ဝိညာဉ်မျှော်စင်ပေါ်တက်ခြင်း
Vol. 6 Ch. 56
ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ နည်းစနစ်
အမည်နဲ့တင် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသည် ထင်ရသည်။
ဝူယွမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး
သူ့ ပတ်ဝန်းကျင်ရှိ ပင်လယ်ကဲ့သို့ များပြားလှသော ဝိညာဉ်စွမ်းအင်များကို မခံစားရသေးမီပင် ကျယ်ပြန့်နက်ရှိုင်းလှသော အချက်အလက်များက အားဖြင့် သူ၏ ဦးနှောက်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့သည်။
“ကမ္ဘာဦးအစက နတ်ဘုရားကြိတ်ဆုံ တစ်ခုပေါ်ပေါက်လာဖူးသည်။ နတ်ဘုရားကြိတ်ဆုံလည်ပတ်တာနဲ့ နတ်ဘုရားများနှင့် နတ်ဆိုးများ ပျက်စီးခြင်းသို့ ကြရောက်ရသည်။ နတ်ဘုရားကြိတ်ဆုံကို စူးစိုက်ကြည့်မိရုံ၊ ဝိညာဉ်စွမ်းအင် ထုတ်မိရုံနဲ့ပင် နတ်ဘုရားကြိတ်ဆုံ၏ကြိတ်ခြေခံရခြင်းကို ခံရသည်။ နတ်ဘုရားကြိတ်ဆုံက ကိုးကြိမ်လည်ပတ်သည်၊ တစ်ကြိမ်လည်ပတ်တိုင်း ကောင်းကင်ဘုံအသစ်တစ်ခု ပေါ်လာသည်..”
“ဘယ်လောက်တောင် အံ့သြဖို့ကောင်းပြီး စွမ်းအားပြင်းထန်တဲ့ ပညာရပ်မျိုးလဲ”
ဝူယွမ်သည် စိတ်ထဲတွင် အံ့အားသင့် ချီးကျူးမိလိုက်သည်။
အချက်အလက်များကို စစ်ဆေးကြည့်ပြီးနောက် ထိုနည်းစနစ်မှ စွမ်းအားနှင့် ကြီးကျယ်မှုကို ချက်ချင်းပင် ခံစားလိုက်ရလေသည်။
ထိုနည်းစနစ်မှာ စူးစိုက်ကြည့်မိယုံဖြင့် မိမိ၏ဝိညာဉ်ကို နတ်ဘုရားကြိတ်ဆုံထဲသို့ ဆက်တိုက်ထည့်သွင်းပြီး ကြိတ်ချေနေလိမ့်မယ်၊ ကြိတ်ခြေသည့်ဖြစ်စဉ်အတွင်း မရေမတွက်နိုင်သော ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းကို ကြုံတွေ့ခံစားရင်း မိမိ၏ဝိညာဉ် သန်မာ အားကောင်းလာစေရန်ဖြစ်သည်။
ဤနည်းစနစ်ကို ကိုးကြိမ်အထိ ခွဲခြားထားသည်၊ တစ်ကြိမ်လျှင် ကောင်းကင်ဘုံအသစ်တစ်ခု နဲ့ကြုံတွေ့ရမည်ဖြစ်သည်။ ကိုးကြိမ်ဆိုသည်မှာ နတ်ဘုရားကြိတ်ဆုံသည် ကိုးကြိမ်အပြည့် လည်ပတ်ခြင်းကို ဆိုလိုသည်။ လူတစ်ဦး၏ ဝိညာဉ်သည် နတ်ဘုရားကြိတ်ဆုံ၏ အပြည့်အဝလည်ပတ်မှု တစ်ကြိမ်ကို ခံနိုင်ရည်ရှိပါက ထိုလူ၏ဝိညာဉ်သည် ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
နည်းစနစ်အတွင်းဖော်ပြထားသော ‘ဝိညာဉ်’ ဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအင်ကို ရည်ညွှန်းခြင်းဖြစ်သည်။
“နှစ်မျိုးစလုံးသည် ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံတဲ့ နည်းလမ်းများဖြစ်သော်လည်း ‘သန့်ရှင်းစင်ကြယ် ရွှေ့လျှားမှုအခန်း’ နှင့် ဤ ‘ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ နည်းစနစ်’ တို့၏ တန်ဖိုးသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလေသည်။
ဝူယွမ်သည် စိတ်ထဲတွင်နှိုင်းယှဉ်ကြည့်ကာ အံ့အားသင့်မိသွားသည်။
သူသည် ပညာရပ်တစ်ခုကို ကောင်းကောင်းတွက်ချက်နိုင်သည်မှာ အခု ပထမဆုံးအကြိမ်ဖြစ်သည်။
ဒီကမ္ဘာတွင် ထိုနည်းစနစ်၏အဆင့်အတန်းကို သူအတိအကြ မသိရသေးသော်လည်း။
ပထမဆုံးအကြိမ် ဆိုင်းအင်၀င်ရာမှ ရရှိခဲ့သည့် ‘မြင့်မြတ်ကောင်းကင်တန်ခိုး’ ၏တန်ဖိုးသည်ပင် ‘ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ နည်းစနစ်’ ၏ ဆယ်ပုံတစ်ပုံမရှိပေ။
“ဆိုင်းအင်၀င်ခြင်း ဆုလာဘ်တွေက ကျပန်းဆိုပေမဲ့ နောက်ပိုင်းရတဲ့ ဆုလာဘ်တွေက ပိုစွမ်းအားကြီးလာတယ် ထင်တယ်”
နောက်ဆုံးအကြိမ်ကရခဲ့သည့် ‘မူလ ရူန်းလျှို့ဝှက်ချက်’ က ရူန်းအမှတ်အသားများကြား ထိပ်ဆုံးအဆင့်မှ ပါ၀င်သည်။
ဒီတစ်ကြိမ်ရသည့် ‘ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအင်ကြိတ်ဆုံ နည်းစနစ်’ ကလည်း ကြီးကျယ်ခမ်းနားလွန်းပြီး အခြားမည်သည့် ဝိညာဉ်စွမ်းအင် ကျင့်စဉ်နည်းစနစ်မဆို ယှဉ်နိုင်မည့်အရာမဟုတ်ပေ။
မျှော်စင်အတွင်း။
ဝူယွမ်၏ဘေးတွင် လင်းတုန်သည် အံ့အားတကြီး မျှော်စင် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
စွမ်းအားပြင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများသည် ထိတွေ့ကိုင်တွယ်နိုင်သော စွမ်းအင်ပုံရိပ်များ ဖြစ်ပေါ်တော့မတက် ထူထဲနေသည်။ ဝိညာဉ်စွမ်းအင်ပင်လယ်ထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားရကာ သူ၏စိတ်ကို တုန်ခါသွားစေသည်။
ထိုလှိုင်းများသည် ဝိညာဉ်စွမ်းအင်များဖြစ်ပြီး အလွန်သန့်စင်သော အမျိုးအစားထဲက ဖြစ်သည်။ ဤစွမ်းအင်သည် မျှော်စင်အတွင်းရှိ လူတိုင်းကို လွမ်းခြုံထားပြီး သူတို့ ခန္ဓာကိုယ်များတွင်သာမက သူတို့၏ နီဝမ်နယ်ကယ် အတွင်းသို့ပါ တိုက်ရိုက် ၀င်ရောက်လာသည်။
သန့်စင်သော ဝိညာဉ်စွမ်းအင်များသည် သူ၏ သဘာဝဝိညာဉ်အဆောင် နှစ်ခုပေါ်သို့ ဖြတ်သန်းစီးဆင်းသွားသည့်အခါ အဆောင်များသည် အနည်းငယ်တုန်ခါမှုလာပြီး အဆောင်ပေါ်ရှိ ရူန်းအမှတ်အသားများ၏ အရောင်သည် ပိုမိုတောက်ပလာသည်ကို လင်းတုန် မြင်လိုက်ရသည်။ ထိုအဆောင်များတွင် ကပ်နေသော ညစ်ညမ်းမှုအချို့ကို ဖယ်ရှားသန့်စင်သွားသကဲ့သို့ ရှိသည်။
“သဘာဝဝိညာဉ်အဆောင်တွေကို သန့်စင်တာလား”
စွမ်းအား သိသိသာသာ တိုးမလာပေမဲ့လင်းတုန်သည် သူ၏ သဘာဝဝိညာဉ်အဆောင်များ ပိုသန့်စင်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“ဒါက အသင်းအဖွဲ့ရှိခြင်းရဲ့ အကျိုးကျေးဇူးဘဲ”
လင်းတုန်သည် စိတ်ထဲတွင် လေးလေးနက်နက် တွေးလိုက်မိသည်။
ဝိညာဉ်မျှော်စင်ထဲသို့ ဝင်ရောက်ရုံဖြင့်ပင် ထိုမျှကောင်းမွန်သော အကျိုးကျေးဇူးကို ခံစားရသည်။ အပေါ်ထပ်ကိုသာ ထပ်တက်သွားပါက ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိမည်ဖြစ်ကြောင်း သူသိနေသည်။ ဤနေရာတွင် လေ့ကျင့်ခြင်းသည် အပြင်ဘက်တွင် လေ့ကျင့်ခြင်းထက် ဆယ်ဆ၊အဆတစ်ရာ ပိုမြန်သည်။
“အစ်ကိုကြီးက ဉာဏ်ကောင်းလွန်းတယ်၊ အဲ့အချိန်တုန်းက ဆရာကြီးယန်ရဲ့ အသင်းထဲ ဝင်ရောက်ခဲ့တာက အခု ဒီနေရာက အခွင့်အရေးအတွက်နေမှာ”
လင်းတုန်သည် သူ့အစ်ကိုကြီးအပေါ် ရိုသေလေးစားမှုမှာ တစ်ဆင့်ထပ်တိုးလာပြန်သည်။
“အိုး... အဆောင်တွေက ကိုယ်တိုင်စုပ်ယူ သန့်စင်နေတာဘဲ”
အစ်ကိုကြီး၏ ဉာဏ်ပညာအပေါ် အံ့အားသင့်လို့ မပြီးသေးခင်ပင် သူ အံ့ဩတကြီး အော်လိုက်မိပြန်သည်။
သူ၏ သဘာဝဝိညာဉ်အဆောင်ပေါ်ရှိ ရူန်းအမှတ်အသားများသည် လှုပ်ရှားလာပြီး သေးငယ်သော ရေဝိုင်းပုံစံဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို အရူးအမူးစုပ်ယူပြီး သူ၏ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲနေသည်ကို သူတွေ့လိုက်ရသည်။
သူ၏ သဘာဝဝိညာဉ်အဆောင်များတွင် အခြားသူများ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည့် သက်ရောက်မှုရှိသော်လည်း အခုတော့ သူတို့သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကိုပါ တက်တက်ကြွကြွနှင့် စုပ်ယူနေကြသည်။
သူဘာမှ လုပ်စရာမလို။ မျှော်စင်အတွင်း ရောက်နေရုံမျှဖြင့် သူ၏ သဘာဝဝိညာဉ်အဆောင်များသည် မိမိဘာသာ ကျင့်ကြံနေပြီဖြစ်သည်။
“ဘယ်လောက်တောင် တော်လိုက်တဲ့ သဘာဝဝိညာဉ်အဆောင်လေးလဲ”
“အစ်ကိုကြီး ပြောခဲ့တဲ့အတိုင်း တကယ်ကို အဆင့်မြင့်တာဘဲ” လင်းတုန်သည် သူ့စိတ်ကိုသူ တည်ငြိမ်အောင် အတင်းထိန်းချုပ်လိုက်ရသည်။
“အစ်ကိုကြီး ထပ်ရေးဆွဲပေးခဲ့တဲ့ ရူန်းပုံစံတွေက အတော်ကြီး အံဩဖို့ကောင်းတာဘဲ”
သူ၏ အစ်ကိုကြီးကို လေးစားမှုသည် အခုအချိန်တွင် အဆုံးမဲ့ စီးဆင်းနေသော မြစ်ကြီးတစ်စင်းကဲ့သို့ပင် ဖြစ်နေသည်။
သူ့အဆောင်၏ လက်ရှိအကျိုးသက်ရောက်မှုမှာ၊ မျှော်စင်ထဲမဝင်မီ အစ်ကိုကြီးက သူ့ကို သဘာဝဝိညာဉ်အဆောင်များကို လေ့လာဖို့ဆိုကာ အခန်းထဲကို ခေါ်လာပြီး သဘာဝဝိညာဉ်အဆောင်များ၏ အခြေခံ ရူန်းမျဉ်းများပေါ်တွင် ရူန်းပုံစံနှစ်ခု ထပ်မံထည့်သွင်း ပေးခဲ့သောကြောင့် ဖြစ်သည်။
စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော လင်းတုန်သည် သူ့ဘေးရှိ အစ်ကိုကြီးကို ကြည့်လိုက်သည်။
“ဟမ်... အစ်ကိုကြီး ဘာဖြစ်နေတာလည်း”
လင်းတုန် စိတ်ရှုပ်ထွေးသွားသည်... ဝင်လာကတည်းက အစ်ကိုကြီးက စိတ်၀ိညာဥ်မရှိသည့် ရုပ်သေးရုပ်ကဲ့သို့ ထိုနေရာမှာဘဲ ရပ်နေခဲ့ဟန်တူသည်။
သူ၏မျက်လုံးများသည် မှိန်းရီနေပြီး နှုတ်ခမ်းတွင် ခပ်ပါးပါးပြုံးရိပ်လေး ဖြစ်ပေါ်နေကာ သူသည် လှပသော အိပ်မက်တစ်ခုကို မက်နေသည့်ဟန်ပေါ်သည်။
ပုံမှန်အားဖြင့် တည်ငြိမ်သော သူ၏အစ်ကိုကြီးသည် အခုကဲ့သို့ဖြစ်နေရမည် မဟုတ်ပေ။
“အစ်ကိုကြီးက ရုတ်တရက် ဉာဏ်အလင်း တစ်ခုခု ရသွားတာဘဲနေမယ် သွားမနှောက်ယှက်တာ ကောင်းတယ်”
သို့သော် ဆယ်မိနစ်ခန့် ကုန်လွန်ပြီးနောက်တွင်လည်း သူ၏အစ်ကိုကြီးက နိုးထမလာသေးပေ။ လင်းတုန် စိုးရိမ်လာသည်။ အခုအချိန်က စိတ်လွင့်နေရမဲ့ အချိန်မဟုတ်ပေ၊ မျှော်စင်ပေါ်တက်ဖို့ရာ အရေးကြီးနေသည်။
ထို့ကြောင့် သူသည် ဝူယွမ်၏လက်မောင်းကို လှုပ်လိုက်ပြီး
“အစ်ကိုကြီး၊ အစ်ကိုကြီး”
“အိုး... ဘာဖြစ်တာလဲ”
ဝူယွမ်သည် နက်ရှိုင်းသော နည်းစနစ်ရဲ့ အချက်အလက်များကြားမှ နိုးထလာသည်။
လင်းတုန် - “အစ်ကိုကြီး ဘာလို့ ရပ်နေတာလဲ၊ သူတို့အားလုံး အပေါ်ကိုတက်သွားပြီ။ ကျွန်တော်တို့ မြန်မြန်သွားကြရအောင်။”
ဝူယွမ် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ တကယ်ပဲ။ သူတို့နှစ်ယောက်သာ ကျန်ရှိတော့သည်။
“ကောင်းပြီ”
“သွားကြရအောင်”
ဝူယွမ်က သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မျှော်စင်ပေါ်တက်ရန် စတင်တော့သည်။
နှစ်ဦးစလုံးသည် ပထမအထပ်၏အလယ်ဗဟို လှေကားထစ်တစ်ခုရှိရာ နေရာသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဝိညာဉ်စွမ်းအင်အတားအဆီးတစ်ခု ရှိနေပြီး အဆောင်သခင် အဆင့်တစ် အတော်များများ ထိုအတားအဆီးကို ဖြတ်ကျော်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ဝိညာဉ်မျှော်စင်၏ ဝိညာဉ်စွမ်းအင်အတားအဆီးသည် အလွန်စွမ်းအားကြီးမားလှသည်။
ပထမအထပ်တစ်ခုတည်းကပင် လူများစွာကို ပိတ်မိစေရန် လုံလောက်သည်။
နှစ်ယောက်စလုံး ဝိညာဉ်စွမ်းအင်အတားအဆီး ဆီကို မဆိုင်းမတွ ပြေးသွားလိုက်ကြသည်။
သူတို့သည် ပါးလွှာသော အလွှာတစ်ခုကို ဖြတ်ကျော်လိုက်သကဲ့သို့ အလွယ်တကူဘဲ ဖြတ်သန်းသွားကြသည်။
အားနည်းသော အဆောင်သခင် အဆင့်တစ် များသည် အားကျသောအကြည့်များဖြင့် ကြည့်နေယုံသာတက်နိုင်သည်။
ဝူယွမ်တို့ နှစ်ယောက်စလုံး ဝိညာဉ်မျှော်စင်၏ အံ့ဖွယ် အကျိုးရလာဘ်ကို ခံစားပြီးဖြစ်ကာ အပေါ်ထပ်သို့ တက်သွားလေလေ ဝိညာဉ်စွမ်းအင်သည် ပိုသိပ်သည်းလာလေလေ ဖြစ်ကြောင်း သိရှိထားကြသည်။ ကောင်းကောင်း ကျင့်ကြံလိုပါက အပေါ်အထပ်များသို့ သွားရန် လိုအပ်သည်။
သူတို့သည် တစ်ခါတည်း စတုတ္ထအထပ်အထိ ဆက်တိုက်တက်လာကြသည်။
အထပ်မြင့်လာသည့်နှင့် လူဦးရေသည်လည်း တစ်ဖြေးဖြေး နည်းပါးလာသည်။
စတုတ္ထအထပ် ဝိညာဉ်စွမ်းအင်အတားအဆီး အနီးတွင် အုပ်စုနှစ်စုသည် တစ်စုနှင့်တစ်စု တိုက်ခိုက်နေကြသည်။
မြို့နှစ်မြို့မှ အဆောင်သခင်များသည် ဒီနေရာတွင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် ဝူယွမ် နားလည်သွားသည်။
ယန်မြို့ဘက်ခြမ်းမှ အရေးနိမ့်နေဟန်ရပြီး သုံးယောက် ဒဏ်ရာရထားသည်။
အရေအတွက်အားဖြင့် ထန်းဟော့မြို့က ပိုများနေသည်။
“အစ်ကိုကြီး ဝူယွမ် ရောက်လာပြီ”
တစ်စုံတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“ဘာဖြစ်တာလဲ၊ သူတို့က အနိုင်ကျင့်တာလား”
ဝူယွမ်က သူတို့ထဲက တစ်ချို့ကို မှတ်မိသောကြောင့် တည်တည်ငြိမ်ငြိမ်ဘဲ မေးမြန်းလိုက်သည်။
စတုတ္ထအထပ်သို့ ရောက်ရှိနိုင်သူများအားလုံးသည် အဆောင်သခင် အဆင့်နှစ် များဖြစ်ကြပြီး အဆောင်သခင်အသင်း၏ အဓိကကျသော လူများဖြစ်ကာ မကြာခဏ တွေ့ဆုံကြရသည်။
လီဟူ - “အစ်ကိုကြီး ဝူယွမ်၊ သူတို့က ငါတို့ကို လူနည်းတယ်ဆိုပြီး အုပ်စုဖွဲ့အနိုင်ကျင့်တာပါ”
“ဒါဆိုရင် တိုက်ကြတာပေါ့”
မျှော်စင်ပြိုင်ပွဲအတွင်း လူသတ်ခွင့်မပြုသော်လည်း တိုက်ခိုက်ခြင်းကိုတော့ ခွင့်ပြုထားသည်။
ထန်းဟော့မြို့ အဆောင်သခင်များက စတင်တိုက်ခိုက်ခဲ့သည့်အတွက် ဝူယွမ် ယဉ်ကျေးနေရန် မလိုတော့ပေ။
ထန်းဟော့မြို့ အဆောင်သခင်များသည် ဝူယွမ်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။ ဝူယွမ်တိုက်ခိုက်တာကို မမြင်ဖူးသော်လည်း သူ့ကို အခြားသူများက ရိုသေလေးစားသည်ကို မြင်ေနရပြီး ကောင်းချူ ကိုတောင်မှ အနိုင်ယူနိုင်ခဲ့သော လင်းတုန်ပင် သူ့စကားကို နာခံစွာ လိုက်နေသည်ကို ကြည့်လျှင် သူသည် ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရသောသူဖြစ်ကြောင်း သိနိုင်သည်။
ဝူယွမ်သည် တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာသည်။
ထန်းဟော့မြို့ အဆောင်သခင်များသည် စိတ်ရှုပ်ထွေးသွားပြီး သူတို့၏မျက်လုံးများထဲတွင် ပြောနေသည်က ... “မလာနဲ့ မကပ်လာနဲ့”
“မင်းဘာလုပ်ချင်တာလည်း၊ မျှော်စင်တိုက်ပွဲမှာ လူသတ်ခွင့်မရှိဘူးနော်”
“ပြီးတော့ မင်းငါတို့ကို တိုက်ခိုက်ရင် အစ်ကိုကြီး ကျိုးထုန်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”
“စကားနဲ့ဘဲဆွေးနွေးကြရအောင်၊ အချင်းချင်းတွေဘဲကို တိုက်ခိုက်စရာမလိုပါဘူး”
...အဆောင်သခင် အဆင့်နှစ် များဖြစ်သော်လည်း ဝူယွမ်ကို ရင်ဆိုင်ရသည့်အခါ ထန်းဟော့မြို့မှ အုပ်စုသည် တကယ်ပင် ဆုတ်ခွာသွားကြသည်။
“လာ... သူတို့ကို မိုးကြိုးထိမှန်သလို ခံစားရတဲ့အရသာကို မြည်းစမ်းခွင့် ပေးလိုက်ကြရအောင်” ဝူယွမ်က လင်းတုန်ဘက်လှည့် ပြောလိုက်သည်။
နှစ်ယောက်စလုံး အချင်းချင်း ကြည့်လိုက်ကြကာ ထန်းဟော့မြို့ အဆောင်သခင်များ ကျောရိုးတစ်လျှောက် အေးဆက်သွားစေမဲ့ အပြုံးမျိုး ပြုံးလိုက်ကြသည်။
ထို့နောက် သူတို့သည် သန့်စင်သော ဝိညာဉ်စွမ်းအင်ကို တစ်ပြိုင်နက်တည်းထုတ်လွှတ်ကာ စွမ်းအားပြင်း ဝိညာဉ်စွမ်းအင်လှိုင်း နှစ်ခုကို ဖွဲ့စည်းလိုက်သည်။
“မိုးကြိုးလှိုင်းတုန်ခါခြင်း”
လှိုင်းများ ပြီးဆုံးသွားသောအခါ ထန်းဟော့မြို့ အဆောင်သခင် အားလုံး ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သတိလစ်မေ့မြောသွားကြသည်။
ယန်မြို့မှ အဆောင်သခင်များသည်လည်း အံဩတကြီး ကြည့်နေကြသည်။
“ကောင်းပြီ၊ သူတို့ရဲ့ သိုလှောင်အိပ်တွေကို ရှာကြရအောင်”
“ဝူယွမ်သည် မြေပြင်ပေါ်တွင် လဲနေသော အဆောင်သခင်များကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့တက်ကာ လုယက်မှုစတင်လေတော့သည်။”