← Chapters

ဂိုဏ်းချုပ် ယွဲ့ - ခင်ဗျားတို့အားလုံး ဝူယွမ်ကို ကူညီဖို့ရောက်လာကြတာလား

Vol. 5 Ch. 44

ဂိုဏ်းချုပ် ယွဲ့ - ခင်ဗျားတို့အားလုံး ဝူယွမ်ကို ကူညီဖို့ရောက်လာကြတာလား

Vol. 5 Ch. 44

လေထုသည် တင်းမာနေပြီး ချက်ချင်းဆိုသလို ဓားများဆွဲထုတ်လိုက်ကြသည်။

ဂိုဏ်းချုပ် ယွဲ့သည် ဝူယွမ်နှင့် လင်းတုန်ကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ယနေ့ ဒန်ရှန်ရေကန် ပြိုင်ပွဲကို ကြည့်ခြင်းဖြင့် ဝူယွမ်နှင့် လင်းတုန်တို့သည် ရွှေတစ်သောင်းကုန်သည်အသင်း၏ အဖွဲ့ဝင်များဖြစ်နေပြီဖြစ်သဖြင့် သွေးဝံပုလွေဂိုဏ်း၏ ရန်သူများပင်ဖြစ်နေပြီဖြစ်သည်။

ဒီနေ့ ဝေထုန်ကို သတ်နိုင်လျှင် မကြာမီ ဂိုဏ်းချုပ်ဖြစ်သည့် သူ့ကိုပါ သတ်နိုင်လိမ့်မည်။

ဝူယွမ် စကားမပြောမီ ရှားဝမ်ကျင်းက ရှေ့ကနေထွက်လာခဲ့သည်၊

“ဂိုဏ်းချုပ် ယွဲ့၊ ဝူယွမ်က ကျွန်တော်တို့ ရွှေတစ်သောင်းကုန်သည်အသင်းရဲ့ အထူးဧည့်အကြီးအကဲ တစ်ယောက်ဘဲ သူ့အသက်ကိုလိုချင်ရင် ကျွန်တော် ရှားဝမ်ကျင်းကို လက်သင့်ခံမခံ အရင်မေးရမယ်။”

“ရှားဝမ်ကျင်း၊ ယနေ့ ဝူယွမ်ကို ကျွန်တော် သတ်မှရမယ်။ ခင်ဗျားက သူ့ကို ကာကွယ်မယ်ဆိုရင် ကျွန်တော့် သွေးဝံပုလွေဂိုဏ်းနဲ့ စစ်ဖြစ်ဖို့ အသင့်ပြင်ထားလိုက်။”

ဂိုဏ်းချုပ် ယွဲ့က ဇွတ်တရွတ်ခြိမ်းခြောက်လိုက်သည်။ သူ ရှားဝမ်ကျင်းအကြောင်းကို သိထားပြီးသား ဖြစ်သည်။ ထိုလူသည် စီးပွားရေးလုပ်ငန်းမှ စတင်ခဲ့သူဖြစ်ပြီး အမြဲတမ်း ငြိမ်းချမ်းရေးကို ဦးစားပေးကာ သူနှင့် ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့မရဲဖြစ်နေသူဖြစ်သည်။

“ဟားဟား၊ ဂိုဏ်းချုပ် ယွဲ့၊ ထပ်ပြီး စစ်နဲ့ခြိမ်းခြောက်တာလား။ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာတုန်း။ ဝူယွမ်ကို ထိပါးရင် ကျွန်တော် ရွှေတစ်သောင်းအမိန့်ပြန်စာကို ထုတ်ပြန်လိုက်မယ်။ အဆိုးဆုံးအနေနဲ့တော့ နှစ်ဖက်စလုံး ပျက်စီးကြမှာပဲ။”

ရှားဝမ်ကျင်းက စိတ်ပိုင်းဖြတ်ထားသကဲ့သို့ ပြောလိုက်သည်။

သူသည် ငြိမ်းချမ်းရေးဖြင့် ချမ်းသာကြွယ်ဝရန် မျှော်လင့်သော်လည်း၊ အဲ့တာကြောင့်နှင့် ဒုက္ခကို ကြောက်ရွံ့သည်ဟု မဆိုလိုပေ။ ထို့အပြင် ကုန်သည်များသည် ရင်းနှီးမြှုပ်နှံမှုအနုပညာကို နားလည်ကြသည်။ သူ့အမြင်ဖြင့် ဝူယွမ်၏ အနာဂတ်သည် အကန့်အသတ်မရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်ရသည်။ အခု သူ့ကို ထောက်ပံ့ပေးခြင်းသည် အနာဂတ်တွင် ရွှေတစ်သောင်းကုန်သည်အသင်းအတွက် သိသိသာသာ အကျိုးအမြတ်များ ယူဆောင်လာပေးလိမ့်မည်။

ရွှမ်စုအပါအဝင် မန်နေဂျာအားလုံးကလည်း ကန့်ကွက်ခြင်းမရှိဘဲ ဝူယွမ်ကို ထောက်ခံကြသည်။

“ဝူယွမ်တစ်ယောက်အတွက် ကျွန်တော်တို့ သွေးဝံပုလွေဂိုဏ်းနဲ့ ရန်စချင်တာလား” ဂိုဏ်းချုပ် ယွဲ့က မျက်ခုံးကျိုးလိုက်သည်။

“သွေးဝံပုလွေဂိုဏ်းဆိုတာ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့ကို အနိုင်ကျင့်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒီနေ့ ဝူယွမ်ကို ထိပါးရဲတယ်ဆိုရင် ကြိုးစားကြည့်လိုက်စမ်းပါ။”

ရုတ်တရက် ယန်မြို့ဘက်မှ အိုမင်းသော်လည်း စွမ်းအားပြည့်နေသော အသံတစ်သံ ကြားလိုက်ရသည်။

လူအားလုံးက အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။ ယန်ရွှမ်းသည် အဆောင်သခင်၏ အလံကိုကိုင်၍ အဆောင်သခင်အသင်း၏ အဖြူရောင်ဝတ်ရုံ ဝတ်ထားသော လူတစ်စုနှင့်အတူ လျှောက်လာခဲ့သည်။

ထိုလူများ၏ ဝတ်ရုံများတွင် အနည်းဆုံး ရူန်းအမှတ်အသားတစ်ခုစီ ပါရှိသည်။

ထိုအရာက သူတို့သည် အနည်းဆုံး အဆောင်သခင် အဆင့်တစ်ဖြစ်ကြောင်း ဖော်ပြသည်။

“အဆောင်သခင်အသင်း”

“ဆရာယန်၊ ကျွန်တော်တို့ သွေးဝံပုလွေဂိုဏ်းက အဆောင်သခင်အသင်းကို အမြဲတမ်း ရိုသေလေးစားခဲ့တယ်။ ဒီနေ့ ရောက်ရှိလာတဲ့ ရည်ရွယ်ချက်က ဘာလဲ။”

ဂိုဏ်းချုပ် ယွဲ့က ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။ သူသည် အဆောင်သခင်အသင်း ရုတ်တရက် ပေါ်လာရသည့် အကြောင်းအရင်းကို နားမလည်သေးပေ။

“ရိုသေလေးစားတယ်ဆိုတာကို ဂိုဏ်းချုပ် ယွဲ့က သိလို့လား၊ ဝူယွမ်က ကျွန်တော့်ရဲ့ တပည့်၊ ယန်ရွှမ်းရဲ့ တပည့်ဘဲ။” ဟု ယန်ရွှမ်းက အေးစက်စွာပြောလိုက်သည်။

“သူက ခင်ဗျားရဲ့တပည့်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ဂိုဏ်းချုပ် ယွဲ့မှာ မယုံနိုင်လောက်အောင်ဖြစ်နေသည်။ ဒီလူငယ်လေးသည် ဝိညာဉ်စွမ်းအင်ကိုပါ ကျင့်ကြံနေတာလား။

“သူက ကျွန်တော့်တပည့်ဖြစ်ယုံ မဟုတ်ဘူး။ အဆောင်သခင်အသင်းရဲ့ အဆောင်သခင် အဆင့်နှစ် ကျင့်ကြံသူဘဲ” ယန်ရွှမ်းက ကြေညာလိုက်သည်။

“ရွှေတစ်သောင်းကုန်သည်အသင်း၊ အဆောင်သခင်အသင်း...” ဂိုဏ်းချုပ် ယွဲ့ စိတ်ထဲတွင် တွေးနေသည်၊ “ဒီ ချင်းယန်မြို့လို ကျေးလက်ဒေသက လာတဲ့သူက ဘယ်လိုဖြစ်ပြီး အင်အားစုကြီးနှစ်ခုရဲ့ အထင်ကြီးခြင်းကိုခံခဲ့ရမှာလဲ။”

ယန်မြို့ရှိ အဓိကအင်အားကြီးလေးခုထဲက မြို့တော်အိမ်တော်သာ ကျန်တော့သည်။

ဂိုဏ်းချုပ် ယွဲ့က “ကံကောင်းတာက မြို့တော်၀န်အိမ်တော်က ဒီမှာမရှိသေးဘူး။ ဒီအင်အားစုနှစ်ခုရဲ့ ဖိအားကို ငါ ခံနိုင်သေးတယ်” ဟု တွေးမိသည်။

သူသည် အင်အားကြီးလေးခုထဲမှ တစ္ဆေဓားဂိုဏ်းကို သူနှင့်မဟာမိတ်ဖွဲ့ရန် ခေါင်းဆောင်နိုင်ခဲ့သောကြောင့် ထိုအင်အားစုနှစ်စုကို ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။

သို့သော် သူစဉ်းစားမိသည့်အချိန်တွင် မြင်းခွာသံများ ရုတ်တရက်မြည်လာပြီး မြေပြင်တုန်ခါသွားသည်။

အနက်ရောင်သံချပ်ကာတပ် စစ်သည်အုပ်စုကြီးသည် ခမ်းနားထယ်ဝါစွာဖြင့် လျင်မြန်စွာ ရောက်ရှိလာသည်။

ခေါင်းဆောင်သည် ချောမောလှပသော မြင်းဖြူပေါ်တွင် ထိုင်နေပြီး ခရမ်းရောင်ခေါင်းစွပ်ကို ဝတ်ဆင်ထားသည်။

“သံချပ်ကာတပ်။ မြို့တော်၀န်အိမ်တော်ရဲ့ သံချပ်ကာတပ်ဘဲ။”

တစ်စုံတစ်ယောက် အံ့အားသင့် ထိတ်လန့်သံဖြင့် အော်ဟစ်လိုက်သည်။

သံချပ်ကာတပ်သည် မြို့တော်၀န်အိမ်တော်၏ စွမ်းအားအကြီးဆုံး တပ်ဖွဲ့ဖြစ်ပြီး ယန်မြို့တွင် အင်အားအကြီးဆုံးဟု ဆိုနိုင်သည်။

ဂိုဏ်းချုပ် ယွဲ့မှာ ဆဲဆိုချင်စိတ်များပေါက်နေသည်။

သံချပ်ကာတပ်သည် ရှေ့သို့တိုးလာပြီး ရောက်သင့်နှင့်

ရပ်လိုက်ကာ ခေါင်းဆောင်နေရာမှ ခရမ်းရောင်ဝတ်စုံဖြင့် မိန်းမလှလေးတစ်ဦး မြင်းပေါ်မှဆင်းလာသည်။

ဇီယွဲ့က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ “ဝူယွမ်က ကျွန်မတို့ မြို့တော်၀န်အိမ်တော်ရဲ့ အထူးဧည့်အကြီးအကဲတစ်ယောက်ဘဲ၊ မည်သူမဆို သူ့ကိုထိချင်ရင် သံချပ်ကာတပ်ရဲ့ အလောင်းတွေပေါ်က ကျော်ဖြတ်နိုင်မှရမယ်။”

အခုတော့ ပြည့်စုံသွားပြီ။

သွေးဝံပုလွေဂိုဏ်းသားများအားလုံး အံ့အားသင့်သွားကြပြီး ဂိုဏ်းချုပ် ယွဲ့ပါ အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

အဓိကအင်အားစုကြီး သုံးခုက တစ်ပြိုင်နက်ထဲ ဖိအားပေးနေသည်။

တစ်ချက်မှားသည်နှင့် လူအားလုံး၏ ပစ်မှတ်ဖြစ်သွားမည်ဖြစ်သည်။

လူတိုင်း၏ အာရုံစိုက်မှုသည် ဂိုဏ်းချုပ် ယွဲ့အပေါ်သို့ ကြရောက်နေကြသည်... “ကျေးဇူးပြုပြီး ဇာတ်လမ်းဆက်ပါအုံး။”

လင်းတုန်းသည် ဝူယွမ်ကို လေးစားသည့် အကြည့်များဖြင့် ကြည့်နေသည်၊ “အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ။”

စကားတစ်ခွန်းမှမပြောဘဲ ပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။

လမ်းမှာ ဂိုဏ်းချုပ် ယွဲ့ကို တွေ့လိုက်ရတဲ့အတွက် သူအနည်းငယ် စိတ်ရှုပ်သွားခဲ့သော်လည်း လက်တွေ့တွင်တော့ ၀ူယွမ်၏ ရန်သူများသည် လူအားလုံး၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

“ဒါကအစ်ကိုကြီးရဲ့ ဆွဲဆောင်မှုလား။”

ဂိုဏ်းချုပ် ယွဲ့၏မျက်နှာသည် နီတစ်လှည့်ဖြူတစ်လှည့် ဖြစ်နေသည်ာ။ ထိုအချိန်တွင် သူသည် ဖိအားကြီးကြီးမာမား ခံစားနေရသည်။

အမှန်ပင်၊ သူသည် အရင်က စကားကျွံ့ခဲ့ ပြီဖြစ်၍ အခု နောက်ပြန်ဆုတ်ဖို့ရာ ခက်ခဲနေလေသည်... ဂိုဏ်းချုပ် ယွဲ့ စိတ်ထဲတွင် အတွေးများနေသည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများသည်လည်း သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

တစ္ဆေဓားဂိုဏ်းမှ ကွေ့ရန်သည်လည်း အဓိကအင်အားစုကြီးသုံးခုကို ကြည့်နေသည်။သူက ယွဲ့ရှန်းနား ကပ်လာပြီး တိုးတိုးပြောလိုက်သည် “အစ်ကိုကြီး ယွဲ့၊ နောက်ထပ် အခွင့်အရေးတွေ ရှိသေးတယ်။ ဒီတစ်ခေါက်တော့ သည်းခံလိုက်ပါ။ ဒီနေ့ပြီးရင် အဲဒီကောင်လေးကို ကိုင်တွယ်လို့ရပါတယ်။”

ဂိုဏ်းချုပ် ယွဲ့က မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ပြုံးရိပ်ထုတ်ကာ ကျယ်ကျယ်ပြောလိုက်သည်။

“ဆရာယန်နဲ့ မင်းသမီလေး ဇီယွဲ့တို့ နှစ်ယောက်စလုံး ရှေ့ထွက်လာမှာတော့ ကျွန်တော်တို့ သွေးဝံပုလွေဂိုဏ်းအနေနဲ့ လေးစားမှုပြရတော့မှာပေါ့။”

“ဒီမှာ နားလည်မှုလွဲနေတာလေးတွေ ရှိနေနိုင်တယ်။ ကျွန်တော် ပြန်ရောက်တာနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးပြီး လူတိုင်းကို ဖြေရှင်းချက်ပေးပါမယ်။”

သူရဲကောင်းတစ်ယောက်ဟာ ပြိုလဲတော့မယ့် နံရံအောက်မှာ မရပ်နေသင့်ဘူးလေ။

ဂိုဏ်းချုပ် ယွဲ့ကပြောပြီးတာနဲ့ သူ့လူတွေနဲ့အတူ ထွက်သွားချင်နေသည်။ အစကတည်းက ဝူယွမ်နှင့် စကားပြောရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

“ဟားဟား၊ ဒီအတိုင်း ထွက်သွားမလို့လား။”

ဝူယွမ်က လှောင်ပြောင်လိုက်သည်။

အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ချက်ချင်းဆိုသလို နေရာကို တိတ်ဆိတ်သွားစေသည်။

လူတိုင်းက ဝူယွမ်ကို ကြည့်နေသည်။

သူဘာလုပ်မှာလဲ။

“ဟမ်~ ငါ့ကိုစိန်ခေါ်နေတာလား။”

ဂိုဏ်းချုပ် ယွဲ့က ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်လုံးများ အေးစက်သွားသည်။

“မင်းကို ငါမသတ်ရဲဘူးလို့ ထင်နေတာလား။”

ဝူယွမ်က ဂရုမစိုက်သလိုပြောလိုက်သည်။

သူ့ကြည့်ရတာ နည်းနည်းမှကြောက်ပုံမရချေ။

“မင်း။”

ဂိုဏ်းချုပ် ယွဲ့၏မျက်နှာပေါ်တွင် သွေးကြောများထောင်းထလာသည်။ သူသည ဒေါသအတော်လေးထွက်နေပီဖြစ်သည်။

သူက လူအုပ်ကိုလှည့်ပတ်ကြည့်ရှုပြီး ပြင်းထန်စွာပြောသည်။

“လူတိုင်းမြင်တယ်မလား။ သူကသေချင်နေတာ။ ငါ ဂိုဏ်းချုပ် ယွဲ့က သူ့ကိုမလွှတ်ပေးတာမဟုတ်ဘူး။”

ရှားဝမ်ကျင်း၊ ယန်ရွှမ်းနှင့် ဇီယွဲ့တို့သည် ဝူယွမ်ကို မသိမသာကြည့်နေကြပြီး သူ၏ရည်ရွယ်ချက်ကို နားမလည်ကြပေ။ သူတို့၏ဩဇာညောင်းမှုကို အသုံးချပြီး ဂုဏ်သိက္ခာအတွက် စကားကြီးစကားကျယ်များပြောလိုသည်လား။ ထိုသို့တော့မဖြစ်နိုင်ပေ။ ဝူယွမ်၏ ပုံစံမဟုတ်ပေ။

ထိုအချိန်တွင် ဝူယွမ်သည် ရှေ့သို့ထွက်လာခဲ့သည်။

သူသည် ပထမဦးဆုံး လူအားလုံးကို ဦးညွှတ်ကာ၊

“ကူညီပေးတဲ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။”

“ဒါပေမယ့် ဒါက ကျွန်တော့်နဲ့ သွေးဝံပုလွေဂိုဏ်းကြားက ရန်ငြိုးမလို့ ကိုယ်တိုင် ဖြေရှင်းခွင့်ပြုပါ။”

“ဂိုဏ်းချုပ် ယွဲ့၊ ဘယ်သူက ဘယ်သူ့ကိုလွှတ်ပေးတယ်ဆိုတာတွေမပြောနေနဲ့။ မင်းလုပ်ရပ်ကို ဆက်မလုပ်ရဲတာ သူတို့ကို ကြောက်လို့ပဲမလား။ နောက်ဆုံးတော့ တရားမျှတမှုဆိုတာ ဘယ်သူ့ရဲ့လက်သီးက ပိုကြီးသလဲဆိုတဲ့ပေါ်မှာပဲမူတည်တယ်။

အရင်တုန်းက သွေးဝတ်ရုံဂိုဏ်းက ငါ့ ရူးသွပ်ဓားသိုင်းခန်းမရဲ့ ယွမ်ကျောက်တုံးမိုင်းတွင်းကို သိမ်းယူဖို့ကြိုးစားတုန်းက အင်အားသုံးပြီးခြိမ်းခြောက်ခဲ့တယ်။

ငါတို့အနေနဲ့ အကြိုးအကြောင်းရှင်းပြခဲ့တယ် ဒါပေမယ့်သူတို့ နားမထောင်ဘဲ စစ်ခင်းခဲ့ကြတယ်၊ ဒါကြောင့်ဘဲ သူတို့အားလုံးသေဆုံးခဲ့ရတာ။ အဲ့မှာငါ သိလိုက်ရတာက ပိုကြီးတဲ့လက်သီးက အမှန်တရားဘဲ”

ဝူယွမ်စကားပြောနေစဉ် သွေးဝံပုလွေဂိုဏ်းသားများထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။

“ဒါဆို မင်းရဲ့လက်သီးက ကြီးတယ်လို့ ထင်နေတာလား။” ဂိုဏ်းချုပ် ယွဲ့က မထီမဲ့မြင်ပြုလိုက်သည်။

“အမှန်ဘဲ ငါလည်းအဲ့လိုထင်နေတာဘဲ၊ မင်းကိုသတ်နိုင်မလားမသိဘူး၊ ငါစမ်းကြည့်ချင်တယ်။”

ဝူယွမ်က အလွန်ရိုးသားစွာပြောလိုက်သည်။

ဤစကားများထွက်လာသောအခါ လူတိုင်းအံ့အားသင့်သွားသည်။

ဝူယွမ်သည် ဂိုဏ်းချုပ် ယွဲ့ကို စိန်ခေါ်ရန် ရည်ရွယ်နေသည်လား။

သူလုံး၀ ရူးသွပ်သွားပြီ။

ဂိုဏ်းချုပ် ယွဲ့သည် ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် မှာရှိသည်။

“ဟားဟား၊ ငါ့ကိုစိန်ခေါ်မယ်၊ ငါနဲ့ တိုက်ပွဲဝင်မယ်လို့ပြောတာလား” ဂိုဏ်းချုပ် ယွဲ့က ရယ်မောလိုက်သည်။

“ဝူယွမ်၊ မလှုပ်ရှားသင့်ဘူး၊ ဒီဂိုဏ်းချုပ် ယွဲ့က

သဏ္ဍာန်ပြောင်းအဆင့်ရဲ့ အချို့တစ်၀က်ကို နားလည်ပြီးသားဖြစ်နိုင်တယ်၊ ဒါကသာမန် ပြီးပြည့်စုံသောအောင်မြင်မှု အဆင့်နဲ့နှိုင်းယှဉ်လို့ ရတဲ့အရာမဟုတ်ဘူး မင်းကသူ့ကိုမယှဉ်နိုင်ဘူး။”

ရှားဝမ်ကျင်းက စိုးရိမ်စွာပြောသည်။ ဂိုဏ်းချုပ် ယွဲ့သည် သူကိုယ်တိုင်ပင် သတိထားဆက်ဆံနေရသော သူတစ်ယောက်ဖြစ်သည်။

“ သူက သဏ္ဍာန်ပြောင်းခြင်းအဆင့်ကို နားလည်နေပြီလား။”

“ဒါက သဏ္ဍာန်ပြောင်းခြင်းအဆင့်ကို ခြေတစ်လှမ်း ၀င်ရောက်နေပီလို့ ဆိုလိုတာပဲ။”

တစ်စုံတစ်ဦးသည် ရှားဝမ်ကျင်း၏စကားကိုကြားပြီး အံ့အားသင့်သွားသည်။

သဏ္ဍာန်ပြောင်းခြင်းအဆင့်ရဲ့ အဓိပ္ပာယ်ကို နားလည်မှသာ ဖန်ဆင်းခြင်းနယ်ပယ်သုံးခုထဲမှ ပထမဆုံးနယ်ပယ်ဖြစ်သည့် သဏ္ဍာန်ပြောင်းခြင်း အဆင့်ကို ၀င်ရောက်နိုင်မည်ဖြစ်သည်။

ဝူယွမ်သည် အပြုံးဖြင့် ဆက်ပြောသည်၊ “ဥက္ကဌ ရှားက စိုးရိမ်နေတယ်ဆို။ ကျွန်တော့်ကို စောင့်ကြည့်ဖို့ရာ ကူညီပေးပါ။ ကျွန်တော် ဂိုဏ်းချုပ် ယွဲ့ကို မနိုင်တော့တာနဲ့ ကျွန်တော့်ကို ကယ်ပေးပေါ့။ ကျွန်တော် ကံကောင်းပြီး သူ့ကိုသတ်နိုင်ခဲ့လျှင် ဒီအကြွေးကိုမှတ်ထားပြီး ပြန်ဆပ်ပါ့မယ်”

All Chapters