ကြယ် ယွမ်ဒန်
Vol. 5 Ch. 43
တိတ်ဆိတ်ငြိမ်သက်မှု။
အလွန်တရာတိတ်ဆိတ်နေခဲ့သည်။
ဒန်ရှန်ရေကန်ဘေးရှိ လူအားလုံးသည် အသက်ရှုကိုပင် အောင့်ထားကြပြီး ရေကန်အတွင်းရှိ လူကို မျက်စိပြုတ်ကျမတက်ကြည့်နေကြသည်။
ထိုအချိန်တွင် ဒန်ရှန်ရေကန်သည် လုံးဝငြိမ်သက်သွားပြီဖြစ်ကာ ဝူယွမ်သည် ရေပြင်ပေါ်တွင် ခြေချိတ် ထိုင်နေသည်။
သူ့ရှေ့တွင် သန့်စင်သော ယင်-ယန် စွမ်းအင်မျာ စုဝေးလျက် ရှိသည်။
ယင်-ယန် စွမ်းအင်နှစ်မျိုးသည် အလွန်အမင်း သိပ်သည်းပြီး ပုံသဏ္ဍာန်ပေါ်လာကာ လည်ပတ်လျက်ရှိသည်။
ယင်-ယန် စွမ်းအင်များ အရှိန်ပြင်းစွာဖြင့် လည်ပတ်လာပြီ ယင်-ယန် ထိုက်ကျိပုံစံ ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုဝဲကတော့သည် တစ်ဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံးတွင် လက်မအရွယ် ယွမ်ဒန်တစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုအချိန်တွင် အကြည့်များအားလုံး ယွမ်ဒန်အပေါ်သို့ ရောက်နေကြပြီး ယွမ်ဒန်၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ချင်နေကြသည်။
အင်မတန်ကြီးမားသော စွမ်းအင်လှိုင်းများမှ ဖွဲ့စည်းလာသော ယွမ်ဒန်သည် ဘယ်အဆင့်မှာ ရှိနိုင်မည်နည်း။ ကြယ်ကိုးပွင့် အဆင့်ထိ ရောက်ရှိနိုင်လောက်လား။
သို့ရာတွင် သူတို့၏မျက်လုံးများကို မည်မျှပင် ကျယ်ကျယ်ဖွင့်ဖွင့် ဝူယွမ်၏ ယွမ်ဒန်သည် စင်ကြယ်သော ငွေရောင်ဖြူဖွေးနေပြီး ထိုအပေါ်တွင် အရောင်အမျိုးမျိုးရှိသော ကြယ်အမှတ်အသား တစ်ခုတစ်လေတောင် မမြင်ရပေ။
“ကြယ်အမှတ်အသားတွေ ဘာလို့မရှိတာလဲ ဘာဖြစ်နေတာလဲ။”
“မဖြစ်နိုင်ပါဘူး၊ အညံ့ဆုံး ယွမ်ဒန်တောင်မှ ကြယ်အမှတ်အသား တစ်ခုရှိတယ်။”
“အရှိန်ကြီးပေမယ့် မိုးမရွာဘူးလား။”
...လူအုပ်သည် စိတ်ရှုပ်ထွေးသွားပြီး မိမိတို့မျက်စိရှေ့မှောက်ကအဖြစ်အပျက်ကို မယုံကြည်နိုင်ကြပေ။ အရင်က မျှော်လင့်ချက်များသည် အောက်ဆုံးထိ ကျဆင်းသွားခဲ့သည်။
“မရှိတာမဟုတ်ဘူး၊ အားလုံးရှိနေတာ၊”
ရှားဝမ်ကျင်းသည် နှုတ်ခမ်းကို သပ်လိုက်ပြီး တံတွေး မျိုချလိုက်ကာ မယုံကြည်နိုင်အောင် အံ့အားသင့်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။
“အားလုံးရှိတယ်? ဘာတွေအားလုံးရှိတာလဲ။”
မန်နေဂျာတစ်ဦးက နားမလည်သဖြင့် မေးလိုက်သည်။
“ကြယ်အမှတ်အသားတွေ၊ ကြယ်အမှတ်အသားတွေ အားလုံးရှိနေတာ။ အစ်ကိုကြီး စုစည်းထားတဲ့ ယွမ်ဒန်မှာ ကြယ်အမှတ်အသားတွေနဲ့ ဖုံးအုပ်နေတယ်၊ ဒါကြောင့် အရောင်တစ်မျိုးတည်းလို မြင်ရတာ။ သာမန် ယွမ်ဒန်ရဲ့ အဖြူရောင်စင်ကြယ်တာမျိုး မဟုတ်ဘူး၊ ညအချိန် ကောင်းကင်ထဲက ကြယ်တွေလို ငွေရောင်တောက်ပနေတာ။”
လင်းတုန်သည် ခရမ်းရောင် စွမ်းအားပြင်းနတ်ဆိုးမျက်စိ ပညာရပ်ကို တတ်ထားသည့်အတွက် အခြားသူများထက် ပိုရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
၎င်းကို ယွမ်ဒန်ဟု ခေါ်ဆို၍ မရတော့ပါ။
ကြယ်ကိုးပွင့် ယွမ်ဒန်ထက် သာလွန်သော အရာတစ်ခုဖြစ်သည်။
ငွေရောင် ယွမ်ဒန်လား။
မဟုတ်ဘူး၊ ကြယ် ယွမ်ဒန်ဟု ခေါ်ဆိုသင့်သည်။
လူအုပ်သည် နားလည်သဘောပေါက်သွားပြီး တံတွေးများမျိုချလိုက်မိသည်။ နောက်ဆုံးတွင် သူတို့၏ ကျင့်ကြံချင်းနယ်ပယ်ချဲ့ထွင်မှုကို တစ်ခုနှင့် ကြုံတွေ့လိုက်ကြရသည်။ သူတို့သည် ဝူယွမ်ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။
အခြားသူများ၏ ကြယ်အမှတ်အသားများသည် လက်ချောင်းဖြင့် ရေတွက်နိုင်သော်လည်း သူ၏ ကြယ်အမှတ်အသားများမှာ မရေမတွက်နိုင်အောင်ပင် ရှိသည်။
ကွာဟချက်ဆိုသည်မှာ အဘယ်နည်း။
ထိုအရာသည် ကွာဟချက်ဖြစ်သည်။
ဝူယွမ် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ယွမ်ဒန်သည် အပေါ်သို့ ပျံတက်သွားကာ သူ၏ ပါးစပ်ထဲသို့ ဝင်သွားသည်။
ယွမ်ဒန်သည် ချက်ချင်းဆိုသလို သူ၏ ဝမ်းဗိုက်နေရာသို့ ရောက်ရှိသွားသည်။
ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်အားလုံးသည်လည်း ယွမ်ဒန်အတွင်းသို့ စုစည်းသွားပြီး အလွန် ခိုင်မာလာကာ ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာသည်။
ယခင်က ယင်-ယန် စွမ်းအင်နှစ်ခုသည် သီးခြားစီ လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ယင်-ယန် စွမ်းအင်သည် ပေါင်းစည်းသွားသည်။ ယခင်က ရေခဲပြာ ယွမ်စွမ်းအင်နှင့် အနီရောင် ယွမ်စွမ်းအင်သည် ခရမ်းရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝူယွမ်သည် အရင်ကကြုံတွေ့ဖူးခြင်းမရှိသော စွမ်းအားကို ခံစားနေရသည်။ ဝေထုန်ကဲ့သို့ လူတစ်ယောင်ကိုတောင် သူ၏ လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်ဟု ခံစားနေရသည်။
ဝူယွမ်သည် ထရပ်လိုက်ပြီး ဒန်ရှန်ရေကန် အတွင်းမှ ထွက်လာသည်။
ရှားဝမ်ကျင်းသည် ဝူယွမ် ထွက်လာသည်ကို ငေးနေမိသည်။ ဝူယွမ်သည် ယွမ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်မထားသော်လည်း ဝူယွမ်ထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို သူခံစားလိုက်ရသည်။ ထို့အပြင် သူ၏ ကိုယ်ပိုင်စွမ်းအင်သည်လည်း ဝူယွမ်အပေါ် သက်ရောက်မှုမရှိပေ။ ဝူယွမ်၏ စွမ်းအားသည် သူ၏ စွမ်းအားနှင့် သက်မကွာတော့ဟု ထင်မိသည်။
“ဟီးဟီး... ကောင်ကလေး... ဒီတစ်ကြိမ်မှာတော့ အကျိုးအမြတ်တွေအားလုံး မင်းနဲ့မင်းညီ အစ်ကိုနှစ်ယောက်ရသွားတာပဲ၊ အထူးသဖြင့် မင်းပါ။ ဟိုသုံးယောက်ကို ကြည့်လိုက်စမ်း၊ မျက်နှာတွေရှုံ့နေကြတာ။”
သွယ်လျပြီး ချောမောသော ရွှမ်စုသည် ဝူယွမ်ထံသို့ ချဉ်းကပ်လာကာ ပြုံးရီလျက် ပြောလိုက်သည်။
ဝူယွမ် ရှားကျိလင်းနှင့် အခြားနှစ်ဦးကို ကြည့်လိုက်သည်။ အမှန်ပင် သူတို့၏ မျက်နှာများ ရှုံ့တွနေကြသည်။
အထူးသဖြင့် ရှားကျိလင်းပင်၊ သူမ၏ နှုတ်ခမ်းလေး စူထွက်နေသည်။
သူတို့သည် ဒန်ရှန်ရေကန်ပြိုင်ပွဲအတွက် ကြာမြင့်စွာ စောင့်မျှော်နေခဲ့ကြရသည်။သို့သော် လက်တွေ့ ရောက်လာသောအခါ ရေအနည်းငယ်သာ သောက်နိုင်ခဲ့ကြပြီး ဝူယွမ်နှင့် လင်းတုန်တို့က တစ်စက်မကျန် အားလုံးကို အတင်းအဓမ္မ ယူငင်သွားခဲ့သည်။ တစ်စက်ပင် မကျန်ရစ်ခဲ့ပေ။
“တောင်းပန်ပါတယ်၊ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး၊ ကျွန်တော့်ရဲ့ စုပ်ယူနိုင်စွမ်းက ကြီးမားလွန်းတယ်၊ ခဏလေးအတွင်းမှာဘဲ ထိန်းချုပ်လို့မရလိုက်ဘူး” ဝူယွမ်သည် ခေါင်းကိုကုတ်ကာ အံ့အားသင့်သည့်ပုံစံဖြင့် တောင်းပန်လိုက်သည်။
ရှားကျိလင်း - “ဘာမှမဖြစ်ပါဘူး၊ ဒီမင်းသမီးလေးက ဒန်ရှန်ရေကန်ရဲ့ စွမ်းအင်တွေ မရှိမဖြစ်လိုအပ် နေတာမျိုး မဟုတ်ဘူး။”
လျှို့ယိ - “အကြီးအကဲ ဝူက ရိုသေလွန်းနေပါပီ။ ကျွန်တော်တို့က ကိုယ်ပိုင်စွမ်းရည်တွေနဲ့ စုပ်ယူခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့ စွမ်းရည်က မလုံလောက်တာေကြာင့်ပါ အရှင်အားနာဖို့မလိုဘူး။”
ရှားရှီ - “အကြီးအကဲ ဝူလို ပါရမီရှင်တစ်ဦးနဲ့ ရေအတူတူချိုးရတာကိုက ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်နေပါပီ။”
သူတို့သည် အကျိုးကျေးဇူးတစ်စုံတစ်ရာ မရရှိခဲ့ကြသော်လည်း လူသုံးဦးစလုံး၏ ဝူယွမ်အပေါ် သဘောထားမှာ အလွန်ကောင်းမွန်သည်။
ဝူယွမ် ဖြစ်ပေါ်စေခဲ့သော လှိုင်းများကို မြင်တွေ့ရပြီးနောက် ဝူယွမ်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူတို့သိလိုက်ကြသည်။ ဤအချိန်တွင် လူမိုက်သာ ဝူယွမ်ကို မကျေမနပ်ပြောဆိုရန်ရှာ ပေလိမ့်မည်။
“ဒီ ဒန်ရှန်ရေကန်ကတော့ နောက်ထပ်ဆယ်နှစ်လောက်အထိ သုံးလို့မရနိုင်တော့ဘူးထင်တယ်” ရှားဝမ်ကျင်းက သက်ပြင်းချလိုက်သည်။
ပုံမှန်အားဖြင့် ဒန်ရှန်ရေကန်၏ မျက်နှာပြင်ပေါ်မှ စွမ်းအင်ကုန်ခမ်းသွားပါက သုံးနှစ်အတွင်း ယင်-ယန် စွမ်းအင်ကို ပြန်လည်စုစည်းနိုင်သည်။
ဤတစ်ကြိမ်တွင်တော့ ဝူယွမ်က ဒန်ရှန်ရေကန်၏ စွမ်းအင်အားလုံးနီးပါးကို လုံးဝကုန်ခမ်းသွားအောင် စုပ်ယူခဲ့သည်။
“ဥက္ကဋ္ဌ၊ တောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ ရွှေတစ်သောင်းကုန်သည်အသင်းကို ကျေးဇူးကြွေးတစ်ခုတင်သွားပီ။”
ဝူယွမ်သည် အရိုအသေပေးရင်း ပြောလိုက်သည်။
“အရမ်း အလေးအနက် ထားမနေပါနဲ့၊ ကျေးဇူးတင်စရာ ဘာမှမလိုဘူး။ မင်းက ငါတို့အသင်းရဲ့ အကြီးအကဲတစ်ယောက်ဘဲ။ ကိုယ့်အသင်းသားတွေ ကိုယ့်အရာတွေကို သုံးတာက ဖြစ်သင့်တဲ့အရာဘဲလေ” ဟု ရှားဝမ်ကျင်းက ရယ်သံဖြင့် ပြောလိုက်သည်။ ဝူယွမ်၏ ယဉ်ကျေးမှုကို သူ၏စိတ်ထဲတွင် အလွန်ကျေနပ်နေသည်။ သူလိုချင်သည်မှာ ဝူယွမ် ဤကျေးဇူးကို မှတ်မိနေစေရန်ဖြစ်သည်။
“ကောင်းပြီ၊ ပြန်ကြရအောင်။”
ဝူယွမ်တို့အုပ်စု ပြန်လည်ထွက်ခွာလာသည်။ ဤနေရာသည် တောင်ကုန်းများထဲတွင် တည်ရှိပြီး ယန်မြို့နှင့်အတော်လေးဝေးသည်။
ဝူယွမ် - “ညီလေး၊ ဒီအဆင့်ကိုတက်နိုင်တာ မင်းကျေးဇူးကြောင့်ဘဲ။”
လင်းတုန်းသည် သိတယ်ဆိုသည့် အပြုံးမျိုးပြုံးလိုက်ပြီး ရယ်မောလိုက်သည်။
“အစ်ကိုကြီး၊ မင်းပြောသလိုပဲ၊ ညီအစ်ကိုတွေကြားမှာ သူ့ဟာ ကိုယ့်ဟာ ခွဲဖို့မလိုပါဘူး။ ”
ထို့နောက် သူ စိတ်ထဲမှ ဆက်သွယ်လိုက်သည်။ “ဒီတစ်ကြိမ်မှာ ဒန်ရှန်ရေကန်အောက်ကနေ ယင်-ယန် ပုလဲလုံး သုံးလုံးရခဲ့တယ်။ အခုနက အစ်ကိုကြီးအတွက် တစ်လုံးသုံးလိုက်တယ်၊ ကျွန်တော့အတွက် တစ်လုံးဆိုေတာ့၊ ကျန်တဲ့တစ်လုံးကို အစ်ကိုကြီး ဘယ်လိုလုပ်ချင်လဲ၊”
လင်းတုန်းသည် ယင်-ယန် ပုလဲလုံးများ အကြောင်းကို မဖုံးကွယ်ဘဲ ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ ကောင်းကင်မြွေပါအကြောင်း အစ်ကိုကြီးကို မပြောပြခဲ့ရသည့်အတွက် သူ့စိတ်ထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ အခု အစ်ကိုကြီးအား ယင်-ယန် ပုလဲလုံးကို ဆုံးဖြတ်ခွင့်ပေးခြင်းဖြင့် သူ၏စိတ်ထဲရှိ အပြစ်ရှိမှုကို ချေဖျက်လိုက်သည်။
သို့ရာတွင် ကောင်းကင်မြွေပါသည် အစ်ကိုကြီးကို အလွန်ကြောက်ရွံ့နေပြီး အစ်ကိုကြီးကလည်း ကောင်းကင်မြွေပါကို တွေ့ပါက စားသောက်မည် ဟုတ်မဟုတ် လင်းတုန်းမသေချာပေ။
သူသည် ထိုကောင်းကင်မြွေပါဆီမှ အကျိုးအမြတ် အချို့ ရယူရန် စီစဉ်ထားဆဲဖြစ်သောကြောင့် ဝူယွမ်ကိုပြောပြရန် တုံ့ဆိုင်းနေသည်။
ဝူယွမ်သည် ရှင်းရှင်းလင်းလင်း သိထားသော်လည်း ဆက်သရုပ်ဆောင်နေလိုက်သည်။ သူသည် လင်းတုန်း၏သရုပ်ဆောင်မှုကို အပြည့်အဝပံ့ပိုးပေးလိုက်ကာ လင်းတုန်းကို စုံစမ်းမေးမြန်းခြင်း မပြုဘဲ မသိချင်ယောင် ဆောင်နေလိုက်သည်။
“ယင်-ယန် ပုလဲလုံးတွေက တန်ဖိုးကြီးလွန်းတယ်၊ ယွမ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့်ရှိ လူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာဘဲ။ အရင်းနှီးဆုံးလူတွေကိုသာ ပေးသင့်တယ် မင်းနဲ့ငါ တစ်ယောက်တစ်လုံးစီသုံးမယ်၊ ဒီကျန်တဲ့တစ်လုံးကို မင်းအဖေ့ကို ပေးလိုက်ကြရအောင်” ဟု ဝူယွမ်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“ဒါ... ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” လင်းတုန်းက စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင် ကျေးဇူးတင်သွားသည်။
သူ့ဖခင်ဖြစ်သူ၏ မသန်စွမ်းဖြစ်နေသော အခြေအနေသည် သူကလေးဘဝကတည်းက နှလုံးသားထဲတွင် ခံစားနေရသော နာကျဉ်မှုတစ်ခု ဖြစ်သည်။ သူ့ဖခင်ကို မသန်စွမ်းဖြစ်စေခဲ့သူ လင်းကျဲ့တျန်းကို အနိုင်ယူရန် အတွက်ကြောင့် ဤမျှကြိုးစားအားထုတ် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
လင်းတုန်သည် သူ၏ဖခင် စိတ်ဓာတ်ပြန်လည်ရှင်သန်လာပြီး သိုင်းပညာကို ပြန်လည်လိုက်စားနိုင်ရန်ကို အခြားဘယ်သူထက်မဆို မျှော်လင့်နေခဲ့သည်။
တတိယမြောက် ယင်း-ယန် စွမ်းအင်လုံးကို သူ၏ဖခင်ထံ ပေးအပ်ရန် သူအစက စဉ်းစားထားခဲ့သည်။ အကယ်၍ ဝူယွမ်က အခြားတစ်စုံတစ်ယောက်ထံ ပေးအပ်လိုပါကလည်း သူသည် မည်သည့်အပြစ်မျှ ပြောမည်မဟုတ်ဘဲ သူ၏ကိုယ်ပိုင်ယင်-ယန် ပုလဲလုံးကိုသာ သူ၏ဖခင်အတွက် သိမ်းဆည်းထားမည်ဖြစ်သည်။
“အစ်ကိုကြီးက အမြဲတမ်း ငါ့အတွက်ကို စဉ်းစားပေးတယ်။ ကောင်းကင်မြွေပါအကြောင်းကို အစ်ကိုကြီးထံ ဖုံးကွယ်ထားတာ လုပ်သင့်ရဲ့လား...။” လင်းတုန်းသည် သူ၏စိတ်ထဲတွင် ဒုက္ခရောက်နေပြီး ဝေခွဲရခက်သော အခြေအနေထဲ ကြရောက်နေခဲ့သည်။
အမှန်တော့ ဝူယွမ်သည်လည်း အတ္တဆန်သည့် ရည်ရွယ်ချက်ရှိသည်။ ယင်း-ယွမ် စွမ်းအင်လုံးကို ပိုင်ယွမ်ကို ပေးရန် သူစဉ်းစားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပိုင်ယွမ်သည် ထိုကဲ့သို့စွမ်းအင်စင်ကြယ်မှုမျိုးကို အလွန်နှစ်သက်သောကြောင့်ဖြစ်သည်။
သို့ရာတွင် လင်းတုန်း၏ ဆန္ဒကို ဖြည့်စီးပေးရန် သာသူရွေးချယ်လိုက်သည်။
ဤကမ္ဘာပေါ်တွင် လင်းတုန်းကို အသိဆုံးသောသူသည် သူဘဲဖြစ်သည်၊ ဤအချက်ကို သံသယရှိရန်မလိုပေ။
ပိုင်ယွမ်နှင့်ပတ်သက်လျှင်၊ သူမ၏ အစာစားချင်စိတ်သည် အလွန်ကောင်းမွန်သည်။ သူမသည် သန့်စင်သော မည်သည့် ဝိညာဉ်အပင်ကိုမဆို စားသုံးနိုင်သည်။ ထို့ကြောင့် ယင်-ယန် ပုလဲလုံးကို မရှိမဖြစ်မလိုအပ်ပေ။
ဒီတစ်ကြိမ်တွင် လူနှစ်ယောက်သည် မိတ်ဆွေကောင်းများ လမ်းကြောင်းပေါ်တွင် နောက်ထပ်တစ်လှမ်း ရှေ့တက်သွားပြန်ပီ ဖြစ်သည်။ ဝူယွမ်တို့အုပ်စုသည် တောင်ကုန်းများမှ ထွက်ခွာလာပြီး ယန်းမြို့၏ ဝင်ပေါက်သို့ ရောက်ရှိလာနှင့်
သွေးဝံပုလွေဂိုဏ်း၏ အလံကြီးများ လှုပ်ခတ်နေသည်ကို မြင်လိုက်ရသည်။
ယွဲ့ရှန်းနှင့် အခြားသူများသည် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
သူတို့သည် ဝူယွမ်တို့ထွက်လာရန် စောင့်ဆိုင်းနေသည်မှာ ထင်ရှားသည်။
ယွဲ့ရှန်း ထွက်လာပြီးနောက် သွေးဝတ်ရုံဂိုဏ်း ပျက်စီးသွားကြောင်း သတင်းကို ရရှိခဲ့သည်။ ဂိုဏ်းခေါင်းဆောင်၊ဒုခေါင်းဆောင်၊ အကြီးအကဲများနှင့် ထိပ်တန်းတပည့်များသည် ချင်းယန်မြို့ကဲ့သို့သော မြို့သေးလေးတွင် သေဆုံးခဲ့ကြသည်။
ထို့အပြင် တရားခံများမှာ ဒီနေ့ ဒန်ရှန်ရေကန်အတွက် သူတို့နှင့် ယှဉ်ပြိုင်ခဲ့သူများဖြစ်သည့် ဝူယွမ်နှင့် လင်းတုန်းတို့ဖြစ်သည်။
ယွဲ့ရှန်းသည် ဒန်ရှန်ရေကန်ပြိုင်ပွဲတင် ဝူယွမ်ကြောင့် အရှက်ရလာသည့်အပေါ် အလွန်ဒေါသထွက်နေပြီး ဝူယွမ်ကိုသတ်ရန် အကြောင်းပြချက်ရှာနေသည်။ ယခု သွေးဝတ်ရုံအသင်းကို ဝူယွမ်က ဖျက်ဆီးခဲ့သည်ကို သိရှိလိုက်ရသော် အံ့အားသင့်သွားပြီး ဝူယွမ်ကိုသတ်ရန် အကြောင်းပြချက်ရှာတွေ့ခဲ့သည်။
ဝူယွမ်သည်။ အသက်ငယ်ငယ်လေးနှင့် ဝေတုန်းကို သတ်နိုင်ခဲ့သည်။ သူ၏အလားအလာသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကိုယ်တိုင်ကိုပင် ခြိမ်းခြောက်မှုခံစားရစေသည်။
ထို့ကြောင့် သူ့ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ချေ။
ယွဲ့ရှန်းက အော်ဟစ်ကာ “ဝူယွမ်၊မင်းက ငါ့သွေးဝံပုလွေဂိုဏ်းရဲ့ လက်အောက်ခံဖြစ်တဲ့ သွေးဝတ်ရုံဂိုဏ်းက ဂိုဏ်းခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို သတ်ခဲ့တယ်။ ဒီနေ့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”