ဝူယွမ် ယွမ်ဒန်အဆင့်သို့ ချိုးဖျက်တက်ရောက်၊ လူအားလုံးအံ့အားသင့်သွားကြခြင်း
Vol. 5 Ch. 42
မူလရူန်း လျှို့ဝှက်ချက် !
ဝူယွမ်၏ စိတ်ထဲ ခက်ခဲနက်နဲပြီး ရှေးဟောင်းဆန်ဆန် ရှုပ်ထွေးလှသော အချက်အလက်များ စီးဆင်းလာခဲ့သည်။ မှော်ဆန်ပြီး ရှုပ်ထွေးကာ နက်နဲသော ရူန်းများသည် သူ၏အတွေးများတွင် ဆက်တိုက် ထွက်ပေါ်လာနေသည်။
ရူန်းတစ်ခုစီတွင် သက်ဆိုင်ရာ အချက်အလက်အပိုင်းအစများ ပါဝင်ပြီး စွမ်းအင်အမျိုးမျိုးရှိသည်။
ရာနှင့်ချီ၊ ထောင်နှင့်ချီသော ရူန်းအကြောင်းအရာများ ဝူယွမ်၏ ဦးနှောက်ထဲတွင် ပြည့်နှက်နေသည်။
ထိုအသိပညာကို စနစ်က သူ၏စိတ်ထဲသို့ အတင်းအကျပ် ထည့်သွင်းခဲ့ပုံရသည်၊ အချိန်တိုလေးအတွင်း ဝူယွမ်၏ခေါင်းထဲတွင် ရူန်းများဖြင့် ပြည့်လျှံနေခဲ့သည်။
နေ့စဉ် သူကြုံတွေ့ နေရသော ရှုပ်ထွေးသည့် ရူန်းအားလုံးသည် အခု သူ၏စိတ်ထဲရှိ မူရင်းရူန်းများနှင့် ကိုက်ညီနေကြောင်း တွေ့လိုက်ရသည်။
သူမမြင်ဖူးသေးသော ရူန်းများစွာလည်းရှိသည်။
ဤရူးန်များကို သူကိုယ်တိုင်သာ လေ့လာရမည်ဆိုပါက၊ တစ်သက်လုံး မှတ်မိနိုင်မည် မဟုတ်ပေ။
“ငါရဲ့ အရင်ဘ၀ လေ့ကျင့်ခန်းတွေကိုသာ ဒီလိုမှတ်လို့ရခဲ့ရင်...” ဝူယွမ်က တွေးမိသည်။
သူ၏အရင်ဘဝတွင် လေ့လာသင်ယူနေရင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများကို တိုက်ရိုက်သယ်ဆောင်နိုင်ရန်၊ သူ၏စိတ်ထဲသို့ တိုက်ရိုက်ရွှေ့ထည့်နိုင်ရန် ထိုကဲ့သို့သော စွမ်းရည်မျိုးရဖို့ကို အမြဲတန်း စိတ်ကူးယဉ်ခဲ့ဖူးသည်။
“ဒင်း! ဆိုင်းအင်နေရာ အသစ်ပြန်လည်မွမ်းမံပြီးပါပီ။ ဝိညာဉ်သခင် မျှော်စင်တွင် ဆိုင်းအင်၀င်ပါ။”
စနစ်၏အချက်ပြသံကို ကြားလာရသည်။ ဆိုင်းအင်အသစ် ရောက်ရှိလာလေပြီ။
“ဝိညာဉ်သခင်မျှော်စင်လား? မျှော်စင်တိုက်ပွဲ ရောက်ဖို့သိပ်မလိုတော့ဘူး ထင်တယ်”
ယန်ရွှမ်းက မျှော်စင်တိုက်ပွဲအကြောင်းကို အရင်က သူ့အား ပြောပြခဲ့ဖူးသည်၊ သို့သော် ထိုအချိန်က ဝူယွမ်သည် အဆောင်သခင် အဆင့်တစ် သာရှိသေးသောကြောင့် သူက အသေးစိတ်မပြောခဲ့ပေ။
“အစ်ကို၊ ဒီနေရာမှာရှိတဲ့ ယင် နှင့် ယန် စွမ်းအင်တွေက အရမ်းစင်ကြယ် သန့်ရှင်းလွန်းတယ်” လင်းတုန်းသည် ရေကန်ရေကို ခံစားမိပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ဝူယွမ်၏အတွေးများ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ရှားကျိလင်း၊ လျှို့ယိ နှင့် အခြားသူများသည် မျက်လုံးများကို ပိတ်ထားပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်နေကြပီဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ စွမ်းအားပြင်းထန်သော စုပ်ယူမှုအားများ မပြတ်တမ်းထွက်ပေါ်လာကာ ယင် နှင့် ယန် စွမ်းအင်များကို သူတို့ကိုယ်တွင်းသို့ စုပ်ယူနေသည်။
“ငါတို့လည်း မြန်မြန်စုပ်ယူလိုက်ကြစို့။”
ဝူယွမ်သည်လည်း ရေကန်ထဲသို့ ခုန်ဆင်းသွားပြီး စုပ်ယူရန် စတင်ခဲ့သည်။
မြင့်မြတ်သောကောင်းကင်တန်ခိုး နည်းစနစ် ကို လှည့်ပတ်လိုက်သောအခါ ဝူယွမ်၏ပတ်လည်တွင် သေးငယ်သော ရေဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှားကျိလင်းနှင့် အခြားသူများ ဖြစ်ပေါ်လာသော ရေဝိုင်းများထက် သူ၏ရေဝိုင်းက အနည်းငယ် ပိုကြီးသည်။
ရှားကျိလင်းနှင့် အခြားသူများ လေ့ကျင့်သင်ကြားခဲ့သော လျှို့ဝှက်ပညာရပ်များသည်လည်း နိမ့်ကြမနေပေ။
ဝူယွမ်သည် အနည်းငယ် စိတ်ပျက်နေမိသည်။
သူ၏ မြင့်မြတ်သောကောင်းကင်တန်ခိုး နည်းစနစ်သည် အဆင့်ခြောက်အထိ ရောက်ရှိနေပြီးဖြစ်သည်။
“မြင့်မြတ်သောကောင်းကင်စွမ်းရည်က ငါမျှော်လင့်ထားသည့်အတိုင်း စွမ်းအားမကြီးဘူးနဲ့ တူတယ်။ ယွမ်စွမ်းအား စုပ်ယူမှုအမြန်နှုန်းက ပထမတန်းစား လျှို့ဝှက်ပညာရပ်တွေထက် နည်းနည်းဘဲ သာတယ်။ ကြည့်ရတာ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် ထိဘဲ ကျင့်ကြံလို့ရလောက်မယ်။ ညီမျှမှု တစ်ခုတောင်မရှိဘူးဘဲ”
ဝူယွမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ မြင့်မြတ်သောကောင်းကင်တန်ခိုး နည်းစနစ်က အားနည်းလွန်းသည်မဟုတ်၊ သို့သော် တျန်းရွှမ်တိုက်ကြီး၏ အဆင့်များကသာ သူမျှော်လင့်ထားသည်ထက် ပိုစွမ်းအားပြင်းထန်ေနချင်းဖြစ်သည်။
“နောက်ဆိုင်းအင်တွေမှာ ပိုကောင်းတဲ့ ကျင့်ကြံခြင်းနည်းစနစ် တစ်ခုလောက် ရရင်ကောင်းမယ်”
ဝူယွမ်သည် နောက်ထပ် ဆိုင်းအင်များအပေါ်သာ မျှော်လင့်ချက်ထားနိုင်သည်။ သို့သော် မြင့်မြတ်သောကောင်းကင်စွမ်းရည်သည် သူ ယွမ်ဒန်အဆင့် ကျင့်ကြံရာတွင် ထောက်ပံ့ပေးနိုင်ဆဲဖြစ်ပြီး၊ ထိုကာလများအတွင်း ဆိုင်းအင်များမှတစ်ဆင့် ဆုလာဘ်အသစ်များ ရရှိနိုင်မည်ဖြစ်သည်။
ဝူယွမ်သည် အခု စနစ်ဆိုင်းအင်များမှ ရရှိသော ဆုလာဘ်များသည် အခြေခံအားဖြင့် သူ၏လက်ရှိအခြေအနေကို အခြေခံပြီး၊ သူချက်ချင်းအသုံးပြုနိုင်သောအရာများကိုသာ ထောက်ပံ့ပေးကြောင်း သတိပြုမိသည်။
လင်းတုန်းသည်လည်း သူနှင့်ဆင်တူသည်။
ရေကန်အတွင်းရှိ လူငါးဦးတွင်၊ သူနှင့် လင်းတုန်း၏ ရေဝိုင်းများသည် အကြီးဆုံးဖြစ်သည်၊ ထို့နောက် ရှားကျိလင်း၊ ပြီးနောက် လျှို့ယိ နှင့် ရှားရှီတို့၏ ရေဝိုင်းများသည် အသေးဆုံးဖြစ်သည်။
ထိုအချိန်တွင် ရှောင်ဒေါင်၏အသံသည် လင်းတုန်း၏စိတ်ထဲတွင် ပေါ်လာခဲ့သည်၊ “ဟက်ဟက်၊ ကောင်လေး၊ ဒီနေရာမှာရှိတဲ့ ယင် နဲ့ ယန် စွမ်းအင်ကို မြန်မြန်စုပ်ယူချင်လား”
“နည်းလမ်းရှိလို့လား”
လင်းတုန်းသည် ချက်ချင်း မေးမြန်းလိုက်သည်။
ထိုကြီးမားသော အနက်ရောင် မြွေပါသည် သာမန်မဟုတ်ဟု သူသံသယရှိနေသည်။ ထိုမြွေပါ၏ မာန်မာနထောင်လွှားသော အပြုအမူသည် ဟန်ဆောင်နေသည်မဟုတ်၊ သူသည် စစ်မှန်သော
စွမ်းအားကြီးကျင့်ကြံသူ တစ်ယောက်ဖြစ်နိုင်သည်။
“သတိထား၊ စိတ်မလှုပ်ရှားသွားနဲ့ မင်းအကိုသတိထားမိ သွားလိမ့်မယ်” ရှောင်ဒေါက် သတိထားပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ မြန်မြန်ပြောပြပါ”
လင်းတုန်းသည် ချက်ချင်း တောင်းဆိုလိုက်သည်။ ထိုကောင်းကင်မြွေပါသည် သူ၏အစ်ကိုအပေါ် အတော်လေးကြောက်ရွံ့ကြောင်း သူသိထားသည်။
ရှောင်ဒေါင် - “ငါမင်းကိုသင်ပေးနိုင်တယ်၊ ဒါပေမယ့် မင်းကလည်း ငါ့ကို တစ်ခုကူညီပေးရမယ်၊ ဒါပြီးရင် ရေကန်အောက်ကိုဆင်းပြီး သွားကြည့်ပေး၊ ငါကန်အောက်ခြေမှာ တစ်ခုခုရှိတာကို ခံစားမိတယ်။”
“ဟုတ်ပီ၊ မြန်မြန်ပြောပါ” လင်းတုန်းသည် နောက်ထပ်တိုက်တွန်းလိုက်ပြန်သည်။ ဤနေရာရှိစွမ်းအင်သည် ကန့်သတ်ချက်ရှိပြီး မကုန်ခင် နောက်ဆုံးတွန်းအားဖြင့် ကောင်းကင်ယွမ်နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုသည်။
ရှောင်ဒေါင်သည် လင်းတုန်းကို စုပ်ယူနည်းကို စိတ်ထဲမှသင်ကြားပေးလိုက်သည်။
စွမ်းအင်သန့်စင်ခြင်း၊ စိတ်ဝိညာဉ် လျှို့ဝှက်နည်းလမ်း... ဝိညာဉ်စွမ်းအင်အတွက် အကူအညီအသုံးပြုမှုနည်းလမ်း။
လင်းတုန်းသည် ထိုနည်းလမ်းကို ကျွမ်းကျင်သွားခဲ့ပြီးနောက် သူ၏စုပ်ယူမှုရေဝိုင်းသည် ရုတ်တရက်ကြီးထွားလာခဲ့သည်၊ ဝူယွမ်နှင့် အခြားလေးဦးတို့ အားလုံးပေါင်းသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။ သူသည် ရေကန်အတွင်းရှိ ယင် နှင့် ယန် စွမ်းအင်များကို မြင်နိုင်သောအမြန်နှုန်းဖြင့် စုပ်ယူနေခဲ့သည်၊ ဝေလငါးကြီးတစ်ကောင်ကဲ့သို့ စွမ်းအင်ကို လုယက်စုပ်ယူနေသည်။
“အိုး!”
“အိုး!”
...ဝူယွမ်၊ ရှားကျိလင်း နှင့် အခြားသုံးဦးတို့သည် အားလုံးအံ့အားသင့်သွားကာ၊ စိတ်ထဲတွင် “အိုး” အော်ဟစ်လိုက်မိပြီး လင်းတုန်းကို ကြိတ်ကျိန်ဆဲလိုက်ကြသည်... ‘ သောက်ခွေးကောင်’
ဤနှုန်းဖြင့်ဆိုလျှင်၊ စွမ်းအင်အားလုံးကို လင်းတုန်းတစ်ဦးတည်းကသာ စုပ်ယူသွားလိမ့်မည်။
“ဒီကောင်ထူးဆန်းနေတယ်။ ကောင်းကင်မြွေပါ နိုးနေပြီနဲ့တူတယ်၊ ငါ့ကိုတောင်မပြော ပြဘူးဘဲ” ဝူယွမ်က ခန့်မှန်းမိလိုက်သည်။
လင်းတုန်းတွင် ဤနည်းလမ်းမရှိခဲ့ပေ၊ အနည်းဆုံးအရင်ကမဟုတ်ခဲ့ပေ၊ သို့မဟုတ်လျှင် သူ့ထံမှ ဖုံးကွယ်ရမှာ မဟုတ်တော့ပေ။
ထိုကောင်းကင်မြွေပါက သူ့အားသင်ကြားပေးခဲ့ခြင်းဖြစ်ရမည်။
ဝူယွမ်သည် ချက်ချင်း အမှန်တရားကို ခန့်မှန်းလိုက်မိပြီး လင်းတုန်းကို အလွန်အမင်း အားကြမိသွားသည်။ ကံကြမ္မာသားတော် ဆိုသည်အတိုင်း ကျောက်လက်ဖွဲ့ရရှိရုံသာမက၊ လမ်းပြရန် စွမ်းအားကြီးကျင့်ကြံသူ တစ်ဦးလည်းရှိသည်။
“ဒီစုပ်ယူမှုနှုန်းက အရမ်းနှေးလွန်းတယ်။” ဝူယွမ် မျက်မှောင်ကြုံ့နေသည်။ ဒန်ရှန်ရေကန်၏ စွမ်းအင်သည် ကန့်သတ်ချက်ရှိပြီး၊ လူငါးဦးက အပြိုင်အဆိုင် စုပ်ယူနေကြသည်။အခု လင်းတုန်းက တိုက်ရိုက်လှည့်စားကာ လုယက်နေသည်။
ဝူယွမ်သည် ဤအခွင့်အရေးကို အသုံးချပြီး ယွမ်ဒန်အဆင့်သို့ ချိုးဖျက်တက်ရောက်လိုသော်လည်း၊ လက်ရှိအခြေအနေကဆိုးရွားနေပြီး မြင့်မြတ်သောကောင်းကင်တန်ခိုး၏ စုပ်ယူမှုအမြန်နှုန်းသည် သူ့အား ယွမ်ဒန်အဆင့်သို့ တွန်းပို့ပေးရန်မလုံလောက်ချေ။
သူလည်း လှည့်စားချင်နေသည်။
“ဟုတ်သားဘဲ၊ စွမ်းအင်စုပ်ယူနိုင်တဲ့ ရူန်းရှိမရှိ စစ်ဆေးကြည့်ရမယ်”
သူအသစ်ရရှိခဲ့သော မူလရူန်း လျှို့ဝှက်ချက် အတွင်း ရူန်းပေါင်းများစွာရှိပါပြီး၊ တစ်ခုစီတွင် ကွဲပြားသော လုပ်ဆောင်ချက်များရှိသည်။
သူရရှိခဲ့သော ရှေးဟောင်း၀န်ရိုး တံဆိပ်တွင် ရှိသော ရူန်းသည် အခြားသူများ၏ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုနိုင်ပြီး ၎င်း၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။
“ရပြီ၊ မူလဝိညာဉ်စုဆောင်းရေးရူန်း!”
ဝူယွမ်သည် သင့်လျော်သော ရူန်းတစ်ခုကို မြန်မြန်ဆန်ဆန်ရှာဖွေတွေ့ရှိသွားသည်။
“မူလဝိညာဉ်စုဆောင်းရေးရူန်း- ကောင်းကင်နှင့်မြေကြီးကြားတွင် မွေးဖွားလာသော မူရင်းရူးန်များထဲမှတစ်ခုဖြစ်ပြီး၊ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို မြန်မြန်ဆန်ဆန်စုဆောင်းနိုင်စွမ်းရှိသည်။ ဤရူန်းမွေးဖွားရာနေရာများတွင် ကောင်းချီးပေးသောမြေ၊ ဆုလာဘ် စသည့် အံ့ဖွယ်ရာများဖြစ်ပေါ်စေတတ်သည်။ ၎င်းကို ဝိညာဉ်စုဆောင်းရေးနည်းစနစ်အဖြစ် အသုံးပြုနိုင်သည်...”
ဝိညာဉ်စုဆောင်းရေးရူန်းနှင့်ပတ်သက်သော မိတ်ဆက်ချက်အပိုင်းအစများစွာသည် ဝူယွမ်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်၊ ရူန်း၏မူလအစ၊ လုပ်ဆောင်ချက်နှင့် အသုံးပြုနည်းများကို အသေးစိတ် ဖော်ပြထားသည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စုဆောင်းရေးရူန်းကို စတင်ရေးဆွဲလိုြ်သည်။
သူသည် ဆက်တိုက်အကြိမ်များစွာ ရေးဆွဲနေသော်လည်း မအောင်မြင်သေးပေ။ ရူန်းအတွင်းရှိ ပုံစံများသည် အလွန်များပြားလွန်းပြီး ရှုပ်ထွေးလွန်းသည်။
“အတော်လေး ခက်တာဘဲ”
စိတ်ထဲတွင် ရှင်းလင်းသော ရူန်းပုံစံရှိသော်လည်း၊ ၎င်းကိုရေးဆွဲရန် ခက်ခဲနေဆဲဖြစ်သည်။
ဝူယွမ်၏အခြေအနေသည် အခုကဲ့သို့ဖြစ်နေသည်။
ဦးနှောက်- “ငါနားလည်ပြီ!”
လက်- “မဟုတ်ဘူး ငါနားမလည်ဘူး!”
ဆယ်ကြိမ်ထက် ပိုများသော ကျရှုံးမှုများပြီးနောက်၊ ဝူယွမ်သည် နောက်ဆုံးတွင် သူ၏ဒန်တျန်းနေရာတွင် ဝိညာဉ်စုဆောင်းရေးရူန်းတစ်ခုကို ရေးဆွဲ အောင်မြင်ခဲ့သည်။ ထိုရူန်းသည် ပြည့်စုံခြင်း မရှိသေးသော်လည်း၊ စတင် လည်ပတ်နိုင်ပီဖြစ်သည်။
ချက်ချင်းပင်၊ သူ၏ဒန်တျန်းနေရာကို ဗဟိုပြုပြီး ရေဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရေဝိုင်းသည် ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ပြီး၊ မကြာမီတွင် ဒန်ရှန်ရေကန်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဒန်ရှန်ရေကန်တစ်ခုလုံးသည် လှပသော ကြယ်အစုအဝေးပုံရိပ်တစ်ခုကို ဖွဲ့စည်းနေသကဲ့သို့ဖြစ်နေသည်။
ဝူယွမ်သည် နဂါးငွေ့တန်း ဖြစ်သည်။
လင်းတုန်းသည် နေအဖွဲ့အစည်း ဖြစ်သည်။
ရှားကျိလင်းနှင့် အခြားသုံးဦးသည် ကမ္ဘာနှင့်လ ဖြစ်သည်။
ရေဝိုင်းအတွင်းရှိ ရေဝိုင်းအတွင်းထဲက ရေဝိုင်း
ရှားကျိလင်း၊ လျှို့ယိ နှင့် ရှားရှီတို့သည် အေးဆေးတည်ငြိမ်မှုမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ စုပ်ယူပြီးသား ယင်း နှင့် ယန်း စွမ်းအင်များကို ပြန်လည်လုယူခံရသောကြောင့် ဖြစ်သည်။ သူတို့၏စုပ်ယူမှုအားသည် ဝူယွမ်နှင့် လင်းတုန်းတို့၏ စုပ်ယူမှုအားနှင့် နှိုင်းယှဉ်၍မရပေ။ ဘယ်ဘက်နှင့်ညာဘက်ရှိ ရေဝိုင်းကြီးနှစ်ခုကို ကြည့်ရှုရင်း၊ သုံးဦးသည် လက်မှိုင်ချပြီး ကျင့်ကြံချင်းကို ရပ်တန့်လိုက်သည်... ဤကဲ့သို့သော အခြေအနေတွင် မည်သို့ဆက်လက် ပြိုင်နိုင်မည်နည်း။
“အစ်ကိုကြီးကတော့ အစ်ကိုကြီးပါဘဲ!” လင်းတုန်းသည် မျက်စိဖွင့် ကြည့်လိုက်ပြီး အားကျသွားခဲ့သည်
အရင်က၊ အစ်ကိုကြီးရှိနေသည့်အတွက် ထိုသို့ပြုလုပ်ရသည်ကို အနည်းငယ်စိတ်မသက်သာ ဖြစ်နေသော်လည်း၊ အခုကြည့်ရသည်မှာ၊ အစ်ကိုကြီးသည် အမြဲတမ်းအစ်ကိုကြီးဖြစ်နေသည်။
“သူက ပြန်လည်မွေးဖွားလာတဲ့သူ၊ သူက ပြန်လည်မွေးဖွားသူဘဲဖြစ်ရမယ်၊ သူက ပြန်လည်မွေးဖွားလာတဲ့သူ...” ကျောက်လက်ဖွဲ့မှတစ်ဆင့် ဝူယွမ်ကို မြင်လိုက်ပြီးနောက် ကောင်းကင်မြွေပါသည် သူ၏စိတ်ထဲတွင် ဆက်တိုက်ရွတ်နေခဲ့သည်။
သူ၏အမြင်တွင်၊ ဝူယွမ်၏ မတူညီသော ထူးခြားသည့် အရည်အသွေးများသည် သာမန်မြို့ငယ်လေးအတွင်းမှ ပေါ်ပေါက်လာနိုင်ဖို့မဖြစ်နိုင်ချေ။
ကျောက်လက်ဖွဲ့၏ပိုင်ရှင် လင်းတုန်းထက်ပင် ပိုအားကောင်းနေသောကြောင့် ပြန်လည်မွေးဖွားသူမှ လွဲ၍ အခြားမည်သူဖြစ်နိုင်သည်ကို ရှောင်ဒေါင်မတွေးတောနိုင်တော့ပေ။
သူ၏အတွေးများက ပိုသေချာလာပြီး ကောင်းကင်မြွေပါသည် မိမိကိုယ် အခြားသူများ ဘယ်တော့မှ မသိအောင်နေမည်ဟု ကျိန်ဆိုခဲ့သည်။ ပြန်လည်မွေးဖွားသူတစ်ဦးသာ အနီးအနားတွင် စွမ်းအားပြင်းထန်သော မိစ္ဆာဝိညာဉ်ရှိကြောင်း သိရှိပါက၊ သူတို့သည် မိနစ်ပိုင်းအတွင်း သူ့ကိုသန့်စင်သွားပေလိမ့်မည်။
ကောင်းကင်မြွေပါ စိုးရိမ်နေခဲ့သည်။
လင်းတုန်းသည် လုံလောက်သော ယင် နှင့် ယန် စွမ်းအင်ကို စုပ်ယူပြီး နောက်ဆုံးတွန်းအားအဖြစ် ကောင်းကင်ယွမ်နယ်ပယ်အဆင့်သို့ ချိုးဖျက်တက်ရောက်ခဲ့သည်။
“လင်းတုန်၊ စုပ်ယူတာကိုရပ်လိုက်ေတာ့၊ ရေကန်အောက်ခြေ မြန်မြန်သွား”
ကောင်းကင်မြွေပါက ချက်ချင်းနှိုးဆော်လိုက်သည်။
သူသည် လင်းတုန်းကို သူ၏အစ်ကိုထံမှ ဖြစ်နိုင်သမျှဝေးဝေးသို့ ဆွဲထုတ်ရန် ကြံနေသည်။
လင်းတုန်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး၊ သူ၏အစ်ကိုက ကျင့်ကြံခြင်း၌
နှစ်မြုပ်နေသည်ကို တွေ့လိုက်ပြီး၊ ရေကန်အောက်သို့ တိတ်တိတ်လေး ဆင်းသွားခဲ့သည်။
ရေကန်အောက်ခြေနှင့် နီးကပ်လာသည်နှင့်အမျှ၊ ယင် နှင့် ယန် စွမ်းအင်များ ပိုမိုသိပ်သည်းလာခဲ့သည်။
သို့သော် ဖိအားလည်း တိုးလာခဲ့သည်။
တကယ်တော့၊ ဒန်ရှန်ရေကန်တွင် စွမ်းအင်အများအပြားရှိသော်လည်း၊ အရင်က သူတို့၏ စုပ်ယူမှုစွမ်းအားသည် ရေကန်မျက်နှာပြင်ရှိ စွမ်းအင်ကိုသာ စုပ်ယူနိုင်ခဲ့ပြီး ရေကန်အောက်ခြေထိ မရောက်ခဲ့ခြင်းသာဖြစ်သည်။
“အစ်ကိုရဲ့ စုပ်ယူအားက အရမ်းကြောက်မက်ဖွယ် ကောင်းလွန်းတယ် ရေကန်အောက်ခြေက စွမ်းအင်ကိုတောင် ဆွဲထုတ်နိုင်တယ်”
လင်းတုန်သည် ရေကန်အောက်ဆင်းရင်း သက်ပျင်းချလိုက်မိသည်။ ရေကန်အောက်ခြေရှိ ယင် နှင့် ယန် စွမ်းအင်များသည် အပေါ်သို့ ရူးသွပ်စွာ တက်နေသည်ကို ခံစားမိသည်။
“ဘယ်လောက်ကြာမှ ရောက်မှာလဲ ငါနောက်ထပ် မခံနိုင်တော့ဘူး!” လင်းတုန်းသည် ကောင်းကင်မြွေပါကို အသိပေးလိုက်သည်။ သူ၏မျက်နှာနီရဲပြီး ပူလောင်လာသည်။
“ရောက်တော့မယ် ရှေ့မှာလမ်းရှိတယ် အဲ့ကို၀င်လိုက်”
“ဗွမ်း!”
လင်းတုန်း၏ ပတ်ဝန်းကျင်ရှိ ရေများ ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး၊ အနည်းငယ်စိုစွတ်သော ဂူတစ်ခုအတွင်း ရောက်သွားသည်။
ဂူသည် မကြီးမားလှပေ၊ ထွက်ပေါက်တစ်ခုတည်းသာရှိပြီး၊ လင်းတုန်းရေကူးဝင်လာသော လမ်းကြောင်းဖြစ်သည်။ အထူးခြားဆုံးအချက်မှာ ရေကန်ရေသည် ဂူဝသို့ရောက်ရှိသောအခါ မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ ရှေ့ဆက်မ၀င်လာတော့ပေ ထို့ကြောင့် ဂူအတွင်းတွင် ရေများမရှိချေ။
“ဘယ်လိုတောင် ထူးဆန်းလွန်းတဲ့နေရာလဲ”
လင်းတုန်းသည် ဂူကို ခဏတာ လှည့်ပတ် စစ်ဆေးပြီးနောက်၊ ဂူ၏ဗဟိုသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် နက်ရှိုင်းသော အပြာရောင်အလင်းစုတစ်ခု တိတ်တဆိတ်လွင့်မျောနေပြီး၊ မှုန်ဝါးဝါး မြွေပုံစံ အကောင်တစ်ေကာင်သည် ထိုအတွင်း၌ ကူးခတ်နေသည်ကို တွေ့လိုက်ရသည်။
“အဲ့တာ ဘယ်လို သတ္တဝါမျိုးလဲ ”
“အပြာရောင် ရေမြွေပါသားရဲ အတိအကြဆို အဲ့တာရဲ့ သားရဲ၀ိညာဥ်”
“သားရဲဝိညာဉ်လား၊ ဘယ်အဆင့်မှာရှိတာလဲ။?” လင်းတုန်းသည် ရေမြွေပါထံမှ ပြင်းထန်သော ဖိအားကို ခံစားနေရပြီး၊ ထိုအကောင်သည် ရိုးရိုးရှင်းရှင်းမဟုတ်ကြောင်း သိရှိခဲ့သည်။
“အဲ့ကောင်က လူသားအဆင့်နဲ့ဆို ယွမ်ဒန်အဆင့် ပြီးပြည့်သောအောင်မြင်မှုအဆင့်နှင့် ညီမျှသင့်သည်။”
“အဲ့လောက်တောင်အားကောင်းတယ်လား ပြန်ကြစို့” လင်းတုန်းက သတိထားပြီးပြောလိုက်သည်။ ဆုတ်ခွာရမည့်အချိန်ကို သေချာသိသည်။
“ဘာတွေကြောက်နေတာလဲ အဲ့တာနောက်ကို သေချာကြည့်လိုက်”
ကောင်းကင်မြွေပါပြောသည်ကို ကြားပြီးနောက်၊ လင်းတုန်၏ အကြည့်သည် အလင်းစု နောက်သို့ရောက်သွားသည် သူက အနက်ရောင်နှင့် အဖြူရောင်ပြောင်းနေသော ချောမွတ်သော အလုံးသုံးလုံး ထိုနေရာတွင် လွင့်မျောနေသည်ကို မြင်ခဲ့ရသည်။ အဝေးမှာရှိနေသော်လည်း လင်းတုန်းသည် ထိုအရာမှထွက်ပေါ်လာသော သန့်စင်သည့် ယင် နှင့် ယန် စွမ်းအင်ကို ခံစားနိုင်ဆဲဖြစ်သည်။
“အဲ့တာတွေက ယင်-ယန် ပုလဲလုံးတွေဘဲ၊ ဒီဒန်ရှန်ရေကန်ထဲက ပုလဲလုံးတွေက ရှားပါးပစ္စည်း တွေဘဲ။ရေကန်တစ်ခုလုံးက စွမ်းအင်တွေ နှစ်ပေါင်းများစွာ စုစည်းပြီး ဖြစ်ပေါ်လာတာ၊မင်းသာ ဒီယင်-ယန် ပုလဲလုံးတွေကို ရယူနိုင်ခဲ့ရင်၊ အရှင်သခင်ဒေါင်က မင်းကို ခြောက်လအတွင်း ယွမ်ဒန်အဆင့်ကို ဝင်ရောက်အောင်လုပ်ပေး နိုင်မယ်လို့ အာမခံတယ်၊ မဟုတ်ဘူး၊ သုံးလအတွင်း”
ကောင်းကင်မြွေပါက မြန်မြန်ဆန်ဆန် ရှင်းပြလိုက်သည်။ သူစွမ်းအားများ ပြန်ရရန် အပြာရောင်ရေမြွေပါ သားရဲဝိညာဉ်ကို လိုအပ်နေသည်။
“အဲ့လိုဆိုရင်တောင် ငါအဲ့ မြွေပါကိုမနိုင်ဘူး ငါတို့ အကိုကြီးကိုသွားပြောရအောင်” လင်းတုန်းသည် မတွန့်မဆုတ် ပြောလိုက်သည်။
အစ်ကိုကြီးသာ ကူညီပါက အနိုင်ရမည်ဟု သူယုံသည်။
ကောင်းကင်မြွေပါ- “မင်းက ကိုယ့်အကိုကြီးကိုဘဲ မှီခိုလွန်းနေတယ်၊ မင်း အားကောင်းတဲ့ကျင့်ကြံသူ ဖြစ်ချင်ရင် အခြားသူတွေကို မမှီခိုသင့်ဘူး၊ မင်း အကိုကြီးနဲ့ အဝေးမှာနေသင့်တယ် အဲ့တာက မင်းရဲ့ ကြီးထွားမှုအတွက် ပိုအထောက်အကူဖြစ်လိမ့်မယ်”
“ဟက်ဟက်၊ မင်းက ငါတို့ကို ခွဲခြင်နေတာဘဲ ...” လင်းတုန်းသည် အနက်ရောင်မြွေပါ၏ အယုံသွင်းစကားများကို လုံးဝမယုံကြည်ပေ။
အစ်ကိုကြီးသာမရှိပါက၊ သူဒီလောက်မြန်မြန် ကြီးထွားလာမည်မဟုတ်ပေ။
“ကျွန်တော့်အစ်ကိုကြီးကို မကောင်းမပြောနဲ့” လင်းတုန်းက အေးစက်စွာပြောသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ မင်းရဲ့ယွမ်စွမ်းအင်ကို ငါ့ခဏငှား။ ငါကဖြေရှင်းလိုက်မယ်” ရှောင်ဒေါင်က စကားလမ်းကြောင်း လွှဲလိုက်သည်။
ကောင်းကင်မြွေပါကိုငှားရမည်လား၊ ထိုအတိုင်းဆို အခြားသူများကို မှီခိုနေရဆဲဖြစ်သည်... လင်းတုန်းသည် အစ်ကိုကြီးမှီခိုခြင်းထက် ကောင်းကင်မြွေပါကို မှီခိုခြင်းက ပိုသင့်တော်သည်ဟု ခံစားလိုက်ရသည်။
“ဒီတစ်ကြိမ်တော့ မင်းကိုယုံလိုက်မယ်”
လင်းတုန်းသည် သူ၏ယွမ်စွမ်းအင်ကို ကျောက်လက်ဖွဲ့ထဲသို့ ထိုးသွင်းခဲ့သည်။
ယွမ်စွမ်းအင်ရရှိပြီးနောက်၊ ကောင်းကင်မြွေပါ၏ အနက်ရောင်ခန္ဓာကိုယ်ပေါ်မှ မှုန်ဝါးဝါးခရမ်းရောင် အလင်းများထွက်လာပြီး သူ၏နဖူးတွင် လျှို့ဝှက်ဆန်းကြယ်သော ရူန်းတစ်ခု ပေါ်လာခဲ့သည်။ သူ၏တောက်ပသော အနက်ရောင်မျက်လုံးများ တွင်လည်း ခရမ်းရောင်အလင်းများ လက်လာသည်။
ကောင်းကင်မြွေပါဆီမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် အပြာရောင်ရေမြွေပါထံသို့ ဖြေးဖြေးချင်း ချဉ်းကပ်သွားခဲ့သည်၊ ထိုမြွေပါသည် သူ့ကိုကြောက်ရွံ့ပြီး ပုန်းရှောင်ရန် ကြိုးစားခဲ့သော်လည်း၊ စွမ်းအားပြင်းထန်သော ဖိအားကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။
နက်ရှိုင်းသော အပြာရောင်အလင်းစုကို ကြည့်ရှုရင်း၊ ကောင်းကင်မြွေပါ၏မျက်လုံးများ တောက်ပသွားပြီး အနည်းငယ် ကျေနပ်သွားသယောင်ရှိသည်။ သူ၏ခြေသည်းများကို မြန်မြန်ဆန်ဆန် လှုပ်လိုက်သည်နှင့် ခြေသည်းများမှ အနက်ရောင်အလင်းများ ထွက်လာပြီး နောက်ဆုံးတွင် ဤအနက်ရောင်အလင်းများ စုစည်းလာပြီး၊ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်တွင်းနှင့်တူသော ရေ၀ိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ကောင်းကင် မိစ္ဆာပါးစပ်၊ ဝါးမျိုလိုက်”
ခြိမ်းခြောက်မှုအောက်တွင်၊ အပြာရောင်ရေမြွေပါ၏ သားရဲဝိညာဉ်သည် နိုးထလာပြီး ကောင်းကင်မြွေပါနှင့် တိုက်ပွဲဝင်ခဲ့သည်။
သို့သော်၊ သူသည် ကောင်းကင်မြွေပါ၏ပြိုင်ဘက်မဖြစ်ခဲ့ပေ။
ကောင်းကင်မြွေပါသည် လင်းတုန်း၏ယွမ်စွမ်းအင်ကို အသုံးပြုနေသော်လည်း၊ ၎င်းသည် ပိုမိုစွမ်းအားပြင်းထန်သော နည်းစနစ်များကို အသုံးပြုနေခြင်းဖြစ်သည်။
မကြာမီ၊ ကောင်းကင်မြွေပါသည် အပြာရောင်ရေမြွေပါ သားရဲဝိညာဉ်ကို အောင်မြင်စွာ မျိုချလိုက်နိုင်သည်။
“ကောင်းပြီ၊ ဒီတစ်ကြိမ် အရှင်သခင်ဒေါင်က မင်းကို ကျေးဇူးတင်သွားပီ”
ပြီးသည်နှင့် ကောင်းကင်မြွေပါသည် ကျောက်လက်ဖွဲ့ထဲသို့ ဝင်ရောက်သွားပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့သည်။
လင်းတုန်းသည်လည်း ယင်-ယန် ပုလဲလုံးသုံးလုံးကို ရရှိခဲ့ပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။
ထိုအချိန်တွင်၊ ဝူယွမ်၏ ရေဝိုင်းကြီးသည် လည်ပတ်နေဆဲဖြစ်ပြီး၊ ယင် နှင့် ယန် စွမ်းအင်ကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်၊ ရှားကျိလင်းနှင့် အခြားသုံးဦးသည် ဒန်ရှန်ရေကန်မှ တွန်းထုတ်ခံထားရပြီဖြစ်သည်။
ဝူယွမ်ဖြစ်ပေါ်စေသော စုပ်ယူအားသည် ကြီးမားလွန်းလှသည်။ ဒန်ရှန်ရေကန်တစ်ခုလုံးကို သူ့စုပ်ယူအားဖြင့် ပွက်ပွက်ဆူနေသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ယင် နှင့် ယန် စွမ်းအင်သည် တစ်နေရာတည်းသို့ မပြတ်တမ်း စီးဆင်းလျက်ရှိသည်။
သူသည် အဆင့်ချိုးဖျက်တက်ရောက်တော့မည် ဖြစ်သည်။
ထိုကိစ္စသည် ရှား၀မ်ကျင်း နှင့် အခြားသူများကို ဆွဲဆောင်နိုင်ခဲ့သည်၊ အားလုံးသည် ဒန်ရှန်ရေကန်ကို ဝိုင်းရံထားပြီး ဝူယွမ်ကို စောင့်ရှောက်နေကြသည်။
ရှား၀မ်ကျင်းသည် ဝူယွမ်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်နေသည်။
ဒီလောက်ပြင်းထန်သော ယင် နှင့် ယန် စွမ်းအင်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဝူယွမ် စုပ်ယူထားသော ယင် နှင့် ယန် စွမ်းအင်သည် နဝမအဆင့် ဖြစ်နိုင်သည်ဟု သူအကဲဖြတ်ခဲ့သည်။
“ ဒီလောက်ကြီးကျယ်တဲ့ စွမ်းအင်လှိုင်းတွေနဲ့ ယွမ်ဒန်အဆင့် တက်တဲ့သူကို ငါတစ်ခါမှမမြင်ဖူးဘူး ”
“သူယွမ်ဒန်ကို ဖွဲ့စည်းတော့မယ်။ ဘုရားရေ၊ ဒီလောက်ကြီးမားတဲ့ စွမ်းအင်လှိုင်းတွေနဲ့ဆို သူ ကြယ်ဘယ်နှစ်လုံးယွမ်ဒန်ကို ဖွဲ့စည်းနိုင်မလဲ”
“အနည်းဆုံး ကြယ်ရှစ်ပွင့်၊ ဖြစ်နိုင်လောက်လား”
“ငါတော့ ကြယ်ကိုးပွင့်လို့ထင်တာဘဲ”
... ဘေးမှကြည့်နေသူများသည် ဝူယွမ်ကို အနှောင့်အယှက်မဖြစ်စေရန် အသံနှိမ့်ပြီး ခန့်မှန်းနေကြသည်။
သိပ်မကြာခင်တွင် ဒန်ရှန်ရေကန်အတွင်းရှိ စွမ်းအင်အားလုံးကို ဝူယွမ်က စုပ်ယူလိုက်သည်။ ယင် နှင့် ယန် စွမ်းအင်သည် ပါးလွှာသွားပြီး များစွာမကျန်တော့ပေ၊ သို့သော် သူသည် သူ၏ယွမ်ဒန်ကို ဆက်လက်ဖွဲ့စည်းနေဆဲဖြစ်သည်။
“စွမ်းအင်မလုံလောက်တော့ဘူး၊မဖြစ်နိုင်တာ ဒန်ရှန်ရေကန်တစ်ခုလုံးရဲ့ စွမ်းအင်တွေကတောင် သူအဆင့်တက်ဖို့ မလုံလောက်ဘူးလား။ သူယွမ်ဒန် ဖြစ်လာဖို့ နည်းနည်း လိုအပ်နေသေးတယ်။” ရှား၀မ်ကျင်းသည်လည်း မငြိမ်မသက်ဖြစ်လာပြီး၊ ဘေးရှိလူများကို အော်ဟစ်လိုက်သည်။
“ယင် နှင့် ယန် စွမ်းအင်ပါတဲ့ ဆေးလုံး၊ ဝိညာဉ်ဆေးပင်တွေကို မြန်မြန်ထုတ်ယူပြီး သူ့ ယွမ်ဒန်ဖွဲ့စည်းဖို့ ကူညီလိုက်ကြ။”
ရှား၀မ်ကျင်းသည် သူ၏သိုလှောင်အိပ်ထဲမှ ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များစွာကို ထုတ်ယူပြီး၊ ဝူယွမ် ယွမ်ဒန်ဖွဲ့စည်းနေသော ရေကန်ထဲသို့ အားလုံးပစ်ချလိုက်သည်။
လင်းတုန်းလည်း ထိုအရာမြင်တွေ့ရသည့်အခါ လှုပ်ရှားသွားပြီး၊ သူ၏လက်ထဲရှိ ယင်-ယန် ပုလဲလုံးသုံးလုံးကို ထိတွေ့ကြည့်လိုက်သည်။
ပုလဲလုံးများသည် ဒန်ရှန်ရေကန်၏ အဖိုးတန် ရတနာများဖြစ်ပြီး ရေကန်တစ်ခုလုံးထက်ပင် ပိုမိုကြွယ်ဝသော ယင် နှင့် ယန် စွမ်းအင်ရှိသည်။
လင်းတုန်သည် မတွန့်ဆုတ်နေဘဲ၊ ပုလဲ တစ်လုံးကို ပစ်ချကာ ဝူယွမ်ကို စုပ်ယူစေခဲ့သည်။
သူ၏လက်ထဲတွင်လည်း ပုလဲနှစ်လုံးကို အဆင်သင့်ကိုင်ထားသည်။ ဝူယွမ်သာ လိုအပ်ပါက၊ သူသည် မတွန့်ဆုတ်ဘဲ အားလုံးကို ပစ်ချလိုက်မည်ဖြစ်သည်။
နောက်ဆုံးတွင် ဝူယွမ်သည် ယင်-ယန် ပုလဲလုံးကို စုပ်ယူလိုက်ပြီး သူ၏ရေဝိုင်းသည် ရပ်တန့်သွားခဲ့သည်။
ရှား၀မ်ကျင်း- “လုံလောက်ပြီ၊ သူယွမ်ဒန်ကို ဖွဲ့စည်းတော့မည်!”
ဆေးလုံးများ ပစ်ချရန် ပြင်ဆင်နေသော ရွှမ်စု၊ ရှားကျိလင်း နှင့် အခြားသူများသည်လည်း ရပ်တန့်သွားခဲ့သည်။
လူအားလုံးသည် ဝူယွမ်ဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
သူ ကြယ်ဘယ်နှစ်ပွင့် ယွမ်ဒန်ကို ဖွဲ့စည်းမည်နည်း။