကျင်းတစ်ခုကို ၎င်းအပေါ်တွင် ပစ်ချလိုက်သည်။
ယွဲ့ချန်ချီ တံတွေး မျိုချလိုက်၏။
အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းတွေ...
ဒါတွေက သူ ထိုက်တန်တဲ့ အရာတွေလား...
“ဂျူနီယာညီမ၊ နင့်ရဲ့ ဆရာက မယုံနိုင်စရာပဲ။”
သူက လီချင်းရန်ကို လက်မထောင်ပြလိုက်သည်။
ထို့နောက် ခဏအကြာတွင်...
“ဒါနဲ့ ဂျူနီယာညီမ၊ နင့်ရဲ့ ဆရာမှာ တာအိုအဖော် ရှိလား...”
“တာ...တာအိုအဖော်လား။”
လီချင်းရန် မျက်နှာ နီမြန်းသွားသည်။
သို့သော် ထို့နောက်တွင်...
သူက ရုတ်တရက် တောင့်တင်းသွားပြီး ယွဲ့ချန်ချီကို သံသယဖြင့် စူးစမ်းကြည့်လိုက်သည်။
“စီနီယာအစ်မ... ဘာလို့ မေးတာလဲ”
ယွဲ့ချန်ချီ စနောက်လျက် ပြုံးလိုက်သည်။
“ငါ့ကို ကြည့်။ ငါက အလှလေးပဲ။ နင့်ရဲ့ ဆရာမှာ တာအိုအဖော် မရှိရင်... ငါ....”
“မဖြစ်ဘူး.........” လီချင်းရန်က သူ၏ လက်မောင်းများကို ပိုက်ထားနေသည်။
သူ၏ မျက်နှာ ပူလောင်လာ၏။
“လုံးဝ မဖြစ်ဘူး...”
...
ထိုအတောအတွင်း၌...
ချန်ဟွိုက်အန်သည် ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။
[ သွေးကြောဖွင့် ပညာရပ် - ကျွမ်းကျင်မှုအနိမ့် အောင်မြင်သည် ]
အဆင့်မြှင့်တင်ခြင်း အသစ်တစ်ခု ပေါ်လာသည်။
[ မဟာကျွမ်းကျင်မှုသို့ အဆင့်မြှင့်ရန် - ဂိမ်းအတွင်း ၆၆၆၆ယွမ် ဝယ်ယူရန် လိုအပ်သည် ]
“အင်း... ဒါက စျေးတန်သားပဲ။ ငွေဖြည့်မယ်...”
ဒါပေမဲ့ ဒီတစ်ခါ သူ ပိုက်ဆံကို ဘယ်လို သုံးရမလဲ။
စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို ထပ်ပြီးတော့ တိုးချဲ့ရဦးမှာလား။
တော်ပါပြီ။
လီချင်းရန်နဲ့ ယွဲ့ချန်ချီ ခရီးသွားရဦးမယ်။
သူ ဂိမ်းအတွင်း စျေးဆိုင်ကို လှန်လှောကြည့်လိုက်သည်။
ထို့နောက် သူ၏မျက်လုံးများ ပြီးပြည့်စုံသော တစ်ခုခုအပေါ်သို့ ကျရောက်သွား၏။
သူက မကောင်းဆိုးဝါးဆန်စွာ ပြုံးပြလိုက်သည်။
“ဟဲ ဟဲ... ဒါက ပြီးပြည့်စုံတယ်။ မင်းပဲ...”