ရွှမ်စု၏ သဘောထား
Vol. 5 Ch. 48
သူမသည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် သေချာ စဉ်းစားပေးခဲ့သည်။
သူတို့ဆက်ဆံရေးသည် အကျိုးအမြတ်များနှင့် ဆက်စက်နေသော်သည် ဝူယွမ် ရွှမ်စုထံမှ အမှန်တကယ်ရရှိခဲ့သည့် အတိုင်းအတာထက် ကျော်လွန်သော အကောင်းဆုံးအကျိုးခံစားခွင့်များ ဖြစ်သည်။
“အိုး... ရှောင်ယွမ်... မောင်လေးရဲ့ နှုတ်ခမ်းက ပျားရည်သုတ်ထားသလို ချိုလွန်းတာဘဲ။ ဒီအစ်မရဲ့ နှလုံးသားကိုတောင် နွေးထွေးသွားစေတယ်။ မောင်လေးလို လူနဲ့ တွေ့တာက အမဘ၀အတွက် အကြီးမားဆုံးကံကောင်းမှုကြီးတောင် ဖြစ်နိုင်တယ်။ အမသာ အသက်နည်းနည်းငယ်သေးရင် မောင်လေးလိုလူကို သေချာပေါက်လက်လွတ်ပေးမှာ မဟုတ်ဘူး။”
ရွှမ်စုသည် ပြုံးရယ်ကာ ဆက်လက်ပြောဆိုလိုက်သည်။ ဝူယွမ်က ထိုစကားများသည် လူမှုရေးအရလား၊ စစ်မှန်သောစကားလားမသိရသော်လည်း ရွှမ်စု၏ မျက်လုံးများတွင် ရှားရှားပါးပါး နူးညံ့သိမ်မွေ့သော အလင်းရောင်များ ပေါ်လာပြီး သူမ၏မျက်လုံးအတွင်းပိုင်းတွင် ဝမ်းနည်းနေသည့် အရိပ်အယောင် အနည်းငယ် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အသက်ကြီးနေတာကို အမှန်တကယ် နောင်တရနေပုံရသည်။
ဝူယွမ်သည် ရွှမ်စု၏ မျက်နှာကို သေချာကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“အစ်မ... ရိုးရိုးသားသား ပြောတာပါ။ အစ်မရဲ့မျက်နှာမှာ အချိန်ကုန်လွန်မှု အမှတ်အသားမရှိပါဘူး။ ကျွန်တော်တို့ကို မသိတဲ့သူကို အပြင်ထွက်တာနဲ့ အစ်မကို ကျွန်တော့်ညီမအဖြစ်ပဲ ထင်ကြမှာသေချာတယ်။ အစ်မကြီးအဖြစ်မဟုတ်ဘူး။ ပြီးတော့ အစ်မရဲ့ အသားအရေကို ကြည့်ပါလား၊ နှင်းဆီပန်းလို ချောမွေ့နုနယ်ပြီး ကလေးတစ်ယောက်ရဲ့ အသားအရေလို နုပျိုနေတုန်းပဲ။ ဘယ်မိန်းကလေးက ယှဉ်နိုင်မှာတုန်း။
ဒါ့အပြင် အစ်မရဲ့ ဆွဲဆောင်မှုနဲ့ အလှအပကလည်း ရှက်ကြောက်တတ်တဲ့ မိန်းမလှလေးတွေထက် ဘယ်လိုမှ မလျော့ဘူး။ ပြောရမယ်ဆို တချို့လူတွေက နွေရာသီမှာ အချဉ်သီးတွေကို စားရတာ ကြိုက်နှစ်သက်ကြတယ်။ ဒါပေမယ့် လူအများစုကတော့ နွေရာသီမှာ အချိုပွဲသစ်သီးတွေကို ပိုကြိုက်ကြမယ်လို့ ကျွန်တော်ယုံကြည်တယ်။
ကျွန်တော်က အခုအချိန်မှာ သိုင်းပညာနဲ့ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းလမ်းကြောင်းကိုဘဲ အာရုံစိုက်နေတာကြောင့် အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် ကလေးယူဖို့ ရည်ရွယ်ချက်မရှိသေးလို့။ မဟုတ်ရင် ကျွန်တော် အမရွှမ်စုရဲ့ အိပ်ခန်းထဲ ခိုးဝင်ဖို့ရာ ကြိုးစားရင်း အရှက်မရှိတဲ့ နှာဘူးလို့ ခေါ်ခံရမှာ သေချာတယ်။”
ဝူယွမ်သည် အရှက်မရှိ ပြောဆိုလိုက်သည်။ သူ၏စကားများသည် အနည်းငယ်ပေါ့ပေါ့တန်တန် ပြောလိုက်သည်ဟု ထင်ရသော်လည်း ထိုစကားများသည် သူ့နှလုံးသားအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူသည် အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပါ၊ အခြေခံအားဖြင့် သူသည်လည်း လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသူတစ်ဦးဖြစ်ပြီး နေ့စဉ်ဘဝတွင် သင့်လျော်အောင် ပြုမူနေထိုင်နေခြင်းသာ ဖြစ်သည်။
တကယ်တော့ ရွှမ်စုသည် သိပ်မကြီးသေးပေ။ အများဆုံး အသက် ၃၀ ခန့်သာရှိအုံးမည်ဖြစ်ပြီး သူမက ‘နုပျိုလှပသည်’ ဆိုရုံမျှမက သူမ၏ဆွဲဆောင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သူမသည် လက်မထပ်ဖူးသေးသော်လည်း အပျိုဖော်ဝင်ခါစ အမျိုးသမီးငယ်များထက်ပင် အဆပေါင်းများစွာ ဆွဲဆောင်နိုင်နေသည်။
ထို့အပြင် သူမသည် ယွမ်ဒန်အဆင့် ကြီးမားသောအောင်မြင်မှုအဆင့် သို့ ရောက်ရှိနေခဲ့သည်။ ဤကမ္ဘာတွင် အမျိုးသမီးတစ်ဦး၏ အလှအပသည် သူမ၏ကျင့်ကြံခြင်း အဆင့်နှင့်အတူ အချိန်ကြာမြင့်စွာ တည်တံ့နိုင်သည်။
ထို့ကြောင့် နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း ရွှမ်စု၏ ရုပ်ရည်သည် မပြောင်းလဲဘဲ နှစ်ချို့အရက်များကဲ့သို့ ကြာလေကြာလေ ပိုမိုဆွဲဆောင်မှုရှိလာလေ ဖြစ်သည်။
ဝူယွမ်သည် ရွှမ်စုကဲ့သို့သော အမျိုးသမီးကို တွေ့သည့်မည်သူမဆို စွဲလမ်းသွားကြမည်ဟု ယုံကြည်သည်။
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် ရွှမ်စုပင် ဝူယွမ်၏စကားကို ကြားလိုက်ရသည့်အခါ မျက်နှာနီရဲသွားခဲ့သည်။
သူသည် အမှန်တကယ်ပင် သူမ၏နှလုံးသားကို လှုပ်ခက်စေခဲ့သည်။
ရွှမ်စု တစ်ကိုယ်လုံး ပူနွေးလာပြီး သူမ၏ရင်ဘတ်သည်လည်း အနည်းငယ် တက်လိုက်ကြလိုက်ဖြစ်နေကာ သူမ၏နှလုံးခုန်သံမြန်နေခြင်းကို မတားဆီးနိုင်ခဲ့ပေ။
အရင် သူမသည် ယောက်ျားတစ်ယောက်၏ ချိုမြိန်သောစကားပြောဆိုမှုကြောင့် သူမ၏နှလုံးသား မယိမ်းယိုင်နိုင်ဘူးဟု ယုံကြည်ခဲ့ပြီး ဒီကမ္ဘာရှိယောက်ျားများကို သူမမြင်ဖူးပြီး ဘယ်လိုယောက်ျားကမှ သူမကိုစကားလုံးများဖြင့် မလှုပ်ခတ်နိုင်ဟု ယုံကြည်ခဲ့သည်။
မဟုတ်ရင် သူမသည် ဤအသက်အရွယ်အထိ တစ်ကိုယ်တည်း စင်ကြယ်စွာနေထိုင်နေမည် မဟုတ်ပေ။
“ရှောင်ယွမ်… မောင်လေးက တကယ်ကို စကားတတ်တာဘဲ၊ အစ်မကိုတောင် နောက်ရဲတယ်၊ မောင်လေးရဲ့ ပါးစပ်နဲ့ဆိုရင် နောင်တစ်ချိန်မှာ အမျိုးသမီးတွေအများကြီး အလိမ်ခံရလိမ့်မယ်” ရွှမ်စုက ဆူပူဟန်ဖြင့် ပြောဆိုလိုက်သည်။ သို့သော် သူမ၏မျက်လုံးများတွင် အပြစ်တင်သည့်ဟန်မရှိဘဲ မျက်နှာသည် နီရဲနေပြီး ပါးများသည်လည်း ပန်းနုယောင်သန်းနေသည်။
“ကျွန်တော့်အချိန်အများစုကို ကျင့်ကြံခြင်းမှာဘဲ အာရုံစိုက် အားထုတ်နေတာပါ၊ မိန်းကလေးတွေကို လှည့်စားဖို့အချိန်မရှိပါဘူး၊ ရွှမ်စုအစ်မက အရမ်းလှနေတာမဟုတ်ရင် ကျွန်တော် ချီးမွမ်း ချင်ပါတယ်ဆိုတောင် စကားလုံးတွေ ရှာတွေ့မှာမဟုတ်ဘူး” ဝူယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။
“အိုး... ရပ်... ရပ်... မောင်လေး ဆက်ပြောရင် အစ်မ မောင်လေးကို လွှတ်မချင်ဘဲနေတော့မယ်” ရွှမ်စုက လက်ကိုလွှဲယမ်းကာ တားဆီးလိုက်ပြီး သူမ၏မျက်နှာအမူအရာကို ဝူယွမ်မမြင်နိုင်အောင် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ထားလိုက်သည်။
“ဟားဟား... ကောင်းပြီ... ကျွန်တော် နောက်ထပ်မပြောတော့ပါဘူး”
ဝူယွမ်က ရွှမ်စု အခုကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ပေ။
“ဒါဆို ကျွန်တော်တို့ အဓိကအကြောင်းအရာဆီ ပြန်သွားကြရအောင်”
ဝူယွမ် - “အစ်မ... ကျေးဇူးပြုပြီး ပြန်ရောက်တဲ့အခါ ဥက္ကဋ္ဌ ရှားကို ပြောပေးပါ၊ သွေးဝံပုလွေဂိုဏ်းရဲ့ နယ်မြေကို ရွှေတစ်သောင်းကုန်သည်အသင်းကဘဲ ယူသင့်တယ်။ မြို့ထဲရှိ အိမ်ရာနှစ်လုံးကိုသာ ရူးသွပ်ဓားသိုင်းခန်းမ နဲ့ လင်းမိသားစုအတွက် ချန်ထားပေးပါ။”
အခြေအနေအရ သူနှင့် လင်းတုန်တို့သည် ယွဲ့ရှန်းနှင့် ကွေ့ယန်းတို့ကို သတ်ဖြတ်ခဲ့သော်လည်း ရွှေတစ်သောင်းကုန်သည်အသင်းသာ သွေးဝံပုလွေဂိုဏ်း၏ ပိုင်ဆိုင်မှုများကို အချိန်မီ သိမ်းမယူနိုင်ခဲ့ပါက သူတို့ ထိုအကျိုးအမြတ်များကို ရမည်မဟုတ်ပေ။
ထို့အပြင် ချင်းယန်းမြို့၏ အခြေအနေအရ သူတို့သည်နှစ်ဖက်စလုံးတွင် အခြေစိုက်ရန်မဖြစ်နိုင်ဘဲ သွေးဝံပုလွေဂိုဏ်း၏ နယ်မြေကို အပြည့်အဝ သိမ်းပိုက်ရန် မဖြစ်နိုင်ပါ။
ရွှေတစ်သောင်းကုန်သည်အသင်းသည် သူတို့အား ပန်းသီးလက်ဆောင်ပေးခဲ့သည်။ ဝူယွမ်သည်သာ ပန်းသီးပြန်မပေးပါက သူ မည်မျှပင် သန်မာလာပါစေ နောင်တစ်ချိန်တွင် သူနှင့် နီးစပ်လာမည် မဟုတ်ပါ။
ရွှေတစ်သောင်းကုန်သည်အသင်းနှင့် သူတို့ဆက်သွယ်မှု အစကတည်းက ရွှမ်စုသည် ယွမ်ကျောက်တုံး တစ်သိန်းကို ချက်ချင်းပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင် ဒန်ရှန်ရေကန်တွင် သူက ကံကောင်းခြင်းအားလုံးကို လက်ဝါးကြီးအုပ်ခဲ့ပြီး သူအဆင့်တက်ခါနီး အရေးကြီးဆုံးအချိန်တွင် ရှားဝမ်ကျင်းသည် ယန်-ယင်ဆေးလုံးများနှင့် ဆေးပင်များကို ပစ်ချရန် လူအများကို တိုက်တွန်းခဲ့သည်။
ဤအရာအားလုံးသည် ရွှေတစ်သောင်းကုန်သည်အသင်း၏ အလွန်ကောင်းမွန်သော သဘောထားကို ပြသနေပြီး ၎င်းသည် သာမန်ကျေးဇူးကြွေးတစ်ခုမဟုတ်တော့ ကြီးမားသော ကျေးဇူးကြွေးတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။
ဝူယွမ်သည် မည်မျှပင် အရည်အချင်းရှိပါစေ၊ မည်မျှပင် စွမ်းရည်ရှိပါစေ၊ သို့မဟုတ် မည်မျှပင် သန်မာနေပါစေ ဤအရာများသည် လူ့အဖွဲ့အစည်း၏ အခြေခံအချက်များဖြစ်သည်။
အခြားသူများက ကိုယ့်အား တန်ဖိုးထားကြသည်၊ ကိုယ့်အား ရင်းနှီးမြှုပ်နှံကြသည်၊ ကိုယ့်အား အရေးပေးကြသည်။ ဤအရာသည် ကိုယ့်ထံမှ အကျိုးအမြတ်ရယူရန်သာမကပါ။
ကျေးဇူးကန်းသူတစ်ယောက်သည် ကျေးဇူးကန်းရန်ပင် ပျင်းရိသွားတတ်သည်။
ကိုယ်ကသာ အခြားသူများကို အကျိုးအမြတ်မပေးပါက ကိုယ်က အဆင့်မြင့် ကျင့်ကြံသူတစ်ဦးဖြစ်နေပါစေ သူတို့သည် ကိုယ့်အပေါ် စိတ်ရင်းဖြင့် ဆက်ဆံကြတော့မည် မဟုတ်ပေ။
ရွှမ်စု - “ဟားဟား... မောင်လေးက တကယ်ပဲ ရိုးသားလွန်းတယ်။ ကျွန်မမလာခင်ကတည်းက ဥက္ကဋ္ဌက မောင်လေးဒီလိုလုပ်မယ်လို့ ခန့်မှန်းထားတယ်။ မောင်လေးရဲပ အခြေအနေကို အမနားလည်းပါတယ်၊ အိမ်ရာတွေကို မောင်လေးအတွက် ကြိုတင်ချန်ထားပြီးသားပါ - အရင်က သွေးဝံပုလွေဂိုဏ်းနှင့် တစ္ဆေဓားဂိုဏ်းတို့ရဲ့ နေရာတွေဘဲ။
ဒါ့အပြင် အမတို့က မောင်လေး ဆုံးရှုံမှုမရှိအောင်၊ ဥက္ကဋ္ဌ၏ ရည်ရွယ်ထားတာက ဒီနယ်မြေတွေကို မောင်လေးနဲ့ ကုန်သည်အသင်းက အတူတကွသိမ်းပိုက်ခဲ့တာမလို့ အမတို့က ဒီနယ်မြေတွေကို လက်ခံလိုက်တာက မောင်လေးနဲ့ လင်းတုန်တို့ရဲ့ ရှယ်ယာကို အမတို့ဆီ ရောင်းချလိုက်တယ်လို့ ယူဆလို့ရတယ်။ အဲ့တာကြောင့် နယ်မြေအားလုံးကို သိမ်းယူ တွက်ချက်ကြည့်ပြီးတာနဲ့ ကုန်သည်အသင်းက မောင်လေးတို့ရဲ့ရှယ်ယာကို ယွမ်ကျောက်တုံးတွေ ဒါမှမဟုတ် ယွမ်ဆေးလုံးတွေအဖြစ် တစ်ခါတည်း ပေးဆောင်သွားမယ်”
ဝူယွမ် - “ဥက္ကဋ္ဌက ရက်ရောလွှန်းနေပါပီ၊ အခုလို ရက်ရောမှုမျိုးကို ကျွန်တော်လက်မခံပါရစေနဲ့၊ ကျွန်တော်တို့က ဘဏ္ဍာတိုက်တွေထဲက ကိုးဆယ် ရာခိုင်နှုန်းကို ရခဲ့ပြီးပီ၊ ယွဲ့ရှန်းနဲ့ ကွေ့ယန်းတို့ရဲ့ အသက်တွေကို ၀ယ်ဖို့ ယွမ်ကျောက်တုံး တစ်သန်းက လုံလောက်တာထက်ပိုတယ်။
ကျေးဇူးပြုပြီး အစ်မပြန်ရောက်တဲ့အခါ ဥက္ကဋ္ဌရဲ့ လက်ဆောင်ကို ပယ်ချပေးပါ။”
ဝူယွမ်သည် တံတွေးမျိုချလိုက်သည်... ‘အရမ်း ရက်ရောလွန်းတာဘဲ’
ရွှမ်စုမှာ ဘယ်ညာကို ကြည့်ပြီး မျက်နှာအတင်းပြောင်းကာ ခန္ဓာကိုယ်ကိုကိုင်းညွှတ်ပြီး တိုးတိုးပြောလိုက်သည်။
“ရှောင်ယွမ်... အစ်မစကားကို နားထောင်။ ကုန်သည်အသင်းရဲ့ငွေတွေက အမြဲရှိနေတာပဲ၊ နောက်ဆုံး လုပ်ငန်းတွေကနေ ပြန်ရမှာပဲ၊ ပိုပြီးတော့တောင်ရနိုင်တယ်။ မောင်လေးက ယွမ်ကျောက်တုံး တစ်သန်းယူပြီးသားဆိုပေမဲ့၊ ဒီပမာဏနည်းနည်းလေးက သိပ်မထူးခြားဘူး။ ညီလေးမှာ ပါရမီနဲ့ စွမ်းရည်ရှိတယ်၊ ဒါကြောင့် ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုလိုအပ်မယ်။ ဒီယွမ်ကျောက်တုံးဆေးပြားတွေကို ယူပြီး ကောင်းကောင်းလေ့ကျင့်၊ တစ်ချိန်ချိန်မှာ တစ်ကမ္ဘာလုံးက အာရုံစိုက်ရမယ့် ကြီးမြတ်တဲ့ သိုင်းပညာ ကျင့်ကြံသူတစ်ယောက် ကြိုးစားအားထုတ်ပါ။”
“ဥက္ကဋ္ဌက မောင်လေးကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ ရွှေးချယ်ထားတယ်ဆိုတာ မောင်လေးမြင်နိုင်မှာပါ။ သူက ညီလေးကို မြင့်မြင့်မှန်းထားပြီး ညီလေးက သိပ်မကြာခင် တစ်တိုင်းပြည်လုံးအား လှုပ်ခတ်စေမဲ့ ပါရမီရှင်တစ်ယောက်လို့ ယုံကြည်တယ်။ ဟုတ်တယ်၊ အစ်မလည်း မောင်လေးကို ယုံကြည်တယ်။”
“ဒါကြောင့် ရှက်မနေပါနဲ့တော့၊ ယူလိုက်ပါ။ ညီလေး ကြီးမြတ်တဲ့ ကျင့်ကြံသူ တစ်ယောက်ဖြစ်လာတဲ့ အချိန်ကြရင် ဒီငွေလေးလောက်ကိုပြန်ဆပ်တာက လက်တစ်ချက်လှုပ်ရုံပါပဲ။”
ရွှမ်စုသည် စကားပြောပြီးသည်နှင့် ဝူယွမ်ကို ကြည့်ရှုရန် ခေါင်းမော့လိုက်ရာ ဝူယွမ်သည် အတော်လေးအာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ သူမစကားများကိုမဟုတ်ဘဲ သူမမက်မွန်သီးများအပေါ်ဖြစ်နေခြင်းသာ။
ရွှမ်စု မျက်နှာ နီရဲသွားပြီး သူမ၏လက်ဖြင့် ဝူယွမ်၏နဖူးကို ညင်သာစွာထောက်ကာ လေးလေး နက်နက် ပြောလိုက်သည်။
“ရှောင်ယွမ်... မောင်လေးရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ထားဖို့ လိုတယ်။”
ဝူယွမ်သည် ခေါင်းမော့ကာ ကြည်ကြည်ဖြူဖြူနှင့် အမှန်တရားကို ပြောတော့မည့်ဟန်ဖြင့် ပြောလိုက်ည်။
“အမရွှမ်စု... ကျွန်တော့်မျက်လုံးက ကျဉ်းမြောင်းတယ်၊ အစ်မလို ဝေးဝေးမြင်နိုင်စွမ်းမရှိဘူး။
ကျေးဇူးပြုပြီး ဥက္ကဋ္ဌ ရှားကို ပြောပြပေးပါ၊ ကျွန်တော် လက်ခံတယ်လို့။”
“အစ်မရွှမ်စု... အစ်မကိုလည်း ကျေးဇူးကြွေးအများကြီး တင်နေပီ”
ရွှမ်စု၏ မျက်နှာအမူအရာသည် ရုတ်တရက် ပျော့ပျောင်းသွားပြီး ရှက်ရှက်နှင့် ပြောလိုက်သည်။ “ဒါဆို... ရှောင်ယွမ်... မောင်လေး မြန်မြန်ကြီးထွားလာဖို့ လိုတယ်။ အစ်မက မောင်လေး ကျင့်ကြံခြင်းအထွတ်အထိပ်ကိုရောက်ပြီး အဆောင်သခင်ဘိုးဘေးအဖြစ် အောင်မြင်တဲ့နေ့ကို စောင့်မျှော်နေမယ်။ အစ်မကို ကျေးဇူးဆပ်ဖို့ပေါ့။”
ဟမ်~
ဝူယွမ်၏ စိတ်ထဲ တုန်လှုပ်သွားသည်... “အစ်မက... ကျွန်တော် သိုင်းပညာနဲ့ ဝိညာဉ်စွမ်းအားကို ကျင့်ကြံဖို့ အာရုံစိုက်နေတာကြောင့် အိမ်ထောင်ပြုဖို့ ဒါမှမဟုတ် ကလေးယူဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အရင်က ပြောခဲ့တဲ့ ကျွန်တော့်စကားကို ရည်ညွှန်းနေတာလား။
ကျွန်တော် အစ်မရဲ့အိပ်ခန်းထဲကို ခိုးဝင်တာကို အစ်မ တကယ် မျှော်လင့်နေခဲ့တာလား။”