သွေးဝံပုလွေဂိုဏ်း ကျဆုံးခန်း
Vol. 5 Ch. 46
ရွှမ်စု၏ အကဲဖြတ်ရာတွင် အမြဲတမ်း ကောင်းမွန်ပြီး ရဲရင့်ပြီး ပြတ်သားသူဖြစ်သည့်အတွက် မိန်းကလေးဖြစ်သော်လည်း ရွှေတစ်သောင်းကုန်သည်အသင်းတွင် ယောက်ကျားလေးများကိုကျော်ပြီး အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သူမ စုဆောင်းခဲ့သည့်လူများထဲတွင် ဝူယွမ်သည် အကြီးမားဆုံး အံဩဖွယ်အကောင်းဆုံးသူ ဖြစ်သည်။
သူ၏ ကြီးထွားနှုန်းသည် ရွှမ်စုကိုပင် အံ့အားသင့်စေခဲ့သည်။
ဇီယွဲ့မှာ ရွှမ်စုထက် ပိုစိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် ဝူယွမ်အား မောင်ငယ်တစ်ဦးသဖွယ် သဘောထားကာ စောင့်ရှောက်ခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဝူယွမ်သည် စကားနားထောင်ပြီး ချစ်စရာကောင်းသည့် ချီးမွမ်းစကားများ ပြောတတ်သော မောင်လေးတစ်ယောက်အဖြစ် ရှိနေခဲ့သည်။
အခုတော့ ဝူယွမ်သည် သူမ၏ ဆရာနှင့် ဖခင်တို့နှင့် နှိုင်းယှဉ်နိုင်သော သူတစ်ဦးဖြစ်လာပီဖြစ်သည်
ယွဲ့ရှန်းကို တန်းတူ တိုက်ခိုက်နေသော မောင်ငယ်ကို ကြည့်ရင်း ဇီယွဲ့သည် ဂုဏ်ယူမှုနှင့်အတူ ဝမ်းနည်းမှုကိုလည်း ခံစားလိုက်ရသည်။
သူမ မသိလိုက်သည့်အချိန်တိုလေး အတွင်းမှာပင် သူမနှင့် သူမ၏မောင်လေးကြား အကွာအဝေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုအချိန်တွင် တိုက်ပွဲအတွင်းရှိ ယွဲ့ရှန်းသည် အေးဆေး မနေနိုင်တော့ပေ။
လက်ဖဝါးထဲမှ နာကျင်မှုက သူ့သိစိတ်ကို ကြည်လင်သွားစေခဲ့သည်။ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော သူ၏ သန့်စင်သော ယွမ်ဒန်စွမ်းအင်သည်ပင် ပြိုင်ဘက်၏ဓားကို မကာကွယ်နိုင်ခဲ့ပေ။
“သူက ယွမ်ဒန် သေးငယ်သောအောင်မြင်မှု အဆင့်မှာဘဲ ရှိသေးတာမဟုတ်လား၊ အဲ့တာကို သူရဲ့ယွမ်ဒန်စွမ်းအင်က ဘာလို့ အဲ့လောက်အားကောင်းနေရတာလဲ သူရဲ့ ယွမ်ဒန်က ကြယ်ကိုးလုံးပါတဲ့ ယွမ်ဒန်များဖြစ်နေတာလား...” ယွဲ့ရှန်းသည် ဝူယွမ်ကို စိုက်ကြည့်နေကာ သူ၏ယွမ်ဒန်စွမ်းအင်ကိုလည်း စိုးရိမ်နေသလို စိတ်ထဲတွင်လည်း မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
ဝူယွမ်ထက် သူ၏ယွမ်ဒန်စွမ်းအင်က ပိုကြွယ်ဝသော်လည်း သန့်စင်မှုနှင့် ပြင်းအားမှာ ဝူယွမ်ကို မယှဉ်နိုင်ခဲ့ပေ။
သူ၏ သန့်စင်သော ယွမ်ဒန်စွမ်းအင်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ပေ။
“ငါသူ့ကို သတ်မှရမယ်၊ ဒီနေ့သူမသေရင် နောင်တစ်နေ့ငါသေရလိမ့်မယ်” ယွမ်ရှန်က ဆုံးဖြတ်ချက်ချလိုက်သည်။
လက်ကိုသွေးတိတ်အောင် အတင်းအကျပ်လုပ်ကာ သူ၏မျက်လုံးများသည်လည်း ကရုဏာကင်းမဲ့လာပြီး ဝူယွမ်ဆီသို့ ထပ်မံပြေး၀င်သွားခဲ့သည်။
သူသည် ယန်မြို့တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ကရုဏာကင်းမဲ့သည့်လူတစ်ဦးလည်းဖြစ်သဖြင့် အန္တရာယ်ရှိသည့်အရာကို အချိန်မနှောင်းခင် ဖယ်ရှားထားရမည်ကို ကောင်းကောင်း သဘောပေါက်ထားသည်။
“တောင်ပြိုလက်သီး၊တောင်ပြိုလှုပ်ရှားမှုဟန်”
ယွမ်ရှန်သည် လက်သီးအတွင်း ယွမ်ဒန်စွမ်းအင်ကို ဆက်လက်စုဆောင်းနေပြီး ယွမ်စွမ်းအင်အတွင်း တောင်ထိပ်ပြိုကျနေသည့် မှေးမှိန်သောပုံသဏ္ဍာန် ဖြစ်ပေါ်လာနေသည်။
သူသည် ဝူယွမ်၏ယွမ်စွမ်းအင်ကို ကုန်ခမ်းအောင်လုပ်ချင်နေသည်။
“ မှော်ကျောက်စိမ်းလက် ”
“ကြိုးကြာ နဂါးချုပ်နှောင်လက်သည်း”
ဝူယွမ်၏ရတနာဓားသည် ပျက်စီးသွားသဖြင့် ယွမ်ရှန်၏ခွန်အားကို ကာကွယ်ရန် ကြိုးကြာလက်သည်း ချုပ်နှောင်လက်သည်း ပညာရပ်ကို အသုံးပြုခဲ့သည်။
ဤအချိန်တွင် ယွဲ့ရှန်၏ယွမ်ဒန်စွမ်းအင်သည် လုံးဝနီးပါးကုန်ဆုံးသွားကြောင်း ဝူယွမ် သတိပြုမိပြီး သွေးဆာသောအပြုံး ပြုံးပြီးပြောလိုက်သည်။ အဆုံးသတ်ရန် အချိန်တန်ပြီ။
သူ၏ ဝိညာဉ်စွမ်းအင်ကို နောက်တစ်ကြိမ် စုစည်းလိုက် သည်။
“မိုးကြိုးလှိုင်းတုန်ခါခြင်း”
သေးငယ်သော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ယွဲ့ရှန်ဆီသို့ တိုး၀င်လာပြီး ၀ူယွမ်၏ဝိညာဉ်စွမ်းအင်လှိုင်းသည် ယွမ်ရှန်၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ယွမ်ရှန်၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ လက်ဖဝါးထဲရှိ ယွမ်စွမ်းအင်သည် ရောထွေးသွားခဲ့သည်။
“နဂါးချည်မျှင်သလင်း”
“ဝိညာဉ်စုဆောင်းခြင်းရူန်း”
နဂါးချည်မျှင်သလင်းဆယ်ချောင်းကို တစ်ပြိုင်နက်တည်းထုတ်လိုက်ပြီးသည်နှင့် ဝိညာဉ်စုဆောင်းခြင်းရူန်းတစ်ခု ပေါ်လာပြီး နဂါးချည်မျှင်သလင်းဆယ်ချောင်းစလုံးကို အတူတကွစုစည်းလိုက်သည်။
ဆယ်ချောင်းပေါင်းစပ်လိုက်သော်လည်း နဂါးချည်မျှက်သလင်းများသည် ဆံချည်မျှင်ကဲ့သို့ ပါးလွှာသဖြင့် အလွန်သေးငယ်နေဆဲဖြစ်သည်။
“၀ှီးး”
သလင်းအပ်များသည် အတူတကွတိုးဝင်လာပြီး လေထဲဖြတ်သန်းသွားသည့် အသံများပင်ထွက်လာခဲ့သည်။
ယွမ်ရှန် ခေါင်းမူးသည့် ခံစားချက်ကို ခံစားနေရချိန် ဝူယွမ်သည် နဂါးချည်မျှင်သလင်းဆယ်ချောင်းကို သူ၏နဖူးအလယ်ဆီသို့ ပစ်လွှတ်လိုက်သည်၊ နဂါးချည်မျှင်သလင်းများ ယွမ်ရှန် အနားရောက်သည်နှင့် သူဖွဲ့စည်းထားသော ယွမ်ဒန်စွမ်းအင်အကာအကွယ်နဲ့ ထိတ်တိုက်တွေ့သွားပြီး ယွမ်ဒန်စွမ်းအင်အကာအကွယ်သည် နဂါးမွှေးသလင်းများကို သူ့ဆီသို့ရောက်မလာအောင် တားဆီးပေးထားသည်။
ထိုအချိန်တွင် ဝိညာဉ်စုဆောင်းခြင်းရူန်းကလည်း အသက်ဝင်လာပြီး စွမ်းအားပြင်း စုပ်ယူမှုအားသည် ယွဲ့ရှန်၏ ယွမ်ဒန်စွမ်းအင်ကို စုပ်ယူနေသည်။
နဂါးမွှေးသလင်းများသည် တဖြည်းဖြည်းချင်း အကာအကွယ်ကိုဖြတ်သန်းသွားခဲ့သည်။
“ကလန့်”
နဂါးမွှေးသလင်းတစ်ချောင်း ပြန်လည်တွန်းလှန်ခံလိုက်ရသည်။
ဝူယွမ်၏ နီဝမ်နယ်ပယ် ပွင့်သွားပြီး သဘာ၀ဝိညာဉ်အဆောင်နှစ်ခုမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ရူးသွပ်စွာ ထွက်လာပြီး နဂါးချည်မျှင်သလင်းများနှင့် ချိတ်ဆက်သွားခဲ့သည်။
ကလန့်၊ ကလန့်၊ ကလန့်
နဂါးချည်မျှင်သလင်းအတော်များများ ယွမ်ရှန်၏ ယွမ်ဒန်စွမ်းအင် အကာအကွယ်ကြောင့် ပြန်တွန်းလှန်ခံခဲ့ရသည်။
ကျန်ရှိနေသေးသော နဂါးချည်မျှင်သလင်းများသည် ရှေ့ဆက်တိုးလာပြီး သလင်းအပ်ထိပ်ဖျားသည် ယွဲ့ရှန်၏အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွား နေပီဖြစ်သည်။
ထိုအချိန်တွင် ယွဲ့ရှန် မျက်လုံးများပြူးကျယ်လာကာ နဂါးချည်မျှင်သလင်းများကို ခုခံရန် ခန္ဓာကိုယ်အတွင်းရှိ ယွမ်ဒန်စွမ်းအင်ကို အရူးအမူး လှုံ့ဆော်လိုက်သဖြင့် နဂါးချည်မျှင်သလင်း တစ်ချောင်းသာ ကျန်ရှိတော့သည်။
ဝူယွမ်က အထိတ်တလန့်မဖြစ်သွားဘဲ သူသည် နောက်ဆုံးနဂါးချည်မျှင်သလင်းကို ထိန်းချုပ်ရန်အာရုံစိုက်နေသည်။
ယွဲ့ရှန် စိုးရိမ်လာပြီး နှုတ်ခမ်းများ ဖြူဖတ်ဖြူရော် ဖြစ်လာကာ ချွေးသီးချွေးပေါက်မျာူ သူ၏နဖူးမှ စီးကြလာခဲ့သည်။
သေခြင်းတရားက သူ့ထံသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။
သွေးဝံပုလွေဂိုဏ်းအဖွဲ့ဝင်များ၏ နှလုံးသားများသည်လည်း သူတို့၏လည်ချောင်းထဲမှ ထွက်ကြမတတ် ခုန်နေခဲ့သည်။
“အဖေ”
“အဖေ”
ယွဲ့ဖန်နှင့် ယွဲ့လင်း မောင်နှမ နှစ်ယောက်လုံး ယွဲ့ရှန်အတွက် စိုးရိမ်သွားပြီး အော်ဟစ်လိုက်ကြသည်။
“ဦးလေး ကွေ့ယန်၊ ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို မြန်မြန်လေးကယ်တင်ပေးပါ”
“ဟစ်”
ကွေ့ယန်သည် နောက်ဆုံးတွင် ဓားကိုဆွဲထုတ်ကာ ဝူယွမ်ဆီသို့ ပစ်လိုက်သည်။
သူသည် သွေးဝံပုလွေဂိုဏ်း၏ဘက်မှ စွမ်းအားအပြင်းထန်ဆုံး သူဖြစ်သည်။ ယွမ်ဒန် ကြီးမားသောအောင်မြင်မှုအဆင့် တွင်သာရှိသေးသော်လည်း ဤအဆင့်တွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ရာ ဝေတုန်းတို့လူမျိုးထက် အများကြီးပိုသာသည်။
“အတင့်ရဲလို့”
“သူ့ကိုတားလိုက်”
ရှားဝမ်ကျင်းနှင့် ယန်ရွှမ်တို့ တစ်ပြိုင်နက်တည်း သတိပေးခဲ့ကြသည်။
“မစိုးရိမ်နဲ့၊ ဆရာကြီးတို့ နှစ်ယောက်လုံး ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပေးပါ”
လင်းတုန်းသည် သူ၏ ဝိညာဉ်ဖြတ်တောက်ဓားပျံများပေါ်သို့ ခြေချကာ ချက်ချင်း ပျံထွက်သွားသည်။
“ဝိညာဉ်ဖြတ်တောက်ဓားပျံများ”
အနက်ရောင်အလင်းရှစ်ခုကို ကွေ့ယန်ဆီသို့ ပစ်လွှတ်လိုက်သည်။
“နောက်ထပ် အဆောင်သခင်တစ်ယောက်”
ကွေ့ယန်က ဒေါသတကြီး ပြောလိုက်သည်။
သူသည် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ ထိုဒုတိယအဆောင်သခင် ဝူယွမ်သည် ယွဲ့ရှန်အတွက် ပြဿနာတစ်ခုဖြစ်နေခဲ့သည်။ ဤရုတ်တရက်ပေါ်လာသော လူငယ်သည်လည်း ဝူယွမ်ကဲ့သို့ဖြစ်နေမည်ဆိုလျှင် သူမနိုင်နိုင်ပေ။
“တစ္ဆေဖြတ်ပိုင်းဓား” ကွေ့ယန်သည် မဆိုင်းမတွဘဲ ပြင်းထန်သော ကိုယ်ခန္ဓာပညာရပ်ကို ချက်ချင်းအသုံးပြုကာ လင်းတုန်းကို လမ်းကြောင်းမှ ဖယ်ပစ်ပြီး ဝူယွမ်ကို နှောင့်ယှက်ရန် ကြိုးစားလိုက်သည်။
“ဟက်ဟက်၊ နဂါးချည်မျှင်သလင်း”
လင်းတုန်းသည် ပြက်ရယ်ပြုကာ ရွှေရောင်နဂါးချည်မျှင်သလင်း ဆယ်ချောင်းကို ကွေ့ယန်ဆီသို့ ပစ်လွှတ်လိုက်သည်။
“သုံးဆင့်တစ္ဆေအရိပ်ဓား”
ဂွေးယန်သည် ဓားလမ်းကြောင်းကို အတင်းအကျပ်လှည့်ကာ တားဆီးလိုက်ရသည်။
ကလန့်၊ ကလန့်၊ ကလန့်
ေကွ့ယန် နဂါးချည်မျှင်သလင်းများစွာကို ကာကွယ်လိုက်နိုင်ပေမဲ့ သလင်းအပ်အနည်းငယ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကွေ့ယန်၏ သန့်စင်သော ယွမ်ဒန်စွမ်းအင်သည် နဂါးမွှေးသလင်းများကို မကာကွယ်နိုင်ခဲ့ပေ၊ ထိုနဂါးမွှေးသလင်းများသည် စွမ်းအင်ကိုအကာအကွယ်ကို ချိုးဖျက်နိုင်စွမ်း အလွန်မြင့်မားသည်။ဒါပေမဲ့ သလင်းအပ်များသည် သူ၏ သေစေနိုင်သော အဓိကနေရာများကို မထိခဲ့ပေ။
ကွေ့ယန်သည် နာကျင်မှုကြိတ်မှိတ်ခံလိုက်ပြီး ဓားကို လင်းတုန်းဆီသို့ ထပ်မံလွှဲယမ်းလိုက်သည်။
“၀ှစ်”
နောက်ထပ်နဂါးချည်မျှင်သလင်းတစ်ချောင်း ထွက်လာပြီး သူ၏မျက်နှာကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။
ကွေးယန်သည် ဓားကို မြန်မြန်ဆန်ဆန်ပြန်ဆွဲကာ တားဆီးလိုက်ရသည်၊ စုဆောင်းလက်စ ယွမ်စွမ်းအင်သည်လည်း ဓားပေါ်တွင် တစ်ဝက်တစ်ပျက်ဖြင့်ဖြစ်နေသည်။
လင်းတုန်းလည်း နဂါးမွှေးသလင်းတစ်ချောင်း တည်းကိုဘဲ ထိန်းချုပ်ရန် အာရုံစိုက်ထားခဲ့သည်။ သဘာ၀ ဝိညာဉ်အဆောင်နှစ်ခုပေါ်လာပြီး ဝူယွမ်လုပ်သည့်အတိုင်း သူ၏ဝိညာဉ်စွမ်းအင် အားလုံးကို နဂါးချည်မျှင်သလင်းတစ်ချောင်းထဲကိုဘဲ ထည့်သွင်းပေးလိုက်ည်။
ကွေ့ယန်၏ဓားသည် သူ၏နဖူးနှင့် ကပ်နေပြီး လင်းတုန်း၏နဂါးချည်မျှု်သလင်းသည် သူ၏နဖူးကို ဦးတည်ကာ ဂွေးယန်၏ဓားထဲသို့ တစ်လက်မစီ တဖြည်းဖြည်းဝင်ရောက်နေသည်။
အချိန်တိုအတွင်း အစောကကဲ့သို့ ပုံစံတူ ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့သည်။
ဂွေးယန်သည်လည်း ယွဲ့ရှန်အတိုင်း အခက်အခဲထဲသို့ ကျရောက်သွားခဲ့သည်။
လေးယောက်စလုံး မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေသည်။
ဘယ်သူက ပထမဆုံးချိုးဖျက်နိုင်မလဲ။
ပတ်ဝန်းကျင်ရှိလူအားလုံးသည် အံ့အားသင့်သွားပြီး ထိုကဲ့သို့ အံဩဖွယ်အခြေအနေကို ရောက်ရှိသွားမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
လင်းတုန်းသည် ဝူယွမ်ကို စောင်းကြည့်လိုက်သည်၊ ဝူယွမ်သည်လည်း ထိုအခိုက်အတန့်တွင် သူ့ဆီသို့ပြန် ကြည့်ခဲ့သည်။
နှစ်ယောက်စလုံး တစ်ချိန်တည်းမှာဘဲ ပြုံးရိပ်သန်းသွားခဲ့ကြသည်။
နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် ပြောချင်သည့်အဓိပ္ပါယ်ကို နားလည်ခဲ့ကြသည်... “ဘယ်သူက ပထမဆုံး ထိုးဖောက်ဝင်ရောက်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။”
လင်းတုန် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် အမြဲတမ်း သူ့အပေါ်ကျေးဇူးကြီးမားလှသော အကိုကြီး၏ ခြေရာကို လိုက်မှီရန် ဆန္ဒရှိခဲ့သည်။ အခု သူ၏ပြိုင်ဘက်သည် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် တွင်သာ ရှိသော်လည်း အကိုကြီး၏ ပြိုင်ဘက်မှာ ပြီးပြည့်စုံသောအောင်မြင်မှု အဆင်သို့ ရောက်နေပီဖြစ်သည်။
ထိုအခြေအနေတွင် သူသာ သူ့အကိုကြီးထက် မြန်နေခြင်းမရှိခဲ့လျှင် သူသည် တကယ်ပင် အသုံးမကြတော့ပေ။
“အား”
လင်းတုန် အစွမ်းကုန် အော်ဟစ်လိုက်သည်။
သူ၏နီဝမ်နယ်ပယ်မှ ဝိညာဉ်စွမ်းအင်ကို အရူးအမူး ထုတ်လွှတ်လိုက်သည်။
ကလန့်
ကွေးယန်၏ဓား အက်ကွဲသွားခဲ့သည်။
“ဝှစ်”
လင်းတုန်း၏သလင်းအပ်သည် အတားအဆီးမရှိ ကွေ့ယန် နဖူးဆီသို့ ဝင်ရောက်သွားခဲ့သည်။
ဂွေးယန်၏မျက်လုံးများ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်သည် နူးညံ့စွာ ပြိုလဲသွားခဲ့သည်။
လင်းတုန်းသည် ဝူယွမ်ကို မြန်မြန် လှည့်ကြည့်လိုက်သည်။
ဝူယွမ်သည် ယွမ်ရှန်နှင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး သူ၏နဂါးချည်မျှင်သလင်းသည် တစ်လက်မတစ်ဝက်ခန့် ဝင်ရောက်နေပီဖြစ်သော်လည်း မချိုးဖျက်နိုင်သေးကြောင်း သူမြင်လိုက်သည်။
လင်းတုန်းသည် စိတ်ထဲတွင် အနည်းငယ် ကျေနပ်သွားသလိုခံစားရသည်၊ “ အကိုကြီး ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အကိုကြီးထက် ပိုမြန်သွားပီ”
“ဦးလေးယွမ်”
“ဂိုဏ်းခေါင်းဆောင်”
သွေးဝံပုလွေဂိုဏ်းအတွင်းမှ ယွမ်ဖုန်နှင့် သူ၏ညီမတို့သည် ထိတ်လန့်တုန်လှုပ်ခြောက်ခြားကာ အော်ဟစ်ခဲ့ကြပြီး တစ္ဆေဓားဂိုဏ်း၏ လက်အောက်ခံများက ငိုကြွေးနေကြလေသည်။
“သူ့ကိုသတ်ပြီး ဂိုဏ်းခေါင်းဆောင်အတွက် လက်စားချေကြမယ်”
“ဂိုဏ်းခေါင်းဆောင်ကို ကယ်တင်ဖို့လုပ်ကြ၊ တက်ကြ”
...သွေးဝံပုလွေဂိုဏ်း အဖွဲ့ဝင်များသည်လည်း စောင့်နေရဲခြင်းမရှ်တော့ဘဲ ဓားများကိုဆွဲကာ ယွဲ့ရှန်ကိုကယ်တင်ရန် ပြေး၀င်လာကြလေစည်။
ထွက်ပြေးဖို့ လမ်းကြောင်းရှာသူများလည်း အများအပြား ရှိသေးသည်။ သစ္စာရှိသော လက်အောက်ခံများက ရှေ့တက် တိုက်ခိုက်နေကြချိန် သူတို့သည် ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး တိတ်တဆိတ်ဆုတ်ခွာ ထွက်ပြေးရန် ကြံနေကြသည်။
အခုအခြေအနေတွင်၊ သွေးဝံပုလွေဂိုဏ်းသည် အဓိကအင်အားစုကြီးသုံးခုနှင့် ရင်ဆိုင်နေရသည်။ ခုခံခြင်းသည် သေမင်းနှင့်ပြေးတွေ့သကဲ့သို့ပင်။
“သူတို့ကိုသတ်”
ရှားဝမ်ကျင်းသည် မည်သည့် ညှာတာမှုမှမပြဘဲ အမိန့်ပေးလိုက်ပြီး သူသည် စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုနှင့် နက်ရှိုင်းသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အခုအချိန်မှာ သွေးဝံပုလွေဂိုဏ်းကို အမြစ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သူသာ ထိုအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါက ခွေးထက်ပင် အသုံးမကြသူဖြစ်ပေလိမ့်မည်။
နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ရသော သူ၏ရန်သူဟောင်းကြီး နောက်ဆုံးတော့ ယန်မြို့တွင် ဇာတ်သိမ်းတော့မည်။
“သူတို့ကိုတားလိုက်၊ ဝူယွမ်ကိုကာကွယ်”
ဇီယွဲ့ အမိန့်ပေးလိုက်သည်နှင့်။
သံချပ်ကာတပ် စစ်သည်များသည် ဝူယွမ်နှင့် ယွဲ့ရှန်ကို ဝိုင်းထားပြီး အခြားသူများကို တားဆီးထားခဲ့သည်။
အဆောင်သခင်အသင်းဝင်များသည်လည်း သံချပ်ကာ စစ်သည်များနှင့်အတူ ပူပေါင်းလိုက်ပြီး ရွှေတစ်သောင်းကုန်သည်အသင်းကဲ့သို့ အပြင်းအထန်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
မြင်ကွင်းသည် ရှုပ်ထွေးနေခဲ့သည်။
“ယွဲ့ဖန်၊ ယွဲ့လင်း အမြန်ပြေး”
“ခေါင်းဆောင်ငယ်နဲ့ သခင်မလေး သွားတော့”
“ အခြေအနေတွေကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ မဟုတ်တော့ဘူး။ အခု လွှတ်အောင်ထွက်ပြေးပြီး ဂိုဏ်းခေါင်းဆောင်အတွက် လက်စားချေပေးပါ”
လူတစ်ယောက်သည် ယွဲ့ဖန်နှင့် သူ၏ညီမကို ဆွဲကာ သူတို့အား ထွက်ပြေးရန်တိုက်တွန်းနေသည်။
လက်ရှိအခြေအနေတွင်၊ သွေးဝံပုလွေဂိုဏ်းတွင် ပြန်လည်ထူထောင်ရန် အခွင့်အရေးမရှိတော့ပေ။
“ခွေးအိုကြီး၊ တိုက်ပွဲ ပြီးပြီ”
ဝူယွမ်သည် လေမှုတ်ထုတ်လိုက်သည်။
သူ၏နဂါးမွှေးသလင်းသည် နောက်ဆုံးတွင် ယွဲ့ရှန် ကာကွယ်နေသည့်ကြားက သူ၏နှဖူးကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ဝူယွမ် ဝိညာဉ်စွမ်းအင်ထောက်ပံ့မှုကို ရုတ်သိမ်းလိုက် သည်နှင့် နဂါးချည်မျှင်သလင်းသည် ယွဲ့ရှန်၏ ခေါင်းထဲတွင် ချက်ချင်းကွေးသွားပြီး ဆွဲငင်အားထွက်ပေါ်လာကာ ဦးနှောက်ကို ဖျက်စီးပစ်လိုက်သည်။
ယန်မြို့ အာဏာရှင်သုံးပါးထဲမှ တစ်ပါးဖြစ်သူ ယွဲ့ရှန်၊ မျိုးဆက်တစ်ခု၏ အရက်စက်ဆုံးသူသည် ဝူယွမ် လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့ပီဖြစ်သည်။
လင်းတုန်းသည် သူ့ကိုကြည့်ကာ ချီးကျူးဂုဏ်ပြု၊ အံ့အားသင့်သောနေအသွင်ဖြင့် ပြုံးပြလိုက်သည်။
ဝူယွမ်းသည် မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် - “ငါ့ကိုကြည့်မနေနဲ့၊ ယွဲ့မောင်နှမကို မြန်မြန်သွားသတ်။ ကျူပင်ခုတ်ရင် ကျူငုတ်မကျန်စေနဲ့ ”
သွေးဝံပုလွေဂိုဏ်းအတွက် နောက်ဆုံးမျှော်လင့်ချက်မှာ ယွဲ့မောင်နှမဘဲရှိသည်။
ဝူယွမ်သည် အမြဲ ကြင်နာသနားနေတတ်သူ မဟုတ်ပေ။
ထိုတစ်ခြားဘက်ခြမ်းကို သူ့တိုက်ပွဲများအတွင်း မြင်တွေ့ရမည်ဖြစ်သည်။
ရန်သူဆိုပါက၊ သူတို့ရဲ့အရွယ်အစား၊ ခွန်အားကိုဂရုမစိုက်ဘဲ အားလုံးကို ဖယ်ရှားပစ်ရမည်။
တစ်စုံတစ်ယောက် ပစ်မှတ်ထားခံရခြင်းသည် အိပ်ရာထဲတွင် ဖြောင့်ဖြောင့်မအိပ်ရသောညများကို ဖြစ်ပေါ်စေသည်။
ယွဲ့မောင်နှမက သူ့ကျင့်ကြံခြင်းအဆင့်ကို လိုက်မှီမည်ကို သူမစိုးရိမ်ပေ။
အဲ့အစား ထိုမောင်နှမသည် သူ့အနားရှိလူများကို ဒုက္ခပေးမည်ကို သူစိုးရိမ်ခဲ့သည်။ ဝူယွမ်းအနားရှိ လူတိုင်းက အဆင့်မြင့်ကျင့်ကြံသူများ ဟုတ်မနေခဲ့ပေ။
“ကျွန်တော် အခုသွားလိုက်မယ်”
လင်းတုန်း ချက်ချင်းထွက်ခါလာသည်။
ဝိညာဉ်ဖြတ်တောက်ဓားပျံများပေါ်တွင် ခြေချကာ ကောင်းကင်ပေါ် တက်သွားပြီး စစ်မြေပြင်တစ်ခုလုံးကို ရှာဖွေလျှက်ရှိသည်။
သူ၏ စွမ်းအားပြင်းနတ်ဆိုးမျက်စိကို အသုံးပြုကာ ယွဲ့မောင်နှမကိုတန်း ရှာတွေ့သွားသည်။
မောင်နှမနှစ်ယောက်နှင့် လူအုပ်စုတစ်စုသည် မြို့ပြင်ရှိ တောအုပ်ထဲသို့ ထွက်ပြေးနေခဲ့သည်။
“တစ်ကယ် လွတ်သွားတော့မလို့”
လင်းတုန်းသည် ပျံသွားခဲ့သည်။
ဝိညာဉ်ဖြတ်တောက်ဓားပျံ၏ အရှိန်သည် ယွဲ့မောင်နှမထက်ပိုမြန်သောကြောင့် သူ သိပ်မကြာလိုက်ဘဲ လိုက်မှီသွားသည်။
“နဂါးချည်မျှင်သလင်း”
နဂါးချည်မျှင်သလင်းနှစ်ချောင်းကို ယွဲ့ဖန်တို့မောင်နှမကို ပစ်မှတ်ထားပြီး ပစ်လွှတ်လိုက်သည်။
“ညီမလေး၊ သတိထား”
ယွဲ့ဖန်သည် ယွဲ့လင်းကို သူ့နောက်သို့ ဆွဲပြီး ကာထားလိုက်ကာ သူ၏�လှံဖြင့် လင်းတုန်းကို ချိန်လိုက်သည်။
သူ၏မျက်လုံးများတွင်လည်း ဝမ်းနည်းမှု၏ အရိပ်အယောင်များ ပေါ်လွင်နေသည်။
မနက်ပိုင်းကပင် သူ လင်းတုန်းနှင့် တိုက်ခိုက်ခဲ့သည်။ ထိုအချိန်က လင်းတုန်းသည် ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်မှာသာ ရှိပြီး သူ၏ပြိုင်ဘက်သည် သူနှင့် အဆင့်တူ လူတစ်ဦးသာဖြစ်ပြီး သူ့ထက်ပိုကောင်းတဲ့ ကိုယ်ခန္ဓာပညာရပ်ကို သင်ယူထားတာကြောင့် ကံကောင်းပြီး သူ့ကိုအနိုင်ရခဲ့သည်ဟု သူထင်ခဲ့သည်။
သို့သော် အစော လင်းတုန်း ကွေ့ယန်ကို ရဲရဲရင့်ရင့် တိုက်ခိုက် သတ်ဖြတ်ခဲ့သည်ကိုမြင်ပြီး ယွဲ့ဖန်ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
သူနှင့် လင်းတုန်းကြားက ကွာဟမှုသည် အနည်းငယ်မျှသာမဟုတ်ပေ။
ထို့အပြင် အဆောင်သခင်တစ်ဦးလည်းဖြစ်နေသေးသည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ညီမကို လွှတ်ပေးပါ”
သူသည် လင်းတုန်ကို မခုခံနိုင်ကြောင်း ကောင်းကောင်းသိထားတာကြောင့် မည်သည့်အပိုခုခံမှုကိုမှ မပြုလုပ်ခဲ့ဘဲ သူ့ညီမကို လွှတ်ပေးရန်ကိုသာ တောင်းဆိုလိုက်သည်။
လင်းတုန်း၏ပုံရိပ်သည် ခေတ္တခဏ ရပ်တန့်သွားခဲ့သည်၊ သူ၏မျက်လုံးများတွင် မရေရာမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူ၏နဂါးချည်မျှင်သလင်းများကတော့ ယွဲ့ဖန်၏ မျက်နှာရှေ့သို့ ရောက်နေပီဖြစ်သည်။
“၀ှစ်”
နဂါးချည်မျှင်သလင်းသည် ယွဲ့ဖန်၏ခေါင်းကို ထိုးဖောက်ဝင်ရောက်သွားပြီး ခေါင်းအနောက်ဘက်မှ ပြန်ထွက်လာသည်။
ယွမ်ဒန်အဆင့်၏ သန့်စင်သော ယွမ်ဒန်စွမ်းအင် အကာအကွယ်နှင့် နှိုင်းယှဉ်ပါက ယွဲ့ဖန်၏ ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ယွမ်စွမ်းအင် အကာအကွယ်သည် သနားစရာကောင်းလောက်အောင် အားနည်းခဲ့သည်။
“အစ်ကို၊ အစ်ကို”
ယွဲ့လင်းသည် ပြင်းထန်စွာ အော်ဟစ် ငိုကြွေးလိုက်သည်။
သူမ၏လှပသောမျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းနေပြီး သူမကို သနားစရာကောင်းနေစေသည်။
ယွဲ့လင်းသည်လည်း အတော်လေးလှသော မိန်းမလှလေးတစ်ယောက် ဖြစ်သည်။
သူမ၊ ရှားကျိလင်းနှင့် ဇီယွဲ့တို့သည် ယန်မြို့၏မင်းသမီးလေး သုံးယောက်အဖြစ် လူသိများခဲ့သည်။
ဆိုလိုသည်မှာ ထိုကဲ့သို့သော အလှအပနှင့် ရင်ဆိုင်ရသော လူအချို့သည် သူမကို ထိခိုက်စေရန် တွန့်ဆုတ်နေကြမည်မှာ အသေအချာပင်။
“အစ်ကို၊ အစ်ကို”
ယွဲ့လင်းသည် ယွဲ့ဖန်၏ အလောင်းကို ပွေ့ဖက်ကာ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးခဲ့သည်။
သူမ ခေါင်းမော့လာကာ သူမ၏မျက်လုံးများထဲတွင် အငြိုးအတေးများဖြင့်ပြည့်နှက်နေပြီး လင်းတုန်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
လင်းတုန်းသည် လေထဲတွင် လှည့်ပတ်နေပြီး ယွဲ့လင်းကို ငုံ့ကြည့်ကာ ဝေခွဲရခက်နေပုံရပြီး နဂါးချည်မျှင်သလင်းတစ်ချောင်းကို ပွတ်သပ်နေခဲ့သည်။
သေချာပေါက် သူသည်လည်း တွေဝေသွားခဲ့သည်။
“မလုပ်နိုင်ရင် အတင်းဖိအားပေးဖို့မလိုဘူး”
ထိုအချိန်တွင် ဝူယွမ်း၏နူးညံ့ညှင်သာသောအသံသည် လင်းတုန်း၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
“ အကိုကြီး ကျွန်တော်...”
လင်းတုန်းသည် ရုတ်တရက် ခေါင်းမော့လိုက်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
“မင်းငါ့ကိုသတ်ချင်ရင် အခုသတ်လိုက်၊ မဟုတ်ရင် ငါမင်းကိုလက်စားပြန်ချေမယ်” ယွဲ့လင်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
ယွဲ့လင်း၏မျက်နှာအမူအရာသည် လင်းတုန်ကိုသတ်ဖို့ စိတ်ဆုံးဖြတ်ထားပုံရပြီး သူမ၏မျက်လုံးများထဲတွင်လည်း တည်ငြိမ်နေပီး ဒေါသမှလွှဲ၏ အခြားတစ်ခုကို မမြင်ရပေး။
လင်းတုန်းသည် ယွဲ့လင်းကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး သူ၏လက်ထဲမှ နဂါးချည်မျှင်သလင်းကို ပစ်လိုက်သည်။
“၀ှစ်”
သူသည် မျက်လုံးများကို ပြန်ဖွင့်သောအခါ ယွဲ့လင်းသည် လဲကြသွားခဲ့ပီဖြစ်သည်။
အခုအချိန်တွင် လင်းတုန်း၏မျက်လုံးများသည် တည်ငြိမ်သွားပြီး သူ၏မျက်နှာပေါ်တွင်လည်း ဝေခွဲမရဖြစ်နေသော ပုံစံမျိုးမရှိတော့ပေ။
“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ရဲ့နေရာတွေက မတူဘူး။ ရန်သူတွေအချင်းချင်း လိင်ကွဲပြားမှုကို ခွဲခြားလို့မရဘူး။ မင်းက မှားယွင်းတဲ့မိသားစုထဲမှာ မွေးဖွားလာခဲ့ရတာကြောင့် ကံမကောင်းခဲ့ယုံပါ” လင်းတုန်းသည်သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်နေသည်။
သူ၏စိတ်ထဲမှ နောက်တစ်ကြောင်းထပ်ပြောလိုက်သည်။
“မင်းကြောင့်နဲ့ အကိုကြီး ကျွန်တော့်အပေါ်ကို စိတ်ပျက်သွားမှာကို လက်မခံနိုင်ဘူး”