← Chapters

လင်းယွင်ဂိုဏ်းချုပ်ရဲ့ ခွန်အား

Vol. 9 Ch. 104

လင်းယွင်ဂိုဏ်းချုပ်ရဲ့ ခွန်အား

Vol. 9 Ch. 104

ထိုကျင့်ကြံသူသည် ထူးဆန်းတဲ့ကျင့်စဥ်အချို့ကို သင်ယူထားသည်။

"အလင်းရောင်ခြည်စုံဓါးတွေ သွားစမ်း..."

သူက ရွှေရောင်ဓားများကိုထိလိုက်ရာ သူတို့ကမရေမတွက်နိုင်တဲ့ မှော်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး ကျန်းယီမင်ဆီကို ပြေးဝင်သွားသည်။ မွေးဖွားခြင်းအဆင့်ကို အစစ်အမှန်ရောက်ပြီးမှသာ ကျန်းယီမင်သည် အားကောင်းသူများအကြားက တိုက်ပွဲများအတွင်းတိုက်ခိုက်နည်းလမ်းများက အလွန်ကွဲပြားကြောင်း သဘောပေါက်လာသည်။ အစီအရင်များဖြင့်လုပ်ထားတဲ့ အခုလိုဆန်းကြယ်တဲ့ တိုက်ခိုက်နည်းကို သူအခုမှပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ကျန်းယီမင်က ပြန်တုံ့ပြန်ရန်ပြင်လိုက်စဉ်မှာပင် သူ့လက်များကို တစ်ခုခုကချည်နှောင်ထားသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားလို့မရတော့ပေ။ သူက သေချာပြန်ကြည့်လိုက်သည်။ သူမသိလိုက်ဘဲ စိတ်ဝိညာဉ်စွမ်းအားဖြင့် လုပ်ထားတဲ့ထူထဲသည့်ကြိုးအချို့က သူ့ခြေလက်များကိုချည်နှောင်ထားသည်။ အခုအချိန်တွင် သူသည်လေထဲမှာ ချည်နှောင်ခံထားရပြီး လှုပ်ရှားလို့တောင်မရတော့ပေ။ ကြိုးအဆုံးကို သူမမြင်ရတာကြောင့် ဒီထူထဲသည့်ကြိုးများက ကောင်းကင်မှနေ ချည်နှောင်ထားသလို ဖြစ်နေသည်။ သူက ပိုကြောက်မက်ဖွယ်ကောင်းလာတဲ့ ချည်နှောင်ထားတဲ့ခံစားချက်ကိုသာ ခံစားနေရသည်။

"ဟား...ဟား... မင်းရဲ့ မွေးဖွားခြင်းအဆင့်ခန္ဓာကိုယ်ကို ငါ့ရဲ့စိတ်ဝိညာဥ်အာဟာရဖြစ်လာစေရမယ်ကွ..."

"ဟွန့်... အမှိုက်သရိုက်တွေ..." ကျန်းယီမင်က လှောင်ပြုံးပြလိုက်သည်။

သူ့စိတ်ဝိညာဉ်စွမ်းအားများ တစ်ဖန်ပေါက်ကွဲထွက်လာပြီး ထိုထူထဲတဲ့ကြိုးများကို ချက်ချင်းဖြတ်တောက်လိုက်သည်။

'ဒီလို မဖြစ်သင့်ဘူးလေ....'

ခုနက အစီအရင်ကိုဖန်တီးခဲ့တဲ့ အဘိုးအိုက နားမလည်နိုင်ဖြစ်သွားသည်။ ခုနက အစီအရင်သည် အာရုံလွှဲပြောင်းမှု သက်သက်သာဖြစ်သည်။ သူ့ရဲ့ အစစ်အမှန်လူသတ်လိုတဲ့ တိုက်ကွက်မှာ သူပိုင်ဆိုင်တဲ့မှော်ရတနာဖြစ်တဲ့ စိတ်ဝိညာဉ်ချည်နှောင်ကြိုးပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျန်းယီမင်သည် အန္တရာယ်ကို သတိမထားမိခင် သူ့မှော်ရတနာဖြင့် ဦးစွာချည်နှောင်ခံရမည်ဖြစ်သည်။

ထို့နောက် ကျန်းယီမင်ရုန်းကန်လေလေ၊ မှော်ရတနာက ပိုတင်းကျပ်လေလေ ဖြစ်သင့်သည်။ တစ်ဖက်လူကျင့်ကြံခြင်းအဆင့်က သူ့ထက် ယများစွာမမြင့်မားပါက လွတ်မြောက်ဖို့ကြိုးစားခြင်းကပင် အားစိုက်ထုတ်မှု များစွာလိုအပ်သင့်သည်။ ကျန်းယီမင်က ဖြည်းဖည်ူချင်း လေထဲမြင့်လာတာကို မြင်သောအခါ ထိုအကြီးအကဲနားလည်သွားသည်။ တစ်ဖက်လူသည် လွတ်မြောက်ဖို့သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ခြင်းမဟုတ်ပေ။ ဓားရှည်တစ်လက်က ကျန်းယီမင်လက်ထဲတွင် ပေါ်လာသည်။

ကျန်းယီမင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ငရဲပြည်တွင် သူရခဲ့တဲ့စိတ်ဝိညာဉ်စွမ်းအားကို ဓားများအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သူနားမလည်နိုင်ခဲ့တဲ့ နည်းစနစ်က ဘယ်ကရောက်လာသလဲကို နောက်ဆုံးတွင် သူသိသွားလိုက်သည်။ ထိုအရာက ရိုးရှင်းတဲ့ သိုင်းပညာရပ်တစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အကြောင်းအရာမသိရတဲ့ အခွင့်အလမ်းတစ်ခုဖြင့် ငရဲပြည်တွင် နတ်ဘုရားလက်နက်တစ်ခုကို ရခဲ့သည်။

"ဝိညာဉ်ချိတ်ပိတ်တိုက်ပွဲမိစ္ဆာဓား....."

ဒီချွန်ထက်တဲ့ဓားသည် ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာဓားတစ်လက်အနေဖြင့် ပေါ်လာမှာမဟုတ်ပေ။ ထိုအစားထိုဓားက သူ့ခန္ဓာကိုယ်ထဲတွင်တံဆိပ်ခတ်ထားသည်။ သူတကယ် လက်နက်လိုအပ်ပြီး စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုမှသာ သူအသုံးပြုနိုင်မည် ဖြစ်သည်။ ဒီဓါးသည် ငရဲပြည်မှရခဲ့တဲ့ ရတနာတစ်ခုဖြစ်သော်လည်း စီမာကျန်းလက်ထဲက မိစ္ဆာပစ္စည်းနှင့် မတူညီပေ။

ငရဲပြည်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း တကယ်တမ်းတွင် အဆိပ်ကိုအဆိပ်ချင်း ဖြေရှင်းသည့်နေရာတစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် အသက်ရှင်စဉ်က ဘယ်လိုတောင်ကြမ်းတမ်းခဲ့ပါစေ၊ ငရဲပြည်သို့ရောက်တဲ့အခါ ဝိညာဉ်ထဲကမကောင်းမှုများကို ဆေးကြောရန် ပိုရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းများက သူ့ကိုစောင့်ကြိုနေမည်ဖြစ်သည်။ ထို့ကြောင့် ငရဲပြည်မှအရာတစ်ခု လူ့လောကကို ရောက်လာသောအခါ ထိုအရာသည် မိစ္ဆာများကို ဆန့်ကျင်နိုင်တဲ့ အလွန်မြင့်မြတ်သည့် လက်နက်တစ်ခု ဖြစ်လာသည်။

ကျန်းယီမင်သည် သူ့ဓားထက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် စီမာကျန်းရဲ့အရိုးစားဓားနှင့် ထိပ်တိုက်တိုက်ခိုက်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံလိုက်တဲ့အခါ ကြောက်မက်ဖွယ်အသံက သူတို့ထင်ထားသကဲ့သို့ ထွက်ပေါ်မလာပေ။ ထိုအစား မတူညီတဲ့အရှိန်အဝါနှစ်ခုသည် တစ်ခုကိုတစ်ခု စတင်ဝါးမျိုနေကြသည်။ သူမတော်တဆ ရရှိခဲ့တဲ့ရတနာသည် စီမာကျန်းလက်ထဲရှိ မိစ္ဆာပစ္စည်းကို အခုလောက်ထိတန်ပြန်နိုင်လိမ့်မယ်လို့ ကျန်းယီမင်မမျှော်လင့်ထားခဲ့ပေ။ စီမာကျန်းသည် သူ့ အရိုးစားဓားက သူ့ရန်သူထုတ်လွှတ်လိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုခြင်းမရှိတာကို ခံစားလိုက်ရသည်။ ထိုအစား သူ့လကွနက်သည် အနည်းငယ်ကြောက်ရွံ့နေပုံပေါ်နေသည်။

'သောက်ကျိုးနည်း... ဒီကောင်စုတ်လေးက ဒီလိုရတနာမျိုး ဘယ်ကရခဲ့တာလဲ...'

တိုက်ပွဲအလယ်မှာရောက်နေပေမယ့် စီမာကျန်းသည် သူ့ရှေ့မှလူငယ်လေးကို အနည်းငယ်မနာလို ဖြစ်မိနေသည်။

ချလွင်!

ချလွင်!

ချလွင်!

သူတို့နှစ်ယောက်စလုံး အလွန်မြန်ဆန်နေကြသည်။ သူတို့အသုံးပြုတဲ့ လက်နက်များသည် သတ္တုဖြင့် ပြုလုပ်ထားခြင်းမဟုတ်သော်လည်း လက်နက်ချင်းတွေ့ဆုံမှုများမှ ထွက်ပေါ်လာတဲ့အသံများသည် ဖော်ပြလို့မရနိုင်လောက်အောင် အေးစက်တဲ့အသံများဖြစ်သည်။

"မင်းလက်ထဲ ဒီလိုမိစ္ဆာပစ္စည်း ရှိနေရင်တောင်...." ကျန်းယီမင်ပြုံးလျက် ဟိန်းဟောက်လိုက်သည်။

"မင်းကတုံးအနေတုန်းပဲ။ ဘယ်လိုသုံးရမလဲဆိုတာတောင်မသိဘူး..."

ခုနက အစီအရင်ဖွဲ့တဲ့မွေးဖွားခြင်းအဆင့်ကျင့်ကြံသူသည် တိုက်ပွဲထဲကိုပြန်ဝင်လာသည်။ သူ့လက်ထဲတွင် နောက်ထပ်လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်ရာ လေထဲတွင်ကျောက်တံတိုင်းတချို့ ဖြစ်ပေါ်လာသည်။ ထိုကျောက်တုံးတို့က ကျန်းယီမင်ကို ကျောက်ထောင်ကြီးထဲ ပိတ်လှောင်ရန် ကြိုးစားရင်းလျင်မြန်စွာ ကျဉ်းမြောင်းလာသည်။ ကျန်းယီမင်က တိုက်ပွဲ အလယ်မှာရှိနေစဉ် သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ ထပ်မံတုန်ခါသွားသည်။

'ဒါက... ဖျက်စီးခြင်းကျင့်စဉ်... နောက်ထပ် တိုက်ကွက်ပုံစံတစ်ခု ထပ်ပေါင်းထည့်လိုက်ပြီ...'

အရင်က အဘိုးလင်းရုပ်ကြွင်းကိုရတုန်းက သူက မွေးဖွားခြင်းအဆင့်သို့ရောက်ခဲ့ပြီး ဖျက်စီးခြင်းကျင့်စဉ်၏ ပုံစံသစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့သည်။ ယခုတိုက်ပွဲအတွင်းတွင် သူသည်နောက်ထပ်ပုံစံတစ်ခုကို နားလည်သဘောပေါက်လိုက်ပြန်သည်။ ရန်သူနှစ်ယောက်ရဲ့ ညှပ်ပူးညှပ်ပိတ်ပြီး တိုက်ခိုက်တာကို ရင်ဆိုင်ရတဲ့အခါ သူအမှန်တကယ်ပင် ဖိစီးမှုကိုခံစားနေရသည်။ ထိုအချိန်တွင် ဖျက်စီးခြင်းကျင့်စဉ်ရဲ့ တခြားပုံစံတစ်ခုကို ရလိုက်တာက ကောင်းကင်ဘုံက သူ့ကိုတကယ်ကူညီနေခြင်းပင်ဖြစ်သည်။

တိုက်ကွက်ပုံစံသစ်အကြောင်း စဉ်းစားဖို့အချိန်မရလိုက်ခင်မှာပင် ကျောက်တံတိုင်းများနှင့် စီမာကျန်းရဲ့ တိုက်ခိုက်ချက်တို့သည် တစ်ခုပြီးတစ်ခုရောက်လာကြသည်။

'စမ်းကြည့်လိုက်တာပဲ ကောင်းပါတယ်...'

ရှန့်ကွမ်းမိသားစုတွင် ဖြစ်နေတဲ့တိုက်ပွဲများအနက် ကောင်းကင်ပေါ်တွင် တိုက်ခိုက်နေကြတဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများအပြင် ဟွမ်းထျန်ချီ၊ ဂူလင်းဖေးနှင့် တခြားသူများသည်လည်း ခန်းမဘေးတွင် အရှိန်အဟုန်ပြင်းစွာတိုက်ခိုက်နေကြသည်။ ဂူလင်းဖေးသည်လည်း စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်ကို သူ့ကျင့်စဉ်နှင့် ပေါင်းစပ်လေ့ကျင့်ထားရာ အခြေတည်စိတ်ဝိညာဥ်အဆင့်ရှိ သူ့တိုက်ခိုက်မှုများသည် လူအများကြီးရဲ့ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ပိုသွက်လက်ပြီးကြမ်းကြမ်းတမ်းတမ်း ပြန်ချေပနိုင်ခဲ့သည်။ သူ့ရဲ့ကြမ်းတမ်းသန်မာတဲ့ ခန္ဓာကိုယ်ခွန်အားတစ်ခုတည်းဖြင့် ရန်သူများကိုတစ်ယောက်ပြီးတစ်ယောက် သူ့လက်သီးအောက်တွင် အပိုင်းပိုင်းကြေမွသွားစေသည်။

"ငါ့ဂျူနီယာညီမလေးကို ပြန်ပေး..."

ရှန့်ကွမ်းလီရဲ့ မျက်နှာအမူအရာလည်း အနည်းငယ် ကြည့်မကောင်းဖြစ်လာသည်။ သူက ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့ကို မသတ်ချင်ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက ကျန်းယီမင်ကို လုံးဝဒေါသထွက်စေမည်မှာ သေချာသောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်ရဲ့ အသက်ကိုအသုံးပြုပြီး ပြိုင်ဘက်များကို ခြိမ်းခြောက်မယ်ဆိုလျှင် သူသည်အကြံကုန်ဂဠုန်ဆားချက်ဖြစ်နေပြီလို့ ပြရာရောက်မည်။ အကယ်၍ သူတို့ကိုသတ်ပစ်လိုက်ရင်လည်း တစ်ဖက်လူက ရှန့်ကွမ်းချင်းယန်ကို လွှဲပြောင်းပေးရန်ရည်ရွယ်ချက် မရှိသေးလျှင် ဘယ်လိုလုပ်မလဲဆိုတာကို သူတွေးမရအောင်ဖြစ်နေသည်။

အကယ်၍ အဲ့လိုတွေဖြစ်လာပါက ဒီအရောင်းအဝယ်မှ သူကဆုံးရှုံးမှုအကြီးကြီးကိုသာ ရရှိလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် ရှန့်ကွမ်းမိသားစုသည် အဆင့် ၃ အင်အားစုဖြစ်နေသဖြင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်စုကို ကိုင်တွယ်ဖြေရှင်းရန် သူတို့အတွက် သိပ်မခက်ခဲပေ။ ဂူလင်းဖေးနှင့် နခြားသူများရဲ့ တိုက်ခိုက်တာက တဖြည်းဖြည်းနှေးကွေးလာသည်။ သူတို့က တဖြည်းဖြည်း လူချင်းကွဲသွားပြီး ဝိုင်းရံပိတ်ဆို့ခံနေရပြီဖြစ်သည်။ ရှန့်ကွမ်းလီသည် လက်နှစ်ဖက်နောက်ပစ်လျက် ခန်းမထဲတွင် ရှိနေသည်။

သူက ဝမ်းနည်းပက်လက်ဖြင့် ခေါင်းခါလိုက်ပြီး "နှမြောစရာပဲ၊ နှမြောစရာပဲ။ မင်းတို့တွေက ရှန့်ကွမ်းမိသားစုရဲ့ ရန်သူတွေဖြစ်ပေမယ့် မင်းတို့ရဲ့တိုက်ခိုက်လိုစိတ်ကို ချီးကျူးစရာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်...."

ဂူလင်းဖေးနှင့် တခြားသူများက ပိုကျဉ်းမြောင်းလာတဲ့ ဝိုင်းရံပိတ်ဆို့မှုထဲတွင် ပိတ်မိနေကြသည်။ တစ်ဖက်လူက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးကို တိုက်ရိုက်စေလွှတ်နိုင်သည်။ သူတို့ကဲ့သို့ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများအတွက်မူ ရှန့်ကွမ်းမိသားစုတွင် မရေမတွက်နိုင်အောင်ရှိသည်။ အဖွဲ့ထဲတွင် ရှန့်ကွမ်းချင်းယန်သင်ယူထားတဲ့ ကျင့်ကြံနည်းလမ်းတစ်ခုသာလျှင် ဝိုင်းပတ်ဆို့ခံနေရတာကို ဖောက်ထွက်ရန် အသင့်တော်ဆုံးဖြစ်သည်။ သို့သော် သူ့ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့်နေသေးသည်။

"ဒီသူခိုးတွေ... ငါတို့တွေ ချောင်ထဲပိတ်မိနေပြီ...."

ဂူလင်းဖေးသည် ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။ သူတို့သည်လည်း တစ်ဖက်လူရဲ့ခွန်အားကို လျှော့တွက်ခဲ့မိသည်။ သူတို့ပြိုင်ဘက်များ ဖွဲ့စည်းထားတဲ့ တိုက်ကွက်ဗျူဟာသည် သူတို့အပေါ် တဖြည်းဖြည်း ဖိအားတွေပေးလာနေသည်။

'ဒီနေ့ကတကယ်ပဲ လင်းယွင်ဂိုဏ်းရဲ့နေ့ဆုံးရက်လား... မဖြစ်နိုင်ပါဘူး... သေချာပေါက် မဟုတ်ဘူး...'

All Chapters