← Chapters

ဒါ မဟာသုမေရုလက်လား

Vol. 11 Ch. 105

ဒါ မဟာသုမေရုလက်လား

Vol. 11 Ch. 105

ငါ့ရဲ့ ပုံရိပ်ယောင် ကောင်မလေး စျေးဆိုင် (ချီသန့်စင်ခြင်းအဆင့်)တွင် ဝယ်ယူမှု ရွေးချယ်စရာများ အကန့်အသတ် ရှိသည်။

ပစ္စည်းများစွာက ချန်ဟွိုက်အန်အတွက် အဆင့်နိမ့်လွန်းသည်ဟု ခံစားလာရသည်။

သာမန် မှော်လက်နက်များ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ၊ လီချင်းရန်သာ အသုံးပြုနိုင်သော အခြေခံအဆောင်များ...

မှန်ပေသည်။

သူတို့အပေါ် ပိုက်ဆံသုံးခြင်းက ဂိမ်းအတွင်း ဝယ်ယူမှုထဲမှာ ပါဝင်လိမ့်မည်။

သို့သော် ဘာအတွက်ကြောင့် ဖြုန်းရမည်နည်း...

ကံကောင်းစွာဖြင့် စျေးဆိုင်က အပတ်စဉ် သီးသန့် ပစ္စည်းတစ်ခုကို ပြန်လည် ဖြည့်သွင်းသည်။

ယခင်တစ်ခေါက်က အဝတ် တစ်စုံ ဖြစ်သည်။

၎င်းကို သူက လီချင်းရန်အတွက် ဝယ်ခဲ့သည်။

ယနေ့က တနင်္လာနေ့ပင်။

စျေးဆိုင်၏ အောက်ခြေတွင် ခရမ်းရောင်အလင်း တောက်ပနေသော ပစ္စည်းအသစ်တစ်ခု ပေါ်လာ၏။

[ လင်းရှောင် မိုးပျံလှေ – စျေးနှုန်း - ၈၈၈၈ ယွမ် ]

[ ခရီးဝေး ပျံသန်းနိုင်သည်။ အရှိန်က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ ဓားပျံသန်းမှုနှင့် ညီမျှသည်။ အများဆုံး တင်ဆောင်နိုင်သည့် အ‌ရေအတွက် - ခရီးသည် ၁၂ ဦး။ အရှိန်ပြည့် ပျံသန်းပါက တစ်နာရီလျှင် ဝိညာဉ် ပုံဆောင်ခဲ တစ်တုံး ကုန်ကျသည်။ ပထမဆုံး ဝယ်ယူမှုတွင် အရှိန်ပြည့် ပျံသန်းခြင်း ၆နာရီ ပါဝင်သည် ]

“သိပ်ကောင်းတယ်။ ဒါက လီချင်းရန်နဲ့ ယွဲ့ချန်ချီကို လမ်းမှာ ပင်ပန်းတာတွေ ဒါမှမဟုတ် အန္တရာယ်နဲ့ တွေ့တာကနေ ကာကွယ်ပေးလိမ့်မယ်။”

ချန်ဟွိုက်အန် နောက်ထပ် ၂၂၂၂ ယွမ် ငွေဖြည့်လိုက်ရာ စုစုပေါင်းကို ၈၈၈၈ယွမ်သို့ ရောက်သွားသည်။

သူက လက်ကို ဝှေ့ယမ်းပြီး ချက်ချင်း ဝယ်လိုက်၏။

ဝုန်း...

ချင်းဟယ်မြို့၏ အထက်တွင် နေရာလွတ်က အပြင်းအထန် လှိုင်းထနေပြီး ခမ်းနားသော မိုးပျံလှေက လေထဲမှ ထွက်ပေါ်လာသည်။

မြို့သည် ညမထွက်ရ အမိန့် ထုတ်ထားပြီး ဖြစ်သော်လည်း ညအစောင့်များ အဖွဲ့တစ်ခုက ၎င်းကို တွေ့လိုက်ရသည်။

ထို့နောက် လုံးဝကို တုန်လှုပ်နေ၏။

“ဟိုမှာကြည့်... အဲဒါက အင်မော်တယ်သင်္ဘော ဖြစ်ရမယ်...”

“အင်မော်တယ်... အင်မော်တယ်တစ်ပါး ရောက်လာပြီ...”

“ဟားဟားဟား... အင်မော်တယ်... ငါ အိမ်ပြန်ပြီးတော့ ငါ့ မိန်းမကို ကလေးရဖို့ ဆုတောင်းခိုင်းရမယ်...”

“မိုးပျံလှေလား...”

ချင်းဟယ်မြို့၏ မြို့တော်ဝန် စံအိမ်ရှိ သစ်ပင်ပေါ်တွင် ထိုင်နေသော မိန်းကလေးငယ်တစ်ဦး မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးအိမ်က စမ်းရေကဲ့သို့ ကြည်လင်သော်လည်း မျက်မှောင် ကြုတ်လိုက်သောအခါ ထူးဆန်းသော အနီရောင်အလင်း လက်ခနဲ ပေါ်လာသည်။

“ဒါက... ငါ့ကို ခြေရာခံနေတဲ့ ဇန်ဂိုဏ်းများလား၊ မဟုတ်ဘူး... ဒီလောက် မစောသင့်ဘူး...”

[ မဟုတ်ဘူး။ ဇန်ဂိုဏ်း မဟုတ်ဘူး ]

နက်ရှိုင်းသော ခြောက်ကပ်သော အသံက သူ၏ နားတွင် တီးတိုးပြောနေသည်။

လေကဲ့သို့ ဝေးရာသို့မျော အနီးသို့ ရောက်လာပြီး မြင့်လိုက် ကျလိုက်နှင့် အဆုံးမရှိသော တီးတိုးသံပင်။

[ ခီး ခီး ခီး... ငါ သူတို့ကို မြင်တယ်။ အဲဒီမိုးပျံလှေက ချီသန့်စင်ခြင်း အထွတ်အထိပ် တစ်ဦး၊ ရွှေရောင်အနှစ်သာရ အစောပိုင်း တစ်ဦး၊ မိန်းကလေး နှစ်ဦး ပိုင်တယ်။ သူတို့ရဲ့ အသားမှာ... အရသာရှိတဲ့ အနံ့ရတယ်။ အထူးသဖြင့် ချီသန့်စင်ခြင်း အထွတ်အထိပ် တစ်ယောက်မှာ... လုပ်စမ်းပါ။ သူတို့ကို သတ်ပစ်လိုက်။ သူတို့ကို ကိုက်စားပစ်လိုက်။ မင်းနဲ့ ငါတို့ နှစ်ဦးစလုံးက ပိုပြီးတော့ အစွမ်းထက်လာလိမ့်မယ် ]

အသံက စိတ်လှုပ်ရှားပြီး အရူးအမူး ဖြစ်နေကာ စက္ကန့်တိုင်း ပိုပြီး ပြင်းထန်လာသည်။

မိန်းကလေး၏ မျက်လုံးများ မှောင်မိုက်သွားသည်။

သူ၏ ကြည်လင်မှုကို သွေးဆာခြင်းနှင့် လောဘဖြင့် အစားထိုးသွား၏။

သူ၏ တုန်ယင်နေသော ညာလက်က ဓားရိုးကို ဆုပ်ကိုင်လိုက်ရာ ဓားက စိတ်လှုပ်ရှားမှုဖြင့် တုန်ခါနေသည်။

ထူထဲသော သွေးရောင်မိစ္ဆာအငွေ့အသက်သည် ဓားအိမ်မှ ထွက်ပေါ်လာကာ အေးစက်သော ညလေထဲ ရောယှက်သွားခဲ့သည်။

[ ဟုတ်တယ်... ဒါပဲ။ ငါ့ကို ထုတ်လိုက်။ မင်းရဲ့ နှလုံးသားထဲက သတ်ဖြတ်ချင်စိတ်ကို လွှတ်လိုက်။ ခီး ခီး ခီး... ]

ဒုတ်...

မိန်းကလေးက ရုတ်တရက် ဓားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် သစ်ပင်ပေါ်မှ ခုန်ချကာ ဓားအိမ်ကို နင်းချလိုက်သည်။

“ကျွတ်ကျွတ်...ထပ်ပြီး ကြိုးစားလိုက်ပါဦး...”

သူ ရယ်လိုက်ပြီး မျက်လုံးများ တဖန် ကြည်လင်လာပြန်သည်။

[ မင်း... မင်း ငါ့ကို လှည့်ဖြားရဲတယ်လား... ]

ဓားက ပြင်းထန်စွာ တုန်ယင်နေသည်။

ပတ်ဝန်းကျင်ရှိ ကျောက်ပြားများ အက်ကွဲသွားကာ ပါးလွှာပြီး ရှုပ်ထွေးသော ဓားချက်များဖြင့် ပြည့်သွားခဲ့သည်။

“ကျွန်မ ရှင့်ကို လှည့်ဖြားတော့ ဘာဖြစ်လဲ။ ဘာလဲ၊ ရှင် ကျွန်မကို သတ်တော့မလို့လား။”

အနက်ရောင်ဓားက သိသည်။

၎င်းက သူ့ကို မသတ်နိုင်ပေ။

၎င်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။

သို့သော် ၎င်း၏ အသံက မကောင်းဆိုးဝါး ဆန်သွားသည်။

[ တစ်နေ့... မင်းက ငါ့အပိုင် ဖြစ်လာလိမ့်မယ်။ မိုရှုမိန်... အဲဒီနေ့ ရောက်လာတဲ့အခါ မင်း ဒီလိုမျိုး မာနကြီးနိုင်ဦးမလား သိချင်မိတယ် ]

ဓား တိတ်ဆိတ်သွားပြန်သည်။

မိန်းကလေးက အနက်ရောင်ဓားကို ကောက်ယူလိုက်သည်။

ထို့နောက် ၎င်းကို ခါးရှိ ဓားအိမ်ထဲသို့ ပြန်ထည့်သည်။

သူက စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် ကောင်းကင်ရှိ မိုးပျံလှေကို စိုက်ကြည့်လိုက်သည်။

သူ၏ နောက်တွင်....

မြို့တော်ဝန် စံအိမ်၏ အတွင်းပိုင်းက ပျက်စီးနေ၏။

လရောင်အောက်တွင် မြေပြင်ပေါ် ပြန့်ကျဲနေသော အလောင်းများကို ဝိုးတဝါးသာ မြင်နိုင်သည်။

ချင်းဟယ်မြို့၏ မြို့တော်ဝန်...

သူက လူများကို အနိုင်ကျင့်သည်။ ရက်စက်သော အင်အားကို ပျိုးထောင်သည်။ ထို့နောက် မြို့၏ စည်းစိမ်ဥစ္စာကို ထုတ်ယူသည်။

ထိုသူက စီရင်ချက် ချခဲ့ရသည်။ လူတိုင်း သတ်ဖြတ်ခံရ၏။ ကြက်နှင့် ခွေးများကိုပင် မချန်ခဲ့ပေ။

သူ၏ သတ်ဖြတ်ချင်စိတ် တိုးလာတိုင်း သူက အတင်းအကျပ် သတ်ဖြတ်ရသည်။

ထိုကြောင့် ဖြောင့်မှန်သောလမ်းစဉ်ဂိုဏ်းများက သူ့ကို ဇွဲမလျော့ဘဲ လိုက်လံဖမ်းဆီးခဲ့သည်။

ကျုံးကျိုး လျှို့ဝှက်နယ်မြေ မကြာမီ ဖွင့်တော့မည်ဖြစ်ရာ သူက ရက္ခိုက်နှလုံးသား သိုင်းကျမ်း၏ ကျန်ရှိနေသော အတွဲများကို ရှာဖွေပေရမည်။

သို့မဟုတ်ပါက တစ်နေ့တွင်၊ အနက်ရောင်ဓား သတိပေးခဲ့သည့်အတိုင်း သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို လုံးဝ မထိန်းချုပ်နိုင်ဘဲ ဓား၏ အရုပ်သက်သက်သာ ဖြစ်သွားနိုင်ပေသည်။

“ကောင်းပြီလေ... ငါ လုံလုံလောက်လောက် ပြန်လည် ကောင်းမွန်လာပြီ။”

သူက ဆီပုလင်း တစ်လုံးကို ဆွဲထုတ်သည်။

ထို့နောက် ၎င်းကို ခြံဝန်း တံခါးတစ်လျှောက် လောင်းချလိုက်သည်။

သူ၏ လက်ချောင်းများ လှုပ်လိုက်ရာ မီးတောက်တစ်ခု ထွက်ပေါ်လာ၏။

စံအိမ် မီးလောင်နေစဉ် သူက ချင်းဟယ်မြို့၏ တံတိုင်းများပေါ်သို့ ခုန်တက်ကာ တောထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဂိမ်းအတွင်း၌...

[ မိုးပျံလှေ အဆင်သင့် ဖြစ်ပါပြီ ]

[ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို မိုးပျံလှေသို့ လွှဲပြောင်းလိုပါသလား ]

မလုပ်ဘူး (အခင်းအကျင်းကို ဖြုန်းတီးခြင်း)

လုပ်မယ် (အခင်းအကျင်းကို တိုက်ရိုက် လွှဲပြောင်းခြင်း)

လျှို့ဝှက်ပညာရပ် မဟာသုမေရုလက်ကို အသုံးပြုရန် ၈၈ယွမ် ပေးပါ (လီချင်းရန်နှင့် ယွဲ့ချန်ချီတို့၏ ကျင့်ကြံမှုကို မနှောင့်ယှက်ဘဲ အခင်းအကျင်းကို လွှဲပြောင်းခြင်း)။

ချန်ဟွိုက်အန်က ရွေးချယ်စရာ နှစ်ကို ရွေးချယ်ရန် ပြင်နေသည်။

သို့သော် ထို့နောက်တွင်...

သတိပေးချက် အသစ်တစ်ခု ပေါ်လာ၏။

[ သတိပေးချက်... သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေးက အခြေခံအုတ်မြစ်အဆင့်ကို တက်ရောက်ပါတော့မယ်... ]

ချန်ဟွိုက်အန် - “...”

ဒါပေါ့။ ဒါက အခုပဲ ဖြစ်ရမယ်။

ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်ဘူး။

ကောင်းပြီလေ။

ချောချောမွေ့မွေ့ လွှဲပြောင်းဖို့အတွက် ၈၈ယွမ် ပေးလိုက်ရုံပဲ။

ပြီးတော့ ဒီ“မဟာသုမေရုလက်” ဆိုတာက ဘာကြီးလဲဆိုတာ ကြည့်တာပေါ့။

တွီ...

သူ၏ ဘဏ်စာရင်းမှ ၈၈ယွမ် ပျောက်ကွယ်သွားသည်နှင့်...

ဝူး...

ကြီးမားပြီး တစ်ဝက်တစ်ပြတ် ဖောင်ထွင်း မြင်နေရသည့်သန့်ရှင်းသော စိတ်ဝိညာဉ်ချီစွမ်းအင်လက်က ကောင်းကင်မှ ဆင်းသက်လာသည်။

၎င်းက တည်းခိုခန်းတစ်ခုကို ဆွဲကိုင်လိုက်ကာ အမြစ်မှ ဆွဲထုတ်လိုက်၏။

ချန်ဟွိုက်အန် - “လခွမ်းတဲ့မှ...”

ထို့နောက်တွင် ဖုန်မှုန့်များကို ခါချသကဲ့သို့ပင် ဧရာမလက်က တည်းခိုခန်းကို ရှေ့နောက် လှုပ်လိုက်သည်။

အတွင်းရှိ ကျပန်းဖောက်သည်များအားလုံးကို ပစ်ထုတ်လိုက်၏။

ထို့နောက်တွင် လက်ခနဲ မိုးပျံလှေပေါ်သို့ ပစ်တင်လိုက်သည်။

ဝုန်း...

ကွက်တိပင်။

သုံးမှတ်အပြည့်ပဲ...

ချန်ဟွိုက်အန် - “ဘာကြီးလဲ။ မင်း တကယ်ပဲ ပစ်ထုတ်လိုက်တာလား...”

အနည်းဆုံးတော့ ဖောက်သည်များ အဆင်ပြေနေသည်။

လက်၏ ချီစက်ဝန်းက သူတို့၏ လဲကျခြင်းကို ပျော့ပျောင်းစေခဲ့သည်။

သူက လီချင်းရန်နှင့် ယွဲ့ချန်ချီကို လှမ်းကြည့်လိုက်သည်။

သူတို့ လုံးဝ မထိခိုက်ပေ။

ကောင်းပြီလေ... ဒါက တကယ် အထင်ကြီးစရာပါပဲ။

[ ခရီးစဉ်ကို အတည်ပြု ]

ရွေးချယ်စရာတစ်ခုသာ ရှိသည်။

လင်းရှီးတောင်ကြားပင်။

ထို့ကြောင့် မိုးပျံလှေကို ဝယ်ပြီးနောက်တွင်ပင် သူက ဇာတ်ကွက်ကို လိုက်ရဦးပေမည်။

ချန်ဟွိုက်အန် ရွေးချယ်စရာကို ထိလိုက်၏။

သတိပေးချက် အသစ်တစ်ခု ပေါ်လာခဲ့သည်။

[သွေးကြောဖွင့် ပညာရပ်က မဟာကျွမ်းကျင်မှုသို့ တိုးတက်နေသည်။ လုပ်ငန်းစဉ်မှာ သုံးနာရီခန့် ကြာမြင့်ပေလိမ့်မည် ]

[ သင်၏ လုပ်ဆောင်ချက်များ မြန်လွန်းနေသည်။ ဦးနှောက်ပေါက်ကွဲခြင်းမှ ရှောင်ရှားရန်အတွက် ကျေးဇူးပြုပြီးတော့ အနားယူပါ ]

တိုးတက်မှု အတန်း - ၂%...

ထိုဂိမ်းက သူ၏ အဖော်ဝိညာဉ်နှင့် ချိတ်ဆက်နေသည်ကို မသိခင်ကဆိုလျှင် သူက “ဦးနှောက် ပေါက်ကွဲခြင်း” သတိပေးချက်ကို ရယ်ပစ်လိုက်ပေလိမ့်မည်။

သို့သော်လည်း ယခုတွင်တော့....

သူ၏ ခေါင်း ကိုက်နေလေပြီ။

ကျွမ်းကျင်မှုအနိမ့်မှ မဟာကျွမ်းကျင်မှုသို့ ခုန်ခြင်းက ကြီးမားလှပေသည်။

“ကောင်းပြီလေ။ ရပါတယ်။ အိပ်တာပါပဲ။”

သူ နိုးလာချိန်တွင် သွေးကြောဖွင့် ပညာရပ်က လုံးဝ အဆင့်မြှင့်ပြီးသား ဖြစ်ပေလိမ့်မည်။

ထို့ပြင် လီချင်းရန်နှင့် ယွဲ့ချန်ချီတို့က လင်းရှီးတောင်ကြားသို့ ရောက်ရှိသွားပေလိမ့်မည်။

...

လင်းရှီးတောင်ကြား၌ ဖြစ်သည်။

“အဟက်... ခဏ အိပ်လိုက်ဦးမယ်။ ငါ နိုးလာရင် အဲဒီဓားကျောင်းတော်က ကြွက်နှစ်ကောင် ရောက်လာလိမ့်မယ်။”

ယွန်စုရှင်း လှဲချနေလိုက်သည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် သူ မသက်မသာ ခံစားနေရသည်။

သို့တိုင် သူ ရယ်လိုက်၏။

“ဒါက ငါ့ရဲ့ လင်းရှီးတောင်ကြားပဲ။ ဘာများမှားနိုင်မှာလဲ...”

သူ တိုးတိုးလေး ရယ်လိုက်သည်။

ထို့နောက် မျက်လုံးများကို ပိတ်လိုက်၏။

နောက် ငြိမ်းချမ်းသော အိပ်စက်ခြင်းထဲသို့ လွင့်မျောပါသွားတော့သည်။

...

All Chapters