ဒန်ရှန်ရေကန်ပြိုင်ပွဲ
Vol. 5 Ch. 41
“ကောင်လေး... အတင့်ရဲလှကြီးလား”
ဝူယွမ် ထပ်တိုက်ခိုက်တော့မည်ကို မြင်သော အခါ ဦးလေးဖူ ဒေါသထွက်သွားပြီး ယွမ်ဒန်စွမ်းအင်များ စုစည်းကာ ဝူယွမ်အား ရိုက်နှက်လိုက်သည်။
ဦးလေးဖူသည် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် ကျင့်ကြံသူဖြစ်သည်။
“ကျောက်စိမ်းလက်ဝါး”
ဝူယွမ်ကလည်း အားနည်းဟန်မပြချေ။ သူ၏ လက်နှစ်ဖက်သည် ချက်ချင်းဆိုသလို ကျောက်စိမ်းဖြူရောင် အသွင်သို့ ပြောင်းလဲသွားကာ အုပ်ထိန်းသူ ဖူ၏ တိုက်ခိုက်မှုကို ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။
ဝူယွမ်သည် ကောင်းကင်ယွမ်နယ်ပယ်အဆင့်သာ ရှိသေးသော်လည်း သူ၏ ယွမ်စွမ်းအင်သည် သာမန် သေးငယ်သော ယွမ်ဒန်နယ်ပယ် ကျင့်ကြံသူတို့၏ ယွမ်ဒန်ချီစွမ်းအင် ထက်ပင် ပိုအားကောင်းနေသေးသည်။
လက်ဝါးခြင်းထိတ်တိုက်ေတွ့သည်နှင့် ဝူယွမ်က နေရာတွင်သာရပ်နေလျှက်ရှိပြီး အုပ်ထိန်းသူ ဖူ ကတော့ အဝေးသို့လွန့်သွားကာ သွေးများ ဆက်တိုက် အန်ထွက်သွားသည်။
“ဟင်”
ရှား၀မ်ကျင်းနှင့် အခြားကြည့်နေသူများ အားလုံး အလွန် အံ့အားသင့်သွားကြသည်။
“သူက အဆောင်သခင် အဆင့်နှစ် ကျင့်ကြံသူလည်း ဖြစ်နေသေးတယ်မလား”
ရှား၀မ်ကျင်း တုန်လှုပ်သွားသည်။ ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့် ကျင့်ကြံသူဖြစ်သည့် သူပင်လျှင် ယခုအချိန်တွင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
သူသည် ပါရမီရှင်များစွာကို မြင်ဖူးသော်လည်း ဝူယွမ်လိုလူကိုတော့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
ဝိညာဉ်စွမ်းအင်အဆင့်ကို ထည့်မတွက်လျှင်ပင် သူ၏ ယွမ်စွမ်းအင် အဆင့်တစ်ခုတည်းက ယန်းမြို့တွင် နေရာတစ်ခုရရန် လုံလောက်တာထက်ပိုသည်။
“ဟုတ်ပါတယ်၊ ဆရာယန်ပြောခဲ့တာကတော့ ဝူယွမ်ရဲ့ ဝိညာဉ်စွမ်းအင်ဟာ သူရဲ့ ယွမ်စွမ်းအင်ထက်တောင် သာလွန်ပါတယ်၊ ဂူယင်နဲ့ ဝေထုန်က သူ့ရဲ့ ဝိညာဉ်စွမ်းအင် နည်းစနစ် တွေကြောင့် သေဆုံးခဲ့ရတာပါ” ရွှမ်စုက အမြန်ရှင်းပြလိုက်သည်။
“မင်းကောင်းကောင်းလုပ်ခဲ့တယ်၊ ဒီဝူယွမ်က ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ပေးရပေးရ ငါတို့ ဆွဲဆောင်ရကျိုးနပ်တဲ့ သူပဲ” ဟု ရှား၀မ်ကျင်းက ချီးကျူးလိုက်သည်။ သူ၏မျက်လုံးများတွင်လည်း အားရကျေနပ်မှု များဖြင့် ပြည့်နေသည် သူ့ခန့်မှန်းချက်အရ ဝူယွမ်၏ ပါရမီသည်။ မဟာယန်းမင်းဆက်တစ်ခုလုံးတွင်ပင် ထိပ်ဆုံးအဆင့်မှ ရပ်တည်နိုင်စွမ်းရှိသည်။
“ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား” ဝူယွမ်သည် စုန်ချင်းကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် စုန်ချင်း ဆံပင်များ ထောင်မတ်သွားသည်။
“ကျွန်တော့်ကို မသတ်ပါနဲ့၊ မသတ်ပါနဲ့! ကျွန်တော့်အဖေက စုန်ဂန်းပါ!”
စုန်ချင်းသည် နောက်သို့ဆုတ်ရင်း ပြောဆိုလျက် ရှိသည်။
ဦးလေးဖူတောင် သွေးအန်သည်အထိ ရိုက်နှက်ခံရသည်ကို မြင်ပြီးနောက် သူ အတော်လေး ကြောက်ရွံ့သွားခဲ့သည်။
“ညီလေးဝူယွမ်၊ ဒီလူတစ်ယောက်ကို အရေးတစ်ယူလုပ်မနေပါနဲ့! ငါ ကိုင်တွယ်လိုက်ပါ့မယ်”
ရှား၀မ်ကျင်းသည် ဝူယွမ်အား “ညီလေးဝူယွမ်” ရင်းရင်းနှီးနှီး ခေါ်လိုက်သည်။
သူ့နောက်မှပါလာသည့် ရှားကျိလင်း မျက်ခုံးကြုတ်သွားသည်။ သူ့အဖေသည် ဝူယွမ်အား “ညီလေး” ဟု ဘာကြောင့် ခေါ်လိုက်ရသနည်း။
ဝူယွမ်သည် သူမနှင့် မျိုးဆက်တူဖြစ်နေ�သည်။ဆိုတော့ သူမကသူ့ကို ဦလေးဟု ခေါ်ရတော့မည်လား။
သို့သော် ရွှမ်စုနှင့် အခြားမန်နေဂျာများသည် ဝူယွမ်အား ပိုဂရုစိုက်လာကြသည်။ ရှား၀မ်ကျင်း၏ ဝူယွမ်အပေါ် ဆက်ဆံမှုသည် သူ၏ ဝူယွမ်အပေါ် ဘယ်လောက်မြင့်မြင့် မှန်းထားသည်ကို ဖော်ပြနေပြီး သူနှင့်အဆင့်တူကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သည်။
“ဥက္ကဋ္ဌကြီး ရှားကို နှုတ်ဆက်ပါသည်!”
ဝူယွမ်က ရှား၀မ်ကျင်းကို အရိုအသေပေးလိုက်သည်။
သူတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း ခန်းမထဲရှိလူများ၏ အပြုအမှုများနှင့် ရှားကျိလင်းနှင့် မျက်နှာပေါက်ချင်း အနည်းငယ်ဆင်တူမှုတို့မှ ဝူယွမ်သည် သူ၏ ရာထူးကို အလွယ်တကူ ခန့်မှန်းနိုင်ကာ ထိုလူ ဘယ်သူလဲဆိုတာတန်းသိသွားသည်။
“ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပြောလာမှတော့ ကျွန်တော် သဘောတူရတော့မှာပေါ့”
သူက အခု ရွှေတစ်သောင်းကုန်သည်အသင်း၏ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲတစ်ဦးဖြစ်နေပီဖြစ်သည်။
ရှား၀မ်ကျင်း - “စုန်ချင်း၊ ရှုဖူ ဝူယွမ်က ငါတို့ကုန်သည်အသင်း၏ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲဘဲ အသင်းထဲမှာ သူရဲ့အဆင့်အတန်းသည် မင်းတို့ စုန်မိသားစုထက် မနိမ့်ဘူး။ ဒီနေ့ စုန်ချင်း၊ မင်းက စတိုက်ခိုက်ခဲ့တာ။ ငါသာ ၀င်မပါရင် ဝူယွမ်က မင်းကိုသတ်ဖို့ရာ လုံလောက်တဲ့အကြောင်းပြချက်ရှိတယ်။ မင်းအဖေမျက်နှာနဲ့မလို့ မင်းကို ချမ်းသာပေးလိုက်မယ်။ ပြန်သွားပြီး မင်းအဖေကို ယန်းယွမ်ကျောက်တုံး တစ်သောင်းပြင်ဆင်ထားခိုင်းလိုက်ပါ၊ ဒန်ရှန်ရေကန် ပြိုင်ပွဲပြီးသွားရင် ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဝူယွမ်ကို ကိုယ်တိုင်လာတောင်းပန်ရမယ်လို့ ပြောလိုက်”
ရှား၀မ်ကျင်းက ချက်ချင်း အမိန့်ပေးလိုက်သည်။ စုန်မိသားစုခေါင်းဆောင် စုန်ဂန်းသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ရှိသော်လည်း ဝူယွမ်သည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် ကျင့်ကြံသူကို သတ်နိုင်စွမ်းရှိပြီး အသက်အရွယ်အားဖြင့်လည်း စုန်ဂန်းထက်အများကြီး ငယ်နေသေးသည်။
“ဟုတ်ကဲ့ ဥက္ကဋ္ဌကြီး” ရှူဖူ ချက်ချင်းတုန့်ပြန်လိုက်သည်။
“ညီလေးဝူယွမ်၊ ဒီဖြေရှင်းချက်ကို ကျေနပ်ရဲ့လား”
“ဥက္ကဋ္ဌကြီးရဲ့ တရားမျှတမှုအတွက် ကျေးဇူးတင်ပါတယ်”
ဝူယွမ်က စိတ်ထဲမှ ကျေးဇူးတင်လိုက်သည်။ ရှား၀မ်ကျင်း၏ သဘောထားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
“ဒါဆိုရင် အခု ကျွန်တော် လူငယ်ခေါင်းဆောင် စုန်ကို အပ်တွေပြန်ထုတ်ပေးမယ်၊ တခြားသူကလုပ်မယ်ဆိုရင် အသားတစ်ခုလုံးကို လှီးဖြတ်ပစ်မှဘဲရလိမ့်မယ်”
ဝူယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း ထိုစကားများသည် အနားရှိလူများ၏ ကျောရိုးများကိုအေးစိမ့် သွားစေခဲ့သည်။
ထို့နောက် သူသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ နဂါးချည်မျှင်သလင်းများကို တစ်ချောင်းချင်းစီ ပြန်ဆွဲထုတ်လိုက်သည်။ ဤလုပ်ငန်းစဉ်အတွင်း စုန်ချင်းသည် သေမတတ်နာကျင်မှုဒဏ်ကို ထပ်ခံစားလိုက်ရပြီး မျက်ရည်နှင့် နှာရည်များ စီးကျလာပြန်သည်။
ဒီလျှို့ဝှက်လက်နက်တွေက အရမ်းမိစ္ဆာဆန်တာဘဲ... အပ်ပြန်ထုတ်သည့် လုပ်ငန်းစဉ်ကို မြင်လိုက်ရသည့် ရှား၀မ်ကျင်းအပါအဝင် လူအားလုံး၊ ဝူယွမ်အား ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရှားကျိလင်း၏ နှလုံးသားသည် ကြည့်ရှုနေရင်း တဒိန်းဒိန်းခုန်နေခဲ့သည်။ စုန်ချင်း ခံစားနေရတာသည် သူမစိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။
သူမသည် ဝူယွမ်အား စုန်ချင်းကို နည်းနည်း သင်ခန်းစာပေးရန် တောင်းဆိုခဲ့သည်။ ဝူယွမ်သည်လည်း သူတောင်းဆိုသည့်အတိုင်း လုပ်ဆောင်ခဲ့သည်၊ ဒါပေမဲ့ စုန်ချင်းအမူအရာကို ကြည့်သည်နှင့် နည်းနည်း မဟုတ်တာတော့ သေချာသည်။
တကယ်တော့ ဝူယွမ် စုန်ချင်းကို ကူညီခြင်းသည် အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး သူ၏ နဂါးချည်မျှင်သလင်းများကို ပြန်လည်ရယူရန်သာ ဖြစ်၏။
အခြားတစ်ဘက်တွင် လင်းတုန်းသည်လည်း သူ၏တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သည်၊ သူသည်လည်း လျှို့ယိအား အလွယ်တကူအနိုင်ရခဲ့သည်။
“သွားကြရအောင်”
ဒန်ရှန်ရေကန်တိုက်ပွဲအတွက် ကိုယ်စားလှည် ရွေးချယ်ပြီးသည်နှင့် အားလုံး ဒန်ရှန်ရေကန်ဆီသို့ ဦးတည်ထွက်ခွာလာကြသည်။
ဒန်ရှန်ရေကန်သို့ ရောက်သည့်အချိန်တွင် သွေးဝံပုလွေဂိုဏ်းအဖွဲ့ဝင်များ အဆင်သင့်စောင့်ဆိုင်း နေကြပြီဖြစ်သည်။
“ဥက္ကဋ္ဌ ရှား၊ ငါ မင်းတို့ကို စောင့်နေရတာ ကြာပြီ။ မင်းတို့ ရွှေတစ်သောင်းကုန်သည်အသင်းက ဒီဒန်ရှန်ရေကန်ကို ဂရုမစိုက်တော့ဘူးလို့တောင် ထင်နေတာ” ဟု သက်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ထုတ်လွှတ်ပြီး ရွှေတစ်သောင်းကုန်သည်အသင်း အဖွဲ့ဝင်များအပေါ်သို့ ဖိအားပေးလျက်ရှိသည်။
ရှား၀မ်ကျင်း ရှေ့သို့တက်လာပြီး သူ၏ယွမ်စွမ်းအင်ကို ထုတ်လွှတ်ကာ ပြိုင်ဘက်၏ဖိအားကို ခုခံလိုက်သည်။ “ဟားဟား၊ ဂိုဏ်းခေါင်းဆောင် ယွဲ့၊ မင်းသိပ်စိတ်မရှည်တော့ဘူးထင်တယ်၊ အချိန်က စောသေးပါတယ်”
“ဒါက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်ခြင်းအဆင့်လား” ဝူယွမ် မျက်မှောင်ကြုံ့သွားသည်။ ထိုနှစ်ဦး၏ ယွမ်ဒန်စွမ်းအင်သည် ဝေထုန်၏ ယွမ်ဒန်စွမ်းအင်ထက် အနည်းငယ်သာ ပိုအားကောင်းနေသည်မဟုတ်ပေ။ ကြီးမားသောအောင်မြင်မှုအဆင့်နဲ့ ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ကြား စွမ်းအင်အတော်လေးကွာသည်။
“ငါ့ရဲ့ နဂါးချည်မျှင်သလင်းက ချိုးဖျက်နိုင်လောက်လား...” ဝူယွမ်သည် သူ၏လက်ထဲမှ ရွှေရောင်အလုံးလေးများကို ပွတ်ရင်းပြောလိုက်သည်။
ဂိုဏ်းနှစ်ခုသည် အခြင်းခြင်း မျက်နှာချင်းဆိုင်နေကြပြီး နှစ်ဖက်လုံးမှလူများသည်။
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။
အကြည့်စစ်ပွဲဖြစ်နေချိန် ဝူယွမ်ကတော့ ပတ်ဝန်းကျင်ကို စူးစမ်းနေလေသည်။ တောင်အစွန်းတွင် မတ်စောက်သော ကျောက်နံရံတစ်ခုသည် ကောင်းကင်အထိ ထိုးထွက်နေသည်။ ကျောက်နံရံအောက်ခြေတွင် ကြည်လင်သောရေကန်ငယ်တစ်ခု ရှိပြီး ကန်ရေ၏ တစ်ဝက်သည် ပူပြင်း ပွက်ပွက်ဆူလျှက်ရှိသညါ။ အခြားတစ်ဝက်ကတော့ ရေခဲသကဲ့သို့ အေးစိမ့်သောအငွေ့များထွက်နေသင် ဆန့်ကျင်ဘက်အရာနှစ်သည် ထိုကန်ငယ်လေးအတွင်
တစ်ခြမ်းဆီပေါင်းစပ်နေလေသည်။
ဒန်ရှန်ရေကန်!
“ကောင်းပြီ၊ စကြတာပေါ့”
“ကျွန်မ အရင်သွားမယ်” သွေးဝံပုလွေဂိုဏ်းဘက်မှ ယွဲ့လင်းက ပထမဆုံး ထွက်လာသည်။
သူမသည် သွေးဝံပုလွေဂိုဏ်း၏ အကြီးဆုံးသမီးရတနာလေးဖြစ်ပြီး ရှားကျိလင်းထက်ပင် ပိုမာနကြီးသည်။ သူမသည် သူမ၏လှံရှည်ကို ရှားကျိလင်းအား ချိန်လိုက်ပြီး စိန်ခေါ်လိုက်သည်၊ “ရှားကျိလင်း၊ ငါနဲ့ တိုက်ရဲလား”
“ဟမ့်၊ မရဲစရာဘာရှိလဲ ” ရှားကျိလင်းသည် စိန်ခေါ်မှုကို ချက်ချင်း လက်ခံလိုက်ပြီး စင်ပေါ်သို့ တက်သွားသည်။
မူလအစီအစဉ်အရ သူမ တိုက်ခိုက်ရန် မလိုအပ်ပါ။
သူတို့ဘက်တွင် ဝူယွမ်နှင့် လင်းတုန်း ဆိုတဲ့ လျှို့ဝှက်လက်နက်ကြီးနှစ်ခုရှိထားပြီး ရှားကျိလင် ရှုံးလာတောင်ပြဿနာမရှိသောကြောင့် ရှား၀မ်ကျင်းနှင့် ရွှမ်စုတို့က သူမကိုတိုက်ခွင့်ပြုလိုက်သည်။
မိန်းကလေးနှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်ေနကြပြီး အဆုံးတွင် ရှားကျိလင်း အနိုင်ရသွားခဲ့သည်။
နောက်ထပ် တစ်ပွဲတွင် လင်းတုန်းသည် ယွဲ့ဖန်းနှင့် ရင်ဆိုင်ရပြီး လွယ်လွယ်ကူကူပင် အနိုင်ရခဲ့သည်။
“ဂိုဏ်းခေါင်းဆောင် ယွဲ့၊ တတိယပွဲ မလိုတော့ဘူး ထင်တယ်” ရှား၀မ်ကျင်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
“ဒန်ရှန်ရေကန်ကို မင်းရသွားပြီ၊ ဒါပေမယ့် တတိယပွဲကိုတော့ ဆက်တိုက်မယ်။ မင်းတို့ ရွှေတစ်သောင်းကုန်သည်အသင်းက သုံးပွဲလုံးအနိုင်ရမယ်လို့ ငါမယုံဘူး”
ယွဲ့ရှန်း၏ မျက်နှာအမူအရာသည် အလွန်မကျေမနပ်ဖြစ်နေသည်။
ဒန်ရှန်ရေကန် ဆုံးရှုံးသွားသော်လည်း ယွဲ့ရှန်းသည် တစ်စုံတစ်ရာ ပြန်လည်ရယူလိုသည်။
သူက သူ့ဘေးမှ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ကို တိုးတိုးပြောလိုက်သည်။
“ကျန်းလိ၊ သူ့ကိုသတ်ပစ်လိုက်။ ဒန်ရှန်ရေကန် အခွင့်အရေး ဆုံးရှုံးသွားရင်တောင် မင်းရမဲ့ဆုကြေးက မလျှော့စေရဘူး”
ယွဲ့ရှန်းသည် ဒန်ရှန်ရေကန်ကို ဆုံးရှုံးသွားသော်လည်း တစ်စုံတစ်ရာ ပြန်လည်ရယူလိုသည်။
“ကောင်းပြီ၊ ငါထင်ထားတဲ့ အတိုင်းဘဲ” မီးခိုးရောင်ဝတ်စုံနှင့်လူငယ်က ရက်စက်သောအပြုံး ပြုံးရင် ပြောလိုက်သည်။
သူသည် သွေးဝံပုလွေဂိုဏ်းမှ ဒန်ရှန်ရေကန် ပြိုင်ပွဲအတွက် ဆုကြေးကြီးကြီးမားမား ပေးပြီး ငှားရမ်းထားသောသူဖြစ်သည်။ ယွဲ့မောင်နှမများ ချက်ချင်း ရှုံးနှိမ့်သွားခြင်းသည် သူ၏
အလုပ်ကို မလုပ်ရသေးသကဲ့သို့ဖြစ်နေသည်။
“ညီလေးဝူယွမ် ထွက်ရမယ့်အချိန်ရောက်ပြီ၊ သူ့ကိုသင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ၊ သွေးဝံပုလွေဂိုဏ်းရဲ့ စိတ်ကြီးဝင်မှုကို ချိုးနှိမ်ထားရမယ် ”
“သွေးဝံပုလွေဂိုဏ်းနဲ့ တိုက်ခိုက်ရတဲ့အတွက် ကျွန်တော်အရမ်း ဝမ်းသာမိပါတယ်” ဝူယွမ်က ရယ်မောလိုက်သည်။
ဤကာလတွေအတွင်း သွေးဝံပုလွေဂိုဏ်းသည် ချင်းယန်းမြို့အပေါ် ဖိအားများဆက်တိုက်ပေးခဲ့သည်။
နှစ်ယောက်စလုံး စင်ပေါ်သို့တက်လာကြသည်။ ဝူယွမ်သည် ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့် ဖြစ်ပြီး ကျန်းလိက ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် သာရှိသေးသော်လည်း စိုးရိမ်နေသည့်ပုံမပေါ်ဘဲ ယုံကြည့်မှုအပြည့်ရှိနေသည်။
ပြိုင်ပွဲစသည်နှင့် ကျန်းလိ၏ ခန္ဓာကိုယ်မှ သွေးရောင်မီးခိုးများ ထွက်လာပြီး ကျန်းလိ၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသော �သွေးရောင် သံချပ်ကာအဖြစ် စုစည်းသွားသည်။ သွေးရောင်သံချပ်ကာဖုံးနေသော သူ၏လက်ချောင်းထိပ်များမှ သွေးရောင်ဆူးချွန်များ ထိုးထွက်လာကာ နီရင့်ရင့် အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ကျန်းလိသည် ဝူယွမ်အား လှောင်ပြောင်သည့်ပုံဖြင့် စိုက်ကြည့်နေသည်။ သူ၏စွမ်းအင်သည်လည်း အဆက်မပြတ်ထိုးတက်လာပြီး ကောင်းကင်ယွမ်နယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်နေပီဖြစ်ကာ ဆက်တက်နေဆဲဖြစ်သည်။
အချိန်တိုလေးအတွင်းမှာပင် သူသည် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်။
ရွှေတစ်သောင်းကုန်သည်အသင်းဝင်များသည် အံ့အားသင့်သွားကြသော်လည်း စိတ်ရှုပ်ထွေးမသွားကြချေ။ ထို့ထက် သွေးဝံပုလွေဂိုဏ်းအဖွဲ့ဝင်များကို ဖျော်ဖြေပွဲကြည့်နေသကဲ့သို့ ကြည့်နေကြသည်။
“သူတို့တွေ ဘာလို့ အထိတ်တလန့်ဖြစ် မသွားကြတာလဲ ”
ယွဲ့ရှန်းနှင့် ကျန်းလိ နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။
အထူးသဖြင့် ကျန်းလိသည် ဝူယွမ်ကို စူးစိုက်ကြည့်ပြီးတွေးနေသည်... အခုအချိန်မှာ မင်းက အံအားသင့် အထိတ်တလန့်နဲ့ ကြောက်ရွံ့ပြီး ‘ကျေးဇူးပြုပြီး အသက်ချမ်းသာေပးပါ’ အော်နေရမှာ မဟုတ်ဘူးလား”
ဝူယွမ်က လှောင်ပြောင်သည့်အပြုံးမျိုး ပြန်ပြုံးပြလိုက်ပြီး “အလှအပပြ လုပ်ရုံသက်သက်ပါပဲ”
“သေလိုက်တော့”
“သွေးပြောင်းလက်ဝါး”
ကျန်းလိ မဆိုင်းမတွ တိုက်ခိုက်လိုက်သည်။ သွေးရောင်လက်ဝါးကြီးတစ်ခု ဝူယွမ်၏ နှလုံးသားဆီသို့ တိုက်ရိုက်တိုး၀င်သွားသည်။
“မိုးကြိုးမုန်တိုင်းဆေဘာဓား”
ဝူယွမ်သည် မိုးကြိုးဓားကို ဆွဲထုတ်လိုက်သည်။ ဝူယွမ် ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မိုးကြိုးမုန်တိုင်းကဲ့သို့အရှိန်ဖြင့် ဓားကို ရူးသွပ်စွာ လွဲရမ်းလိုက်သည်။ဓားသွားပေါ်တွင်လဲ လျှပ်စီးများထနေပြီး ချွန်ထက် သွက်လက်လှသည်။
“ရွှတ် ရွှတ် ရွှတ်...” ဝူယွမ်သည် ရှေ့ကို ဆက်တိုက်တိုး၀င်လာပြီး ကျန်းလိ၏လက်ကို ခုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းလိ လက်တစ်ဖက် ပျောက်ဆုံးသွားပီဖြစ်သည်။
အချိန်တိုလေးမှာပင် မိုးကြိုးဓားသည် ကျန်းလိ၏ လည်ပင်းကို ခုတ်ဖြတ်လိုက်ပြီးပီဖြစ်သည်။
ဆုံးဖြတ်ချက်ပြတ်သားခြင််း၊ ရက်စက်ခြင်းနှင့် တွန့်ဆုတ်တွေဝေမှုမရှိခြင်း!
“အတော် ရက်စက်တဲ့ လူငယ်ဘဲ ”
ယွဲ့ရှန်းသည် ဝူယွမ်ကို စိုက်ကြည့်လိုက်ပြီး ယွမ်စွမ်အင်ဖြင့် ဖိအားပေးလိုက်သည်။
“ဂိုဏ်းခေါင်းဆောင် ယွဲ့၊ ဒီကျန်းလိဆိုတာက မင်းပြင်ဆင်ထားတာတဲ့ ဝှက်ဖဲမဟုတ်လား” ရှား၀မ်ကျင်းက ယွဲ့ရှန်းထက် အားမနည်းသော စွမ်းအင်ကို ထုတ်လွှတ်ပြီး ခုခံကာကွယ်လိုက်သည်။
“ဟမ့်၊ သွားကြရအောင်”
ယွဲ့ရှန်းသည် ဒေါသထွက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
“ကောင်းပြီ၊ မင်းတို့ အားလုံး အခု အတူတူဆင်းသွားကြ”
ရှား၀မ်ကျင်းက သူ၏လက်များကို နောက်ပစ်ပြီး ဒန်ရှန်ရေကန်ကို ကြည့်ရင်း ပြောသည်။
ဝူယွမ်နှင့် အခြားနှစ်ဦးအပြင် လျှို့ယိနှင့် အခြားတစ်ဦးတို့သည်လည်း ဒန်ရှန်ရေကန်ထဲသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
သူတို့အားလုံးသည် ရွှေတစ်သောင်းကုန်သည်အသင်း၏ အရေးကြီးသော လူငယ်မျိုးဆက်ပါရမီရှင်များဖြစ်ကြသည်။
“ဗွမ်း”
ရှားကျိလင်း ပထမဆုံး ခုန်ဆင်းသွားသည်။
“သွားကြရအောင်”
ဝူယွမ်နှင့် လင်းတုန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခုန်ချလိုက်ကြသည်။
【ဒိန်း၊ ဒန်ရှန်ရေကန်သို့ ရောက်ရှိပါပြီ။ ဆိုင်းအင် ဝင်ချင်ပါသလား】
စနစ်သတိပေးချက် ပေါ်လာသည်။
“ဆိုင်းအင်ဝင်မယ်”
【ဒိန်း၊ ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - “မူလရူန်း လျှို့၀ှက်ချက်”】