အဆူရာနတ်ဆိုးခန္ဓာကိုယ်၊ ချင်းတန်၏ ပြဿနာဖြေရှင်းခြင်း
Vol. 6 Ch. 51
“ချင်းတန်ရဲ့ ခန္ဓာကိုယ်က အလွန်ထူးဆန်းတယ်၊ ခဏခဏ မဟုတ်ပေမဲ့ အတော်ကြာတိုင်းတစ်ခါ အေးစက်တဲ့ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လေ့ရှိတယ်...”
လင်းတုန်က ဝူယွမ်အား ချင်းတန်၏ ရောဂါလက္ခဏာများကို ပြောပြလိုက်သည်။
စကားမပြောတော့ဘဲ၊ ဝူယွမ်သည် ချင်းတန်ကို မင်းသမီးလေးကဲ့သို့ ပွေ့ချီလိုက်ပြီး ခြံ၀င်းထဲ ပြေးဝင်သွားသည်။
“ပထမ ချင်းတန်ကို အိမ်ထဲခေါ်သွားရမယ် တံခါးဝမှာ နေလို့မရဘူး”
စွမ်းအားပြင်းသော အအေးဓာတ်သည် ချင်းတန်၏ ခန္ဓာကိုယ်မှ ဝူယွမ်ဆီသို့ ပျံ့နှံ့သွားကာ ဝူယွမ်၏ လက်မောင်းများ ချက်ချင်းပင် ရေခဲမှုန်လေးများဖြင့် ဖုံးလွှမ်းသွားသည်။
“အရမ်းအေးတဲ့ စွမ်းအင်တွေပါလား။”
ဝူယွမ် မျက်မှောင်ကြုတ်လိုက်သည်၊ သူကိုယ်တိုင်ပင် အရိုးထဲထိ အေးစက်မှုကို ခံစားနေရသည်မှာ ချင်းတန် မည်မျှ ခံစားနေရသည်ကို သိစေနိုင်သည်။
ချင်းတန်သည် ထိုမျှကြီးမားသော နာကျင်မှုကို သည်းခံနေပြီး သူ့ပတ်ဝန်းကျင်ရှိလူများ စိတ်မပူရလေအောင် နေ့တိုင်း ပျော်ရွှင်စွာ နေထိုင်နေခဲ့လေသည်။
ဝူယွမ်သည် သူ့ရင်ခွင်ထဲက လိုလီလေးအတွက် သနားသလို ခံစားလိုက်ရသည်။
ချင်းတန်တွင် အဆူရာနတ်ဆိုးခန္ဓာ ရှိသည်ကို သိထားသော်လည်း အရင် ဤအကြောင်းကို သူ သိပ်ဂရုမစိုက်ခဲ့ပေ။
သို့သော် အခု သူမ၏ ခန္ဓာကိုယ်သည် အပြည့်အဝ နိုးထလာခြင်း မရှိသေးဘဲ ချင်းတန်က အတိုင်းအစ မရှိသော နာကျင်မှုကို ခံစားနေရသည်။
“သူမက သန်မာပြီး နားလည်ပေးတတ်တဲ့ လိုလီလေးတစ်ယောက်ဘဲ”
ဝူယွမ်သည် ချင်းတန်အား အအေးစွမ်းအင်ကို ခံနိုင်ရည်ရှိစေရန် ပြင်းထန်တဲ့ ယန်စွမ်းအင်များ ဆက်တိုက် ထုတ်လွှတ်ပေးနေသည်။
ချင်းတန်သည် သူမ၏ ခေါင်းကလေးကို ဝူယွမ် ရင်ဘက်ထဲတွင် ဝှက်ထားပြီး ဝူယွမ်၏ စိုးရိမ်သောကရောက်နေသော မျက်နှာကို မြင်ရသောအခါ သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုတစ်ခု ထွက်ပေါ်လာသည်။
ထိူနာကျင်မှုကို သူမ ကျင့်သားရနေပီဖြစ်သည်။ နှိုင်းယှဉ်ပါက သူမ၏ အစ်ကိုကြီးများဘေးမှာ ရှိနေသည်ကို ပိုနှစ်သက်သည်။
“ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ကိုကြီးဝူယွမ် ကျွန်မ ကျင့်သားရနေပါပီ၊ ချင်းတန် မနာပါဘူး”
သူမက ဝူယွမ်ကို ခပ်တိုးတိုးပြောလိုက်သည်။
“မပြောနဲ့တော့၊ အစ်ကို့ကို သေချာဖက်ထား”
ဝူယွမ်သည် ချင်းတန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူမ၏ အအေးဓာတ်ကို လျှော့ချရန် ကြိုးစားနေသည်။
ထိုအချိန်တွင် လင်းတုန်လည်း နောက်မှလိုက်လာပြီး သူ၏လက်ကို ချင်းတန်၏ ကျောပြင်ပေါ်တွင် တင်ကာ ကျောက်လက်ဖွဲ့ကို လျှို့ဝှက်အသုံးပြုပြီး အေးစက်သော စွမ်းအင်မျှင်များကို ဖြေးဖြေးချင်း စုပ်ယူနေသည်။
“အစ်ကို၊ အရင်က ကျွန်တော်ပေးခဲ့တဲ့ ယင်ပုလဲလုံးက ချင်းတန်ရဲ့ ခန္ဓာကိုယ်ကနေ ရထားတာပါ။ ကျောက်လက်ဖွဲ့ကို သုံးပြီး ချင်းတန်ရဲ့ နာကျင်မှုကို အနည်းငယ် လျှော့ချပေးလို့ရတယ်” လင်းတုန်က ဝိညာဉ်စွမ်းအင်ဖြင့် ဝူယွမ်ဆီကို ပို့လိုက်သည်။
ကျောက်လက်ဖွဲ့၏ တည်ရှိမှုကို ချင်းတန်အား သူမသိစေချင်ပေ။
“အင်း...”
အခန်းထဲရောက်သည်နှင့် ဝူယွမ်က ချင်းတန်ကို စောင်ဖြင့်ပတ်ပြီး သူမ၏ ဖြူစင်နုနယ်သော လက်ကလေးကို ကိုင်ကာ သူမထံ ယန်စွမ်းအင်ကို ဆက်တိုက် စီးဆင်းစေသည်။
ချင်းတန်၏ နာကျင်မှုသည် အမှန်ပင် သိသိသာသာ သက်သာလာပြီး ခဏကြာပြီးနောက် နောက်ဆုံးတွင် သက်သာလာလေသည်။
ချင်းတန်၏ မျက်နှာကလေးက ဖြူဖပ်ဖြူရော်နှင့် အားနည်းနေသည်။
သူမ၏ အစ်ကိုနှစ်ယောက်၏ စိုးရိမ်သော အမူအရာကို ကြည့်ကာ အားနည်းနေသော်လည်း အတင်းအကျပ်ရယ်မောပြီး “ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ကျေးဇူးတင်ပါတယ် ကိုကြီးဝူယွမ် ကျေးဇူးတင်ပါတယ် ကိုကြီးလင်းတုန် ”
“ချင်းတန်၊ ယန်စွမ်းအင်ကို မစုပ်ယူနိုင်သေးဘူးလား?” လင်းတုန်က စိုးရိမ်သော မေးမြန်းသည်။
ချင်းတန်သည် တစ်လထပ်ကြာပြီးနောက် ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ယန်စွမ်းအင်ကို စုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ရှောင်ဒေါင်- “ငတုံးကောင်လေး၊ သူမက ယန်စွမ်းအင်ကို ဘယ်လိုလုပ်စုပ်ယူနိုင်မှာလဲ”
“ယွမ်ကောင်းကင်နယ်ပယ်ကို ရောက်ဖို့ဆို ယန်စွမ်းအင်ကို စုပ်ယူရတယ် မဟုတ်လား” လင်းတုန်က သူ၏ခေါင်းကို ပွတ်ကာပြောလိုက်သည်။
“လူတိုင်းမဟုတ်ဘူး”
“လူတိုင်းမဟုတ်ဘူး”
ထပ်တူကျသော အသံနှစ်ခု လင်းတုန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
“မင်းအစ်ကိုက ပညာရှိတစ်ယောက်ဘဲ၊ သူ့စကားကို နားထောင်လိုက်!”
ရှောင်ဒေါင်က ဆုံးဖြတ်ချက်ချကာ ပါးစပ်ပိတ်လိုက်သည်။ ဝူယွမ်သည် ပြန်လည်မွေးဖွားသူတစ်ဦးဖြစ်ကြောင်း သူသိပြီးဖြစ်ကာ အဆူရာနတ်ဆိုးခန္ဓာကိုယ် ကဲ့သို့သော အထူးခန္ဓာကိုယ်ကို သူမှတ်မိမည်မှာ သေချာသည်။
ဝူယွမ်- “ကျင့်ကြံသူအားလုံးက ယင်နဲ့ ယန် ဟန်ချက်ညီစေဖို့ ယင်-ယန်စွမ်းအင်ကို စုပ်ယူစရာ မလိုဘူး။ ကောင်းကင်နှင့် မြေကြီးကြားမှာ သာမန်လူတွေနဲ့မတူ ကွဲပြားတဲ့ အထူးခန္ဓာကိုယ်တစ်ချို့ ရှိတယ်၊ အဲ့တာတွေက အားကောင်းတဲ့ ယင်ဓာတ်သဘာ၀ ဒါမှမဟုတ် ယန်ဓာတ်သဘာ၀ ရှိနိုင်တယ်၊ ယွမ်စွမ်းအင် စုစည်းတဲ့အခါ သူတို့ခန္ဓာကိုယ်အတွင်းက ယင်နဲ့ ယန်စွမ်းအင်က ဟန်ချက်ညီဖို့ရာ ခက်ခဲတယ်။ အဲ့လို အထူးခန္ဓာကိုယ်ရှိတဲ့သူတွေက ယွမ်ဒန်ကို စုစည်းဖို့ ခက်ခဲပေမဲ့ ပိုအားကောင်းတဲ့ အတွင်းစွမ်းအင်တစ်မျိုးဖြစ်တဲ့ ယန်ဒန် သို့မဟုတ် ယင်ဒန်ကို စုစည်းနိုင်တယ်။”
“ချင်းတန်ရဲ့ ခန္ဓာကိုယ်က အဆူရာနတ်ဆိုးခန္ဓာကိုယ်မလို့ ပြင်းထန်တဲ့ ယင်ဓာတ်သဘာ၀ရှိတယ်”
“ဒီအဆူရာနတ်ဆိုးခန္ဓာကို စွမ်းအားကြီး ယင်ရှခန္ဓာကိုယ်လို့ ယူဆလို့ရတယ်။ အခြား ယင်းရှားခန္ဓာကိုယ်တွေက ယန်စွမ်းအင် အနည်းငယ် စုပ်ယူလို့ရပေမဲ့ အဆူရာနတ်ဆိုးခန္ဓာကိုယ်ကတော့ ကွဲပြားတယ်။ ဒန်တျန်အတွင်း ယန်စွမ်းအင် တည်ရှိလို့မရဘူး။ ဒီခန္ဓာကိုယ်က စွမ်းအားကြီးလွန်းတယ်”
“ချင်းတန်ရဲ့ ခန္ဓာကိုယ်အတွင်းက ယင်ရှစွမ်းအင်ကို အဆူရာနတ်ဆိုးစွမ်းအင်လို့လည်း ခေါ်တယ်။ ဒီစွမ်းအင်ကို အသုံးပြုပြီးဘဲ အဆူရာနတ်ဆိုးယင်ဒန်ကို စုစည်းနိုင်တယ်။ အခြားနည်းလမ်းမရှိဘူး”
လင်းတုန်က ချီးကျူးလိုက်သည် “ဒါ... အစ်ကိုကြီးက သိပ်ဗဟုသုတကြွယ်ဝပါလား”
“ချင်းတန်၏ ခန္ဓာကိုယ်ပြဿနာအကြောင်း ငါ့ကို စောစောကတည်းက ပြောသင့်တယ်။ ဒါဆိုရင် ချင်းတန် ဒီလောက်မခံစားရဘူး!”
ချင်းတန်- “ကိုကြီးဝူယွမ်၊ ဒီအဆူရာနတ်ဆိုးခန္ဓာကိုယ်က ဘယ်လိုဟာလဲ စွမ်းအားကြီးလား”
ဝူယွမ် ပြုံးလိုက်သည်- “ဒါပေါ့၊ ညီမလေးချင်းတန်၊ မင်းဆီကနေထွက်လာတဲ့ ယင်ရှစွမ်းအင်သပ်သပ်ကတင် ပဥ္စမအဆင့်ရောက်နေပြီ၊ မင်းအတွင်းထဲမှာရှိတဲ့ဟာကို ဘယ်လိုပြောရမလဲ န၀မအဆင့် ရောက်ဖို့ဆိုတာမခက်ဘူး။ ”
“စဉ်းစားကြည့်၊ အဲ့အဆင့်ရှိတဲ့ ယင်ရှစွမ်းအင်နဲ့ စုစည်းထားတဲ့ ယင်ဒန်က အားနည်းမှာလား”
“အများဆုံး စင်ကြယ်တဲ့ ယင်ဒန် ဒါမှမဟုတ် ယန်ဒန်က သာမန်ယွမ်ဒန်ထက် စွမ်းအားပိုင်းမှာ ပိုအားကောင်းတယ်။ ဒါ့အပြင် မင်းရဲ့ အဆူရာနတ်ဆိုးယင်ဒန်က ကြယ်ကိုပွင့်ယွမ်ဒန်ထက် မနိမ့်တဲ့ တည်ရှိမှုတစ်ခုမလို့ မင်းရဲ့ခန္ဓာကိုယ်က အရမ်းကိုအားကောင်းတယ်။ ”
“မင်းက ဒီခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်ရသေးတာ၊ ခန္ဓာကိုယ်ထဲက ယင်စွမ်းအားကို မထိန်းချုပ်ရသေးတာကြောင့် ဒီလိုမသက်မသာခံစားနေရတာ ယင်ဒန်ကိုစုစည်းပြီးတာနဲ့ ဒီပြဿနာ ရှင်းသွားလိမ့်မယ်”
“အခုကစပြီး ယန်စွမ်းအင်ကို ထပ်မစုပ်ယူနဲ့တော့။ ယင်ရှစွမ်းအင်ကိုပဲ အဓိကထားစုပ်ယူသင့်တယ် ယင်ဒန်စုစည်းနိုင်ဖို့ဆို အဆင့်မြင့် ယင်ရှစွမ်းအင် အတော်များများ ရှာရမယ် ”
“ဒီကိစ္စကို ငါနဲ့ မင်းအစ်ကိုကြီးလင်းတုန်အစ်ကိုအပေါ် လွှဲထားလိုက်။ ငါအခုပဲ ရွှေတစ်သောင်းကုန်သည်အသင်းဆီသွားပြီး သူတို့ကို စုဆောင်းပေးဖို့ အကူညီတောင်းလိုက်မယ်”
“အင်း...”
ချင်းတန်က ခေါင်းညိမ့်ပြလိုက်သည်။
သူမ၏အစ်ကိုများ ဘေးမှာရှိနေသည့်အတွက် လုံခြုံမှုအပြည့်ရှိသည်ဟု သူမခံစားနေရသည်။
“အတူတူသွားကြရအောင်။ ပိုင်ယွမ်နဲ့ ရှောင်ယန်ကို ပြန်ခေါ်ရအုံးမယ် အဆောင်သခင်အသင်းမှာ ဆက်ထားဖို့ မသင့်ဘူး။”
“သွားမယ်”
ဝူယွမ်နှင့် လင်းတုန်သည် ပထမဆုံး ရွှေတစ်သောင်းကုန်သည်အသင်းသို့ သွားကြသည်။
သူတို့သည် ရွှမ်စုအား ယင်ရှစွမ်းအင် သတင်းကို စုံစမ်းပေးရန် အကူညီတောင်းခဲ့ပြီးနောက် အဆောင်သခင်အသင်းဆီသို့ ဦးတည်ထွက်လာကြသည်။
“မင်းတို့နှစ်ယောက် လာတာ အချိန်ကောင်းပဲ။ ငါတို့လည်း မင်းတို့ကို လာရှာတော့မလို့”
ဆရာယန်က ဝူယွမ်နှင့် လင်းတုန်ကို မြင်သောအခါ သူ၏အိုမင်းသော မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပြုံးရိပ်သန်းသွားသည်။
“ဆရာ၊ ဘာဖြစ်လို့လဲ။”
ဝူယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ ယန်ရွမ်က ဒီကာလများအတွင်း ရှေးဟောင်းဝန်ရိုးအဆောင်တံဆိပ် စုစည်းခြင်း နည်းစနစ်ကို ကျင့်ကြံရန် အလုပ်များနေပြီး သူ့ကို တွေ့ရခဲသည်။
“ပြိုင်ပွဲကစတော့မယ်။ မင်းမေ့သွားတာလား” ယန်ရွမ်က စိတ်တိုသောအသံဖြင့် ပြောသည်။
“ငါတို့ယန်မြို့က နှစ်နှစ်ဆက်တိုက် ရှုံးထားတယ်။ ဒီတစ်ခါပါ ရှုံးရင် ဝိညာဉ်မျှော်စင်ကိုလက်လွှတ်ရလိမ့်မယ်။ ဒါကိုမင်းက ဂရုမစိုက်ဘူး၊ ငါတို့က မင်းအပေါ်မှာ မျှော်လင့်ချက်အပြည့်ထားတာ။”
ဝူယွမ်က ကသိကအောက်ဖြစ်ကာ ခေါင်းကုတ်သည်၊ သူအမှန်ပင် မေ့သွားခဲ့သည်။
“ဆရာ၊ ဆရာ့တပည့်လေးက အခု လူကြီးတစ်ယောက်ဖြစ်နေပြီ။ အလုပ်တွေကအရမ်းများတယ်။ ရွှေတစ်သောင်းကုန်သည်အသင်းကို နေ့တိုင်းသွားပြီး မန်နေဂျာ စုနဲ့ အရေးကြီးကိစ္စတွေ နေ့တိုင်း ဆွေးနွေးနေရတယ်လေ။ အဖေနဲ့ ဆုံဖို့ ကတိပေးထားတာတောင် အချိန်မရဘူး၊ ပြိုင်ပွဲကို ဘယ်မှတ်မိမှာလဲ”
ဤအချိန်တွင် ဇီယွဲ့သည် အခန်းထဲမှထွက်လာပြီး မကျေမနပ်ပြောသည်။
၀ူယွမ်တို့ ရောက်သည့်အချိန်က သူမ နှင့် ယန်ရွမ် ပြိုင်ပွဲအကြောင်း ဆွေးနွေးနေချိန်ဖြစ်သည်။
“အစ်မ၊ ခွင့်လွှတ်ပါ။ ဒီကာလအတွင်း ရူးသွပ်ဓားသိုင်းခန်းမနဲ့ လင်းမိသားစုတို့က ယန်မြို့ကို ပြောင်းရွှေ့လာကြတယ်လေ၊ အလုပ်တွေကမရှုပ်လို့ကို မရဘူး။ ဒီည၊ ဒီညပဲ အစ်မနဲ့အတူ အဖေ့ကိုသွားတွေ့မယ်”
ဝူယွမ်က မြန်မြန်ဆန်ဆန် တောင်းပန်လိုက်သည်။
“ဟင်း” ဇီယွဲ့က နှာမှုတ်လိုက်ပြီး သူ့ကို ဆက်မရစ်တော့ပေ။
အခု ဝူယွမ်ရောက်လာပြီဖြစ်ရာ ပြိုင်ပွဲအတွက်ကို သူမ မစိုးရိမ်တော့ပေ။ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်အဆင့်သည် သူမ၏အဆင့်ထက် ပိုမြင့်နေပြီဖြစ်ကာ သူ့တွင် သဘာ၀ဝိညာဉ်အဆောင်လည်း ရှိသေးသည်။
ယန်ရွမ်- “ပြိုင်ပွဲက ဝိညာဉ်စွမ်းအင်ကို အဓိကထားပြိုင်ရမှာ။ ယွမ်စွမ်းအင်အဆင့်က ဒီနေရာမှာ သိပ်အသုံးမ၀င်ဘူး၊ မင်း ကောင်းကောင်းပြင်ဆင်ထားဖို့ လိုတယ် ထန်းဟော်မြို့က ကျိုးထုန်က အရင်နှစ်နှစ် လောက်ကတည်းက အဆောင်သခင် အဆင့်နှစ်ကို ရောက်နေပီ။ အခု အဆောင်သခင် အဆင့်သုံးကို တက်လာနိုင်တယ်။ သူက မင်းရဲ့အဓိကပြိုင်ဘက်ဘဲ။ မင်းသတိထားမှရမယ်”
“လင်းတုန်လည်း ရောက်လာတာဘဲ သိပ်ကောင်းတယ်။ အဆောင်သခင်အသင်းကို ကူညီပြီး ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ရာ သူ့ကိုငါဖိတ်ဖို့ ရည်ရွယ်ထားတယ်”
လင်းတုန်းက အရိုအသေပေးလိုက်ကာ ယဉ်ယဉ်ကျေးကျေးဘဲ ပြန်ပြောလိုက်သည် “ဆရာကြီး၏ ကျေးဇူးကြောင့်သာ လင်းတုန်က လက်ရှိဝိညာဉ်စွမ်းအင်အဆင့်ကို ရောက်ရှိခဲ့တာပါ။ ကျွန်တော်က ယန်မြို့ရဲ့ အဆောင်သခင်တစ်ဦးဆိုလည်း မမှားဘူး။ အဆောင်သခင်အသင်းအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးရတာက လုပ်သင့်တဲ့အရာဘဲ၊ ငြင်းစရာ အကြောင်းမရှိပါဘူး”
“လင်းတုန် ကောင်လေး၊ ယဉ်ကျေးလွန်းနေပါပီ၊ ပြောရမယ်ဆို သဘာ၀ဝိညာဉ်အဆောင် စုစည်းနည်းကိုပေးခဲ့တဲ့အတွက် ဒီအဘိုကြီးက မင်းကို ကျေးဇူးကြွေးတင်နေသေးတယ်”
“ဒီနေ့က အကြွေးပြန်ဆပ်ဖို့ အချိန်ကောင်းတစ်ခုဘဲ”
ယန်ရွမ်က သူတို့သုံးယောက်လုံးကို လှည့်ပတ်ကြည့်လိုက်ပြီး “မင်းတို့သုံးယောက်က ယန်မြို့ရဲ့ အထူးချွန်ဆုံး အဆောင်သခင်တွေဖြစ်ပြီး အားလုံးကို ငါသင်ကြားပေးခဲ့တာ။ အခု ငါမင်းတို့ကို သင်ကြားပေးစရာ ဘာမှမကျန်တော့ဘူး၊ ဒီနောက်ဆုံး အဖိုးတန်ဆုံးပစ္စည်းကလွဲလို့ပေါ့။”
ဝူယွမ်နှင့် အခြားနှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြကာ ယန်ရွမ်က သူတို့အား တစ်စုံတစ်ရာ သင်ကြားပေးတော့မည်ကို သိလိုက်ကြသည်။
ထို့အပြင် သူ၏ အဖိုးတန်ဆုံးပစ္စည်းက တစ်ခုတည်းဖြစ်သည်။
ထိုအရာကို လူတိုင်းသိသည်။
ချီအဆင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်ပညာရပ်။