ပေ၃ထောင် ရေတံခွန်
Vol. 11 Ch. 109
ရေစက်ဆိုတာ ဘာလဲ...
ချန်ဟွိုက်အန်၏ နားလည်မှုအရ ၎င်းမှာ အကြောင်းနှင့် အကျိုးမျှသာ ဖြစ်သည်။
ကျိန်စာသင့်သော ရေစက်ဖြစ်စေ၊ ကောင်းချီးပေးခံရသော ရေစက်ဖြစ်စေ၊ ၎င်းမှာ အမြဲပင် အကြောင်းကို စိုက်ပျိုးခြင်း သို့မဟုတ် အကျိုးကို ရိတ်သိမ်းခြင်း ဖြစ်သည်။
[ သွေးကြောဖွင့် အပ်စိုက်ပညာကို ကျွမ်းကျင်မှုမှ ပြီးပြည့်စုံမှုသို့ အဆင့်မြှင့်တင်ရန် ယွမ် ၃၀၀၀၀ လိုအပ်သည် ]
ထိုမက်ဆေ့ခ်ျ ပေါ်လာသောအခါ....
ချန်ဟွိုက်အန် သိလိုက်လေပြီ။
သူ၏ လင်းရှီးတောင်ကြားနှင့် ရေစက်က ရောက်လာပြီ ဖြစ်သည်...
“ငါက အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး...”
သူက ပြောင်ချော်ချော်နှင့် သနားစွာဖြင့် မျက်နှာကြက်ကို စိုက်ကြည့်နေသည်။
ထို့နောက် ပင့်သက် ရှိုက်လိုက်သည်။
“ဒါပေမဲ့ ဒီ ထိပ်တန်း သဘောတူညီချက်က အရမ်းဆွဲဆောင်လွန်းတယ်။ ငါ့မှာ နာကျင်မှုကို ခံပြီးတော့ ရွေးချယ်စရာ သုံးခုကို မရွေးချယ်နိုင်ဘူး။”
ထို့နောက် သူ၏လက်ချောင်းကို တတိယ ရွေးချယ်မှုပေါ်သို့ နှိပ်လိုက်သည်။
သူက ဂိမ်းသည် ချက်ချင်းပင် သူ့ရဲ့ ဇာတ်ကောင် ဓားတစ်ချက်တည်းဖြင့် လင်းရှီး တောင်ကြားကို တစ်ဝက် ဖြတ်တောက်သည်ကို ပြသလိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် မဟုတ်ပေ။
ဂိမ်းရေးဆွဲသူများကို ကစားသမားများကို ငွေ ပိုမိုသုံးစွဲရန် မည်သို့ ထိန်းထားရမည်ကို အတိအကျ သိနေသည်။
သတိပေးချက်အသစ် ပေါ်လာခဲ့သည်
[ ကျေးဇူးပြုပြီး ဂိမ်းဦးထုပ်ကို ဝတ်ဆင်ပါ ]
လင်းရှီးတောင်ကြား အတွင်း၌ ဖြစ်သည်။
“ဘာ... အဲဒီ ဓားကျောင်းတော် တပည့်နှစ်ယောက် အတွင်းမိစ္ဆာ ပုံရိပ်ယောင်ကို တကယ်ပဲ ဖောက်ထွင်းခဲ့တာလား...”
ဂိုဏ်း၏ ပုံရိပ်ယောင်အခင်းအကျင်းကို ဒုတိယအဆင့် အာဏာပိုင်ဖြစ်သည့် ယွန်စုရှင်းက လျှို့ဝှက် ပညာရပ်ဖြင့် အတွင်းမှ အပြောင်းအလဲများကို အချို့ ခံစားနိုင်သည်။
ခုလေးတင် လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ကို နှိပ်စက်နေသော အတွင်းမိစ္ဆာများကို ဖယ်ရှားခဲ့သည်။
သူက သူတို့၏ မိစ္ဆာများမှာ မည်သည့်အရာများ ဖြစ်ကြောင်း မသိပေ။
သို့သော် တစ်ခုကို သိသည်။
သူတို့ လွတ်မြောက်ခဲ့ခြင်းပင်။
ထို့နောက် အတွင်းမိစ္ဆာ၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ဒုတိယအလွှာ ပုံရိပ်ယောင်က သိသိသာသာ အားနည်းသွားသည်။
“သူတို့အတွက် ပိုပြီး ခက်ခဲအောင် လုပ်ရမလား...”
သူ စဉ်းစားသည်။
ထို့နောက် ခေါင်းခါလိုက်သည်။
“မလိုဘူး။ သူတို့ ဘယ်လောက် သွားနိုင်လဲ ကြည့်ကြတာပေါ့။”
ယွန်စုရှင်းက စကားကို ပြန်ရုတ်သိမ်းတတ်သူ အမျိုးအစား မဟုတ်ပေ။
ထို့ကြောင့် သူ အခင်းအကျင်းကို ထပ်မံ မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။
သူ မသိခဲ့သည်မှာ ထိုဆုံးဖြတ်ချက်က သူ့ကိုယ်သူသာမက ဂိုဏ်းနှင့် သူ့အမေ၏ အသက်ကိုပါ ကယ်တင်လိမ့်မည် ဆိုသည်ကိုပင်။
ချန်ဟွိုက်အန်က အခန်းထဲတွင် လေးနက်သော အမူအရာဖြင့် ဂိမ်းဦးထုပ်ကို ဝတ်ဆင်လိုက်သည်။
ပုံရိပ်ယောင်အခင်းအကျင်းအတွင်း လီချင်းရန်၏ ရှေ့တွင်...
အဖြူရောင် ဝတ်စုံနှင့် ဓားကို ခါးတွင် ချည်ထားသော ပုံသဏ္ဌာန်တစ်ဦး ရှိနေပြီး ဖြည်းဖြည်းချင်း ပုံဖော်လာသည်။
ယခုတစ်ကြိမ် နတ်ဘုရား-မုဒ် ချန်ဟွိုက်အန်က ခမ်းနားသော အထူးသက်ရောက်မှုများဖြင့် မရောက်လာခဲ့ပေ။
အစွမ်းထက်သော အနက်ရောင်နဂါးအရိပ် မရှိ...
တောက်လောင်နေသော အငွေ့အသက် မရှိပေ။
သို့သော် ထိုတွင် ရပ်နေရုံနှင့် သူက ကောင်းကင်နှင့် ကမ္ဘာမြေနှင့် ပေါင်းစည်းသွားသကဲ့သို့ မမြင်နိုင်သော ဖိအားလှိုင်းများ အပြင်သို့ ရိုက်ခတ်နေသည်။
“ဆရာ...”
စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သော အသံက သူ့ရဲ့ နောက်မှ ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန် အနည်းငယ် လှည့်ကြည့်လိုက်သည်။
သူ့ရဲ့ တပည့် လီချင်းရန်က ကြိမ်လုံးငယ်လေးကို ကိုင်ထားသည်ပြီး မျက်လုံးဝိုင်းဝိုင်းများက မှိတ်တုတ်မှိတ်တုန် ဖြစ်နေကာ ပျော်ရွှင်မှုနှင့် လေးစားမှုဖြင့် ပြည့်လျှံနေသည်။
သောက်ကျိုးနည်း...သူက တော်တော်လေး လှတာပဲ။
ချန်ဟွိုက်အန်က အတွင်းထဲမှ သက်ပြင်းချလိုက်သည်။
သူ့ကို ဘယ်နှခါ မြင်ပါစေ၊ နှလုံးသားက ယခုထိ ခုန်နေဆဲပင်။
အထူးသဖြင့် သူ၏အကြည့်...
ဖြူစင်သော ရိုသေမှု...
သိမ်မွေ့သော တောင့်တမှု၏ အရိပ်အမြွက်ပင်။
ပွင့်လုနီးပါး ပန်းဖူးကဲ့သို့ ဖြစ်နေပြီး သူ အနည်းငယ် ပို၍ နီးကပ်ရုံဖြင့် လုံးဝ ပွင့်သွားလိမ့်မည်မှာ သေချာသည်။
ဘယ်သူ ခုခံနိုင်မှာလဲ....
သူ၏ မျက်နှာ ပူမလာမီ အမြန် လှည့်သွားလိုက်သည်။
သူ၏ ဆရာမုဒ်သို့ ပြောင်းသွားပြီး ချောင်းဟန့်ကာ နက်ရှိုင်းသော အသံဖြင့် ပြောသည်။
“ပုံရိပ်ယောင် အတွင်းမိစ္ဆာများ မင်းကို ပိတ်မိနိုင်ရင် မင်းရဲ့ နှလုံးသားက ခုထိ မခိုင်မာသေးဘူးလို့ ဆိုလိုတာပဲ။ ကျင့်ကြံမှုဆိုတာက စိတ်ကို ကျင့်ကြံတာကနေ စတယ်။ ဒီအကြောင်း မင်းကို ပြောရတာ ဘယ်နှခါ ရှိပြီလဲ...”
“ချင်းရန် အမှားကို နားလည်ပါပြီ။”
လီချင်းရန် ခေါင်းကို ငုံ့ထားသည်။
သူ၏ လက်ကလေးများကို နောက်တွင် ဆုပ်ထားပြီး လက်ချောင်းများ အနည်းငယ် ကစားနေသည်။
သူ၏ မျက်တောင်ရှည်များက နီရဲသော ပါးပြင်ပေါ်တွင် အရိပ်များ ကျနေသည်။
မျက်လုံးများမှ ရှက်ရွံ့မှုနှင့် ပျော်ရွှင်မှုကို ဖုံးကွယ်ထား၏။
သူ၏ ဆရာသည် တကယ်တမ်း ထိုစကားများကို တစ်ခါမှ မပြောခဲ့ဖူးပေ။
သို့သော် သူ၏ဆရာ ပြောသော အရာအားလုံးက မှန်ပေသည်။
သူ့ကို နားထောင်သရွေ့ ဘာပြောပြော ကိစ္စမရှိပေ။
သူ့ကို ဆူနေရင်တောင်...
၎င်းက ဂရုစိုက်ကြောင်း သက်သေပင် မဟုတ်ပါလား။
မဟုတ်ရင် ဘာလို့ သူကိုပဲ ဆူပြီးတော့ စီနီယာအစ်မကို မဆူရတာလဲ....
“အင်း....မင်းရဲ့ အမှားများကို သိပြီး ပြုပြင်တာက ကြီးမြတ်မှုဆီကို သွားတဲ့လမ်းပဲ...”
ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါးပင် ဉာဏ်ပညာအချို့ကို ထုတ်ပြောလိုက်သည်။
“ဒီနေ့ ငါကိုယ်တိုင် ဒီမှာ ရှိနေတဲ့အတွက် ဒီပုံရိပ်ယောင်ကို မင်းတို့အတွက် ချိုးဖျက်ပေးမယ်...”
သူ၏ အကြည့်ကိုက ပုံရိပ်ယောင်၏ မျက်နှာကြက်သို့ မော့လိုက်သည်။
လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ မမြင်နိုင်ပေ။
သို့သော် သူက အခင်းအကျင်း၏ ဗဟိုချက်ဖြစ်သော ၎င်း၏ စွမ်းအင်စီးဆင်းမှုကို ရှင်းရှင်း မြင်နိုင်သည်။
၎င်းမှာ လျှပ်စစ်ပတ်လမ်း ပုံကြမ်းနှင့် ဆင်တူ၏။
“ဆရာ၊ ဒီ ပုံရိပ်ယောင်ကို ဘယ်လို ချိုးဖျက်မှာလဲ...”
လီချင်းရန် သူ့၏ဘေးနားသို့ ရွှေ့လာသည်။
သူ၏ သိလိုစိတ်နှင့် စိုးရိမ်သောအကြည့်က မျက်နှာပေါ်တွင် စွဲနေသည်။
ချန်ဟွိုက်အန် မဲ့ပြုံး ပြုံးလိုက်သည်။
ထို့နောက် သူ၏ ညာဘက်သည် ဓားရိုးပေါ်တွင် တင်လိုက်၏။
“သေချာပေါက် ဓားနဲ့ပေါ့...”
သူ၏ စကားများ ဆုံးသွားသည်နှင့် ဆရာဖြစ်သူ၏ ပုံသဏ္ဌာန်က လေထဲသို့ ပျံတက်သွားကို လီချင်းရန် မြင်လိုက်ရသည်။
အဖြူရောင် ဝတ်ရုံများ လှိုင်းထသွားသည်။
ငွေရောင်ဆံပင်က စီးကျနေသောနှင်းကဲ့သို့ စီးဆင်းနေ၏။
မှိန်ပျပျအလင်းက သူ့ကို ဝန်းရံနေသည်။
သူ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် ဓားက လရောင်မြစ်ကဲ့သို့ အကွေးတစ်ခုတွင် ဖြစ်သွားစေသည်။
မျက်စိကျိန်းစရာ ငွေရောင်အလင်း ပန်းပွင့်အဖြစ်သို့ ပြောင်းသွား၏။
အလွန်ပင် လှပပေသည်။
ထို့ပြင် ထိုလရောင်အတွင်းမှလူက....
ပြိုင်ဘက် မရှိပေ။
သို့သော်... သူ၏ စစ်မှန်သော ခန္ဓာကိုယ်က အခြားနေရာတွင် ကြီးမားသော မိစ္ဆာကို တိုက်ခိုက်နေဆဲပင်။
သူ့ရဲ့ ခွန်အားကို ဒီလောက် ပေါ့ပေါ့ပါးပါး သုံးသင့်ရဲ့လား...
လီချင်းရန်က ဟင်းလင်းပြင်ထွင်းဖောက်အဆင့် ကျင့်ကြံသူများ၏ စွမ်းအားကို မသိပေ။
သူ မမေးရဲပေ။
တိတ်ဆိတ်စွာ စိုးရိမ်နေရုံသာ တတ်နိုင်၏။
“သေချာကြည့်၊ ငါ့တပည့်။ ဒီနေ့ မင်းကို နောက်ထပ် ဓားသိုင်းကွက် တစ်ခု သင်ပေးမယ်...”
ချွမ်း...
ဓား မြည်လာသည်။
ကောင်းကင်အရောင် ပြောင်းလဲသွားသည်။
နားကွဲမတတ် ဟိန်းသံတစ်ခုက လောကကို လှုပ်ခတ်သွား၏။
နေအလင်း မှိန်လာသည်။
အပြာရောင်ကောင်းကင်က ပင်လယ်အပြာရောင်သို့ မှောင်သွားသည်။
မိုးတိမ်များ ကွဲလာသည်။
မှန်ကဲ့သို့ ကြည်လင်သော ကောင်းကင်ကို ဖော်ပြနေ၏။
ကြယ်များနှင့် နဂါးငွေ့တန်း ရောင်ပြန်ဟပ်သော ကောင်းကင်ပင်။
ထိုဖြစ်စဉ်က လင်းရှီးတောင်ကြားကို ဖုံးလွှမ်းရုံသာမက...
မိုင်ပေါင်းရာနှင့်ချီ ပျံ့နှံ့သွားခဲ့သည်။
ရေတွက်မရသော လူများက အဆုံးမဲ့သော ကြယ်စင်စုကို မော့ကြည့်နေကြသည်။
သူတို့၏ နှလုံးများက လေးစားမှုနှင့် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။
အရိုးထိ အေးစေသော ထိတ်လန့်မှုက သူတို့ကို ဆုပ်ကိုင်ထားနေသည်။
ယွန်စုရှင်း အခန်းမှ လဲကျသွားသည်။
ကောင်းကင် မူမမှန်ခြင်းကို ကြည့်ရုံဖြင့် သူ၏မျက်နှာ ဖြူဖပ်နေသည်။
တည်ငြိမ်မဟန်ဆောင်မှု အားလုံးကို မေ့ထားပငြီး သူ၏ ဓားကို ကောင်းကင်ထဲသို့ ပစ်ထည့်ကာ ကောင်းကင်မြစ်အောက်တွင် ရပ်နေခဲ့သည်။
ကြယ်ပင်လယ်အလယ်တွင် အဖြူရောင်ပုံရိပ်တစ်ခုက နဂါးငွေ့တန်းပေါ်တွင် ဓားဖြင့် ကနေ၏။
သူ ချဉ်းကပ်ရန် ကြိုးစားကြည့်သည်။
သို့သော် လွှမ်းမိုးသော ဖိအားက သူ့ကို နေရာတွင်ပင် ဖိနှိပ်ထားသည်။
“စီနီယာ...စီနီယာက ဘယ်သူလဲ မေးလို့ရမလား။ ဘာလို့ လင်းရှီး တောင်ကြားကို တိုက်ခိုက်နေတာလဲ...”
“တကယ်လို့ နားလည်မှု လွဲမှားခဲ့ရင် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီးတော့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်ပါ... လင်းရှီးတောင်ကြားက စီနီယာ ကျေနပ်စေဖို့ အစွမ်းကုန် လုပ်ဆောင်ပေးမှာပါ...”
ကောင်းကင်နှင့် ကမ္ဘာမြေကို ကြိုးကိုင်ခြင်း၊ ကောင်းကင် မူမမှန်ခြင်းကို ဆင့်ခေါ်ခြင်း...
ထိုအရာများက ပေါင်းစည်းခြင်းနယ်ပယ် အကြီးအကဲကျင့်ကြံသူ၏ လက္ခဏာများ ဖြစ်သည်။
သို့သော် ထိုလူက သာမန်ပေါင်းစည်းခြင်းနယ်ပယ် ကျွမ်းကျင်သူ မဟုတ်ပေ။
သူက ကြယ်မြစ်ကိုယ်တိုင်ကို ဆင့်ခေါ်ခဲ့သည်...
ဒါက ဘယ်လောက်တောင် ကြောက်မက်ဖွယ် တည်ရှိမှုမျိုးလဲ...
ဒဏ္ဍာရီထဲမှ နာမည်အနည်းငယ်က ယွန်စုရှင်း၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာသည်။
သို့သော် သူ၏ ရှေ့မှ ကောင်းကင်ဓားသခင်နှင့် ကိုက်ညီခြင်း မရှိပေ။
ကြယ်စင်စု၏ စွမ်းအား ပိုပြီး အားကောင်းလာသည်။
ကမ္ဘာတစ်ခုလုံး တုန်ယင်နေ၏။
ထိုဓား ကိုင်ဆောင်ထားသော ပုံရိပ်က လှပပြီးသန့်စင်ရာမှ ကျယ်ပြန့်ပြီး လွှမ်းမိုးရာသို့ ပြောင်းလဲလာသည်။
သူ၏ ဓားမှ ဖိအားသက်သက်ကပင် ယွန်စုရှင်း၏ ကျောရိုးပေါ်တွင် အေးစက်ခြင်းကို ဖြစ်စေ၏။
သူ တွန့်ဆုတ်ခြင်း မရှိဘဲ...
ဒူးထောက်လိုက်သည်။
“စီနီယာ၊ ကျေးဇူးပြုပြီးတော့... ကျွန်မတို့ကို ချမ်းသာပေးပါ... ကျွန်မက လင်းရှီးတောင်ကြားရဲ့ သခင်မလေးပါ။ ကျွန်မ တာဝန် ယူပါ့မယ်...”
သူ၏ အမေက တောင်ကြားတွင် ခုထိ ပြန်လည်၍ အားပြန်ဖြည့်နေဆဲ ဖြစ်သည်။
သူက ထိုလူကို အရာအားလုံး ဖျက်ဆီးခွင့် မပြုနိုင်ပေ။
“မင်းကို ချမ်းသာရမှာလား...”
မိုးခြိမ်းသံကဲ့သို့ အသံ ထွက်ပေါ်လာသည်။
ယွန်စုရှင်း၏အမြင် ဝေဝါးသွား၏။
“နောက်ကျသွားပြီ...အပိုတွေ မပြောတော့ဘူး၊ ဒီအကွက်ကို အရင်ခံလိုက်...”
အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ရယ်လိုက်သည်။
“နေက အမွှေးနံ့သာမီးဖိုပေါ်ကနေ ထွက်လာတယ်၊ မြူခိုး ကောင်းကင်ထဲ တက်သွားတယ်။ ဟိုးအဝေးက ရေတံခွန်၊ မြစ်အရှေ့မှာ ရှိနေတယ်...”
ဘုန်း...
ကြယ်မြစ် ဟိန်းလိုက်သည်။
အောက်တွင် လင်းရှီးတောင်ကြား တုန်ခါသွားသည်။
တပည့်များ ဒူးထောက်ကာ တုန်ယင်နေသည်။
ဂိုဏ်းမှ အကြီးအကဲဆိုသူများ ထွက်ပြေးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
ပြေးဖို့ရန် အလွန် ကြောက်နေ၍ပင်။
“စီနီယာ... ကျေးဇူးပြုပြီး... တော်ပါတော့...”
ကောင်းကင်အရှိန်အဝါအောက်တွင်...
ယွန်စုရှင်းက လည်ချောင်းမှ စကားလုံးများကို အတင်းအကျပ် ထုတ်နေရသည်။
သူ၏ အမြင် ဝေဝါးသွားသည်။
သူ နောက်ဆုံး မြင်လိုက်ရသော အရာမှာ ထိုအဖြူရောင်ပုံသဏ္ဌာန် ကောင်းကင်ထဲသို့ မြင့်တက်သွားပြီး...
ဓားကို ချိန်ကာ....
ရှေ့သို့ ခုတ်ချလိုက်ခြင်းပင်။
“နဝမကောင်းကင်မှ နဂါးငွေ့တန်း ကျလာသည့်နှယ်... ပေ၃ထောင် ရေတံခွန်...”
နောက်ဆုံး စကားလုံး ပဲ့တင်သကဲ့သို့ပင်....
ကောင်းကင်မြစ်သည် ရေတွက်၍ မရနိုင်သော ဓားရောင်ခြည်များအဖြစ်သို့ ကွဲသွား၏။
ထို့နောက် တောင်ကြားပေါ်သို့ ရွာကျသွားတော့သည်။