← Chapters

တကယ်ကို ရေစက်ပါတာပဲ...

Vol. 11 Ch. 110

တကယ်ကို ရေစက်ပါတာပဲ...

Vol. 11 Ch. 110

လင်းရှီးတောင်ကြား ခန်းမဆောင်ကြီး၏ ရှေ့တွင်....

အမျိုးသမီး တပည့်တစ်ဦး မြေပြင်ပေါ်သို့ လဲကျနေသည်။

သူ၏ မျက်နှာက သေနေသလိုပင် ဖြူဖျော့နေ၏။

သူက အရှေ့ရှိ ကြီးမားသော ဓားချက်ကို စိုက်ကြည့်နေလေသည်။

အကျယ် မီတာ ဒါဇင်ပေါင်းများစွာ ရှိနေသော အက်ကွဲကြောင်းက ဂိုဏ်း၏ ဝင်ပေါက်မှ စတင်ပြီးနောက် တောင်အထိ ဆန့်တန်းသွားသည်။

ပြတ်ရာက မှန်ကဲ့သို့ တောက်ပနေပြီး ၎င်း၏ နက်ရှိုင်းမှုကို နားမလည်နိုင်ပေ။

နားထောင်ပါက ဓားပဲ့တင်သံ ယဲ့ယဲ့လေးများကို ကြားနိုင်သေးသည်။

“အာား...ပိုင်ဟွာ တောင်ထွတ်... ပိုင်ဟွာ တောင်ထွတ် ပျောက်သွားပြီ...”

ထိတ်လန့်သော အော်သံ ထွက်ပေါ်လာသည်။

ပိုင်ဟွာတောင်ထွတ်မှာ လင်းရှီးတောင်ကြားအတွင်းရှိ ထင်ရှားသော ချောက်ကမ်းပါးများထဲမှ တစ်ခုဖြစ်ပြီး...

အကြီးအကဲခန်းမဆောင်နှင့် ဂိုဏ်းချုပ်၏ နေအိမ်ပင်။

အခုတော့ နှစ်ပိုင်း ဖြစ်သွားလေပြီ။

နှစ်ခုကြားမှ ချောက်ကမ်းပါးသည် ကောင်းကင်၏ ပါးလွှာသော အစင်းကြောင်းတစ်ခုကို ဖော်ပြနေ၏။

တောင်နတ်ဘုရားက နတ်ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သလိုပင်။

တစ်ချိန်က ပိုင်ဟွာတောင်ထိပ်မှ စီးကျသော ခမ်းနားသော ရေတံခွန်ကိုလည်း ဖြတ်တောက်ခဲ့သည်။

၎င်း၏ စီးဆင်းမှုက လေထဲတွင် ရပ်သွားသည်။

လေက ချောက်ကမ်းပါးကို ဖြတ်၍ ဝမ်းနည်းဖွယ်၊ တမ်းတသော အသံများက တပည့်များ၏ ကျောရိုးကို တုန်ယင်သွားစေသည်။

ဓား တစ်ချက်တည်းဖြင့် တောင်ကို ပိုင်းဖြတ်ခဲ့၏။

တစ်ချက်တည်းဖြင့် ချောက်ကမ်းပါးကို ဖြစ်စေခဲ့သည်။

ကြယ်စင်စုပေါ်တွင် လျှောက်ခဲ့သော အဖြူရောင်ဝတ်စုံ ပုံသဏ္ဌာန်က မည်သူနည်း။

ဒါက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ ဓားစွမ်းရည်လဲ...

ပြီးတော့ ဘာလို့... သူက လင်းရှီးတောင်ကြားကို တိုက်ခိုက်ခဲ့တာလဲ...

အဖြေကို သိနေသော သူများမှာ ချန်ဟွိုက်အန်၏ ရှေ့တွင် ဒူးထောက်နေသော ပုံသဏ္ဌာန် နှစ်ခုပင်။

ယွန်စုရှင်းနှင့် လင်းရှီးတောင်ကြား၏ ဂိုဏ်းချုပ် ယွန်ပိုင်ယွီတို့သာ။

ယွန်ပိုင်ယွီက သူ၏ကိုယ်ဖြင့် ယွန်စုရှင်းကို ကာကွယ်ထားသည်။

လက်များတွင် ကြေးခွံနက်ဓားကို ဆုပ်ကိုင်လျက် ဒူးတစ်ဖက်ပေါ်တွင် ထောက်နေသည်။

သွေးများ သူ၏ ဖြူဖျေဖာ့သော လက်ကောက်ဝတ်များမှ စီးကျနေသည်။

သူ၏ သန့်ရှင်းသော ဝတ်စုံလက်များက ထင်ရှားသော အနီရောင်အရိပ်ဖြင့် စွန်းထင်းနေ၏။

“စီနီယာ... ကျေးဇူးပြု၍တော့... အသက်ချမ်းသာပေးပါ... အဟွတ်ဟွတ်...”

သူက သွေးချောင်းဆိုးခြင်းမပြုမီ စကားလုံး အနည်းငယ်သာ ပြောနိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ် အားနည်းနေခဲ့သည်မှာ ကြာခဲ့လေပြီ။

ထို့ပြင် အခု လင်းရှီးတောင်ကြားနှင့် သူ၏သမီးကိုယ်စား ထိုဓားချက်၏ တစ်ဝက်ကို ခံပြီးနောက် သူ၏ ဒဏ်ရာများမှာ ပိုမိုပင် ဆိုးရွားလာခဲ့သည်။

“အမေ...”

ယွန်စုရှင်း ထရန် ရုန်းကန်လိုက်သည်။

သို့သော် ယွန်ပိုင်ယွီ နောက်လှည့်ပြီး မျက်လုံးများ အေးစက်လျက် အမိန့်ပေးလိုက်သည်။

“ဒူးထောက်နေ...”

ယွန်စုရှင်း ပါးစပ် ဖွင့်လိုက်ပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

နောက်ဆုံးတွင် သူက နာခံစွာဖြင့် ခေါင်းကို ငုံ့ထားကာ တဖန် ဒူးထောက်လိုက်သည်။

သူ၏ လက်သီးများ ထပ်ခါတလဲလဲ ဆုပ်ပြီး ပြန်ဖြည်နေပြီး မျက်နှာက အနီနှင့်အဖြူ တလှည့်စီ ပြောင်းနေခဲ့သည်။

ယွန်ပိုင်ယွီ နောက်လှည့်ပြီး ချန်ဟွိုက်အန်ကို ရင်ဆိုင်ကြည့်လိုက်သည်။

သူ၏ အကြည့်ကို တည့်တည့် မကြည့်ရဲပေ။

ထိုအစား သူ၏ဖိနပ်ပေါ်တွင် မျက်လုံးများကို နှိမ့်ချစွာထားပြီး ခါးသီးသော အပြုံးဖြင့် အတင်းအကျပ် ပြုံးနေရသည်။

“စီနီယာ။ ဓားကျောင်းတော်ရဲ့ အကြီးအကဲ၊ ပုန်းကွယ်နေတဲ့ ကျင့်ကြံသူတွေထဲမှ တစ်ဦးများလား။ စီနီယာ ဒေါသထွက်ရတဲ့ အကြောင်းပြချက် ဘာပဲဖြစ်ဖြစ်၊ လင်းရှီးတောင်ကြားရဲ့ ဂိုဏ်းချုပ်အနေနဲ့ ကျွန်မ အပြည့်အဝ တာဝန်ယူပါ့မယ်။ ကျွန်မရဲ့သမီးက ငယ်သေးလို့ပါ။ ကျေးဇူးပြုပြီးတော့ သူရဲ့ လုပ်ရပ်တွေကို ‌မွှေမယူပါနဲ့။”

သူ၏ လေသံက အစွန်းရောက်သည်အထိ နှိမ့်ချနေသည်။

ချင်းယွန်ဘုံတွင် ခွန်အားက တစ်ခုတည်းသော ဥပဒေ ဖြစ်သည်။

သူက မဟာမိတ်များစွာ ဖွဲ့ခြင်းမှာ လင်းရှီးတောင်ကြား၏ ရှင်သန်မှုကို အာမခံလိမ့်မည်ဟု တစ်ချိန်က ယုံကြည်ခဲ့သည်။

အကျပ်အတည်း ပေါ်လာလျှင်ပင် ကျင့်ကြံသူများစွာက သူတို့၏ ဘေးနားတွင် ရပ်တည်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ဒါပေမဲ့ လွန်ခဲ့သော ၃နှစ် အကြာတွင် ထိုအပြစ်မဲ့သော ယုံကြည်မှု ပျက်စီးခဲ့သည်။

ထိုအချိန်တွင် အရှေ့ဘက်တိုက်ကြီး၏ လျှို့ဝှက်နယ်မြေမှ ဒဏ္ဍာရီလာ ရှေးဟောင်းဝိညာဉ်ဓား ပေါ်လာခဲ့သည်။

ထိုဓား၏ အသိအမှတ်ပြုမှုကို ရယူရန်အတွက် ရေတွက်မရသော ကျင့်ကြံသူများ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ခဲ့သည်။

နောင်တမရှိဘဲ သတ်ဖြတ်ခဲ့ကြ၏။

နောက်ဆုံးတွင် မဟာမိတ်များနှင့် ရန်သူများ မရှိတော့တော့။

သွေးစွန်းသော အလောင်းများသာ ရှိတော့သည်။

သူ၏ ကိုယ်ပိုင် တာအိုအဖော်ပင် သူ့ကို သစ္စာဖောက်ပြီး မတွန့်ဆုတ်ဘဲ သူ့ကို တိုက်ခိုက်ခဲ့သည်။

ထိုနေ့မှစ၍ သူ နားလည်သွားခဲ့သည်။

လင်းရှီးတောင်ကြားသည် အပြင်လူများကို အားကိုး၍ မရပေ။

သူတို့ကိုယ်သူတို့သာ အားကိုးနိုင်ပေမည်။

ခွန်အား တစ်ခုတည်းကသာ ရှင်သန်မှုကို အဆုံးအဖြတ် ပေးသည်။

ထို့နောက် ယခု ထိုအဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူကို ရင်ဆိုင်ရသောအခါ...

သူ၏ အထွတ်အထိပ်တွင် ရှိခဲ့လျှင် ထိုကဲ့သို့ ဒူးထောက်နေစရာ မလိုပေ။

သူ၏ဂိုဏ်း ရှင်သန်ရန်အတွက် တောင်းပန်စရာ မလိုပေ။

သို့သော်လည်း တကယ့်လက်တွေ့က ရက်စက်လှသည်။

ထိုသူ၏ ဓားက....

အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဒါက ချင်းယွန်ဘုံမှာ အစွမ်းထက်ဆုံး သတ်နိုင်စွမ်းဖြင့် ကျော်ကြားတဲ့ ဒဏ္ဍာရီလာ ဓားကျင့်ကြံသူလား...

ယနေ့ သူ ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။

ချန်ဟွိုက်အန် တိတ်ဆိတ်နေ၏။

သူက ခန့်ညားဟန်ဆောင်ရန် ကြိုးစားနေသည် မဟုတ်ပေ။

တကယ်တမ်း သူက အနည်းငယ် စိုးရိမ်နေ၏။

ထိုဓားချက်သည် သူ မျှော်လင့်ထားသည်ထက် ပိုပြီး အားကောင်းနေသည်။

လီချင်းရန်နှင့် ယွဲ့ချန်ချီတို့က ဆေးပင်များ ဝယ်ရန်အတွက် ထိုနေရာသို့ ‌ရောက်လာသည်ကို သူ အမြဲပင် စိတ်ထဲတွင် ထားထားခဲ့သည်။

ထို့ကြောင့် သူ ဓားကို လွှဲလိုက်သောအခါ တမင် ထိန်းထားခဲ့သည်။

သို့သော်လည်း...

အားကောင်းသော အထင်အမြင် မပေးရင် ကောင်းကောင်းမွန်မွန် အဟန့်အတား မဖြစ်နိုင်မည်ကို စိုးရိမ်ခဲ့သည်။

ထို့ကြောင့် သူ့ရဲ့ စွမ်းအား ၈၀% ကို သုံးခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ထို၈၀% က လင်းရှီးတောင်ကြားကို မြေပုံမှ သုတ်သင်ပစ်ဖို့ ဖယ်ရှားလုနီးပါး ဖြစ်ခဲ့သည်။

ထိုအမျိုးသမီး အချိန်မီ မရောက်လာလျှင်၊ ခုတ်ချက်ကို မခံခဲ့လျှင်...

လင်းရှီ တောင်ကြား လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ယွန်စုရှင်း၊ ဂိုဏ်းတပည့်များနှင့် အဖိုးတန် စိတ်ဝိညာဉ်စိုက်ခင်းများနှင့် ဆေးပင်များ အားလုံး ပါသွားလိမ့်မည်။

[ သင်၏ ကိုယ်ပွား ကျန်ရှိသော အသက်ဝင်အချိန် - ၁၀ စက္ကန့် ]

သူ၏ အမြင်တွင် သတိပေးချက် ပေါ်လာသည်။

ချန်ဟွိုက်အန် လက်တွေ့သို့ ပြန်ရောက်လာသည်။

သူ၏ အကြည့်က ရှေ့မှ ဂိုဏ်းချုပ်ပေါ်သို့ ကျရောက်သွားသည်။

သူက မိန်းကလေးငယ်၏ မျက်နှာ ရှိနေသည်။

သို့သော် ဆံပင်များက ဖြူဖွေးနေ၏။

သူ တကယ်တမ်း အသက်မည်မျှ ရှိနေပြီ ဖြစ်ကြောင်းကို မသိနိုင်ပေ။

ခဏရပ်ပြီးနောက် ချန်ဟွိုက်အန် မျက်မှောင် ကြုတ်ကာ...

နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။

“ငါ့တပည့် ဒီကို ဆေးပင်များ ဝယ်ဖို့ လာခဲ့တာ။ ဒါပေမဲ့ မင်းရဲ့သမီးက တမင်တကာ ပုံရိပ်ယောင်အခင်းအကျင်းကို အသက်ဝင်စေပြီးတော့ သူတို့ကို နှောင့်ယှက်ခဲ့တယ်။ ငါ တွက်ချက်မှု အချို့ လုပ်ခဲ့တယ်။ လင်းရှီးတောင်ကြားနှင့် ငါ့ဓားမှာ ရေစက်တွေ ရှိနေတယ်လို့ ခံစားရတယ်။ ဒါနဲ့ ငါက ကောင်းကင်မှာ နည်းနည်း ရေးဆွဲလိုက်တာ။ ငါတို့ရဲ့ ရေစက်က တကယ်ကို တော်တော်လေး နက်ရှိုင်းနေတဲ့ပုံပဲ။”

ယွန်ပိုင်ယွီ၏ နှုတ်ခမ်းများ လှုပ်သွား၏။

ရေစက်ဟုတ်လား...

ဒါက ရေစက်သာဆိုရင် အဲဒီရေစက် သေလိုက်တော့...

သို့သော် သူက အတင်းအကျပ် ပြုံးပြလိုက်သည်။

“ဒါဆို... စီနီယာ ဒီရေစက်ကို ဒီနေ့ အဆုံးသတ်လိုက်ပြီလား...”

“ဒါပေါ့။”

ချန်ဟွိုက်အန်က ပါးပါးနပ်နပ်နှင့် ခေါင်းညိတ်လိုက်သည်။

နောက် လုံးဝအဓိပ္ပါယ်မရှိသော အရာများကို ထုတ်ပြောသည်။

“ရေစက်က တကယ်ကို မယုံနိုင်စရာ အရာပဲ... ဥပမာ ပြောရရင် ငါ ခုနက ဒီတောင်ကို ဖြတ်တောက်လိုက်တယ်။ ဒါက ငါ့ကို အတော်လေး ပျော်ရွှင်စေတယ်။ ဒီတော့ မင်း မြင်တဲ့အတိုင်း... ဒါက ရေစက်ပဲ...”

ဂိုဏ်းချုပ်၏ မျက်နှာ ဗလာဖြစ်နေသည်ကို မြင်သောအခါ သူ ခက်ခက်ခဲခဲ ချောင်းဟန့်ကာ ထပ်ပြောသည်။

“ကောင်းပြီလေ။ ငါ လုပ်စရာ အခြားကိစ္စတွေ ရှိသေးတယ်။ အဲဒါကြောင့် သွားတော့မယ်။ အဲဒီနှစ်ယောက်က ငါ့ရဲ့ လက်အောက်ပဲ။ သူတို့ကို ငါ့အတွက် ဂရုစိုက်ပေးပါ။ ငါ တစ်နေ့ကျရင် ပြန်လာပြီးတော့ ငါတို့ရဲ့ ကံကြမ္မာရေစက်ကို ပိုပြီး စူးစမ်းပါ့မယ်။”

ထို့နောက် ၁၀စက္ကန့် ကုန်သည်နှင့် တပြိုင်နက်....

ချန်ဟွိုက်အန်၏ ပုံသဏ္ဌာန်က ရေတွက်မရသော ဓားအလင်းများအဖြစ် ပျံ့နှံ့ကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ယွန်ပိုင်ယွီ၏ နှလုံးသား ကျုံ့သွား၏။

၎င်းမှာ ကိုယ်ပွားမျှသာ ဖြစ်သည်။

ပြီးတော့ ဒါက အခု ဒီလောက်တောင် အားကောင်းနေပြီလား...

သူ၏ အစစ်အမှန် ပုံစံဖြင့်သာ လာခဲ့လျှင်...

ဓားကျောင်းတော်မှာ ဘယ်အချိန်က ဒီလိုကြောက်စရာကျင့်ကြံသူ ရှိနေခဲ့တာလဲ...

သတိပေးချက် မရှိ။

ကောလာဟလတွေလည်း မရှိ။

ဘာမှလည်း မရှိဘဲနဲ့။

ကောင်းကင်ကို ကျေးဇူးတင်ရပေမည်။

သူ၏ သမီးက ဒုတိယအလွှာ ပုံရိပ်ယောင်အခင်းအကျင်းကိုသာ သုံးခဲ့သည်။

တတိယ အလွှာကို အသက်ဝင်စေခဲ့လျှင်...

ထိုဓားကျင့်ကြံသူလေး နှစ်ဦးကို တကယ်တမ်း ထိခိုက်စေခဲ့လျှင်...

ထိုအရူးသည် လင်းရှီးတောင်ကြားကို ဖုန်မှုန့်အဖြစ် ပြောင်းစေနိုင်လောက်သည်...

ထိတ်လန့်မှု လှိုင်းတစ်လုံး သူ့ကို ဖြတ်၍ တိုးဝင်လာသည်။

ထို့နောက် သူ၏ ဒဏ်ရာများ ပိုမို၍ ဆိုးလာသည်နှင့် မူးဝေမှုက သူ့ကို လွှမ်းမိုးသွားသည်။

လက်တစ်စုံက သူ့ကို နောက်မှ ဖမ်းလိုက်သည်။

ယွန်စုရှင်း မျက်လုံးများ နီရဲနေပြီး နှုတ်ခမ်းများ တုန်ယင်နေ၏။

“အမေ၊ အမေ..... အဆင်ပြေရဲ့လား။”

“အမေ အဆင်ပြေပါတယ်။”

ယွန်ပိုင်ယွီ သမီးဖြစ်သူ၏ ခေါင်းကို အားနည်းစွာဖြင့် ပုတ်လိုက်သည်။

သူ၏ အကြည့်က ချစ်ခင်မှုနှင့် အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

“စိတ်မပူပါနဲ့။ အမေ ပြန်ကောင်းလာဖို့ အချိန်ပဲ လိုတာပါ။ ဒီဓားကျင့်ကြံသူက အင်အား အပြည့်အဝ မသုံးခဲ့ဘူး။ ဒါက သတိပေးချက် တစ်ခုပါပဲ။”

ယွန်စုရှင်း နှုတ်ခမ်း စူလိုက်သည်။

ငါတို့ရဲ့ ဂိုဏ်းကို တစ်ဝက်နီးပါး ဖြတ်တောက်ခဲ့တာက “သတိပေးချက်”လို့ သတ်မှတ်တာလား...

ဓားကျောင်းတော် လူတွေက ဆင်ခြင်တုံတရား မရှိတော့ဘူး။

ပထမ သူတို့က ငါတို့ကို လုယက်ခဲ့တယ်။

နောက်တော့ ငါတို့ရဲ့ ပုံရိပ်ယောင်အခင်းအကျင်းကို ဖျက်ဆီးခဲ့တယ်။

ပြီးတော့ အခု ငါတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို ပြိုကျလုနီးပါးဖြစ်အောင် လုပ်ခဲ့တယ်။

ဒါတောင်... တောင်းပန်ခံရတဲ့သူတွေက ငါတို့ ဖြစ်နေတယ်။

ဒါက ဘယ်လို ပြောင်းပြန်တွေလဲ...

“ဟုတ်ပါပြီ။ အဲဒီဓားကျောင်းတော်တပည့်နှစ်ဦးကို သွားပြီးတော့ နှုတ်ဆက်လိုက်ပါ။”

ယွန်ပိုင်ယွီ ကြားနေသော လေသံကို အတင်းအကျပ် ပြောလိုက်ရသည်။

“သူတို့ကို ဂုဏ်သရေရှိဧည့်သည်တွေလို ဆက်ဆံပါ။ အထူးသဖြင့် အငယ်ဆုံးတစ်ယောက်ကို။”

ထိုတစ်ဦးက... သူ၏တပည့် ဖြစ်သည်။

ထိုကဲ့သို့သော ကျောထောက်နောက်ခံ ရှိသူများကို...

လုံးဝ မနှောင့်ယှက်သင့်ပေ။

All Chapters