← Chapters

စီမာကျန်းရဲ့ လက်စွမ်း

Vol. 9 Ch. 106

စီမာကျန်းရဲ့ လက်စွမ်း

Vol. 9 Ch. 106

စီမာကျန်း၏ရဲ့ယုံကြည်မှုက တိုးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယီမင်သည် သူ့လက်အောက်တွင် ရှုံးနိမ့်ခဲ့ဖူးသူဖြစ်သည်။

"အော်... မင်းက အခုငါ့ကိုသဲကန္တာရထဲက လူတစ်ယောက်လို့ ထင်နေတုန်းလား..."

စီမာကျန်းအတွေးများက ယောက်ယက်ခတ်သွားသည်။

"ဒါက... ဒါမဖြစ်နိုင်ဘူး...."

"ပျက်သုဥ်းခြင်းနယ်ပယ်...."

စီမာကျန်းသည် သူ့ဓားကိုမြှောက်ပြီး ရှေ့ကမိစ္ဆာဗုဒ္ဓကြီးဆီ ပြေးဝင်ဖို့ပြင်လိုက်တုန်းပဲ သူ့နောက်ကျောမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူလှည့်ကြည့်လိုက်ရာ ကျန်းယီမင်ပင်ဖြစ်နေသည်။ တကယ်တမ်းဆိုရင် ကျန်းယီမင်သည် မိစ္ဆာဗုဒ္ဓကြီးအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သင့်သည်။

'သူဘယ်လိုလုပ် ဒီမှာရှိနေတာလဲ....'

"မွေးဖွားခြင်းအဆင့်နဲ့ အရင်အဆင့်တွေကြားက အကြီးမားဆုံးကွာခြားချက်ကတော့ ကိုယ့်ရဲ့မူလဝိညာဉ်ကို ခန္ဓာကိုယ်ကနေခွဲထုတ်ပြီး တိုက်ခိုက်နိုင်တာပဲ။ ဒီလောက် ရိုးရှင်းတဲ့အခြေခံသဘောတရားကိုတောင် မင်းမသိတာတော့မဟုတ်ပါဘူးနော်..." ကျန်းယီမင်က လှောင်ပြုံးပြုံးလိုက်သည်။

'ဟုတ်တယ်....'

သူ မွေးဖွားခြင်းအဆင့်သို့ ရောက်ပြီးနောက် သူ့မူလဝိညာဉ်ကိုသုံးပြီး တိုက်ခိုက်နိုင်သည်။ ဒါကြောင့် သူက ပျက်သုဥ်းခြင်းနယ်ပယ်ဆိုတဲ့ တိုက်ကွက်ကို နားလည်သဘောပေါက်နိုင်ခဲ့တာဖြစ်သည်။ အခုသူ့မှာ မူလဝိညာဉ်သုံးခုအထိ ဖွဲ့စည်းထားနိုင်ခဲ့သည်။ တစ်ခုက မိစ္ဆာဗုဒ္ဓ၊ ကျန်တဲ့နှစ်ခုကတော့ မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေသည်။

မွေးဖွားခြင်းအဆင့်သို့ ရောက်နိုင်သူတစ်ဦးသည် ယခင်ကနားမလည်နိုင်ခဲ့တဲ့ တိုက်ခိုက်နည်းလမ်းများကို နားလည်လာမည်ဖြစ်ကြောင်း စီမာကျန်းသိသည်။

'ဒါပေမယ့် ကျန်းယီမင်က အခုမှသူ့အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ပြီးတာ မဟုတ်ဘူးလား... သူဘယ်လိုလုပ် အစကတည်းကမူလဝိညာဉ်သုံးခုကို ဖန်တီးနိုင်ရတာလဲ...'

သူမသိလိုက်သည့်အရာမှာ ကျန်းယီမင်ကျင့်ကြံနေသောကျင့်စဉ်သည် အလွန်ရှားပါးပြီးစွမ်းအားကြီးမားသည်။ ထို့ကြောင့်ပဲ သူကသူ့အဆင့်ထက် ကျော်လွန်ပြီး တိုက်ခိုက်နိုင်တဲ့ခွန်အားကို ရရှိခဲ့တာဖြစ်သည်။

"သေစမ်း..." စီမာကျန်းပြန်မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခေါင်းပေါ်မှ မစ္ဆာဗုဒ္ဓကြီးက စကားပြောလိုက်သည်။

"ကောင်းပြီလေ... မင်းတစ်ယောက်တည်းပဲ မူလဝိညာဉ် သုံးခုခွဲထားတာလား... မင်းရဲ့မူလဝိညာဉ် တစ်ခုချင်းစီက တူညီတဲ့စွမ်းအားရှိတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ငါမယုံဘူးကွ...."

စီမာကျန်း ကျန်းယီမင်တိုက်ခိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

"ငါ မင်းရဲ့ဗုဒ္ဓကို အရင်ဖျက်စီးပြမယ်..."

မိစ္ဆာဗုဒ္ဓကြီးသည် သူ့လက်ဝါးက စီမာကျန်းအတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်တော့ကြောင်း သိသော်လည်း သူ့လက်ဝါးကိုရိုက်ချလိုက်ရာ ရှန့်ကွမ်းမိသားစုရဲ့အဆောက်အအုံများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

"ဝုန်း..."

"ငါ့ကိုလည်းမမေ့နဲ့ဦး... စီမာကျန်း... ငါမင်းကို ကူညီပေးမယ်..." တခြားမွေးဖွားခြင်းအဆင့် ကျင့်ကြံသူက ပြောလိုက်သည်။

တိုက်စစ်ပိုင်းတွင် သူကစီမာကျန်းလောက် မသန်မာကြောင်း ထင်ရှားသည်။ သူ့မူလအစီအစဉ်မှာ အနှောင့်အယှက်ပေးပြီး စီမာကျန်းကိုအဆုံးသတ် သေစေလောက်တဲ့ တိုက်ချက်ဖြင့်တိုက်ခိုက်စေရန် ဖြစ်သည်။

"ဓာတ်ကြီးငါးပါး ပရမ်းပတာကောင်းကင်ဘုံရေစီးကြောင်း..."

ထိုသို့ပြောပြီးနောက် အရောင်ကွဲပြားတဲ့ အလင်းတန်းငါးခုသည် ကျန်းယီမင်ရဲ့ မူလဝိညာဉ်နှစ်ခုနှင့် မိစ္ဆာဗုဒ္ဓကြီးပတ်လည်တွင်ပေါ်လာသည်။ ဤကဲ့သို့သော သိုင်းပညာရပ်သည် ချုပ်နှောင်နိုင်တဲ့တိုက်ကွက်များထဲတွင် အကောင်းဆုံးဟုပြောနိုင်သည်။ ကျန်းယီမင်သည် သူ့မူလစိတ်ဝိညာဥ်များ အတော်လေးနှေးကွေးသွားတာကို ချက်ချင်းခံစားလိုက်ရသည်။ စီမာကျန်းလည်း အချိန်မဖြုန်းတော့ပေ။ သူ့လက်ထဲမှ လက်သင်္ကေတလည်း ပြီးစီးသွားသည်။

"သောင်းချီထိုးဖောက် ဓားသွားများ..."

သူတို့လို မွေးဖွားခြင်းခြင်းအဆင့်ကျင့်ကြံသူများသည် အစီအရင်တည်ဆောက်တာကို ကိုယ်ပိုင်ခွန်အားဖြင့်ပြီးအောင် လုပ်ဆောင်နိုင်သည်။ အကျိုးသက်ရောက်မှုများက ကျန်းယီမင်ကဲ့လို သူ့တစ်ဦးတည်းပိုင်နယ်ပယ်တစ်ခု တိုက်ရိုက်တည်ဆောက်နိုင်ခြင်းလောက် မကောင်းပေမယ့်လည်း အတော်လေး အားကောင်းတယ်လို့ ဆိုနိုင်သည်။ အစီအရင် နည်းစနစ်နှစ်ခုကို တစ်ပြိုင်နက်တည်းထုတ်လွှတ်လိုက်ပြီး တစ်ခုကထောက်ပံ့ပေးကာ တစ်ခုက တိုက်ခိုက်နေသည်။

ထိုအစီအရင်တို့သည် တစ်ခုကိုတစ်ခု ပြည့်ပြည့်စုံစုံ မျှချေညီမျှနေသည်။ သို့သော် ကျန်းယီမင်တည်ငြိမ်နေဆဲဖြစ်သည်။ သူ့လက်ထဲမှဓားကို ခန္ဓာကိုယ်ပတ်လည်တွင် အလွန်မြန်ဆန်စွာဝှေ့ယမ်းလိုက်ရာ ကာကွယ်ရေးစက်ဝန်းတစ်ခုဖြစ်ပေါ်လာသည်။

ထို့ကြောင့် စီမာကျန်းဆင့်ခေါ်ထားတဲ့ ဓားများသည် သူစက်ဝန်းဖျက်ဆီးတာကို တစ်ခုပြီးတစ်ခုခံလိုက်ရသည်။ တခြားထောက်ပံ့ရေးအစီအရင်ကတော့ သူ့ကို လုံးဝမထိခိုက်နိုင်ခဲ့ပေ။

"ဟားဟားဟားဟား... မင်းတို့မေ့နေကြပြီလား..." ကျန်းယီမင် ရယ်မောလိုက်သည်။

"ဒီလို အစီအရင်မျိုးကို လည်ပတ်ချင်ရင် ကောင်းကင်နဲ့မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအားကို စုစည်းဖို့လိုအပ်တာ သဘာဝပဲ။ ဒါပေမဲ့ ငါ့ရဲ့ပျက်သုဥ်းခြင်းနယ်ပယ်ထဲမှာ မင်းတို့စွမ်းအင်ဘယ်လောက်များများ စုနိုင်မယ်လို့ မင်းတို့ထင်လဲ..."

သူ့ရန်သူနှစ်ယောက်လည်း ထိုအချိန်မှတစ်ပြိုင်နက်တည်း သတိဝင်လာကြသည်။

'ဟုတ်သားပဲ...'

အခုဒီနေရာကို ကျန်းယီမင်ရဲ့ ပျက်သုဥ်းခြင်းနယ်ပယ်က လုံးဝလွှမ်းခြုံထားသည်။ ထို့ကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားရမ်းဖို့လိုအပ်တဲ့ အစီအရင်တွေက ဒီနေရာမှာထက်ဝက်ကျော်လောက် အားနည်းသွားလိမ့်မည်။

'လက်စသတ်တော့ ဒီလိုကိုး....'

သူတို့နှစ်ယောက်က ချက်ချင်းရပ်လိုက်ပြီး ကျန်းယီမင်ကို တိုက်ခိုက်ရန် သူတို့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားများကို တိုက်ရိုက်အသုံးပြုလိုက်ကြသည်။ နှိုင်းယှဉ်လို့မရနိုင်လောက်အောင် ကြွယ်ဝတဲ့စိတ်ဝိညာဉ်စွမ်းအားလှိုင်းများသည် လေထဲတွင် အဆက်မပြတ် စုစည်းနေသည်။

"အို... အဘိုးကြီး၊ မင်းမှာ နောက်ထပ်လှည့်ကွက်တွေ ကျန်သေးတယ်လို့ မပြောနဲ့နော်..."

ကျန်းယီမင်သည် ပျက်သုဥ်းနယ်ပယွကိုအသုံးပြုပြီးနောက် မွေးဖွားခြင်းအဆင့်တွင် ရှိနေရခြင်းရဲ့ အကျိုးကျေးဇူးများကို သူပထမဆုံးအကြိမ်အမှန်တကယ် ခံစားလိုက်ရသည်။ အခုချိန်သူသည် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ခိုက်တာများကို တစ်ပြိုင်နက်တည်းကိုင်တွယ်ဖြေရှင်းနေရသော်လည်း တည်ငြိမ်အေးဆေးစွာရှိနေဆဲဖြစ်သည်။

"ဒါဆို ဒါကိုစမ်းကြည့်လိုက်စမ်း..." စီမာကျန်းက အော်ဟစ်လိုက်သည်။

အရိုးစားဓားသည် လက်နက်သက်သက်ပဲမဟုတ်ဘဲ သိုင်းကျင့်စဥ်တချို့လည်း ပါဝင်နေသည်။ အခု သူသည် ဓားနှင့်တစ်သားတည်း ဖြစ်သွားပြီဖြစ်ပြီး တိုက်ကွက်တချို့ကို အမွေဆက်ခံရထားသည်။ သူ့ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုတိုက်ွက်တို့ကို အများကြီး ထုတ်မသုံးနိုင်ခြင်းသာရှိသေးသည်။သူ့ဓားရှည်သည် လေထဲတွင်မျဉ်းကွေးတစ်ခုဆွဲလိုက်ပြီး လျင်မြန်စွာ မြင့်တက်လာသည်။

ခုနက ကျန်းယီမင်သည် ရှန့်ကွမ်းမိသားစုတစ်ခုလုံးကို သူ့ ပျက်သုဥ်းခြင်းနယ်ပယ်ဖြင့် လွှမ်းခြုံလိုက်ပြီးနောက် ကောင်းကင်သည်တစ်ဝက်ခန့် မှောင်မိုက်သွားသည်။ စီမာကျန်းလက်ထဲမှ ဓားကြီးစည်းချက်အတိုင်းလိုက်ပါရင်း သေခြင်းတရားအရိပ်သည် ရှန့်ကွမ်းမိသားစုတစ်ခုလုံးကို တိုက်ရိုက်လွှမ်းခြုံသွားသည်။ အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေးအစီအရင်သည် ပထမဆုံးအခိုက်အတန့်မှာပင် ပျက်စီးသွားပြီဖြစ်တာကြောင့် ရှန့်ကွမ်းမိသားစုအတွင်း အခုအခါဒီဖိအားကို ခုခံရန်စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်တော့ပေ။

"သေခြင်းအပ်နှင်းဓား..."

ရုတ်ချည်းစီမာကျန်းလက်ထဲမှ ဓားကြီးသည်သွေးကဲ့သို့ နီရဲသွားသည်။ ထိုအရာက ဓားထဲမှာကာလကြာရှည် ပုန်းအောင်းနေတဲ့မိစ္ဆာချီ ဖြစ်သည်။ အခုအချိန်မှာ စီမာကျန်းက အကုန်လုံးကို ထုတ်သုံးလိုက်တာဖြစ်သည်။ ကျန်းယီမင်ပင်လျှင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရသည်။

"မင်းက ဒီလိုသိုင်းကျင့်စဥ်မျိုးကို သုံးရဲတယ်ပေါ့... တန်ပြန်သက်ရောက်တာခံရမှာကို မကြောက်ဘူးလား..."

ကျန်းယီမင်ရဲ့မူလဝိညာဉ်နှစ်ခုနှင့် မိစ္ဆာဗုဒ္ဓတို့က အတူတကွတုံ့ပြန်လိုက်ကြသည်။ သူတို့လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများသည် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"မင်းရဲ့ ပျော့ညံ့တဲ့လိပ်ခွံက ခုခံနိုင်မယ်လို့ တကယ်ထင်နေတာလား...."

တခြာ မွေးဖွားခြင်းအဆင့် အကြီးအကဲတစ်ယောက်သည် စိတ်ဝိညာဉ်ချည်နှောင်ကြိုးကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ ကျန်းယီမင် ဖြတ်တောက်လိုက်တာက ပြဿနာမဟုတ်ကြောင်း သူကောင်းကောင်းသိသဖြင့် ဒီတစ်ကြိမ်တွင် သူကတစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကိုချည်နှောင်ရန် ကြိုးတစ်ချောင်းတည်းကိုသာ အသုံးမပြုတော့ပေ။ ထိုအစား သူကကျန်းယီမင်အာရုံလွှဲရန် ကြိုးကိုအပိုင်းပိုင်း ခွဲချလိုက်သည်။

စီမာကျန်းလက်ထဲမှ ဓားသည်ရောက်လာပြီဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ကျန်းယီမင် သည် စိတ်ဝိညာဉ်ချည်နှောင်ကြိုးကြောင့် အာရုံလွင့်သွားခဲ့သည်။ ထို့နောက် ဓားသည်တစ်ခဏအတွင်း သူ့ကာကွယ်ရေးကို ဖောက်ထွင်းသွားလိုက်သည်။

'သောက်ကျိုးနည်း...'

ကျန်းယီမင်ရဲ့ မူလဝိညာဉ်နှစ်ခုက ပျောက်ကွယ်သွားပြီး အားလုံးက မိစ္ဆာဗုဒ္ဓကြီးထံ ပြန်ပေါင်းသွားသည်။ ဗုဒ္ဓကြီးသည် ပါးစပ်ဟပြီးကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းသံတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် လက်ဝါးနှစ်ဖက်ကို အတူတကွတွန်းထုတ်လိုက်ပြီး ဓားကို ခုခံဖမ်းဆုပ်လိုက်သည်။

"ဝုန်း..."

All Chapters