← Chapters

ကြီးမားသော ရိတ်သိမ်းမှု

Vol. 5 Ch. 47

ကြီးမားသော ရိတ်သိမ်းမှု

Vol. 5 Ch. 47

ဝူယွမ်၏ မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်လျက်ရှိပြီး ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးသော တိုက်ပွဲကို ကြည့်နေခဲ့သည်။

သူ၏ စွမ်းအင် အားလုံးနီးပါး ကုန်ခမ်းသွားပြီ ဖြစ်သဖြင့် အခုအချိန်တွင် သူ အလွန်အားနည်းနေခဲ့ပြီး မလှုပ်နိုင်တော့ပေ။

ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်သည် အမှန်စင်စစ် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သည့် အဆင့်မဟုတ်ချေ။

အနည်းဆုံး လုံထန် တစ်ရာခန့်နှင့် ညီမျှသည်ဟု... သူ့စိတ်ထဲတွင် တွက်ချက်လိုက်မိသည်။

လုံထန်တစ်ဦးကို သူ့ရိုက်ချက်တစ်ချက်ဖြင့် သတ်နိုင်သည်ဆိုလျှင် သူ၏စွမ်းအား ကုန်ခမ်းသွားသည်အထိ ရိုက်ချက်တစ်ရာ ရိုက်နိုင်‌ေသာကြောင့် လုံထန်တစ်ရာနှင့် ညီမျှသည်ဟု တွက်ချက်လိုက်ချင်းဖြစ်သည်။

ဝူယွမ် အချိန်အတော်ကြာသည်အ၊ိ လှုပ်ရှားမှုမရှိဘဲ ရပ်နေသည်ကို မြင်ရသောအခါ အခြားသူများ အနည်းငယ် စိုးရိမ်လာကြသည်။

လူသုံးယောက် ဝူယွမ်ဆီသို့ တစ်ပြိုင်နက်တည်း ချဉ်းကပ်လာကြ၏။

ဇီယွဲ့ ‌- “မောင်လေး၊ ဘာဖြစ်နေတာလဲ”

ရွှမ်စု - “ရှောင်ယွမ်၊ နင်ဘယ်လိုနေလဲ”

လင်းတုန်း - “အစ်ကို၊ ဒါကိုသောက်လိုက်”

ဝူယွမ်၏ မျက်နှာအမူအရာ ခဲသွားပြီး ချက်ချင်းပင် သူတို့သုံးဦးစလုံးကို လလှည့်ပတ်ကြည့်ရှုလိုက်သည်။

လင်းတုန်းကိုင်ထားသည်မှာ ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည် ပုလင်းဖြစ်ပြီး ထိုထဲတွင် စွမ်းအင်ပြန်လည်ဖြင့်တင်းရာ၌ အသုံးအ၀င်ဆုံး ဝိညာဉ်ဆေးရည်များပါသည်။

သူသည် ထိုပုလင်းကို ယူပြီး ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည် အားလုံးကို မျိုချလိုက်ပြီး မိန်းကလေးနှစ်ဦးအား...

“စိတ်မပူကြနဲ့၊ ကျွန်တော် ဘာမှမဖြစ်ဘူး”

ရွှမ်စုနှင့် ဇီယွဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကြည့်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ရန်ငြိုးဖွဲ့မှုအနည်းငယ်ကို ထင်နေသည်။ သူတို့နှစ်ဦးစလုံးသည် လင်းတုန်းကို မရှိသကဲ့သို့ လျစ်လျူရှုထားလိုက်ကြ၏။

ဝူယွမ်က “သတ်သင့်လို့သတ်ရတာ၊ စိတ်ထဲထား မနေနဲ့၊ ဒီနေ့ ရွှေတစ်သောင်းကုန်သည်အသင်း၊ အဆောင်သခင်အသင်းနဲ့ မြို့တော်ဝန်ရုံးတို့ မကူညီခဲ့ရင်၊ ငါတို့နှစ်ယောက်က ဒီလက်ရှိအခြေအနေကို မပြောင်းလဲနိုင်ခဲ့ရင်၊ သွေးဝံပုလွေဂိုဏ်းက ငါတို့နှစ်ယောက်ကို ဒီမှာတင် သတ်သွားယုံတင်မက ချင်းယန်းမြို့ထိပါ သွားပြီး သွေးချောင်းစီးစေမှာပဲ။ ယွဲ့မောင်နှမတွေဆိုရင် မင်းရဲ့မိဘတွေကို သတ်မယ်၊ ညီမလေး ချင်းတန်ကို သတ်မယ်၊ ပြီးရင် ဂုဏ်ယူစွာနဲ့ သူများကိုပြန်ကြွားကြတာမျိုး‌တွေဖြစ်လာလိမ့်မယ်”

ဝူယွမ်သည် လင်းတုန်းအား နှစ်သိမ့်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။

လင်းတုန်းက “အစ်ကိုကြီး၊ အကိုကြီးရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒီတစ်ကြိမ်မှာ ကျွန်တော် မပြတ်သားခဲ့ပေမဲ့ နောင်တစ်ချိန်မှာတော့ အစ်ကိုကို စိတ်မကောင်းဖြစ်အောင် မလုပ်တော့ဘူး” အခိုင်အမာ ပြောဆိုလိုက်ပြီး သူ၏ အင်္ကျီလက်ထဲရှိ လက်ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။

ဝူယွမ်၏စကားများသည် သူ့အားနည်းချက်ကို ကောင်းကောင်းကြီးထိမှန်သွားခဲ့သည်။ သူ၏အဖိုး၊ အဖေ၊ အမေ နှင့် ညီမသည် သံသယရှိစရာမလို လောက်အောင် သူ၏အားနည်းချက်များ ဖြစ်နေခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ရန်ဘက်များ ဖြစ်လာပါက တစ်ဘက်ကသာရှင်သန်ပြီး တစ်ဘက်ကသေမှရမည်။

ဒီနေ့ သူ သနားမိပါက၊ နောင်တစ်နေ့တွင် သူတို့၏ဓားများသည် သူ၏ အားနည်းနေသော မိသားစုဘက်သို့ လှည့်လာပေလိမ့်မည်။ သူတို့သည် သနားပြမည် မဟုတ်ကြပေ။

နောက်မှ ရပ်နေသော ရှားကျိလင်းသည်လည်း ဝူယွမ်ကို အံ့ဩစွာ ကြည့်နေမိသည်။ ဝူယွမ်သည် အခြားသူများကဲ့သို့ လူငယ်လေးသာဖြစ်သော်လည်း ဘယ်လိုဖြစ်ပြီး ‌ဒီလောက် စွမ်းအားကြီးမားလာသည်ကို သူမ နားမလည်နိုင်ဖြစ်နေသည်။

“သမီး၊ ဒီဝူယွမ်ဆိုတဲ့လူငယ်က ရာစုနှစ်တစ်ခုမှ တစ်ကြိမ်ဘဲ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်တစ်ယောက်ဘဲ။ ယန်မြို့ တစ်မြို့တည်းမှာတင်မဟုတ်ဘူး ယန်မင်းဆက်တစ်ခုလုံးကို ရှာဖွေကြည့်‌ရင်တောင် သူ့လို ထူးချွန်တဲ့ လူငယ်ကို ရှာတွေ့ဖို့ ခဲယဉ်းလိမ့်မယ်။ ဘယ်လိုလဲ၊ သူ့ကို သဘောကျလား။ သမီးရှက်နေရင် အဖေကိုယ်တိုင် သူ့ဆီသွားပြီး စေ့စပ်လမ်းကြောင်း ပေးမယ်”

ရှားဝမ်ကျင်းသည် ရှားကျိလင်းထံသို့ ရုတ်တရက် ချဉ်းကပ်လာပြီး သူမ၏ ရှေ့ရေးအတွက် စိတ်ပူနေသော ဖခင်တစ်ယောက် ပုံစံဖြင့် ပြောဆိုလိုက်သည်။

“အဖေ၊ ဘာတွေပြောနေတာလဲ။ သမီးက ယောကျာ်းရှာမရမဲ့ သူမျိုးမှမဟုတ်တာ၊ဒီလိုမျိုး လိုက်တောင်းနေစရာ မလိုပါဘူး” ရှားကျိလင်း မျက်နှာနီရဲသွားပြီး မျက်နှာလွှဲလိုက်သည်။

“နင် ဒီကိစ္စမှာတော့ ရွှမ်စုဆီက နည်းနည်းလေး သင်ယူသင့်တယ်”

ရှားဝမ်ကျင်းသည် စိတ်ဆိုးသကဲ့သို့ ပြောဆိုလိုက်၏။ “ဒီဝူယွမ်ဆိုတဲ့လူငယ်က သာမန်လူမဟုတ်ဘူး။ ဒီနေ့ သမီးက သူ့ကို မကြိုက်ဘူးဆိုရင် နောင်တစ်ချိန်မှာ သူနဲ့ စကားပြောဖို့ အခွင့်အရေး မရှိတော့ဘူး”

သူသည် စိတ်ထဲတွင် အမှန်တကယ် ထိုကဲ့သို့ ခံစား‌ေနရသည်။ ယနေ့မနက်ပိုင်းကပင် သူသည် ဝူယွမ်အား လူငယ်တစ်ဦးအနေဖြင့် ဆက်ဆံနိုင်သေးသည်။

အခုတော့ မည်သည့်အခါမှ မာန်မာနထားရန် ရည်ရွယ်ချက်မရှိတော့ပါ။

ရှားကျိလင်းသည် နှုတ်ခမ်းကို ကိုက်ပြီး ဘာမျှမပြောဘဲ နေလိုက်သည်။ သူမသည် ဝူယွမ်ကို တက်တက်ကြွကြွ လိုက်ဖို့ရာအထိ မရဲပေ။

ဆရာယန် တုတ်ထောက်ရင်း ဝူယွမ်နားကပ်လာသည်...

“အဟွတ်... အဟွတ်... ပထမဆုံး အနားယူကြရအောင်” ဟု ပြောလိုက်၏။

သူသည် အဆင့်လေး အဆောင်သခင်တစ်ဦး ဖြစ်တာကြောင့် သူ၏အချစ်တော် တပည့်လေး မည်သည့်အခြေအနေတွင် ရှိနေသည်ကို ကောင်းကောင်း သိထားသည်။ ကောင်းမွန်စွာ အနားယူရန် လိုအပ်နေ၏။

“မှန်တယ်၊ မှန်တယ်၊ မှန်တယ်၊ ညီလေးဝူယွမ် ပထမဆုံး အနားယူလိုက်ပါ။ နောက်ဆက်တွဲ ကိစ္စရပ်တွေကို ကျွန်တော်တို့ ရွှေတစ်သောင်းကုန်သည်အသင်းက ကိုင်တွယ်ဖြေရှင်းပေးပါမယ်။ ဒီတိုက်ပွဲရဲ့ ရလဒ်ကို ရွှမ်စုကို ညီလေးဆီ အစီရင်ခံခိုင်းလိုက်မယ်”

ရှားဝမ်ကျင်းသည်လည်း ချက်ချင်းပင် အ‌ခြေအနေကို ဖြေရှင်းပေးရန် အာမခံလိုက်သည်။ ဝူယွမ်ကိုခေါ်ဝေါ်တဲ့ အသုံးအနှုန်းမှာ ပိုမိုရင်းနှီးလာကာ ‘ရှောင်’ ဆိုသည့် စကားလုံးကို ချန်လှပ်ထားခဲ့လိုက်သည်။

အသက်အရွယ်ကို ဘေးဖယ်ထားလျှင်၊ ထို ‘ရှောင်’ ဆိုသော စကားလုံးသည် ဝူယွမ်နှင့် မကိုက်ညီတော့ပါ။ ဝူယွမ်က ယွဲ့ရှန်ကို သတ်နိုင်ခြင်းသည် သူ့ထက် ပိုစွမ်းကြောင်း သက်သေပြနေသည်။

“ဒါဆို ဥက္ကဋ္ဌ ရှားကိုဘဲ အလုပ်ပေးရတော့မယ်၊ ကျေးဇူးတင်ပါတယ်”

ဝူယွမ်က အရိုအသေပေးရင်း ပြောလိုက်သည်။

ထို့နောက် သူသည် ညီအစ်ကိုကောင်းများကဲ့သို့ လင်းတုန်း၏ ပခုံးကို ဖက်ကာ ဆရာယန်၏ လှည်းဖြင့်... အဆောင်သခင်အသင်း၏ ဝါးအိမ်လေးဆီသို့ ပြန်လာခဲ့သည်။

ဝူယွမ် လှည်းမှ ဆင်းလာသည်နှင့် တစ်ပြိုင်နက်...

“ဝေါင်း... ဝေါင်း... ဝေါင်း...”

အဖြူရောင် အရိပ်တစ်ခုသည် ခုန်ထွက်လာပြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

“ပိုင်ယွမ်”

ပိုင်ယွမ်သည် ရုတ်တရက် ရှေ့တက်လာပြီး လက်နှစ်ချောင်းကို ဖြန့်ကာ ပွေ့ဖက်မှုကို တောင်းဆိုနေသကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်လိုက်ပြီး ဝူယွမ်ထံသို့ ခုန်အုပ်လိုက်သည်။

“အိုး... ရပ်... ရပ်... ရပ်လိုက်! တစ်နေ့ ငါအသက်အရွယ်ကြီးလာရင် မင်းရဲ့ပွေ့ဖက်မှုနဲ့ပဲ ငါအသက် သေလောက်တယ်”

ဝူယွမ်သည် ချက်ချင်းပင် ဝိညာဉ်စွမ်းအင်နဲ့ အတားအဆီးတစ်ခုကို ဖန်တီးကာ ပိုင်ယွမ်၏ ပွေ့ဖက်မှုကို တားဆီးလိုက်သည်။

အိမ်မွေးသားရဲများ ကြီးပြင်းလာသောအခါတွင် တစ်ခါတစ်လေ သူမသည် ဆော့ကစားလိုသော်လည်း သူမ၏ ‘ဆော့ကစားခြင်း’ က ကိုယ်နှင့် မတူညီသော ဆော့ကစားနည်း ဖြစ်နေနိုင်သည်။

ဥပမာ ဆင်ကလေးတစ်ကောင်က ပျော်ရွှင်စွာ ဆော့ကစားသော်လည်း ကိုယ်ကတော့ အသက်အန္တရာယ်ဖြင့် ဆော့ကစားရခြင်း ဖြစ်သည်။

ပိုင်ယွမ်၏ အမွေးထူပြီးကြီးမားသော ခေါင်းကြီးသည် ဖန်တံခါးတစ်ချပ်ကို ထိမိသကဲ့သို့ “တိန်”ကနဲ ဖြစ်သွားသည်။

“ဝူးး...ဝူ...ဝူး...”

သူမသည် သူမ၏ မကျေမနပ်ဖြစ်မှုကို ဖော်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝူယွမ်ကို နှုတ်ဆက်တိုင်းတွင် စိတ်အားထက်သန်စွာ ပွေ့ဖက်ခြင်းဖြင့် နှုတ်ဆက်လေ့ရှိပြီး ထိုအကျင့်ကို စွဲနေသောကြောင့် ဖြစ်၏။

“ဗုံး”

ထိုအချိန်တွင် အခြား အနီရောင် အရိပ်တစ်ခုသည် ခုန်ထွက်လာပြီး လင်းတုန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ လင်းတုန်းအား သုံးမီတာလောက် လွန့်ထွက်သွားစေသည်။

ထို့နောက် ရှောင်ယန်သည် သူ၏ လျှာကြီးကို ထုတ်ကာ လင်းတုန်း၏ မျက်နှာကို အတင်း လျက်လိုက်သည်။

ဝူယွမ်သည် ကြောက်လန့်တကြား ကြည့်နေမိသည်။ ခုနကသာ ပိုင်ယွမ်က သူ့ကို ဒီလိုမျိုး ပွေ့ဖက်ခဲ့မယ်ဆိုရင် အတင်းမျိုချထားရတဲ့ သွေးများ ချက်ချင်း အန်ထွက်လာမှာ သေချာသည်။

ပိုင်ယွမ်သည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ဝူယွမ်တစ်ကိုယ်လုံးကို ရှူရှိုက်ကြည့်နေရင်း၊ ချက်ချင်းပင် ဝူယွမ် ဒဏ်ရာအတော်များများ ရလာကြောင်းသိသွားသည်။

“ဝှို့ ဝှို့ ဝှို့... ဝေါင်းးး...”

သူမသည် သွားများ ဖြဲကာ အသံတိုးတိုးငြီးညူလိုက်ပြီး ဟိန်းဟောက်သံ ထွက်ပေါ်လာကာ မည်သူက သူ့ကို ထိခိုက်အောင်လုပ်လိုက်တာလဲဆိုပြီး မေးနေသည့်အတိုင်းပင်။

သူမ၏ အမွေးထူထူ ခေါင်းကြီးနှင့် ဝူယွမ်၏ ရင်ခွင်ထဲတွင် ဆက်တိုက် ပွတ်တိုက်နေသည်။

“ဘာမှမဖြစ်ပါဘူး၊ ခဏ အနားယူပြီးရင် ပြန်ကောင်းသွားလိမ့်မယ်။ ငါ့ကိုထိခိုက်အောင်လုပ်တဲ့သူကို ငါကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့ပြီးပြီ”

ဝူယွမ်သည် သူမရဲ့ခေါင်းကို ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။ တစ်ဆက်တည်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး သူပြောချင်သည့် အဓိပ္ပါယ်ကို သူမထံသို့ ပို့လိုက်သည်။

ပိုင်ယွမ်သည် ဝူယွမ်ကို အလွန်အမင်း ဂရုစိုက်၏။ အမြဲတမ်း မည်သူမဆို ဝူယွမ်ထံသို့ ရန်လိုမှု အနည်းငယ် ပြသမိပါက ပိုင်ယွမ်သည် ချက်ချင်းပင် ခံစားမိပြီး အခွင့်အရေးရသည်နှင့် တိုက်ခိုက်ရန်လုပ်လေသည်။

ပိုင်ယွမ်ကို စီးရင်း အိမ်ထဲသို့ဝင်ကာ ဆေးများသောက်ပြီးနောက် ဝူယွမ်သည် သူ၏အခန်းထဲတွင် အနားယူနေခဲ့သည်။

ပိုင်ယွမ်သည် ရှောင်ယန်နှင့် ဆက်လက် ဆော့ကစားခြင်း မပြုတော့ဘဲ တံခါးနားတွင် ထိုင်ပြီး သူမ၏သခင်ကို စောင့်ရှောက်လျက် ရှိသည်။

နောက်တစ်နေ့

ရွှမ်စုသည် အနီရောင်ရှည်လျှားသော ၀တ်ရုံကို ၀တ်ဆင်ကာ ဝူယွမ်ထံသို့ ရောက်လာခဲ့သည်။

“ရှောင်ယွမ်၊ နေကောင်းလား။ အစ်မ လာတယ်”

ရွှမ်စုသည် သူမ၏ တင်းပါကို လှုပ်ယမ်းကာ ဝင်လာပြီး ရှည်လျားဖြူဖွေးသော ခြေထောက်များသည်လည်း ခြေလှမ်းတိုင်းတွင် သပ်ရပ်သိမ်မွှေ့မှုကို ပြသနေသည်။

“အစ်မ ရွှမ်စု၊ ကျေးဇူးပြုပြီး ထိုင်ပါ” ဝူယွမ်က ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။

ထို့နောက် ရွှမ်စုအတွက် လက်ဖက်ရည်ကို ဖျော်ပြီး ချပေးလိုက်သည်။

သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်နေရင်း ရွှမ်စုက ရည်ရွယ်ချက်ရှိရှိ ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။

မက်မွန်သီးကြီးနှစ်လုံး ချက်ချင်းပေါ်လာပြီး ဖြူဖွေး ၀င်းလက် မို့မောက်နေကာ ထိုမြင်ကွင်းက ဝူယွမ်၏ စိတ်ဓာတ်ကို ချက်ချင်းမြှင့်တင်ပေးလိုက်ပြီး သူ့ကို လန်းဆန်းလာစေကာ မနေ့က အားနည်းနေသူ တစ်ယောက်နှင့် လုံး၀မတူတော့ပေ။

ရွှမ်စုက “မောင်လေး ကျေးဇူးကြောင့် အခု သွေးဝံပုလွေဂိုဏ်းလက်အောက်ရှိ အင်အားစုအားလုံကို နှိမ်နင်း၊ဖျက်ဆီးခဲ့ပြီးပြီ”

ပြောဆိုရင်း သူမသည် သိုလှောင်အိပ်သုံးလုံးကို ထုတ်ယူလိုက်၏။ တစ်ခုချင်းစီကို မိတ်ဆက်ပေးရင်း...

“ဒီတစ်ခုကတော့ သူတို့ရဲ့တောင်းပန်မှုအဖြစ် စုန်မိသားစုက ပေးပို့လိုက်တဲ့ ယွမ်ကျောက်တုံး တစ်သောင်းပါ။ မူလက ဆုံမိသားစုရဲ့ခေါင်းဆောင် စုံကျန်းက သူ့သား စုံချင်းနဲ့အတူ ကိုယ်တိုင်လာပြီး တောင်းပန်ဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် ဥက္ကဋ္ဌက မောင်လေးရှောင်ယွမ် သူတို့ကို မြင်ချင်မှာမဟုတ်ဘူးလို့ ပြောပြီး ကျွန်မကို အားလုံးပို့ခိုင်းလိုက်တာ။ ကျေးဇူးပြုပြီး ရှောင်ယွမ် ဒီသိုလှောင်အိတ်ကို လက်ခံလိုက်ပါ။ အရင်က ကိစ္စတွေကို မေ့ပစ်လိုက်ပြီး စုံမိသားစုကို ခွင့်လွှတ်လိုက်ပါ”

“အစကတည်းက ကိစ္စကကြီးကြီးမားမား မဟုတ်ခဲ့ပါဘူး၊ ဥက္ကဋ္ဌနဲ့ အစ်မရွှမ်စုတို့က စိတ်ပူလွန်းနေတာပါ။ ဒီလိုဆိုရင် ဒီယွမ်ကျောက်တုံး တစ်သောင်းကို ဆုံမိသားစုကစိတ်ချရအောင် လက်ခံလိုက်ပါ့မယ်။သူတို့က ကျွန်တော့်ကို မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်ကလည်း သူများကို ဒုက္ခသွားမပေးတတ်တဲ့သူပါ”

“ကောင်းပြီ။ ဒုတိယတစ်ခုကတော့ သွေးဝံပုလွေဂိုဏ်း၊ တစ္ဆေဓားဂိုဏ်းနဲ့ တခြားသွေးဝံပုလွေဂိုဏ်း လက်အောက်ခံအုပ်စုတွေရဲ့ ဘဏ္ဍာတိုက်တွေကနေ သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေဘဲ။ ရတနာတွေက အရမ်းများလွန်းတော့ ဥက္ကဋ္ဌက မောင်လေး ဒုက္ခဖြစ်မှာစိုးတဲ့အတွက် အားလုံးကို ယွမ်ဆေးလုံး နဲ့ ယွမ်ကျောက်တုံးတွေအဖြစ် ပြောင်းလဲပေးလိုက်တယ်။ ဆယ်ရာခိုင်နှုန်းကိုတော့ အသင်းက ကူညီပေးခဲ့တဲ့ ညီအစ်ကိုတွေကို ဆုအဖြစ်ပေးလိုက်ပြီး ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်းက ဒီထဲမှာပါ။ ယွမ်ကျောက်တုံး တစ်သန်းနီးပါး ရှိတယ်”

“ဟင်”

ဝူယွမ်သည် အသက်ရှုပင်မမှန်ချင်တော့ချေ။ ဤပမာဏသည် သူလက်ခံနိုင်သည်ထက် ကျော်လွန်နေ၏။

သူ၏ နှလုံးသားသည် စိတ်လှုပ်ရှားလွန်းသဖြင့် လည်ချောင်းထဲမှ ထွက်‌တော့မတက် တဒိန်းဒိန်းခုန်နေခဲ့သည်။

သူသည် ဘဝတစ်လျှောက်လုံးတွင် အခုလောက်များပြားသော ယွမ်ကျောက်တုံးများကို မမြင်ဖူးခဲ့ပေ။

ဝူယွမ် အံ့အားသင့်မှုကြောင့် သတိလစ်တော့မလို ဖြစ်နေ၏။

“ဥက္ကဋ္ဌ ရှားက စီးပွားရေးသမားတစ်ဦး မဟုတ်ဘူးလား ဒီလိုလုပ်လိုက်တော့ သူ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားလိုက်ရမှာပေါ့”

“မောင်လေး ရှောင်ယွမ်၊ ဘာတွေပြောနေတာလဲ။ မင်း ယွဲ့ရှန်ကို သတ်လိုက်တဲ့အချိန်ကတည်းက ငါတို့ အမြတ်ထွက်သွားပြီ” ရွှမ်စုက ပြုံးရယ်ကာ ပြောလိုက်၏။ တကယ်တော့ သူမပင် ထိုမျှများပြားသော ပမာဏကို ကိုင်ဆောင်ရာတွင် နှလုံးခုန်မြန်နေခဲ့သည်။

“တတိယ သိုလှောင်အိတ်ကရော ဘာအတွက်လဲ”

ဝူယွမ်၏အကြည့်သည် တတိယသိုလှောင် အိပ်ဆီသို့ရောက်သွားသည်။

ပထမနှစ်အိတ်ကို သူ အလွန်ကျေနပ်နေပြီဖြစ်သည်။ ၎င်းတို့သည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။

“အိုး... ဒါကတော့ ဥက္ကဌ ရဲ့ လက်ဆောင်ပါ။ ပြီးခဲ့တဲ့ လေလံပွဲမှာ အစ်မသတိထားမိတာက မောင်လေးက ဝိညာဉ်ဆေးပင်တွေ အရမ်းလိုအပ်နေသလိုပဲ။ ရုတ်တရက် ဒီအချက်ကို သတိရလိုက်တယ်။ ပြီးတော့ မင်းက ခုနက ယွဲ့ရှန်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့တယ်။ အစ်မက ‘ဟေ့... မောင်လေး အားအင်ကုန်ခမ်းနေမှာဘဲ၊ စွမ်းအင်ပြန်ဖြည့်ဖို့ ဝိညာဉ်ဆေးပင်တွေ လိုအပ်မှာပဲ’ လို့ တွေးမိတယ်။ ဒါကြောင့် ဥက္ကဋ္ဌကို ဒီတစ်ခါ ရရှိခဲ့တဲ့ ဝိညာဉ်ဆေးပင်အားလုံးထဲက တတိယအဆင့်နဲ့ အထက်ရှိတဲ့ ဆေးပင်အားလုံးကို မောင်လေးကို ပေးဖို့ အကြံပြုလိုက်တယ်။ ဥက္ကဋ္ဌကလည်း သဘောတူလိုက်တယ်။ သူကိုယ်တိုင် စုဆောင်းထားတဲ့ ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်တစ်ပင်ကိုပါ အမကိုပေး ထားခဲ့တယ်။ ညီလေးဝူယွမ် မကြာခင်မှာဘဲ သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ပြန်ရောက်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်”

ရွှမ်စုသည် ပါးစပ်ကို လက်ဖြင့် ကာရင်း ရယ်မောလိုက်၏။ ကရုဏာဒေါသနှင့် ပြည့်စုံသော အစ်မကြီးတစ်ဦးကဲ့သို့ ဖြစ်သည်။

သူမသည် တတိယသိုလှောင်အိတ်ကို ဝူယွမ်၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ချောမွေ့သော လက်သည် ဝူယွမ်၏လက်ကို မတော်တဆ ထိမိသွားသည်။

“အတွင်းမှာ တတိယအဆင့် ဝိညာဉ်ဆေးပင် တစ်ရာ့ရှစ်ဆယ်၊ စတုတ္ထအဆင့် ဝိညာဉ်ဆေးပင် ခုနှစ်ဆယ်၊ ပဉ္စမအဆင့် ဆယ့်ငါးပင် နဲ့ ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် တစ်ပင် ပါဝင်တယ်”

“ကျေးဇူးတင်ပါတယ် အစ်မ” ဝူယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်၏။ ယခုအချိန်တွင် အေးဆေးတည်ငြိမ်နေသကဲ့သို့ ဟန်ဆောင်ခြင်းသည် သူ့အတွက် ခက်ခဲလွန်းလှသည်။

ဝိညာဉ်ဆေးပင်များသည် အမှန်စင်စစ် တန်ဖိုးကြီးမား၏။ ကိုယ်တိုင်စုဆောင်းရန် ကြိုးစားပါက ဤမျှလောက်များပြားသော ဝိညာဉ်ဆေးပင်များကို စုဆောင်းရန် မည်မျှကြာမည်မသိပေ။ ထို့အပြင် ၎င်းတို့ထဲတွင် ဆဋ္ဌမအဆင့်ပင် ပါဝင်၏။

ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်သည် ယန်မြို့တွင် ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာပီဖြစ်သည်။ သူတို့သိရှိထားသော အဆင့်ခြောက် အမျိုးအစားများသည်လည်း ရှားပါးလွန်းလှ၏။ ထိုအရာက အဆင့်‌ေခြာက်ဆေးပင်တ၏တန်ဖိုးကို မှန်းဆနိုင်ပြီး၊ ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ရှိ သူများအတွက်ပင် အလွန်အသုံးဝင်သည်။

ရှားဝမ်ကျင်းသည် အမှန်စင်စစ် သူ၏အကောင်းဆုံးအရာကို ထုတ်သုံးခဲ့သည်။

ဝူယွမ်သည် ပိုင်ယွမ်အတွက် လေ့ကျင့်ရေးအရင်းအမြစ်များ မည်သို့စုဆောင်းရမည်ကို စဉ်းစားနေဆဲဖြစ်ရာ၊ အခု ရွှမ်စုက ၎င်းတို့ကို တိုက်ရိုက် သူ၏တံခါးအထိ လာရောက်ပို့ဆောင်ပေးခဲ့သည်

ရှားဝမ်ကျင်းနှင့် ရွှမ်စုတို့၏ ရက်ရောမှုနှင့် စေ့စေ့စပ်စပ်ရှိမှုသည် သူ၏မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေသည်။

ကျေးဇူးတင်ရမည့် အကြွေးများသည် ဆက်လက်တိုးပွားလာနေပီဖြစ်သည်... ဝူယွမ်သည် စိတ်ထဲတွင် မတင်မကြဖြစ်နေသည်။

ဤသိုလှောင်အိတ်သုံးလုံးကို လက်ခံပြီးနောက်၊ နောင်တစ်ချိန်တွင် ရွှေတစ်သောင်းကုန်သည်အသင်းသည် မည်သည့်အခက်အခဲမဆို ကြုံတွေ့ရပါက၊ ဝူယွမ်သည် ဘေးကကြည့်နေရန် မဖြစ်နိုင်တော့ပေ။

“အိုး... ဒါတွေကတော့ လက်ရှိရရှိထားတဲ့ ပစ္စည်းတွေပါ။ သွေးဝံပုလွေဂိုဏ်းနဲ့ သူတို့ မဟာမိတ်အုပ်စုတွေရဲ့ နယ်မြေတွေ၊ သူတို့ ထိန်းချုပ်ထားတဲ့ ယွမ်ကျောက်မိုင်းတွင်းတွေ စတာတွေကို ရေတွက်မှတ်တမ်းတင်ထားတာ မဟုတ်သေးပါဘူး။ ဥက္ကဋ္ဌက လူတွေကို ခေါ်ဆောင်ပြီး တစ်ခုပြီးတစ်ခု သိမ်းပိုက်နေပါပြီ။ ရှောင်ယွမ် အချိန်ရတဲ့အခါ ဦးဆောင်ဖို့ပဲ လိုတော့တယ်”

ရွှမ်စုက ပြုံးရွှင်စွာဖြင့် ဖြည့်စွက်ပြောဆိုလိုက်၏။ “သွေးဝံပုလွေဂိုဏ်းရဲ့ နယ်မြေက သေးတာမဟုတ်ဘူး။ ရှောင်ယွမ်သာ အားလုံးကို သိမ်းယူလိုက်ရင် ချက်ချင်းပဲ သွေးဝံပုလွေဂိုဏ်းရဲ့ နေရာကို အစားထိုးပြီး ယန်မြို့ရဲ့ စွမ်းအားကြီး အင်အားစုလေးခုထဲက တစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ အစ်မက မောင်လေးကို မောင်လေးလို့ ခေါ်ရမှာ မဝံ့တော့ဘူး။ မင်းကို လူကြီးမင်းဝူ၊ ဂိုဏ်းချုပ်ဝူ ဒါမှမဟုတ် အရှင်ဝူလို့ ခေါ်ရတော့မှာပေါ့။ ဟီးဟီး၊ မျက်စိတစ်မှိတ်အတွင်းမှာဘဲ မောင်လေးက လူကြီးတစ်ယောက်ဖြစ်သွားပြီ”

“အစ်မ ရွှမ်စု၊ ဘာတွေပြောနေတာလဲ။ အစ်မက တစ်ချိန်လုံး ကျွန်တော် ဝူယွမ်ရဲ့အစ်မပါပဲ။ နောင်တစ်ချိန်မှာ ကျွန်တော် ဘယ်လောက်ပဲ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါစေ။ အစ်မရဲ့အောက်မှာပဲ အမြဲရှိနေမှာပါ။ အစ်မရဲ့အထက်မှာ မရပ်ရဲပါဘူး”

ဝူယွမ်က စိတ်ရင်းမှန်ဖြင့် ပြောဆိုလိုက်သည်။ သူ၏စိတ်ထဲတွင် အစ်မရွှမ်စုအား အလွန်အမင်း ကျေးဇူးတင်နေကာ သူမအား ရပ်ပြီး ဦးတိုက်မတတ်ပင် ဖြစ်နေသည်။

All Chapters