← Chapters

တံခါးပိတ်ကျင့်ကြံတာကနေတဲ့ ထွက်လာရတဲ့ ဘိုးဘေးများ

Vol. 9 Ch. 107

တံခါးပိတ်ကျင့်ကြံတာကနေတဲ့ ထွက်လာရတဲ့ ဘိုးဘေးများ

Vol. 9 Ch. 107

စိတ်ဝိညာဉ်ချည်နှောင်ကြိုးသည် မိစ္ဆာဗုဒ္ဓရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ပေါ်သို့ တိတ်တဆိတ်တွယ်တက်လာပြီး အပိုင်းပိုင်းပေါက်ကွဲထွက်သွားသည်။ ထို့ကြောင့် မစ္ဆာဗုဒ္ဓကြီးခန္ဓာကိုယ်သည် အနည်းငယ်ပင်ယိမ်းယိုင်သွားခဲ့သည်။

"ဟားဟားဟားဟား... ဘယ်လိုလဲကွ..." သူ့ရှေ့ကမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ စီမာကျန်းက အလွန်ဝမ်းသာသွားသည်။ ကျန်းယီမင်ကို အနိုင်ယူဖို့အတွက် ဒီမိစ္ဆာနည်းစနစ်တွေကို သူမှီခိုအားထားလို့ရသည်။

"နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်... ရှန့်ကွမ်းဝေ..."

ရှန့်ကွမ်းဝေလို့ခေါ်တဲ့သူမှာ တခြားအကြီးအကဲဖြစ်သည်။ စီမာကျန်းတိုက်ခိုက်လိုက်တာ ထိရောက်သည်ကို မြင်သောအခါ ရှန့်ကွမ်းဝေလည်း ခေါင်းညိတ်လိုက်သည်။ ယခုပခါ ကျန်းယီမင်ရဲ့ ပျက်သုဥ်းခြင်းဗုဒ္ဓသည် အနည်းငယ် ယိမ်းယိုင်နေသည်။ ထို့ကြောင့် အခု သူတို့ကပြိုင်ဘက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် အောင်ပွဲခံရမယ်ဖြစ်သည်။ သူတို့က အောင်ပွဲဆက်တိုက်ရနေချိန်မှာ ဆက်တိုက်ခိုက်ရမည်။ ကျန်းယီမင်သည် သူ့ခန္ဓာကိုယ်က အနည်းငယ်မတည်မငြိမ်ဖြစ်နေတာကို နောက်ဆုံးတွင်ခံစားလိုက်ရသည်။

သုံးစွဲလိုက်တဲ့စိတ်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ်ပြန်လည်ဖြည့်တင်းနေသော်လည်း၊ ပထမဆုံးအကြိမ်တွင် သူ့မှာလိုအပ်ချက်ရှိနေကြောင်း ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ စုပ်ယူနိုင်တဲ့စွမ်းအင်သည်လည်း အဆုံးမဲ့မဟုတ်ပေ။ သူက အရမ်းမြန်မြန်စုပ်ယူခဲ့တော့ အမြန်ကုန်သွားခဲ့ရသည်။

စီမာကျန်းနှင့်ရှန့်ကွမ်းဝေတို့ရဲ့ တိုက်ခိုက်ချက်များ တဖန်ပြန်မြင့်တက်လာသည်။ ဒီတစ်ခါ သူတို့ပစ်မှတ်မှာ အလွန်ရှင်းလင်းနေသည်။ သူတို့က သူတို့ရှေ့မှမိစ္ဆာဗုဒ္ဓကြီးကို ဖြိုခွဲချင်နေကြသည်။ ပျက်သုဥ်းခြင်းဗုဒ္ဓသည် အတိုင်းအဆမရှိအစွမ်းထက်သော်လည်း ကြီးမားတဲ့ပစ်မှတ်တစ်ခုလည်းဖြစ်ကြောင်း ကျန်းယီမင်သိသည်။ အတွေးတစ်ချက်ဖြင့် သူကလူသားပံုစံသို့ ပြန်ပြောင်းလဲလိုက်ပြီး နောက်ထပ်မူလဝိညာဉ်တစ်ခုကို ခွဲထုတ်လိုက်သည်။ သူက လက်ထဲတွင်ဓားလက်ကို ကိုင်ဆောင်ထားပြီး သူ့ထံရောက်လာသမျှ အရာအားလုံးကို ဖြတ်တောက်မယ်လို့ ကျိန်ဆိုလိုက်သည်။ ကျန်းယီမင်မူလဝိညာဉ်နှစ်ခုက လေထဲတွင် ပေါင်းစည်းသွားသည်။

"ဝိညာဉ်ချိတ်ပိတ်မိစ္ဆာဖြတ်တောက်ခြင်း၊ အနက်ရောင်နေမင်း..."

အရိုးစားဓားကဲ့သို့ပင်၊ ဒီဓားသည်လည်း ကိုယ်ပိုင် သိုင်းပညာရပ်များပါဝင်သည်။

'ပထမဆုံးပုံစံ၊ အနက်ရောင်နေမင်း....'

လေထဲတွင် ဓားနှစ်လက်ရေးဆွဲလိုက်တဲ့ ပုံသဏ္ဌာန်သည် အနက်ရောင်နေမင်းတစ်စင်းနှင့် တူသည်။

"ပျက်စီးစမ်း..." ကျန်းယီမင်နှင့် သူ့မူလဝိညာဉ်တို့က စီမာကျန်းနှင့်ရှန့်ကွမ်းဝေတို့ရဲ့ ဘေးကိုပြေးဝင်သွားသည်။ စီမာကျန်းသည်တားစီးရန် သူ့ဓားကြီးကိုအမြန်မြှောက်လိုက်ပြီး ရှန့်ကွမ်းဝေသည် ကျန်းယီမင်ကိုဖိနှိပ်ရန် စိတ်ဝိညာဥ်ကြိုးကို အသုံးပြုလိုက်သည်။

"ဝိညာဉ်ချိတ်ပိတ် မိစ္ဆာဖြတ်တောက်ခြင်း၊ တောက်ပသော အနက်ရောင်နေမင်း...."

တိုက်ပွဲအလယ်တွင် ကျန်းယီမင်သည် ဝိညာဉ်ချိတ်ပိတ်မိစ္ဆာဖြတ်တောက်ခြင်း ဓားသိုင်းပညာရပ်ရဲ့ ပထမဆုံးပုံစံကို အမှန်တကယ် နားလည်သဘောပေါက်လိုက်သည်။

"နောက်တစ်ကြိမ်... ပျက်သုဥ်းခြင်းလက်ဝါး..."

တိုက်ကွကတစ်ခုထုတ်သုံးပြီးနောက် ကျန်းယီမင်က နောက်ထပ်တစ်ခုကို ချက်ချင်းလုပ်လိုက်သည်။ ရှန့်ကွမ်းမိသားစုမှ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးသည် လွန်ခဲ့သောတစ်မိနစ်ခန့်က အသာစီးရနေပုံရသော်လည်း ယခုအခါအခြေအနေက ပြောင်းပြန်လှန်သွားသည်။ တကယ်တော့ ဒီတိုက်ပွဲမှာကျန်းယီမင်က အမြဲတမ်းလိုလို အသာစီးရနေခဲ့တာဖြစ်သည်။ သို့သော် သူ့ရဲ့လက်ရှိစိတ်ဝိညာဉ်စွမ်းအား သုံးစွဲမှုက အရမ်းများလွန်းနေသည်။

အကယ်၍ သူသာပျက်သုဥ်းခြင်းနယ်ပယ်မရှိဘဲ အခုလိုမျိုး ဒီရေအလားသူ့စိတ်ဝိညာဉ်စွမ်းအားများကို သံုးနေပါက သူ့ခန္ဓာကိုယ်ထဲရှိစိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပြီး အမွှေးတိုင်တစ်တိုင်ရဲ့တစ်ဝက်ခန့် လောင်ကျွမ်းချိန်ထက် ပိုခံနိုင်မည်မဟုတ်ပေ။

"ဘယ်သူလဲ... ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ မသိတဲ့ဘယ်ဂျူနီယာလဲ... ငါတို့မိသားစုထဲ အတင်းဝင်ရောက်ပြီး ငါ့ရဲ့ကျင့်ကြံတာကို ဘယ်လိုလုပ်နှောင့်ယှက်ရဲတာလဲ..."

ထိုအချိန်တွင် ရှန့်ကွမ်းမိသားစုရှိအိမ်တော်တစ်ခုမှ အစွမ်းထက်အသံတစ်သံ ထွက်ပေါ်လာသည်။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများရဲ့ တိုက်ပွဲကြောင့် အလူးအလဲခံနေရတဲ့ရှန့်ကွမ်းမိသားစုဝင်များသည် ထိုအသံကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် သူတို့မျက်လုံးများက ချက်ချင်းပြန်အသက်ဝင်လာကြသည်။

"ဒါက... ဒါရှန့်ကွမ်းမိသားစုရဲ့ အသန်မာဆုံး အကြီးအကဲမဟုတ်ဘူးလား..."

"မမှားနိုင်ဘူး... အကြီးအကဲက တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်ကြာခဲ့လဲဆိုတာ ဘုရားပဲသိလိမ့်မယ်..."

"ဟားဟား... လင်းယွင်ဂိုဏ်းချုပ်က အရမ်းမိုက်ရူးရဲဆန်လွန်းတယ်.. သူ ဘယ်သူ့ကိုရန်စလိုက်မိလဲ ကြည့်လိုက်ဦး..."

"သူက ငါတို့အကြီးအကဲရဲ့ တံခါးပိတ်ကျင့်ကြံနေတာကို နှောင့်ယှက်လိုက်ပြီ... ဒီနေ့ သူအလောင်းတောင် ကျန်မှာမဟုတ်ဘူးလို့ ငါစိုးရိမ်မိတယ်"

ရှန့်ကွမ်းမိသားစုအိမ်တော်များမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ ထွက်လာတဲ့အကြီးအကဲသည် အဘိုးအိုတစ်ဦးနှင့် မတူပေ။ ထိုအစား သူကသန်မာတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်နေသည်။ သူ့ပုံရိပ်ပေါ်လာသည်နှင့်တပြိုင်နက် ပျက်သုဥ်းခြင်းနယ်ပယ်က လူတိုင်းအပေါ်ကို သက်ရောက်နေတဲ့ဖိအားသည် အနည်းငယ်လျော့နည်းသွားသည်။

အရင်က ရှန့်ကွမ်းလီသည် တံခါးပိတ်ကျင့်ကြံနေတဲ့အကြီးအကဲများထဲမှ တစ်ယောက်ကို အကူအညီတောင်းသင့်မသင့် စိတ်ထဲတွင်စဉ်းစားနေခဲ့သည်။မိသားစုအကြီးအကဲတစ်ဦး ထွက်ပေါ်လာတဲ့အခါ အခုလိုမျိုး တုန်လှုပ်ဖွယ်ဖြစ်စေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ တံခါးပိတ်ကျင့်ကြံတာမှ ထွက်လာတဲ့အကြီးအကဲသည် ရှန့်ကွမ်းမိသားစုရဲ့ အစွမ်းအထက်ဆုံးကျင့်ကြံသူ ရှန့်ကွမ်းယွမ် ဖြစ်သည်။ သူသည် မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသည်။ သူသည် နောက်တစ်ဆင့်သို့တက်လှမ်းရန် ခြေတစ်လှမ်းဝက်သာလိုတော့တဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ထိုအကြီးအကဲက ရှန့်ကွမ်းမိသားစုအတွက် အကြီးမားဆုံးယုံကြည်မှု အရင်းအမြစ်လည်း ဖြစ်သည်။

"အို.... မင်းမှာ ဒီလိုသိုင်းကျင့်စဥ်မျိုးရှိတယ်ပေါ့... မဆိုးဘူး... မင်း ငါနဲ့တွေ့လိုက်ရတာနှမြောစရာပဲ..."

ရှန့်ကွမ်းယွမ် လေတစ်ချက်ကို ရှူသွင်းလိုက်သည်။ အခြေအနေမဟန််တော့ကြောင်း ကျန်းယီမင်သိလိုက်သည်။ အရင်က သူ့တွင် ပြိုင်ဘက်နှစ်ယောက်သာရှိခဲ့ပြီး တစ်ယောက်မှာ မွေးဖွားခြင်းအလယ်အလတ်အဆင့်တွင်ရှိကာ တခြားတစ်ယောက်မှာ မွေးဖွားခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသည်။ သူက သူတို့နှစ်ယောက်နှင့် တိုက်ပွဲအချီအတော်များများက်ု တိုက်ခိုက်နိုင်ပြီး တစ်ခါတစ်ရံတွင် အသာစီးပင်ရခဲ့သည်။ သို့သော် ကျင့်ကြံအဆင့်မြင့်လေလေ၊ တိုးတက်ရန်ပိုခက်ခဲလေလေဖြစ်ပြီး အဆင့်တွေကြား ကွာခြားချက်ကပိုကြီးမားလေလေ ဖြစ်သည်။

ရှန့်ကွမ်းယွမ်သည် မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရုံသာရှိသေးသော်လည်း သူ့ရဲ့ကြောက်မက်ဖွယ်အရှိန်အဝါသည် ကျန်းယီမင်အပေါ်ကို ကြီးမားတဲ့ဖိအားကို ပေးနေသည်။

"မင်းတို့နှစ်ယောက်သွားလို့ရပြီ။ ငါ ကိုယ်လက်လှုပ်ရှားမလုပ်ရတာ ခဏကြာနေပြီ"

"လင်းယွင်ဂိုဏ်းချုပ်က သူ့တပည့်တွေအတွက် ရောက်လာတာပါ။ သူ့တပည့်တွေက ကျွန်တော်တို့ မိသားစုဝင်တွေကို အရင်နာကျင်အောင် လုပ်ခဲ့တာမို့လို့ ကျွန်တော်တို့က သင်ခန်းစာပေးလိုက်ရုံပါ" စီမာကျန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ဒါပေမဲ့ ဒီကောင်ကသူ့လူတွေကို ခေါ်ပြီးကျွန်တော်တို့ တံခါးဝကိုတည့်တည့်လာခဲ့တယ်၊ သူက ကျွန်တော်တို့ မိသားစုတစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်!"

'ဝါး... စီမာကျန်း... သူ့ပါးစပ်က သွားဖြူဖြူ၊ နှုတ်ခမ်းနီနီတွေနဲ့ အမှားအမှန်ကိုပါ ပြောင်းပြန်လှန်ပြီး ပြောနေလိုက်တာ....'

"အို..." ရှန့်ကွမ်းယွမ်က မျက်နှာမော့လိုက်ပြီး ကျန်းယီမင်ကို ကြည့်လိုက်သည်။

"ငါမြင်ပါတယ်။ ဒီလူရဲ့ခွန်အားကို ငါကိုယ်တိုင်တောင် မတွေ့နိုင်ဘူး။ သူ့မှာ စွမ်းရည်တချို့ရှိပုံရတယ်။ မင်းတို့အားလုံး သွားလို့ရပြီ၊ သူ့တပည့်တွေကိစ္စကတော့ ငါ ဒီကောင်ကိုကိုင်တွယ်ဖြေရှင်းပြီးတဲ့အထိ စောင့်နိုင်တယ်..."

ထိုအကြီးအကဲက လက်ဝှေ့ယမ်းလိုက်သည်။စီမာကျန်းနှင့် ရှန့်ကွမ်းဝေတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အတူတူထွက်သွားကြသည်။

"ဟားဟားဟား.. မင်း ရှန့်ကွမ်းချင်းယန်ကို အမြန်ဆုံးလွှဲပြောင်းပေးရင် ငါတို့မင်းကိုအသက်ရှင်ခွင့်ပေးဖို့ စဉ်းစားမယ်လို့ ငါအရင်ကပြောခဲ့သားပဲ..." ရှန့်ကွမ်းလီက ခေါင်းခါရင်း ထေ့ငေါ့တဲ့လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အခုမင်းက ဒီလောက်ပြဿနာကြီးအောင် လုပ်ပြီး ငါတို့အကြီးအကဲကျင့်ကြံတာကို နှောင့်ယှက်ခဲ့မှတော့ ကိစ္စတွေကဒီလောက်ရိုးရှင်းတော့မှာ မဟုတ်ဘူးကွ..."

ဂူလင်းဖေးနှင့်တခြားသူများသည် ဝိုင်းရံခံထားရသည်။

"ထွီ..." ဂူလင်းဖေးက တံတွေးတစ်ချက်ထွေးထုတ်လိုက်သည်။

"ကောင်းပြီလေ... ကောင်းပြီ... မင်း ငါနဲ့ဆက်ပြီးမာနကြီးနိုင်မလား ကြည့်ကြတာပေါ့... မင်း ဘယ်လောက်ကြာကြာ မာနကြီးနိုင်မလဲဆိုတာ ငါကြည့်မယ်..." ရှန့်ကွမ်းလီက ယုတ်မာစွာ ပြုံးလိုက်သည်။

"ငါတို့ မင်းတို့ဆရာကို အရင်သတ်မယ်၊ ပြီးရင် ငါ မင်းတို့အားလုံးကို သတ်မယ်.... လင်းယွင်ဂိုဏ်း အတွက်လား... ငါ့အမြင်မှာတော့ဆက်ထားစရာ မလိုတော့ဘူး၊ ငါ့အကြီးအကဲက ပြောထားတဲ့အတွက် မင်းတို့အသက်ကို လောလောဆယ်ချမ်းသာပေးထားမယ်" သူက ကောင်းကင်ကိုမော့ကြည့်ပြီး ဆက်ပြောသည်။

"မင်းတို့ရဲ့ ကြီးမြတ်လှပါတယ်ဆိုတဲ့ဆရာ ဘယ်လိုသေမလဲဆိုတာ မင်းတို့အားလုံးကို ငါပြမယ်..."

ထိုအချိန်တွင် ကျန်းယီမင်သည် သူ့ပျက်သုဥ်းခြင်းနယ်ပယ်ထဲ၌ အလွန်အစွမ်းထက်တဲ့တည်ရှိမှုတစ်ခုကို ခံစားနေရသည်။ သို့သော် သူကျန်းယီမင်သည် မည်သည့်အခါကမှ အလျှော့ပေးမည့်သူမဟုတ်ပေ။ ပြိုင်ဘက်က ဘယ်အဆင့်မှာပဲ ရှိနေပါစေ၊ ဒီနေ့သူ တိုက်ပွဲမှာ သေဆုံးရမယ်ဆိုရင်တောင် သူမသေဆုံးခင် ပြိုင်ဘက်ကိုနာကျင်အောင် လုပ်သွားဦးမည်။

ကျန်းယီမင်ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်သွားပြီး လက်ဝါးကြီးတစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်နှင့်နေမင်းကို ဖုံးလွှမ်းသွားပြီး ရှန့်ကွမ်းမိသားစုအိမ်တော်အထက်တွင် တိုက်ရိုက်ပေါ်လာကာ ရှန့်ကွမ်းမိသားစုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

'ပျက်သုဥ်းခြင်းလက်ဝါး....'

ဒီတစ်ခါ ကျန်းယီမင်သည် အရင်ကကဲ့သို့ လက်ဝါးသေးလေးတွေအဖြစ် မခွဲတော့ပေ။ ထိုအစား သူကစိတ်ဝိညာဥ်စွမ်းအင်အားလုံးကို လက်ဝါးကြီးတစ်ခုတည်းအဖြစ် တိုက်ရိုက်စုစည်းလ်ုက်ပြီး တစ်ပြိုင်နက်တည်းကျဆင်းလာစေသည်။ ရှန့်ကွမ်းယွမ်ကို သူ့လက်ဝါးထဲတွင် ဖိသတ်မယ်လို့ သူငျိန်ဆိုလိုက်သည်။

All Chapters