← Chapters

မွေးဖွားခြင်းအထွတ်အထိပ်အဆင့်

Vol. 9 Ch. 108

မွေးဖွားခြင်းအထွတ်အထိပ်အဆင့်

Vol. 9 Ch. 108

ထိုတစ်ချက်က ကျန်းယီမင်ခွန်အားအကုန်ထုတ်ထားတဲ့ တိုက်ခိုက်ချက်ဖြစ်သည်။ သူသည် ခန္ဓာပြောင်းလဲခြင်းအစောပိုင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း သူ့တွင်စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်နှင့် ဖျက်စီးခြင်းကျင့်စဉ်တို့ ရှိနေသည်။ ထို့အပြင် သူသည်ခုနကသူ့ ပျက်သုဥ်းခြင်းနယ်ပယ်ထဲတွင် မွေးဖွားခြင်းအဆင့် ယကျင့်ကြံသူနှစ်ဦးကို ဒုက္ခအကြီးအကျယ် ပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူ့ရှေ့မှ ရှန့်ကွမ်းယွမ်သည် မွေးဖွားခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း သူ့အစွမ်းကုန်တိုက်ခိုက်မယချက်သည် ပြိုင်ဘက်ကို အချိန်တစ်ခုကြာတားဆီးထားနိုင်သင့်တယ်လို့ သူခန့်မှန်းလိုက်သည်။

"ဟားဟားဟား.... " လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရယ်မောလိုက်သည်။

"ပျက်စီးစမ်း..."

သူလက်ချောင်းတစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး ညင်သာစွာထိုးပြလိုက်ရာ ကျန်းယီမင်ရဲ့ လက်ဝါးကြီးသည် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီး စိတ်ဝိညာဥ်စွမ်းအင်အဖြစ် ပြန်လည်ကွဲကြေကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်။ ဒါက မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ခွန်အားဖြစ်သည်။ သူက ကျန်းယီမင်ကို ချေမှုန်းနိုင်သည်။

"မင်းရဲ့လှုပ်ရှားချက်တွေက တကယ်တော့နည်းနည်း စိတ်ဝင်စားစရာကောင်းသားပဲ" ရှန့်ကွမ်းယွမ်သည် အလျင်စလိုမဟုတ်ဘဲ ပြုံးလျက်ခေါင်းညိတ်ကာ ပြောလိုက်သည်။

"မင်းရဲ့ နယ်ပယ်အသေးစားလေးကို ငါလောလောဆယ် ဖျက်ဆီးဦးမှာမဟုတ်ဘူး။ မင်းဘယ်လောက်စွမ်းဆောင်နိုင်ဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းယီမင် မျက်လုံးကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဓားနှင့် ပေါင်းစပ်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်နိုင်တဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။ အဖြူရောင်ဓားကြီးသည် ကောင်းကင်မှ လျင်မြန်စွာခုတ်ပိုင်းချလိုက်သည်။ ခုနက သူသည်လေထဲတွင် အနက်ရောင်နေမင်းတစ်စင်းကို ပုံဖော်ခဲ့သော်လည်း ယခုအခါသူသည် မှောင်မိုက်သောညတွင် ထွန်းလင်းနေသည့် လမင်းကြီးလိုမျိုး ဖြစ်နေသည်။ သူ့ရန်သူကို ငရဲပြည်ကိုပို့ဆောင်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုကာလှုပ်ရှားလိုက်သည်။

"အို.... စိတ်ဝင်စားစရာပဲ..." ရှန့်ကွမ်းယွမ်မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

"ဒါပေမဲ့ မလုံလောက်သေးဘူး... ငါ့မျက်လုံးထဲမှာတော့လုံလောက်တယ်လို့ မပြောနိုင်သေးဘူး၊ လာစမ်း.... မွေးဖွားခြင်းအထွတ်အထိပ်အဆင့်ဆိုတာ ဘာလဲဆိုတာ ငါမင်းကိုပြမယ်..."

ထိုသို့ ပြောပြီးနောက် ရှန့်ကွမ်းယွမ်သည် သူ့အင်္ကျီလက်ထဲမှ ဓားထက်တစ်လက်ကိုဆွဲထုတ်လိုက်သည်။ ထိုဓားသည် ပုံမှန်အရွယ်အစားလောက်သာ ရှိသော်လည်း ကျန်းယီမင်ရဲ့ဓားကြီးကို လေထဲတွင် ချေမှုန်းနိုင်တဲ့ ဝေဝေဝါးဝါးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

"ဆီးနှင်းကိုနင်း၊ မက်မန်းသီးရှာဖွေခြင်း၊ ထာဝရဓားချီ..."ဟု ရှန့်ကွမ်းယွမ်ပြောလိုက်သည်။

ထို့နောက် သူက သူ့ဆီသို့ရောက်လာတော့မည့် ဓားကြီးပေါ်သို့ သူ့လက်ထဲမှဓားထက်ဖြင့် ပေါ့ပါးစွာထိလိုက်သည်။ ထို့နောက် ဓားကြီးသည် ချက်ချင်းလေထဲတွင် ပျောက်ကွယ်သွားပြီး ကျန်းယီမင်ပုံရိပ်သည် လန့်ဖျပ်သွားတဲ့ငှက်တစ်ကောင်ကဲ့သို့ လွင့်စင်သွားသည်။

"ဒီလိုမျိုးသတ္တိရှိပြီး မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူငါနဲ့ တိုက်ကွက်အနည်းငယ် ယှဉ်ပြိုင်နိုင်တာ မင်းဒီကိုအလကားလာခဲ့တာ မဟုတ်ဘူးပဲ... ဒါဆို ငါမင်းနဲ့ဆက်မကစားတော့ဘူး..." ရှန့်ကွမ်းယွမ် နောက်ဆုံးတွင်အလေးအနက်ထားလာသည်။

စိတ်ဝိညာဉ်စွမ်းအားများသည် ကျန်းယီမင် တည်ဆောက်ထားတဲ့ ပျက်သုဥ်းခြင်းနယ်ပယ်ကို ထိုးဖောက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင်စုစည်းလာသည်။ စီမာကျန်းခွန်အားဖြင့် ပျက်သုဥ်းနယ်ပယ်ကို မဖောက်ထွင်းနိုင်ခဲ့သလို ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဉ်စွမ်းအားများကိုလည်း မစုပ်ယူနိုင်ခဲ့ပေ။ သို့သော် ရှန့်ကွမ်းယွမ်သာလုပ်ချင်ပါက သူ့အတွက်ထမင်းစားရေသောက်သလောက် လွယ်ကူနေသည်။

"ဆရာ..."

တုန်းမီသည် ကျန်းယီမင်နှင့်အတူ ငရဲပြည်သို့ အရင်ကသွားခဲ့ဖူးသဖြင့် အခုလိုအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအင်ကို ကြုံတွေ့ဖူးသည်။ ထို့ကြောင့် ထိုကဲ့သို့အစွမ်းထက်လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆန်းကြယ်တဲ့ကျင့်စဥ်များအားလုံးသည် အလကားဖြစ်ကြောင်း သူသိသည်။ ထိုအချိန်တွင် ရှန့်ကွမ်းမိသားစုလူတွေအတွင်း တုန်းမီ၊ ဂူလင်းဖေး၊ ရှန့်ကွမ်းချင်းယန်၊ ဟွမ်းထျန်ချီနှင့် အခြားသူများသည် ဝိုင်းရံခံထားရသည်။

အခုတံခါးပိတ်ကျင့်ကြံရာမှ ရုတ်တရက်ထွက်လာသော ရှန့်ကွမ်းယွမ်သာ အမိန့်ပေးလိုက်လျှင် သူတို့အားလုံးက လွယ်ကူတဲ့သားကောင်များသဖွယ် အဖမ်းခံရတော့မည်။ ထိုအချိန်တွင် ဟွမ်းထျန်ချီသည် သူ့ရင်ထဲတွင်နောင်တရနေမိသည်။ ဟွမ်းချောင်ယုသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမင်းသမီးဖြစ်သည်။ အကယ်၍ သူသာတော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကိုယ်စားရှေ့ထွက်ကာ သူမအတွက် ညှိနှိုင်းပေးပြီး သူမကိုပြန်ခေါ်သွားရန် သာမန်နည်းလမ်းများကို သုံးနိုင်ခဲ့ကောင်း သုံးနိုင်လိမ့်မည်။ သူသည် ကျန်းယီမင်ခွန်အားအပေါ် ယုံကြည်မှုလွန်ကဲခဲ့မိသည်။

လင်းယွင်ဂိုဏ်းချုပ် အရင်ကပြခဲ့တဲ့ခွန်အားသည် အလွန်တရာ ကြီးမားလွန်းခဲ့သည်။ သူက ကျန်းယီမင်နောက်ကို မျက်စိမှိတ်လိုက်ခဲ့မိလိမ့်မယ်လို့ ဘယ်သူကထင်ထားမည်နည်း။ သူ့အထောက်အထားကို အခုထုတ်ဖော်လိုက်ရင်လည်း ထိရောက်မှုရှိဦးမလားလို့ သူတွေးနေမိသည်။

"ကောင်းပြီ.... ဒီနေ့မင်း ငါ့မိသားစုထဲ အတင်းရောက်လာတယ်... ငါ့ကျင့်ကြံတာကို နှောင့်ယှက်ရုံမကဘူး၊ ငါ့မိသားစုဝင်အများအပြားကိုလည်း ဒဏ်ရာရစေခဲ့တယ်...."

ကျန်းယီမင်စိတ်သည် ယခုချိန် ဗလာဖြစ်နေသည်။ တစ်ဖက်လူက ခွန်အားလုံးဝမသုံးခဲ့ပုံရသည်္ ပြိုင်ဘက်သည် သူပြောင်းလဲထားတဲ့ဓားကို ပေါ့ပါးစွာခေါက်လိုက်ရုံသာ ရှိသော်လည်း သူက တောင်ကြီးတစ်လုံးနှင့် ခေါင်းချင်းဆိုင်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲထိုကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအင်ကြောင့် တုန်လှုပ်မှုများသာ ပြည့်နှက်နေသည်။ ထို့နောက် သူ သတိပြန်ဝင်လာသည်။

'မဟုတ်ဘူး၊ သူရှုံးလို့မဖြစ်ဘူး... ဒါက သူ့အသက်တစ်ချောင်းတည်းနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ သူ့နောက်မှာ သူ့တပည့်တွေရဲ့အသက်တွေ ရှိနေတယ်...'

ကျန်းယီမင်က လေထဲတွင် ကိုယ့်ကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ဟွမ်ယွမ်ဆေးလုံးကို သောက်လိုက်သည်။ အရင်က ဆေးလုံးသောက်ပြီးနောက် ဆေးဘေးထွက်ဆိုးကျိုးများကြောင့် သူတန်ပြန်ဒဏ်ခံခဲ့ရသည်။ အခုချိန်မှာ ဆေးသောက်လိုက်ရင် သူ့ခွန်အားကို ဘယ်လောက်အထိတိုးမြှင့်ပေးနိုင်မလဲဆိုတာ သူ မသေချာပေ။ ထိုသို့ဖြင့် ကျန်းယီမင်အရှိန်အဝါသည် အခုအချိန်တွင် တဖန် ပေါက်ကွဲထွက်လာသည်။

ယိမ်းယိုင်နေတဲ့ပျက်သုသ်းနယ်ပယ်သည် လူအများအံ့ဩသွားစေလောက်အောင် တစ်ဖန်ပြန်တည်ငြိမ်ခိုင်မာလာသည်။ ထိုအရာကိုမြင်တဲ့အခါ ဂူလင်းဖေး နှင့်တခြားသူများလည်း စိတ်သက်သာရာရသွားကြသည်။ မျှော်လင့်ထားတဲ့အတိုင်း သူတို့ရဲ့ဆရာကျန်းယီမင်ပဲ ဖြစ်သည်။ သူ့မှာ အမြဲတမ်းအရန်အစီအစဉ် ရှိနေတတ်သည်။ ကျန်းယီမင်သည် တပြိုင်နက်တည်း တိုက်ခိုက်ရန်အသင့်ဖြစ်နေတဲ့ မူလဝိညာဉ်နှစ်ခုကို ထပ်မံခွဲထုတ်လိုက်သည်။

"မဆိုးဘူး ကောင်လေး၊ မင်းမှာ အရည်အချင်းရှိသားပဲ" သူ့ရန်သူရဲ့ကျင့်ကြံခြင်းအဆင့် ထိုးတက်သွားတာကို ရှန့်ကွမ်းယွမ်ခံစားမိသည်။ သူ ခုနက ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တဲ့ ပျက်သုဥ်းခြင်းနယ်ပယ်သည် အခုအချိန်တွင် အတော်လေးတည်ငြိမ်လာခဲ့သည်။

"ကြည့်ရတာ ငါနည်းနည်းပိုပြီး အလေးအနက်ထားရတော့မယ်ထင်တယ်" ရှန့်ကွမ်းယွမ်သည်လည်း စိတ်အတွေးတစ်ချက်ဖြင့် မူလဝိညာဉ်နှစ်ခုကို ခွဲထုတ်လိုက်သည်။

ကျန်းယီမင်သည် မူလဝိညာဉ်ခွဲထုတ်ခြင်းနည်းလမ်းကို အခုမှကျွမ်းကျင်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းယီမင်ရဲ့မူလဝိညာဉ်များကို ထိန်းချုပ်နိုင်စွမ်းသည် သူ့ထိန်းချုပ်နိုင်စွမ်းရဲ့ဆယ်ပုံတစ်ပုံပင် ရှိချင်မှ ရှိလိမ့်မည်။ ပျက်သုဥ်းခြင်းနယ်ပယ် ရှိနေသဖြင့် ကျန်းယီမင်က ဆက်အချိန်မဆွဲတော့ပေ။ သူစပြီး တိုက်ခိုက်လိုက်သည်။ ဟွမ်ယွမ်ဆေးလုံး အာနိသင်ရှိနေချိန်အတွင်း တစ်ဖက်လူကို အနိုင်ယူမယ်လို့ သူဆုံးဖြတ်လိုက်သည်။

ရှန့်ကွမ်းမိသားစုအတွင်းရှိ အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအားများသည် စုစည်းကာလည်ပတ်နေကြသည်။ ကျန်းယီမင်က တစ်ဖက်လူနှင့် လက်ချင်းယှဉ်တိုက်ခိုက်လိုက်သည့်ချက်ချင်းပင် သူနှင့်တစ်ဖက်လူကြားကွာဟချက်ကို နောက်တစ်ကြိမ်ခံစားလိုက်ရပြန်သည်။ သူခွဲထုတ်ထားတဲ့ မူလဝိညာဉ်နှစ်ခုကို ထိန်းချုပ်ရန် သူ့အာရုံစိုက်မှု အနည်းငယ်လိုအပ်နေသေးသည်။ သို့သော် သူ့ပြိုင်ဘက်ကတော့ လုံးဝ သက်သောင့်သက်သာ ရှိနေသည်။

"ပျက်သုဥ်းခြင်းလက်ဝါး..."

ဟွမ်ယွမ်ဆေးလုံးနဲ့ အားဖြည့်ပြီးတဲ့နောက် သူနှင့်သူ့မူလဝိညာဉ်များသည် ပျက်သုဥ်းခြင်းလက်ဝါးကို တစ်ပြိုင်နက်တည်း သုံးလိုက်ကြသည်။ လက်ဝါးခွန်အားသည် ခုနကသူအစွမ်းကုန်ထုတ်ခဲ့တဲ့ တိုက်ခိုက်တာထက် အဆပေါင်းများစွာပိုမိုအားကောင်းနေသည်။ ရှန့်ကွမ်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ အချိန်တိုအတွင်း ခွန်အားကို လျင်မြန်စွာတိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးများသည် အစကတည်းကရှားပါးသည်။ ကျန်းယီမင် သောက်လိုက်တဲ့ဆေးလုံးသည် ကောင်းမွန်သော အကျိုးသက်ရောက်မှုက အားကောင်းနေသည်။

ထိုဆေးလုံးသည် အဆင့်နိမ့်ဆေးလုံးမဖြစ်နိုင်ပေ။ အခုလိုမျိုးတိုက်ခိုက်တာကို မျက်နှာချင်းဆိုင်ရင်ဆိုင်ရလျှင် သူပင်ဒဏ်ရာရသွားနိုင်သည်။ ရှန့်ကွမ်းယွမ်သည်လည်း လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းရင်း လက်နှစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်။ သို့သော်တကယ်တမ်းတွင် ကျန်းယီမင်အခုမှခွဲထုတ်လိုက်တဲ့ စတုတ္ထမြောက်မူလဝိညာဉ်သည် ထိုအချိန်သူ့နောက်ကျောတွင် ပေါ်လာသည်။ လက်ဝါးများသည် ရှန့်ကွမ်းယွမ်ကို အပိုင်းပိုင်း ချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် လုံးဝလွှမ်းခြုံထားသည်။

"ပေါက်ကွဲစမ်း..." ရှန့်ကွမ်းယွမ်ရဲ့မူလဝိညာဉ်နှစ်ခုသည် ကျန်းယီမင်ရှေ့သို့ အတူတူပျံလာပြီး စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လိုက်ကြသည်။ ကျန်းယီမင် အခုလိုလုပ်လာမှာကို မျှော်လင့်ထားပြီးသားဖြစ်၍ သူ့ကိုယ်ကိုယိမ်းကာ ရှောင်တိမ်းလိုက်သည်။ ခုနလှည့်ကွက်သည် သူ့ပရိယာယ်တစ်ခုသာ ဖြစ်သည်။ အကယ်၍ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ မူလဝိညာဉ်များပြင်းထန်စွာ ဒဏ်ရာရသွားပါက ပင်မခန္ဓာကိုယ်လည်း အနည်းနှင့်အများ ထိခိုက်ခံစားရမည် ဖြစ်သည်။

All Chapters