ကော်ဖီနဲ့ အရိုးပြာ အရသာက ထူးဆန်းတယ်
Vol. 15 Ch. 141
ဟန်ကျိုးမြို့၊ ကြယ်အလင်း ရုပ်ရှင်နှင့် ဒရာမာထုတ်လုပ်ရေး ကုမ္ပဏီ။
စီအီးအိုရုံးခန်း။
“ သိပ်ကောင်းတယ် … မင်းတို့ အခု ထွက်သွားလို့ရပြီ …”
ပုံမှန်အစည်းအဝေး ပြုလုပ်ပြီးနောက် ဥက္ကဌ ဝန်ရှင်းဟွေ့က သူ့လက်ကို ဝှေ့ယမ်းပြီး အမှုဆောင် အဖွဲ့ဝင်များအားလုံးကို လူစုခွဲခိုင်းလိုက်သည်။
သူကတော့ ထိုင်ခုံသို့ ကျောမှီလျက် တစ်ယောက်တည်း ထိုင်နေပြီး စီးဂါ တစ်လိပ်ကို မီးလေးညှိလျက် စိတ်ခံစားချက်တို့ ကောင်းမွန်နေသည်။
“ ဒီနှစ်လည်း အားလုံး အဆင်ပြေပြေပဲ … နောက်နှစ်ရောက်ရင်တော့ နောက်တစ်နေရာကို ထပ်ပြောင်းရမယ် …”
“ အဲ့အချိန်ကျရင်တော့ ငါလည်း စီရင်စုထဲ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်နေလောက်ရောပေါ့ ….”
ဝန်ရှင်းဟွေ့က မီးခိုးငွေ့ကို အဝိုင်းပုံသဏ္ဌာန် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ကုမ္ပဏီ၏ ပထမနှစ်ဝက် ငွေကြေးရှင်းတမ်းကို စစ်ဆေးဖို့အတွက် ကွန်ပျူတာကို ဖွင့်လိုက်၏။
ငွေကြေးရှင်းတမ်းရလဒ်ကလည်း အံ့မခန်းပင်။
နှစ်ဝက်အတွင်းမှာပဲ ဝမ်ရှင်းဟွေ့က နောက်ထပ် တစ်ဘီလီယမ် နီးနီး ကြွယ်ဝလာသည်။
နောက် ဒုနှစ်ဝက်တွင် သူ့ ဝင်ငွေက ယခုထက်ပင် ပို၍ ကောင်းမွန်လာပေလိမ့်ဦးမည်။
ဤအကြောင်းတွေးမိတော့ ဝမ်ရှင်းဟွေ့က ဆေးလိပ်ပြာ တစ်ချက် တောက်လိုက်ပြီး ဖုန်းကောက်ကိုင်၍ နံပါတ်တစ်ခုကို နှိပ်လိုက်၏။
“ မာစတာလျို့ … နောက်ထပ် ဖုန်းရွှေ ရတနာမြေရှာတာ အခြေအနေ ဘယ်လိုရှိလဲ ….”
“ အင်း … အတော်လေး ကောင်းတယ် ….”
“ မပူနဲ့ … ခင်များလည်း အတွက်လည်း အဆင်ပြေစေရမယ် … ကျုပ် ဘဏ္ဍာရေးဌာနကို ခင်များဆီ ယွမ်တစ်သောင်းလွှဲပေးဖို့ ပြောထားတယ် …”
ဖုန်းချပြီးနောက် ဝန်ရှင်းဟွေ့က စီဂါကို ပါးစပ်တွင် ကိုက်ပြီး ဘဏ္ဍာရေးဌာနသို့ အီးမေးလ်တစ်စောင် ပို့ရန် ကီးဘုတ်ကို တောက်တက်တောက်တက် လုပ်လိုက်၏။
အကယ်၍ သူသာ မာစတာလျို့နှင့် မဆုံတွေ့ခဲ့ဘူးဆိုပါက ကြယ်အလင်းရုပ်ရှင် ကုမ္ပဏီသည် သေးငယ်ပြီး လူမသိ၊ သူမသိ ကုမ္ပဏီ အဖြစ်သာ ဆက်ရှိနေဦးမှာ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ့ ဘိုးဘေးတို့က သူ့အပေါ် ကောင်းချီးပေးလာသည်။
သူတို့၏ နောင်မျိုးဆက်များက ကောင်းမွန်စွာ နေထိုင်နိုင်ခြင်း မရှိသည်ကို မြင်တွေ့တော့ သူတို့က မာစတာလျို့ကို သူ့ထံသို့ ပေးပို့လာခဲ့သည်။
နှစ်ယောက်သား ချိတ်ချိတ်ချင်း ချိတ်မိသွားကြ၏။
ဥဩငှက်က အခြားသူများ၏ အသိုက်ကို လုယူသကဲ့သို့ သူကလည်း အခြားသူများ၏ ဖုန်းရွှေရတနာမြေများ၏ ကံတရားကို စုပ်ယူသည်။
“ ဒေါက် ဒေါက် ဒေါက် …”
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်လိုက်၏။
“ ဝင်ခဲ့ …”
ဝမ်ရှင်းဟွေ့ အန်းတားကီးကို နှိပ်ရင်း ပြောလိုက်သည်။
နောက်တစ်စက္ကန့်၌ သူ့ လက်ထောက်က အပြင်ဘက်ကနေ ဝင်လာသည်။
သူ့လက်ထဲတွင် သံဗူးတစ်ဗူးကို ကိုင်ထား၏။
“ ဥက္ကဌ … လီမိသားစု ကျေးရွာသားတွေက ဥက္ကဌဆီ လက်ဆောင်ပို့ပေးလာပါ …”
“ လက်ဆောင် ဟုတ်လား … အဲ့ကောင်တွေက ဘာလို့ ငါ့ဆီ လက်ဆောင်ပို့လာတာလဲတဲ့ ….”
ဝမ်ရှင်းဟွေ့မှာ တဒင်္ဂမျှ ငေးငိုင်မိသွားခဲ့ပြီး အတွင်းရေးမှူး လက်ထဲတွင် ကိုင်ထားသည့် သံဗူးကို ကြည့်လိုက်မိသည်။
“ သူတို့က အရင် ဥက္ကဌကြီး ပေးတဲ့ ထောက်ပံ့ငွေတွေ စုပြီး နို့နှုန့်ထုတ်စက် ဝယ်လိုက်တယ်တဲ့လေ …”
“ အခု ရွာကရတဲ့ နွားနို့တွေကို နို့မှုန့်လုပ်ပြီး တခြား ဈေးကွက်တွေမှာ လိုက်ရောင်းလို့ ရနေပြီ …”
“ ဥက္ကဌကြီးကို ကျေးဇူးတင်ချင်လို့ပါဆိုပြီး သူတို့က ဦးဆုံးတစ်သုတ် နို့မှုန့်ကို ဥက္ကဌကြီးဆီ လက်ဆောင်ပေးလာတာပါတဲ့ …”
ပြောပြီးနောက် အတွင်းရေးမှူးက စားပွဲသို့ ရောက်လာခဲ့ပြီး သံဗူးကို ချပေးလိုက်သည်။
“ လက်ဆောင်လာပေးတဲ့ ရွာသားတွေက သိပ်ကို စိတ်ရင်းစေတနာ ကောင်းကြတယ် … သူတို့ပြောတာ ဥက္ကဌကြီးက သူတို့ လက်ဆောင်ကို လက်မခံဘူးဆိုရင် မပြန်ပါဘူးတဲ့ ….”
“ သူတို့မှာ တခြားအရာသာ မွဲရင်မွဲမယ် … စေတနာတော့ မမွဲဘူးဆိုတာ မြင်တော့ ဥက္ကဌကြီးကိုယ်စား လက်ခံပေးထားလိုက်ပါတယ် ….”
ဝမ်ရှင်းဟွေ့ စိတ်ထဲ ကြိတ်ပြီး နှာမှုတ်လိုက်သည်။
သောက်ဦးနှောက်မရှိတဲ့ ကျေးတောသားတစ်သိုက်တွေ …
မကြာခင် ကပ်ဘေးက မင်းတို့ပေါ် ရောက်လာတော့မှာကို စောက်ရူးထပြီး နို့မှုန့်ထုတ်စက်တွေ ဝယ်နေတယ်ပေါ့ ….
ပြောခါမှ ဒီစောက်ငနဲတွေသာ မတုံးအဘူးဆိုရင် သူတို့ကိုယ်သူတို့ စတေးပြီး သူ့ကို ကြွယ်ဝလာအောင် ဘယ်လိုလုပ်ပေးနိုင်မှာလဲ ဟုတ်တယ်မလား …
“ ဟုတ်ပြီ … ယူသွားလိုက် … ငါအခု နည်းနည်း ငိုက်နေတာနဲ့ အတော်ပဲ …. နို့မှုန့်တစ်ဇွန်းနဲ့ ကော်ဖီတစ်ခွက်လောက် သွားဖျော်ခဲ့စမ်းပါ …”
ဝမ်ရှင်းဟွေ့က လှောင်ပြောင်သရော်လိုသည့် စိတ်ဖြင့် မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီစောက်ငတုံးတွေ လုပ်ထားတဲ့ နို့မှုန့်က ဘယ်လိုအရသာများ ရှိနေမလဲ …
“ ဟုတ်ကဲ့ ….”
အတွင်းအရေးမှူးက အဖုံးပါးပါးလေးကို ဖွင့်လိုက်တော့ အထဲတွင် အဖြူရောင် နို့မှုန့်ငွေ့များ ထောင်းခနဲ အငွေ့ရိုက်လာသည်။
သူက ကော်ဖီ တစ်ခွက်ဖျော်ပြီး ကော်ဖီဇွန်းနှင့် နှို့မှုန့်တစ်ဇွန်းခပ်၍ ခလောက်လိုက်၏။
“ ဥက္ကဌ … ကော်ဖီရပါပြီဗျ ….”
အတွင်းရေးမှူးက အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီကို ဝန်ရှင်းဟွေ့ထံသို့ ယူလာခဲ့ပေးသည်။
ဝမ်ရှင်းဟွေ့လည်း ကော်ဖီခွက်ကို ကိုင်ပြီး အငွေ့များကို လေနှင့်မှုတ်၍ အအေးခံလိုက်၏။
တစ်ကျိုက်မျှ အရသာခံကြည့်ပြီးနောက် ဝမ်ရှင်းဟွေ့ မျက်မှောင်ကြုတ်သွားခဲ့သည်။
အရသာက ဘာလို့ ထူးဆန်းနေတာပါလိမ့် …
သူ လျှာသပ်ပြီး သေချာအရသာခံကြည့်လိုက်၏။ လျှာပေါ်တွင် ကော်ဖီအရသာအပြင် အခြား ထူးဆန်းသည့် အရသာ တစ်မျိုးလည်း ရှိနေသည်။
ထို့ပြင် နည်းနည်းလေးလည်း ကြမ်းရှရှနိုင်လှ၏။
“ ဟေ့ကောင် … မင်း ကော်ဖီလေး တစ်ခွက်တောင် သေချာ မဖျော်နိုင်ဘူးလားကွ …”
“ ကော်ဖီ မကောင်းတော့တာကိုတောင် မင်း မမြင်ဘူးလား … မင်းကို အတွင်းရေးမှူးခန့်ထားလို့ ဘာအသုံးကျလဲ …” ဝန်ရှင်းဟွေ့ မပျော်မရွှင် ဖြစ်စွာ ပြောလိုက်သည်။
“ ဥက္ကဌကြီးရယ် … ရုံးခန်းထဲက ကော်ဖီက အကောင်းကြီး ရှိပါသေးတယ် … သူတို့ကို ကော်ဖီဖျော်စက်ထဲ မထည့်ခင် ကျုပ်ကိုယ်တိုင် သေချာစစ်ပြီးသားပါ … ဘာပြဿနာမှ မရှိဘူး …”
အတွင်းရေးမှူးက မဟုတ်မခံ ပြန်ရှင်းပြသည်။
“ ကျစ် … ကျေးတောသားက ကျေးတောသားပါပဲ … သူတို့ ဝယ်ထားတဲ့စက်ကို စာလေးဖတ်ပြီး ဘယ်လိုသုံးရမလဲတောင် မသိကြတဲဟာတွေ … တစ်သက်လုံး ဒုံရင်းက ဒုံးရင်းပဲ ဖြစ်နေတာ မဆန်းပါဘူး …”
ဝန်ရှင်းဟွေ့က သူ့အတွင်းရေးမှူး သူ့ကိုလိမ်မှာ မဟုတ်ကြောင်း ယုံကြည်သည်။
အကယ်၍ ကော်ဖီစေ့က ပြဿနာမရှိဘူးဆိုလျှင် ပြဿနာ ရှိနေသည်က နို့မှုန့်ပင်။
သူ့ ခန့်မှန်းမှုကို အတည်ပြုရန်အတွက် ဝန်ရှင်းဟွေ့ ဗူးထဲသို့ လက်ချောင်းနှိုက်လိုက်၏။
နို့မှုန့်နည်းနည်းကို ယူပြီး လျှာနဲ့ လျှက်ကြည့်လိုက်သည်။
“ ငါချီး ဖီး … ဒီအနံ့ကြီးဟ …”
ဝန်ရှင်းဟွေ့ ချက်ချင်း ထွေးထုတ်လိုက်၏။
မှန်သည်။
ထူးဆန်းသည့် အနံ့ကြီးက နို့မှုန့်ဆီက ဖြစ်၏။
“ မင်းက ဘာရပ်လုပ်နေတာ … ဒီစောက်အမှိုက်ကြီးကို သွားလွင့်ပစ်လိုက်လေ …”
ဝန်ရှင်းဟွေ့ မျက်နှာ မည်းမှောင်သွားသည်။
“ ဟုတ် ဥက္ကဌကြီး …”
အတွင်းရေးမှူးကလည်း ကလန်ကဆန် မပြုဝံ့ဘဲ ဗူးသေးသေးလေးကို ယူသွားပြီး အပြင်သို့ ထွက်သွားခဲ့သည်။
“ အားးးးး …”
ဆယ်မိနစ်ခန့်ကြာပြီးနောက် ကော်ရစ်ဒါထံကနေ စူးရှသည့် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လို့လာသည်။
အော်ဟစ်သံက အင်မတန် နားစူးလှပြီး တစ်ရုံးလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
အမျိုးသမီး သန့်စင်ခန်းထဲ၌ သန့်ရှင်းရေးဝန်ထမ်း အမျိုသမီးကြီးမှာ ကြမ်းပြင်တွင် ထိုင်လျက် တဆတ်ဆတ် တုန်ယင်နေသည်။
သူမဘေးတွင် ဖွင့်ထားလျက်ရှိသည့် သံဗူးက မှောက်လို့နေပြီး နို့မှုန့်တစ်ဝက်မျှသာ ကျန်တော့သည်။
မြေပြင်တွင်လည်း စက္ကူတစ်ရွက်က ကျလို့နေသည်။
“ ဘာဖြစ်တာလဲ …”
ဝန်ရှင်းဟွေ့ ရှော့ခ်ရသွားခဲ့ပြီး စိတ်တိုတိုနှင့် ရုံးခန်းထဲက ထွက်ကာ သန့်စင်ခန်းသို့ ရောက်လာခဲ့သည်။
သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကြီးကို မျက်လုံးစိမ်းကြီးများဖြင့် ကြည့်ပြီး မေးလိုက်၏။
“ အရိုး … အရိုးပြာတွေ …”
သန့်ရှင်းရေး ဝန်ထမ်း မိန်းမကြီးက သံဗူးကို ကတုန်ကယင်နှင့် ညွှန်ပြပြီး ပြောလိုက်သည်။
ကြမ်းပြင်ပေါ် ကျနေသည့် အဖြူရောင် စက္ကူတွင် အဖြူရောင် အမှုန့်တို့ဖြင့် စွန်းထင်းနေပြီး သံဗူးထဲက ထုတ်ထားသည်မှာ သိသာလှသည်။
အပေါ်တွင်တော့ စာလုံးအနည်းငယ်ကိုရေးသားထားလေသည်။
“ မင်းအဖေရဲ့ အရိုးပြာတွေ …”
စာရွက်ကို ဖတ်ကြည့်ပြီးနောက် ဝန်ရှင်းဟွေ့မှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့သည်။
ဖက်ခ် …
အဲ့ စောက်ဗူးထဲပါတာတွေက လူ့အရိုးပြာတွေပေါ့ ….
“ ဥက္ကဌကြီး … ခင်များ အခုလေးတင် အရိုးပြာတွေ သောက်လိုက်တယ် …”
အတွင်းရေးမှူး၏ အသံက ဝန်ရှင်းဟွေ့၏ အနောက်ကနေ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သည့် မျက်လုံးများက ဝန်ရှင်းဟွေ့ထံ ကျရောက်သွားခဲ့သည်။
“ တိတ်စမ်း …”
ဝန်ရှင်းဟွေ့မှာ သူ့ အတွင်းရေးမှူးကို အလိုက်ကန်းဆိုး မသိရကောင်းလားဟူ၍ လည်ပင်းညှစ်သတ်ချင်သွား၏။
တစ်ချိန်တည်းတွင် သေသင့်သည့် အနှီ ကျေးတောသားတစ်အုပ်ကိုလည်း စိတ်ထဲ အရူးအမူး သတ်ချင်နေသည်။
ပြာမှုန့်တွေကို နို့မှုန့်တွေလို့ ပြောပြီး ဘယ်လိုတောင် လာပေးရဲနေတာလဲ …
ခဏနေဦး …
“ မင်းအဖေရဲ့ ပြာ ….”
မင်း အဖေ …
ဝန်ရှင်းဟွေ့၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ပြီး ခန္ဓာကိုယ် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့သည်။
ဖြစ်နိုင်တာ သူ စောနလေးတင် သောက်ခဲ့တာက သူ့ အဖေရဲ့ အရိုးပြာတွေများလား ….
၎င်းနောက် ချက်ချင်းပဲ ဝန်ရှင်းဟွေ့၏ အမြင်တို့ မှောင်မိုက်သွားပြီး ကြမ်းပြင်သို့ လဲကျကာ တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။
အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားပြီးမှန်း မသိသည့်နောက်တွင် ဝန်ရှင်းဟွေ့ မျက်လုံးဖွင့်လာတော့ သူ့ကိုယ်သူ ဆေးရုံရောက်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ့ ကုမ္ပဏီ အမှုဆောင် အဖွဲ့ဝင်များကလည်း သူ့ဘေးတွင် ဝိုင်းရံနေသည်။
ထို့နောက်တွင်မှပဲ သူ အကြောင်းစုံကို ပြန်သိလိုက်ရတော့သည်။ သူ့ အမိန့်ကို နာခံပြီးနောက် အတွင်းရေးမှူးက သံဗူးကို သန့်ရှင်းရေးဝန်ထမ်း မိန်းမကြီးလက်ထဲ ထည့်ပေးလိုက်သည်။
သန့်ရှင်းရေးဝန်ထမ်း မိန်းမကြီးက သံဗူးကို စုဗူးလုပ်ချင်သောကြောင့် ပြာများကို အိမ်သာထဲ လောင်းထည့်ဖို့ ဟန်ပြင်သည်။
တစ်ဝက်ကျော်လောက် ထည့်ပြီးသောအခါ၌ စက္ကူတစ်ရွက်က ထွက်လာခဲ့သည်။
ဖတ်ရှုပြီးနောက် သူမ တစ်ကိုယ်လုံး ချမ်းစိမ့်တုန်ယင်သွားသည်အထိ ကြောက်လန့်တကြား အော်ဟစ်မိသွားခဲ့သည်။
ဝန်ရှင်းဟွေ့ ဖခင်၏ အရိုးပြာကလည်း သုံးပုံတစ်ပုံသာလျှင် ကျန်ရစ်တော့၏။
“ လီမိသားစုရွာကကောင်တွေ … မင်းတို့နဲ့ ငါနဲ့ မပြီးသေးဘူးမှတ် …”
လီမိသားစု ကျေးရွာတွင် မြုပ်နှံထားသည့် သူ့ အဖေအလောင်းကို လီရွာသားတွေ ရှာတွေ့သွားလိမ့်မည်ဟူ၍ ဝန်ရှင်းဟွေ့ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် ရွာသားများ သူ့အဖေရဲ့ အရိုးစုကို မီးရှို့ပြီး ပြာများကို နို့မှုန့်ဟုဆိုကာ သူ့ထံ ပို့ပေးလာသည်။
“ မင်းတို့အားလုံး ထွက်သွားကြစမ်း … နေဦး … မင်းတို့သုံးယောက်နေခဲ့ …”
မကြာမီ လူသုံးဦးတည်းသာ လူနာခန်းထဲ ကျန်ရစ်တော့သည်။
သူတို့သုံးဦးက အတွင်းဇာတ်လမ်းကို သိထားကြသူများ ဖြစ်၏။ ထို့ပြင် သူ့အဖေ၏ အလောင်းကို လီမိသားစု ကျေးရွာတွင် မြုပ်နှံဖို့ တာဝန်ယူထားသူများလည်း ဖြစ်သည်။