အစားထိုးခံလေးလင်းတုန်
Vol. 6 Ch. 53
“မင်းတို့နှစ်ယောက်လုံး မျှော်စင်တိုက်ပွဲအတွက် ကောင်းကောင်းပြင်ဆင်ထားကြ။ ဝူယွမ် လင်းတုန့်ကို အဆောင်သခင်အသင်းဆီ ခေါ်သွားပြီး ရင်းနှီးအောင်လုပ်ပေးလိုက်ပါ။”
“နားလည်ပါပြီ၊ ဆရာကြီး။”
သုံးယောက်သား ယန်ရွှမ်၏ ဝါးအိမ်ကလေးထဲမှ ထွက်လာကြသည်။
အပြင်တွင် နေပူစာလှုံနေသော ဝူယွမ် နှင့် ရှောင်ယန် တို့သည် ဝူယွမ်တို့ကိုမြင်တာနဲ့ ဝမ်းသာစွာဖြင့် ပြေးလာကြပြီး ဝူယွမ် နှင့် လင်းတုန့်၏ လက်ထဲသို့ ခုန်ဝင်လိုက်ကြသည်။
တစ်ကိုယ်တည်းရပ်နေရသော ဇီယွဲ့မှာ နှုတ်ခမ်းဆူလိုက်ပြီး အိမ်ပြန်ရောက်ရင် အဖေ့ဆီက ကြောင်ကလေးတစ်ကောင် တောင်းပြီးမွေးမယ်လို့ စဉ်းစားနေမိသည်။
ဝူယွမ် နှင့် လင်းတုန့် တို့က ကျားများစီးနေစဉ်၊ ဇီယွဲ့မှာ နှစ်ခမ်းဆူကာ သူတို့နှစ်ဦးကြားမှ လမ်းလျှောက်လိုက်လာရသည်။
သူမသည် သူမကိုယ်သူမ အပိုဖြစ်နေသည်ဟု ခံစားရသည်။
“ဟိုနားကမျှော်စင်ကြီးက ဝိညာဉ်မျှော်စင်ဘဲ။ ရှေးနှစ်ပေါင်းစွာကတည်းက တစ်သက်တာ ဝိညာဉ်စွမ်းအင်တွေ စုပေါင်းဖွဲ့စည်းထားတာ။ ယန်မြို့မှာရှိတဲ့ အဆောင်သခင်တွေအားလုံးရဲ့ စိတ်ထဲက အထွတ်အမြတ်နေရာ ဆိုလည်းမမှားဘူး”
ဝူယွမ်က အဝေးက မီးခိုးရောင် မျှော်စင်ကြီးကို ညွှန်ပြကာ လင်းတုန်အား ရှင်းပြလိုက်သည်။
သူကိုယ်တိုင်ပင် အခုထိ မဝင်ဖူးသေးပေ။ ဝိညာဉ်မျှော်စင်သည် အမြဲတမ်းဖွင့်ထားခြင်းမဟုတ်ဘဲ၊ တစ်ကြိမ်ဖွင့်ရန် အဆောင်သခင်အသင်းတစ်ခုလုံး အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ရသည်�။
မကြာမီ သုံးဦးသား အဆောင်သခင်အသင်း၏ ရင်ပြင်သို့ ရောက်ရှိလာကြသည်။
လင်းတုန့် - “ဟိုဘက်နားမှာ အတော်လေး စည်ကားနေသလိုပဲ၊ သွားကြည့်ရအောင်။”
ဝူယွမ် - “တစ်စုံတစ်ယောက်က စိန်ခေါ်နေတာနဲ့တူတယ် သွားကြည့်ရအောင်”
ဇီယွဲ့ - “သူတို့တွေက ထန်းဟော်မြို့က အဆောင်သခင်တွေဘဲ။ အဆောင်သခင်အသင်းမှာနေ နေကြတာ၊ ဒီရက်ပိုင်းအတွင်း ငါတိုအသင်းက အဆောင်သခင်တွေကို စိန်ခေါ်တဲ့သူတွေ မကြာခဏလာလေ့ရှိတယ်။”
အဖြူရောင်ဝတ်စုံ၀တ်ထားသော လူငယ်တစ်ဦးနဲ့ ယန်မြို့ရဲ့ အဆောင်သခင်ဝတ်စုံ ၀တ်ထားသော အဆောင်သခင်တစ်ဦးတို့ စင်ပေါ်တွင် ယှဉ်ပြိုင်နေကြသညမ။
ယန်မြို့ရဲ့ အဆောင်သခင်မှာ အဆင့်တစ်သာ ရှိသေးပြီး၊ သူ့ပြိုင်ဘက်ကတော့ အဆောင်သခင် အဆင့်နှစ် ဖြစ်နေသည်။ မျှော်လင့်ထားသည့်အတိုင်း၊ ယန်မြို့ဘက်မှ အဆောင်သခင်သည် တိုက်ကွက်အနည်းငယ်အတွင်း အဖြူရောင်၀တ်စုံ လူငယ်၏ လက်ချက်ဖြင့် စင်ပေါ်မှပြုတ်ကျသွားသည်။
“ယန်မြို့ အဆောင်သခင်အသင်းက တကယ်ကို သာမန်အဆင့်မှာဘဲရှိတာဘဲ။ ဒီ ဝိညာဉ်မျှော်စင်ကြီးက ငါတို့ ထန်းဟော်မြို့ အတွက်ဘဲဖြစ်မယ်ထင်တယ်။” အဖြူရောင်ဝတ်စုံလူငယ်က မာန်မာနထောင်လွှားစွာဖြင့် သရော်လိုက်ပြီး ရယ်မောနေသည်။
ထိုမြင်ကွင်းသည် စင်အောက်ရှိ ယန်မြို့ အဆောင်သခင်များကို မျက်နှာများ မည်းမှောင်သွားစေပြီး၊ ဒေါသထွက်သော်လည်း အလွန်အမင်း သိမ်ငယ်မှုကို ခံစားနေကြရသည်။
လက်ရှိ ယန်မြို့ အဆောင်သခင်များထဲတွင်၊ ဝူယွမ်၊ လင်းတုန့် နှင့် ဇီယွဲ့ သည်သာ စင်ပေါ်တက်ရန် အရည်အချင်းပြည့်မှီသည်။
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ” ဇီယွဲ့ ထိုစကာများကို ကြားလိုက်ရပြီး ဒေါသထွက်သွားသည်။
ဝူယွမ် - “ဒုတိယညီတော်၊ မင်းတက်ပြီး ပညာပေးလိုက်စမ်းပါ၊ ဒီရက်ပိုင်းအတွင်း မျှော်စင်တိုက်ပွဲဝင်ရတော့မယ်၊ သူတို့ မင်းကိုသိအောင်လုပ်ဖို့ အခွင့်ကောင်းပဲ၊ ပြီးရင် အစ်ကိုကြီးအတွက် သူ့ပါးစပ်ကို ရိုက်နှက်ပစ်လိုက်။ သူ့ပါးစပ်က မှိုတက်နေလို့။”
“ဟုတ်၊ အစ်ကိုကြီး။”
လင်းတုန့်သည် တကယ်တော့ ဒီလို အဓိပ္ပာယ်မရှိသော ပြိုင်ဆိုင်မှုမျိုးကို သိပ်မနှစ်သက်သော်လည်း၊ အစ်ကိုကြီးပြောသည့်အတိုင်းဆို အတော်အသင့် ထုတ်ပြရပေအုံးမည်၊
“ဝိညာဉ်ဖြတ်တောက်ဓားပျံ”
လင်းတုန့်သည် ဝိညာဉ်ဖြတ်တောက်ဓားပျံများကို နင်းကာ လေထဲကနေ ကျက်သရေရှိရှိ လျှောက်လာလိုက်သည်။
သူ၏ ၀င်ရောက်လာပုံမှာ အံဩစရာဖြစ်နေသည်။
“ဒီလူ ဘယ်သူလဲ၊ သူ့ရဲ့ ဝိညာဉ်စွမ်းအင်ထိန်းချုပ်မှုက ဒီလောက်ထိ တိကျတယ်လား၊ ကြောက်စရာကောင်းလိုက်တာ။”
“စီနီယာအကိုကြီး ဝူယွမ် အမကြီးဇီယွဲ့ တို့နဲ့ အတူလာတာပဲထင်တယ်။”
“အံ့သြစရာပဲ! အံ့သြစရာပဲ”
... ယန်မြို့ အဆောင်သခင်များ အံ့အားသင့်ပြီး စိတ်လှုပ်ရှားကာ လင်းတုန့်ကို မျှော်လင့်ချက်များဖြင့် ကြည့်နေကြသည်။
ဇီယွဲ့ - “မင်းရဲ့ ညီလေးက လူရှေ့သူရှေ့မှာ ကြွားတတ်တာပဲနော်။”
ဝူယွမ် - “ဒါပေါ့”
ကံကြမ္မာသားတော်တိုင်းသည် ကြွားလုံးထုတ်ခြင်း၏ ဘုရင်များပင်ဖြစ်သည်။
လင်းတုန့်သည် ပေါ့ပေါ့ပါးပါး ဆင်းလာပြီး၊ ဝိညာဉ်ဖြတ်တောက်ဓားပျံကို လက်ညှိုးပေါ် လှည့်ပတ်စေကာ၊ “မင်းပါးစပ်က မှိုတက်နေလို့၊ အစ်ကိုကြီးက မင်းပါးစပ်ကို ရိုက်နှက်ပစ်ဖို့ပြောလိုက်တယ်။”
“ဒါဆို မင်းမှာ အဲ့လိုစွမ်းရည်ရှိမရှိ ကြည့်ရအောင်။”
“ငါက ထန်ဟော်မြို့ အဆောင်သခင်အသင်းက ကောင်းချူဘဲ။ ဒီနာမည်ကို ကောင်းကောင်းမှတ်ထားလိုက်။”
“သာမန်ငါးသေးသေးလေးဘဲ၊ စိတ်ဝင်စားစရာမရှိပါဘူး။”
လင်းတုန်က အေးစက်စွာပြောလိုက်သည်။
“မင်းပါးစပ်က အတော်ထက်တာဘဲ၊ ဘာနဲ့တူလဲဆိုတာ ကြည့်ရအောင်။”
ကောင်းချူ ၏ ဝိညာဉ်စွမ်းအင်လှိုင်းများ ထိုးထွက်လာသည်။
“ရေခဲဓား”
သေးငယ်သော အဖြူရောင် ဓားသုံးချောင်းသည် လင်းတုန့်ဆီသို့ တိုး၀င်လာပြီး လင်းတုန့်က ဝိညာဉ်ဖြတ်တောက်ဓားပျံဖြင့် ခုခံတိုက်ခိုက်လိုက်သည်။
“ကလန့်”
ဓားနဲ့ ဓားပျံတို့ လေထဲတွင် ထိတ်တိုက်တွေ့သွားကြသည်။
လင်းတုန် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ပြိုင်ဘက်၏ ရေခဲဓားများသည် ရေခဲသံမှ သွန်းလုပ်ထားခြင်းဖြစ်ပြီး အေးမြသောလေက သူ၏ ဝိညာဉ်ဖြတ်တောက်ဓားပျံနှင့် ဆက်သွယ်ထားသော ဝိညာဉ်စွမ်းအင်ကို နာကျင်စေသည်။
“အတော်လေးကောင်းတဲ့ ၀ိညာဥ်လက်နက်ဘဲ။”
လင်းတုန့်က ပြိုင်ဘက်၏ ရေခဲဓားများကို ကြည့်ရင်း၊ မျက်လုံးထဲတွင် အရောင်များ လင်းလက်လာပြီး သူ့ကိုယ်ပိုင်ပစ္စည်းကို ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်နေသည်။
ဝိညာဉ်ဖြတ်တောက်ဓားပျံတစ်ခုတည်းကို အားကိုးပြီး အနိုင်ရရန်မှာ ခက်ခဲနေပြီ။
“ခုနကသင်ခဲ့တဲ့ မြွေနဂါးအသွင်ပြောင်းတံဆိပ်ကို စမ်းကြည့်ရအောင်။”
သူ၏ နီဝမ်နယ်ပယ် ဖွင့်လိုက်သည်နှင့် သဘာ၀ ဝိညာဉ်အဆောင်ပေါ်လာကာ ဝိညာဉ်စွမ်းအင်များ အရူးအမူး ထိုးထွက်လာပြီး၊ တစ်ေနရာတည်း စုစည်းကာ မြွေကလေးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် မြွေကလေး၏ ပုံသဏ္ဌာန်မှာ ရှင်းရှင်းလင်းလင်းမရှိသေးဘဲ၊ ပုံပေါ်ယုံသာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
စင်အောက်မှဇီယွဲ့က
“ဟင်၊ သူဒီလောက်မြန်မြန် သုံးတတ်သွားပီလား”
“အမကြီးက မတတ်သေးဘူးလား” ဝူယွမ်က ဇီယွဲ့ကို ထူးဆန်းနေသကဲ့သို့ ကြည့်ရင်း မေးလိုက်သည်။
ဇီယွဲ့က လေကို ပြင်းပြင်းရှူလိုက်ပြီး... သူ ပုံမှန်မဟုတ်သော မကောင်းဆိုးဝါးများနှင့် ထပ်ပြီး စကားမပြောလိုတော့ပေ။
ဝါးအိမ်ထဲရှိ ယန်ရွှမ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
“ဒါက မြွေအသွင်ပြောင်းတံဆိပ်ပဲ။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းအားကောင်းလွန်းတယ်”
သူရဲ့ ဝိညာဉ်စွမ်းအင်ကို အဆောင်သခင်အသင်းတစ်ခုလုံး ခံစားလိုက်ရပြီး လင်းတုန့်၏ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့လိုက်ကြရသည်။
“အိမ်းး...”
ယန်ရွှမ်သည် နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။ အခြားသူများ ချက်ချင်းသင်ယူ တတ်မြောက်သွားသည့်အရာကို၊ သူကိုယ်တိုင်က တစ်နှစ်ကျော်ကြာ ကြိုးစားအားထုတ်ခဲ့ရသည်... “ငါက အလွန်အသုံးမကျတာပါလား။”
စင်ပေါ်တွင်၊ လင်းတုန့်က အော်လိုက်သည်။
“မြွေအသွင်ပြောင်းတံဆိပ်!”
မြွေတံဆိပ်က ရှေ့သို့ တိုး၀င်လာသည်နှင့် ကောင်းချူ ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ မြွေတံဆိပ်အတွင်းရှိ ထိတ်လန့်ဖွယ် ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်သည်။
“ဒါက သာမန် ဝိညာဥ်ပညာရပ် မဟုတ်ဘူး။”
ကောင်းချူ အလွန်အမင်း တုန်လှုပ်သွားသည်။
“ဟုတ်တယ်၊ ဒါဆို မင်းဆင်းလို့ရပီ။”
မြွေတံဆိပ်သည် ကောင်းချူ ၏ ဝိညာဉ်စွမ်းအင်အကာအကွယ်ကို အလွယ်တကူချိုးဖျက်ကာ သူ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
ကောင်းချူပါးစပ်မှ သွေးသစ်များ ထွက်လာကာ၊ မြေပြင်ပေါ်သို့ လဲကျသွားသည်။
လင်းတုန်သည် ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှု လွတ်ကင်းသွားသော ရေခဲဓားသုံးချောင်းကို သိုလှောင်အိပ်ထဲသို့ သိမ်းလိုက်သည်။
“အဲဒါတွေက ငါ့ရဲ့ ရေခဲဓားတွေ၊ မင်း...”
“ဖြတ်!”
လင်းတုန့် ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ပါးကို ရိုက်နှက်လိုက်သည်။
“ငါ မင်းပါးစပ်ကိုရိုက်နှက်မယ်လို့ပြောခဲ့တာကို မေ့တော့မလို့”
ကောင်းချူ ဒေါသထွက်လွန်းသဖြင့် သွေးအန်ပြီး သတိလစ်သွားသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်!”
“ ကောင်းကောင်းလုပ်ခဲ့တာဘဲ ”
... ယန်မြို့ရဲ့ အဆောင်သခင်များက အော်ဟစ်အားပေးနေကြသည်။
ထန်းဟော်မြို့ အဆောင်သခင်များကတော့ ကောင်းချူ ၏ ဒဏ်ရာကို စစ်ဆေးပြီးတာနဲ့ မြန်မြန်ဆန်ဆန် သူ့ကိုခေါ်ပြီးထွက်သွားကြသည်။
“အစ်ကိုကြီး၊ ဒီဓားတွေက အတော်လေးကောင်းတယ်”
လင်းတုန့်သည် ဝူယွမ်၏ ဘေးသို့ပြန်ရောက်လာပြီး၊ ခုနကသူရခဲ့သော ရေခဲဓားသုံးချောင်းကို ထုတ်ယူကာပြလိုက်ပြီး ဝူယွမ်ဆီမှ ချီးကျူးမှုကို လိုချင်သကဲ့သို့ဖြစ်နေသည်။
“အင်း၊ ဒါတွေက တကယ့်ကောင်းတဲ့ဓားတွေပဲ၊ ဒါပေမယ့် အပေါ်က ရေးထွင်းထားတဲ့ ရူန်းတွေက ရိုးရှင်းလွန်းတယ်၊ သူတို့ရဲ့ စွမ်းအားကို အပြည့်အ၀ မထုတ်သုံးနိုင်ဘူး။” ဝူယွမ်က လက်ထဲတွင်ကိုင် ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
ရေခဲသံသည် ရေခဲဒြပ်စင်ဂုဏ်သတ္တိရှိသော ရှားပါးသံမဏိအမျိုးအစားဖြစ်သည်။
သို့သော် ထိုထဲတွင်း ရေးဆွဲထားသော ရူန်းများသည် သာမန်ရူန်းများသာဖြစ်ပြီး၊ ထိုနေရာ၌ ရေခဲရူန်းများကို အသုံးပြုပါက ပိုပြီး စွမ်းအားပြင်းလာလိမ့်မည်။
“ငါ ယူသွားပြီး ပြင်လိုက်မယ်၊ ပြီးတာနဲ့ မင်းကိုပေးမယ်။”
“ဟုတ်ပီ၊ အစ်ကိုကြီးပြောတာနားထောင်မယ်။”
“ဓားကသုံးချောင်း၊ သူတို့ရဲ့ စွမ်းအင်တွေက အတူတူဘဲ တစ်ယောက်ကို တစ်ချောင်းစီ၊ အမကြီးဇီယွဲ့ကို တစ်ချောင်းပေးလိုက်မလား”
“ဟုတ်ကဲ့”
နှစ်ဦးသား ဓားပြတိုက်ထားသော ပစ္စည်းများ ခွဲဝေရာတွင် ထိုမျှ ကျွမ်းကျင်စွာလုပ်ဆောင်နေပုံကို ကြည့်ရင်း၊ ဇီယွဲ့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခုဖြစ်လာလေသည်။ “မင်းတို့နှစ်ယောက်က ခိုးရာပါပစ္စည်းခွဲဝေရာမှာ ကျင့်သားရနေသလိုဘဲ”
ဝူယွမ် နှင့် လင်းတုန့် တို့သည် အပြန်အလှန်ကြည့်ရင်း နှစ်ယောက်သား ရယ်မောလိုက်ကြသည်။
ရလာသည့်ပစ္စည်းတိုင်းကို အတူတကွခွဲဝေယူခြင်းသည် သူတို့ညီအစ်ကိုများ၏ သံမဏိစည်းမျဉ်းဖြစ်သည်။
ဝူယွမ် - “အခုတော့ ကိစ္စအားလုံးပြီးပြီ၊ အမကြီးအိမ်ကို ညစာစားဖို့သွားလို့ရပြီ။”
“ဟုတ်တယ်၊ လင်းတုန့်က အမကြီးအတွက် ဓားတစ်ချောင်းယူပေးနိုင်ခဲ့တယ်၊ သူ့ကိုလည်း ဖိတ်မှာလား။”
လင်းတုန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်၊
“အစ်ကိုကြီး၊ ကျွန်တော် မလိုက်တော့ဘူး။”
ဇီယွဲ့က အစ်ကိုကြီးအပေါ် ခံစားချက် အနည်းငယ်ရှိပြီး၊ သူ့မိဘများနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခြင်းသည် သူလိုက်ရန် အနည်းငယ် မသင့်လျော်ဟု ထင်မြင်မိသည်။
“ဘာလို့မလိုက်တော့တာလဲ၊ အမကြီးဇီယွဲ့က အရင်က သံချပ်ကာတပ်ကို ဦးဆောင်လာပြီး ငါတို့ကို ကူညီဖူးတယ်လေ။”
“ဟုတ်တာပေါ့၊ မောင်လေး လင်းတုန့်ကို ဖိတ်ခေါ်ရတာ ဝမ်းသာပါတယ်။”
ဇီယွဲ့သည်လည်း လင်းတုန့်သည် ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း၊ သူတို့မြို့တော်၀န်အိမ်တော်၏ ဆွဲဆောင်မှုနှင့် ထိုက်တန်ကြောင်း အမြန်ဆုံးပြောလိုက်သည်။
“ဒါဆို လိုက်မယ်လို့ဘဲ သတ်မှတ်လိုက်ပြီ၊ သွားကြရအောင်”
ဝူယွမ်သည် လင်းတုန့်အား ငြင်းဆန်ခွင့်မပေးဘဲ၊ ပိုင်ယွမ်၏ တင်ပါးကို ရိုက်ကာ အဆောင်သခင်အသင်းမှ ထွက်ခွာလာကြသည်။
သူသည် ရည်ရွယ်ချက်ရှိရှိ လင်းတုန့်ကို ခေါ်ခဲ့ခြင်းဖြစ်သည်၊ အကယ်၍ ဇီယွဲ့၏ အဖေက မေးခွန်းတစ်ခုခု မေးလာပါက... “ငါ့သမီးကို ဘယ်လိုမြင်လဲ”
သူတစ်ယောက်တည်း မဖြေနိုင်တော့ပေ။
လင်းတုန့် ရှိရင်... “ဒီကျွန်တော့်ညီလေးကို ဘယ်လိုမြင်လဲ” လို့ ပြန်ပြောလို့ရတယ်။
ဘာမှမသိတဲ့ လင်းတုန်ကတော့ မအူမလည်နှင့် ထိုးကျွေးခံရပေတော့မည်။