ဆောင်ကြာမြိုင်သွားဖူးသောဝူယွမ်
Vol. 5 Ch. 49
အလင်းမရှိသော အခန်းငယ်လေးထဲတွင်...
လင်းတုန်သည် ယွမ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသော နေရာတွင် လဲလျောင်းနေကာ မှောင်မိုက်နေသော မျက်နှာကျက်ကို စိုက်ကြည့်နေပြီး လုံးဝအားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရသည်။
ကျောက်လက်ဖွဲ့ကို ကိုင်ထားသော သူ၏လက်သည် အားနည်းစွာဖြင့် ဆက်တိုက်လှုပ်ရှားနေကာ ယွမ်ကျောက်တုံးပုံထဲမှ တစ်ခုပြီးတစ်ခု ထုတ်ယူ သန့်စင်နေသည်။
သူသည် ယွမ်ဆေးလုံး ထုတ်လုပ်သော စက်ယန္တရားတစ်ခုနှင့် တူနေပြီး၊ ခန္ဓာကိုယ်ကို မရပ်မနား လှုပ်ရှားနေကာ၊ သူ့အောက်ခြေတွင် ယွမ်ကျောက်တုံးများ သန့်စင်ပြီးနောက် ကျန်ရစ်သော အမှုန့်များ ပုံနေသည်။
လင်းတုန်သည် အခြေအနေအတိုင်း သုံးရက်သုံးည ရှိနေပီဖြစ်သည်။
ယခုအခါတွင် ယွမ်ကျောက်တုံးများကို မြင်ရသည့်အခါတိုင်း သူအန်ချင်စိတ်ပေါ်နေပြီဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အလင်းအားလုံးကို ကာရံထားကာ ငြိမ်းချမ်းမှုကို ရှာဖွေနေသည်။
လင်းတုန်သည် သူ့ကိုယ်သူ ပြက်ရယ်ပြုမိသည်။ လွန်ခဲ့သော သုံးရက်က သူသည် မည်မျှစိတ်လှုပ်ရှားပျော်ရွှင်ခဲ့ပါစေ၊ ယခု မည်မျှပင်ဒုက္ခရောက်နေသည်ကို သူခံစားနေရသည်။
လွန်ခဲ့သော သုံးရက်က..
သူ၏အစ်ကိုကြီးသည် သိုလှောင်အိပ်နှစ်လုံးဖြင့် သူ့ထံချဉ်းကပ်လာပြီး “ညီလေး... ဒီထဲမှာ ယွမ်ကျောက်တုံး တစ် သန်းရှိတယ်။ အရမ်းကြီးတဲ့အထုပ်ကြီးပဲ။ အားလုံးကမင်းအတွက်ပဲ”
လင်းတုန်သည် အလွန်အမင်းစိတ်လှုပ်ရှားခဲ့ပြီး “အ... အစ်ကိုကြီး... ကျွန်တော် နားကြားမမှားဘူးမလား။ တစ်သန်းမလား၊ တစ်ရာ မဟုတ်ဘူးနော်” ဟုထပ်ကာတလဲလဲ မေးခဲ့သည်။
“နားကြားမမှားဘူး၊ ရာမဟုတ်ဘူး...သန်းဘဲ”
“သံမြေကျေးရွာ မိုင်းတွင်းက အခုထိ ကျောက်တုံးအရေအတွက် တစ်သိန်းအောက်ဘဲ ထွက်ရှိသေးတယ်၊ တစ်တောင်လုံးမှာတောင် သန်းနဲ့ချီပြီး မရှိဘူး။ ဒါက ကံကောင်းမှုကြီးပဲ အစ်ကိုကြီး”
“ဒါကို မင်းသန့်စင်လိုက်ရင် ယွမ်ဆေးလုံး သုံးသိန်းကျော်ရမယ်။ အမြတ်က သုံးဆတက်သွားမယ်၊ ငါတို့မိသားစုနှစ်စုက ယန်းမြို့ရဲ့ အချမ်းသာဆုံး တောင်ဖြစ်သွားနိုင်တယ်”
“အရမ်းကောင်းတယ် အစ်ကိုကြီး။ ကျွန်တော် နေ့မနား ညမနား သန့်စင်ပစ်မယ်”
“သိပ်မစိတ်လှုပ်ရှားနဲ့ဦး။ ပိုကြီးကြီးကြံကြံ စမ်းပါ၊ ရှုထောင့်ကိုကျယ်ကျယ်ကကြည့်။ ဒီတစ်သန်းနဲ့က ပထမဆုံးအသုတ်ပဲ၊ နောက်ထပ် ဒီပမာဏထက် မနည်းတဲ့ ယွမ်ကျောက်တုံးတွေ ထပ်လာအုံးမယ်”
“ဒီလောက်တောင်ရှိသေးတယ်လား။ တကယ်ကောင်းတယ်။ ကျွန်တော် အားလုံးကို ယွမ်ဆေးလုံးအဖြစ် သန့်စင်ပစ်မယ်... အို အစ်ကိုကြီး၊ ကျွန်တော့်ကို မရယ်နဲ့။ ကလေးကတည်းက ဒီလောက်များတဲ့ ယွမ်ကျောက်တုံးတွေ တစ်ခါမှ မမြင်ဖူးဘူး”
လင်းတုန်သည် ထိုအချိန်က အစ်ကိုကြီး ရယ်နေခဲ့တာက သူမကြုံဖူးတဲ့ ကံကောင်းမှုကြောင့် မဟုတ်ဘူး၊ သူမသိသေးတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကြိုမမြင်မိဘဲ ပျော်ရွှင်နေတဲ့ သူ့ရဲ့မိုက်မဲမှုကြောင့်ဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။
လင်းတုန် နားလည်သွားသည်... ပိုက်ဆံရေတွက်ရတာတောင် ငိုချင်စရာဖြစ်တတ်သည်။
မျက်ရည်များနှင့်ပင် သူသည် လှိမ့်ထလိုက်ပြီးပြီး သူ၏လက်ကို ကျောက်တုံးများကြားထဲသို့ ထိုးသွင်းလိုက်သည်။
ကျောက်လက်ဖွဲ့ကို ယွမ်ကျောက်တုံးများစွာထဲသို့ ပိုမိုနက်ရှိုင်းစွာ ထည့်ပြီး၊ စွမ်းအင်ထုတ်လွှတ်ခါ သန့်စင်လိုက်သည်။
သူယူထားသော အလုပ်သည်၊ မျက်ရည်များအပြည့်ပင်... လင်းတုန်သည် ဇွဲရှိရှိ သန့်စင်ေနသည်၊ ထို့အပြင် သူ၏စိတ်ကို ရှင်းလင်းစေရန် ဝိညာဉ်စွမ်းအင်နည်းလမ်းများကို ဆင်ခြင်သည်၊ သူ၏အစ်ကိုကြီးက ဆရာယန်ထံမှ သူ့အတွက်ရယူပေးခဲ့သော - သန့်ရှင်းစင်ကြယ် လှုပ်ရှားမှုအခန်း၏ နောက်ဆက်တွဲကို လည်းလေ့လာသည်။
အချိန်မည်မျှကြာသည် မသိ။
“ဝိုး... ရုတ်တရက် ယွမ်ဆေးလုံးတွေ ဒီလောက်အများကြီး ဘယ်လိုရလာတာလဲ”
ရှောင်ဒေါင်၏ အသံသည် ရုတ်တရက် လင်းတုန်၏ စိတ်ထဲတွင် ထွက်လာသည်။
ကျောက်လက်ဖွဲ့အတွင်း၌ တိတ်ဆိတ်စွာနေထိုင်ကာ ရေမြွေပါ သားရဲအမြူအတေကို သန့်စင်နေသော ကောင်းကင်မြွေပါသည် လွန်ခဲ့သော နှစ်ရက်အတွင်း ကျောက်လက်ဖွဲ့သည် မိမိကိုယ်ကို ပြန်လည်ဖြည့်တင်းရန် ယန်းကျောက်စွမ်းအင်များစွာကို မရပ်မနား စုပ်ယူနေသည်ကို ခံစားမိပြီး သူ့ကိုပျော်ရွှင်စေခဲ့သည်။
ကျောက်လက်ဖွဲ့နှင့် သူသည် ယခုအခါ အခြေခံအားဖြင့် တစ်ဆက်တည်းဖြစ်နေသည်။ ကျောက်လက်ဖွဲ့ကရရှိသော စွမ်းအင်အားလုံးကို သူစုပ်ယူနိုင်သည်။ ကျောက်လက်ဖွဲ့က ယွမ်ကျောက်တစ်တုံးကို သန့်စင်လိုက်သည့်အချိန်တိုင်း၊ သူ့အတွက် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ဖြတ်ယူလိုက်သည်။ ရုတ်တရက် များပြားသော စွမ်းအင်များဝင်ရောက်လာမှုသည် ရှောင်ဒေါင်၏ အာရုံကို ဆွဲဆောင်လိုက်သည်။
သူသည် အခြေအနေကို စုံစမ်းရန် သူ၏ သားရဲဝိညာဉ် တစ်မျှင်ကို ထုတ်လွှတ်လိုက်သည်။
“အို... ရှောင်ဒေါင် နိုးလာပြီလား”
“ဟင်၊ မင်းက ဒီလောက်များတဲ့ ယွမ်ကျောက်တုံးတွေ ဘယ်ကရလာတာလဲ” ရှောင်ဒေါင်သည် ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးပြီးနောက် ရယ်မောလိုက်သည်။
“အားလုံးက အစ်ကိုကြီးပါပဲ။ သူက သွေးဝံပုလွေဂိုဏ်းခေါင်းဆောင် ယွဲ့ရှန်းကို သတ်ပြီး သူတို့ဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်ကာ ယွမ်ကျောက်တုံးအားလုံးကို ယူလာတာပါ”
“ငါသိပြီ”
ရှောင်ဒေါင်သည် ‘သေချာတာပေါ့၊ သူဘဲဖြစ်ရမယ်’ ဟူသော အမူအရာဖြင့် ကြည့်နေသည်။
ဝူယွမ်ကသာ ယွမ်ကျောက်တုံးအမြောက်အမြားကို ရရှိအောင်စွမ်းဆောင်နိုင်သည်။ ရှောင်ဒေါင်သည် လင်းတုန်၏ စွမ်းရည်ကို အသိဆုံးဖြစ်သည်။ အလွန်ကံကောင်းခြင်းမှအပ ကျန်တာသူမတတ်ပေ။
“ပြီးတော့ ဒီဂိုဏ်းခေါင်းဆောင် ဘယ်လောက်အားကောင်းသလဲ” ရှောက်ငယ်က ထပ်မေးသည်။
လင်းတုန် - “ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်။ သဏ္ဍာန်ပြောင်းမှု ရည်ရွယ်ချက်နည်းနည်း နားလည်ထားတယ်။ သူက အလွန်အားကောင်းတယ်၊ သူ့ကို ခြေတစ်ဝက် ဖန်တီးမှုနယ်ပယ်ကျွမ်းကျင်သူလို့ ခေါ်ကြတယ်”
“ဘုရားရေ၊ ငါသိသလောက်ဆို မင်းအစ်ကိုကြီးက အဆောင်သခင် အဆင့်နှစ်ပဲရှိသေးတယ်။ ဒန်ရှန်ရေကန်မှာ ကျင့်ကြံခြင်းအဆင့် တက်ခဲ့ရင်တောင် ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်ပဲ ရှိမယ်၊ ဒါပေမယ့် သဏ္ဍာန်ပြောင်းမှုရည်ရွယ်ချက်ကို နားလည်တဲ့ ကျင့်ကြံသူကို သတ်ပစ်နိုင်တယ်လား”
ရှောင်ဒေါင် တိတ်တဆိတ် အံ့အားသင့်သွားသည်။ ဒါက မယုံနိုင်စရာပဲ။ ထိုသို့သော သဏ္ဍာန်ပြောင်းမှုရည်ရွယ်ချက်ကို နားလည်သူကို လင်းတုန်၏ ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့် စွမ်းအားကို ယခုတွင် ငှားရမ်းထားသည့်တိုင် သူ ထိုသူ့ကို သတ်နိုင်မည်မဟုတ်ပါ။
တကယ်ကို ပြန်လည်မွေးဖွားသူတစ်ဦးဆိုတဲ့ အတိုင်းဘဲ။
ရှောင်ဒေါင်သည် သူ၏အတွေးများကို ပိုမိုယုံကြည်လာသည်။ သံသရာအဆင့် ကျွမ်းကျင်သူများသည် ကျော်ကြားပြီး ရှေးဟောင်း ဂိုဏ်းများမှဖြစ်သည်။ ရှောင်ဒေါင်သည် ဝူယွမ်က ယခင်က မည်သူဖြစ်ခဲ့သည်ကို စဉ်းစားနေမိသည်။
လင်းတုန် - “ဒါပေါ့၊ အစ်ကိုကြီးက အမြဲတမ်း အံ့သြဖို့ကောင်းတယ်”
လင်းတုန်က ဂုဏ်ယူစွာဖြင့် ပြောသည်၊ သို့သော် ရှောင်ဒေါင်၏ အသံတွင် စိုးရိမ်ပူပန်မှုများ ပါလာသည်။
“မင်းအစ်ကိုကြီးက မင်းကို ဘာကြောင့် ဒီလိုတန်ဖိုးထားရတာလဲ”
“ကျောက်လက်ဖွဲ့ဆိုရင်၊ ဘာလို့ သူကိုယ်တိုင်ယူပြီး မသုံးတာလဲ။ ဘာလို့ မင်းဆီမှာပဲ ထားရတာလဲ”
“သူက မင်းမှာ ကျောက်လက်ဖွဲ့ရှိတာသိရင် မင်းဆီကနေ ယူဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးလား”
“သူယူချင်တယ်ဆိုရင် မင်း လူသေဖြစ်နေလောက်ပီ။ သူ့လက်ထဲမှာ မင်းဘယ်လိုမှ အသက်ရှင်မှာမဟုတ်ဘူး”
“မင်းအစ်ကိုကြီးနဲ့ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး အသေးစိတ်ပြောပြစမ်း”
ရှောင်ဒေါင်သည် ကျောက်လက်ဖွဲ့အတွင်းတွင် မျက်မှောင်ကြုတ်ကာ မရပ်မနား စကားများနေသည်။
“မင်းက... ဘာမလို့ ငါပြောပြရမှာလဲ။ ငါ့အစ်ကိုကြီးကို ဘေးရောက်အောင် လုပ်ချင်တာလား”
လင်းတုန်က သတိထားပြီး ပြောလိုက်သည်။
ထိုကြွက်အိုသည် အစ်ကိုကြီးကို ဖော်ပြသည့်အခါတိုင်း သတိထားပြီး ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေကြောင်း သူခံစားမိသည်၊ တစ်ကြိမ်ထက်မကလင်းတုန်အား အစ်ကိုကြီးနှင့် ဝေးရာမှာ နေရန် လှုံ့ဆော်ခဲ့သည်။ အခု ရုတ်တရက် အစ်ကိုကြီး၏ အသေးစိတ်အချက်အလက်များကို မေးမြန်းလာခြင်းက သူ၏ ရည်ရွယ်ချက်သည် ရိုးရှင်းမှုမရှိမှန်း သေချာသည်။
လင်းတုန်သည် သူ့ညီအစ်ကိုကို သစ္စာဖောက်မည့်သူမျိုးမဟုတ်ပါ။ ထို့အပြင် သူသည် ထိုကြွက်အိုကို သိသည်မှာ ရက်ပိုင်းသာရှိသေးပြီး အစ်ကိုကြီးကို သိသည်မှာ လပေါင်းမည်မျှကြာပြီနည်း။
ရှောက်ငယ် - “မင်း မိုက်မဲတဲ့ကလေး၊ ဒီကိစ္စရဲ့ အရေးပါမှုကို နားမလည်ဘူး။ ငါဒီလိုလုပ်တာက မင်းအတွက်ပဲ။ ကျောက်လက်ဖွဲ့က မင်းမြင်ရတာထက် ပိုလျှို့ဝှက်ပြီး အရေးကြီးတယ်။ ကျောက်လက်ဖွဲ့ကိုမြင်တဲ့သူတိုင်း၊ အထူးသဖြင့် အဲ့တာရဲ့ လုပ်ဆောင်ချက်ကိုသိတဲ့သူတွေက သေချာပေါက် လုယက်ကြလိမ့်မယ်၊ မင်းအစ်ကိုကြီးက မင်းကိုမသတ်ဘဲ ကျောက်လက်ဖွဲ့ကို မသိမ်းဘူးဆိုတာက မင်းက သူ့အတွက် တန်ဖိုးရှိသေးတယ်၊ သူမင်းကို အသုံးချဖို့ လိုသေးတယ်လို့ ဆိုလိုတာပဲ။ သူမင်းကို အသုံးချပြီးတာနဲ့ မင်းကိုသတ်ပြီး ကျောက်လက်ဖွဲ့ကို ယူလိမ့်မယ်”
“ဘယ်သူ့အတွက်လဲဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်စမ်း၊ ကျောက်လက်ဖွဲ့မရှိရင် ဘာကြောင့် မင်းအစ်ကိုကြီးက မင်းကို ဒီလိုဆက်ဆံမှာလဲ”
ရှောင်ဒေါင်က ဒေါသထွက်ပြီး ပြောလိုက်သည်၊ လင်းတုန်သည် မိုက်မဲလွန်းလှသည်ဟု ခံစားရသည်။
ဤကမ္ဘာတွင် သန့်စင်သော စိတ်ခံစားမှုဆိုသည်မှာမရှိပါ။ အားလုံးက ကိုယ်ကျိုးအတွက်ဘဲဖြစ်သည်။
သူကိုယ်တိုင်လည်း စိတ်ခံစားမှုကို အလွန်အမင်းယုံကြည်မိခဲ့သောကြောင့် သစ္စာဖောက်ခံခဲ့ရသည်။
“ကျောက်လက်ဖွဲ့မရှိရင်၊ အစ်ကိုကြီး ဘာကိုတန်ဖိုးထားမှာလဲ” လင်းတုန်သည် မေးခွန်းကို ပြန်ရွတ်ရင်း သူ၏စိတ်ထဲတွင် စဉ်းစားနေသည်။
ကျောက်လက်ဖွဲ့မှလွဲ၍၊ သူ့တွင် အစ်ကိုကြီး တန်ဖိုးထားမည့် အရာမရှိဟု ထင်ရသည်။
ရှောင်ဒေါင် ပြောသည့်အရာတွင်လည်း အမှန်တရားအနည်းငယ်ရှိသည်။
သို့သော် သူသည် အစ်ကိုကြီးက သူ့ကို အသုံးချမည့်သူမျိုးဖြစ်မည်ဟု မယုံကြည်ပေ။
“အစ်ကိုကြီးက အစကတည်းက ငါ့ကို အသုံးချဖို့ ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူးလား” လင်းတုန်တွေးမိသည်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်သည်။
ထိုအချိန်က သူတို့သည် တစ်ဦးကိုတစ်ဦး မသိကြသေးပါ။ သူစိမ်းတစ်ဦးကို အသုံးချရန် ဘယ်သူက ခက်ခက်ခဲခဲ ကြံစည်မည်နည်း။
သူတို့၏ တွေ့ဆုံခြင်းသည် ကံတရားဖြစ်ပြီး၊ သူတို့နှစ်ဦးစလုံးတွင် တူညီသောအရာများ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
“ဟုတ်တယ်၊ ရှောင်ဒေါင်က အစ်ကိုကြီးဆီက တစ်စုံတစ်ခုကို ခံစားမိပြီး အစ်ကိုကြီးရဲ့ ရတနာအတွက် ကြံစည်နေတာလား...” လင်းတုန်သည် ဉာဏ်ကောင်းစွာဖြင့် တွေးမိသည်။
“မဟုတ်ဘူး၊ ငါ အစ်ကိုကြီးကို ယုံတယ်” လင်းတုန်းက ခိုင်မာစွာ ဖြေကြားလိုက်သည်။
လင်းတုန်သည် သူ၏ခံစားချက်များကို ယုံကြည်သည်။ လုံး၀မမှားနိုင်ပေ။
“ကျွန်တော်က အစ်ကိုကြီးကို အကြွင်းမဲ့ယုံကြည်တယ် အစ်ကိုကြီးကလည်း ကျွန်တော့်ကို အကြွင်းမဲ့ ယုံကြည်တယ်...” အစ်ကိုကြီးနဲ့ ပထမဆုံးတွေ့ဆုံချိန်ကနေ ကနေ့အထိ၊ အစ်ကိုကြီးက သူ့အပေါ် အမြဲတမ်း ရိုးသားမှုကို ပြသခဲ့ပြီး၊ အယောင်ဆောင်မှုတစ်စက် မရှိဘဲ၊ သူ့အတွက် အမှန်တကယ် စဉ်းစားပေးခဲ့တယ်။
တစ်ဦးနှင့်တစ်ဦး ရိုးသားခြင်း သူတို့က ညီအစ်ကိုဖြစ်လာရသည့် အဓိက အကြောင်းရင်းဖြစ်သည်။
“အစ်ကိုကြီးက ငါ့ကို ဘယ်တော့မှ မကောင်းမကြံခဲ့ဖူးဘူး ကြွက်အိုတစ်ကောင်ရဲ့ စကားကြောင့် ငါ့မူလရည်မှန်းချက်ကို ငါ ပြောင်းလဲမပေးနိုင်ဘူး”
“မင်း ဒီလောက်ခေါင်းမာတဲ့ကလေး၊ ငါဒီလိုပြောနေတာက မင်းကိုဘေးဖြစ်အောင် လုပ်ချင်လို့လား၊ ဒါမှမဟုတ် မင်းတို့ညီအစ်ကိုကြားထဲ သံသယဝင်စေချင်လို့လား”
ရှောင်ဒေါင် ဒေါသထွက်ပြီး ပြောလိုက်သည်။
သို့သော် သူထိုစကားပြောပြီးသွားသောအခါ၊ လူနှင့် မြွေပါနှစ်ဦးစလုံး ရပ်တန့်သွားခဲ့သည်။
သူတို့၏စိတ်ထဲတွင် အတွေးများ တစ်ပြိုင်နက်ထဲ ပေါ်လာသည်။
လင်းတုန် - “နောက်ဆုံးတော့ မင်းရဲ့ စိတ်ထဲက စကားကို ပြောလိုက်ပြီ”
ရှောက်ငယ် - “ငါသံသယဝင်စေခဲ့တယ်လို့ ငါထင်တယ်”
နှစ်ဦးသည် ခဏတာ တိတ်ဆိတ်သွားပြီး လေထုသည် အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။
“ငါနားလည်သွားပြီ။ မင်းအစ်ကိုကြီးက မင်းကို ကိရိယာတစ်ခုအနေနဲ့ အသုံးချချင်တာ။ မင်းကအခု သူ့ရဲ့ ဆေးလုံးသန့်စင်တဲ့ကျွန်ဖြစ်သွားပီ၊ သူအခု ကျောက်လက်ဖွဲ့ကို မသိမ်းတာက သူကိုယ်တိုင်သုံးရင် အချိန်ကုန်လို့၊ ဒါကြောင့် မင်းကို သူ့ ဆေးသန့်စင်တဲ့ကျွန်အဖြစ် ဘေးမှာထားဖို့ ညီအကို စိတ်ခံစားမှုကို အသုံးချနေတာ။ တစ်နေ့ကျရင် ကျောက်လက်ဖွဲ့လိုအပ်လာတဲ့အခါ မင်းကိုသတ်ပြီး ယူလိမ့်မယ်”
ရှောင်ဒေါင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူ့ကိုယ်သူ အလွန်တော်သည်ဟု ခံစားလိုက်ရသည်။
“မင်းက အခု ကျောက်လက်ဖွဲ့ရဲ့ ပိုင်ရှင်ဖြစ်နေတယ်။ ကျောက်လက်ဖွဲ့ကို ပိုင်ရှင်မဲ့ဖြစ်ပြီး သူသုံးနိုင်ဖို့ဆို မင်းကိုသတ်မှရမယ်။ မင်းရဲ့အနာဂတ်ကို ငါမြင်ယောင်ကြည့်လို့ရတယ်၊ ကိရိယာလူသား လင်းတုန်၊ မင်းက ကိုယ့်အသက်အန္တရာယ်ကို သတိမထားမိတဲ့ မိုက်မဲတဲ့ကလေးဘဲ”
လင်းတုန်သည် စိတ်လှုပ်ရှားသွားပြီး ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်- “မဖြစ်နိုင်ဘူး။ အစ်ကိုကြီးက ကျွန်တော့်ကို ဒီဆေးလုံးတွေကို မင်းသုံးချင်သလောက်သုံးလို့ရတယ်၊ ဒါတွေက ငါတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေပဲလို့ပြောခဲ့တယ်။
ပြီးတော့ သူက ငါတို့လင်းမိသားစုကိုလည်း တစ်စိတ်တစ်ပိုင်းပေးမယ်လို့ ပြောသေးတယ်”
“ဟမ်၊ ဒါက ဘာထူးစမ်းလို့လဲ။ နွားတင်းကုတ်ထဲက နွားတစ်ကောင်တောင် မြက်တစ်ချို့ စားဖို့လိုတယ်။
မင်းအဲ့ဆေးလုံးတွေကို ဘယ်လောက်များများ သုံးနိုင်မှာလဲ။ ပြီးတော့ သူ့စွမ်းရည်နဲ့ဆိုရင် မင်းသန့်စင်ဖို့ ကုန်ကြမ်းတွေ ထပ်ရှာပေးဖို့ရာဆိုတာ အလွယ်လေးဘဲ။
မင်းကိုပေးတာက မင်းကို သူ့အတွက် ဆေးလုံးတွေ သန့်စင်ခိုင်းချင်လို့ဘဲ”
လင်းတုန် - “အဓိပ္ပါယ်မရှိဘူး”
“မင်းမယုံသေးဘူးလား။ ကောင်းပြီ၊ မင်းကြည့်စမ်း၊ မင်းသန့်စင်ထားတဲ့ အမှုန့်တွေ ဘယ်လောက်ထူနေပြီ။ မင်းဒီမှောင်နေတဲ့အခန်းထဲမှာ အနည်းဆုံး သုံးရက်နဲ့သုံးညရှိနေပြီ။ ဒီလောက်ကြာတဲ့အထိ သူမင်းဆီ တစ်ခါတောင် လာကြည့်ဖူးလား” ရှောင်ဒေါင်က စိတ်နှစ်ခွဖြစ်စေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
လင်းတုန်သည် တုန်လှုပ်သွားပြီး သေသေချာချာစဉ်းစားကြည့်သောအခါ “အစ်ကိုကြီး တကယ်ပဲ လာမကြည့်ဖူးဘူး” ဆိုတာသိလိုက်ရသည်။
လင်းတုန်း၏ ငေးမောနေသော မျက်နှာကိုမြင်သောအခါ၊ ရှောင်ဒေါင်သည် သူလမ်းေကြာင်းမှန်ပီထင်ပြီး ထပ်ပြောလိုက်သည်။
“ကြည့်စမ်း၊ ငါမှန်တယ်မလား၊ မိုက်မဲတဲ့ကလေး။ သူက မင်းကို အသုံးချနေတာ၊ နွားတစ်ကောင်လို ဆက်ဆံနေတာ။ တစ်နေ့ သူမင်းကို မလိုအပ်တော့ရင် နွားလိုပဲ မင်းကိုသတ်ပြီး မင်းအသားစားလိမ့်မယ်။”
“ငါအရင်ကတည်းက ပြောခဲ့တယ်၊ ဒီကမ္ဘာမှာ စစ်မှန်တဲ့ညီအစ်ကိုအရင်းဆိုတာ မရှိဘူး။ ငါလည်း အဲဒီလိုလူမျိုးကို ယုံကြည်ခဲ့ဖူးတယ်၊ ဒါပေမယ့် ကျောက်လက်ဖွဲ့အကြောင်းကို ဖော်ထုတ်မိခဲ့တဲ့အတွက် အရှုံးကြီးရှုံးခဲ့ရတယ်၊ သားရဲဝိညာဉ်ကိုတောင် ဆုံးရှုံးတော့မယ့်အထိဖြစ်ခဲ့တယ်။ မင်းကို ငါ့လမ်းကြောင်းအတိုင်း မလိုက်စေချင်ဘူး။
သူက မင်းကို မတိုက်ခိုက်သေးဘူး၊ ဒါပေမယ့် သူတိုက်ခိုက်မယ့်အချိန်ကျရင် နောက်ကျသွားပြီ”
ရှောင်ဒေါင်သည် စိတ်အားထက်သန်စွာဖြင့် ပြောဆိုကာ၊ ကျောက်လက်ဖွဲ့၏လျှို့ဝှက်ချက်ကို အခြားတစ်ဦးက သိရှိတာတောင် ယုံကြည်ရဲသေးသော ဤမိုက်မဲသည့်ကလေးကို နှိုးဆော်ရန် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို အသုံးပြုခဲ့သည်။
“မင်းလက်ရှိစွမ်းရည်နဲ့ဆိုရင် သူ့ကိုကာကွယ်ဖို့ မင်းမှာ စွမ်းအားမရှိဘူး။ မင်းတို့စွမ်းရည်က မမျှတဘူး။ ညီအစ်ကိုအရင်းလား၊ ဟင်းဟင်း၊ အဲ့အချိန်ကြ မင်းက သတ်ဖြတ်ခံရမဲ့ သိုးငယ်တစ်ကောင်သာသာဘဲ ဖြစ်လိမ့်မည်။”
“ဆက်မပြောနဲ့တော့” လင်းတုန်းက ဝိညာဉ်စွမ်းအင်ဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ဒေါင်က ထပ်ပြောသည်- “မင်းစိတ်ထဲမှာ ဒေါသထွက်သွားတာလား၊ မင်းကိုယ်မင်းယုံကြည်လား။ ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေနဲ့”
လင်းတုန်သည် ငြိမ်သက်သွားပြီး၊ အစ်ကိုကြီးနှင့် သိကျွမ်းခဲ့သော တစ်နှစ်နီးပါး အခိုက်အတန့်တိုင်းကို သေချာပြန်လည်တွေးတောနေသည်။
ထိုအချိန်က အစ်ကိုကြီးသည် ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် ၈ တွင်ရှိသည်။
သူတို့သည် ပထမဆုံးတွေ့ဆုံကတည်းက စိတ်တူကိုယ်တူရှိသည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး သူတို့၏လျှို့ဝှက်ချက်များကို ရိုးသားစွာမျှဝေခဲ့ကြသည်။
ထို့နောက်၊ သူတို့သည် မကြာခဏ သူ့အခန်းထဲတွင် ဖယောင်းတိုင်အလင်းဖြင့် တစ်ညလုံးစကားပြောကြသည်။
ဝိညာဉ်ဆေးပင်များရှာဖွေရန် သွားသည့်အခါတွင်လည်း သူတို့သည် တစ်ဦးကိုတစ်ဦး ဖုံးကွယ်ပေးကြသည်။
အမဲလိုက်ပြိုင်ပွဲတွင် သူတို့ ပူးပေါင်းဆောင်ရွက်ကြသည်။
ဘေးအန္တရာယ်ရှိလျှင် အစ်ကိုကြီးက အမြဲတမ်းဦးဆောင်သွားသည်။
စွမ်းအားကြီးမားသော ပြိုင်ဘက်ရှိလျှင်လည်း အစ်ကိုကြီးက သူ့ရှေ့တွင် ရပ်တည်ပေးမည်ဖြစ်သည်။
ရှောင်ယန်ဖြစ်စေ၊
သားရဲအမြူအတေဖြစ်စေ၊
ယင်ယန်ပုလဲဖြစ်စေ၊
အစ်ကိုကြီးသည် အကျိုးအမြတ်တိုင်းကို သူ့အတွက် အမြဲတမ်းစဉ်းစားပေးခဒ့သည်။
ဤအရာများအားလုံးသည် အမှန်တကယ်ဖြစ်ပြီး စစ်မှန်သောအတွေ့အကြုံများဖြစ်သည်။
တစ်နှစ်အတွင်း၊ လင်းတုန်း အစ်ကိုကြီးထံမှ ခံစားရသမျှသည် စစ်မှန်သော ရိုးသားမှုများဖြစ်ပြီး၊ သူတို့၏ဆက်ဆံရေးသည် အမြဲတမ်း စိတ်ချလွတ်လပ်ပြီး၊ ပြဿနာများကို ဆွေးနွေးကာ အတူတကွဖြေရှင်းကြသည်။
ဤခံစားချက်သည် မမှားနိုင်ပါ။
စစ်မှန်သော ညီအစ်ကိုအရင်းဆိုတာ စိတ်အတွင်းကခံစားမိသည်။
စကားလုံးများမလိုအပ်။ မျက်လုံးတစ်စုံက နားလည်ရန်လုံလောက်သည်။
အစ်ကိုကြီး၏မျက်လုံးများက သူ့ကိုလိမ်ညာမည်မဟုတ်ပေ။
“ကြွက်အိုကြီးရဲ့ စကားအနည်းငယ်ကြောင့်၊ ဆေးပြားနည်းနည်း သန့်စင်ရတဲ့ ပင်ပန်းမှုနဲ့ အိပ်ရေးမဝတာလေးကြောင့် အစ်ကိုကြီးရဲ့ ငါ့အပေါ်ထားတဲ့ ရိုးသားမှုကိုငါ သံသယဝင်နေရသလား။”
“ပြော”
လင်းတုန်းသည် သူ့ပါးသူ အပြင်းအထန်ရိုက်လိုက်သည်။
“မိုက်မဲတဲ့ကလေး၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရိုက်နေတာလဲ။ မင်းရဲ့မိုက်မဲမှုအတွက် ဝမ်းနည်းနေတာလား။ အသိတရားရသွားပီလား”
ရှောင်ဒေါင်က ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်၊ သူ၏အသံပျောက်ကွယ်သွားသည်။
“တစ်ယောက်ယောက်လာနေတယ်၊ ငါအရင်ထွက်သွားမှရမယ်”
ရှောင်ဒေါင် ဝိညာဉ်အပိုင်းအစလေး မှေးမှိန် ပြောက်ကွယ်သွားသည်။
“ကလက်”
တံခါးဖွင့်လိုက်သံနှင့် အလင်းတန်းတစ်ခု ချက်ချင်းပင် အမှောင်ခန်းထဲသို့ ဝင်ရောက်လာသည်။
၎င်းသည် နေရောင်ခြည် ကြာရှည်စွာမထိရှိသော လင်းတုန်း၏ ဖြူဖပ်ဖြူရော်သော မျက်နှာငယ်ကို အနည်းငယ် လင်းလက်သွားစေသည်။
ယခုအခါ သူ၏မျက်နှာပေါ်ရှိ လက်ဝါးရာကို ရှင်းရှင်းလင်းလင်းမြင်ရသွားသည်။
“ညီလေး၊ ဘာဖြစ်တာလဲ။ ဘယ်သူက မင်းမျက်နှာကို ဒီလိုလုပ်ဖြစ်အောင်လုပ်လိုက်တာလဲ”
ဝူယွမ်သည် အံ့အားသင့်သောအမူအရာဖြင့် လင်းတုန်းကို ကြည့်ရင်းမေးလိုက်သည်။
ဤအချိန်တွင် လင်းတုန်းသည် သူ့ကို ရှက်ရွံ့ခံရသကဲ့သို့ခံစားနေရပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။
သူသည် ကျောက်တုံးအမှုန့်ပုံထဲတွင် လဲလျောင်းနေပြီး၊ မျက်လုံးများသည် အနည်းငယ်တွေဝေနေကာ၊ မျက်နှာကျက်ကို ခဏကြည့်ပြီးနောက် ဝူယွမ်ကို အံ့အားသင့်စွာကြည့်လိုက်သည်။
ကယ်တင်ရှင်တစ်ဦးကဲ့သို့ပင်။
“အစ်ကိုကြီး၊ ဘာမှမဖြစ်ပါဘူး။ ဒါက... ဒါက... ခုနက ဆေးသန့်စင်နေရင်း အိပ်ပျော်သွားတော့မလို ဖြစ်နေတာ၊ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ရိုက်ပြီး နှိုးလိုက်တာ” လင်းတုန်းကမြန်မြန် ရှင်းပြလိုက်သည်။
ဝူယွမ် - “ငါသိပြီ၊ မင်းကစိတ်ကိုမရှည်ဘူး၊ ဒီလောက်များတဲ့ ယွမ်ကျောက်တုံးတွေကို အားလုံးတစ်ခါတည်း ဘယ်လို သန့်စင်နိုင်မှာလဲ ကံကောင်းတာက ငါမင်းအေကြာင်းသိနေလို့ပေါ့။ ဒါကြောင့် သုံးရက်လုံး ငါညဉ့်နက်တဲ့အထိ ဝိညာဉ်ပြောင်းလဲမှုအဆောင်အစီအရင်ကို သုသေတနလုပ်နေတာ နောက်ဆုံးတော့ အောင်မြင်သွားတယ်။ မင်းကျောက်လက်ဖွဲ့နဲ့ ဖြည်းဖြည်းချင်း သန့်စင်စရာမလိုတော့ဘူး ငါအစီအရင်ချပြီး အားလုံးကိုတစ်ခါတည်း သန့်စင်လို့ရတယ်၊ သန့်စင်မှုကတော့ ကျောက်လက်ဖွဲ့ကထွက်တာလောက် မကောင်းဘူး။ ဟဲဟဲ၊ ဆရာယန်ထက်တော့ ပိုမြင့်တယ်၊ ကျောက်လက်ဖွဲ့ပြီးရင် ဒုတိယဘဲ၊ သန့်စင်မှု ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရနိုင်တယ်”
“အာ၊ အစ်ကိုကြီး၊ ဒီတော့ ဒီသုံးရက်စလုံး အဲဒါတွေ လုပ်နေတာလား”
လင်းတုန်းက အံအားသင့်သွားသည်။ အစ်ကိုကြီးသည် သူ့အတွက် ယွမ်ကျောက်တုံး သန့်စင်ရန်အခက်အခဲကို ဖြေရှင်းနေရသောကြောင့် သူ့ဆီမလာခြင်းဖြစ်သည်။
“ဘာများလဲ။ ငါဆောင်ကြာမြိုင်ကိုသွားပြီး ဂီတနားထောင်နေတယ်လို့ မင်းထင်တာလား။ ဟားဟား၊ ငါသွားရင်တောင် မင်းကိုခေါ်သွားမှာပါ” ဝူယွမ်က စိတ်ဆိုးသကဲ့သို့ ပြောလိုက်သည်။
လင်းတုန်းက ဆောင်ကြာမြိုင် မည်သည့်နေရာဖြစ်သည်ကို သိထားသည် - လူကြီးများအတွက် နေရာဘဲ။ ထို့ကြောင့် ဆောင်ကြာမြိုင် အကြောင်းကြားလိုက်ရသောအခါ သူ မနေတတ်အောင် ဖြစ်သွားသည် သူသည် စင်ကြယ်ပြီး အပြစ်ကင်းသော ကောင်လေးတစ်ဦးဖြစ်နေဆဲဖြစ်သည်။
“အစ်ကိုကြီး ဘာပြောနေတာလဲ။ ကျွန်တော် အဲဒီနေရာတွေ မသွားချင်ဘူး”
“ကျွစ် ကျွစ် ကျွစ် မင်းမသွားဖူးလို့ ဒီလိုပြောနိုင်တာ၊ မင်းသွားဖူးရင် ဒီလိုမပြောဘူး”
“ဒါဆို အစ်ကိုကြီး ဆိုလိုတာက သွားဖူးတယ်ဆိုတာလား”
“သေချာတာပေါ့၊ သွားဖူးတယ်” ဝူယွမ်က မတွန့်ဆုတ်ဘဲ ပြောလိုက်သည်၊ သို့သော် သူ၏စိတ်ထဲတွင် စကားလုံးသုံးလုံးကို တိတ်တဆိတ်ထည့်လိုက်သည်။
အရင်ဘဝမှာ။
လင်းတုန်းသည် အစ်ကိုကြီးကို ကြည့်ရင်း သူ၏မျက်လုံးများ လင်းလက်လာပြီး စိတ်ထဲတွင် “အရမ်းကြီးကျယ်တယ်၊ အားကျစရာ၊ ကျွန်တော်တို့မျိုးဆက်အတွက် စံနမူနာပဲ” အော်ဟစ်နေမိသည်။
တကယ်တော့ သူသည် အလွန်စူးစမ်းချင်နေပြီး သွားရန် စဉ်းစားဖူးသည်၊ သို့သော် လက်ေတွ့ကြ သွားရန် သတ္တိမရှိပေ။
ထို့ကြောင့် သူသည် သွားရန် သတ္တိရှိသော အစ်ကိုကြီးကို အတော်လေး အားကျသည်။
“ငါတို့ညီအစ်ကိုအရင်းက သိပ်မခိုင်မသေးဘူးလို့ မထင်ဘူးလား” ဝူယွမ်သည် ရုတ်တရက် သက်ပြင်းချမိသည်။
“အစ်ကိုကြီး၊ ဘာလို့ ဒီလိုပြောတာလဲ” လင်းတုန်း ရင်ထဲ တစ်ဒိန်းဒိန်းခုန်သွားသည်။
“ညီအစ်ကိုအရင်းဆိုတာ ညီအစ်ကိုကြားက ဆက်ဆံရေးက သံမဏိလိုခိုင်မာတယ်လို့ ဆိုလိုတာ”
“အစ်ကိုကြီးက ငါတို့ မခိုင်မာဘူးလို့ ထင်တာလား”
“ဟုတ်တယ်၊ မခိုင်မာဘူး။ စကားပုံတစ်ခုရှိတယ်။ ညီအစ်ကိုအရင်းတွေမှာ အချက်လေးချက်ရှ်တယ်။ ဆင်းရဲစွာအတူတကွစာကြည့်၊ အတူတကွတိုက်ခိုက်၊ အတူတကွ ဆောင်ကြာမြိုင်သွား အတူတကွခိုးယူသောဥစ္စာခွဲဝေ” ဟု ဝူယွမ်ကပြောသည်။
“ငါတို့နှစ်ယောက် ဆောင်ကြာမြိုင်ကို အတူတူ မသွားဖူးသေးဘူး”
“အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ” လင်းတုန်းက သူကြားရသည်များကို ရှုပ်ထွေးသွားသည်။ သူ၏အစ်ကိုကြီးသည် မကြာခဏ သူနားမလည်နိုင်သော မဟုတ်သေးဘူး သူလုံးဝနားမလည်နိုင်သော အရာများကို ပြောဆိုလေ့ရှိသည်ကို သူသိထားသည်။
ဝူယွမ်ကရှင်းပြလိုက်သည်။
“ဆင်းရဲစွာအတူတကွစာကြည့်ဆိုတာ အတူတကွစာကြည့်ခြင်း၊ ကိုယ်ခန္ဓာပညာရပ်လေ့ကျင့်ခြင်း၊ အခြေခံအားဖြင့် အတူတကွကြီးပြင်းလာခြင်းကို ဆိုလိုတယ်။
အတူတကွတိုက်ခိုက်ဆိုတာကတော့ အတူတကွ တိုက်ခိုက်ခြင်းကို ပြောချင်တာ၊
ခိုးယူသောဥစ္စာခွဲဝေဆိုတာ ငါတို့ အခုလုပ်နေတာပဲ။
အတူတကွ ဆောင်ကြာမြိုင်သွားတယ်ဆိုတာ ပြောစရာမလိုဘူး။ မင်းနဲ့ငါ စိတ်တူကိုယါသူဖြစ်လာခြင်းကို ဆိုလိုတယ်”
လင်းတုန်းက နားရွက်ကုတ်သည်။
“ဒါဆို သုံးခုပြီးသွားပြီ”
ထို့နောက် သူ မျက်ခုံးကြုတ်ွားပြန်သည်။
“အစ်ကိုကြီး၊ ‘အတူတကွ ဆောင်ကြာမြိုင်သွာ’ နဲ့ ‘စိတ်တူကိုယ်တူ’ ဆိုတာကို ကျွန်တော်နားလည်တယ်၊ ဒါပေမယ့် ဒီနှစ်ခုကိုပေါင်းလိုက်ရင် ကျွန်တော် ရှုပ်သွားတယ်”
“ဟားဟားဟား”
ဝူယွမ် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ဒီအကြောင်း မပြောတော့ဘူး၊ မပြောတော့ဘူး။ ဒိအတိုင်း ဟာသလုပ်လိုက်တာပါ၊ စစ်မှန်တဲ့ညီအစ်ကိုအရင်းဆိုတာ စိတ်နှလုံးထဲကဘဲ။ အဲ့ဒါတွေက အပေါ်ယံညီအစ်ကိုတွေပါ”
သို့သော် ဤအခိုက်အတန့်တွင် လင်းတုန်းသည် လေးလေးနက်နက် ဖြစ်နေသည်။ သူသည် ကြွက်အိုကြီး၏ စကားကို ယုံကြည်လုနီးပါးဖြစ်ခဲ့ပြီး အစ်ကိုကြီးကို သံသယဝင်ခဲ့မိသောကြောင့်၊ အကောင်းဆုံးညီအစ်ကိုဖြစ်ရန်၊ အသေးစိတ်ကအက အတွင်းစိတ်အထိ၊ ဂရုတစိုက် ပြုပြင်လေ့လာရန် ဆုံးဖြတ်ချက်ချထားသည်။
“အစ်ကိုကြီး၊ ဒီအမြင်က သိပ်မဟုတ်သေးဘူး ‘အပေါ်ယံညီအစ်ကို’ ကောင်းမဖြစ်နိုင်ရင် ‘အတွင်းစိတ်ကညီအစ်ကို’ ကောင်းဘယ်လိုဖြစ်နိုင်မှာလဲ။ ညီအစ်ကိုအရင်းရဲ့ အချက်လေးချက်ကို အကိုကြီးနဲ့ အတူတကွပြီးမြောက်အောင် လုပ်ရမယ်”
“အို”
ဝူယွမ် ခဏ ဆွံ့အသွားခဲ့သည်။
သူ၏စကားသည် ပေါ့ပေါ့တန်တန်ဖြစ်သော်လည်း လင်းတုန်း၏တုံ့ပြန်မှုက အလွန်လေးနက်နေသည်။
လင်းတုန်းပြောသော စကားကိုကြားသောအခါ၊ လင်းတုန်းက ဆောင်ကြာမြိုင်သွားခြင်းကို ဆိုလိုသည်မှန်း သူနားလည်သွားသည်။
သို့သော် သူ၏လေးနက်သောအမူအရာကို ကြည့်လျှင်၊ သူသည် ညီအစ်ကိုရင်းကောင်းတစ်ယောက်ဖြစ်ချင်သည်ဟု ဆိုလိုဟန်ရှိသည်။
“ဆောင်ကြာမြိုင်သွားတာကို ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်က အစ်ကိုကြီးကို နောက်ကလိုက်ချင်တာပါ။ အစ်ကိုကြီးလုပ်သမျှ ကျွန်တော်လုပ်မယ်”
ဤသည်မှာ ဝူယွမ်၏ နားလည်မှုဖြစ်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆို အခွင့်သာရင့် မင်းကိုခေါ်သွားမယ်။ အချိန်အများကြီးရှိသေးတယ်။ အခုငါတို့တာဝန်က ကောင်းကောင်းလေ့ကျင့်ရမယ်။ လုပ်စရာတွေအများကြီးရှိတယ်။ ဆောင်ကြာမြိုင်သွားတာကို အခုမစဉ်းစားနဲ့ဦး။ ကျင့်ကြံခြင်းက ပိုအရေးကြီးတယ်”
ဝူယွမ်က ရယ်မောချင်စိတ်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“ကျွန်တော် အစ်ကိုကြီးစကား နားထောင်မယ်”
“လာ၊ ငါသုံးရက်ကြာ သုတေသနလုပ်ထားတဲ့ ရလာဒ်တွေကို ကြည့်ကြရအောင်၊ ”
ဝူယွမ်ပြောနေရင်း၊ သူသည် သူ၏သိုလှောင်အိပ်ထဲမှ အဆောင်စာရွက် အချို့ကို ထုတ်ယူပြီး၊ ဝိညာဉ်စွမ်းအင်မှင်၊ စုတ်တံတို့ကို ထုတ်ကာ မြေပြင်ပေါ်တွင် အစီအရင်ဆွဲရန် စတင်သည်။
လင်းတုန်းသည် စကားနားထောင်သော ညီငယ်တစ်ဦးကဲ့သို့ စူးစမ်းလိုစိတ်ဖြင့် အစ်ကိုကြီး သူ၏တာဝန် လုပ်ဆောင်နေပုံကို ကြည့်နေသည်။
ကျောက်လက်ဖွဲ့အတွင်း။
ကောင်းကင်မြွေပါသည် ဝိညာဉ်စွမ်းအင်ဖြင့် နှစ်ဦးကို ကြည့်နေရင်းကနေ တစ်နေရာတွင် ထိုင်နေပြီး နက်ရှိုင်းစွာ တွေးတောနေသည်။ သူ၏မျက်လုံးငယ်လေးများသည်လည်း အနည်းငယ် အသက်၀င်မှု ပျောက်ဆုံးနေပြီး၊ မျက်နှာတစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နေသည် သို့သော် သူ၏စိတ်ထဲတွင် သိမ်မွေ့သော၊ ကွဲပြားခြားနားသော ခံစားချက်တစ်ခု လှိုင်းထနေသည်။
“ဝူယွမ်က လင်းတုန်းကို တကယ် ကောင်းကောင်းဆက်ဆံတဲ့ပုံဘဲ ငါအရင်ကစဉ်းစားထားတာတွေက မှားနေခဲ့တာလား။